Wednesday, December 5, 2007

အချစ်ရဲ့ကျေးကျွန်(အပိုင်း(၂))

အပိုင်း(၂)

ဦးသော်က “မေ...ဒီနှစ်တော့ကိုယ်တို့သမီးလေးကို...ဘော်ဒါမှာသွားထားမှထင်တယ်”

ဒေါ်မေရှင် “ကောင်းတာပေါ့ကိုယ်ရယ်..ဒါနဲ့ကိုယ်ကဘယ်ဘော်ဒါကိုသွားထားမှာလည်း”

ဦးသော်က “ကိုစဉ်းထားတာကတော့......ရှမ်းပိုင်းက ဟိုဘာလဲ ဘော်ဒါဆောင်နာမည် ကိုယ်မေ့နေတယ်”

ဒေါ်မေရှင် “အနာဂတ်ရဲ့ပုံရိပ်များဆိုတာလား..ကို”

သော်က “အေး..အေး.. ဟုတ်တယ်..လူတွေကလည်းအသက်တဖြည်းဖြည်းရလာတော့ အသိဥာဏ်တွေ

လည်းချို့ယွင်းပျက်စီးလားပြီမေရယ်”

ဒေါ်မေရှင် “ဘာမှမဆိုင်ဘူး..သူ့ဖာသာသေချာမမှတ်ထားပဲနဲ့များ”

သူတို့ဇနီးမယားစကားပြောနေစဉ် အပျိုဖော်ဝင်စ လူငယ်မိန်းမပျိုမလေးတစ်ဦးက အိမ်ပေါ်လှေကားကနေ ဆင်းလာပြီး ဒေါ်မေရှင်ဘေးနားမှာဝင်ထိုင်လိုက်တယ်။ သူ့နာမည်က မေသော်။ ဦးသော်ကနဲ့ဒေါ်မေရှင်တို့ရဲ့တစ်ဦး တည်းသောချစ်ဆုံးသမီးလေး။ သူကလည်းဒီနှစ်မှာ (10)တန်းကို တက်ရမယ်။

မေသော် “ဖေဖေနဲ့မေမေဘာပြောနေတာလဲဟင်”

ဒေါ်မေရှင် “အော..သမီးအဖေလေ...သမီးကိုဘော်သာဆောင်မှာသွားထားမလို့တဲ့“

ဦးသော်က “မေကလည်းဘော်သာဆောင်လို့မပြောစမ်းပါနဲ့ကွာ၊ ဘော်သာဆိုတာ မကောင်းတဲ့စာလုံးကွ၊

ငါ့သမီးလေးကိုပညာတွေသင်ပေးမဲ့နေရာကို ဘော်သာလို့မခေါ်စမ်းပါနဲ့ကွာ။ အဆောင်လို့ခေါ်ရင်

နဲနဲနားထောင်လို့ကောင်းသေးတယ်”

ဒေါ်မေရှင် “ရှင့်သဘောပဲတော်..ကျူပ်ကတော့ရှင့်ကိုဘမှမပြောချင်တော့ဘူး.... ဒါများအဆန်းလုပ်လို့”

မေသော် “အမေကလည်း ဖေဖေကမေသော့်ကိုချစ်တာကို...ဟုတ်တယ်နော်ဖေဖေ”

ဦးသော်က “ငါ့သမီးက...အဖေ့သမီးလို့ကို..ပြောစရာမလိုအောင်တော်ပါရဲ့ဗျာ။ ဟုတ်ပါ့ဗျာ။ ငါ့သမီးကလွဲပြီး

ဘယ်သူ့ကိုမှမချစ်ပါဘူး”

မေသော် “ဟေး...ဒါမှတို့ဖေဖေ” လို့ပြောပြီးမေသောအပြင်ကိုပြေးထွက်သွားလိုက်တယ်။

ဒေါ်မေရှင် “ကိုနော်..သမီးကိုသိပ်အလိုမလိုက်နဲ့...သမီးကကလေးမဟုတ်တော့ဘူး...အပျိုဖော်ဝင်နေပြီ...

ကို့သမီးကိုကြည့်ဦး..အခုထက်ထိကလေးစိတ်ကမပျောက်သေးဘူး”

ဦးသောက “မေကလည်းကွာကြံဖန်စရာမရှိကြံဖန်စိတ်ပူတတ်တယ်၊ ဒါကြောင့်ကိုအဆောင်မှာသွားနေခိုင်း တာ ပေါ့မေရ။ အဆောင်မှာဆိုရင် လူအများနဲ့နေရတယ်။ စည်းကမ်းတွေနဲ့နေရတယ်၊ ပြီတော့ ကျောင်းသွားရင်လည်း အဖော်တွေနဲ့သွားရတယ်။ အဖော်တွေနဲ့သွားမယ်ဆိုရင် ငါ့သမီးတစ်ယောက် ထဲသွားတာထက်ပိုမကောင်းဘူးလား”

ဒေါ်မေရှင် “အင်းလေ...ကောင်းပါတယ်”

လှပတဲ့ပန်းဥယဉ်ခြံလေးထဲရဲ့ တန်းလေးတစ်ခုံမှာတော့ချစ်သူနှစ်ဦး တူနှစ်ကိုမျက်နှာကြည့်လျက်စကားလေးတွေ သီသီတာတာပြောနေကြတယ်။

“ကိုရယ်...စိတ်ညစ်တယ်ကွာ။ ဖေဖေကမေ့ကိုဘော်သာဆောင်မှာသွားထားတော့မယ်တဲ့”

“ဟင်....ဟုတ်လားမေ၊..မေကမငြင်းဘူးလားတဲ့”

“မေ့မေ့ကိုဆိုရင်ငြင်းလို့ရရင်ရဦးမယ်၊ ဖေဖေကိုတော့ငြင်းလို့ရမှာမဟုတ်ဘူး”

“ဒါဆိုကိုယ်တို့နှစ်ယောက်ဒီလိုမတွေ့ရတော့ဘူးပေါ့နော်”

“မသိသေးဘူးကိုယ်ရ၊ အချိန်အနေတွေက အတိအကျသတ်မှတ်ပြောလို့မရသေးဘူး”

“ကိုတော့မေ့ကိုမခွဲချင်ဘူးကွာ”

“မေလည်းဘယ်ခွဲချင်မလဲကိုယ်ရယ်၊ ဒါပေမဲ့ ကံတရားကမေတို့နှစ်ယောက်ကို ခဏတာခွဲထားမယ်ထင်ပါတယ်”

“အေးလေ မေ့ရဲ့ပညာရေးကလည်းရှိသေးတာကို။ ကိုယ်နားလည်ပါတယ်မေရယ်”

“ဒါကြောင့်မေကို့ကိုချစ်တာ၊ ကဲမေပြန်တော့မယ်နော်။ ခဏနေမေ့ကို ဖေဖေနဲ့မေမေမျော်နေကြဦးမယ်”

“အင်းဟုတ်ပြီးမေ”ဆိုပြီးချစ်သူနှစ်ဦးလမ်းခွဲလိုက်ကြသည်။ ထိုချစ်သူနှစ်ဦးကတော့ အခြားသူမဟုတ်။ ဦးသော်က ဒေါ်မေရှင်တို့ချစ်မြတ်နိုးလှပါတယ်ဆိုတဲ့သူတို့ရဲ့သမီးမေသော်နဲ့ မောင်ရဲစိုးတို့သာဖြစ်တယ်။ မောင်ရဲစိုးက မေသော်ရဲ့ချစ်သူရည်းစား။ သူက လွိုင်ကော်မြို့ရှမ်းပိုင်းရပ်ကွက်မှာနေတယ်။ မောင်ရဲစိုးကရှပ်ရည်ကလေးက ရှိတော့ မေသော်ဆိုတဲ့ကလေးမကလည်း ကြိုက်နေတယ်။ ဒါကိုသူ့အဖေအမေတွေက မသိရှာကြဘူး။ သူတို့ချစ်သူနှစ်ဦးလည်း လမ်းခွဲပြီးအိမ်ကိုကိုယ်စီပြန်ကြပါတော့တယ်။


ရှမ်းကလေး

တတိယပိုင်းကိုဆက်လက်စောင့်စားပါရန်