Sunday, November 18, 2007

“ငါစိတ်မဆိုးပါဘူး”

ချစ်တယ်လို့ မင်းရဲ့ဟန်ဆောင်မှုတွေနဲ့
ငါ့ကိုလာမပြောပါနဲ့။

သနားတယ်လို့ မင်းရဲ့ကြင်နာမှုတွေနဲ့
ငါ့ကိုလာမပြောပါနဲ့။

လိမ္မာတယ်လို့ မင်းရဲ့ယုယမှုတွေနဲ့
ငါကိုလာမဖားပါနဲ့။

ယဉ်ကျေးတယ်လို့ စိတ်ထဲကမရှိတဲ့အတိုင်း
ငါ့ကိုလာမပြောပါနဲ့။

မုန်းတယ် မသနားဘူး
ဆိုးတယ် မယဉ်ကျေးဘူးလို့

စိတ်ထဲကရှိတဲ့အတိုင်း ပြောသွားပါ။
ငါစိတ်မဆိုးပါဘူး။

ရှမ်းကလေး

0 comments: