Friday, November 16, 2007

“ကျားကနွားကိုချောင်းမြောင်းကိုက်ဖြတ်စားသောက်ရခြင်းမှာ”

ရှေးအခါတုန်းက လယ်သမားလင်မယားနှစ်ယောက်ဟာ ကျားပေါက်စတစ် ကောင်ကိုအိမ်မှာမွေးထားတယ်တဲ့။ အဲ့ဒီကျားလေးဟာအလွန်မှယဉ်သတဲ့။တနေ့မှာတော့ကျားလေးဟာသူ့ကိုကျွေးမွေးထားတဲ့ကျေးဇူးရှင်ကိုကူညီချင် သတဲ့။ဒါနဲ့သူလည်းလယ်ယာထဲကိုသယ်သွားဖို့သက်ကယ်တွေကိုကူသယ်ပေးတယ်တဲ့။သက်ကယ်တွေကခြောက် နေတော့လမ်းတစ်ဝက်လောက်မှာမီးထလောင်လေပါရောတဲ့။ကျားကလည်းဘာလုပ်ရမယ်မသိတော့လျှောက်ပြေးနေ တာပေါ့။ဒါနဲ့ကျားလျှောက်ပြေးနေရင်းနွားတစ်ကောင်မြက်စားနေတဲ့နေရာကိုရောက်လာသတဲ့။ကျားလည်းမီး ငြိမ်းအောက်ဘယ်လိုလုပ်ရမယ်ဆိုတာကိုမသိတော့

အဆွေနွားကျွန်ုကျောကုန်းပေါ်တွင် မီးလောင်နေသည်ကိုဘယ်လိုငြိမ်းရမည်နည်း
လို့မေးလိုက်သတဲ့။ နွားလည်း မကောင်းတဲ့စိတ်နဲ့
အဆွေကျားသင်တောင်ပေါ်ကိုပြေးတက်လျှင်မီးငြိမ်းနိုင် ပါတယ်
လို့ကောက်ကျစ်စွာပြန်ပြောတယ်တဲ့။ဒါနဲ့ကျားလည်းနွားပြောသလိုလုပ်တော့လေကပိုတိုက်လာပြီးမီးက

ပိုတောက်လာသတဲ့။ဒါကြောင့်ကျားရဲ့ကျောကုန်းဟာပိုပိုပြီးပူလာတယ်တဲ့။ကျားလည်းဆက်ပြေး ဆက်ပြေးရင်း
ကျွဲရှိရာသို့ရောက်သွားတယ်တဲ့။ကျားကကျွဲကိုမြင်တော့နွားကိုမေးတဲ့အတိုင်းမေးတယ်တဲ့။ကျွဲကလည်းစိတ်ကောင်း
စေတနာရှိစွာဖြင့်ကျားကိုရေအိုင်ထဲဆင်းရန်အကြံပေးတယ်တဲ့။ဒါနဲ့ကျားမှာရှိတဲ့မီးဟာလုံးလုံး
ငြိမ်းသွားတယ်တဲ့။ဒါနဲ့
ကျားက ကျွဲကိုကျေးဇူးတင်ကြောင်းပြောပြီး နွားကိုတော့ယနေ့ထိတိုင်ချောင်းမြောင်းကိုက်ဖြတ်နေတာပေါ့ကွယ်။

ရှမ်းကလေး

မှတ်ချက်။ ။ထိုပုံပြင်သည်ကျောင်းနေစဉ်အရွယ်က၀ိုင်းသူငယ်ချင်းများဝိုင်းဖွဲ့ပြေလေ့ရှိသောကြောင့်

ကြားဖူးနားဝရှိရပါသည်။

“ခေါင်းစားရင်မင်းဖြစ်တယ်၊ မင်းဖြစ်ရင်မင်းခံ”

တနေ့နအဖစစ်ဗိုလ်ကြီးသန်းရွေတစ်ယောက်လူကြီးတစ်ယောက်ဆီကနေစကားပုံတစ်ခုကြားသွားသတဲ့။ အဲ့ဒီ စကားပုံကတော့ခေါင်းစားရင်မင်းဖြစ်၊မင်းဖြစ်ရင်မင်းခံဆိုတဲ့စကားပုံလေးပါပဲ။ဒါပေမဲ့ဗိုလ်ချူပ်တစ်ယောက်စကား ပုံရဲ့တစ်ဝက်ကိုပဲကြားမိသတဲ့။ခေါင်းစားရင်မင်းဖြစ်ဆိုတဲ့ထိပ်ကစာလေးကိုပဲသူသိတယ်တဲ့။ဒါနဲ့သူလည်းမြန်မာနိုင်ငံ ကရှိသမျှငါးခေါင်းတို့၊နွားခေါင်းတို့၊သတ္တ၀ါအစရှိတဲ့ခေါင်းတွေကိုနေပြည်တော်(ခေါ်)ခွေးပြေးအောဟုတ်ပါဘူးကြပ်ပြေးမြို့ကို နေ့တိုင်းပို့ခိုင်တယ်တဲ့။ဒီလိုထူးခြားတဲ့သတင်းကိုကြားတော့ပြည်သူလူထုတွေအားလုံးကလည်းအထူးစိတ်ဝင်စားကြတာပေါ့။
ဒီလိုစိတ်ဝင်စားတော့သိချင်တဲ့လူတစ်ယောက်ဖြစ်တဲ့ဗိုလ်ချူပ်မှူးကြီးကိုငါးသွားပို့ပေးတဲ့လူတစ်ယောက်လည်းအရမ်းပဲ သိချင်သတဲ့။သွားပို့တာသွားပို့တာဘာကြောင့်သွားပို့းဆိုတာကိုမသိဘူးပေါ့။ဒါပေမဲ့သူလည်းအနီးအနားမှာရှိတဲ့ စစ်အရာရှိတစ်ဦးကိုမှမမေးရဲဘူးတဲ့။ဒါပေမဲ့သူ့ရဲ့သိချင်တဲ့စိတ်ကအလွန်အမင်းပြင်းပြနေတော့ သူအရဲစွန့်ပြီး သူ့ရှေ့ကဖြတ်သွားတဲ့စစ်အရာရှိတစ်ဦးကို

အကို.... ဘာဖြစ်လိုကျွန်တော်တို့ရဲ့အရှင်မင်းကြီးကခေါင်းတွေမှာရတာလည်းမသိဘူးနော်
လို့ချိုချိုသာသာနဲ့မေးရှာသတဲ့။
စစ်အရာရှိလည်းသူ့ကိုငါးခေါင်းပို့သမားကအကိုခေါ်တာနဲ့တင်မျက်နှာကအပြုံးရိပ်တွေသန်းလာပြီး
ငါတို့ဗိုလ်ချူပ်ကခေါင်းစားရင်မင်းဖြစ်တယ်ဆိုလို့ကွ
ဆိုပြီးဝင့်ဝင့်ကြွားကြွားပြောဆိုတာပေါ့။ဒါနဲ့ငါးခေါင်းသွားပို့တဲ့လူကလည်းသူ့အိမ်ကိုပြန်ရောက်တော့သူ့အဖေကို ဗိုလ်ချူပ်မှူးကြီးငါးခေါင်းဘာကြောင့်စားရလည်းဆိုတာကိုပြန်သွားပြောပြတယ်တဲ့။သူ့အဖေပြန်ပြောလိုက်တဲ့ စကားကို သူ့သားကြားတော့ထရီတာ မျက်ရည်တောင်ထွက်တယ်ဆိုပဲ။ သူ့အဖေပြောလိုက်တာကတော့

ဟာငါတို့ဗိုလ်ချူပ်ငါတို့ထက်တောင်ပညာမရှိပါလား၊ဘာလိုလို့များတိုင်းပြည်ကိုအုပ်ချူပ်နေပါလိမ့် ခေါင်းစားရင်မင်းဖြစ်တယ်၊ မင်းဖြစ်ရင့်မင်းခံဆိုတဲ့ဟာလေးတောင်မသိဘူးတဲ့။

ရှမ်းကလေး

ပအိုဝ့်လူမျိုးတို့ဖြူသားမစားရခြင်းမှာ

ရှေးအခါကယင်းဘော်လူမျိုးနှင့်ပအိုဝ့်လူမျိုးတို့သည်ညီအကိုရင်းအချာကဲ့သို့နေထိုင်ကြကုန်၏။ ပအိုမ့်လူမျိုးများ သည်တနေ့တ၌တောလိုက်ရာတွင်ဆင်တစ်ကောင်ကိုဖမ်းမိလာ၏။ရလာသည့်ဆင်အသားကို ညီအကိုများခွဲဝေ စားသောက်ကြရာမှာ ဆင်ကောင်သည်အကောင်ကြီးသဖြင့်ဝလင်စွာစား သောက်ကြရလေ၏။ နောက်တစ်နေ့ ယင်းဘော်သို့ တောလိုက်လာရာမှာ ဖြူတစ်ကောင်ကိုရလာလေ၏။ဖြူကောင်သည်ငယ်ရွယ်လွန်းသောကြောင့် ညီအကိုတို့တတွေ အနည်းငယ်သာစားကြရလေသည်။ ပအိုဝ့်လူမျိုးများသည် အနည်းငယ်သာစားကြရ၍ မယုံကြည်သောကြောင့် ဖြူတောင်၏အမွေးကိုတောင်းသောအခါယင်းဘော်လူမျိုးများကလည်း ဖြူ၏အဆူးကို ပအိုဝ့်တိုင်းရင်းသားများထံပေးလိုက်လေသည်။ဖြူဆူးသည်ကြီးသောကြောင့်ဖြူကောင်သည်ဆင်ထက်ပင်ကြီးရမည်ဟု ပအိုဝ့်လူမျိုးတို့ကယူဆပြီးအသားများများမပေးခြင်းသည်ယင်းဘော်သို့အကောက်ကြံခြင်းသာဖြစ်ကြောင်းယူဆကြကုန်၏။ ထို့ကြောင့်ပအိုဝ့်လူမျိုးများသည်စိတ်ဆိုးပြီးဖြူအသားကိုယနေ့ထိတိုင်မစား ကြောင်းသိရှိရလေသည်။




မှတ်ချက်။ ။ဤပုံပြင်ကိုငယ်ရွယ်စဉ်ကလူကြီးသူကြီးပြောသည်များကို ကြားဖူးနားဝရှိသောကြောင့်တတ်သိသမျှရေးလိုက်ရခြင်းဖြစ်ကြောင်း
အသိပေးအပ်ပါသည်။