Wednesday, February 27, 2008

ဒိုင်ယာရီထဲက အတိတ်ကအကြောင်း (ဒုတိယပိုင်း)

“ဟာငဖြိုး ဟိုမှာလာပြီ ဗိုလ်ချူပ်ကြီးလာပြီ” ဟု သူပြောလိုက်ရာ ငဖြိုးကမန်းကတန်း ထကာ ပုဆိုးကို ပြင်ဝတ်လိုက်သည်။
“အေးကွ.. လာတော့လာပါ့မလားလို့ စောင့်လိုက်ရတာ”
“ဟေ့ကောင် ရှုးတိုးတိုး”
“အေးပါကွာ ငါသိပါတယ်”
ကားပေါ်မှ ဆင်းလာသော ဗိုလ်ချူပ်ကြီး မောင်ဗိုလ်ဆိုသည်မှာ ကိုယ်လုံးက ၀၀၊ ထိပ်ကပြောင်ပြောင် သူ၏ဘေးတွင်လည်း လက်နက်ကိုင် တပ်သားများက အပြည့်ခြံရံလျှက်.......
ထိုအချိန်မှာပဲ ကျောင်းသူကျောင်းသားတွေ လက်အုပ်ချီကာ ဗိုလ်ချူပ်ကြီးမောင်ဗိုလ်အား

“မင်္ဂလာပါ ဘဘကြီး” ကျောင်းသူကျောင်းသားများက ထိုသို့ပြုမူခြင်းကို ဝေဖြိုးက
“လူလူခြင်းကွာ..၊ လက်အုပ်ချီစရာလိုသေးလို့လား၊ လက်ပိုက်ပြီး နှုတ်ဆက်ရင်လည်း ရတာပဲ”
“ဟေ့ကောင် တိုးတိုး”ဟု သူက ပြောသော်လည်းပဲ သူ၏ စိတ်ထဲမူတွင် ယခုလို လုပ်ရခြင်းအား မနှစ်သက်မိသည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။
xxxxxxxxxx xxxxxxxxxxx xxxxxxxxxxxxxxx xxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxx

တနင်္ဂလာနေ့ မနက် ၇း၀၀ ခန်အချိန်ခါတွင်၊ ကြီးမားလှသော ညောင်ပင်အောက်တွင်မူ ကျောင်းသားတစု စုပေါင်းထိုင်ကာ စကားစမြည် ပြောဆိုနေကြသည်။ ကျောင်းတော့မတက်သေး...၊ ဒီနေ့ တနင်္ဂလာနေ့ ကျောင်းအုပ်ဆရာမကြီးက မိန့်ခွန်းဟောဦးမည်.၊ နိုင်ငံတော်သီချင်းဆိုရ ပေဦးမည်။
“ဟေ့ကောင့် ငဖြိုး သွားမယ်ကွာ”
“ဘယ်လဲကွ ဇွဲရ”
“တန်းသွားစီတော့မယ်လေကွာ”
“အခုမှ (၇)နာရီ အစောကြီးရှိပါသေးတယ်ကွာ”
“လာပါဆိုမှပဲ မင်းကလည်း”
“ခဏကွာ.. အခန်းထဲမှာ လွယ်အိပ်သွားထားလိုက်ဦးမယ်”
“မင်းကလည်း လွယ်ခဲ့ပါကွ”
“ဟေ့ကောင်လေးတယ်ကွ.. မင်းလွယ်မလား လွယ်အိပ်ထဲမှာ တုတ်ပါတယ်ကွ”
“မင်းကလည်း တုတ်မယူလာလဲ ရပါတယ်ကွာ” ဟုတ်တယ် သည်ကောင်က လွယ်အိပ်ထဲမှာ တုတ်အမြဲထည့်ထားတတ်သည်။ အကျင့်ပါနေခြင်းဖြစ်သည်။ ကြောက်တာကတော့ သူမကြောက်။ သူ့ကို နဲနဲမှ ဘယ်သူ့မှ မထိရဲ။ ထိလိုက်ကြည့်ပါလား.. မီးပွင့်သွားမယ်။ ဒါပေမဲ့ ဒီကောင်ကလည်း သူများကို ရန်မစပါ။ သူ့ကို ရန်စချင်နေတဲ့လူတွေကတော့ ငပုတို့ အုပ်စုပေါ့ဗျာ..။
“ဒါဆိုလဲ မြန်မြန်သွားကွာ” ဖြိုးဝေ စာသင်ခန်းဘက်သို့ လှည့်သွားကာ အခန်းထဲသို့ ၀င်သွားပြီး လွယ်အိပ်သွားထားလိုက်သည်။ သူတို့နှစ်ယောက် ကျောင်းအုပ်ဆရာမကြီး မိန့်ခွန်းပြောရာ ဘောလုံးကွင်းကြီးဘက်သို့ သွားလိုက်ပါတော့သည်။
xxxxxxxxxx xxxxxxxxxxx xxxxxxxxxxxxxxx xxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxx

အချိန်ကား မနက် (၈း၀၀)...၊ ကျောင်းခန်းတံခါးကြီး ဖွင့်လိုက်သည်နှင့်တပြိုင်နက် ချောမောလှပလှသော မင်းသမီးလေး တယောက်အလား မိန်းကလေးတစ်ယောက်နှင့် သူ့ဘေးတွင် အဖော်တယောက်ပါလာသည်။ ထိုသူ မိန်းကလေးနှစ်ဦး ကိုယ့်ထိုင်ခုံရှိရာသို့ ကိုယ်သွားထိုင်ကာ
“ဟဲ့ စန္ဒီ ငါတို့ခုံမှာ ဘယ်သူ့လွယ်အိတ် ကြီးလဲမသိဘူးဟ“
“ဟင်ဟုတ်လား” ဟူ၍ပြန်ပြောလိုက်သူကား ချောမောလှပသော မိန်းကလေး တစ်ဦးပင်ဖြစ်ပါတော့သည်။
“လွယ်အိပ်ကတော့ ယောက်ကျားလေး လွယ်အိပ်ပဲဟ”
“အေး ဖွင့်ကြည့်လေဟာ မာယာကလည်း”... အော.. အော နောက်ထပ် မိန်းကလေး၏ အမည်ကား မာယာတဲ့။...
“အေး... အေး”
“ဟင်... ဟာ...” လွယ်အိပ်ကို ဖွင့်ကြည့်လိုက်တော့ မိန်းကလေး နှစ်ဦးမှ အမဋိတ် သံများ ထွက်ပေါ်လာကာ
“ဟဲ ဒုတ်ကြီး ဘယ်သူကျောင်းယူလာတုန်း” မှန်ပေသည်။ တုတ်တချောင်းကို သေချာစွာ ရေပေါ်ထိုးတား၊ ပေါလစ်သုတ်ထားသည်။ ကိုင်ချင်စဖွယ် တုတ်တချောင်းပေတည်း။
“ဟုတ်တယ်နော် လာစန္ဒီ ဆရာမကို သွားအပ်လိုက်မယ်”
“အေး သွားမယ်”
ကျောင်းသူလေးနှစ်ယောက်ကား မိမိတို့၏ လွယ်အိတ်ကိုပင် မချသေးပဲ လှပချောမွေ့သော တုတ်ကြီးကို ကိုင်ကာ.. တုတ်ထည့်ထားခဲ့သော လွယ်အိတ်ကိုတောင် ဖွင့်မကြည့်ပဲ ဆရာမ ရုံးခန်းဘက်သို့ ထွက်သွားလေသတည်း။
xxxxxxxxxx xxxxxxxxxxx xxxxxxxxxxxxxxx xxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxx

“အခန်းထဲသွားမယ်ကွာ ငဖြိုး” ဟု သာယာကြည်လင် ပြတ်သားသော အသံတသံ ထွက်ပေါ်လာသည်။
“အေး go မယ်”
သူတို့နှစ်ယောက် ကျောင်းခန်းရှိရာဘက်သို့ ထွက်လာကာ ကျောင်းခန်းထဲသို့ဝင်ပြီး သူတို့ ထိုင်နေကျ စားပွဲခုံသို့ တန်းတန်းမတ်မတ် သွားလိုက်ကြသည်။ သို့သော်ဝေဖြိုးမူကား သူ့နောက်မှ မလိုက်လာဘဲ ခေတ္တခဏရပ်ကာ ခုံတခုံတွင် ရပ်လိုက်သည်။
“ဟာ ဟေ့ကောင် ဇွဲ ငါ့လွယ်အိတ်မတွေ့ တော့ဘူးကွ”
“မင်းက ဘယ်မှာသွားထား ထားတာလဲကွ”
“ငါဒီမှာခဏထားခဲ့တာ”
“ဟာမင်းကလည်း ကိုယ့်ခုံမှာလာထားတာ မဟုတ်ဘူး နီးနီးလေးကို”
“ဒုက္ခပဲကွာ... အဲ့ဒီထဲမှာ ဒုတ်ပါသွားတယ်ကွ”
“ဆရာမနားရောက်ရင်တော့ ဒုက္ခ.. ဟာဟေ့ကောင် ဟိုမှာ ဆရာမှ ဒေါ်နန်းနွဲ့လာနေပြီကွ” သူပြောလိုက်စဉ်မှာပင် လွယ်အိတ်တလုံးကို ကိုင်ဆောင်လာသော ဆရာမတစ်ယောက်နှင့် ထိုဆရာမနောက် လိုက်ပါလာသူကား မိန်းကလေးနှစ်ဦးပင်ဖြစ်သည်။
“ဝေဖြိုး ဒါနင့်လွယ်အိတ် မဟုတ်လား” ဟု ဆရာမဖြစ်သူက ဝေဖြိုးဘက်လှည့်ကာ ခတ်မာမာပြောဆိုလိုက်သည်။
“ဟုတ်ကဲ့ ဆရာမ”ဟု ဝေဖြိုးက ပြောလိုက်သည်။
“မင်း ဘာလို့ သည်ဒုတ်ကို ကျောင်းယူလာရသလဲ”ဟု ဆရာမဖြစ်သူ ပြောဆိုရင်း လွယ်အိတ်ထဲမှ ဒုတ်ကို ထုတ်လိုက်သည်။
“အော... ဒါလားဆရာမ.. ဟိုဟာလေ..၊ အဖေက ဒီနေ့ ဒီဒုတ်ကို ရေပေါ်သွားထိုးထား ခိုင်းတာ၊ အဲ့ဒါ ကျောင်းလာရင်းနဲ့ လက်သမားဆီမှာ ၀င်ယူလာခဲ့တာ” ဟု ဝေဖြိုးက ပြောလိုက်သည်။
“မင်းအဖေဒုတ်ယူတာ ကျောင်းလာတဲ့အချိန်မှ သွားယူရလား”
“ဟာ ဆရာမကလည်း အဖေက အခုသွားယူဆိုလို့ သွားယူရတာ..၊ ပြီးတော့ သွားယူပြီး အိမ်ပြန်လာပို့လို့ပြောတယ်၊ ကျွန်တော်လည်း သွားယူတာပဲ၊ အိမ်သွားပြန်ပို့မယ်ကြံတော့ ဆိုင်ကယ်ဘီးပေါက်သွားတယ် ဆရာမ” ဟုဝေဖြိုးက ကလိမ်ကျစ်ပြောလိုက်သည်။ လိမ်မှရမည်။ မလိမ်လျှင် ဒီကောင်မလွယ်။
“ဒါဆို မင်းဘာဖြစ်လို့ မင်းလွယ်အိတ်ကို ဒီမိန်းကလေးတွေ ခုံမှာ သွားထားတာလည်း”
“ဟာ ဆရာမကလည်း ဒါက အကြောင်းအရင်းရှိတယ်ဗျ..၊ ကျွန်တော်ဆိုင်ကယ်ဘီး သွားဖာပြီးပြန်လာတော့ ကျောင်းအုပ်ဆရာမကြီးက မိန့်ခွန်းတွေ ဟောနေပြီ၊ ဒါနဲ့ ကျွန်တော်လည်း အခန်းထဲကို ခတ်မြန်မြန် ၀င်လာပြီး ထားသွားတာ”
“မင်းငါ့ကို မလိမ်နဲ့နော်”
“မလိမ်ပါဘူး ဆရာမရယ်” ဆိုပြီး ဝေဖြိုးက ဆရာမနောက်မှ မိန်းကလေးတွေကို မကျေမနပ်ကြည့်လိုက်သည်။ မိန်းကလေးတွေက ခတ်စွာစွာရယ်။
“အေး မင်းနောက်တခါ မယူလာနဲ့ ကြားလား၊ နောက်တခါယူလာလို့ကတော့ ငါ့နဲ့ တွေ့ပြီမှတ်”ဟု ပြောဆိုကာ ဆရာမဒေါ်နန်းနွဲ့ အခန်းထဲမှ ထွက်ခွာသွားလိုက်သည်။ ကျန်ခဲ့သော မိန်းကလေး နှစ်ယောက်ကား ၎င်းတို့ခုံတွင် ထိုင်လိုက်ကြသည်။
ဝေဖြိုး၏ ပါးစပ်မှလည်း “တော်တော် ဆိုးတဲ့ မိန်းမတွေ”ဟု ခတ်ကျယ်ကျယ်ပြောဆိုလိုက်သည်။ ထိုအခါ မာယာဟုခေါ်သော မိန်းကလေးကား “ဘာပြောတယ်”ဟု ခတ်ကျယ်ကျယ်ပြောလာလေသည်။ ဝေဖြိုးကလည်း မိန်းမတွေနှင့်တော့ ရန်ထဖြစ်လေ့မရှိ။ သို့သော် ဤမိန်းကလေးနှင့်မှ သူက စကားပြိုင်ပြောပစ်ချင်သည်။
“နားလေးနေလား”
“ငဖြိုးသွားမပြောပါနဲ့ကွ” “မာယာရယ် သွားမပြောပါနဲ့ဟာ”ဟူသော ဖြည်းညင်းညင်း စကားသံနှစ်ခုကား တပြိုင်နက် ပေါ်ထွက်လာသည်။ ဤသို့ပြောဆိုသူကား ဇွဲရန်နိုင်နှင့် စန္ဒီဟူသော မိန်းကလေးပင်တည်း။

ဇာတ်သိမ်းပိုင်းအား ဆက်လက်စောင့်မျော်ပါရန်။

ရှမ်းကလေး