Showing posts with label ၀တ္ထု. Show all posts
Showing posts with label ၀တ္ထု. Show all posts

Sunday, March 13, 2011

အချစ်စစ်ဆိုတာ (ဒုတိယပိုင်း)

(ဟေ့ကောင်စိုးစိုး ဘာတွေစဉ်းစားနေတာလည်း) ဟု သူငယ်ချင်းရဲ့ အော်မေးသံကြောင့် သူရုတ်တရက် အတွေးပျက် သွားသည်။

(ဘာမှ မဟုတ်ပါဘူးကွာ ငါအိမ်အကြောင်းစဉ်းစားနေတာ)

(ဘာလည်း အိမ်ပြန်ချင်နေပြီလား၊ ဒါမှမဟုတ် မင်းငယ်ကြင်ဖော်ကို သတိရနေတယ် ထင်တယ်)

(အေးပေါ့ကွာ၊ မင်းတို့က ဒီမှာ အိမ်ထောင်စုနဲ့အတူနေရတော့ ဘယ်အပူပင်ရှိမှာလည်း)

(မင်းကောဘာအပူအပင်တွေ ရှိနေလို့လဲကွ)

(ဘာမှတော့ မရှိဘူးပေါ့ကွာ၊ ဒါပေမဲ့ ငါအိမ်နဲ့ရွာကို အရမ်းသတိရတယ်ကွာ၊ လစာလည်းမထွက်သေးဘူး၊ လစာထွက်ရင် ငါပြန်တော့မယ်ကွာ)

(မင်းပြန်ရင် ငါလည်းလိုက်ပြန်မယ်၊ အဖော်ရတာပေါ့)

(ပြန်လေ)

မင်းနဲ့နီးချင်ပြီ++++ချစ်ခွင့်ရချင်ပြီ++++++

(ဟေ့ကောင် မင်းဖုန်းလာနေတယ်)

(ဘယ်သူလည်း ကိုင်လိုက်လေ)

(ကျော် မင်းဆော်ကွ ငါပြောလိုက်ရမှာလား)

(ပြောလိုက်လေ၊ ငါအိမ်နေတယ်လို့)

(အေး ဟဲလို)

(ကျော်လား)

(မဟုတ်ဘူးခင်ဗျ ကျွန်တော်အိုက်စိုးပါဗျ)

(ကိုကျော်ကော ကိုစိုး)

(ကျော်အိပ်နေတယ် နိုးပေးရမှာလား)

(အင်းနိုးပေးလေ ခဏလောက်)

(အေးအေး ခဏစောင့်နော် နောင့်၊ ဟေ့ကောင် အိုက်ကျော် မင်းဆော်က စကားပြောချင်လို့တဲ့)

(ဟားကွာ တော်တော်ရှုတ်တာပဲ.. ဟဲလိုနောင့် ဘာလုပ်မှာလည်း)

(ဘာမှာမလုပ်ပါဘူး ဘာလုပ်နေလည်းလို့ ဖုန်းဆက်ကြည့်တာ)

(သူများအလုပ်လုပ်လို့ပင်ပန်းတယ်ဆိုမှ နေ့လည်ကြောင်တောင် ဘာလို့ဖုန်းဆက်လာတာလည်း)

(ကိုကျော်က အဲ့လိုပဲ၊ သတိရလို့ဖုန်းဆက်တဲ့ဟာကို)

(အေးပါ သိပါတယ်နောင့်ရယ်၊ ကိုယ်လည်းနောင့်ကို သတိရပါတယ်၊ ညမှ ပြန်ဆက်တော့မယ်နော်)

(ဆက်နဲ့ ဒါပဲ)

(ဖုန်းချသွားပြီ ကောင်းတယ်… မိန်းမတွေဟာလေ ရှုပ်ကိုရှုပ်တယ်)

(မင်းတို့ နှင်ယောက်ကလည်း မမြဲတမ်း စိတ်ကောက်နေကြတာပဲ)

(ငါတို့က ညချစ်သူရည်းစားတွေကွ၊ ညဆို သိပ်ချစ်ကြတာ)

(အေးပါ ဟုတ်ပါတယ်၊ မင်းရုပ်ကိုကြည့်တာနဲ့ ငါသိပါတယ်)

(စိုးမင်းကော၊ ထိုင်းနိုင်ငံမှာ ရည်းစားတစ်ယောက်လောက်ထားဖို့ မစိတ်ကူးဘူးလား)

(တော်ပါကွာ၊ ငါချို့ကို မဖောက်ပြန်ချင်ဘူး၊ ပြီးတော့ ငါ့လို တစ်ကောင်ကြွက်ကို ဘယ်သူက လာကြိုက်မှာလည်းကွ)

(မင်းရှောက်မပြောနဲ့ ဟွေလိုက နွေနောင်း မင်းကို အခုတလော တရားရောတယ်နော်)

(မလုပ်ပါနဲ့ကွာ ခဏနေ နွေနောင်ဒးကြားရင် ငါ့ကို စကားမပြောပဲ နေဦးမယ်)

(ကြားလည်းကောင်းတာပေါ့ကွာ၊ ပွင့်ပွင့်လင်းလင်း ဖြစ်သွားတာပေါ့ ဟားဟားဟား…)

Friday, February 18, 2011

အချစ်စစ်ဆိုတာ (ပထမပိုင်း)

ဒီကနေ့ မနဂိုနေ့တွေထက် နေပူလွန်းသည်။ လေညင်းကလေးတွေ တဖြည်းဖြည်းတိုက်နေမှုကြောင့်သာ နေပူဒါဏ်ကို သူခံနိုင်ခြင်းပင်ဖြစ်ပေမည်။ သူ့အလုပ်က ချောချောမွေ့မွေ့ လုပ်ရသည့် အလုပ်မဟုတ်။ နားနားနေနေ လုပ်လည်းမရ။ သူ့အလုပ်က ကြမ်းတမ်းသည်။ တစ်ရက်လုပ်မှ ဘတ်ငွေ ၁၅၀ သာ ရတယ်။ သူ့အလုပ်က ပန်းရံအလုပ်။ ထိုင်းနိုင်ငံမှာကတော့ သူ့အတွက်ကတော့ ဒီလိုအလုပ်သာရှိသည်။ သူသာလျှင် ဒီလို ပန်းရံအလုပ်မျိုးကို တဦးတည်းလုပ်ရသည်မဟုတ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အများစုကလည်း ဒီလိုအလုပ်မျိုးကို လုပ်ကိုင်ကြရသည်။ မိမိနိုင်ငံတွင်နေစဉ်အခါက အေးအေးဆေးဆေး လုပ်ကိုင်စားသောက် နေထိုင်ကြရပေမဲ့ အခြင်းတိုင်းတပါးကို အထင်ကြီးခဲ့မှုက တစ်ကြောင်း ပတ်ဝန်းကျင်ရဲ့ တိုက်တွန်းမှုကတစ်ကြောင်း သူထိုင်းနိုင်ငံကို ၂၀၀၄ အောက်တိုဘာလ လောက်က ရောက်ရှိခဲ့သည်။ သူနှင့်နီး စပ်တဲ့ မိတ်ဆွေတဦးရဲ့ ကူညီပံ့ပိုးမှုကြောင့် ထိုင်းနိုင်ငံကို ဟွေပုန်လောင်းဟုခေါ်သော နယ်စပ်လမ်းကတဆင့် ရောက်ရှိခဲ့သည်။
၁၆ရက်နေ့ ၁၀ လပိုင်း
“စိုးစိုး မနက်ဖြန်စောစော သံလွင်မှာ သွားစောင့်မယ်နော်” လို့ဦးလေး တင်ကြည်လောပြောတော့ မသွားဖူးတဲ့ နေရာ သွားဖူးတော့မှာမို့ စိုးစိုးတစ်ယောက်ပျော်နေသည်။ ဒီနေ့သူငယ်ချင်းတွေနဲ့လည်း ချိန်းထားသည် မဟုတ်လား။ စိုးစိုး သူငယ်ချင်းတွေဆီ သွားဖို့ပြင်နေသည်။
“သားစိုးစိုး မနက်ဖြန် အစောကြီးထရမယ်နော်”
“ဟုတ်ကဲ့ပါ အမေကလည်း”
“အရက်လည်းမသောက်ခဲ့နဲ့ဦးနော်”
“ဟာအမကလည်းဗျာ ကျွန်တော့်ကို အရက်သမားများ ထင်နေလား မသိဘူး”
“ဟုတ်တယ်သမီးကလည်း သားကမနက်ဖြန်ခရီးထွက်တော့မှာ စိတ်အနှောက်အယှက်ဖြစ်အောင် မပြောပါနဲ့”
“အမေကလည်း ဘာသိလို့လည်း အခုသူ သူ့သူငယ်ချင်းတွေဆီသွားမှာ”
“အမကလည်းဗျာ ကျွန်တော်သူငယ်ချင်းတွေဆီ သွားတိုင်း အရက်သောက်ရမှာတဲ့လားဗျာ”

“ကဲကဲ တော်ကြတော့ တော်ကြတော့ သားလည်းသွားစရာရှိတာ သွား၊ ပြီးရင် စောစောပြန်လာခဲ့၊ မိငယ်က လည်းတော်တော့ နင်တို့မှာ ဒီမောင်နှမနှစ်ယောက်ပဲရှိတာကို၊ ပြီးတော့နင့်မောင်လေးကို နင်မနက်ဖြန် တွေ့ချင်လည်းတွေ့ရတော့မှာမဟုတ်ဘူး”
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“ချိုဒီနေ့ လအရမ်းသာတယ်နော်”
“ဟာကိုစိုးကလည်း မနက်ဖြန်ကြရင် လပြည့်ပဲကို သာမှာပေါ့”
“ကိုစိုးချို့ကို ခွဲပြီးမသွားချင်ဘူးကွာ၊ ကိုယ်ချို့နဲ့ အတူတူ အမြဲတမ်း နေချင်တယ်သိလား”
“အပိုတွေ ကိုစိုး ချို့ကို ချစ်ရင် ချို့ကိုပြစ်ပြီး ထိုင်းနိုင်ငံကို ဘယ်သွားမှာလည်း”
“ဟောကြည့် သူဘဲအစက ပြောတော့ ကိုစိုးသွားချင်ရင်သွားဆို၊ ချိုကိုစိုး ထာဝရအမြဲတမ်း စောင့်နေမယ်ဆို”
“ကိုစိုးရဲ အခုချို့ ကိုစိုးနဲ့ မခွဲချင်တော့ဘူးသိလား”
“ကိုလည်းဘယ်ခွဲချင်မှာလည်း ချိုရယ်၊ အခြေအနေက ဒီလိုပေးလာတော့ ကိုယ်တို့ ခဏခွဲကြမယ်နော်၊ ကိုစိုးအတတ်နိုင်ဆုံး အမြန်ပြန်လာခဲ့မယ်နော်”
ချစ်သူရဲ့ ပါးပြင်ပေါ်က မျက်ရည်စများကို စိုးစိုး လက်ဖြင့် အသာအယာ သုပ်ယူပေးလိုက်ကာ
“မငိုတော့နဲ့ကွာ ချို၊ ကိုချို့နဲ့မခွဲခွာခင်လေး တညသာမှာ ပျော်ပျော်ရွင်ရွင်၊ ကြည်ကြည်နူးနူးနဲ့ ချို့ဘေးမှာ နေသွားချင်တယ်ကွာ”
“ဟုတ် ချိုမငိုတော့ဘူးနော်”
မျက်ရည်စများကိုသုတ်ကာ ပြုံးပြလာသော ချစ်သူရဲ့ မျက်နှာလေးက ၀န်းပနေလေသည်။

“သားပြန်လာပြီလား”
“ဟုတ်”
“အ၀တ်အစားတွေကော အားလုံးအဆင်သင့်ဖြစ်ပြီလား၊ သွားတိုက်ဆေးတို့၊ သွားတိုက်တံတို့ကော ထည့်ပြီး ပြီလား”
“ဟုတ်ကဲ့ အမေ”
“ယိုးဒယားမှာ အလုပ်သွားလုပ်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး၊ မသွားပါနဲ့လို့ ပြောတာလည်း မရ၊ ဘယ်သွား သွား ဘုရားတရားကို မမေ့နဲ့နော် သိလား”
“ဟုတ်ကဲ့”
“ဟိုမှာအလုပ်သွားလုပ်ရင်လည်း သေသေချာချာ သွားလုပ်၊ အရက်တွေလည်း မသောက်စားနဲ့ မူးယစ်ဆေးဝါး မသုံးစွဲနဲ့၊ မကောင်းတဲ့ လူနဲ့ မပေါင်းနဲ့၊ နင့်ဦးလေး စကားကိုလည်း နားထောင်၊ ပိုက်ဆံမစုမိသေးရင်လည်း အမေတို့ကို မပို့ပေးနဲ့ သားအတွက်ပဲ လောက်အောင်သုံး၊ အမေတို့ အတွက် ဘာမှမပူနဲ့”
“ဟုတ်ကဲ့”
အမေ့ကို ဟုတ်ကဲ့ဟုသာ ပြောရသည်။ သူ့ရင်ထဲမှာ ၀မ်းနည်းနေသည်။ မိဘနဲ့ ခွဲခြင်းဒုက၊ ချစ်သူနှင့် ခွဲရခြင်း ဒုက ကို မနက်ဖြန် ရင်ဆိုင်ရတော့မည်။ ဒီညမှာမှ သူဘယ်လိုဖြစ်နေသည်မသိ။ ရင်ထဲမှာ အလိုလို ၀မ်းနည်းနေ သလိုလို စိတ်ထဲက ခံစားနေရသည်။ အမေမသိအောင် ကြိတ်ပြီး မျက်ရည်ကျနေသည်။ ဟိုအရင်က ပြောခဲ့သော အမေ့ရဲ့စကားကို ပြန်ပြီး အောက်မေ့သတိရနေမိသည်။
“သားရယ် အမေလည်း အသက်ကြီးပြီ၊ နင်လည်းအမေနဲ့နေပါလား၊ အမေတို့လည်း အဆင်ပြေနေတာပဲကို။ အမေတို့မှာလည်း ဒီမိသားစု (၃)ယောက်ပဲရှိတာကို”
“ဟာအမေကလည်း မသွားရင် မသိတဲ့၊ မရောက်ဖူးတဲ့နေရာ ရောက်ခွင့် ကြုံတုန်းသွားရမှာ၊ သားသွားချင်တယ် ဗျာ” လို့ဆိုပြီး အမေ့ကို ငြင်းခဲ့ဖူးသေးတယ်။ အခုတော့ အဲဒါတွေကို တွေးပြီး အမေနဲ့ခွဲခွာရမှာမို့ စိတ်ထဲမှာ ၀မ်းနည်းမိသလိုလို။ တဖက်က တွေးပြန်ရင်လည်း ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့သူတွေကိုကြည့် ငွေထုတ်ပိုက်ပြီး ပြန်လာတဲ့လူတွေ မနည်းဘူးတွေ့လား ဆိုတဲ့ ဦးလေးရဲ့ စကားကိုတွေးပြီး ဖြေသိမ်းခဲ့ရပေါင်း များလည်း များပြီလေ။ ဒီလိုနဲ့ ထိုင်းနိုင်ကို သူေ၇ာက်ခဲ့ရတာပေါ့။

Monday, July 20, 2009

အထီးကျန်သော နှလုံးသား (မထမပိုင်း)

တကယ်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့ သူသဘောထားတယ်။ ဒါကြောင့်လည်း မကိုသူသိပ်ချစ်တယ်။ မရဲ့ လိုအင်ဆန္ဒကို သူအမြဲတမ်း လိုက်ဖြည့်ပေးချင်တယ်။ မကို ရွေဘုံ၊ ငွေဘုံပေါ်မှာ တင်ထားချင်တယ်။ ဖြစ်နိုင်ရင် မကို ဘာမှမလုပ်တတ်တဲ့ ကလေးတစ်ယောက်လို နေခိုင်းစေချင်တယ်။ ဒါကသူ့ရဲ့ဆန္ဒ။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ဆိုတာကတော့ သူမသိဘူး။ ဒါပေမဲ့ ဖြစ်လာအောင်တော့ သူကြိုးစားမယ်။ ရိုးသားတဲ့ နည်းနဲ့ပေါ့။ မကိုလည်း သူတိုင်ပင်ပြီးသား။

“မ အစိုင်းမကို ပြည့်ပြည့်စုံစုံ ထားနိုင်တဲ့ တနေ့ မကို အစိုင်း လက်ထပ်မယ်နော်”
“အေးပါ အစိုင်းရာ”
“မ အစိုင်းကို မထားခဲ့ရဘူးနော်”
“အစိုင်းနော် မကို အဲ့လိုလာမရစ်နဲ့ကွာ၊ နောက်ကျရင် မအစိုင်းဆီမလာတော့ ဘူးနော်”
“မကလည်းဗျာ မကို ချစ်လို့ အစိုင်းပြောမိတာပါ၊ မ စိတ်မတိုနဲ့နော် အစိုင်းတောင်းပန်ပါတယ်”
“ဟာအစိုင်းကလည်းကွာ အဲ့လိုမဟုတ်ပါဘူး မစတာပါ”

မကသူနေတဲ့ရပ်ကွက်နဲ့ နည်းနည်းဝေးတယ်။ နေတာကတော့ တစ်မြို့တည်း။ မလည်းအလုပ်လုပ် နေတယ်။ သူတို့က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်က ရွာကလေး တစ်ရွာမှာ အလုပ်လုပ်နေတယ်။ ဒါပေမဲ့ အလုပ်ခြင်းကတော့ သူတို့နှစ်ယောက် မတူဘူး။ တခြားစီ။ မက မိန်းမသားဆိုတော့ သူဌေးအိမ်တွေမှာ အိမ်ဖော်လုပ်ငန်း လိုက်လုပ်တယ်။ သူကတော့ ထုံးစံအတိုင်း ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတို့ လုပ်နေကြ ပန်းရံအလုပ်ကို ပင်ပင်ပန်းပန်း လုပ်ရတယ်။ လုပ်မှလည်း သူတစ်နေ့သာ ထမင်းစားရမှာကို။ ဒါကြောင့် သူ့ရဲ့ ဘ၀က မကို ပြည့်ပြည့်စုံစုံ ထားနိုင်ဖို့ဆိုတာ အလွန်ခဲယဉ်းတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ လုံးဝအလျော့ မပေးဘူး။ ဖြစ်ချင်တာကို ရအောင်လုပ်မယ်။ လောကကြီးမှာ သူမလုပ်နိုင်တာ မရှိစေရဘူး။ မြန်မာပြည်မှာ သူနေ တာက ကယားပြည်နယ်။ ဒါပေမဲ့ မနေတာက ရှမ်းပြည်နယ်။ သူနဲ့ မနဲ့ က တနယ်စီ။ သူနေတာ ကယားဆိုပေမဲ့ သူက ရှမ်းမျိုးရိုး။ မက ရှမ်းဗမာ။ မနဲ့စတွေ့တာက မ အလုပ်လုပ်တဲ့နေရာမှာ။ မတို့ သဌေးက ငွေပေါတယ်။ မြန်မာအခေါ်အဝေါ်ဆိုရင် လောပန်းပေါ့။ ဆိုတော့ မတို့သူဌေးက Second Hand ဆိုင်ကယ်တွေ ရောင်းတယ်။ အစိုင်းက မတို့ သူဌေးဆိုင်မှာ ဆိုင်ကယ်အကြွေးသွားယူထားတယ်လေ။ ဒါကလည်း ထိုင်းနိုင်ငံရောက် မြန်မာပြည်သူ၊ ပြည်သားတွေရဲ့ သဘာဝပဲလေ။ ဆိုင်ကယ်ကို အကြွေးယူတယ်။ ပြီးတော့ တလခြင်း ဆိုက်ကယ် ကြွေးဆပ်တယ်။ တစ်နှစ်တန် တစ်နှစ် နှစ်နှစ်တန် ၂ နှစ်ပေါ့။ အလွန်ဆုံးကတော့ ၃ နှစ်ပေါ့။ မနဲ့ တွေ့တာက

“ပိုင်ရှင်ရှိလားမသိဘူးဗျ”
မိန်းကလေးတစ်ယောက်ရှမ်းသံဝဲ၀ဲလေးနဲ့ ထိုင်းလိုမပီမသသံကို သူကြားလိုက်တယ်။
“ရှိပါတယ် ခဏစောင့်နော်”
“ဟုတ်ကဲ့”
သူသိလိုက်တယ်။ ဒါထိုင်းနိုင်ငံဖွား အမျိုးသမီးတော့ မဟုတ်လောက်ဘူးလို့။ ရှမ်းသံကလည်း ၀ဲနေတယ်။ ၀တ်ထားဆင်ထားတာကလည်း လုံလုံခြုံခြုံ။ ဒါရှမ်းမ မဟုတ်ရင်တောင်မှ ငါ့လိုပဲ မြန်မာပြည်ကလာပြီး ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ ငါတို့ မြန်မာလူမျိုးပဲ ဖြစ်ရမယ်လို့။
“အမ ဘယ်မှာနေတာလည်း အရင် တခါမှ မတွေ့ဖူးဘူးနော်” လို့ သူ စကားစလိုက်တယ်။
“အော ကျမက ဒီအိမ်မှာ အိမ်ဖော်လုပ်တာပါ၊ ရောက်တာ မကြာသေးဘူးလေ” လို့ မက ရှမ်းလိုပဲ ပြန်ဖြေတယ်။
“အော ဟုတ်လား အမက အရင်ဘယ်မှာ နေတာလည်းဗျ”လို့ သူက စပ်စပ်စုစု မေးလိုက်တယ်။
“အော အရင်က မြန်မာပြည်မှာနေတာ”

အောလို့ သူက ပြောလိုက်ချိန်မှာပဲ ဆိုင်ရှင်ထွက်လာတော့ သူက သူ့ရဲ့ တစ်လသာ ဆိုင်ကယ်ကြွေး ဆပ်လိုက်တယ်။ မနဲ့ သူနဲ့လည်း မတွေ့ဖြစ်တော့ဘူး။ ဒါပေမဲ့ အဲ့ဒီနေ့မှာပဲ သူ့ရဲ့ နှလုံးသားလေးက အလိုလို လှုပ်ခတ်လိုက်သလို သူခံစားလိုက်ရတယ်။ ပြီးတော့ မရဲ့ ပုံရိပ်တွေလည်း သူ့ရဲ့ နှလုံးသားလေးထဲမှာ အလိုလို ထင်လာတယ်။ သူသိလိုက်တယ် မကို သူချစ်မိပြီ။

ဒုတိယပိုင်းမျော်

ရှမ်းကလေး

Sunday, June 15, 2008

မမြင်ရတဲ့ ချစ်ရသူပုံရိပ်

ဒီမနက် ကျွန်တော် စောစော ထလိုက်တယ်..
ဘာလို့လဲဆိုတော့ ဒီနေ့ကျွန်တော် စာမေးပွဲ သွားဖြေရမှာလေ..၊ စာမေးပွဲက ကျောင်းတက်ဖို့ ဖြေရမှာ..၊ ကျောင်းတက်ပြီး နှစ်ကုန်မှ ဖြေရမယ့် စာမေးပွဲမျိုးမဟုတ်ဘူး။ ဖြေမဲ့ လူတွေအများကြီးထဲမှာမှ အောင်တဲ့လူတွေကို ရွေးမယ်ဆိုတော့ ကျွန်တော့်မှာ စိုးရိမ်မိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အခုမှ စစခြင်းကျောင်းတက်ရမယ်..၊ စစခြင်း စာမေးပွဲ ဖြေရမယ်ဆိုတော့ ကျွန်တော့်ကိုယ်ကို ကျွန်တော် သိပ်မယုံကြည်ဘူး။ ပြီးတော့ ဖြေရမယ့် စာမေးပွဲကလည်း ကျွန်တော်တို့ ဘာသာစကားနဲ့ ဖြေရမှာ မဟုတ်လေတော့ စိုးရိမ်တဲ့ ကျွန်တော့်ရဲ့ စိတ်ကို ရေးခဲရေ အေးအေးလေးတစ်ခွက်နဲ့လည်း ဘယ်လိုမှ ဖြေဖျောက်လို့ မရဘူး ဖြစ်နေတယ်။ နောက်တော့ အေးလေ ဘာပဲဖြစ်ဖြစ် ဖြေမှ မဖြေရသေးတာ..၊ စိတ်အေးအေးပဲ ထားတာ ကောင်းပါတယ်လို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်လိုက်ရတယ်။ ကျွန်တော်မသွားခင် ကျွန်တော်နဲ့ ခင်လည်းခင်၊ စိတ်ထဲကလည်း ချစ်နေရတဲ့ အမတစ်ယောက်ဆီကို ဖုန်းတစ်ချက်လောက် ဆက်မှလို့ စဉ်းစားလိုက်တယ်။ ပြီးတော့ ဖုန်းနံပါတ်ကို ရှာ..၊ အင်္ဂလိပ်လို ရေးသားထားတဲ့ Ma ဆိုတဲ့ နာမည်လေး တွေ့တာနဲ့ ခလုပ်ပေါ်က အစိမ်းရောင်အဖုလေးနဲ့ call ဆိုတဲ့ အင်္ဂလိပ်စာလုံးလေးကို နှိပ်ပစ်လိုက်တယ်..။


“ဟဲလို” ဆိုတဲ့ သာယာကြည်လင်တဲ့ အသံတခုကား ကျွန်တော့်နားထဲကို ဒိုင်းကနဲ ၀င်ရောက်လာတယ်။
“ဒီနေ့ အင်တာဗျူးရှိတယ်မဟုတ်လား” လို့ ကျွန်တော်က သေသေချာချာ ထပ်မေးလိုက်တယ်။
“အင်း ရှိတယ်လေ.. အမတောင် အခုပဲ သွားတော့မလို့”
“ကျွန်တော်လဲ သွားရင်ကောင်းမလားလို့“
“ဒါဆိုအမ မသွားတော့ဘူး”
“ဟင်း ဘာဖြစ်လို့လဲ၊ ဘာလဲ ကျွန်တော့်နဲ့ မတွေ့ချင်လို့လား”
“အင်း..၊ ဟုတ်တယ်..၊ တွေ့ရင် လူအများကြီးရှေ့မှာ ရည်းစားစကား လာပြောရင် ဘယ်လိုလုပ်မလဲ..“
“ဟာ မကလည်းဗျာ၊ စိတ်ချ မပြောဘူး..၊ ဖက်နမ်းပစ်မှာ”လို့ ကျွန်တော့်စိတ်ထဲက ကြိတ်ပြီး ရေရွတ်လိုက်တယ်။
“အမရေ ကျွန်တော်လည်း သွားမလို့ စဉ်းစားထားတာ..၊ အခုပဲ ရေချိုးပြီးတယ်..၊ အ၀တ်အစားလဲလိုက်ဦးမယ်နော်..၊“
“အခုမှ အ၀တ်အစားလဲတာလား၊ အမတောင် အင်တာဗျူး လုပ်မဲ့နေရာ ရောက်နေပြီ“
“ဟင်ဟုတ်လား၊ ဒါဆို ဒါပဲနော်..၊ ကျွန်တော်အခုပဲ အ၀တ်စားလဲပြီး ထွက်လာခဲ့မယ်”
“အင်း” ဆိုပြီး တဖက်က ဖုန်းကို ချသွားလေရော..၊ ဖုန်းချသွားတဲ့ အသံတောင် ကျွန်တော့်နားထဲမှာ အခုထက်ထိ ကြားနေရသေးတယ်...၊ ခလောက်တဲ့... ပြီးတော့ ကျွန်တော် အ၀တ်အစားလဲ၊ စီးနေကျ ဆိုင်ကယ် လေးကို ထုတ်ကာ လီဗာအကုန်တင်ပြီး ၀ူးကနဲ မောင်းထွက်လာခဲ့တယ်..၊ တကယ်တော့ ဒီနေ့က ကျွန်တော် ပျော်တယ်..၊ ဘာလို့လဲဆိုတော့ ......

ကျွန်တော့်နဲ့ပြောနေတဲ့ မဆိုတဲ့ မိန်းကလေးက ကျွန်တော်နဲ့ သိတာ ကြာတော့ကြာပြီး။ ကျွန်တော်က တဖက်သတ် ချစ်နေရတဲ့ သူဆိုရင် မမှားဘူးပေါ့ဗျာ..၊ ဖုန်းနဲ့တော့ အမြဲတမ်းလိုလို ပြောဖြစ်ခဲ့တယ်.။ တကယ်တော့ မရဲ့ နာမည်အရင်းက မခင်သီတာမြင့် အသက်ကတော့ ကျွန်တော်လဲ အတိအကျ မသိသေးဘူး..၊ ကျွန်တော့်နာမည်ကတော့ မောင်ဝေလင်းထွန်း..၊ အသက်က ၁၈၊ ၁၉။ မခင်သီတာမြင့်ကို ကျွန်တော်အပြင်မှာ တစ်ခါမှ မမြင်ဖူးဘူး..၊ ဒါပေမဲ့ ကျွန်တော့်နဲ့ မခင်တာမြင့်နဲ့က အွန်လိုင်းပေါ်မှာရော..၊ ဖုန်းနဲ့ပါ စကား အများကြီး ပြောဖြစ်ခဲ့ကြတယ်..၊ မခင်တာမြင့်က ကျွန်တော့်ကို ၂ ခါတောင် တွေ့ဖူးတယ်လို့ ပြောတာပဲ..၊ ကျွန်တော်က မခင်တာမြင့်ကို မလို့ပဲ ခေါ်တယ်..၊ မခင်တာမြင့်ကလည်း ကျွန်တော့ကို မောင်လေးလို့ ပြန်ခေါ်တယ်..၊ ဘာပဲဖြစ်ဖြစ် ဒီနေ့ ကျွန်တော် ချစ်နေရတဲ့ မကို တွေ့ရတော့မယ်..၊ ပြီးတော့ မမကို အပြင်မှာ စကားတွေ အများကြီးပြောရတော့မယ်..၊ ဟိုးဟိုး အတွေးတွေ လွန်သွားတယ် ထင်ပါရဲ့..၊ အင်တာဗျူး လုပ်မဲ့နေရာတောင် ကျော်သွားပေါ့..။
ဆိုင်ကယ်ကို ဒေါက်ထောက်..၊ ပြီးရင် လွယ်အိပ်ကို ဆွဲ..၊ သိတဲ့ သူငယ်ချင်းတစ်ယောက်ကို ရှာကြည့်လိုက်တော့ ဟောတွေ့ပြီ..၊ ခြင်းလုံးခတ်ဖက် သူငယ်ချင်းတစ်ယောက်

“ညီလေး စာမေးပွဲ လာဖြေတာလား“လို့ ကျွန်တော့်နဲ့ ခြင်းလုံးခတ်ဖက် အကိုသူငယ်ချင်းက မေးတယ်..၊
”ဟုတ်တယ်ဗျာ..၊ အတောင်မစုံသေးတော့ ဒီလိုပဲပေါ့ဗျာ..၊ ပညာကိုသာ မှီဝဲရာပေါ့..၊ ဟဲဟဲ“
“အေး ကိုလည်း အင်တာဗျူးလာလုပ်တာ..၊ မင်းတို့က တော်ပါတယ်ကွာ ကြိုးစားပေါ့“ အကိုသူငယ်ချင်းပြောတဲ့ စကားလည်း နားထောင်..၊ ကျွန်တော့ရဲ့ မျက်လုံးက မခင်သီတာမြင့်ကိုလည်း လိုက်ရှာ..၊ ဒါပေမဲ့ မတွေ့ဘူး ဖြစ်နေတယ်..၊ မကို အပြင်မှာ မမြင်ဖူးတော့ မျက်မတန်းဘူး ဖြစ်နေတယ်..၊ မကို ဓါတ်ပုံ ထဲမှာပဲ မြင်ဖူးတာကို..၊ ဒါနဲ့ကျွန်တော်လည်း ကလေးတစ်ယောက်လို ကျောင်းက ကလေးတွေ ထိုင်ဖို့ လုပ်ထားတဲ့ ဒန်းပေါ် ထိုက်ချလိုက်တယ်..၊ ဒီအချိန်မှာ မကို သိတဲ့ လူများ ကျွန်တော့် ရှေ့မှာ ဘွားကနဲ ပေါ်လာရင်တော့ အကောင်းသား..၊ ဟော ပြောလို့ မဆုံးသေးဘူး..၊ မခင်တာမြင့်တို့နဲ့ တစ်ရပ်ကွက်ထဲနေတဲ့ အကိုတစ်ယောက်က သူ့သူငယ်ချင်းသုံးယောက်နဲ့ စက်ဘီးအပြိုင်စီးလာတာတွေ့တော့ ကျွန်တော့်မှာ ၀မ်းသာလို့ မဆုံး..၊ သူက မကို သိတာကိုး။ ဘုရားသားကို နတ်မတာပဲပေါ့..၊
“ဟာ အင်တာဗျူးလာလုပ်တာလား ဝေလင်း“ လို့ ကျေးဇူးရှင် အကိုကြီးက ကျွန်တော့်ကို မေးတယ်..။
“ဟုတ်တယ် အကိုကော တူတူပဲလား“
“အေးကွ တူတူပဲ..“
“ဒါနဲ့ တခုမေးရဦးမယ်..၊ အကို မခင်သီတာမြင့်ကို သိတယ်ဟုတ်“
“အေးလေကွာ သိတာပေါ့..၊ ငါတို့ တစ်ရပ်ကွက်ထဲသားတွေပဲ“
“အခုကျွန်တော့်ရှေ့မှာရှိတဲ့ လူတွေထဲက မခင်သီတာမြင့် ဘယ်တစ်ယောက်လည်း သိလား“ ကျွန်တော်မေးလိုတော့ အဲ့ဒီအကိုခင်ဗျာ..၊ သူ့ရှေ့မှာရှိတဲ့ မိန်းကလေးတွေကို လိုက်ကြည့်နေပါလေရော..၊
“တစ်ယောက်မှ မဟုတ်ဘူး“
ဟိုက်..၊ မတစ်ယောက် တကယ်မလာတားလားလို့ ကျွန်တော့်ကိုယ်ကို ကျွန်တော် မေးခွန်း ပြန်ထုတ်မိတယ်..၊ မဖြစ်နိုင်ပါဘူး..၊ မ လာမှာပါ...
“ဟုတ်လား..၊ ဒါဆို တွေ့ရင်ပြောဦးနော်..”

ဒီလိုနဲ့ ကျွန်တော်တို့ တတွေ အင်တာဗျူးလုပ်မဲ့ အခန်းထဲကို ၀င်သွား..၊ ကျွန်တော့်မျက်စိကလည်း မခင်သီတာမြင့်ကို အငမ်းမရ လိုက်ရှာ..၊ မတွေ့ပြန်ဘူး..၊ နောက်တော့ အင်တာဗျူးလုပ်မဲ့ အချိန်ရောက်လာ..၊ ကျွန်တော်လည်း အင်တာဗျူးလုပ်တဲ့ အချိန်ကျရင်တော့ မကို တွေ့ရမှာပေါ့ ဆိုတဲ့ စိတ်နဲ့ စောင့်နေရရှာတယ်..၊ ဒါပေမဲ့ဗျာ.. အင်တာဗျူးလာလုပ်တဲ့ လူပေါင်းက အယောက်ပေါင်း ၁၀၀ လောက်ရှိတာနဲ့ အုပ်စု နှစ်စုခွဲပြီး လုပ်လိုက်ရတယ်..၊ ကျွန်တော်ပါတဲ့ အုပ်စုမှာတော့ မ မပါဘူး ထင်တယ်..၊ မကို မတွေ့ဘူး..၊ ကျွန်တော့်ရဲ့ စိတ်ထဲမှာတော့ သည်နေ့မကို တွေ့မြင်ရမယ်ဆိုတဲ့ စိတ်နဲ့ အိမ်ကနေ ရှိသမျှ အမွေးအကြိုင်တွေကို ဖီးလိမ်းပြီး..၊ အကောင်းတကာ့ အကောင်းဆုံးထဲက ကျွန်တော်ရဲ့ တီရှပ် အဖြူရောင် အိကျီင်္လေးကို ၀တ်ပြီး ထွက်လာရတာ..၊ ဒါပေမဲ့ နေ့တစ်ပိုင်းသာ ကုန်သွားတယ်..၊ ခုထိ မကို မတွေ့ရသေးဘူး..၊ ကျွန်တော့်စိတ်ထဲမှာ ၀မ်းနည်းမှုတွေနဲ့ ပြည့်နက်နေတယ်..၊ ကိုယ်တိုင်ကလည်း စာသိပ်မရ..၊ ခုကျပြန်တော့လည်း ကိုယ်တွေ့ချင်တဲ့ မကို မတွေ့ရဆိုတော့ အင်တာဗျူးလုပ်တော့ ကျွန်တော် ဖြေချင်ရာ ဖြေလိုက်တာ..၊ အဲ့ဒီက အပြန်စာမေးပွဲ မအောင်ဘူးလို့တော့ ထင်တာပဲ..၊ အဲ့ဒီက မပြန်ခင် ကျွန်တော့်ဆီကို မက ဖုန်းဆက်လိုက်သေးတယ်...။ ကျွန်တော်က ၀မ်းသာအားရနဲ့ ကောက်ကိုင်လိုက်တာ.. ဖုန်းတောင် ကွဲတော့မလို့..၊ ဒါပေမဲ့ ဒါပေမဲ့ အရာအားလုံး နောက်ကျ ကျန်ရစ်ခဲ့လေပြီ..။ မပြောတာက

“အခု မအိမ်ပြန်ရောက်နေပြီ၊ ဘယ်လိုလဲ အင်တာဗျူးဖြေနိုင်လား..၊”တဲ့..။ ကျွန်တော့်မှာတော့ မဖုန်းဆက်လာတာဟာ ကျွန်တော့်ကို တွေ့လို့များလားလို့ပေါ့။ ၀မ်းသာရတာ.. ဒါပေမဲ့။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မမြင်ရတဲ့ ချစ်ရသူရဲ့ပုံရိပ်ကို မျော်ကိုးရတဲ့ အလုပ်တခုဟာ တကယ်ကို နှလုံးသား ကြွေလုမတတ် ခံစားရပါလားလို့ နောက်မှ သိတော့တယ်ဗျာ..။

ပြီးပါပြီ
ရှမ်းကလေး

Thursday, June 12, 2008

တဖက်သတ်ချစ်ရသူမို့လို့လား

မေနဲ့ကျွန်တော်စတွေ့တဲ့ နေ့က မိုးတွေရွာနေတဲ့အချိန်...
လေပြင်းတွေကလည်း တိုက်လိုက်တာမှ အရမ်းပဲ....
မေ့ခင်မျာ မိုးရွာထဲမှာ တစ်ယောက်ထဲ အဖော်မဲ့နေရှာတယ်
ကျွန်တော်ကလည်း ကျွန်တော် ဒီနေ့တော့ မိုးမရွာလောက်တော့ဘူး ဆိုပြီး မုန့်ရောင်းထွက်လာတာပေါ့..၊ လမ်းတ၀က်လောက်လည်း ရောက်ရော.. မိုးစက်ကလေးတွေက နှင်းဖွဲလေးတွေအလား တစက်စက်နဲ့ ကျလာတာပေါ့။ တော်သေးတာပေါ့ ကျွန်တော့်ရဲ့ မုန့်ရောင်းတဲ့ စက်ဘီးကလေးက အမိုးလေး ပါနေလို့..၊ နောက်ထပ် ကျွန်တော်ကံကောင်းသွားတာက မိုးရွာချချင်းချင်းပဲ လူနားနေရာပြုလုပ်ထားတဲ့ တဲလေးတစ်လုံးရှိတဲ့နေရာကို ရောက်နေလို့..၊ အဲ့ဒီနေရာမှာ ကျွန်တော် မေ့ကို စတွေ့တာပေါ့..၊ မေကလည်း အဲ့ဒီမှာ တစ်ယောက်တည်းဗျ..၊ ကျွန်တော်ကလည်း မုန့်ရောင်းတဲ့ စီးပွားရေး သမားဆိုတော့ အကွက်ကို မြင်မိတာပေါ့..၊ ဒါမှလည်း မုန့်ရောင်းကောင်းမှာလေ..၊ စီးပွားရေး သမားဆိုတာ အကွက်ကြိုမြင်ရတာပေါ့..၊ ဒါပေမဲ့ မေက ကျွန်တော့်ကို တွေ့တော့ ပြုံးရုံလေး ပြုံးပြတယ်ဗျ..။ စတွေ့တွေ့ခြင်း မေ့ရဲ့ ပုံစံကလေးက ထိုင်းအမျိုးသမီး တစ်ဦးပုံပေါက်နေတယ်ဗျ..၊ မျက်နှာမှာ အလှအပ ခြယ်သကာ..၊ ခြေဖ၀ါးထိရှည်တဲ့ ဂျင်းဘောင်းဘီကြီးကို ၀တ်လို့ဗျ..၊ ပြီးတော့ လက်တိုတီရှပ်တစ်ထည်ကို ၀တ်ထားတယ်..၊

ကျွန်တော်စစချင်း မေ့ကို ထိုင်းမလေး တစ်ယောက်များလားလို့ ထင်နေတာဗျ..၊ နောက်တော့ ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် မိတ်ဆက်ကြတော့မှ မေက မြန်မာအမျိုးသမီးလေးဆိုတာ ကျွန်တော်သိတော့တယ်။ မြန်မာအမျိုးသမီးနဲ့တူတာဆိုလို့ မေ့မှာ ဆံပင်ရှည်တာပဲရှိတယ်..၊ ဟုတ်တယ် မေက ဆံပင်အရှည်ကြီးပဲ..၊ မေ့ရဲ့ ဆံပင်ကိုသာ ညှပ်ပစ်လိုက်ရင် ထိုင်းမလေး တစ်ရောက်နဲ့ ချွတ်စွပ်ကို တူမှာ သေချာတယ်။ ဒါပေမဲ့ မေ့ရဲ့ ဆံပင်အရှည်ကြီးကို ဖြတ်ပစ်ရမှာ မေနှမြောတယ်ထင်တယ်..။ မိုးပေါက်ကျနေတုန်းမှာပဲ မိုးခြိမ်းသံတစ်ချက် ထွက်ပေါ်လာပြီး မိုးက ပြင်းထန်စွာ ရွာချလိုက်လေပါရော..၊ အဲ့ဒါမှ ဂွကျတာပဲ..၊ လူများနားခိုရာ တဲကလေးမှာလည်း မေနဲ့ ကျွန်တော်နဲ့ နှစ်ယောက်တည်း..၊ ပြီးတော့ ကျွန်တော့်ရဲ့ မုန့်ကလေးကလည်း အခုမှ ရောင်းစဆိုတော့..၊ ကျွန်တော့်မှာ ဒီည ထမင်းမှ စားရပါ့မလားလို့ တွေးနေမိတယ်..၊ မုန့်ဆိုကျပြန်တော့လည်း ကျွန်တော်က မစားချင်ပြန်ဘူးဗျ..၊ ကျွန်တော်ကလည်း မြန်မာလူမျိုးတစ်ဦးဆိုတော့ ညဆို ထမင်းစားရမှ တင်းတိမ်တယ်လို့ ထင်တဲ့ လူတစ်မျိုးဗျ..၊
”၀မ်းနိဖုန်တိုတ်(င်) ယို့နား”လို့ ကျွန်တော်က မေ့ကို ဒီည မိုးတော်တော်ရွာတာပဲလို့ ပြောလိုက်တယ်..၊ ကျွန်တော်က ထိုင်းစကား နဲနဲပါးတတ်တော့ ထိုင်းလိုပဲ ပြောရတာပေါ့။ ဒါပေမဲ့ မေ့ရဲ့ တုန့်ပြန်မှုကို စောင့်နေရင်း ကျွန်တော် တစ်ရေးတောင် အိပ်မိတော့မလို့..၊ အိပ်မှာပေါ့ မေက ထိုင်းစကားမှ မတတ်သာ။ ဘယ်လို့လို့ မေ့ရဲ့အသံကို ကြားရမှာလည်း။ ကျွန်တော်ကလည်း အလိုက်ကမ်းဆိုးမသိ ထိုင်းလို ပြောမိတော့ မေလည်း နဲနဲလန့်သွားတယ် ထင်ပါတယ်။ သူက မြန်မာ.. ၊ ကျွန်တော့်ကိုတော့ သူက ထိုင်းလူမျိုးတစ်ဦး ထင်နေတာကိုး..၊ မေက ကျွန်တော့်ကို ခေါင်းခါပြတယ်..၊ ပြီးတော့ ပါးစပ်ကလည်း ထိုင်းလူမျိုးနဲ့တွေ့ရင် ပြောဖို့ဆိုပြီး အထူးလေ့ကျင့်သင်ယူထားတဲ့ “မိုက်ရု” ဆိုတဲ့ မြန်မာအခေါ် ”မသိဘူး” ဆိုတဲ့ စကားတစ်လုံးကိုသာ ကျွန်တော့ကို ထပ်ခါထပ်ခါ ပြောနေတော့တယ်။ ကျွန်တော်ကလည်း သဘောပေါက်သွားတာပေါ့..၊ သူက မြန်မာအမျိုးသမီးဆိုတာ..၊ ကျွန်တော်လည်း မြန်မာအမျိုးသားပဲလေ...၊ မြန်မာအချင်းချင်းတွေ့ရင် မြန်မာစကားမပြောပဲ ကိုယ့်ကိုယ်ကို ထိုင်းလူမျိုး ယောင်ဆောင်ထားရင်။ ဗျိုင်းယောင်ဆောင်သော ဂျီးနဲ့ တူသွားမှာပေါ့..၊ ဟုတ်ဖူးလား...၊
”အော.. ဒီက ညီမက မြန်မာလား” လို့ ကျွန်တော်က ပြောလိုက်တယ်။
ဟော အခုမှ မေ့မျက်နှာပေါ်မှာ အပြုံးရိပ် သန်းသွားတာလေးကို ကျွန်တော်မြင်ရတော့တယ်။ ပြီးတော့ မေက ”ဟုတ်ပါတယ် အကို၊ ညီမက မြန်မာလူမျိုးပါ..၊ အကိုလည်း မြန်မာလူမျိုးပဲနော်” ဆိုပြီး အံ့သြောတဲ့ အသံနဲ့ ကျွန်တော့်ကို ပြန်ပြောတယ်..
”ဟုတ်ပါတယ် အကိုက မြန်မာလူမျိုးပါ၊ အခုလို မြန်မာလူမျိုးအချင်းချင်း တွေ့ဆုံရတာ အရမ်း ၀မ်းသာတယ်ဗျာ..၊“
“ဟုတ်ကဲ့ မေလည်း ၀မ်းသာပါတယ်၊ မေထင်တာ အကို့ကို ထိုင်းလူမျိုးများလားလို့၊ မေက လန့်နေတာ“
“အော.. နာမည်က မေတဲ့လား၊ ကိုယ့်နာမည်လည်း မှတ်ထားပါ..၊ မျိုးသက်နိုင်တဲ့..၊ ကြားသာပတေးသား” လို့ ကျွန်တော်ခတ် ခတ်ရွတ်ရွတ်နောက်လိုက်တယ်..၊
“ဟုတ်ကဲ့ ဒါနဲ့ ကိုမျိုး...အဲ ကိုမျိုး.“
“မျိုးသက်နိုင်ပါ..၊“
“နာမည်ရှည်လို့ မမှတ်မိဘူး..၊ ဟင်းဟင်း။ ဟုတ်ကဲ့ အကိုက ဘယ်မှာနေတာလဲ“
“အကိုက ဒီနေရာနဲ့ တော်တော်တော့ ဝေးတယ်..။ ညီမရဲ့.. အဲ ညီမရဲ့ နာမည်အရှည်က ဘယ်လိုတုန်း“။
“အော ညီမရဲ့ နာမည်က မေစံပယ်စိုးပါ..၊ မေ့ကို ကိုမျိုးသက်နိုင် မေလို့ ခေါ်နိုင်ပါတယ်..။
“ဒါဆိုဘယ်တရားမှာလဲ..“
“ဟင်းဘာဖြစ်လို့လဲ“
“အော ကိုက ညီမလေးကို မေလို့ ခေါ်ပြီး၊ ကိုယ့်ကို ကျတော့ နာမည်အပြည့်အစုံ ခေါ်တော့ မေမောမှာပေါ့..၊ ကိုယ့်ကိုလည်း ရင်းရင်းနှီးနှီး ကိုမျိုးလို့ ခေါ်နိုင်ပါတယ် မေ..၊“
“ဟုတ်ကဲ့ပါ ကိုမျိုး..၊ ဒါပေမဲ့ မေတို့နှစ်ယောက်က နောက်တွေ့ရတော့မှာမှ မဟုတ်တော့တာ..“
“ဟုတ်တော့ဟုတ်ပါတယ်..၊ ဒါပေမဲ့ ကံတရားဆိုတာ ဘယ်ပြောနိုင်မှာလဲ..၊ ဒါနဲ့ မေက ဘာအလုပ် လုပ်တာလဲ..၊ စပ်စုတယ် မထင်နဲ့နော်..၊ ကိုယ်ကတော့ မုန့်ရောင်းတယ်..၊ မြန်မာအခေါ် ကြက်ဥပလာတာပေါ့..၊“
“မေက စက်ရုံမှာ အ၀တ်ချူပ်တယ် ကိုမျိုးရဲ့..၊ ဒီနေ့မှ မေတစ်ယောက်တည်း ဆိုင်ကယ် လာစောင့်နေတာ..၊ မိုးက ရွာတော့ မသွားဖြစ်တော့ပါဘူး“
“အော.. ဟုတ်လား..၊ မေက ဘယ်သွားမလို့“
“မေဈေးသွားမလားလို့“
“အော..“
ကျွန်တော် စကားမဆုံးပေမဲ့ မိုးရွာတာကတော့ ဆုံးသွားပြီဗျ..၊ မိုးက ရွာချလိုက်ရင်လည်း ဟောဒိုင်း ရွာချလိုက်တယ်၊ တိတ်ပြီဆိုရင်လည်း တိကနဲ့ တိတ်လိုက်တယ်..၊ ထိုင်းနိုင်ငံမှာ ရွာတဲ့ မိုးက ဘာမိုးမှန်းကို မသိဘူးလို့ ကျွန်တော့်စိတ်ထဲကတော့ ရေရွတ်မိတယ်..၊ ပြတ်သွားတဲ့ စကားကို ကျွန်တော် ပြန်ဆက်ဖို့လုပ်တုန်း..၊
မေက “ကဲ မိုးလည်း တိတ်ပြီ ကိုမျိုးရေ..၊ မေသွားတော့မယ်နော်..“
“ခဏလေး မေ..၊ ကိုမုန့်တခု လုပ်ပေးလိုက်မယ်..၊ မေလမ်းမှာစားဖို့“
ကျွန်တော့်အကျင့်က အဲ့လိုပဲဗျ..၊ မြန်မာလူမျိုးတစ်ဦး ဘယ်သူမဆို မိတ်ဆက် စကားပြောဖြစ်ခဲ့ကြပြီဆိုရင် မုန့်တစ်ခုကတော့ အမြဲ အလကား လုပ်ပေးလေ့ရှိတယ်..၊ ရင်းရင်းနှီးနှီး ရှိတဲ့ လူပေါ့ဗျာ..၊ အဲ့ဒါကြောင့် ထင်တယ်..၊ ကျွန်တော် ထိုင်းနိုင်ငံရောက်လာတာ ၁၀ နှစ်လောက်ရှိပြီ..၊ ခုထက်ထိ ၁ ရက်လုပ်ရောင်းရတဲ့ ငွေက တစ်ရက် ထမင်းစားဖို့ပဲ ရှိတယ်..၊
“ကျေးဇူးအများကြီး တင်ပါတယ် ကိုမျိုးရယ်..၊ အားလည်းအားနာတယ်နော်“ မေပြောလိုက်တဲ့ စကားသံတွေက ကျွန်တော့်လို လမ်းတကာ၊ ရပ်ကွက်တကာ စက်ဘီးမဟုတ် ဘာမဟုတ် ထိုင်းနိုင်ငံလုပ် သုံးဘီးလှည်းလေးကို တွန်းပြီး မုန့်လိုက်ရောင်းရတဲ့ မုန့်ရောင်းသမားအတွက် မကြားစဖူး စကားသံပေါ့ဗျာ..။ ဘယ်ကောင်မလေးကမှ ကျွန်တော့်ကို ဒီလိုမပြောဖူးဘူးဗျ..၊ ဘုရားစူး မိုးကြိုးပစ်ပါရဲ့..၊ မေက ကျွန်တော့ရဲ့ ဘေးနားက ထွက်သွားစေကာမူ မေ့ရဲ့ စကားသံလေးက ကျွန်တော့်နှလုံးသားနုနုထွတ်ထွတ်လေးမှာ စွဲပြီး ကျန်ရစ်ခဲ့တယ်..၊ ခုထိပဲ..၊
ဒီလိုနဲ့ ကျွန်တော်လည်း တိတ်သွားတဲ့ မိုးကိုကြည့်ပြီး ကျေးဇူး ကြိတ်တင်မိတယ်..၊ အချစ်ဆိုတာ ရင်းနှီးခြင်းက စတင်ခြင်း ဖြစ်တယ်ဆိုတဲ့ စကားပုံကလည်း မှန်ပါ့ဗျာ..၊ ဒီလိုနဲ့ ကျွန်တော့်ရဲ့ နှလုံးသား လေးဟာလည်း မေဆိုတဲ့ ကောင်မလေးကို ချစ်မိသွားတယ်ဗျာ..၊
--------------------------------------------------------------------------------------------

ဒီဇင်ဘာလ ၁၅ ရက်နေ့
နံနက်စောစော နှင်းတွေက ကျနေဆဲ..၊ ဒါပေမဲ့ တွန်းလဲတစ်စီးနဲ့ လမ်းတကာ လိုက်ပြီး လျှောက်ရောင်းနေရတဲ့ ကျွန်တော့်လို မရှိလို့ လုပ်စားရတဲ့ ကြက်ဥပလာတာ လုပ်ရောင်းရတဲ့ ကောင်လိုကတော့ နှင်းကျတာကိုလည်း မမူနိုင်ပါ..၊ မိုးရွာတာကိုလည်း မမူ..၊ နေပူတာကိုလည်း လုံးဝမမူ။ ဥတုသုံးပါးစလုံး ကြိုးကြိုးပမ်းပမ်း လုပ်ပါမှ ထိုင်းနိုင်ငံရဲ့ တဖက်ကမ်းမှာရှိတဲ့ မွေးမိခင်နဲ့ ကျွေးဖခင်..၊ ချစ်ဆုံး ညီလေးတို့ကို တလတလ ငွေမှန်မှန်ပို့နိုင်မှာ မဟုတ်လား..၊ ကျွန်တော်လည်း တွန်းလဲလေးကို တွန်း..၊ “လုံးတီးခပ်..၊ လုံးတီးခပ်“ ထိုင်းလို ပါးစပ်က တစ်ကြော်ကြော်အော်..၊ မြန်မာလူမျိးတွေ နေထိုင်တဲ့ ရပ်ကွက်များ ရောက်ပြီဆိုရင် ကြက်ဥပလာတာ ယူအုံးမလားလို့.. တတွတ်တွတ် ရွတ်..၊ ဒီလိုနဲ့ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံး သွားပါလေရော..၊ ကျွန်တော်မေ့ကို မတွေ့တာလည်း တစ်ပါတ်လောက်ရှိပြီဗျ..၊ ဒီတစ်ခါမေနဲ့ တွေ့ရင် ဖုန်းနံပါတ်လေး တောင်းထားမှလို့ ကျွန်တော်စဉ်းစားထားတယ်..၊ ကျွန်တော့် စိတ်ထဲမှာ မေ့ကို မတွေ့တဲ့ တစ်ပါတ်အတွင်း မုန့်တွေ သိပ်မရောင်းကောင်းဘူးလို့ ထင်မိတယ်..၊ ဘယ်ရောင်းကောင်းမှာလည်း မေ့ကို လွမ်းတဲ့စိတ်နဲ့ မုန့်လုပ်နေတော့ ယောင်ယောင်ကန်းကန်းတွေ ဖြစ်ကုန်တာပေါ့..၊ အဆီအလျော်တွေ မတည့်ကုန်ဘူး..၊ နို့ဆီများသွားလိုက် သကြား များသွားလိုက်နဲ့၊ တခါတလေ တူးတောင် တူးသွားလိုက်သေးတယ်..၊ တူးသွားတဲ့ ဟာဆို အသစ်ပြန်လုပ်ရတယ်..၊ ဘာဖြစ်လို့ဘာဖြစ်မှန်းမသိဘူး..၊ ကိုယ်က စချစ်ရတာဆိုတော့ မေများ သိမလား မသိ..၊ ဒီက ချစ်ရတဲ့ သူကတော့ ရူးမတတ်ပဲ..၊ အမြဲတမ်း တွေးနေတာက မေ့အကြောင်းတွေပဲ..၊ မေများ ကျွန်တော့်ရဲ့ ရှေ့မှာ ဘွားကနဲ ပေါ်လာပြီး ချစ်တယ်လို့ အဖြေလာပေးသွားရင် သိပ်ကောင်းမှာပဲလို့ စိတ်ကူးတွေ ယဉ်လိုယဉ်..၊ သုံးဘီးကလေးကို မေနဲ့ ကျွန်တော်က နှစ်ယောက်အတူတူတွန်းရင်း မေက မြန်မာလို “ဟောဒီမှာ ကြက်ဥပလာတာနော်..၊“ ကျွန်တော်က ထိုင်းလို “အောက်(င်)လုံးတီးမိုင်းခပ်” လို့ ပြေားပြီး လိုက်ရောင်းချင်လိုက်တာလို့ တွေးလိုတွေး..၊ တွေးတာက အရေးမကြီးဘူး..၊ တွေးနေတုန်း ကျွန်တော့်ရဲ့ သုံးဘီးလှည်းကလေးက မောင်းသူမဲ့နေတဲ့ လှည်းအတိုင်း..၊ မြောင်းငယ်လေး တခုထဲကို ကျသွားပါလေရော..၊ အဲ့ဒီကျမှ ကျွန်တော့်ရဲ့ ဦးနှောက်ထဲမှာ မေပျောက်သွားတယ်..၊ မပျောက်လို့လဲ မရဘူး..၊ ကျွန်တော်ရောင်းရမဲ့ မုန့်တွေ ပြုတ်ကျခါနီးပြီ..၊ တော်သေးတာပေါ့.. မဖိတ်ကျသွားလို့၊ ဖိတ်များဖိတ်သွားရင်တော့လေ ဒီညတော့ ညစာငတ်ပြီ။ ဟိုက်ရှာပါး..၊ ညစာငတ်ခံနီး ကျွန်တော့နှလုံးသားရဲ့ သော့တစ်ချောင်းဖြစ်တဲ့ မေ့ကို သွားတွေ့ရတယ်..၊ မျက်စိက ဒါမျိုးဆိုလျှင်ပါ့..။ အော ချစ်ရတဲ့ သူကိုး၊ ဟိုက်.. မေ့ဘေးမှာ ယျောက်ကျားကြီးတစ်ယောက်ဗျ..၊ မေ့လက်ကို တွဲလို့..၊ မေက ကျွန်တော့်ဆီ တန်းတန်းကို လာနေပြီဗျ..၊ ဟိုက် ဒါမှ ခက်တာပဲ သူက မေ့ကို ဒီနေ့မှ ချစ်စကား ဆိုမလို့..၊ တဖြည်းဖြည်း နီးလာတဲ့ မေ့ကို သူပြုံးပြရုံမှ တပါး ဘာမှ မတတ်နိုင်တော့..၊
“ကိုမျိုး ဒီမှာမုန့်ထပ်လာရောင်းတာလား“
“ဟုတ်တယ် မေ၊ ဒါနဲ့မေက ဘယ်လဲ“
“အော.. မေဒီနားသွားမလို့..၊ အော မိတ်ဆက်ပေးရဦးမယ်..၊ ဒါက မေနဲ့ တချိန်ကျရင် လက်ထက်ရမဲ့ မေ့ရဲ့ မောင်ပါ..၊ မောင့်နာမည်က ကိုဇင်သက်ဦးတဲ့..၊ မောင် ဒါက မေ့ရဲ့ အကိုလို့လည်း ပြောလို့ရတယ်..၊ မေနဲ့ မကြာသေးခင်က မိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ အကိုပေါ့..“
အော.. မေ.. မေ.. မေကတော့ ၀မ်းတွေသာ ပီတိတွေဖြာလို့..၊ ကိုယ့်မှာတေ့ အပြင်ပန်းသာ မျက်နှာပြုံးရုံလေး မေ့ကို ပြုံးပြနေရတယ် ဆိုတာ မေသိမှသိပါ့မလား၊ ကိုယ့်ရဲ့ ရင်တွေ ဘယ်လောက်ပူလောင်နေတယ်ဆိုတာ..၊ မုန့်လုပ်ရင်း လောင်သွားတဲ့ မီးတောင် မမှီနိုင်ဘူး ထင်ပါတယ်။ အော.. နောက်ဆုံးတော့ ကိုယ့်ကိုကိုယ်ပဲ ဖြေသိမ့်ခဲ့ရပါတယ်.. မေ..၊ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်က တဖက်သတ် ချစ်ခဲ့ရသူမို့လေ..၊

ပြီးပါပြီ
ရှမ်းကလေး

Saturday, June 7, 2008

ကယ်တင်ရှင်

လေက တဟူးဟူး တိုက်ခတ်နေသည်
မိုးကလည်း တဒုန်းဒုန်းနှင့် ကြမ်းတမ်းစွာ ခြိမ်းခြောက်နေသည့်အလား.။
မိုးစက်လေးများကား လေထဲတွင် တ၀ူဝူ လွင့်မျောနေသည်...။
ပတ်ဝန်းကျင်တခုလုံး ဗြုန်းဆန်အောင် ဆူညံနေပါသည်။ ထိုကြားထဲတွင် ဓါးအချင်းချင်း ထိခိုက်သော အသံများက နားခါးစဖွယ် ကြားနေရပေသည်။ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တိုက်ခိုက်နေသည် ဆိုသည်မှာတော့ သေချာနေပြီ။ သိုင်းလောကတွင် ဓါးအချင်းချင်း ထိရသော အသံကို ကြားရခြင်းမှာ မထူးဆန်းပေ။ အခုလည်း ဘယ်က အနက်ရောင်သိုင်းသမားနဲ့ အဖြူရောင် သိုင်းလောကက သူရဲကောင်းသို့ အငြိုးကြီးစွာ တိုက်ခိုက်နေသည်ကိုတော့ မသိ။ ဓါးအချင်းချင်း ထိခိုက်သံများကတော့ ကြောက်မခန်းခန်းလိလိပင် ဖြစ်ပါတော့သည်။

”မိန်းကလေးမို့ ငါညာနေတာနော် နှင်းပွင့်သခင်မ”

”အောင်းမယ် လာကလာသေးတယ်..၊ အခုမှ သိုင်းလောကမှာ နာမည်ရလာတဲ့ ငနဲသားလေးရယ်..၊ နင့်ကများ ငါ့ကို နိုင်အောင် တိုက်နိုင်တယ်လို့ ထင်ထားလို့လား”..

တိုက်လည်းတိုက် ပြောလည်းပြောနေကြတော့ သူတို့ရဲ့ အသံကို နားထောင်ကြည့်ခြင်းအားဖြင့် ယောက်ကျားလေးနှင့် မိန်းကလေးတို့ တိုက်ခိုက်နေကြသည်ကို သိနိုင်ပေသည်။ ယောက်ကျားလေးက မိန်းကလေး တစ်ဦးကို တိုက်ခိုက်နေသည်မှာကတော့ သဘာဝ မကျပေ။ သို့သော်...
ထိုသူများမှန် အခြားသူများ မဟုတ်။ မိန်းကလေးဖြစ်သူကား သိုင်းလောကတွင် အလွန်ကျော်ကြားရက်စက်သော နှင်းပွင့်သခင်မပင် ဖြစ်ပေသည်။ နှင်းပွင့်သခင်မဟူသော မိန်းမပျိုကား သိုင်းလောကတွင် ရက်စက်ခြင်းများစွာနဲ့ နာမည်ကြီးလှသော မိန်းကလေး သိုင်းသမား တစ်ဦးပင်ဖြစ်ပါသည်။ သူမသည် အဖြူရောင် သိုင်းလောက၏ ရန်သူတော် ဖြစ်သော်လည်းပဲ အနက်ရောင် သိုင်းလောကသားတို့ အတွက်ကား အရှင်သခင်ဖြစ်သည်။ သူမ၏ နှင်းစက်မုန်တိုင်း သိုင်းကွက်မှာ အထူးထင်ရှားပေသည်။ သူမသည် ရုပ်ချောသလောက် ရက်စက်လွန်းလှသည့် မိန်းမပျိုတစ်ဦးပင်ဖြစ်ပါသည်။ နှင်းပွင့်သခင်မနှင့် တိုက်ခိုင်နေသော လူကား အခြားသူမဟုတ်။ သိုင်းလောကတွင် နာမည်အတန်အသင့် ရထားသော မုန်တိုင်းဓါးသခင်ပင်ဖြစ်ပါသည်။ မုန်တိုင်းဓါးသခင် ရှောက်ရိသည် သူကျွမ်းကျင်လှသော ဓါးသိုင်းပညာနှင့် နှင်းပွင့်သခင်အား တိုက်ခိုက်နေသည်။ အနက်ရောင် သိုင်းသမား နှင်းပွင့်သခင်မမှာကား လက်နက်ပစ္စည်း တခုမှပင် မထုတ်သေးပေ။ သို့သော် မုန်တိုင်းဓါးသခင်မှာတော့ နှင်းပွင့်သခင်မအား အလူးအလဲ တိုက်ခိုက်နေရသည်။

“ရှင်ကျမရဲ့ နောက်ဆုံး နှင်းပွင့်ခြွေသိုင်းကွက်ကို ရှင်နိုင်မှာ မဟုတ်ပါဘူး”
“မင်းကိုကြောက်နေရင် ဒီနေရာတောင် အရောက်မလာဘူးကွ”
“စကားမများနဲ့ ရော့ ကျမရဲ့ နှင်းပွင့်ခြွေသိုင်းကွက် မြည်းစမ်းလိုက်ဦး“ နှင်းပွင်သခင်မက ပြောပြီးပြီးချင်း သူ့ရဲ့ အလွန်လျှင်မြန်ပြီး လှပသေးသွယ်တဲ့ လက်ချောင်းကလေးတွေကို အသုံးပြုကာ သိုင်းကွက်တကွက်ကို အသုံးပြုကာ မုန်တိုင်းဓါးသခင်ကို တရကြမ်း ၀င်ရောက်တိုက်ခိုက်ပါတော့တယ်။ မုန်တိုင်းဓါးသခင်ကလည်း နာမည်ကြီးလှတဲ့ နှင်းပွင်ခြွေသိုင်းကွက်ကို မယှဉ်နိုင်မှန်းသိပေမဲ့လည်း နောက်ဆုတ်ရန် မဖြစ်နိုင်တော့။ ထို့ကြောင့် မုန်တိုင်းဓါးသခင်က ၎င်း၏ဓါးနှင့် နှင်းပွင့်သခင်မထံသို့ ပြန်လည် ၀င်ရောက်တိုက်ခိုက်ပေသည်။ သို့သော် မုန်တိုင်းဓါးသခင်မှာ နှင်းပွင့်သခင်မ၏ နှင်းပွင်ခြွေသိုင်းကွက်ကို မယှဉ်နိုင်။ နှင်းပွင့်သခင်မကား မုန်တိုင်းဓါးသခင်၏ နှလုံးသားတည့်တည့်သို့ လက်ငြိုးနှစ်ချောင်းထောက်ကာ ပညာပြလိုက်လေသတည်း။ ပြီးနောက် အနက်ရောက်သိုင်းသမားတို့၏ ထုံးစံအတိုင်း မိမိတို့၏ ပြိုင်ဖက်ကို အနိုင်ရရှိပြီဆိုလျှင် ရက်ရက်စက်စက် ပြုမူတတ်သော အပြုအမူ တစ်ခုကား အဆိပ်လက်နက်ကို သုံးခြင်းပင်ဖြစ်ပါတော့သည်။ ထို့ကြောင့် နှင်းပွင့်သခင်မသည်လည်း သူမ၏ ကြောက်မက်ဖွယ်ရာ နှင်းခဲအဆိပ်နှင့် မုန်တိုင်းဓါးသခင်အား လျှင်မြန်ဖြတ်လတ်စွာ ပစ်လိုက်ပေတော့သည်။ မုန်တိုင်းဓါးသခင်မှာကား ၎င်းထံသို့ ၀င်ရောက်လာသော နှင်းခဲအဆိပ်ကြီးကို တွေ့နေပါသော်လည်း ရှောင်ရှားနိုင်ဖို့ကား မဖြစ်နိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူကိုယ်တိုင်မှာလည်း နှင်းပွင့်ခြွေသိုင်းကွက်၏ ပထမဆုံး သိုင်းကွက်တကွက်က သူ၏ အတွင်းအား မြောက်ပေါင်းများစွာကို စုတ်ယူသွားပေပြီ မဟုတ်ပါလား။ ထို့ကြောင့် ၀င်လာသော နှင်းခဲအဆိပ်ကြီးကို ငုံ့ခံနေရုံမျှတစ်ပါး အခြားမရှိတော့ပေ။

ဝှီ..၀ှီ ၀ှီ
လျှင်မြန်လှသော အဆိပ်ကြီးကား မုန်တိုင်းဓါးသခင်၏ အသည်းတစ်ခြမ်းပေါ်သို့ အရောက်တွင် အဖြူရောင်ဝတ်ဆင်ထားသော လူတစ်ဦးကား ၀င်ရောက်လာကာ မုန်တိုင်းဓါးသခင်အား ပွေ့ချီပြီး နှင်းခဲအဆိပ်အား ရှောင်ရှားလိုက်လေသည်။
ထိုအခါ နှင်းပွင့်သခင်မက ဒေါသထွက်ကာ
“နင်က သေချင်လို့လား.. နင်ဘာကြောင့် ဒီလူကို ကယ်ဆယ်ရတာလဲ..၊ နင်ဘယ်သူလဲ“
သို့သော် ထိုသူမှာ ဘာမျှမပြော။ ထို့ကြောင့် နှင်းပွင့်သခင်မ ဒေါသပိုထွက်ရသည်။ နှင်းပွင့်သခင်မက ဒေါသ အလုံးလုံးထွက်နေသောကြောင့် သူမ၏ အပြင်းထန်ဆုံး နှင်းခဲအဆိတ်ကို အဖြူရောင်ဝတ်စုံဝတ်ထားသော လူရှိရာသို့ ပစ်ပေါက်လိုက်သည်။ သို့သော် ထိုလူကိုမထိ။ သစ်ပင်ကိုသာ ထိသည်။ ထိမိသော သစ်ပင်ကြီးမှာလည်း အစိတ်စိတ်အမွာမွာ ဖြစ်ကုန်ရသည်။ လူကို ထိမပါက အစအနပင် ရှာတွေ့နိုင်မည် မထင်။ နှင်းပွင့်သခင်မမှာ ထိတ်လန့်ရသည်။ သိုင်းလောကတွင် သူမ၏ နှင်းခဲအဆိပ်ကို ရှောင်ရှားနိုင်သူမရှိ။ သို့သော် ထိုသူမှာကား....

“ရှင်ဘယ်သူလဲ“
“ငါက ကယ်တင်ရှင်လေ“
“ဟားဟားဟား ရှင်က ကယ်တင်ရှင်ဆိုတော့ ကျွန်မရဲ့ ရန်သူပေါ့“
“သိပ်ကို မှန်တာပေါ့၊ မင်းလို အသိဥာဏ်မဲ့တဲ့ မိန်းကလေးမျိုးကို ဆုံးမဖို့ ဘုရားက ငါ့ကို မွေးထုတ်ပေးခဲ့တာပေါ့“
“လာကလာသေးတယ်.. ကဲရှင်ကပဲ ကျွန်မကို ဆုံးမမလား၊ ကျွန်မကပဲ ရှင့်ကို သေမင်းဆီ ပို့မလားဆိုတာ စမ်းကြည့်တာပေါ့“
“ငါလာတာက သေရွာသွားဖို့လည်း မဟုတ်ဘူး၊ ဘယ်သူ့ကိုမှလည်း ငါသေရွာမပို့ဘူး၊ ငါလာတာဟာ မင်းကို ဆုံးမဖို့ သက်သက်ပဲ၊ သေတဲ့အထိတော့ မင်းကို ငါမသတ်ချင်ပါဘူး“
“ကဲ စကားမများနဲ့ ရော့ ကျွန်မရဲ့ နှင်းပွင့်ခြွေသိုင်းကို ခံစားကြည့်လိုက်ဦး“

နှင်းပွင့်သခင်မသည် ၎င်း၏ လျှင်မြန်လှသော နှင်းပွင့်ခြွေသိုင်းနှင့် အဖြူရောင်ဝတ်စုံကို ၀တ်ဆင်ထားသော လူရှိရာသို့ ၀င်ရောက်ကာ တရကြမ်း တိုက်ခိုက်ပေတော့သည်။ သို့သော် နှင်းပွင့်သခင်မ၏ သိုင်းကွက်များမှာကား ဘာမျှအရာ မရောက်တော့ပေ။ ထိုအဖြူရောင် ၀တ်ဆင်ထားသော လူ၏ ပြန်လည်တိုက်ခိုက်ခြင်းကိုပင် နှင်းပွင့်သခင်မခင်မျာ ရှောင်ရှားနေရသည်။
“ကယ်တင်ရှင် နေမင်းစကြာ“ဟု နှင်းပွင့်သခင်မ၏ ပါးစပ်မှ ရုတ်တရက် ထွက်လာသည်။ မှန်ပေသည်။ ယခု နှင်းပွင့်သခင်မနှင့် တိုက်ခိုက်နေသူမှာ အနက်ရောက်သိုင်းသမားများကို ချေမှုန်းနေသော ကယ်တင်ရှင် နေမင်းစကြာပင် ဖြစ်ပါတော့သည်။ ကယ်တင်ရှင် နေမင်းစကြာသည် သိုင်းလောကတွင် ပျောက်နေသည်မှာ ကြာနေပြီဖြစ်သည်။ လူတွေက သူ့ကို သေသွားပြီဟု ထင်နေကြသည်။ ထို့ကြောင့် နှင်းပွင့်သခင်သည်လည်း သိုင်းလောကတွင် အနိုင်ကျင့်ချင်တိုင်း ကျင့်နေသည်။ နှင်းပွင့်သခင်မသည် နေမင်းစကြာကိုတော့ မယှဉ်နိုင်မှန်းသိသည်။ နေမင်းစကြာ ပျောက်ကွယ်သွားမှပင် နှင်းပွင့်သခင်မက သိုင်းလောကကို ခြယ်လှယ်ဖို့ ကြိုးစားလာသည်။ ကြိုးစားခဲ့သည်မှာလည်း ၇ နှစ်မျှပင်ရှိလေပြီ။ သို့သော် ယခုမူကား သူမခြယ်လှယ်ချင်တိုင်း ခြယ်လှယ်၍ မရနိုင်တော့မှန်း သိပေပြီ။ နေမင်းစကြာကလည်း သူမ၏ နှင်းပွင့်ခြွေသိုင်းကွက်ကို ချေမှုန်းခဲ့လေပြီ။ သူမ၏ လက်မှာလည်း လှုပ်ရှား၍ မရတော့။ ထိုချိန်မှပင် နှင်းပွင့်သခင်မမှာ နောင်မှရသည့် နောင်တကို အသွင်သွင်ရလေတော့သည်။ ကယ်တင်ရှင် နေမင်းစကြာမှာလည်း မုန်တိုင်းဓါးသခင်နှင့် သိုင်းလောကကြီး တခုလုံးကို ကယ်တင်ရုံမကသေးပဲ နောင်တရပြီး ပူဆွေးဝမ်းနည်းနေသော အင်မတန်ချော၊ အင်မတန်လှသည့် နှင်းပွင့်သခင်မကိုပင် ကယ်တင်ကာ ထာဝရ ချစ်သူအဖြစ်သို့ သတ်မှတ်ခဲ့လေတော့သည်။

ပြီးပါပြီ
ရှမ်းကလေး

Saturday, May 3, 2008

“အဝေးဆုံးသို့ ထွက်မသွားနိုင်ပါ” (ဇာတ်သိမ်းပိုင်း)

ရက်တွေလတွေ ပြောင်းလဲသွားကုန်သည်..၊ အိမ်မက်ဖြစ်ချင်သော သတင်းထောက်ကြီးလဲ ဖြစ်ချေပြီ။ ယခုလက်ရှိ အိမ်မက် နေထိုင်သည့် နေရာမှာလည်း ထိုင်းနိုင်ငံ မြန်မာနိုင်ငံသားများ အများစု နေထိုင်ရာ မယ်ဆောက်မြို့ ကလေး မြို့တစ်မြို့၏ ရပ်ကွက် တစ်ခုတွင် ဖြစ်သည်။ ရက်တွေ လတွေ ပြောင်းလဲသွားသလို အိမ်မက်ရဲ့ ဘ၀ကိုလည်း လောကဓံကြီးက ဗြောင်းဆံအောင် ပြောင်းလဲပစ်လိုက်သည်။ လောကဓံကြီးရဲ့ နှိပ်စက်မှုကြောင့်လား၊ ဘ၀ပေးကံ မကောင်းခြင်းကြောင့်လားမသိ အိမ်မက်ဆိုသည့် ကောင်မလေးတစ်ယောက်၏ အချစ်ရဆုံး မွေးမိခင် မေမေလည်း ဘ၀တစ်ပါးသို့ ကူးသွားရှာလေသည်။

အိမ်မက်ရဲ့ မွေးမိခင် ဆုံးပါးသွားခြင်းသည့် အချိန်နှင့် တပြိုင်နက် အိမ်မက်မှာလည်း ဒုက္ခသည်တွင် ကျောင်းပညာ သင်ယူရာတွင် မြန်မာနိုင်ငံတွင် တက္ကသိုလ်ဟုခေါ်သော ဒုက္ခသည်တွင် အမြင့်ဆုံး ကျောင်းကိုလည်း သူမ အောင်မြင်စွာ ပြီးဆုံးသွားခြင်းဖြစ်သည်။ တိုက်ဆိုင်မှု တစ်ခုလားတော့မသိ သူမ စာမေးပွဲ ဖြေသည့်နေ့တွင်ပင် မိခင်ဖြစ်သူ အသည်းအသန်ဖြစ်ကာ ဒုက္ခသည်ရှိ ဆေးခန်းကလေးတွင် ဆေးကုသမှု ခံယူလိုက်ရသည်။ ထိုနေ့သည် အိမ်မက်ရဲ့ အပျော်ဆုံးနေ့ဖြစ်သလို အိမ်မက်အတွက် အထီးကျန် ဖြစ်သွားအောင် ပြုလုပ်လိုက်သော နေ့တစ်နေ့လဲ ဖြစ်နိုင်ပေသည်။ အကြောင်းမူကား မိခင်ဖြစ်သူမှာ ထိုနေ့တွင်ပင် ဒုက္ခသည် ဆေးရုံကလေး၌ ဆုံးပါးသွားခြင်းကြောင့် ဖြစ်သည်။ နောက်ဆုံး အိမ်မက်ရဲ့ မွေးမိခင် ပြောဆိုသွားတဲ့ စကားတစ်ခွန်းကို အိမ်မက် ဘယ်တော့မှ မမေ့နိုင်ပါ။ မိမိ မိခင်က အားအင်များ ကုန်ခမ်းနေသော်လည်း ထိုစကား တစ်ခွန်းကို အားယူကာ ပြောဖြစ်အောင် ပြောဆိုသွားခဲ့သည်။ ထိုစကားတစ်ခွန်းသည် အိမ်မက်အတွက် အဓိကရည်ရွယ်ချက် ဖြစ်သလို၊ မိခင်ရဲ့ အလိုဆန္ဒ တစ်ခုလည်း ဖြစ်သောကြောင့် အိမ်မက်အနေနှင့် ကြိုးစားလုပ်ကိုင်သင့်သည်ဟု မိမိကိုယ်ကို စိတ်ထဲတွင် မှတ်ယူထားသည်။ အိမ်မက်ရဲ့ ဘ၀ ပြောင်းလဲခြင်းမှာ မယုံကြည်နိုင်အောင် ပြောင်းလဲသွားလေသည်။ အဘယ်ကြောင့်ဆိုသော အိမ်မက်ဆိုတဲ့ နာမည်လှလှလေး ပိုင်ဆိုင်ယုံတင် သာမက၊ ရုပ်ကလေးပါ လှတဲ့ အိမ်မက်ဆိုတဲ့ သတင်းထောက်မလေးကို ဒုက္ခသည် စခန်းတွင် ပညာအတူတူ သင်ယူခဲ့သော နော်ထူးဆိုတဲ့ ကောင်လေးတစ်ယောက်က ချစ်စကားဆိုပြီးလို့ အိမ်မက်တို့ နှစ်ယောက်သား ချစ်သူရည်းစား ဘ၀သို့ အလိုလို ရောက်ခဲ့လေပြီ။ သို့သော် အိမ်မက်တစ်ယောက် ချစ်ကံခေ ခဲ့ရှာပါတယ်။ အဘယ်ကြောင့်ဆိုသော် အိမ်မက်၏ ချစ်သူလဲဖြစ်၊ အိမ်မက်ကိုယ်တိုင်က အိမ်ထောင်ဖက်အဖြစ် တစ်ထစ်ချ သတ်မှတ်ထားသည့် မောင်နော်ထူးသည် သူ၏မိသားစုနှင့်တကွ တတိယ နိုင်ငံသို့ ထွက်ခွာရပါတော့မည်။ တစ်ကောင်ကြွက် တစ်မျက်နှာ မည်သူတစ်ဦးတစ်ယောက်ကမျှ သူမတွင် အားကိုးပိုင်ခွင့် မရှိအောင် လောကဓံကြီးက ပစ်ပစ်ခါခါ ရက်စက်သွားလေပြီ။ နိုင်ငံခြားသို့ ထွက်သွားသော ချစ်ရသူ မောင်နော်ထူးနောက်ကို အိမ်မက်တစ်ယောက် လိုက်သွားနိုင်ပါသော်လည်း…..!!!! သို့သော် အိမ်မက်ဟူသော နာမည်လှလှလေး ပိုင်ဆိုင်ထားသူ မိန်းမပျိုတစ်ယောက်တွင် ကြီးမားသော ရည်ရွယ်ချက် အိမ်မက်ကြီးကို အကောင်ထည်ဖော်ရန် သာမက ဘ၀တစ်ပါးသို့ မကူးပြောင်းခင် သူမ၏မိခင်က အားယူကာ ပြောဆိုထားတဲ့ စကားတစ်ခွန်းကလည်း သူမ၏ ဦးနှောက်အတွေးထဲတွင် မှတ်မှတ်ရရ ရှိနေပါသေးသည်။ အိမ်မက်ဟူသော် မိန်းမပျိုလေး ကြီးမားသော ရည်ရွယ်တစ်ရပ်ကား မိမိနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် မနေရစေကာမူ မိမိနိုင်ငံ၏ ဖြစ်ပျက်နေသော သတင်းအစုံအလင်ကို ယူနိုင်ရန်အလို့ငှာ မိမိတို့ တိုင်းပြည်နိုင်ငံနှင့် နယ်နမိတ်ခြင်း နီးစပ်သော ဤထိုင်းနိုင်ငံကြီးတွင် မနေထိုင်ပဲ အလွန်တရာမှ ဝေးလံလှသော် နေရာကြီးကို အိမ်မက်တစ်ယောက် မည်သို့မျှ မထွက်သွားနိုင်ပေ။ ထို့ကြောင့် အိမ်မက်သည် မိမိနေထိုင် အသက်ရှင်နေနိုင်သော ဤထိုင်းနိုင်ငံကြီးမှ အပ မည်သို့သော နိုင်ငံများကိုမှ ထွက်မသွားနိုင်ပါဟု မိမိကိုယ်မိမိ ဆုံးဖြတ်ထားပေသည်။ ဘ၀တစ်ပါးသို့ မကူးပြောင်းခင် မိခင်တစ်ယောက် အားတင်းကာ ပြောဆိုသွားသော် စကားတစ်ခွန်းမှာလည်း………….၊

ပြီးပါပြီ

ရှမ်းကလေး

Wednesday, April 30, 2008

အဝေးဆုံးကို ထွက်မသွားနိုင်ပါ (၂)

ကျောင်းစာသင်ခန်းသည် ဒုက္ခသည်ဟူသော မိမိသို့ မြန်မာနိုင်ငံမှ လာရောက်ကာ ၀င်ရောက်ခိုလှုံင အစိုးရမဟုတ်သော အဖွဲ့အစည်း အသီးသီးက ထောက်ပံ့သော ကျောင်းတစ်ကျောင်း ဖြစ်ပါင အုပ်အင်္ဂတေများဖြင့် တည်ဆောက်ထားနိုင်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် ဆင်းရဲသားများတင် သာမက ငွေကြေးအနည်းအကျဉ်းမျှ ရှိသော ပြည်သူလူထုများ နေထိုင်သော ပြည်နယ်များရှိ အိမ်ခြေများကဲ့သို့ ထရံကာ ဓနိမိုး စသည်ဖြင့်သာ ကျောင်းဆောင်ကြီးအား တည်ဆောက်ထားသည်ကို သူမတွေ့ရှိ လိုက်ရသည်။ ကျောင်းသားများ ပညာသင်ယူရာ ကျောင်းဆောင်ကြီးမှာလည်း တစ်ဆောင်သာ ရှိပြီး ထိုကျောင်းဆောင်ကြီးကို အမှီပြုင ကျောင်းခန်းလေးများ ဖွဲ့စည်းထားသည်ကို သူမတွေ့ရှိရ ပြန်သည်။ ကျောင်းဆောင်ကြီး၏ ပတ်ဝန်းကျင် အနီးအနားတွင်လည်း ကျောင်းသို့၏ ၀ိနည်းနှင့်အညီ စိမ်းစိုလန်းဆန်းသော ပန်းပင်များ၊ အထူးသဖြင့် ရွက်လှပန်းပင်များ အရိပ်ကောင်းသော သစ်ပင်ကြီးများမှာ မြန်မာနိုင်ငံ တောရွာများတွင် တည်ဆောင်ထားသော ကျောင်းများသဖွယ် ယခုဒုက္ခသည် စခန်းရှိ ကျောင်းလေးမှာလည်း သာယာလှပ သေသပ်စွာ တည်ဆောက်ထားကြောင်း သူမတွေ့ရှိလိုက်ရသည်။ သူမနှင့် ခင်ဆီတို့ နှစ်ယောက် ကျောင်းပတ်ဝန်းကျင်ကို တချက်ပတ်ကြည့်လိုက်ပြီး သည်နှင့် ခင်ဆီက “ဟေ့ အိမ်မက် ကျောင်းခန်းထဲ ၀င်ကြရအောင်လေ ကျောင်းလဲတက်တော့မှာပဲ"

"အေးဟုတ်တယ် ကျောင်းခန်းထဲက သူငယ်ချင်းတွေနဲ့ သွားမိတ်ဆက်ရတာပေါ့"

သူငယ်ချင်းဆိုလို့ သူမတွင် များများစားစားမရှိ။ ယခုတွင်လည်း သူငယ်ချင်းဆိုလို့ ခင်ဆီတစ်ယောက်သာ သူ့မှာရှိသည်။ သူ့အတွက် သူငယ်ချင်း များများစား မရှိသည်မှာလည်း သိပ်ပြီးတော့ မထူးဆန်းပါ။ ပထမ တစ်ချက်က သူဒီကို ရောက်သည်မှာလည်း သိပ်ပြီးတော့ မကြာသေးဘူး..၊ နောက် ဒုတိယတစ်ချက်က သူအိမ်မှာပဲနေပြီး အပြင်ထွက်လေ့ သိပ်မရှိ။ နောက်တတိယ အချက်က သူနေထိုင်တဲ့ ရပ်ကွက်မှာလည်း သူ့အရွယ်လောက်ရှိ မိန်းကလေးများပင် သာမက ယောက်ကျားလေးများပါ မရှိခြင်းဖြစ်သည်။ ခင်ဆီတစ်ယောက်မှာပင် သူမတို့၏ အိမ်နှင့် နီးလို့သာပေါ့။ သို့မဟုတ်ရင် သူမမှာ မွေးမိခင်နှင့် အိမ်နီးချင်း ဦးလေး ဒေါ်ဒေါ်သာ ခင်တွယ်စရာ ရှိမည်ဖြစ်သည်။ ပြီးတော့ သူမကိုယ်တိုင်ကလည်း စကားပြောလေ့ သိပ်မရှိ။ သူမရဲ့ ဦးနှောက်က အတွေးနက်တွေထဲကို ရောက်သွားပြီ ဆိုလျှင် ဘာကိုမှ စိတ်မ၀င်စား တာကြောင့်လဲ ဖြစ်နိုင်သည်။ ခင်ဆီကတောင် သူနဲ့တွေ့လျှင် ခဏခဏ ပြောဆိုလေ့ရှိသော စကားစု တစ်ခုကို အမြဲပြောလေ့ ရှိသည်။ အဲ့ဒါကတော့
"အိမ်မက် နင်ကလည်း ငါနဲ့ တွေ့ရင် စကားဘယ်တော့မှ စမပြောဘူး..၊ နင့်ကိုသာ ယောက်ကျားတစ်ယောက်က ချစ်ခဲ့မယ် ဆိုရင်တောင်မှ နင့်ရည်စားက စကားပြောကျင့်မှ ရမယ်တဲ့၊ အဲ့ဒါမှာ နင်နဲ့ စကားပြောလို့ ရမှာ" တဲ့။

သူမနှင့် ခင်ဆီသို့ နှစ်ယောက် ကျောင်းစာသင်ခန်း ထဲသို့ ၀င်လာခဲ့သည်။ ကျောင်းခန်းတွင်းသို့ ၀င်လိုက်သည်နှင့် အဖြူရောင် ကျောင်းဝတ်စုံလေးများကို ၀တ်ဆင်ပြီး ယောက်ကျားလေးများက ပုဆိုးရောင် အစိမ်းလေးများကို ၀တ်ဆင်ကာ၊ မိန်းကလေးများမှာလည်း အစိမ်းရောင် ထမိန်များကို ၀တ်ဆင်ခဲ့ကြသည်မှာ မြန်မာနိုင်ငံ တွင်းက ကျောင်းလေးတွင်းရှိ ကျောင်းသားကျောင်းသား များနှင့် မထူးခြားပါ။ မည်သို့ပင်ဖြစ်စေ သူမနှင့် ကျောင်းတစ်ကျောင်းတင် သာမက ဒုက္ခသည် စခန်းထဲမှ လူအများစုမှာလည်း ဗာမာနိုင်ငံသားများဖြစ်၍ မြန်မာလူမျိုး တိုင်းရင်းသားများပင် ဖြစ်ကြသည် မဟုတ်ပါလား။ ကျောင်းကြီးရှိ စာသင်ခန်းကလေးထဲတွင် ကျောင်းသူကျောင်းသားများ အသုံးပြုရန်အတွက် တာဝန်ရှိသူ အသီးသီးက ဆောင်ရွက်ပေးထားခြင်းကြောင့် ခုံစောင်းကလေးများမှာ အစီအရီပင် ရှိနေပါတော့သည်။ ပြီးတော့ ကျောက်သင်ပုန်း အကြီးကလည်း ကျောင်းသူကျောင်းသားများ၏ အမြင်ရှင်းလင်းအောင် ချိတ်ဆွဲထားသည်မှာလည်း အရှင်းသားပင် မြင်နေရသည်။ ဆရာ၊ ဆရာမများ ထိုင်ဖို့ စားပွဲခုံနှင့် ထိုင်ခုံလေးမှာလည်း သေသပ်စွာ ချထားခြင်းကြောင့် သူမတို့၏ ဒုက္ခသည်ကျောင်းကလေးမှာ စာသင်ကျောင်း တစ်ကျောင်းတွင် ရှိသင့်သည့် အဂါင်္ရပ်နှင့် ပြည့်စုံနေပါတော့သည်။ ဒုက္ခသည်ကျောင်းကလေးသည် မြန်မာနိုင်ငံ မြို့ကြီးများရှိ အထက်တန်းကျောင်းများ အလား ပြီးပြည့်စုံနေသည်မှာ သူမအတွက်တင် သာမက ကျောင်းတစ်ကျောင်းလုံးရှိ ကျောင်းသူကျောင်းသား များအတွက်ပါ ၀မ်းမြောက်စရာပင် ဖြစ်ပါတော့သည်။

"ဆရာမလာပြီ..၊ မင်္ဂလာပါ ဆရာမ"
" မင်္ဂလာပါ သားတို့ သမီးတို့ရေ"
ဆရာမ ဟူ၍ သူမ ရုတ်တရက် ကြောင်သွားသည်။ အဘယ်ကြောင့်ဆိုသော သူမမြင်သော ဆရာမလေးမှာ အသက်အားဖြင့်ကြည့်လျှင် သူမထက် ၃ နှစ် ၄ နှစ် ခန့် ကြီးပေလိမ့်မည်။ ဆရာမလေးဟုပင် သူမမထင်ပါ။ သူမထင်ထားသည်မှာ သူနှင့်ရွယ်သူ ကျောင်းသူလေးဟုပင် ထင်မိပါသည်။ သူများတော့ မသိပါ။
စစတွေ့ခြင်းပင် သူမကိုယ်တိုင် ဆရာမလေးကို အထင်သေးမိသည်။

"ဆရာမက အရမ်းချော တာပဲနော်..၊ ပြီးတော့လည်း ငယ်ငယ်လေးနော်..၊ ချစ်စရာလေးဟယ်" ဟု ခင်ဆီက တိုးတိုးလေး ပြောလိုက်သည်။

"ကဲ သားတို့သမီးတို့ရေ ဆရာမက နာမည်က မေနော်ထူးလို့ ခေါ်ပါတယ်..၊ အသက်ကတော့ ၂၂ ပဲရှိပါသေးတယ်..၊ ဒီဒုက္ခသည် စခန်းကို ရောက်လာတာကတော့ သားတို့သမီးတို့ထက်တော့ ဦးရင်ရောက်လာတယ်လို့လည်း ပြောနိုင်တယ်ပေါ့ကွယ်..၊ သားတို့ သမီးတို့ရေ၊ ဆရာမက သားတို့သမီးတို့လို့ ခေါ်ရတာဟာ ဆရာမနဲ့ တပည့်တို့ရဲ့ တာဝန်ဝတ်တရား အရပါကွယ်..၊ တကယ်တော့ ဆရာမဟာ သားတို့သမီးတို့နဲ့ အသက်သိပ်တော့ မကွာပါဘူးကွယ်..၊ ဆရာမနဲ့ သားတို့သမီးတို့နဲ့ ဒီနေရာမျိုးမှာ တွေ့ဆုံရတာဟာ ရေစက်တခုလို့ ပြောလို့ရသလို..၊ ရှေးဘ၀က ကုသိုလ်ကံအကြောင်း မလှခဲ့လို့လဲ ဖြစ်နိုင်တာပေါ့ကွယ်..၊ တကယ်တော့ ဆရာမနဲ့ သားနဲ့သမီးတို့ဟာ ဘ၀တူတွေပါပဲကွယ်..၊ ဘ၀တူတွေဆိုတာ အချင်းချင်း ရိုင်းပင်းကူညီ ကြရတယ် သားတို့သမီးတို့ရဲ့..၊ သားတို့သမီးတို့ တတွေဟာလည်း ကိုယ့်ခံစားချက်နဲ့ကိုယ် ရှိကြတယ်ဆိုတာလည်း ဆရာမ သိပါတယ်..၊ ခံစားချက် မရှိပဲနဲ့တော့ လူမဖြစ်လာ တတ်ကြပါဘူးကွယ်..၊ ဆရာမ အထူးပြောချင်တာကတော့ ကိုယ့်ခံစားချက်ကို အကောင်အထည် ဖော်နိုင်အောင် ကြိုးစား ကြပေါ့ကွယ်..၊ ပထမဦးဆုံးနေ့မှာ ဆရာမ ၀မ်းနည်းစရာကောင်းတဲ့ စကားတွေပြောသွားသလို့ ပျော်ရွင်စရာကောင်းတဲ့ သင်ခန်းစာတွေကိုလည်း သင်ပြသွားမှာပါကွယ်..၊ ကဲဆရာမလည်း ဒီလောက်နဲ့ပဲ ဆရာမနဲ့ သားတို့သမီးတို့ရဲ့ နှုတ်ဆက်ခြင်းကို ရပ်လိုက်ရအောင်ကွယ်..၊ ဆရာမဖက်ကတော့ ဆရာမကိုယ်ကို နှုတ်ဆက်ပြီးပြီ..၊ သားတို့သမီးတို့ရဲ့ နာမည်တွေကိုလည်း ပြောကြဦးလေကွယ်။ ကဲ ရှေ့ဆုံးက ခုံကနေ အရင်စပြောကြ"

ဆရာမ ဒေါ်မေနော်ထူးရဲ့ ရုပ်လေးကို ကြည့်ယုံနဲ့ ကရင်ရုပ်ပေါက်နေတယ်ဆိုတာ သူမအစောကြီးထဲက သိထားပါတယ်။ ဆရာမကိုယ်တိုင် နာမည်ကိုပြောပြ လိုက်တော့ ပိုပြီးတော့ သေချာသွားပါပြီ။ ဆရာမဟာ တိုင်းရင်းသား တစ်ယောက်ဖြစ်ပေမဲ့လည်း ဆရမရဲ့ အသံဟာ ပြတ်သားပြီး ရှင်းလင်းနေသည်ကိုကြည့်ပြီး သူမတော်တော်ပင် အံ့သြ မိသွားတယ်။ ပထမဦးဆုံး ရှေ့ဆုံးထိုင်ခုံမှာ ထိုင်နေတဲ့ ကျောင်းသားတစ်ယောက်က ဆရာမရှေ့မှာ ရိုသေစွာ လက်ပိုက်ပြီး

"သားနာမည်က နော်ထူးပါခင်ဗျား"
"သားနာမည်က မင်းနိုင်ပါခင်ဗျား"
"သားနာမည်က စောခရစ်ပါ ခင်ဗျား"
ယျောက်ကျားလေးများ ၁၀ ယောက်ခန့် ဆရာမကို မိတ်ဆက်ပြီးသောအခါ မိန်းကလေးများကလည်း

"သမီးနာမည်က ကပေါ်ဝါးပါရှင့်"
"သမီးနာမည်က ချိုချိုလွင်ပါရှင့်"
"သမီးနာမည်က ခင်ဆီပါရှင့်"
မိန်းကလေး ၈ ယောက်ခန့် မိတ်ဆက်ပြီးသောအခါ သူမ မိတ်ဆက်ရမည့် အလှည့်သို့ ရောက်လာလေသည်.

"သမီးနာမည်က အိမ်မက်ပါရှင့်"

တပည့်နှင့် ဆရာမတို့ မိတ်ဆက်ပြီးသောအခါတွင် ဆရာမက
"ကဲ သားတို့သမီးတို့ရေ ဆရာမကတော့ သားတို့သမီးတို့ကို သင်ဖို့ မြန်မာစာဘာသာရပ်ကို ယူထားတယ်..၊'

ဆရာမရဲ့ ပြောလိုက်တဲ့ စကားကြောင့် သူမမှာ အံ့သြရပြန်သည်...၊ အဘယ်ကြောင့်ဆိုသော် ဆရာမ ဒေါ်မေနော်ထူးမှာ တိုင်းရင်းသား လူမျိုးတစ်ဦးဖြစ်သည်..၊ တိုင်းရင်းသား တစ်ဦးက မြန်မာစာ သင်မည်ဆို၍ သူမ အံ့သြခြင်းဖြစ်သည်..၊ အသက်ကိုကြည့်ခြင်းအားဖြင့်လည်း မြန်မာစာကို ဆရာမ ဒေါ်မေနော်ထူး ကောင်းကောင်းသင်နိုင်ပါ့မလား ဆိုတာကို သူမကြိုတင် စိုးရိမ်မိသည်။

သို့သော် သူမထင်ထားသည်နှင့် ဆရာမဒေါ်မေနော်ထူးမှာ လုံးဝခြားနားနေသည်။ ဆရာမသင်ပြသည်ကို နှစ်ရက်ခန့် ခံယူပြီးသွားသော အခါ သူမ၏ စိတ်ထဲတွင် ဆရာမ ဒေါ်မေနော်ထူးကို အထင်သေးမှုများမှာ လုံးဝပျောက်သွားလေပြီ။ ဆရာမကို အထင်သေးခြင်းကိုလည်း သူမကိုယ် သူမရှက်မိသွားသည်။ စိတ်ထဲမှာလည်း မရှင်းမရှင်း ဖြစ်နေ၍ ဆရာမဆီကို အကျိုးအကြောင်း ရှင်းပြရမည်ဟု သူမ ဆုံးဖြတ်လိုက်သည်။ နောက်တစ်ရက်တွင် သူမ ခင်ဆီကို ခေါ်ပြီး ဆရာမအိမ်ကို သွားခဲ့သည်။ ဆရာမရဲ့ အိမ်နှင့် အိမ်မက်တို့ရဲ့ အိမ်မှာ နဲနဲတော့ လှမ်းသည်။ သူမတို့ ဆရာမ ဒေါ်မေနော်ထူး အိမ်ရောက်တော့ ဆရာမက စာဖတ်နေသည်။ သူမတို့ လာသည်ကို ဆရာမ မြင်တော့

"ဟဲ အိမ်မက် ညီမတို့ အမအိမ်ကို လာတာလား..၊ ကဲကဲ အိမ်ပေါ်တက်..၊ ဘာမေးမလို့လဲ တမင်တော့ လာလည်တာ မဟုတ်လောက်ပါဘူးနော်"
"ဟုတ်ကဲ့ ဆရာမ၊ ဆရာမကို မေးစရာရှိလို့ လာခဲ့တာ မဟုတ်ပါဘူး..၊ ၀န်ခံစရာရှိလို့ လာခဲ့တာပါ"
"အော အိမ်မက်ရယ် အမနဲ့ ညီမက အသက်မ သိပ်မကွာတာကွယ်၊ အပြင်မှာတော့ ဆရာမလို့ မခေါ်ပါနဲ့ကွယ်၊ ရပါတယ်၊ ကျောင်းမှာသာ ကျောင်းစည်းကမ်းအရ ပေါ့ကွယ်..၊ ကဲ ဘာဝန်ခံစရာများ ရှိလို့လဲ..၊ ပြောစမ်းပါဦး"

သူမ မအံ့သြပဲ မနေနိုင်တော့ပါ..၊ လူ့လောကကြီးတွင် အံဝင်ဂွံကျအောင် ပေါင်းသင်းဆက်ဆံနိုင်သူကို သူမ ပထမဦးဆုံး ကြုံတွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။ လူရဲ့စိတ်ကို အမျိုးမျိုး ပြောင်းလဲ နေထိုင်နိုင်တဲ့ သူကိုလည်း အိမ်မက် ပထမဦးဆုံးအကြိမ် တွေးဖူးခဲ့ပြီ။ ဆရာမနဲ့ မတွေ့ခင် အိမ်မက်ရဲ့ ခံယူချက်နှင့် ဆရာမနှင့် တွေ့ပြီး အိမ်မက်ရက် ခံယူချက်တွေဟာ လုံးဝဥသုံ ပြောင်းလဲသွားလေပြီ။ အရင်းတုန်းက ဆရာမနဲ့ မတွေ့ခင် အိမ်မက်ရဲ့ ခံယူချက်မှာ လူ့ရဲ့စိတ်ကို အမျိုးမျိုးပြောင်းလဲ တတ်သောသူသည် ကောက်ကျစ်စဉ်းလဲသောသူ ဖြစ်သည်ဟုတ် မှတ်ယူထားမိသည်။ သို့သော် ယခုမူကား လုံးဝကို ပြောင်းလဲသွားလေပြီ။ ဆရာမ ဒေါ်မေနော်ထူးရဲ့ စိတ်ပြောင်းလဲခြင်းမှာ လူ့လောက သဘာဝနှင့် လိုက်လျော်ညီထွေစွာ နေထိုင်ခြင်း ဖြစ်သည်ဟု သူမရဲ့ ဦးနှောက်ရဲ့ အသိစိတ်ဓာတ်က အလိုလို ၀င်လာတော့သည်။ တကယ်တော ဆရာမဒေါ်မေနော်ထူးဟာ ကျောင်းစာတွေသင်သာမက သင်ယူချင်တိုင်း သင်ယူလို့ မရတဲ့ လူ့လောကကြီးရဲ့ အကြောင်းကိုပါ ပထမဦးဆုံး သင်ပေးလိုက်ပြီ ဟုလည်း သူမကိုယ်တိုင် ယုံကြည်လက်ခံထားသည်။ သူမရဲ့ စိတ်ထဲမ ကျိတ်ပြီး ဆရာမကိုလည်း ကျေးဇူးတင်မိသည်။

" အော ဟိုလေ ကျောင်းစဖွင့်တုန်းက ဆရာမ အတန်းထဲ ၀င်လာတဲ့ အခါတုန်းက သမီးက ဆရာမကို ကျောင်းသူလို့ထင်မိတာရယ်..၊ ဆရာမက အသက်ငယ်ငယ်လေးနဲ့ ဆရာမဖြစ်နေတာကြောင့် ဆရာမကို အထင်သေးမိတာရယ်..၊ ပြီးတော့ ဆရာမလို တိုင်းရင်းသူလေး တစ်ယောက်က မြန်မာစာကို သင်မယ်ဆိုတော့ ပိုပြီးတော့ အထင်သေးမိတာရယ် အဲ့ဒါတွေကို လာတောင်းပန်တာပါ..၊ ဆရာမ"

ဆရာမ ဒေါ်မေနော်ထူးက သူ့ကို အမလို့ ခေါ်ပါလို့ ပြောလိုက်ပေမဲ့ အိမ်မက်တစ်ယောက်ကတော့ ဆရာမ ဒေါ်မေနော်ထူးကို အမဟု သူ့ပါးစပ်မှ ခေါ်ထွက်ရန် ၀န်လေးနေမိသည်။

"အော.. အိမ်မက်ကလည်းလေ ဆရာမအရွယ်နဲ့ ကျောင်းဆရာမ ဖြစ်တဲ့ သူတစ်ယောက်အနေနဲ့ အိမ်မက်တို့လို့ အသက်မတိမ်းမယိမ်း လူတွေက တွေ့မယ်ဆိုရင် အဲ့လိုထင်မြင်တတ်ပါတယ်..၊ ဘာမှမဖြစ်ပါဘူးကွယ်..၊ အိမ်မက်တင် မဟုတ်ပါဘူး..၊ ကျန်တဲ့ မောင်လေး၊ ညီမလေးတွေလည်း အိမ်မက်လို ထင်ကြမှာပါ..၊ အမက ဗွေမယူပါဘူးကွယ်..၊ ဒီလိုကိစ္စမျိုးတွေက ဖြစ်တတ်ပါတယ်။"

"ခင်ဆီကတော့ အဲ့လိုမထင်ပါဘူး ဆရာမရယ်"

"အော..၊ ဒီကလေးနှစ်ယောက်နယ် ဆရာမ ဆရာမ နဲ့ ပါးစပ်ကကို မချနိုင်ဘူး..၊ ဆရာမတောင် တော်တော်အိုနေပြီလား မသိဘူး..၊ ပြောပါဦး ခင်ဆီက ဘယ်လိုထင်တာလဲ"
"ခင်ဆီက ဆရာမ ၀င်လာကတည်းက နတ်သမီး ကျလာသလားလို့တောင် ထင်မိတာ"
"ခင်ဆီကတော့လေ ရှောက်ပြောတော့မယ်..၊ ဆရာမကို တွေ့တုန်းမြောက်နေပြန်ပြီ..၊ ဆရာမ မုန့်ကျွေးမှာပါကွယ်"
"တကယ်ပြောတာ ဆရာမရဲ့ ဆရာမက အရမ်းလှတာပဲ.."
"အေးပါ ထားပါတော့ ကဲ ညီမတို့ ဒီမှာခဏစောင့်နော် အမ စားစရာ တစ်ခုခု လုပ်လာခဲ့ဦးမယ်"
"ဟာ... ရပါတယ် ဆရာမ..၊ အိမ်မက်တို့ အခုပဲ ပြန်တော့မလို့"
"အေး အေး နောက်လဲ အားရင်လာလည်ဦးပေါ့..၊ စာ မရှင်းတာရှိရင်လဲ လာမေးလို့ရတယ်နော်"
"ဟုတ်ကဲ့ပါ ဆရာမ" ဟုပြောဆိုက အိမ်မက်နှင့် ခင်ဆီတို့နှစ်ယောက်သား ဆရာမ ဒေါ်မေနော်ထူး အိမ်မှ ထွက်လာခဲ့ကြလေသည်။ ဆရာမ အိမ်မှ ထွက်ထွက်ခြင်း အိမ်မက်ရဲ့ ဦးနှောက်အိမ်လေးထဲတို့ သတိတစ်ချက်က အိမ်မက်မတောင်းဆိုပဲနဲ့ အလိုလိုဝင်ရောက်လာသည်။ ထိုသတိတစ်ချက်ကား မိမိထက် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ၊ ရွယ်သူဖြစ်စေ မည်သူတစ်ဦးတစ်ယောက်ကိုမှ အထင်မသေးရဟူသော သတိတစ်ချက်ပင် ဖြစ်ပါတော့သည်။
*************************************************************

အဝေးဆုံးကို ထွက်မသွားနိုင်ပါ

၂၀၀၃ ခုနှစ် ဇူလှိုင်လရဲ့ ၂၃ ရက်နေ့
မိုးသားများက မည်းမှောင်လို့နေသည်။
လောကကြီးရဲ့ အလင်းတရားကြီးကို အမှောင်သဖွယ် ဖုံးလွမ်းလိုက်သည့် မိုးသားတိမ်ရိပ်တို့ကား တဖြေးဖြေး လှုပ်ရှားသွားလာလျှက် ရှိသည်။

အချိန်ကား ညနေခင်း (၄)နာရီခန့်...၊ ဖြူဝင်းနေသော အသားအရည်ကို ပိုင်ဆိုင်လျှက် ချစ်စဖွယ် မိန်းကလေးတစ်ဦးကား မိုးသားတိမ်ရိပ်များ၏ ပြေးလွားလှုပ်ရှား နေမှုများကို ထရံကာ၊ ဓနိမိုး အိမ်တိုင်ခြေ လေးတိုင်ပါရှိသော တဲအိမ်ကလေး၏ ကွတ်ပစ်ပေါ်တွင် ထိုင်၍ မည်းမှောင်နေသော မိုးသားတိမ်ရိပ်များကို မျက်တောင်မခတ် မော့ကြည့်နေသည်။ ထိုအိမ်ကလေး၏ အနီးအနားတွင်လည်း ထရံကာ၊ ဓနိမိုး၊ တိုင်ခြေလေးလုံး ပါရှိသော တဲကလေးများက အစီအရင်ပင် ဆောက်ထားကာ လူအများနေထိုင် ကြပါသည်။ သို့သော် ထိုအိမ်ကလေးများ၏ မြေပြင်မှာမူ ညီညာခြင်း ကင်းမဲ့လှပေသည်။ တအိမ်နှင့်တအိမ် အနိမ့်အမြင့်များက ကွာခြားလှပေသည်။ သို့သော်လည်းပဲ ထိုအနီးတ၀ိုက်ရှိ တဲအိမ်လေးများသည် တအိမ်နှင့်တအိမ် ညီညာပြန့်ပြူးခြင်း မရှိစေကာမူ အိမ်တိုင်းတွင် နေထိုင်ကြကုန်သော လူများ၏ စိတ်ထဲတွင် ချမှတ်ထားသော ခံယူချက်များမူကား တသွေးထဲ တသားထဲ ညီညီညာညာ ရှိနေကြပေသည်။

“ဟေ့ အိမ်မက် နင်ဘာတွေကြည့်နေတာလဲ” အနောက်ဘက်မှ စကားသံတချက်ကြောင့် မိုးတိမ်တွေကို ထိုင်ကြည့်နေတဲ့ မိန်းကလေး ခဏတဖြုတ်မျှ ထိတ်လန့်သွားသော်လည်း
“ဘာမှမကြည့်ပါဘူး ခင်ဆီရယ်... ငါ ကောင်းကင်ကြီးတွေကို ကြည့်နေတာ”
“နင်ကဘာဖြစ်လို့ ကောင်းကင်ကြီးကို ကြည့်နေတာလဲ”
“ကောင်းကင်ကြီးကို ဘာဖြစ်လို့ကြည့်ရတာလဲလို့ မေးလာတဲ့ နင့်မေးခွန်းကို ငါလည်း ဖြေလို့မရဘူး ခင်ဆီ”
“ဟာ နင်ကလည်း ကောင်းကင်ကြီးကို ကြည့်တာတော့ သိတယ် ဒါပေမဲ့ ဘာဖြစ်လို့ ကြည့်တာလဲ ဆိုတာတော့ မသိဘူး”
“အေး လူဆိုတာ အဲ့ဒီလိုပဲဟ ကိုယ်လုပ်နေတာကိုတော့ သိကြတယ်.. ဒါပေမဲ့ ကိုယ်ဘာအတွက် လုပ်နေလဲ ဆိုတာတော့ မသိကြဘူး”
“နင့်ဟာ ဘာမှလည်း မဆိုင်ဘူး...၊ ဟိုမှာကြည့် မိုးဖွဲကျလာပြီ..၊ နင်အ၀တ်မရုပ်ဘူးလား”
“သြောအေ... ဟုတ်သားပဲ နင်ပြောလို့ တော်သေးတယ်..၊ နို့မဟုတ်ရင် ငါအတွေး လွန်နေတာနဲ့ပဲ အ၀တ်တွေ တခါပြန်လှန်းရဦးမယ်”
“ဒါနဲ့ နင်က ဘာတွေတွေးနေတာလဲ အိမ်မက်.၊ ဘာလဲ အချစ်အကြောင်းလား”
“အောင်းမယ် ကောင်မ ငါဘာလို့အချစ်ကြောင်း တွေးရမှာလဲ ”
“ဒါဆိုနင် ဘာတွေ တွေးနေတာလဲ”
“နင်တော်တော် စပ်စုတာပဲ ငါ့ဖာငါ ဘာတွေးတွေးပေါ့”

အိမ်မက်...၊ သူမ၏နာမည်မှာ အိမ်မက်ဖြစ်သည်..၊ ယခုလို ဆန်းပြားသည့် နာမည်ကို သူမချစ်လှစွာတဲ့ အဖေက ပေးထားသည်..၊ သူမ မနက်က အ၀တ်လျှော်ပြီးတော့ လှမ်းထားသည်။ သူမသည် အမြဲတမ်း တွေးတောစဉ်းစား လေ့ရှိသည်။ သူမစဉ်းစားတွေးခေါ်သည့် အကြောင်းအရာများမှာ အသက်ငယ်ရွယ်သော အမျိုးသမီးငယ် တစ်ဦး ဖြစ်ပါသော်လည်း အချစ်အကြောင်းကို သူမမတွေးပါ။ သူမနေထိုင်သော နေရာသည် ပစ္စည်းပစ္စယများ စုံလင်ခြင်း၊ ပြီးပြည့်စုံခြင်း မရှိသော်ငြားလည်း၊ အနေဆင်းရဲသော်ငြားလည်း ဘယ်သို့ဘယ်ပုံ ငွေရှာလျှင်ရမည့် စီးပွားရေးကိုလည်း သူမအနေဖြင့် စဉ်းစားနေခြင်း မဟုတ်ပါ။ သူမ နေ့စဉ်နေ့တိုင်း တွေးမြဲတွေးနေသည်ကား၊ စဉ်းစားမြဲ စဉ်းစားနေသည်ကား မိမိတို့တိုင်းပြည်ကို မတရား အုပ်ချူပ် ဗိုလ်ကျနေသည့် စစ်အစိုးရကို ဘယ်သို့ဘယ်ပုံ ပြုတ်ကျအောင် ဖြုတ်ချရမည်နည်း ဟူသော အတွေးများသာ သူမ၏ ဦးနှောက်အစိတ်အပိုင်း တစ်ခုက ပိုင်ဆိုင်ထားသည်။ နအဖစစ်အစိုးရ၏ ရက်စက် ကြမ်းကြုတ်မှုများကို သူမတင်သာမက မြန်မာလူမျိုး တမျိုးစုလုံးပင် သိရှိထားသည်။ သို့သော်လည်းပဲ နအဖစစ်အာဏာရှင်များ၏ မတရားကောက်ကျစ်မှုများက မြန်မာနိုင်ငံ ပြည်သူလူထု အချို့တို့၏ ခံစားချက်များ မထုတ်ဖော်နိုင်အောင် လုပ်ဆောင်ထားသည်။ အကယ်၍သာ မြန်မာနိုင်ငံတွင် နေထိုင်သော ပြည်သူလူထု ၈၀ ရာခိုင်နှုန်းခန့်သာ နအဖစစ်အစိုးရများကို အမျိုးမျိုး ဆန့်ကျင်ဆန္ဒပြကြလျှင် စစ်အာဏာရှင်များ မုချကျဆုံးရမည်ဟု သူမ၏ ဦးနှောက်က အလိုလိုလက်ခံထားသည်။ မြန်မာပြည်သူလူထုများ ထိုကဲ့သို့ ပြုမူလာအောင် မည်သို့မည်ပုံ ကြိုးစား လုပ်ဆောင်ရမည် ဟူသော အတွေးစတခုကို သူမအနေဖြင့် အမြဲတမ်း တွေးနေမိသည်။ တကယ်တော့ လူတစ်ယောက်ဆိုတာ မည်သူတစ်ဦးကိုမှ မလိုမုန်းစိတ်ထားများ မထားသင့်ပါ။ သူမကိုယ်တိုင်မှာလည်း ထိုကဲ့သို့သော သူတပါးအပေါ် မလိုမုန်းစိတ်ထားများကို မထားချင်ပါ။ သို့သော်လည်းပဲ တိုင်းပြည်တခုလုံး ကောင်းစားဖို့အရေးကို မမျော်ကိုးပဲ မိမိတို့ ကြီးပွားရေးကိုသာ ကြိုးစားနေသော နအဖ အာဏာရှင် ဆိုးကြီးများကို သူမအနေဖြင့် သနားညာတာစိတ်များ၊ ချစ်ခင်လေးစားစိတ်များ ဘယ်လိုပင်ထားထား ထား၍မရပါ။ တကယ်တော့ သူမနှင့် သူမမိသားစု ကိုယ်တိုင်မှာလည်းပဲ နအဖစစ်အစိုးရ အာဏာရှင်များ အုပ်ချူပ်နေသော စစ်တပ်များ၏ ညှင်းပမ်းနှိမ်စက်မှုများကြောင့် တခြားသော နိုင်ငံသို့ ပြေးဝင်ခိုလှုံခဲ့သည် မဟုတ်ပါလား..၊ ထို့ကြောင့် သူမနေထိုင်သော ဒေသနေရာကား ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း တခုပင် ဖြစ်ပါတော့သည်...၊xxxxxxxx
---------------------------------------------------------------------------------------------------------------

နေ့တွေရက်တွေ လတွေက အလွန် ကုန်မြန်လွန်းသည်ဟု အိမ်မက် စိတ်ထဲတွင် ထင်မိသည်။ နေ့တွေရက်တွေ လတွေကို သူမ အမြန်မကုန်စေချင်။ အဘယ်ကြောင့်ဆိုသော် နေ့ရက် လနှစ်များ လျှင်မြန်စွာ ကုန်ဆုံးခြင်းသည်နှင့် တစ်ပြိုက်နက် နအဖ စစ်အစိုးရတို့၏ အုပ်ချူပ်ခဲ့သော သက်တမ်းများ၏ အချိန်မှာလည်း ပိုပို၍ သက်တမ်းရှည်လာ လေလေ ဖြစ်သည်။ သူမ၏ စိတ်ထဲတွင် နအဖ စစ်အာဏာရှင်တို့၏ အုပ်ချူပ်မှု သက်တမ်းကို အမြန်ဆုံး ကုန်ဆုံးသည်ကို မြင်ချင်သည်။ စစ်အာဏာရှင် ကျဆုံးမည့် အလုပ်မှန်သမျှ ဆိုလျှင် ဘယ်အလုပ်မျိုးမဆို သူမလုပ်မည်ဟုလည်း ဆုံးဖြတ်ထားသည်။ စစ်အာဏာရှင်ခေါင်းဆောင်တွေကို ဗုံးနဲ့ခွဲရမလား၊ ဒါမှမဟုတ် မြန်မာပြည်ပြန်ပြီး ဆန္ဒပြနေတဲ့ အဖွဲ့တွေနှင့် သွားပြီးတော့ ပူးပေါင်းရမလား ပေးအပ်လာသည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့ သူမ၏ စိတ်ထဲတွင် တစ်ထစ်ချ ဆုံးဖြတ်ထားသည်။ ယခုလက်ရှိ သူမ၏ အသက်မှာ ၁၈ နှစ် ရှိပြီ။ သူမ၏ ဘ၀မှာ သေမထူး နေမထူး မောင်ဘထူးလို ဖြစ်နေသည်။ အကြောင်းအရင်းမှာ သူမတွင် မိသားစုဝင် (၄)ဦး ရှိသည်။ သူမ ချစ်ခင်သော ဖေဖေ၊ မေမေနှင့် ညီမလေး နီလာနှင့် သူမပင် ဖြစ်သည်။ သို့သော် ထိုမိသားစု (၄)ဦးမှ (၂)ဦးမှာ နအဖ စစ်အာဏာရှင်တို့၏ လက်အောက်ခံ တပ်သားများက သူမတို့ ရွာတွင် သူပုန်များ ရှိသည်ဟုဆိုကာ မပြောမဆိုနှင့် သေနတ်ဖြင့် ၀င်ပစ်သွားခြင်းကြောင့် သူမချစ်လှစွာသော ဖေဖေနှင့် ညီမလေး နီလာမှာ ဓားစာခံဖြစ်သွားရ ရှာသည်။ ဒီလိုနဲ့ သူမနဲ့ မိခင်ဖြစ်သည် ဒေါ်အေးကြွယ်ကလည်း ရွာမှာ မနေရဲတော့တာနဲ့ ဒုက္ခသည် ဟူသော စခန်းကို ထွက်ပြေးခဲ့ရသည်။ မကြာပါ သူမ၏ မိခင်မှာလည်း ခင်ပွန်းနှင့် သမီးတို့၏ အဖြစ်ကို အစဉ်အမြဲ တွေးပြီး စိတ်ထိခိုက် လွန်သွားခြင်းကြောင့် အိပ်ရာထဲတွင် လဲနေသည်မှာ (၆) လပင် ရှိခဲ့လေပြီ။ ယခုတော့ သူမတစ်ယောက်ထဲသာ ကျန်တော့သည်။ လောကကြီးတွင် အသက်ဆက်လက် ရှင်သန်ဖို့ သူမမှာ မည်သူ့ဆီမှ ခွန်အားများကို မရနိုင်တော့ပါ။ ဖခင်နှင့် ညီမလေးတို့မှာလည်း နအဖစစ်တပ်များ၏ မစာနာ မထောက်ထားမှုကြောင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားရှာပြီ။ မိခင်မှာလည်း မည်သည့်နေ့တွင် ဘာဖြစ်မည်ကို သူမမသိ။ တခါတရံ သူမအတွေးတွေထဲတွင် လောကကြီးကို အပြစ်ပုံချမိသည်။ သို့သော်လည်း ထိုသို့ပုံချခြင်းသည် အချည်းအနှီးသာ ဖြစ်သည်ဟူသော အတွေးစိတ်နှင့် ပြန်ချေပရသည်။ သူမဒီနေ့ ပထမဆုံး ကျောင်းတက်ရမည်။ သူမ ကျောင်းသွားရသည်ကိုလည်း စိတ်မဖြောင့်နိုင်ပါ။ အမေ့ရဲ့ ချောင်းတဟွတ်ဟွတ် ဆိုးနေသံကို သူမအမြဲတမ်း ကြားနေမိသည်။ သို့သော်လည်း သူမကျောင်းမသွားလို့ မဖြစ်။ သူမဖြစ်ချင်သော သတင်းထောက်ဖြစ်ဖို့ စာကြိုးစားမှရမည်။ သူမအနေဖြင့် မိခင်အတွက် စိတ်တော့ နဲနဲအေးရသည်။ အဘယ်ကြောင့်ဆိုသော် သူမတို့၏ အိမ်နားတွင် နေထိုင်သော အဒေါ်ကြီး လင်မယားမှာ သူမတို့ သားအမိကို ဆွေမျိုးရင်းချာ သဖွယ် ချစ်ခင်ကြသည်။ ထိုအဒေါ်ကြီး လင်မယားတွင် သားသမီး တစ်ဦးမျှပင် မရှိပါ။ ထို့ကြောင့် သူမကို သူတို့ရဲ့ သမီးအရင်း သဖွယ် ချစ်ခင်ကြသည်။ သူမကျောင်းတက်ဖို့ပင် ထိုအဒေါ်ကြီး လင်မယားက အစစအရာရာ ကူညီခဲ့သည်မဟုတ်ပါလား။

“ကျောင်းသာ စိတ်ဖြောင့်ဖြောင့်နဲ့သွား သမီးအိမ်မက်၊ သမီးအမေကို စိတ်မချမဖြစ်နဲ့ အဒေါ်တို့ရှိတယ်” ဟု ထိုအဒေါ်ကြီးကပင် အလိုက်တစ်သိ ပြောခဲ့သည် မဟုတ်ပါလား။ ထိုအဒေါ်ကြီး၏ ခင်ပွန်းသည်ကလည်း
“သမီးအိမ်မက် သမီးဖြစ်ချင်တဲ့ သတင်းထောက်ကြီးကို ဖြစ်အောင်ကြိုးစား၊ သမီးလိုအပ်တာကို သမီးအဒေါ်ကို ပြောပြ။ ပြီးတော့ သမီးအမေကိုလည်း စိတ်မချမဖြစ်နဲ့ သမီးအမေကို ဦးတို့ဖက်က တတ်နိုင်သမျှ ကုသပေးမယ်..၊ စာကိုသာ စိတ်ဖြောင့်ဖြောင့်နဲ့ ကြိုးစား ဦးတို့မှာ သားသမီးမရှိပေမဲ့ သမီးကို ဦးတို့လင်မယားက သမီးအရင်းလို ချစ်တယ်..၊ သမီးကလည်း ဦးတို့ကို မိဘအရင်းလို သဘောထား..၊ ကြားလာ... ဦးတို့ဖက်က တတ်နိုင်သလောက် သမီးကို ကူညီပေးမယ်”ဟု ပြောဆိုခဲ့သည်။

“ဟေ့ အိမ်မက် သူငယ်ချင်း ကျောင်းသွားမယ်လေ..၊ ကျောင်းတောင်တက်တော့မယ်..၊”
“ဟော သမီး ခင်ဆီတောင် လာနေပြီ ကျောင်းသွားတော့နော်”
“ဟုတ်ကဲ့ အဒေါ်၊ သမီးအမေ့ကို သွားပြောလိုက်ဦးမယ်”ဟု သူမ အိမ်ခန်းအတွင်းသို့ ၀င်သွားသည်။ သူမ၏ အမေ အိပ်နေသော အိပ်ရာသို့ ၀င်သွားကာ
“အမေ သမီး ကျောင်းသွားတော့မယ်နော်..၊ အမေ နေကောင်းအောင် နေနော်...၊ သမီးကျောင်းဆင်းတာနဲ့ အမြန်ပြန်လာခဲ့မယ်..၊”
မိခင်ရဲ့ အိုဇာနေတဲ့ မျက်နှာကို သူမ ကြည့်ပြီး စိတ်မကောင်း ဖြစ်နေမိတယ်။
“သမီး စာကြိုးစားနော်”ဟူသော မိခင်ရဲ့ တုန့်ပြန်သည့် စကားတစ်ခွန်းကို ကြားရပြီးနောက် မိခင်ကို ကန်တော့ကာ သူမ အိမ်ပြင်သို့ ထွက်လာခဲ့တော့သည်....။

Wednesday, February 27, 2008

ဒိုင်ယာရီထဲက အတိတ်ကအကြောင်း (ဒုတိယပိုင်း)

“ဟာငဖြိုး ဟိုမှာလာပြီ ဗိုလ်ချူပ်ကြီးလာပြီ” ဟု သူပြောလိုက်ရာ ငဖြိုးကမန်းကတန်း ထကာ ပုဆိုးကို ပြင်ဝတ်လိုက်သည်။
“အေးကွ.. လာတော့လာပါ့မလားလို့ စောင့်လိုက်ရတာ”
“ဟေ့ကောင် ရှုးတိုးတိုး”
“အေးပါကွာ ငါသိပါတယ်”
ကားပေါ်မှ ဆင်းလာသော ဗိုလ်ချူပ်ကြီး မောင်ဗိုလ်ဆိုသည်မှာ ကိုယ်လုံးက ၀၀၊ ထိပ်ကပြောင်ပြောင် သူ၏ဘေးတွင်လည်း လက်နက်ကိုင် တပ်သားများက အပြည့်ခြံရံလျှက်.......
ထိုအချိန်မှာပဲ ကျောင်းသူကျောင်းသားတွေ လက်အုပ်ချီကာ ဗိုလ်ချူပ်ကြီးမောင်ဗိုလ်အား

“မင်္ဂလာပါ ဘဘကြီး” ကျောင်းသူကျောင်းသားများက ထိုသို့ပြုမူခြင်းကို ဝေဖြိုးက
“လူလူခြင်းကွာ..၊ လက်အုပ်ချီစရာလိုသေးလို့လား၊ လက်ပိုက်ပြီး နှုတ်ဆက်ရင်လည်း ရတာပဲ”
“ဟေ့ကောင် တိုးတိုး”ဟု သူက ပြောသော်လည်းပဲ သူ၏ စိတ်ထဲမူတွင် ယခုလို လုပ်ရခြင်းအား မနှစ်သက်မိသည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။
xxxxxxxxxx xxxxxxxxxxx xxxxxxxxxxxxxxx xxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxx

တနင်္ဂလာနေ့ မနက် ၇း၀၀ ခန်အချိန်ခါတွင်၊ ကြီးမားလှသော ညောင်ပင်အောက်တွင်မူ ကျောင်းသားတစု စုပေါင်းထိုင်ကာ စကားစမြည် ပြောဆိုနေကြသည်။ ကျောင်းတော့မတက်သေး...၊ ဒီနေ့ တနင်္ဂလာနေ့ ကျောင်းအုပ်ဆရာမကြီးက မိန့်ခွန်းဟောဦးမည်.၊ နိုင်ငံတော်သီချင်းဆိုရ ပေဦးမည်။
“ဟေ့ကောင့် ငဖြိုး သွားမယ်ကွာ”
“ဘယ်လဲကွ ဇွဲရ”
“တန်းသွားစီတော့မယ်လေကွာ”
“အခုမှ (၇)နာရီ အစောကြီးရှိပါသေးတယ်ကွာ”
“လာပါဆိုမှပဲ မင်းကလည်း”
“ခဏကွာ.. အခန်းထဲမှာ လွယ်အိပ်သွားထားလိုက်ဦးမယ်”
“မင်းကလည်း လွယ်ခဲ့ပါကွ”
“ဟေ့ကောင်လေးတယ်ကွ.. မင်းလွယ်မလား လွယ်အိပ်ထဲမှာ တုတ်ပါတယ်ကွ”
“မင်းကလည်း တုတ်မယူလာလဲ ရပါတယ်ကွာ” ဟုတ်တယ် သည်ကောင်က လွယ်အိပ်ထဲမှာ တုတ်အမြဲထည့်ထားတတ်သည်။ အကျင့်ပါနေခြင်းဖြစ်သည်။ ကြောက်တာကတော့ သူမကြောက်။ သူ့ကို နဲနဲမှ ဘယ်သူ့မှ မထိရဲ။ ထိလိုက်ကြည့်ပါလား.. မီးပွင့်သွားမယ်။ ဒါပေမဲ့ ဒီကောင်ကလည်း သူများကို ရန်မစပါ။ သူ့ကို ရန်စချင်နေတဲ့လူတွေကတော့ ငပုတို့ အုပ်စုပေါ့ဗျာ..။
“ဒါဆိုလဲ မြန်မြန်သွားကွာ” ဖြိုးဝေ စာသင်ခန်းဘက်သို့ လှည့်သွားကာ အခန်းထဲသို့ ၀င်သွားပြီး လွယ်အိပ်သွားထားလိုက်သည်။ သူတို့နှစ်ယောက် ကျောင်းအုပ်ဆရာမကြီး မိန့်ခွန်းပြောရာ ဘောလုံးကွင်းကြီးဘက်သို့ သွားလိုက်ပါတော့သည်။
xxxxxxxxxx xxxxxxxxxxx xxxxxxxxxxxxxxx xxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxx

အချိန်ကား မနက် (၈း၀၀)...၊ ကျောင်းခန်းတံခါးကြီး ဖွင့်လိုက်သည်နှင့်တပြိုင်နက် ချောမောလှပလှသော မင်းသမီးလေး တယောက်အလား မိန်းကလေးတစ်ယောက်နှင့် သူ့ဘေးတွင် အဖော်တယောက်ပါလာသည်။ ထိုသူ မိန်းကလေးနှစ်ဦး ကိုယ့်ထိုင်ခုံရှိရာသို့ ကိုယ်သွားထိုင်ကာ
“ဟဲ့ စန္ဒီ ငါတို့ခုံမှာ ဘယ်သူ့လွယ်အိတ် ကြီးလဲမသိဘူးဟ“
“ဟင်ဟုတ်လား” ဟူ၍ပြန်ပြောလိုက်သူကား ချောမောလှပသော မိန်းကလေး တစ်ဦးပင်ဖြစ်ပါတော့သည်။
“လွယ်အိပ်ကတော့ ယောက်ကျားလေး လွယ်အိပ်ပဲဟ”
“အေး ဖွင့်ကြည့်လေဟာ မာယာကလည်း”... အော.. အော နောက်ထပ် မိန်းကလေး၏ အမည်ကား မာယာတဲ့။...
“အေး... အေး”
“ဟင်... ဟာ...” လွယ်အိပ်ကို ဖွင့်ကြည့်လိုက်တော့ မိန်းကလေး နှစ်ဦးမှ အမဋိတ် သံများ ထွက်ပေါ်လာကာ
“ဟဲ ဒုတ်ကြီး ဘယ်သူကျောင်းယူလာတုန်း” မှန်ပေသည်။ တုတ်တချောင်းကို သေချာစွာ ရေပေါ်ထိုးတား၊ ပေါလစ်သုတ်ထားသည်။ ကိုင်ချင်စဖွယ် တုတ်တချောင်းပေတည်း။
“ဟုတ်တယ်နော် လာစန္ဒီ ဆရာမကို သွားအပ်လိုက်မယ်”
“အေး သွားမယ်”
ကျောင်းသူလေးနှစ်ယောက်ကား မိမိတို့၏ လွယ်အိတ်ကိုပင် မချသေးပဲ လှပချောမွေ့သော တုတ်ကြီးကို ကိုင်ကာ.. တုတ်ထည့်ထားခဲ့သော လွယ်အိတ်ကိုတောင် ဖွင့်မကြည့်ပဲ ဆရာမ ရုံးခန်းဘက်သို့ ထွက်သွားလေသတည်း။
xxxxxxxxxx xxxxxxxxxxx xxxxxxxxxxxxxxx xxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxx

“အခန်းထဲသွားမယ်ကွာ ငဖြိုး” ဟု သာယာကြည်လင် ပြတ်သားသော အသံတသံ ထွက်ပေါ်လာသည်။
“အေး go မယ်”
သူတို့နှစ်ယောက် ကျောင်းခန်းရှိရာဘက်သို့ ထွက်လာကာ ကျောင်းခန်းထဲသို့ဝင်ပြီး သူတို့ ထိုင်နေကျ စားပွဲခုံသို့ တန်းတန်းမတ်မတ် သွားလိုက်ကြသည်။ သို့သော်ဝေဖြိုးမူကား သူ့နောက်မှ မလိုက်လာဘဲ ခေတ္တခဏရပ်ကာ ခုံတခုံတွင် ရပ်လိုက်သည်။
“ဟာ ဟေ့ကောင် ဇွဲ ငါ့လွယ်အိတ်မတွေ့ တော့ဘူးကွ”
“မင်းက ဘယ်မှာသွားထား ထားတာလဲကွ”
“ငါဒီမှာခဏထားခဲ့တာ”
“ဟာမင်းကလည်း ကိုယ့်ခုံမှာလာထားတာ မဟုတ်ဘူး နီးနီးလေးကို”
“ဒုက္ခပဲကွာ... အဲ့ဒီထဲမှာ ဒုတ်ပါသွားတယ်ကွ”
“ဆရာမနားရောက်ရင်တော့ ဒုက္ခ.. ဟာဟေ့ကောင် ဟိုမှာ ဆရာမှ ဒေါ်နန်းနွဲ့လာနေပြီကွ” သူပြောလိုက်စဉ်မှာပင် လွယ်အိတ်တလုံးကို ကိုင်ဆောင်လာသော ဆရာမတစ်ယောက်နှင့် ထိုဆရာမနောက် လိုက်ပါလာသူကား မိန်းကလေးနှစ်ဦးပင်ဖြစ်သည်။
“ဝေဖြိုး ဒါနင့်လွယ်အိတ် မဟုတ်လား” ဟု ဆရာမဖြစ်သူက ဝေဖြိုးဘက်လှည့်ကာ ခတ်မာမာပြောဆိုလိုက်သည်။
“ဟုတ်ကဲ့ ဆရာမ”ဟု ဝေဖြိုးက ပြောလိုက်သည်။
“မင်း ဘာလို့ သည်ဒုတ်ကို ကျောင်းယူလာရသလဲ”ဟု ဆရာမဖြစ်သူ ပြောဆိုရင်း လွယ်အိတ်ထဲမှ ဒုတ်ကို ထုတ်လိုက်သည်။
“အော... ဒါလားဆရာမ.. ဟိုဟာလေ..၊ အဖေက ဒီနေ့ ဒီဒုတ်ကို ရေပေါ်သွားထိုးထား ခိုင်းတာ၊ အဲ့ဒါ ကျောင်းလာရင်းနဲ့ လက်သမားဆီမှာ ၀င်ယူလာခဲ့တာ” ဟု ဝေဖြိုးက ပြောလိုက်သည်။
“မင်းအဖေဒုတ်ယူတာ ကျောင်းလာတဲ့အချိန်မှ သွားယူရလား”
“ဟာ ဆရာမကလည်း အဖေက အခုသွားယူဆိုလို့ သွားယူရတာ..၊ ပြီးတော့ သွားယူပြီး အိမ်ပြန်လာပို့လို့ပြောတယ်၊ ကျွန်တော်လည်း သွားယူတာပဲ၊ အိမ်သွားပြန်ပို့မယ်ကြံတော့ ဆိုင်ကယ်ဘီးပေါက်သွားတယ် ဆရာမ” ဟုဝေဖြိုးက ကလိမ်ကျစ်ပြောလိုက်သည်။ လိမ်မှရမည်။ မလိမ်လျှင် ဒီကောင်မလွယ်။
“ဒါဆို မင်းဘာဖြစ်လို့ မင်းလွယ်အိတ်ကို ဒီမိန်းကလေးတွေ ခုံမှာ သွားထားတာလည်း”
“ဟာ ဆရာမကလည်း ဒါက အကြောင်းအရင်းရှိတယ်ဗျ..၊ ကျွန်တော်ဆိုင်ကယ်ဘီး သွားဖာပြီးပြန်လာတော့ ကျောင်းအုပ်ဆရာမကြီးက မိန့်ခွန်းတွေ ဟောနေပြီ၊ ဒါနဲ့ ကျွန်တော်လည်း အခန်းထဲကို ခတ်မြန်မြန် ၀င်လာပြီး ထားသွားတာ”
“မင်းငါ့ကို မလိမ်နဲ့နော်”
“မလိမ်ပါဘူး ဆရာမရယ်” ဆိုပြီး ဝေဖြိုးက ဆရာမနောက်မှ မိန်းကလေးတွေကို မကျေမနပ်ကြည့်လိုက်သည်။ မိန်းကလေးတွေက ခတ်စွာစွာရယ်။
“အေး မင်းနောက်တခါ မယူလာနဲ့ ကြားလား၊ နောက်တခါယူလာလို့ကတော့ ငါ့နဲ့ တွေ့ပြီမှတ်”ဟု ပြောဆိုကာ ဆရာမဒေါ်နန်းနွဲ့ အခန်းထဲမှ ထွက်ခွာသွားလိုက်သည်။ ကျန်ခဲ့သော မိန်းကလေး နှစ်ယောက်ကား ၎င်းတို့ခုံတွင် ထိုင်လိုက်ကြသည်။
ဝေဖြိုး၏ ပါးစပ်မှလည်း “တော်တော် ဆိုးတဲ့ မိန်းမတွေ”ဟု ခတ်ကျယ်ကျယ်ပြောဆိုလိုက်သည်။ ထိုအခါ မာယာဟုခေါ်သော မိန်းကလေးကား “ဘာပြောတယ်”ဟု ခတ်ကျယ်ကျယ်ပြောလာလေသည်။ ဝေဖြိုးကလည်း မိန်းမတွေနှင့်တော့ ရန်ထဖြစ်လေ့မရှိ။ သို့သော် ဤမိန်းကလေးနှင့်မှ သူက စကားပြိုင်ပြောပစ်ချင်သည်။
“နားလေးနေလား”
“ငဖြိုးသွားမပြောပါနဲ့ကွ” “မာယာရယ် သွားမပြောပါနဲ့ဟာ”ဟူသော ဖြည်းညင်းညင်း စကားသံနှစ်ခုကား တပြိုင်နက် ပေါ်ထွက်လာသည်။ ဤသို့ပြောဆိုသူကား ဇွဲရန်နိုင်နှင့် စန္ဒီဟူသော မိန်းကလေးပင်တည်း။

ဇာတ်သိမ်းပိုင်းအား ဆက်လက်စောင့်မျော်ပါရန်။

ရှမ်းကလေး

Sunday, February 24, 2008

“ဒိုင်ယာရီထဲက အတိတ်ကအကြောင်း” “ပထမပိုင်း”

မိုးလေးတွေ ဖွဲဖွဲလေး ရွာသွန်းနေချိန်မှာ ဧရာမပေတရာ လမ်းမကြီးပေါ်မှာ အစီးပေါင်း မြောက်များစွာသော ကားကြီးကားငယ်များကား အရောင်မျိုးစုံကို ဆင်ယင်လျက် ဖြတ်သန်းသွားလာနေကြသည်။ ထိုမိုးများ ရွာသွန်းနေသည့်ကြားမှ အရောင်မျိုးစုံ အမျိုးအစားမျိုးစုံဖြင့် ဖြတ်သန်းသွားလာနေသော ကားများကို ငေးမောကြည့်ဖြစ်နေသည့် လူတစ်ဦးကား.....
အမည်------ဇွဲရန်နိုင်
အသက်----27နှစ်


ဟုတ်ပါပေသည်... ဤလူ၏ အမည်ကား ဇွဲရန်နိုင်။ အရပ်က အနည်းငယ်ရှည်ပြီး ဆံပင်ကို အလယ်ခွဲထားကာ ကြည့်ကောင်းသော အမျိုးသား တစ်ယောက်လို့ ဆိုရပေမည်။ မိုးများရွာသွန်းနေသည့် လမ်းမကြီးပေါ်တွင် ကားများသွားလာ လှုပ်ရှားနေမှုကို နှစ်ထပ်တိုက်ပေါ်က သူ့ရဲ့အခန်းငယ် ပြတင်းပေါက်ကနေ တဆင့် ငေးမောကြည့်နေပေသည်။ သူနေထိုင်ရာအရပ်ကား ထိုင်းနိုင်ငံတွင်ဖြစ်သော်လည်း မြန်မာနိုင်ငံသားများ အများအပြားနေထိုင်ရာ မယ်ဆောက်မြို့၏ တနေရာတွင် ဖြစ်ပါပေသည်။ နှစ်ထပ်တိုက်ဆို၍ သူ့အိမ်တော့ မဟုတ်။ အခန်းငှားပြီးနေခြင်းဖြစ်သည်။ မယ်ဆောက်တွင် သူ့ဘ၀ရှင်သန်ရေးအတွက် စီးပွားရေး အလုပ်တခုကို လုပ်ကိုင်လျှက်ရှိပြီး တဖက်တွင်လည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တဖက်တလမ်းမှ သူကြိုးစားနေသည် မဟုတ်ပါလား။ စီးပွားရေးလုပ်ငန်း ဆိုသည်မှာကား အခြားမဟုတ်။ စတိုးဆိုင်တခုတွင် သူဈေးရောင်းနေသည်။ ထို့ကြောင့်လည်း (၂)ထပ်တိုက်ပေါ်တွင်ရှိသော သူယခုလက်ရှိ နေထိုင်ရာ အခန်းငယ်ကလေးကို ငှားရမ်းနိုင်ခြင်းပင် ဖြစ်ပါတော့သည်။ ဤအခန်းငယ်ကလေးအား သူကြိုက်နှစ်သက် ၍လည်း ဖြစ်ပါသည်။ ထိုင်းဘာသာ စကားကို အချိန်ရှိသမျှ သူလေ့လာ၍ အနည်းအကျဉ်းတော့ ပြောတတ်ပါသည်။ သူမယ်ဆောက်သို့ ရောက်ရှိခဲ့သည်မှာလည်း ကြာခဲ့ပြီ မဟုတ်ပါလား။ သူ၏အသက် (22)နှစ်ခန့်ကပင် သူမွေးဖွားရာနေရာ မြန်မာနိုင်ငံကြီးကို စွန့်ခွာကာ အခြားတိုင်းတပါးသို့ ထွက်လာခဲ့သည် မဟုတ်ပါလား။ ယခုဆိုလျှင်ပင် သူ၏အသက်မှာ (27)နှစ် တင်းတင်းပင် ပြည့်ပါတော့မည်။ မယ်ဆောက်လမ်းမကြီးပေါ်မှ အဆက်မပြတ် လှုပ်ရှားသွားလာနေသော ကားများကို ရပ်ကြည့်ရာမှ သူခေတ္တရပ်ကာ ပြတင်းပေါက်ပိတ်ပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ ထို့နောက် သူအိပ်နေကျ ကုတင်ပေါ်သို့ ကိုယ်ကိုပစ်လှဲလိုက်သည်။ ကုတင်ပေါ်သို့ သူ့ကိုယ်ပစ်လှဲကျသွားပေမဲ့ သူ့ရဲ့ ညာဖက်လက်တစ်ဖက်ကား အလိုလို စာအုပ်များတင်ထားသော စားပွဲပေါ်သို့ ရောက်ရှိသွားပေရာ ဒိုင်ယာရီစာအုပ် တစ်အုပ်အား ထိတွေ့ကာ ယူဆောင်လိုက်ပါတော့သည်။ ဒီနေ့မှပင် ဒိုင်ယာရီစာအုပ်လေးအား သူကိုင်ဆွဲခြင်းမဟုတ်။ နေ့တိုင်းလိုလို ထိုဒိုင်ယာရီစာအုပ်လေးအား ဖတ်ဖြစ်သည်မှာ သူမယ်ဆောက်မြို့ကို စရောက်ကတည်းကပင် ဖြစ်ပါသည်။ သို့သော် သူဒိုင်ယာရီမရေးဖြစ်ခဲ့သည်ကား (၅)နှစ်မျှပင် ကြာညောင်းခဲ့ပေပြီ။ သူဒိုင်ယာရီစာအုပ်ရဲ့ မျက်နှာဖုံးလေးအား စမလှန်ခင်တွင် သူ၏ဦးနှောက်ထဲတွင် နာမည်တခုအား ဖြတ်ကနဲ ကြားလိုက်သလိုပင် ခံစားလိုက်ရသည်။ ဤနာမည်ကား စန္ဒီပင် ဖြစ်ပါတော့သည်။ ဟုတ်ပါသည် စန္ဒီကား မိန်းကလေး တစ်ယောက်၏ အမည်ပင်ဖြစ်ပါသည်။ စန္ဒီဆိုသော မိန်းကလေး တဦးမှာ သူတက္ကသိုလ် ကျောင်းသားဘ၀တုန်းက သူ့ရဲ့ ပထမဦးဆုံး ချစ်သူလို့ ပြောနိုင်သလို၊ သူ့ဘ၀တွင် နောက်ဆုံးသော ချစ်သူရည်းစားလို့လဲ ပြောနိုင်ပါသည်။ သူ့ရဲ့ အတွေးတိုင်းကား ဤစန္ဒီဟူသော မိန်းကလေး၏ နာမည်ကား အမြဲတမ်း စူးစိုက်နစ်ဝင်နေသည်။ သို့သော် ဤစန္ဒီဆိုသော အမျိုးသမီးအား ခွဲခွာခဲ့သည်မှာ ယခုရက်နှင့်ဆိုလျှင် (5)နှစ်နဲ့ (၅)လပြည့်ဖို့ ၁ ရက်သာလိုပါတော့သည်။ မခွဲခွာချင်ပဲ ခွဲခွာခဲ့သော ချစ်သူတစ်ယောက်အား သူ့အဖို့ အလွန်မှ ခံပြင်းလှပါသည်။ အထင်လွဲမှားမှု တခုကြောင့် ခွဲခွာရသောကြောင့်ပင် သူ့မှာပိုပြီး ခံပြင်းရပါသည်။ ဒါပဲလေ ကံတရား။ ဘယ်ဗေဒင်ဆရာမှ ဟောတမ်းမထုတ်နိုင်တာပဲ ဟူသော အတွေးမျိုးကိုသာ စိတ်ထဲသွင်းကာ သူဖြေသိမ့်လာခဲ့သည်မှာလည်း ယခုထက်ထိပင်ဖြစ်ပါတော့သည်။ စန္ဒီဆိုသော ချစ်သူအားလည်း သူကိုယ်တိုင်ပင် စခွဲခဲ့သည် မဟုတ်ပါလား။
သူအတိတ်က ရေးသားထားသော ဒိုင်ယာရီစာအုပ်ထဲက အကြောင်းအရာများအား ပြန်လှန်ကြည့်ရမည်ဆိုလျှင်....
“စန္ဒီ” ဟူသော နာမည်းကား စာအုပ်လေးရဲ့ ညာဘက်ထောင့်တွင် နက်ပြာရောင် မင်ကလေးဖြင့် ရေးသားသည်မှာ အထင်းသား ပေါ်လွင်နေပါသည်။
......နေပြင်းပြင်းပူလျှက် ရှိနေပါသည်။ နေရားကား မြန်မာနိုင်ငံတွင် ထူးဆန်းစွာ အေးချမ်းသော တောင်ကြီးမြို့က အထက(၂) ကျောင်းတွင်ပင် ဖြစ်ပါတော့သည်။ တောင်ကြီးဟူသော မြို့ကလေးသည် အေးချမ်းပါသည်ဟု ဆိုသော်လည်း နေ့လည်တွင်မူကား နေကျဲကျဲပူလျှက်ရှိနေပေသည်။ သို့သော် အသက် (17)နှစ် ပတ်ဝန်းကျင်ရှိ ကျောင်းသားကျောင်းသူများ အယောက် (၅၀)ခန့်ကား နေပူကျဲသဲထဲတွင် ကျောင်းဝတ်စုံကို ကိုယ်စီဝတ်ဆင်လျှက် လက်ကလေးပိုက်ကာ တယောက်ယောက်ကို စောင့်နေကြရသည်။ ဤသို့စောင့်နေရသောသူကား အခြားသူမဟုတ်။ မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချူပ်ကြီး မောင်ဗိုလ်လာရောက် လည်ပါတ်သည်ဟုဆိုသည်။ နေပူကျဲသဲတွင် ရပ်စောင့်နေသော ကျောင်းသားကျောင်းသူ အယောက် (၅၀)ထဲတွင် စကားသံများကား တယောက်တပေါက် ထွက်နေကြသည်။
“ဒီလောက်နေပူတာကွာ၊ နေရိပ်ထဲ ရပ်စောင့်ခိုင်းလဲ ရတာပဲ”ဟူသော ရှမ်းသံခတ်ဝဲ၀ဲ အသံကား ထွက်ပေါ်လာသည်။
“အေးလေ ဟုတ်တယ်ကွာ” ဟူသော တချို့သော ကျောင်းသားများက ပြောဆိုလာသော်လည်း ဆရာဆရာမနှင့် နီးနီးနေသော ကျောင်းသူကျောင်းသားများကာ အသံပင်မထွက်။
“စကားမပြောကြနဲ့၊ သိပ်သိပ်နေကြနော်” ဟူသော ဟိန်းဟောက်သံနှင့်အတူ စကားသံတခုကား ကျောင်းသားများအား ငြိမ်ကျသွားစေသည်။ သို့သော် တီးတိုးတီးတိုး စကားပြောဆိုနေသော ကျောင်းသား (၂)ယောက်ကား...
“ဇွဲ မင်းမလစ်ချင်ဘူးလား”
“ဟာဟေ့ကောင့် မလစ်နဲ့ဦး ခဏနေ ငါတို့ လေ့ကျင့်ခန်းတွေ ပေးခံရဦးမယ်”
“ဘာလဲ မင်းက ကြောက်လို့လား၊ လာစမ်းပါ ဘယ်သူ့မ မတွေ့ဘူး”
“ငဖြိုး မင်း မဟုတ်တဲ့ နေရာမှာ သတ္တိမရှိချင် စမ်းပါနဲ့ကွာ”
“အခုက ဘယ်သူလာမှာလည်း ဒီလောက်တောင် စောင့်နေရတာကွာ ငါညောင်းလှပြီ”
“မသိဘူးကွာ.. ဗိုလ်ချူပ်မောင်ဗိုလ်လို့တော့ ပြောတာပဲ”
“ဟေ့ကောင် ရှုးတိုးတိုး ဟိုမှာ ဆရာကျောင်းလာပြီ”
မှန်သည် ထိုကျောင်းသားနှစ်ဦး စကားပြောနေရာ နေရာတည့်တည့်သို့ မျက်မှန်ခတ်ထူထူကြီးကို တပ်ဆင်ထားသော ကျောင်းဆရာတယောက် လာနေသည်။ စကားပြောနေသော ကျောင်းသားနှစ်ဦးကား ဇွဲအမည်ရှိသော ကျောင်းသားကား ဇွဲရန်နိုင်ဖြစ်ပြီး၊ ငဖြိုးခေါ် ကျောင်းသားကား ဝေဖြိုးပင်ဖြစ်ပါသည်။ သူတို့နှစ်ယောက်ကား တတွဲတွဲပင်ဖြစ်သည်။ တယောက်နှင့် စကြပြောင်ကြသော်လည်း စိတ်မဆိုးကျ။ သူငယ်ချင်းတွေဖြစ်ကြသည်။ တယောက်ကိုထိရင် တယောက်က ငြိမ်ငြိမ်မနေ။ ၀ိုင်းကူသည်။ ၀င်ကျဲသည်။
ဝေဖြိုးဟူသော သူငယ်လေးမှာ သူသိသလောက် ကြယ်နီအသိုင်းအ၀ိုင်းမှ ဖြစ်သည်။ ကြယ်နီဆိုသည်မှာ မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေးယူသော အဖွဲ့အစည်းများပင် ဖြစ်ပါသည်။ ဝေဖြိုးသည် ဤကျောင်းတွင် နာမည်ကြီးသည်။ စာတော်သည့်နေရာမဟုတ်။ ဆိုးတဲ့နေရာတွင်ဖြစ်သည်။ သို့သော် သူကငယ်တဲ့သူကို အနိုင်မကျင့်တတ်။ ခွေးအုပ်တစ်အုပ်က ခွေးတကောင်ကို လိုက်ကိုက်နေသည်ဆိုရင် အကိုက်ခံရသော ခွေးဘက်မှ ၀ိုင်းကူတတ်သော စေတနာသူ့မှာရှိသည်။ ထိုနည်းတူစွာ ကျောင်းသားတစ်ယောက်ကို အခြားကျောင်းသား နှစ်ယောက်သုံးယောက်က ဖြစ်စေ ၀ိုင်းရန်စလျှင် ကျောင်းသားတစ်ယောက်ဘက်မှ သူအမြဲပါသည်။ ဒီကောင်ပါလာလျှင် မည်သူမျှ ရန်မစရဲတော့။ ဇွဲရန်နိုင်ဟုခေါ်သော သူနှင့်ပင်လျှင် ဒီကောင်က ရန်ဖြစ်ရင်းနဲ့ပင် ခင်မင်ကြသည် မဟုတ်ပါလား။
ဒီကောင်နှင့်စတွေ့သည့် နေ့ကား စနေနေ့ အချိန်အခါ မနက်ခင်းလေးမှာပင် ဖြစ်ပါသည်။ မနက်(၇)နာရီတွင် စက်ဘီးတစ်စီးလေးနှင့် သူစီးထွက်လာခဲ့စဉ်က တောင်ကြီးလမ်းမကြီး တနေရာအရောက်တွင် သူနှင့်အသက် မသိမ်းမယိမ်း လူငယ် (၃)ဦးက ရှေ့တည့်တည့်မှ ဖြတ်ရှောက်လာကာ
“ဟေ့ကောင် ငဇွဲ ခဏနေဦးကွာ”ဟု ပါးစပ်မှလည်းပြော လက်ကလည်း သူ့ရဲ့စက်ဘီးလက်ကိုင်ကို ဆွဲကိုင်ထားလိုက်ကြသည်။
“ဘာလုပ်မလို့လဲကွ ငါသွားစရာရှိတယ်”ဟု သူအေးဆေးစွာပင် ပြန်ပြောလိုက်သည်။ အေးအေးဆေးဆေး ပြောမှ ဖြစ်မည်။ ဒီကောင်တွေက တွေ့သမျှလူတွေကို လိုက်ရန်စသည်။ သူ့ကို စပြီးစကားစပြောတဲ့ကောင်က အရပ်က ခတ်ပုပု၊ အသားကမည်းမည်း၊ နာမည်ကား မောင်ပုတဲ့။ နာမည်နှင့်လိုက်ပါပေသည်။ ပုပေမဲ့ ဒီကောင်က အဖွဲ့ခေါင်းဆောင်လို့ ပြောလို့ရသည်။ ကျန်တဲ့နှစ်ကောင်က မောင်အေးနှင့် မောင်ကျော်။ မောင်ပုရဲ့ နောက်လိုက်တပည့်တွေပင်။ မောင်ပုဆိုသူကား ဖခင်အားကိုးပြီး ထင်ရာကြဲနေတဲ့ကောင်။ သူ့ဖခင်ဆိုသူ ဦးကျော်မြင့်ဆိုသူကား ကြံ့ခိုင်ရေးဖွံဖြိုးရေးတွင် အတွင်းရေးမှူးဟု ဆိုသည်။
“ဟေ့ကောင် မင်းကို ကိုပုက မသွားနဲ့ဆို မသွားနဲ့ပေါ့ကွ” ဟု မောင်အေးဆိုသူက ပြောလာလေရာ.... သူစိတ်မရှည်တော့.. ၊ ဒါပေမဲ့ သီးတော့သီးခံရမယ်... ဒီကောင်တွေက သုံးယောက်..၊ ဒီကောင်တွေက လက်သံပြောင်တယ်..၊ တကယ်လုပ်မယ့်ကောင်တွေ...၊ အလားကားနေရင်း ကျောင်းတော့ မပျက်နိုင်ဘူး..၊ ဒါပေမဲ့ ဒီထက်ဆိုးလာရင်တော့....
“မင်းတို့က ဘာလုပ်မလို့လဲကွ”ဟု သူပြန်မေးလိုက်သည်။
“မင်းကိုခိုင်းမလို့”
“ဘာခိုင်းမလို့လဲ”
“ဒီနေ့ငါတို့ ကျောင်းကို လုပ်အားပေးမသွား ချင်ဘူးကွာ”
“မသွားချင်တော့ ငါက ဘာလုပ်ပေးရမလဲ”
“မင်းက ဆရာမကို ခွင့်တိုင်ပေး” ဒါတော့မဖြစ်နိုင်.. ခွင့်တိုင်ပေးလိုက်ရင် နေမကောင်းဘူးလို့ပဲ ခွင့်တိုင်မှရမည်..၊ အခုဒီကောင်တွေက ဘာမှမဖြစ်..၊ ဒီကောင်တွေ တခုခုလုပ်ရင် သူ့ခေါင်းပေါ် ဆွဲချခံရမည်ကား အရှုပ်ထုတ်၊
“မင်းအဖေနဲ့ တိုင်ခိုင်းပေါ့ကွ မင်းအဖေနဲ့ တိုင်ခိုင်းနေကြပဲ”
“ငါက ငါ့အဖေကို အားမကိုးချင်လို့ပေါ့ကွာ”
“ဒါဆိုလဲမင်းကိုယ့်ကို သွားတိုင်ပေါ့ကွ” ဟုပြောလိုက်သည်။ ဒီကောင်တွေ တမင်ညစ်နေမှန်း သူသိသည်။
“ငါကလည်း ဒီလိုမဖြစ်စလောက် အလုပ်ကို အစွမ်းမထုတ်ချင်ဘူးးကွာ”
“ဟာ ဒါတော့မင်းညစ်တာပဲကွ..”
“ကဲကွာ... မင်းသွားတိုင်မလား မတိုင်ဘူးလား”
“မတိုင်ဘူးကွာ” ခတ်ပြတ်ပြတ်သာ ပြောလိုက်လေသည်။
ထိုအခါ မောင်ပုဆိုသူကား “ဟေ့ကောင်တွေ ဒီကောင်က ငါခိုင်းတာကို ငြင်းနေတော့ ပညာလေး ဘာလေးပေးလိုက်ပါဦးကွာ” သူထင်တားတဲ့ အတိုင်းပင်၊ ဒီကောင်တွေ လုပ်ချင်တာ လုပ်လို့မရရင် လူအင်အားနဲ့ သုံးလာတော့မည်.။။ ထိုအချိန်ကား မောင်အေးဆိုသူနှင့် မောင်ကျော်ဆိုသူကား သူ့ကို တစ်ယောက် တစ်ဖက်မှ ၀ိုင်းလာကာ မောင်အေးဆိုသူက ညာဖက်လက်သီးနဲ့ သူ့ရဲ့မျက်နှာအား တအားထိုးချလိုက်သည်။ သူက သတိနှင့်နေသည့်သူမို့ ထိတော့မထိ။ ထိလိုက်ရင်တော့ မတွေးဝင့်စရာ။ သူစက်ဘီးပေါ်မှ ကမန်းကတန်း ဆင်းလိုက်သည်။ ဒီတိုင်းတော့ သူ့မှာမခံနိုင်။ ပြန်ချလျှင် ပြန်ချရမည်။ သူစက်ဘီးပေါ်က မဆင်းခင်ကတည်းက ထိုးဖို့စောင့်နေသူကား မောင်ကျော်။ သို့သော် မောင်ကျော်ဆိုသူ၏ ကိုယ်လုံးက ၀လွန်းနေ၍ အလှုပ်အရှားနှေးသည်။ ထို့ကြောင့် သူ့မှာသက်သာသည်ဟု ဆိုရမည်။ မောင်ကျော်၏ မျက်နှာတည့်တည့်အား သူကညာဘက်လက်သီးနှင့် ကျွေးလိုက်သည်။ ဟိုကောင် မျက်နှာပိတ်ပြီး ထိုင်ချရလောက်အောင် ဖြစ်သွားသည်။ မောင်အေးကား သူ့လူထိသွား၍ ကမန်းကတန်း ၀င်လာသည်။ မောင်အေးကား ဒီလိုပွဲမျိုး တွေ့နေကျမို့လို့ ထင်တယ်။ သွက်သည်။ သူ့ရဲ့ ပါးတဖက်က မောင်အေးရဲ့ လက်သီးတလုံးကို ထိထိမိမိကို စားလိုက်ရသည်။ သူလဲကျသွားသည်။ ထိုအခါ သူတို့ရဲ့ ခေါင်းဆောင် မောင်ပုဆိုသူကား သူလဲနေသည်ကို တွေ့ရာ ကမန်းကတန်း ပြေးဝင်လာကာ ခြေထောက်နှင့် နှစ်ချက်ဆင့်ကန်တာကို ခံလိုက်ရသည်။ မောင်အေးလည်း သူ့ဆရာနည်းတူ ကန်ဖို့ ပြင်လိုက်ရာ...
“ဟေ့ကောင်တွေ ရပ်လိုက်စမ်း”ဟူသော ခတ်ကျယ်ကျယ် အသံတခုကား သူ့ကို အားပေးလိုက်သလိုပင်။ မောင်အေးနှင့်မောင်ပု ဆရာတပည့်နှစ်ယောက် ဖြတ်ကနဲ လှည့်ကြည့်လိုက်သည်။ တပြိုက်နက်ထဲမှာပင် တုတ်တချောင်းကိုင်လာသော လူငယ်တစ်ယောက်ကို သူတို့တွေ့လိုက်၍ နောက်ကို နှစ်လှမ်းလောက် ဆုတ်လိုက်သည်။ ပြေးလာသူကား အခြားသူမဟုတ်။ ဝေဖြိုးဟုခေါ်သော လူငယ်တစ်ယောက်ပင် ဖြစ်ပါသည်။
“မင်းတို့က တအုပ်နဲ့ တယောက်ကို ၀ိုင်းအနိုင်ကျင့်နေတာပေါ့” ထိုအခါ မောင်ပုဆိုသူကား
“ဒါမင်းနဲ့ မဆိုင်ဘူးလေကွာ ဝေဖြိုး”
“ဟေ့ကောင် ငပု ငါ့ရှေ့မှာ မင်းတို့က ဘယ်သူ့ကိုမဆို ၀ိုင်းအနိုင်ကျင့်တာကို တွေ့ရင်တော့ ငါ့နဲ့ အကုန်ဆိုင်တယ်ကွ..၊ မင်းတို့ ဒီဝါးရင်းတုတ်စာမိပြီး ဆေးရုံပေါ်မှာ တပါတ်လောက် မအိပ်ချင်ရင်တော့ ငါ့ရှေ့က အမြန်ဆုံး ထွက်သွားရင် ကောင်းလိမ့်မယ်” ဟုဝေဖြိုးက ခတ်ပြက်ပြက် ပြောလိုက်လေရာ မောင်အေးဆိုသူကား
“လာ ကိုပု လစ်မယ်.၊ ဒီကောင်က တကယ်သွယ်မယ့်ကောင်”ဟု မောင်ပုလက်ကို ဆွဲကာ ထွက်သွားဖို့ပြင်နေစဉ်
“ဟေ့ကောင်တွေ မင်းတို့ ဘော်ဒါ ငကျော်ကို ငါ့ဝါးရင်းတုတ်မြည်းခိုင်းဖို့ ထားခဲ့တာလား တခါတည်းခေါ်သွား၊ ဒီနေ့ငါလူ သိပ်မရိုက်ချင်သေးဘူး”ဟု ဝေဖြိုးက ပြောလိုက်ခြင်းကြောင့် မောင်အေးက ငကျော်ကို ပြေးထူကာ ခေါ်သွားလေးသည်။ ငကျော်ဆိုသူအား သူက လက်သီးတလုံးကျွေးထား၍ မထနိုင်မထိုင်နိုင် ဖြစ်နေသည် မဟုတ်ပါလား။
“မင်းဘာဖြစ်သွားသေးလည်း”ဟု ဝေဖြိုးက သူ့ကို ဆွဲထူကာမေးလိုက်လေသည်။
“ဘာမှမဖြစ်ပါဘူး တချက်တော့ ကောင်းကောင်းကြီးထိသွားတယ်ကွ..၊ ကျေးဇူးပဲကွာ..၊ ဒါနဲ့ မင်းရဲ့ နာမည်က ဝေဖြိုးလား”
“အေးဟုတ်တယ်..၊ ငါ့နမည်ဝေဖြိုး၊ မင်းနမည်ကကော”
“ငါ့နည်မည်က ဇွဲရန်နိုင်..၊ သူငယ်ချင်းတွေကတော့ ငါ့ကို ဇွဲလို့ခေါ်တယ်”
“ဒီကောင်တွေက ဒီလိုပဲကွ..၊ သူများကို အနိုင်ကျင့်တာ ငါလုံးဝမကြိုက်ဘူး”
“ဘယ်လိုဘဲဖြစ်ဖြစ် ငါကတော့ မင်းကိုအရမ်းကျေးဇူး တင်တယ်ကွာ”
“ဒီလောက်လဲမဟုတ်ပါဘူးကွာ”
“ဒါနဲ့ မင်းက ဘယ်လမ်းမှာနေတာလည်းကွ”
“ငါက ဘုရင့်နောင်လမ်းမှာနေတာ၊ မင်းကော”
“ငါက ကျန်စစ်မင်းလမ်းမှာနေတာ” ဟု သူတို့နှစ်ယောက် အပြန်အလှန်မိတ်ဆက်ကြရင်း သူကစက်ဘီးကို ဆွဲကာ နှစ်ယောက်စလုံး လမ်းလျှောက်ထွက်လာကာ ကျောင်းသားတွေထိုင်နေကြ ကြံရည်ရောင်းတဲ့ဆိုင်တွင် ထိုင်ကာ...
“ဟာ ဇွဲ မင်းကို ဘယ်ကောင်သွယ်လိုက်တာလဲ” ဟုကြံရည်ဖျော်နေသူ သူ့ရဲ့သူငယ်ချင်း လင်းနိုင်ကာ မေးလာလေသည်။ တွေ့တဲ့လူတိုင်း ဒီလိုမေးမည်ဟု သူကိုယ်တိုင်က မျော်လင့်ထားသည် မဟုတ်ပါလား။ အဘယ်ကြောင့်ဆိုသော် သူ့အား မောင်ပုဖြစ်သူရဲ့ တပည့် မောင်အေးက လက်စွမ်းပြသွားခဲ့သည် မဟုတ်ပါလား။
“အေးကွာ.. မောင်ပုတို့အဖွဲ့ ငါ့ကို ရန်ရှာသွားတာ..၊ ဒီကဘော်ဒါဝင်ကယ်ပေလို့သာပေါ့”
“ဟာ ငဖြိုး... ”ဟု လင်းနိုင်ရဲ့ ပါးစပ်မှ နာမည်တခုကို အော်ခေါ်လိုက်ရာ
“ဟာ ငနိုင် မင်းဒီရောက်နေတယ် ဟုတ်လား”ဟု ဖြိုးဝေက ပြောလိုက်လေသည်။ အော.. သူတို့နှစ်ယောက်က သိနေကြတဲ့သူတွေကိုး။
“မင်းကံကောင်းတယ် ဇွဲ... ငဖြိုးနဲ့ တွေ့လို့ပေါ့ကွာ.. သို့မဟုတ်ရင်တော့ မင်းပါးနှစ်ဖက်စလုံး ရောင်ပြီသာမှတ်”
ပြီးတော့ လင်းနိုင်ကပဲ
“ဒီကောင်က ဒီနယ်တ၀ိုက်မှာ ကျွမ်းပြီးသားကွ..၊ မင်းက ဒီမှာနေတာ ကြာတာ ဘာမှမသိသေးဘူး”
“မင်းက သိလှချည်လားကွ”
“သိတာပေါ့ကွာ မင်းလိုအခန်းထဲမှာပဲ ပုန်းပြီးမှမနေတာ စနေနေ့မှ အပြင်ထွက်တဲ့ကောင် မဟုတ်ဘူးကွ”
“မင်းကလည်း ငါ့ကိုတွေ့ရင် ဖဲ့ဖို့ပဲစဉ်းစားနေတယ်”ဟု လင်းနိုင်အား သူပြန်ပြောလိုက်သည်။
“မင်းတို့ ကြံရည်သောက်မလား”
“အေးကွာ.. (၂)ခွက်ချကွာ... မင်းပါထိုင်မယ်ဆိုရင် သုံးခွက်ပေါ့”ဟု လင်းနိုင်အမေးကို သူပြန်ဖြေလိုက်သည်။ သူတို့သုံးဦးကြံရည်ကို တယောက်တခွက်စီသောက်ကာ လမ်းခွဲလိုက်ကြသည်။...
ဒုတိယပိုင်းကိုဆက်လျှက် ရှုစားပါရန်..
ရှမ်းကလေး

Tuesday, February 12, 2008

သူတို့လေးတွေလည်း သိသင့်ပါတယ်

မိုးလေးတဖွဲဖွဲ ရွာသွန်းနေသော် ငြားလည်း ပေတစ်ရာ ဧရာမ လမ်းမကြီးပေါ်မှာ ကတော့ ဆိုင်ကယ်တစ်စီး ဖြည်းညင်းစွာ ပြေးလွားသံလေးက နားသာယာချင်စဖွယ်လေးပင်... နေရာကား ထိုင်းနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ တောင်ပေါ်မြို့ မယ်ဟောင်ဆောင် မြို့တော်လေး.။.. သို့ပေမဲ့ Dream 125 ဆိုင်ကယ်ကို မိုးဖွဲဖွဲလမ်းမကြီးပေါ်မှာ ထိုင်းလူမျိုး တစ်ဦးတော့မဟုတ်ပေ။ အမိမြန်မာ နိုင်ငံတော်မှာ မွေးဖွားပြီး အကြောင်းအမျိုးမျိုးကြောင့် သူတပါးနိုင်ငံထဲသို့ တိုးဝှေ့ဝင်ရောက် အလုပ်လုပ်နေသူတို့ထဲတွင် တဦးအပါအ၀င် ဖြစ်သူ မြန်မာလူမျိုးတဦး ပင်ဖြစ်ပါသည်။ အသက် (၂၇)နှစ်သာသာ လောက်ရှိသော ရှမ်းတိုင်းရင်းသားလေး ဆိုလျှင်မမှားနိုင်ပါ။ ထိုသူ၏ နာမည်ကား နော်ခမ်းပင်ဖြစ်သည်။ နာမည်အပြည့်အစုံကို ပြောရလျှင် စိုင်းနော်ခမ်းပင် ဖြစ်ပါလေးသတည်း။

စိုင်းနော်ခမ်း

သူမယ်ဟောင်ဆောင်တွင် အခြေချနေထိုင်လာသည်မှာ တော်တော်ကြာပြီဟု ပြောလို့ရပါသည်။ ဤ(၂၀၀၈) ခုနှစ်ပင်လျှင် သူထိုင်းနိုင်ငံတွင် နေထိုင်သည်မှာ (၆)နှစ်ရှိနေပြီ မဟုတ်ပါလား။ သူသည် ရိုးသားသည်၊ ပွင့်လင်းသည်၊ သူမှန်သည်ကို လူတဦးဦးက အမှားလာပြောလျှင် ဘယ်သောအခါမှ အပြောမခံ။ သို့ပေမဲ့ မှားနေသည်ကို သိလျှင်တော့ အမှားကို အမှန်သို့ မြန်မြန် ပြန်ပြင်သင့်လျှင် ပြန်ပြင်တတ်သော လူငယ်တစ်ဦး။ လူတစ်ဦး တယောက်အပေါ် ရိုင်းပင်းကူညီတတ်တဲ့စိတ် သူ့မှာ အမြဲရှိသည်။ ယခုလောလော ဆယ်တွင် သူစတိုးဆိုင်တခုတွင် အလုပ်လုပ်နေသည်။ မယ်ဟောင်ဆောင်မြို့တော်ရဲ့ အလယ်လတ်စရင်းဝင် စတိုးဆိုင်ဆိုလျှင် မမှားနိုင်။ စတိုးဆိုင်တွင် သူဈေးရောင်းရသည်။ ရှမ်းတိုင်းရင်းသား ဖြစ်သည်က သူ့အတွက် တမျိုးတဖုံ ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ရှမ်းစကားသည် ထိုင်းစကားနှင့် နဲနဲပါးပါးနီးစပ်သည် မဟုတ်ပါလား။ ထို့ကြောင့်လဲ သူစတိုးဆိုင်တွင် ပင်ပန်းတဲ့ အလုပ်မလုပ်ရဘဲ ဈေးရောင်းသည့်အလုပ်ကို လုပ်ရပေသည်။ သို့ပေမယ် သူဒီလို ကောင်းမွန်တဲ့ အလုပ်ကို လုပ်ရပေမဲ့ သူကိုယ့်ကို အထင်မကြီး။ ကိုယ့်နိုင်ငံက အလုပ်လာလုပ်တဲ့ နိုင်ငံသားတွေ သာမက ထိုင်းနိုင်ငံက သူ့ရဲ့ အိမ်နီးချင်းများကိုလည်း သူ့ထက်ကြီးသူကို အကိုသဖွယ်၊ ဦးလေးသဖွယ် သူ့ထက်ငယ်သူကို ညီငယ်သဖွယ် ညီမငယ်သဖွယ် လေးစားစွာ ဆက်ဆံလိုသော စိတ်သူ့တွင် အမြဲရှိသည်။ ယခုပင်လျှင် သူအလုပ်လုပ်သော စတိုးဆိုင်မှ ပြန်လာပေသည် မဟုတ်ပါလား။ သူနေထိုင်ရာ အိမ်လေးသည် မယ်ဟောင်ဆောင် မြို့ထဲတွင် မဟုတ်သော်လည်း သူ့အိမ်မှ မယ်ဟောင်ဆောင်မြို့ထဲသို့ သွားလျှင်သော် (၁၅) မိနစ်ခန့် ကြာပေမည်။ သူနေထိုင်သော နေရာကား ထိုင်းအခေါ် ရွာသဖွယ်ဖြစ်ပြီး သူ့အနေနှင့် ပြောရမည် ဆိုသော်ကား မြို့လေးတစ်မြို့ဟု သူခေါ်ဆိုရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူနေထိုင်ရာ ရွာကလေးကား လျှပ်စစ်မီိးသည် မြန်မာနိုင်ငံက ရန်ကုန်မြို့လို ပျက်တောက်ပျက်တောက် မလာပဲ၊ နေ့စဉ်နေ့တိုင်း (၂၄)နာရီ လုံးလုံး အချိန်မှန်မှန် လာပါပေသည်က တစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော်ဖြစ်သော ရန်ကုန်မြို့လို အင်တာနက်များ သုံးဖို့ကို လူဖြူလူမည်းခွဲထားပေမဲ့ သူနေထိုင်ရာ ရွာငယ်ကလေးကား ထိုင်းလူမျိုးတင်မက မြန်မာလူမျိုးများပင်လျှင် အင်တာနက်သုံးတတ်လျှင် ပိုက်ဆံပေးပြီး ၀င်သုံးနိုင်ပေသည်။ ရန်ကုန်လို ဈေးကြီးကြီးပေးစရာပင်မလို။ (၁)နာရီသုံးလျှင် မည်သူမဆို ဘတ်(၂၀) ပေးဆောင်ရပါသည်။ ထို့ကြောင့် သူနေထိုင်ရာ ဤရွာကလေးအား သူ့အနေဖြင့် မြို့လိုထင်မြင်မိသည်က အထင်မှားစရာ မရှိနိုင်ပေ။ အချိန်နာရီကား ညအချိန် (၀၇း၀၀)နာရီခန့်ပင် ရှိချေလေပြီ။ သူရဲ့ တိုးညင်းသော ဆိုင်ကယ်သံလေးက ထိုး၍ရပ်သွားလေပြီ။ အဘယ်ကြောင့်ဆိုသော် သူသည် အိမ်ကိုရောက်နေပြီ မဟုတ်ပါလား။ သူ့ရဲ့အိမ်မှာ ထရံကာ၊ ဓနိမိုးအိမ်သာ ဖြစ်သော်ငြားလည်း သပ်ရပ်သေသတ်စွာ ဆောက်ထားသည်။ သူ့အိမ်ရဲ့ ညာဖက်တလျှောက်လုံးတွင် သူ့အိမ်လိုပဲ ထရံကာ၊ ဓနိမိုးအိမ်ကလေးတွေက အစီအရီ တည်ဆောက်ထားပေသည်။ ထို့ကြောင့် သူ့ရဲ့အိမ်မှာ ထိပ်ဆုံးအိမ်လို့ ပြောနိုင်ပြီး၊ အစွန်ဆုံးအိမ်လို့လဲ ပြောနိုင်ပါသည်။ ခုဏက သူ့ရဲ့ ဆိုင်ကယ်အသံကြောင့် ထင်တယ်။ သူ့အိမ်ဘေးက ထိုင်းဦးလေးကြီး တယောက်က ထိုင်းလို “နော်ခမ်း ပြန်လာပြီလားကွ” လို့ မေးကာ ထိုဦးလေးမှာလည်း အိမ်ပေါ်မှ ဆင်းလာကာ သူ့ရဲ့ အိမ်လေးရှိရာ ကွတ်ပျစ်ပေါ်သို့ ကိုယ်ကို ပစ်လဲကာ ထိုင်ချလိုက်သည်။ သူကလည်း “ဟုတ်ကဲ့ ပြန်လာပါပြီ ဘကြီး”လို့ ရိုသေစွာ ပြန်ဖြေလိုက်သည်။ သူ့အိမ်ရဲ့ ကွတ်ပျစ်ပေါ်မှာ ထိုင်နေသူကား အခြားသူမဟုတ်။ သူနေထိုင်နေသော အိမ်ရဲ့ အိမ်ပိုင်ရှင်ပင် ဖြစ်ပါသည်။ ထိုဦးလေး၏ နာမည်ကား ဦးလေးတိပင် ဖြစ်ပါသည်။ ဦးလေးတိ ဆိုသည်မှာ ချမ်းသာကြွယ်ဝသော ဦးလေးကြီး တဦးလို့ဆိုရပေမည်။ သို့သော် ထိုဦးလေးကြီးကား ငွေကြေးချမ်းသာသော်လည်း ကြွားဝါတတ်ပုံမရ။ ထိုဦးလေးတွင် (၁၈)နှစ်သာသာ မိန်ကလေး သမီးငယ်တစ်ဦးရှိကာ၊ (၁၅) နှစ်သာသာ သားယောက်ကျားလေး တစ်ဦးရှိပေသည်။ ထိုဦးလေး၏ ဇနီးသည်ကား သူသိရသလောက် ကံမကောင်း အကြောင်းမလှ၍ သေဆုံးသွားသည်။ မိခင်မဲ့ သားနှင့်သမီးအား ထိုဦးလေးကြီးကပင် မိခင်လိုသမျိုး၊ ဖခင်လိုသဖွယ် ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့သည်မှာ သူ့အတွေ့ပင်ဖြစ်ပါလေသတည်း။

“မင်းဒီနေ့ အိမ်ပြန် နောက်ကျလှချည်လား”လို့ ဦးလေးတိကပင် သူ့ကို စကားစပြောလိုက်သည်။

သူဆိုင်ကယ်သိမ်းရာကနေ ပြန်လာပြီး “ဆိုင်မှာ မြန်မာလူမျိုး တစ်ဦးဈေးလာဝယ်နေလို့” ဟုပြန်ပြောလိုက်လေသည်။

“အများကြီး ၀ယ်သွားလား”

“များတယ်၊ စက္ကူတို့၊ တိတ်တို့၊ ဆော့ပဲန်တို့လေ”

“သြောဟုတ်လား ဒါနဲ့ မင်းအလုပ်ကော အဆင်ပြေရဲ့လား” ဤမေးခွန်းကား သူနဲ့တွေ့တိုင်း ဦးလေးတိမေးနေကျ မေးခွန်း။

“ဟုတ်ကဲ့ အဆင်ပြေပါတယ်”လို့ သူကလည်း ဖြေနေကျအတိုင်း ပြန်ဖြေလိုက်သည်။

ထိုအချိန်မှာပင် သူ၏အိမ်သို့ ဦးတည်လမ်းလျှောက် လာနေသော (၁၆)နှစ်သာသာ ထိုင်းလူငယ် သုံးဦးကား သူ့အိမ်ရဲ့ မနီးမဝေးမှာပင် ရပ်ကာ “အကိုပြန်လာပြီလား” လို့ ထိုင်းလူငယ် အိုက်စဉ်းက ကြိုတင်မေးလိုက်လေသည်။

“အေးကွာ.. ဒီနေ့နောက်ကျသွားတယ်၊ လာလေ အိမ်ပေါ်တက်လာခဲ့ စကားပြောကြရအောင်”

ဘာရယ်မဟုတ် သူ့ရဲ့ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ထိုင်းလူငယ်လေးများသည် သူ့ကို အကိုလို ချစ်ခင်လေးစားကြပြီး၊ သူ့ထက်ကြီးတဲ့ အဖိုး၊ အဖွား၊ အကိုဦးလေး အဒေါ်များပင်လျှင် ကိုယ့်တူကိုယ့်သား လိုသဖွယ် ချစ်ခင်ကြသည်။ ဤသည်မှာ အကြောင်းရှိပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ညစဉ် (၈)နာရီမှ (၉)နာရီအထိ သူ့ရဲ့အိမ်နီးချင်း ဘေးပတ်ဝန်းကျင်တွင် ရှိသော ထိုင်းလူငယ်လေးများကို အင်္ဂလိပ်စာ သင်ပေးသည် မဟုတ်ပါလား။ သူသည် တက္ကသိုလ်ကျောင်းသား ပညာတတ် မဟုတ်လင့်ကစား အမိမြန်မာပြည်တွင် တက္ကသိုလ်သို့ ၀င်ရောက်ဖြေဆိုနိုင်သော (၁၀)တန်းဆိုသော ကျောင်းသား ဘ၀ကို အောင်မြင်စွာဖြတ်သန်း လာခဲ့ယုံသာမက သူလေ့လာသင်ယူ ခဲ့သမျှ ပညာရပ်များကို သူထိုင်းနိုင်ငံကို ရောက်ရှိချိန်မှ ယခုအချိန်ထိ လေ့လာလိုက်စားနေသည် မဟုတ်ပါလား။ ဤသည်မှာလည်း သူ့အတွက် အကျိုးတရပ်ဖြစ်ထွန်းခဲ့ပါသည်။ သူလေ့လာ သင်ယူခဲ့သမျှ ပညာရပ်များကို သူ့ပတ်ဝန်းကျင်တွင် နေထိုင်သော ထိုင်းလူငယ် များသာမက မြန်မာကလေးများ ကိုပင် ပြန်လည်ဝေငှပေးသည် မဟုတ်ပါလား။ ဒါကြောင့်လည်း ထိုင်းလူငယ်များသာမက မြန်မာကလေးများကပင် သူ့ကို ဆရာ၊ ဆရာလို့ ခေါ်ကြသည်မှာ မဆန်းပါ။ သူအင်္ဂလိပ်စာကို ပြန်လည်ဝေငှပေးပြီး ထိုင်းကျောင်းသား ကျောင်းသူဆီမှလည်း ထိုင်းစာကို ပြန်လည်လေ့လာသင်ယူခဲ့သည်မှာ ကြာခဲ့လေပြီ။ ထို့ကြောင့် သူသည်လည်း ထိုင်းကျောင်းသား ကျောင်းသူများ၏ တပည့်ဆိုလျှင် မမှားနိုင်ပေ။

“အကို ထမင်းစားပြီးပြီလား” လို့ ထိုင်းလူငယ်သုံးဦးထဲက အရပ်ရှည်ဆုံး လူငယ်တဦးဖြစ်သူ အိုက်နောင်က သူ့အားမေးလိုက်လေသည်။

“အေးကွာ ဒီနေ့ဆိုင်မှာ ခေါက်မန်းကိုင်(န်) ပဲစားလာလိုက်တယ်”။

ခေါက်မန်းကိုင်(န်)ဆိုသော အခေါ်အဝေါ်မှာ ထိုင်းအခေါ်အဝေါ်ဖြစ်ပေသည်။ စာလုံးပေါင်းမှားနိုင် ပါသည်။ ခေါက်ဆိုသည်မှာ ထမင်းဖြစ်ပြီး၊ မန်းဆိုသည်မှာ ဆီ(အဆီ) ဖြစ်ကာ၊ ကိုင်(န်)ဆိုသည်မှာ ကြက်ဖြစ်ပါသည်။ ထို့ကြောင့် ထိုင်းအခေါ်အဝေါ် ခေါက်မန်းကိုင်(န်) ဆိုသည်မှာ မြန်မာအခေါ်အဝေါ်နှင့် ခေါ်ဆိုရလျှင် ကြက်ဆီထမင်း ပင်ဖြစ်ပါလေသတည်း။

“အကိုဒီနေ့စာ မသင်တော့နဲ့လေ”ဆိုပြီး နောက်ဆုံး ထိုင်းကျောင်းသားလေး တဦးဖြစ်သူ အိုက်ရှန်က တောင်းဆိုလာသည်။ အိုက်ရှန်ပြောလာသော စကားကို သူရိပ်မိပါသည်။ အဘယ်ကြောင့်ဆိုသော် မနေ့က အင်္ဂလိပ်စာသင်ပြီး ပြီးဖို့(၅)မိနစ်အလိုတွင် ကျောင်းသူကျောင်းသားများအား သူက မြန်မာနိုင်ငံသား အားလုံး၏ ကျေးဇူးရှင် ဖခင်ဗိုလ်ချူပ် အောင်ဆန်း၏ အကြောင်းအား အစချီပြောထားသည် မဟုတ်ပါလား။ ထိုကျောင်းသား ကျောင်းသူများသည် သူအစချီပြောပြီးသည်နှင့် တော်တော်စိတ်ဝင်စားသွားကြသည်။ ဤသည်မှာ ဗိုလ်ချူပ်၏ အကြောင်းပင် စုံလင်စွာ သူမပြောရသေး။ ကျောင်းသူ ကျောင်းသားများက သူ့အား ဆက်ပြောရန် ပြောဆိုခဲ့သေးသည်။ သို့သော် သူနောက်တနေ့တွင် အလုပ်လုပ်ရမည် မဟုတ်ပါလား။ ထို့ကြောင့် သူအားတဲ့တနေ့ သူဖတ်ဖူးခဲ့သမျှ စာအုပ်တွေထဲက ဗိုလ်ချူပ်အောင်ဆန်း အကြောင်းကို ပြောပြမည်ဟု မနေ့က ကတိပေးခဲ့သည်မဟုတ်ပါလား။ သို့သော် သူမသိသလိုပဲနေကာ...

“ဘာဖြစ်လို့လဲကွ”

ထိုင်းလူငယ်သုံးဦးက တပြိုက်နက်“ မနေ့က ဗိုလ်ချူပ်အောင်ဆန်း အကြောင်း နားထောင်ချင်လို့ပါ” လိုပြောလာလေသည်။ အော.. ဒီကောင်တွေက ဒီနေ့မှ အစောကြီးလာသကိုးလို့ သူတချက်တွေးကာ

“အေးကွာ ဗိုလ်ချူပ်အောင်ဆန်းရဲ့ အကြောင်းကို ငါလေ့လာသလောက် ပြောရမယ်ဆိုရင်တော့ ခဏနေလူစုံမှ ပြောတော့မယ်ကွာ” လို့ သူစကားကို ဖြတ်ချလိုက်သည်။ သို့သော် သူ့စကား ဆုံးသွားသွားချင်း အိုက်စဉ်းက “ဟာ အကိုကလည်း မနေ့က ပြောပြခဲ့တာကို ပြန်ပြောလေ၊ မနေ့က ဘကြီးလည်း မရှိဘူး၊ ဘကြီးလည်း နားထောင်ရတာပေါ့။” ဘကြီးဆိုသည်မှာ ဦးလေးတိကို ရည်ညွန်းခြင်းပင်ဖြစ်ပါသည်။

ဦလေးတိကလည်း “အေး ဟုတ်တယ်ကွာ ဗိုလ်ချူပ်အောင်ဆန်း နာမည်ကိုတော့ ငါ့နားထဲမှာ ကြားဖူးသယောင်ပဲ၊ ငါလည်း သူ့အကြောင်း အရမ်းစိတ်ဝင်စားတာ။ သိလည်းသိချင်တယ်၊ မင်းအစကတည်းက မပြောဘူးကွာ၊ အခုပြောကွာ။ ဒီညတော့ မအိပ်တော့ဘူးဟေ့”လို့ ကြွေးကြော်ပြီး ပြောလိုက်လေတော့ ကျွန်တော်လည်း မပြောလို့မဖြစ်တော့ဘူး။ သူကိုယ်တိုင်ကလည်း ဗိုလ်ချူပ်အောင်ဆန်းက မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် ကြိုစားခဲ့ပုံတွေကို ပြောပြနေချင်သည် မဟုတ်ပါလား။ ဤသို့ဤပုံ ထိုင်းမျိုးဆက်သစ် လူငယ်များနှင့် ဦးလေးကြီးများကပါ ဗိုလ်ချူပ်အောင်ဆန်း၏ အကြောင်းအား စိတ်ပါဝင်စား လာသည်ကိုပင် သူ့အနေဖြင့် ကျေးဇူးပင်တင်ရပေဦးမည်။ ထို့ကြောင့်သူလည်း ထိုညတွင်ပင် ထိုင်းလူငယ် ကျောင်းသားကျောင်းသူများ၊ မြန်မာကလေးငယ်များနှင့် ဦးလေးတိတို့ကို ဗိုလ်ချူပ်အောင်ဆန်း၏ အကြောင်းအား ဗိုလ်ချူပ်မည်သည့် ဒေသတွင် မွေးဖွားသည်ကအစ ဗိုလ်ချူပ် လုပ်ကြံခံရပြီး သေဆုံးသွားသည်အထိ သူသိသလောက် ပြောပြကာ ထိုင်းလူငယ်များကပင် ဗိုလ်ချူပ် လုပ်ကြံခံရသည်ကို ကြားရသည်နှင့် မျက်ရည်များဝဲကာ ငိုရိုက်သံတွေပါ ထွက်လာသည်ကို သူကြားမိသဖြင့် မြန်မာကလေးများအဖို့ မည်မျှခံစားရမည်ကို စာဖတ်သူတို့ပဲ တွေးကြည့်ပါလော့......

ရှမ်းကလေး