Wednesday, January 16, 2008

ကျွန်တော်ပြောတဲ့ ဘလော့ဂါ၊ ဘလော့နှင့် ကိုရွေသွေးတို့ရဲ့အဖွဲ့ (ဇာတ်သိမ်းပိုင်း)

ရှမ်းကလေး။ ။ လာပါပြီ...ကိုမာန်လှိုင်းငယ်..ဒီဘလော့ဂါမှကျွန်တော့်ဆရာစစ်စစ်.. ဘလော့စလုပ်ပေးတာ.. ဒီအကိုပဲ...

ကိုငပျော့။ ။ မင်းလဲသူများလုပ်ပေးလို့ရတာပေါ့...

ရှမ်းကလေး။ ။ ဒါပေါ့...ကိုပျော့တို့လို..မလုပ်တာထက်စာရင်တော့...ပိုကောင်းတာပေါ့...

ကိုရွေသွေး။ ။ ဒါဆိုမာန်လှိုင်းငယ်နဲ့ငါတွေ့ချင်တယ်ကွာ...ရမလာမောင်ရှမ်း...

ရှမ်းကလေး။ ။ မရဘူးဗျ...ဒီအကိုကသိပ်ဒေါသကြီးတတ်တာ...

ကိုရွေသွေး။ ။ ဟေ..ဟုတ်လား...ဒါနဲ့မင်းနဲ့ကျဘယ်လိုတည့်တာလဲ..

ကိုသံခဲ။ ။ ညီမပေးထားလို့နေမှာပေါ့...

ရှမ်းကလေး။ ။ မဟုတ်ပါဘူးဗျာ..သူ့ညီမကကျွန်တော့်ကိုကြိုက်နေတာ..ဗျ

(ကိုမာန်လှိုင်းငယ်ရေစိတ်မဆိုးကြေး..)

ကိုရွေသွေး။ ။ ဟေဟုတ်လား..သူ့ညီမအပိုမရှိဘူးလား...

ကိုငပျော့။ ။ အဟောင်းကမပျက်သေးဘူး...အသစ်ကထပ်ယူအုံးမလို့လား.... ခင်ဗျားနာမည်ကိုရွေသွေးလို့မခေါ်ချင်တော့ဘူး

ကိုသံခဲ။ ။ ဘယ်လိုခေါ်မလို့လဲဗျ...

ကိုငပျော့။ ။ ဆော်တွေးလို့ပဲခေါ်လိုက်ချင်တယ်... အားအားရှိမိန်းကလေးသံကြားရင် အငြိမ်မနေနိုင်ဘူး...

ရှမ်းကလေး။ ။ ရှိတယ်ဗျ...

ကိုရွေသွေး။ ဟေ..ဟုတ်လား..

ရှမ်းကလေး။ ။ သူ့ညီမကျွန်တော့...

ကိုရွေသွေး။ ။ မင်းရဲ့ဘာလဲ

ရှမ်းကလေး။ ။ ကျွန်တော့်ရဲ့သူငယ်ချင်း....

ကိုငပျော့။ ။ ကိုရွေသွေး...ခင်ဗျားတို့နှစ်ယောက်ဘလော့လုပ်တာလား... ကောင်မလေးတွေအကြောင်းပြောတာလား...

ကိုရွေသွေး။ ။ နှစ်ခုစလုံးပဲ....

ရှမ်းကလေး။ ။ ကဲ...နောက်ဘလော့ဆရာကြီးတစ်ယောက်အကြောင်းသွားရအောင်ဗျာ....

ကိုရွေသွေး။ ။ အိုကေ...လက်ဂိုး.(စ်)

ကိုသံခဲ။ ။ စတွေးစင်တယ်ဗျာ...

ရှမ်းကလေး။ ။ နောက်တိုတိုဘလော့ကတော့... စပ်မိစပ်ရာတဲ့ဗျာ... ဒီဘလော့ကိုကျွန်တော်ကတော့ ဦးစပ်လို့ပဲကိုခေါ်တယ်...မြင်ရင်စပ်လို့မဟုတ်ဘူးနော်... ဟိဟိ...သတိရတုန်းပြောရဦးမယ်... ဒီဦးစပ်ကချမ်းသာတယ်တဲ့ဗျ.... ညီမတွေကော.. သူမတွေကော.. ငွေတွေကော ထိုင်စားမကုန်ဘူးတဲ့..

ကိုရွေသွေး။ ။ အော်...ဟုတ်လား.....

ရှမ်းကလေး။ ။ ကျွန်တော်ခင်ဗျားကို ဦးစပ်ရဲ့အကြောင်းနည်းနည်းပြောပြမယ်

ကိုရွေသွေး။ ။ လုပ်စမ်းပါဦးဟ....

ရှမ်းကလေး။ ။ ဒီဦးစပ်ဆိုတဲ့လူကြီးက...ကော်ဖီကိုအရမ်းကြိုက်တာ.. ကော်ဖီတောင်မှာရိုး ရိုးမဟုတ်ဘူးဗျ... ဘလက်ကော်ဖီ..ဘလက်ကော်ဖီ..မနက်အိပ်ရာထလိုက်တာနဲ့ ကော်ဖီတမ်း ရှာတာ... ကော်ဖီမတွေ့ရင်ရည်းစားပျောက်သလိုပဲ...

ကိုရွေသွေး။ ။ ဟေဟုတ်လား...ဒါဆိုဘလော့လုပ်ဖို့သူ့ကိုဖားရမယ်... ဘလက်နဲ့

ရှမ်းကလေး။ ။ ခင်ဗျားဘယ်လောက်ဖားဖားရမှာမဟုတ်ဘူးဗျ...တခါကကျွန်တော်ဈေးထဲ သွားတုံးဗျာ... သူ့ကိုသွားလည်ရအောင်ဆိုလို့ ဖုန်းခေါ်လိုက်တာ... သူ့အိမ်မှာနေတဲ့မိန်းက လေးတစ်ယောက်ဖုန်းလာကိုင်တယ်ဗျာ..

ကိုသံခဲ။ ။ ပွတာပဲ

ရှမ်းကလေး။ ။ မပွဲနဲ့ဦးဗျ.. ကျွန်တော်လည်းဖုန်းလာကိုင်ပြီဆိုတော့မေးစရာရှိတာမေးရတာ ပေါ့. ကောင်မလေးဆိုတော့ ကျွန်တော်လည်း နဲနဲရှိန်သွားတာပေါ့.. ကိုခင်တာက ယောက်ကျားကြီးကို..

ကိုငပျော့။ ။ ဒါပေါ့...

ရှမ်းကလေး။ ။ ကျွန်တော်လည်း ယဉ်ယဉ်ကျေးနဲ့ အောဟုတ်ကဲ့ ကျွန်တော်ရှမ်းကလေးပါ.. ဦးစပ်နဲ့စကားပြောချင်လို့ပါလို့ စကားကိုအတတ်နိုင်ဆုံးချိုချိုသာသာနဲ့ပြောပါတယ်...

ကိုရွေသွေး။ ။ ဟိုဘက်ကဘာပြန်ပြောတုန်း..

ရှမ်းကလေး။ ။ လိပ်ပြာလွင့်မတတ်ပဲဗျာ

ကိုငပျော့။ ။ ဘာဖြစ်လို့လဲ..

ရှမ်းကလေး။ ။ ဖုန်းကိုင်တဲ့မိန်ကလေးပြောတာဒီလိုဗျ... ဘယ်ကရှမ်းကလေးလည်တဲ့.. ရှမ်းကလေးလည်းမသိဘူး...ကယားကလေးလည်းမသိဘူးတဲ့ ဦးစပ်လည်းမသိဘူးတဲ့..ဒီမှာစပ်တဲ့ဟာဆိုလို့ငရုပ်သီးတောင်မရောင်းဘူးတဲ့ဗျာ...

ကိုငပျော့။ ။ အဲ့ဒီတော့မင်းကပြန်ဆဲရောလား...

ရှမ်းကလေး။ ။ ဟာဗျာခင်ဗျားကလည်းဘယ်လိုပြောလိုက်တာလဲ ကျွန်တော်တို့မြန်မာလူမျိုးတွေဆိုတာယဉ်ကျေးပါတယ်ဗျ. မသိတော့လည်းသိအောင်သေချာရှင်းပြရတာပေါ့.. ကျွန်တော်ကဒီလိုပြောလိုက်တော့..

ကိုရွေသွေး။ ။ ဘယ်လိုတုန်း

ရှမ်းကလေး။ ။ အော..ကျွန်တော်ဘလော့မှဈေးရောင်းစားနေတဲ့ရှမ်းကလေး...အဲဟုတ်ပါဝူး.. ဘလော့မှာမတတ်တတ်စာရေးနေတဲ့ရှမ်းကလေးပါ..ကျွန်တော်ဦးစပ်လို့ခေါ်တဲ့ဦးသကြန်နဲ့ စကားပြောချင်လို့ပါလို့ အချိုသာဆုံးပြန်ပြောတာပေါ့...

ကိုသံခဲ။ ။ သူကဘာပြန်ပြောတုန်း.

ရှမ်းကလေး။ ။ သူလည်းကျွန်တော့်လိုမောင်လူယဉ်ကျေးကို ယဉ်ကျေးစွာနဲ့ပဲပြန်ပြောပါတယ်...

ကိုငပျော့။ ။ ဘယ်လိုပြန်ပြောတာလဲ

ရှမ်းကလေး။ ။ အောကျမက ဘယ်ကခွေးသူခိုးမှန်းမသိလို့ပါ...ရှင်ကမြန်မာလိုပြောတော့ .ကျွန်မလည်းကြောင်သွားတာပေါ့..ရှင်ထိုင်းစကားမပြောတတ်ဘူးလား..တဲ့. .ကျွန်တော့်ကိုအဲ့လိုမေးတော့..

ကိုသံခဲ။ ။ မြန်မာပါဆိုမှထိုင်းစကားဘယ်တတ်မလဲနော်....

ရှမ်းကလေး။ ။ဟာခင်ဗျားကလည်းကျွန်တော်ထိုင်းစကားတတ်ပါတယ်ဗျာ..ထမင်းစားရေ သေက်လောက်တော့. ဒါနဲ့ကျွန်တော်လည်း ကျွန်တော်ထိုင်းစကားကိုသူများတွေလောက်တော့ပြောတတ်ပါတယ်...လို့ပြန်ပြောတာပေါ့

ပြီးတော့ကျွန်တော်လည်း ဦးစပ်ရှိလားလို့မေးတာပေါ့

ကိုရွေသွေး။ ။ သူကဘာပြန်ဖြေတုန်း။

ရှမ်းကလေး။ ။ ဦးဦးကော်ဖီသောက်နေတယ်တဲ့...သူကထိုင်းနဲ့ဖြေသွားတာဗျ

ကိုရွေသွေး။ ။ ပြီးတော့ရော

ရှမ်းကလေး။ ။ ကျွန်တော်လည်း သူ့နဲ့ပြောလို့ရမလားလို့အားကျမခံ အင်္ဂလိပ်လိုပြန်မေးတာပေါ့...

ကိုသံခဲ။ ။ ဘယ်လိုမေးတာတုန်း

ရှမ်းကလေး။ ။ I love you with all my heart အဲဟုတ်ပါဘူးဗျာကိုရွေသွေးနဲ့လိုက်ယောက်ပြန်ပြီ...Can I talking with him? လိုမေးတာပေါ့..

ကိုငပျော့။ ။ သူကဘာပြန်ပြောတုန်း...

ရှမ်းကလေး။ ။ သူကလည်း ထိုင်းလို“ရပါတယ်ရှင်...လိုပြောတာပေါ”ဒါနဲ့ဦးစပ်လာကိုတာလန့်တောင်လန့်တယ်.

ကိုရွေသွေး။ ။ ဘယ်လိုလန့်တာတုန်း.....

ရှမ်းကလေး။ ။ ပထမဆုံးသူလာကိုင်တော့စမေးတာ...

ကိုသံခဲ။ ။ ဘယ်လိုမေးတာတုန်း

ရှမ်းကလေး။ ။ ဘလက်သောက်မလားတဲ့...အဲဟုတ်ပါဘူးဗျာယောငိကိုပြီ..ဘယ်သူတုန်းဟ တဲ့ခတ်မာမာပဲ...သူ့သူမနဲ့စကားကြာကြာပြောနေလို့နဲ့ထင်တယ်..သ၀န်တိုတာ..ကျွန်တော် လည်းကျွန်တော်ရှမ်းကလေးပါ.. အခုကျွန်တော်ဈေးထဲမှာပါ...အကို့ဆိုင်ဘယ်မှာလဲလို့ မေးတာပေါ့.. ဆိုင်ရောက်ရင်မုန့်စားရမှာကိုး..

ကိုငပျော့။ ။ ငတ်တာငါ့နဲ့အတူတူပဲ...

ကိုရွေသွေး။ ။ သူကမင်းကိုဘာပြန်ပြောတုန်း...

ရှမ်းကလေး။ ။ သူပြောတာကို..ကျွန်တော်သိပ်မကြားရဘူးဗျ..သိတယ်မဟုတ်လားဈေးဆို တော့လူတွေအရမ်းများတာကို... ကျွန်တော်လည်းဘူးခံပြီးပဲငြင်းတာပေါ့....ရှေးစကားပုံတောင်ရှိသေးတာပဲ ဘူးတစ်လုံးဆောင်အိုတောင်မဆင်းရဲတဲ့....

ကိုရွေသွေး။ ။ ဒါနဲ့သူလည်းမင်းကိုလမ်းပြပေးတာပေါ့...

ရှမ်းကလေး။ ။ မဟုတ်ဘူးဗျ..သူပြောသွားတာခတ်ပြတ်ပြတ်ပဲ...အေးမသိရင်မလာ တော့နဲ့ကွာတဲ့....

ကိုသံခဲ။ ။ ဒါနဲ့မင်းလည်းသူ့ညီမလေးနဲ့မတွေ့ရတော့ဘူးပေါ့နော်...

ရှမ်းကလေး။ ။ဟာကိုသံခဲကလည်းဗျာ...ကျွန်တော်ကသူ့ညီမတွေ့ဖို့သွားတာမှမဟုတ်တာ...

(မှတ်ချက်။ ။ ဦစပ်ရေစိတ်မဆိုးကြေးဗျို့)

ဒီလောက်နဲ့ဇာတ်သိမ်းပါရစေခင်ဗျား

သွေးချိုရင်ဒွေးတောင်ငိုတယ်

တနေ့သောညနေခင်းအချိန်ခါဝယ်ကိုပေါက်ကျိုင်းဟုခေါ်သောတောသားတစ်ယောက်နှင့် ရန်ကုန်ဆိုတဲ့မြို့ကြီးကအလည်လာတဲ့ ကိုနောင်နောင်တို့တတွေဟာထမင်းအထူစားကြသတဲ့။ ကိုပေါက်ကျိုးထမင်းစားနေရင်းငပိရည်နဲ့တို့စားဖို့တမာကိုချွေပြီးစားသတဲ့။ ကိုပေါက်ကျိုးလည်း တမာအချို့တွေကို မြို့သားနောင်နောက်ကိုကျွေးသတဲ့။

“ရော့စား တမာသွေးအားကောင်းတယ်”လို့ပါးစပ်ကလည်းပြောလက်ကလည်းရွေ့တာပေါ့...

ကိုနောင်နောင်က“အာမစားဘူးဗျာ..တမာကခါးတယ်ဗျ”

ပေါက်ကျိုင်း“ခါးတော့....တခြားသွေးတွေလာမရောတော့ဘူးပေါ့ကွာ... အဲ့ဒါဆို...မင်းသွေးလည်းမညစ်ပတ်တော့ဘူးပေါ့”

နောက်ဆုံးကိုနောင်နောင်ဘာပြောလိုက်တာကတော့ “မကောင်းဘူးဗျ..သွေးခါးရင်ကောင်မလေးတွေမကြိုက်ဘူးဗျ.. သွေးချိုရင် ဒွေးတောင်ငိုတယ်ဆိုပဲ”


ရှမ်းကလေး