Saturday, January 5, 2008

ထိုင်းTelevation ပေါ်ကဟာသလေးတစ်ခု

ဒီကနေ့ထိုင်းတီဗွီရုပ်မြင်သံကြားတစ်ခုက ဟာသလေးတစ်ခုကို အားလုံးသော ညီအကိုအပေါင်းတို့အား ပြန်ပြီးဝေငှ ပေးချင်ပါတယ်ခင်ဗျား.... အားလုံးရီနိုင်မယ်လို့တော့ထင်ပါတယ်.....

ညခင်းအချိန်တွင် ထိုင်းရဲနှစ်ယောက်ဆိုင်ကယ်တစ်စီးနှင့် ကားသွားနိုင်သောလမ်းကျဉ်းတစ်ခုသို့ စီးနှင်လာတယ်ခင်ဗျား... ရဲသားနှစ်ယောက်စီးနှင်လာသောဆိုင်ကယ်ကလေးသည်... လမ်းတစ်ဝက် လောက်ရောက်သောအခါတွင်.. ကားတစီးလမ်းပိတ်ရက်နေသည်ကိုတွေ့တော့ ..ရဲသားနှစ်ယောက် လည်းကားပိတ်နေတာကိုတွေ့တော့ဆင်းကြည့်တာပေါ့...ရဲသားနှစ်ယောက်လည်းဆင်းကြည့်တော့

ပထမရဲ။ ။ ဟား.....ကားကစက်နိုးထားပါလားကွ....

ဒုတိယရဲ။ ။ အေကွ....ကားတစ်ခါးလည်းဖွင့်ထားပါလားကွ....

ပထမရဲ။ ။ အထဲမှာလူရှာကြည့်ဦးကွ...

ဒုတိယရဲလည်းကားခေါင်းထဲကိုဝင်ပြီးလိုက်ကြည့်သာဘယ်သူ့ကိုမှမတွေ့တော့ပြန်ထွက်လာပြီး

“ဘယ်သူ့မှမရှိဘူးကွ...လမ်းဘေးတွေကြည့်စမ်းပါဦးကွ...”လို့ဆိုပြီးပထမရဲဘက်လှည့်ကာပြောဆိုလိုက် ပြီး.. သူလည်းကားညာဖက်ကဘေးဖက်ကိုလိုက်ရှာကြည့်တာပေါ့... ပထမရဲ့လည်းကားရဲ့ဘယ်ဖက်ကိုလိုက်ရှာတယ်.. ရဲသားနှစ်ယောက်လိုက်ရှာတာဘာမှမတွေ့ဘူး...

ပထမရဲ။ ။ မတွေ့ဘူးကွ...ဒါပေမဲ့ကားကိုတော့ဒီတိုင်းထားလို့မရဘူးကွ..သူများတွေခိုးသွား ဦးမယ်.. မင်းဆိုင်ကယ်နဲ့နောက်ကလိုက်ခဲ့... ငါစခန်းကိုကားမောင်းသွားမယ်.. ပြီးမှကားပိုင်ရှင်လာ စုံစမ်းလိုက်မယ်ကွာ...

ပထမရဲသားလည်း...ကားထဲကိုဝင်ပြီး...ကားကိုဂီယာထိုး..လီဗာလေးကိုပျော့ပျော့ နင်းပြီးကားကိုမောင်းလိုက်တာ... ဒုတိယရဲသားထအော်ပါလေရောတဲ့ဗျာ... ပထမရဲသားလည်းကားကိုရပ်ပြီး...ဘာများဖြစ် လဲလို့ထင်ပြီး...ကားပေါ်က ဆင်းလာတာပေါ့...ဒုတိယရဲသားလေးဘာလို့ထအောင်ရသလဲဆိုတဲ့ အကြောင်းအရင်းကတော့...ပထမရဲသားမောင်းသွားတဲ့ကားရဲ့ပိုင်ရှင်လေးလေ...ငနဲသားလေးက ..အရက်မူးပြီးကားအောက်မှာအလျားလိုက်လဲလျောင်းပြီးအိပ်နေတာကိုး...အရက်ကလည်းတော် တော်မူးနေပြီဗျ...(အော်...ထိုင်းမှာလည်း..မူးရင်မမောင်းနဲ့ မောင်းရင်းမမူးနဲ့ဆိုတဲ့ စည်းကမ်းကလည်းထုတ်ထားတာမဟုတ်ပါလား.....)

ဒီလိုနဲ့ရဲသားနှစ်ယောက်ကလည်းကားပိုင်ရှင်ကိုရဲစခန်းကိုခေါ်သွား...ဘာလုပ်လိုက်လည်းတော့ကျွန်တော် မောင်ရှမ်းကလေးလည်းမသိလိုက်ပါဘူးခင်ဗျား....

ရှမ်းကလေး

ကျွန်တော်ပြောတဲ့ ဘလော့ဂါ၊ ဘလော့နှင့် ကိုရွေသွေးတို့ရဲ့အဖွဲ့(အပိုင်း-၁)


အောနှစ်သစ်ရောက်လာတော့လည်း... ၂၀၀၇ ကနှစ်ဟောင်းကြီးကိုမေ့ခဲ့ရမလိုဖြစ်နေပါလား. ဒါပေမဲ့...မေ့လို့မရတဲ့အကြောင်းတွေကလည်းရှိနေသေးတာမဟုတ်ပေဘူးလား...

ကိုရွေသွေးတစ်ယောက် တစ်ယောက်ထဲရေရွတ်နေရင်း...ကွန်ပျူတာဘေးနားမှာ... အခန့်သားထိုင်နေသည်... ကျွန်တော်မောင်ရှမ်းကလေးလည်း...ပျင်းနေပါသောကြောင့် ကိုရွေသွေးဆီသို့သွားရန်စိတ်ကူးကပေါက်နေသည်။ ကိုရွေသွေးက ကွန်ပျူတာဆိုင် လေးဖွင့် ထားတာကိုး... အင်တာနက်လေးဘာလေးသွားသုံးရတာပေါ့..ဟားဟားဟား...

ရှမ်းကလေး။ ။ ဗျို့ကိုရွေသွေးကြီးဘာတွေလုပ်နေလဲဗျ...

ကိုရွေသွေး။ ။ အော...ဒီလိုပဲဗျ...အင်တာနက်အကောင်းစားလေးနဲ့ကောင်မလေးနဲ့ ချက်နေရင်းက..ကောင်မလေးရဲ့ဘလော့ကိုသွားလည်နေတယ်... ဟိဟိဒီမှာ..နာမည်လေးက လှလိုက်တာ.. နန်းရွေသဇင်စိုးအိအိဖြိုးတဲ့ဗျာ..

ရုတ်တရက်ကိုငပျော့နှင့် ကိုသံခဲတို့နှစ်ယောက်ကွန်ပျူတာဆိုင်ခန်းထဲသို့ဝင်ရောက်လာ...

ကိုငပျော့။ ။ အားလားကိုရွေသွေးရဲ့ကောင်မလေးနာမည်လေးကအဆိုဘူးပဲဗျ.. အရပ်ကတော့တော်တော်ရှည်မှာ...

ကိုရွေသွေး။ ။ ခင်ဗျားတို့ကလည်း...ကျွန်တော့ကောင်မလေးမဟုတ်ပါဘူးဗျာ... ရှက်လိုက်တာဗျာ...

ကိုသံခဲ။ ။ ဟာမောင်ရှမ်းမင်းရောက်နေတာကိုး...မင်းဘလော့လုပ်ထားတယ်ဆိုးကွ..

ရှမ်းကလေး။ ။ ဟုတ်တယ်ကိုသံခဲရ... ဘာလဲကိုပျော့ကစိတ်ဝင်စားလို့လား...

ကိုငပျော့။ ။ ဟာ မလုပ်ပါနဲ့မောင်ရှမ်းရာ..ဒီကောင်ကြီး..အရင်တစ်ပါတ်က.. ပိုက်ဆံမရှိ.. လို့ဘောကောက်စားလာတာ...ဒူးပြဲသွားတာ...ခြေထောက်ဖြတ်ရတော့မလို့ကွ...ဒီတစ်ခါ ဓါတ်လိုက်ပြီးတစ်ကိုယ်လုံးလောင်ကျွမ်းသွားဦးမယ်...

ကိုသံခဲ။ ။ အထင်သေးလိုက်တာဗျာ...ခင်ဗျားပြောစမ်းပါဦး... ဘလော့ဆိုတာဘာလဲ...

ကိုရွေသွေး။ ။ ဘလော့ဆိုတာ..ငါ့ရင်ကိုပိတ်ဆီးထားတဲ့ကောင်မလေးနွယ်လေးကိုပြောတာ.

ကိုငပျော့။ ။ ကိုရွေသွေးကလည်းလုပ်တော့မယ်...ခုဏကပဲတစ်ယောက်..နွယ်လေးက ဘယ်သူလဲဗျ..စိတ်ဝင်စားလာပြီ...

ကိုရွေသွေး။ ။ နွယ်လေးဆိုတာကျွန်တော်သိပ်ချစ်ခဲ့ရတဲ့...ဟင့်ဟင့်ဟင့်...၀မ်းနည်းလိုက် တာ...

ကိုသံခဲ။ ။ နိမ်းလေးပြောပြစမ်းပါဦး...ဗျ

ရှမ်းကလေး။ ။ ဘာလဲဗျ...နိမ်း...

ကိုသံခဲ။ ။ နိမ်းဆိုတာနာမည်လေကွာ..မသိဘူးလား...မင်းတို့လူငယ်တွေမကြိုးစားဘူး ဆိုတာဒါကိုပြောတာ...ခေတ်နောက်ကျလိုက်တာကွာ...

ကိုရွေသွေး။ ။ အောနာမည်ပြောရမယ်ဆိုရင်တော့....သူ့နာမည်လေးက...နွယ်သိမ့်ရတနာ ရွေစင်ထိုက်အောင် တဲ့ဗျ..သူလေးအနော့်ကိုအသဲခွဲသွားတယ်...

ကိုငပျော့။ ။ ခင်ဗျားလိုက်တဲ့ကောင်မလေးနာမည်တွေကလည်း ရှည်လိုက်တာလွန်ပါရော

ရှမ်းကလေး။ ။ ဒါနဲ့ ကိုရွေသွေးရဲ့ ချစ်ချစ်လေးကဘာလို့အသဲခွဲသွားတာလည်းဗျ...

ကိုသံခဲ။ ။ လုပ်ပါဦးဗျ...ကိုရွေသွေးရ...အချစ်အကြောင်းဆိုသံခဲမှာလည်း.. နှစ်လုံးနဲ့ပါ..

ကိုငပျော့။ ။ ထုတ်ကြွားနေပြန်ပြီ...

ကိုရွေသွေး။ ။ သူကလေ...ကိုရွေရယ်တဲ့...ကျမတို့တခါချိန်းရင်..၃မိနစ်လောက်ပဲချိန်းရ အောင်လေတဲ့...ဖေဖေနဲ့မေမေက...ဒီလိုချိန်းတာမကြိုက်ဘူးတဲ့...

ကိုသံခဲ။ ။ ပြီးတော့ကော...

ကိုရွေသွေး။ ။ ၃မိနစ်အတိုင်းအတာကိုတော့ဘယ်ယောက်ကျားမဆိုလက်ခံမှာမဟုတ်ပါဘူး ဒါကိုကျွန်တော်လက်ခံခဲ့တယ်...ကျွန်တော်မလိုက်လျောနိုင်တာက...လေဗျာ...

ကိုငပျော့။ ။ ဘာလဲဗျာ...သူကမနမ်းရဘူးလို့ပြောလို့လား...

ကိုရွေသွေး။ ။ မဟုတ်ဘူးဗျ...

ကိုသံခဲ။ ။ လက်မကိုင်ရဘူးဆိုပါတော့...

ကိုရွေသွေး။ ။ မဟုတ်ဘူးဗျာ...

ရှမ်းကလေး။ ။ အော...ဒါဆိုသိပြီ..သိပြီ.. သူကမျက်နှာမကြည့်ရလို့ပြောလို့လား...

ကိုရွေသွေး။ ။ တခုမှမဟုတ်ဘူးကွာ...မင်းတို့ဟာ..

ကိုသံခဲ+ကိုငပျော့+ရှမ်းကလေး။ ။ ဒါဆိုပါလဲဗျာ...

ကိုရွေသွေး။ ။ ကျွန်တော်ကသူ့ကိုချစ်လို့နွယ်လေးလို့ခေါ်တာဗျာ... သူကနာမည်ကို အပြည့်အစုံခေါ်မှကြိုက်တယ်တဲ့... နာမည်အပြည့်အစုံကိုမခေါ်ရင်ရော...သူ့နာမည်ကို မပီတပီခေါ်တဲ့လူကောင်သိပ်မုန်းတာတဲ့....

ကိုသံခဲ။ ။ ခင်ဗျားကလည်းခေါ်လိုက်ပေါ့ဗျာ..

ကိုရွေသွေး။ ။ ကျွန်တော်လည်းခေါ်ချင်တာပေါ့ဗျာ... ဒါပေမဲ့..သူနဲ့ချိန်းတွေ့တာက သူ့နာမည်ခေါ်ဖို့များချိန်းတွေ့သလိုဖြစ်နေတယ်ဗျ..


ဒုတိယပိုင်းကိုဆက်လက်စောင့်စားပါရန်