Sunday, November 18, 2007

“ငါစိတ်မဆိုးပါဘူး”

ချစ်တယ်လို့ မင်းရဲ့ဟန်ဆောင်မှုတွေနဲ့
ငါ့ကိုလာမပြောပါနဲ့။

သနားတယ်လို့ မင်းရဲ့ကြင်နာမှုတွေနဲ့
ငါ့ကိုလာမပြောပါနဲ့။

လိမ္မာတယ်လို့ မင်းရဲ့ယုယမှုတွေနဲ့
ငါကိုလာမဖားပါနဲ့။

ယဉ်ကျေးတယ်လို့ စိတ်ထဲကမရှိတဲ့အတိုင်း
ငါ့ကိုလာမပြောပါနဲ့။

မုန်းတယ် မသနားဘူး
ဆိုးတယ် မယဉ်ကျေးဘူးလို့

စိတ်ထဲကရှိတဲ့အတိုင်း ပြောသွားပါ။
ငါစိတ်မဆိုးပါဘူး။

ရှမ်းကလေး

“သံလွင်”

ငါသည် ဤတွင်မွေးဖွားသည်
ဤနေရာကား သံလွင်။

ငါသည် ဤတွင်ကြီးပြင်းသည်
ဤနေရာကား သံလွင်။

ငါသည် ဤတွင်ပညာရှာသည်
ဤနေရာကား သံလွင်။

ငါသည် ဤတွင်လုပ်ကိုင်စားသောက်လာသည်
ဤနေရာကား သံလွင်။

ယခုငါသည် ဤနေရာနှင့်ဝေးနေသည်
ဤနေရာကား သံလွင်။

ဒါပေမဲ့ ငါသည် ဤနေရာတွင်သေရမည်။
ဤနေရာကား သံလွင်။


ရှမ်းကလေး