Friday, November 30, 2007

“ဒီဇင်ဘာ”

ဒီဇင်ဘာရောက်ရင်
ငါ့ရဲ့အတွေးစတွေက
ဟိုအတိတ်ဆီသို့
လွင့်ပြယ်ကာ ရောက်ရှိသွား။

ဒီဇင်ဘာရောက်ရင်
ငါ့ရဲ့အတွေးစတွေက
မင်းနဲ့ငါ ချိန်းတွေ့တဲ့ည
ဒီဇင်ဘာလ (၃)ရက်နေ့ညကို
ငါလေပြန်သတိရ။

ဒီဇင်ဘာရောက်ရင်
ငါ့ရဲ့အတွေးစတွေက
မာယာနဲ့ နင်ပြောခဲ့တဲ့စကားကို
စေတနာ အနေနဲ့
ငါလေပြန်သတိရ။

ဒီဇင်ဘာရောက်ရင်
ငါ့ရဲ့အတွေးစတွေက
ဒီဇင်ဘာ (၉)ရက်နေ့မှာ
နင်ဟာသ လုပ်ပြီး
ငါ့ကိုပြန်လာချော့တာတွေကို
ငါလေပြန်သတိရ။

ဒီဇင်ဘာရောက်ရင်
ငါ့ရဲ့အတွေးစတွေက
မာယာလိုနင်ပြောသွားတဲ့
ဟန်ဆောင်စကားတွေကို
ငါမယုံတော့ဘူးလို့
ပြန်ပြောခဲ့တာတွေကို
ငါလေပြန်သတိရ။

ဒီဇင်ဘာရောက်ရင်
ငါရဲ့အတွေးစတွေက
ပြောရင်လူတွေရီကုန်မယ်
ငါပြောချင်တာကတော့
အခုထိနင့်ကိုသတိရတုန်းပဲ။

ဒီဇင်ဘာရောက်ရင်
ငါ့ရဲ့အတွေးတွေက
ဒီဇင်ဘာ (၂၅)ရက်နေ့မှာ
နင်လက်ထက်သွားတဲ့
ကိုယ်လုံးက၀က် မျက်နှာပေါက်ကဆင်
ခြေသလုံးကဂျင် အဲ့ဒီလူကို
ငါလေပြန်သတိရ။

ဒီဇင်ဘာရောက်ရင်
ငါ့ရဲ့အတွေးတွေက
မနေသာပေမဲ့ အခုအချိန်မှာတော့
ဟိုကောင်ဇေယျာလို
စေတနာလေးနဲ့ ဖြေသာလိုက်တော့မယ်နော်။

ရှမ်းကလေး

“မရိုင်းပါနဲ့”

မိတ်ဆွေ...
မြန်မာဟာ ကမ္ဘာမှာ
အယဉ်ကျေးဆုံးပါ
ထို့ကြောင်း အရိုင်းစကားမဆိုပါနဲ့။

မိတ်ဆွေ....
ကမ္ဘာမှာ မြန်မာဟာ
အရိုင်းစကားတွေနဲ့
ထင်ရှားခြင်းမရှိခဲ့ပါ
ထို့ကြောင့် အရိုင်းစကားမဆိုပါနဲ့။

မိတ်ဆွေ....
သင်လည်းဗမာ
ကျွန်ုပ်လည်း ဗမာ
ဗမာအချင်းချင်း
အရိုင်းစကားမဆိုပါနဲ့။

မိတ်ဆွေ...
ကျွန်ုပ်သင့်ကို
အနေသာကလေးနဲ့
အဖြေကလေးပေးလိုက်မယ်
ကျွန်ုပ်သင့်ကိုစိတ်မဆိုးပါ။

မိတ်ဆွေ....
တစ်ပါးသူခိုင်းစေခြင်းကြောင့်
သင့်ရဲ့မွန်မြတ်လှတဲ့
ပါးစပ်ပေါက်ကနေ
အရိုင်းစကားတွေ
မထွက်စမ်းပါနဲ့။

မိတ်ဆွေ.....
သင်ကျွန်ုပ်ကို မဆဲဆိုခင်မှာ
သင့်ကိုယ်ကို ပြန်ဆဲစမ်းကြည့်ပါ
ဒါကိုရိုင်းတယ်လို့ မထင်ခဲ့ရင်
ကျွန်ုပ်ကိုကြိုက်သလောက်ဆဲလိုက်ပါ
ကျွန်ုပ်စိတ်မဆိုးပါ။

ရှမ်းကလေး


Thursday, November 29, 2007

“ကျးဇူးပြုပြီးတော့ကူညီကြပါရန်”

ကျွန်တော်ရှမ်းကလေး၏ဘလော့ကိုလာရောက်ဖတ်ရှူသူများခင်ဗျား ကျွန်တော့်ကိုကူညီကြပါရန်လေးစားစွာ တောင်းဆိုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ဘလော့မပြီးမြောက်ခြင်းကြောင့် မိတ်ဆွေတို့စိတ်အနှောက်အယှက် ဖြစ်ရင်လည်းခွင့်လွတ်ကြပါခင်ဗျား။ အဆိုးဖက်ကကော်မက်တွေရေးသွားရင်လည်းကျွန်တော်စိတ်မဆိုးကြောင်း ပါခင်ဗျား။ ကျွန်တော်ကော်လံသုံးခု လုပ်ချင်ပါတယ်ခင်ဗျား။ ပြီးတော့ ကျွန်တော် page elements က ခေါင်းစဉ် တွေကိုညီညီလေးလုပ်ချင်ပါတယ်ခင်ဗျား ကျေးဇူးပြုပြီးတော့ကူညီကြပါရန်။ အားလုံးကိုချစ်ခင်လေးစား ရင်းနှီး လျှက်။

ရှမ်းကလေး

မှတ်ချက်။ ကူညီပေးနိုင်မည်ဆိုလျှင်yarzar09@gmail.comထိုလိပ်စာကိုဆက်သွယ်နိုင်ပါသည်။ မည်သူမဆိုဆက်သွယ်နိုင်ပါသည်။ကျွန်တော့ကိုဦးဆုံးမဆက်သွယ်ချင်ရင်တော့လိပ်စာလေးများ ထား ခဲ့ပေးပါရန်။ ဘယ်နိုင်ငံမှာနေတာလည်းဆိုတာကိုကောတစ်ခါထဲပြောသွားပေပါရန်။ (အဆစ်ကပါ လိုက်သေးတယ်) ပြီးလျှင် ကျွန်တော်ပြန်ဆက်သွယ်ပါမည်။

Wednesday, November 28, 2007

“ထိုင်းနိုင်ငံရဲ့လွိုင်းကထုံးပွဲတော်”

“ဒါကတော့ထိုင်းလူမျိုးတွေ လွိုင်းကထုံးပွဲတော်ကို သွားနေကြတာပါ။”

ဦးဆုံးကျွန်တော်တောင်းပန်ချင်တာကတော့ အရင်တင်ထားတဲ့လွိုင်းကထုံးဓါတ်ပုံလေးမှာ လွိုင်က ထုံ လို့ရေးထားလို့ပါ။ လွိုင်ကထုံဆိုတဲ့ စာလုံးက မှားပါတယ်။ အမှန်ကတော့ လွိုင်းကထုံးပါ။ လွိုင်းကထုံးလို့ခေါ်တဲ့ ထိုင်းနိုင်ငံရဲ့ တစ်နှစ်မှာမှ တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ ထိုပွဲတော်လေးဟာ ကျင်းပတဲ့နေ့ရောက်လာပြီဆိုရင်ဖြင့် ထိုင်းနိုင်ငံမှာရှိတဲ့ လူအပေါင်းတို့ အလုပ်တစ်ခုမဖြစ်မနေ လုပ်ရခြင်းပါ။ တချို့ကလည်းမလုပ်ပဲ သူများလုပ်ပြီးတာကို ၀ယ်ယူလေ့ရှိကြပါတယ်။ တချို့ကလည်း ကိုယ့်ကိုတိုင်ပြုလုပ်လေ့ရှိကြပါတယ်။ ပြုလုပ်ရတဲ့ပစ်စည်းတွေကတော့ ငှက်ပျော်ပင်ရယ်၊ ငှက်ပျောရွက်ရယ်၊ စိမ်းစိုလှပတဲ့ ပန်းပွင့်လေးတွေရယ်၊ ထိန်လင်းတောက်ပြောင်တဲ့ ဖရောင်းတိုင် တို့နှင့်တကွ မွေးသင်းရနံ့ကြိုင်လှိုင်တဲ့ အမွေးတိုင်တို့ပါဝင်ပါတယ်။ အဲ့ဒါတွေအားလုံးကို ပေါင်းစပ်ထားတဲ့ အရာတစ်ခုကိုတော့ လွိုင်းကထုံးလို့ခေါ်ဝေါ်သတ်မှတ်ကြပါတယ်။ မြန်မာလို ဆိုရင်တော့ ရေမှာမျောရတဲ့လှပတဲ့အရာတစ်ခုလို့ခေါ်ယူသတ်မှတ်နိုင်ပါတယ်။ တကယ်တော့ ကျွန်တော်လည်း လွိုင်းကထုံးလို့ခေါ်တဲ့ ရေမှာမျောရတဲ့လှပတဲ့အရာတစ်ခုကို ကိုယ်ကိုတိုင် မလုပ်တတ်ပါဘူး။ အရင်နှစ်တုန်းကတော့ ကျွန်တော့်ကိုထိုင်းမလေးတစ်ယောက်ကလုပ်ပေးတာပါ။ ဟဲ...ဟဲ ကြွားတာနော်။ လွိုင်းကထုံးပွဲကိုရောက်ပြီဆိုရင် ထိုင်းနိုင်ငံမှာရှိတဲ့ လူပေါင်းများစွာဟာ ထိုပွဲကို ပျော်ရွင်စွာ သွားကြပါတယ်။ ထိုင်းလူမျိုးများဟာလည်း ထိုပွဲကိုသွားဖို့ ဖော်ရွေစွာ ဖိတ်ခေါ်ကြပါတယ်။ ထိုင်းတွေက ပိုင်းလွိုင်းကထုံးဆိုပြီး ထိုင်းတို့စကားအတိုင်း အေးအေး ငြင်ငြင်လေးဖိတ်ခေါ်တာ ကျွန်တော့်နားဝင်ကိုချိုလို့ပါပဲ။ အထူးသဖြင့်ကောင်မလေးတွေပေါ့။ လွိုင်းကထုံးကိုညနေခင်းမှာမှောင်စပြုချိန်မှာ သွားလေ့ရှိပါတယ်။နောက်တစ်ခုက လွိုင်းကထုံး ထဲမှာပိုက်ဆံအကြွေစေ့လေး 1 ဘတ်ဖြစ်စေ။ 2 ဘတ်ဖြစ်စေ။ ထည့်ပေးကြပါတယ်။ အရင်တစ်နှစ်ကတော့ ကျွန်တော့်အမေက 10 ဘတ်ထည့်ပေးတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်က ကျွန်တော့်အမေထည့်ပေးတဲ့ ပိုက်ဆံ10 ဘတ်ကို 2 ဘတ်နဲ့လဲလိုက်ပါတယ်ဗျာ။ ဟဲ...ဟဲ အဲ့တုန်းက ဂိမ်းကစား စရာmoney မရှိလို့ဗျ။ မရှိတော့ ရှိတဲ့နည်းကို ကြံဖန်ရတာပေါ့ဗျာ။ ဟုတ်ဘူး လား။ နောက်တစ်နှစ်ကြရင် စာဖတ်သူတို့ ကိုကို၊ မမ၊ မောင်မောင်၊ ညီမတွေလည်း လွိုင်းကထုံး ပွဲတော်ကို လာရောက်ခဲ့သည်ရှိသော် လွိုင်းကထုံးထဲကို ပိုက်ဆံများများထည့်လာခဲ့နော်။ ပြီးရင် အမှတ်အသားလေးတွေလုပ်ခဲ့ပေါ့။ ပိုက်ဆံတွေလိုက်ယူပစ်မယ်။ ဟဲ...ဟဲ ။ လွိုင်းကထုံးကို လွတ်ခါနီး ဖယောင်းတိုင်တို့၊ အမွေးတိုင်တို့ကိုမီးထွန်းဖို့မမေ့ကြနဲ့ဦးလို့သတိပေးရင်း ကျွန်တော် သိသလောက်ထို်င်းနိုင်ငံရဲ့လွိုင်းကထုံးအကြောင်းလေးကိုဒီမှာတင်နားပါရစေခင်ဗျား။

ရှမ်းကလေး

Monday, November 26, 2007

လွိုင်ကထုံပွဲတော်ရဲ့ အရေးပါတဲ့အရာတစ်ခု

လွိုင်ကထုံမသွားမှီအရင်လုပ်ရတဲ့ ရေထဲမှာမျှောရတဲ့ ငှက်ပျောရွက်နဲ့လုပ်တဲ့ ပုံလေးကို ကျွန်တော်တင်ပြပါရစေဗျာ။
ကျွန်တော်တို့အိမ်ကကိုယ်တိုင်လုပ်တာနော်။

လွိုင်ကထုံဆိုတာ ထိုင်းနိုင်ငံရဲ့ပွဲတော်လေးတစ်ခုပါ။ ကျွန်တော်ကတော့ အဲ့ဒီနေ့မသွားဖြစ်လိုက်ပါဘူး။
နောက်မှလွိုင်ကထုံနဲ့ဆိုင်တဲ့ပို့တွေတင်ပါဦးမည်။ အခုသိမ်မအားသေးလို့ပါ။ ရှမ်းကလေး




အဖြူရောင်သူငယ်ချင်း

ဒါဏ်ရာတွေနဲ့ လဲပြိုကျချိန်
ငါ့ဘ၀လေးကို ဖေးမထူ
အားပေးကူညီခဲ့တဲ့ သူငယ်ချင်း...

ဒုက္ခမိုးရေတွေ
ငါရ
ွှဲစိုနေချိန်မှာ
ကရုဏာထီးလေးမိုးပေးခဲ့သူ....

အဖွင့်မချူ အခက်မချိုး
မြတ်နိုးလျက် အလှကြည့်သူ
ဘာမျော်လင့်ချက်မှမရှိ
အဖြူရောင် ပကတိ ကူညီပေးခဲ့သူ။

ရှမ်းကလေး

“စည်း”

ပျော်ပျော်နေပါ
ဒါပေမဲ့...
အပျော်တွေနောက်ချည်းမလိုက်ပါနဲ့။

စီးပွားရှာပါ
ဒါပေမဲ့.....
ဘ၀ကို ငွေရဲ့ကျေးကျွန်အဖြစ် မရှင်သန်ပါနဲ့။

ချစ်တတ်ပါ
ဒါပေမဲ့...
အချစ်ရေးထဲမှာချည်း နစ်မွန်းမနေပါနဲ့။

ရှမ်းကလေး


Sunday, November 25, 2007

“ဆန့်ကျင်ဖက်”


မင်းအေးချမ်းတဲ့ သီချင်းသီဆိုနေချိန်မှာ
ငါကတော့ ကြမ်းတမ်းတဲ့ Hip Hop သီချင်းကိုအော်ဟစ်နေမိတယ်

မင်းနာကျင်စွာ ခံစားနေရတဲ့အချိန်မှာ
ငါကတော့ ပျော်ရွင်စွာဆော့ကစားနေမိတယ်။

မြင့်လွန်းတဲ့နေရာကို မင်းရောက်နေတဲ့အချိန်မှာ
ငါကတော့ အောက်ခြေအဆင့်ကနေလုံးဝမတက်။

တစ်ဦးတစ်ယောက်ဆီက တည်ငြိမ်တဲ့နှလုံးသားကို
မင်းပိုင်ဆိုင်တဲ့ အချိန်မှာတော့
ငါကတော့ အသည်းကွဲ လူကြမ်းမင်းသားကြီးဘဝ
ရောက်နေပါတော့တယ်။

မင်းမှန်ကန်တဲ့ စကားတွေကိုပြောနေချိန်မှာ
ငါကတော့ သူတစ်ပါးကို လိမ်ညာစွာဆက်ဆံနေမိတယ်။

မင်းအဆင့်အတန်းမြင့်တဲ့ ပတ်ဝန်းကျင်မှာ နေတဲ့အချိန်မှာတော့
ငါကတော့ နှိမ့်ကျတဲ့အဆင့်အတန်းမှာပျော်မြူးနေမိတယ်။

ရှမ်းကလေး


Saturday, November 24, 2007

“ငါမင်းကိုလက်ခံပါသေးတယ်”

သွားပါ.... မင်းကြိုက်တဲ့နေရာကို
မင်းပျော်တဲ့နေရာကို ဆန္ဒရှိသလောက်
နေထိုင်ခဲ့ပါ။
နောင်တစ်ချိန်မှာ မင်းမပျော်ခဲ့ရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။

ယူသွားပါ....ငါ့မှာရှိသမျှ
စည်းစိမ်ဥစ္စာတွေကို
အကုန်ယူသွားပါ။
နောင်တစ်ချိန်မှာ ဒါတွေမင်းကုန်သွားခဲ့ရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။

ပြောသွားပါ...ငါ့မကောင်းကြောင်းတွေကို
လူတွေရဲ့ရှေ့မှောက်မှာ
မင်းဝအောင် ပြောသွားပါ
နောင်တစ်ချိန်မှာ မင်းမပြောချင်တော့ဘူးဆိုရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။

တွဲသွားပါ...မင်းကြိုက်တဲ့လူတွေကို
မင်းစိတ်တိုင်းကြ တွဲသွားပါ။
နောင်တစ်ချိန် မင်းတွဲလို့ဝသွားပြီဆိုရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။

ထိုးခိုင်းလိုက်ပါ...မင်းရဲ့လူယုံတော်တွေနဲ့
ငါ့ပါးတစ်ဖက် ရွဲ့စောင်းသွားအောင်
ထိုးခိုင်းလိုက်ပါ။
အကယ်၍ မင်းကျေနပ်ပြီဆိုရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။


ရှမ်းကလေး

Friday, November 23, 2007

မတူ ကွဲပြားတဲ့ မိန်းမနှစ်ဦး

မှတ်ချက်။ ။ ထိုကဗျာသည် ကျွန်တော်မြင်တွေ့ ခဲ့ရဖူးသော ဖြစ်ရပ်မှန်လူတစ်ဦးအကြောင်းကို ရေးသားခြင်းဖြစ်ပြီး နအဖစစ်အစိုးရခေါင်းဆောင် သခင်တော်(အော..ဟုတ်ပါဖူး) မယား နှင့်နှိုင်းယှဉ်ပြီးကျွန်တော်ကိုယ်တိုင် ကြိုးစားပြီးစပ်ထားပါသည်။ ထိုသူနေထိုင်သောနေရာတွင် လူ့ အခွင့်အရေး ပညာရပ်များကို မလေ့လာဖူးသော လူများသာရှိသဖြင့် “ကျွန်တော့်မိန်းမက ကျွန်တော့်ကို မော့တောင်မကြည့်ရဲဘူး”ဟူသောစာပိုဒ်ကို ဖြစ်ရပ်အတိုင်းထည့်သွင်းထားပါကြောင်းအသိပေး ရင်း..........


မိန်းမ....
မိန်းမဆိုတာ အားလုံးအသိပဲ
မိန်းမဟာ မိန်းကလေးပေါ့ဗျာ။

ကျွန်တော့်အမေလည်း မိန်းမပဲ
လူတို့ရဲ့အမေလည်း မိန်းမပဲ
သန်းရွေရဲ့အမေလည်း မိန်းမပဲ

ကျွန်တော့်မိန်းမလည်း မိန်းမပဲ
သန်းရွေမိန်းမလည်း မိန်းမပဲ။

သူ့ မိန်းမလည်း လူပဲ
ကျွန်တော့်မိန်းလည်း လူပဲ။

သူ့ မိန်းမက တာဝတိံသာကဆင်းလာတာမဟုတ်ဘူး
ကျွန်တော့်မိန်းမကလည်း ငရဲပြည်ကတက်လာတာမဟုတ်ဘူး။

မိန်းမခြင်းတူကြပေမဲ့
သူ့ မိန်းမက အပျင်းကြီးတဲ့နတ်သမီးလိုနေရတယ်။
ကျွန်တော့်မိန်းမက ဆင်းရဲနွမ်းပါးတဲ့သူဆင်းရဲလိုနေရတယ်။

သူ့ မိန်းမက ကြိုင်ကြိုင်
ကျွန်တော့်မိန်းမက လှိုင်လှိုင်

သူ့ မိန်းမက နိုင်ငံခြားထုတ်
ရေးမွေးတွေနဲ့  ကြိုင်လှိုင်နေတယ်။
ကျွန်တော့်မိန်းမက ငါးစိမ်းသည်ဆိုတော့
ငါးညီနှံ့ တွေနဲ့  ကြိုင်လှိုင်နေတယ်။

သူ့ မိန်းမက ပျော့ပျောင်းတဲ့မွေ့ ရာပေါ်မှာလဲလျှောင်းရတယ်။
ကျွန်တော့်မိန်းမက ဂျပိုးကိုက်တဲ့ စောင်ကြမ်းပေါ်မှာ ကျောခင်းရတယ်။

သူ့ မိန်းမက သူကြိုင်တာစားလို့ ရတယ်။
ကျွန်တော့်မိန်းမကတော့ ထမင်းမှတစ်ပါး အခြားစားစရာမရှိ။

သူ့ မိန်းမက သူ့ ကိုနိုင်ထက်စီးနင်း ခိုင်းလို့ ရတယ်။
ကျွန်တော့်မိန်းမကတော့ ကျွန်တော့်ကိုမော့တောင်မကြည့်ရဲဘူး။

သူ့ မိန်းမက နိုင်ငံတစ်ခုကို နာရီပိုင်းအတွင်းကူးလို့ ရတယ်။
ကျွန်တော့်မိန်းမကတော့ ကားခမရှိလို့  မြီု့ တောင်မရောက်ဖူး။
သြော.....တော်တော်ခြားနားတဲ့မိန်းမနှစ်ယောက်ပေတကား။

ရှမ်းကလေး

Thursday, November 22, 2007

“တောင်းပန်ပါတယ်”

မလာခဲ့ပါနဲ့ 
မင်းခြေလှမ်းများရဲ့
ညှို့အားပြင်း စွမ်းအင်ထဲ
ငါတစ်ယောက်တည်း အခါခါသေဆုံး....။

ပြုံးမပြပါနဲ့ 
မင်းသိမ်းပိုက်ထားတဲ့
ငါရဲ့တစ်နေ့ တာအချိန်လေး
ပြောင်းဆန်သွားရင် ဒုက္ခပဲ...။

နှုတ်မဆက်ပါနဲ့ 
အဝေးကမြင်ရရုံနဲ့ 
ရင်ခုန်လွန်းတဲ့ ငါ့နှလုံးသား
မင်းစကားသံကြားရင်
အပြင်ကို ခုန်ထွက်လာမှာစိုးလို့ ပါ...။

ရှမ်းကလေး





ရှမ်းကလေးရဲ့လက်ဆော့ခြင်း

တကယ်ဆိုးတယ်ဗျာ။ ရှမ်းကလေး။ တန်ပလိပ်ကိုဟိုပြောင်း ဒီချိန်းလုပ်လိုက်တာ အကုန်ပျောက်ကုန်တယ်။ ကျေးဇူးပြုပြီးတော့ စောင့်ဆိုင်းပေးကြပါဦး။ ဒီတစ်ခါတော့ရက်ရှည်မယ်ဗျ။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်အစကနေပြန်လုပ်ရလို့ ဗျ။ ရှမ်းကလေး တကယ်လက်ဆော့တယ်ဗျာ။ အလွန်ဆုံးတစ်ပတ်ပေါ့ဗျာ။

လေးစားစွာဖြင့် ရှမ်းကလေး




Powered by ScribeFire.

Tuesday, November 20, 2007

“ကြိုင်ကြိုင်ရဲ့ဖြတ်ထိုးဥာဏ်”

တနေ့မှာတော့် မြို့တစ်မြို့မှာ သန်းရွေလူသတ်သမား၊ သိန်းစိန်လူသတ် သမား ဆိုပြီး ဓါတ်တိုင်တွေပေါ်မှာ ပိုစတာတွေနဲ့ အမည်မသိပြည်သူ တစ်စုက လိုက်ရေးထားပါလေရောတဲ့။ ဒီလိုရေးထားတာတွေကိုကြံ့ဖွံ့အဖွဲ့ တွေတွေ့တောို့ ပိုစတာ တွေကိုဖြုတ်ပြီး မျက်နှာရလိုရငြား ဗိုလ်ချူပ်မှူးကြီးသန်းရွေရဲ့အိမ်ကိုတိုက်ရိုက်သွားတင်ပြသတဲ့။

ဗိုလ်ချူပ်ကြီးက ဘာကွ ငါ့ကိုဒီလိုရေးတဲ့ကောင်တွေ၊ ကောင်မတွေရှိလား (တန်းတူအခွင့်အရေး)၊ ပြစမ်းဘာတွေလည်း၊ အားပါးပါး....ငါ့ကိုများလူသတ် သမားတဲ့။ မင်းတို့ကောင်တွေ ဒီကောင်၊ ဒီကောင်မတွေကိုလိုက်စုံစမ်း၊ သိရင်အသေသာသတ်(ဟုတ်တယ်လို့ပြောရင် ခွေးတွေလိုဘဲဟောင်တတ် လိုက်သေးတယ်)

ကြံ့ဖွတ်။ ။ ဟုတ်ကဲ့ဖေကြီး(အရေးထဲခွေးချီးကိုကောက်နမ်းတဲ့လူတွေရှိသေးတယ်။)

ဗိုလ်ချူပ်ကြီး။ ။အေမင်းတို့ပြန်တော့။ ရသမျှသတင်းတွေယူလာခဲ့။

ကြံ့ဖွတ်။ ။ ဟုတ်ကဲ့ဖေကြီး။

ကြံ့ဖွတ်တွေလည်းပြန်သွားတော့သန်းရွေကြီးကြိုင်ကြိုင်အခန်းထဲဝင်သွားပြီး

မေကြိုင်ဒီမှာကြည့်ပါဦး၊ ဖေကြီးနဲ့ စိန်ကတုံးကို ဘယ်ကကလေကချေတွေ ရေးသွားလည်းမသိပါဘူး။ လူသတ်သမားတွေတဲ့။

ကြိုင်ကြိုင်။ ။ ဘာ...ဘာလဲ လူသတ်သမားဘယ်မှာလည်း....ဘယ်မှာ လည်း....ဟိုကောင်တွေ ဘယ်ရောက် သွားပြီလဲ။ လူသတ်သမားလာတယ် မတွေ့ဘူးလား။ သူ့ကိုသတ်။ သူ့ကိုသတ်လို့ကယောင်ကတန်းနဲ့အိမ်ရာထဲမှာ အော်နေသတဲ့။

သန်းရွေ။ ။မေကြီးဘာတွေပြောနေတာလည်း...ရော့...ရေ....ရေ... သောက်လိုက်ဦး။

ကြိုင်ကြိုင်။ ။ အော....သန်းသန်းလား....ဘာလဲသန်းသန်းပြော။

သန်းရွေ။ ။ ဖေကြီးနဲ့စိန်ကတုံးကိုဘယ်သူတွေလဲသိဘူး။ လူသတ်သမားတွေတဲ့။ အဲ့ဒါသွားပစ်မလို့။ မေကြီးကိုလာပြောတာ။

ကြိုင်ကြိုင်။ ။ သန်းသန်းကအကုန်လုံးသွားပစ်ထုတ်မှာလား။ ဟိုစိန်ကတုံးကိုရေးထားတဲ့စာကိုသိမ်းထားလေတဲ့။

သန်းရွေ။ ။ အကုန်လုံးပစ်ထုတ်မှာပေါ့။ ဘာဖြစ်လို့မေကြီးရ။

ကြိုင်ကြိုင်။ အလိုက်လေ သန်းသန်းရေ။ သိမ်းထားတော့ အကယ်၍ မတော်တဆစိန်ကတုံး အာဏာတက်လု ရင်ရှုံးအောင် ပြည်သူလူထုကသူ့ကိုမကြိုက်ဘူးလို့သက်သေပြလို့ရတာပေါ့။ လူဆိုတာဖြတ်ထိုးဥာဏ်သုံးရတယ်တဲ့။

ရှမ်းကလေး

“မှန်လိုက်လေကိုဘအေးရေ”

တနေ့ကော့သောင်းမြို့မှာနေထိုင်တဲ့လူသုံးဦးဟာစကားစမြည်ပြောနေကြ သတဲ့။ဒါနဲ့သူတို့စကားပြောနေရင်း နအဖမှအတင်းအကြပ်ပြုလုပ်ခိုင်းတဲ့ အမျိုးသားညီလာခံအကြောင်းကိုရောက်သွားပါလေရော။ လူကလည်းသုံး ယောက်ဆိုတော့စကားတွေပြောတာနအဖကိုကြောက်လို့ကြောက်မှန်း မသိတော့ဘူးပေါ့တဲ့။ အဲ့ဒီအထဲမှာ ကျောင်းဆရာတစ်ယောက်လည်းပါတယ် တဲ့။

ကိုဘအေး။ ။ ပြည်ခိုင်ဖြိုးတွေက ကျောင်းဆရာနဲ့ကျောင်းသားတွေကို ကျောင်းဝတ်စုံ မ၀တ်လာဖို့ပြောတယ်ကွ။

ကိုအောင်။ ။ ဟာမင်းကလည်းကွာ ကျောင်းသားနဲ့ကျောင်းဆရာတွေတင် မဟုတ်ဘူး။ ၀န်ထမ်းတွေအားလုံးကိုပါမ၀တ်လာခိုင်းဘူကွ။

ကိုဘအေး။ ။ ဟုတ်လား၊ အဲ့ဒါဘာဖြစ်လို့လဲသိဘူးနော်ကွာ။

ကိုအောင်။ ။ဒါကြောင့်ငါတို့နိုင်ငံသားတွေဒုံးဝေတယ်လို့ပြောတာ။ မင်းဘီဘီ စီးဘာလေးနားမထောင်ဘူးလား။

ကိုဘအေး။ ။ ဟေ.....ငါနားမထောင်ဖြစ်တာကြာပြီကွ။ ပြောပြစမ်းပါဦး ဘာကြောင့်လဲဆိုတာ။

ကိုအောင်။ ။ ဒီကျောင်းသူကျောင်းသားတွေနဲ့ ၀န်ထမ်းတွေအားလုံးကို
ပြန်သူလူထုလို့ထင်မှားအောင်လုပ်တာတဲ့ကွာ။

ကိုဘအေး။ ။ ဟာ....မင်းဟာဟုတ်လို့လား။

ကိုအောင်ကဟုတ်တယ်လို့မပြောခင် ကျောင်းဆရာက၀င်ပြီး

မဟုတ်ပါဘူးဗျာ။

ကိုအောင်။ ။ ဆရာကဘယ်လိုသက်သေပြမလဲ။ မဟုတ်ဘူးဆိုတာ။

ကျောင်းဆရာ။ ။ မနက်ဖြန်ထောက်ခံပွဲရှိတယ်။ မနက်ဖြန်ကြရင် ကျွန်တော် ကျောင်းစိမ်းနဲ့

အင်္ကျီဖြူဝတ်သွားမယ်ဗျာ။

ကိုဘအေး။ ။ မလုပ်ပါနဲ့ဆရာရယ်။ ကျွန်တော်တို့အမှူပတ်နေပါဦးမယ်။

ကိုအောင်။ ။ ဟုတ်ပါတယ်ဆရာရယ်..အဲ့လောက်ထိမစွန့်စားစမ်းပါနဲ့။

ကျောင်းဆရာ။ ။ ခင်ဗျားတို့ကလည်း ပြောမှပိုဆိုးလာပြီ။ ဘာကြေးလောင်း မလဲကဲပြော။

ကိုဘအေး။ ။ ဆရာတကယ်လုပ်မယ်ဆိုရင် ကျွန်တော်မလောင်းဘူး။ ပါးစပ်ကပဲမှန်တဲ့အတိုင်းပြောမယ်။

ကျောင်းဆရာ။ ။ ခင်ဗျားကဘာပြောမှာလည်း။

ကိုဘအေး။ ။ ဆရာမနက်ဖြန်ကျောင်းဝတ်စုံဝတ်သွားရင် အနည်းဆုံးထောင် တစ်နှစ်လောက်တော့ကျခံရမယ်။

ကျောင်းဆရာ။ ။ မဟုတ်တာဗျာ။ စောင့်ကြည့်ကျွန်တော်မနက်ဖြန်ဝတ်သွား မယ်ဗျာ။ ခင်ဗျားတို့စောင့်ကြည့်။

ကိုအောင်။ ။ ကဲကိုဘအေးရေ ခင်ဗျားတားရင်လည်းအပိုပဲ။ ဆရာကတစ် ကယ်လုပ်မှာဗျ။
ပြာမိတဲ့ကျွန်တော်တို့ပါးစပ်ကိုကအမှား။

ဒါနဲ့ကျောင်းဆရာလည်းမနက်ရောက်တော့်ကျောင်းစိမ်းဝတ်စုံကိုသားသား နားနားဝတ်ပြီး အမျိုးသား ညီလာခံထောက်ခံပွဲကျင်းပတဲ့နေရာကိုလမ်း လျှောက်သွားသတဲ့။ နေရာလည်းရောက်ရော ခွေးတွေအနံ့ရလို့ထင်တယ်။ အော....ဟုတ်ပါဘူး။ ရဲတွေကျောင်းဆရာနားချဉ်းကပ်လာပါလေရော။

ရဲ။ ။ ဆရာကျွန်တော်တို့နောက်ခဏလောက်လိုက်ခဲ့ပါဦးလို့ဆိုပြီး စူပါကပ် ဆိုင်ကယ်အစုတ် လေးပေါ်ကို တက်ခိုင်းတယ်တဲ့။ ကျောင်းဆရာလည်း တစ်ခုခုသွားဝယ်မယ်ဆိုတဲ့အထင်နဲ့ဆိုင်ကယ်ကိုတက်လိုက်ပါရဲ့။

နောက်တော့ရဲစခန်းကိုရောက်သွားပါလေရောတဲ့။
ရဲဗိုလ်တစ်ရောက်က ဆီးကြိုပြီး
ခင်ဗျားကိုတော့ညီလာခံထောက်ခံပွဲတက် ရာမှာကျောင်းဝတ်စုံဝတ်လာလို့ ထောင်(၁)နှစ်ချလိုက်ပါပြီတဲ့။ ကျောင်းဆရာခမျာဘာမှမပြောနိုင်တော့ဘူး။ ဒါပေမဲ့ကျောင်းဆရာတစ်ရောက် စိတ်ထဲကရေရွတ်လိုက်တာကတော့

မှန်လိုက်လေကိုဘအေးရေဆိုတာပါပဲ။

ရှမ်းကလေး

ဆန့်ကျင်ဘက်မြန်မာနိုင်ငံသား

တနေ့မြန်မာနိုင်ငံသားရယ်၊ ထိုင်းနိုင်ငံသားရယ်၊ တရုတ်နိုင်ငံတို့တတွေဟာ စင်္ကပူမှာ ပညာသွားသင်ရင်း ခင်မင် ရင်းနှီးကြသတဲ့။ တစ်ရက်မှာတော့ သူတို့ တတွေဟာ သူတို့ရဲ့တိုင်းပြည်ကောင်းကြောင်းကိုပြောကြသတဲ့။

ထိုင်းနိုင်ငံသား။ ။ငါတို့ဘုရင်ကတော့်ကွာ သူများတွေတော်တော်ရိုသေကြ တယ်ကွ။လေးလည်းလေးစားတယ်။ ငါတို့နိုင်ငံမှာငါတို့ဘုရင်ကိုမလေးစား တဲ့လူကိုမရှိဘူး။

ဒါနဲ့တရုတ်နိုင်ငံသားလည်းအားကျမခံ ငါတို့နိုင်ငံကလည်းအခုဆိုရင် ကမ္ဘာမှာ အချမ်းသာဆုံးဖြစ်နေပြီကွ။


ဒါပေမဲ့ ထိုင်းနဲ့တရုတ်ကသူတို့နိုင်ငံကောင်းကြောင်းတွေကိုပြောနေပေမဲ့၊ မြန်မာနိုင်ငံသားကတော့တိတ်ဆိတ် နေသတဲ့။

ဒါကိုတရုတ်နဲ့ထိုင်းနိုင်ငံသားက။ ။ ဟေ့ကောင်မင်းတို့နိုင်ငံကိုဘာကောင်းကြောင်းမှမကြွားဘူးလား။

မြန်မာနိုင်ငံသားက ငါမပြောချင်ဘူးကွာ၊ ငါပြောရင်မင်းတို့အံ့သြသွားမယ်။


တရုတ်နဲ့ထိုင်းနိုင်ငံသားလည်းမရမကမြန်မာနိုင်ငံသားကိုမေးသတဲ့။အတင်းမေးတော့မြန်မာနိုင်ငံသားလည်းမနေ သာတော့ပဲ ပြောပြလိုက်သတဲ့။ မြန်မာနိုင်ငံသားစကားလည်းဆုံးရော တရုတ်နဲ့ထိုင်းနိုင်ငံသားဟာ ဟေ...အဲ့လိုလား ဆိုတဲ့အသံကတပြိုင်နက်ပဲ။

ကိုမြန်မာနိုင်ငံသားပြောသွားတာကတော့ ငါတို့ဗိုလ်ချူပ်တွေကလည်း တစ်ယောက်မှမကောင်းဘူး၊ ငါတို့ရိုသေ ကိုးကွယ်တဲ့ရဟန်းသံဃာတွေကို လည်းသတ်လိုသတ်၊ ငါတို့ဗိုလ်ချူပ်တွေခေတ်ရောက်မှပဲ ဘုန်းကြီးခေါင်းနဲ့ သေနတ်ပြောင်းထိတော့တယ်ကွာ။ လို့ပြောရှာသတဲ့။



ရှမ်းကလေး

Monday, November 19, 2007

“သန်းရွေ၏အကျင့်”


မှတ်ချက်။ ။ ဤကဗျာအားသံစဉ်အနိမ့်အမြင့်နှင့်သီဆိုပါရန်။

ဂန်ဗာရီလာပြီ သန်းရွေလိမ်တော့မည်။
ကြိုင်ကြိုင်လာပါပြီ သန်းရွေအတည်ပြောသည်။

ဂန်ဗာရီလာပြီ သန်းရွေငိုပြမည်။
ကြိုင်ကြိုင်လာပါပြီ သန်းရွေထိုင်ကန်တော့သည်။

တနေ့တခါ ထိုင်ကတော့တာ။
သန်းရွေကုသိုလ် ကောင်းမှူပါ။
ကြိုင်ကြိုင်ခမျာ ပီတိတွေဖြာ။


ရှမ်းကလေး

“သန်းရွေကိုသိလား”

သန်းရွေကိုသိလား
မြန်မာနိုင်ငံသား ကျောက်ဆည်မြို့ဖွား
အာဏာရမ္မက် လောဘတက်ပြီး
အာဏာကို ဖြတ်လမ်းနည်းနဲ့
လုယူသွားတဲ့ လူယုတ်မာလေ။

သန်းရွေကိုသိလား
အာဏာရမ္မက်တင်မဟုတ်ပဲ
သူ့ရဲ့စီးပွားရေးကိုလည်း လောဘကြီးလို့
တေဇလို တပည့်မွေးထားပြီး
နိုင်ငံရဲ့ တွင်းထွက်ပစ္စည်းတွေကို
ပြင်ပသို့ ခိုးထုတ်နေတဲ့ လူယုတ်မာပေါ့။

သန်းရွေကိုသိလား
ပြည်သူလူထု ဘိုးဘွား၊ ဘီဘင်
အဆက်ဆက်က ကိုးကွယ်လာကြတဲ့
အရှင်သူမြတ် ရဟန်းသံဃာတော်တွေကို
သေအောင်သတ်ခိုင်း ဆရာလုပ်နေတဲ့
သူယုတ်မာလေ။

သန်းရွေကိုသိလား
ရိုင်းစိုင်းယုတ်မာ ကောက်ကျစ်စဉ်းလည်း
သူ့ဘက်တော်သား ကြံ့ဖွံ့တွေကို
ရဟန်းအတု လုပ်ခိုင်းနေတဲ့
သူယုတ်မာပေါ့။

သန်းရွေကိုသိလား
ဒေါ်စုလို ရဲ့ရင့်ပြတ်သားတဲ့
သူကိုကြောက်လို့ ဒေါ်စုကိုဖမ်းထားတဲ့
မိန်းမရှာခေါ် သူယုတ်မာပေါ့။

သြော....ကြည့်လိုက်ရင်လည်း
ကောင်းစရာတစ်ကွက်မှ မရှိတာမို့
စိုးဝင်းနည်းတူ သွားရမဲ့
သူယုတ်မာပဲပေါ့ဗျာ။

ရှမ်းကလေး

“ဒါဟာဗုဒ္ဓဘာသာနိုင်ငံတဲ့လား”

ကျွန်တော်တို့မြန်မာနိုင်ငံကြီးမှာဘာတွေဖြစ်ကုန်နေပြီလဲ?အစစ၊အရာရာပွဲလမ်းသဘင်ဖြစ်စေ၊မသာ
ပွဲတွေဖြစ်စေ၊ အလှူပွဲတွေဖြစ်စေ၊ ကျွန်တော်တို့ နိုင်ငံမှာ ရဟန်းသံဃာတွေကို မပင့်ဖိတ်ပဲလုပ်လေ့
ထုံးစံမရှိပါ။ ခေတ်အဆက် ဆက်ကရဟန်းသံဃာတော်တွေကို စိတ်ထဲကတောင်မပြစ်မှားခဲ့တဲ့အချိန်

မှာန၀တ၊နအဖတို့ခေတ်ရောက်မှပဲဘုန်းကြီးခေါင်းနဲ့သေနတ်ပြောင်းထိတော့တယ်ဗျာ။ကျွန်တော်တို့ မြန်မာယဉ်ကျေးမှုမှာဆိုရင်ဘုန်းကြီးကျောင်းသွားပြီးမကန်တော့တဲ့သူကိုမရှိဘူး။လူကြီးကအစကလေး အဆုံးကျောင်းရောက်ပြီဆိုရင်ကျောင်းပေါ်မှာသွားထိုက်ကန်တော့ပြီးမှ ကျောင်းအောက်ပြန်ဆင်း လေ့
ရှိတယ်။ဘုန်းကြီးကျောင်းမှာလုပ်တဲ့ပွဲလမ်းသဘင်တွေဆိုရင်လည်းပွဲသွားလည်တဲ့အခါမှာဘုန်းကြီးကျောင်း ပေါ်တက်ကာ ထိုက်ကန်တော့ပြီးမှ ကျောင်းအောက်ကိုဆင်းပြီးပွဲလည်ရတယ်။ ဒီလိုထိုင်ကန်တော့တဲ့နေ
ရာမှာလည်းလက်အုပ်ချီပြီးထိုက်ကန်တော့ရတယ်။သည်လိုထိုင်ပြီးခေါင်းငြိမ့်ကာထိုင်ကတော့တဲ့လူတွေ
ကိုတော့ကျွန်တော့်တစ်သက်မတွေ့ဖူးသေးဘူး။ဘယ်သူမဆိုလက်အုပ်ချီကာထိုင်ကန်တော့ကြတယ်။ ဒီလိုလက်အုပ်ချီတဲ့ပုံတွေကိုတစ်ချို့သောလူများကလည်းတရိုတသေနဲ့ကိုယ့်ရဲ့လက်မောင်းမှာဖြစ်စေ၊ ကိုယ့်ရဲ့ကျောကုန်းမှာဖြစ်စေ၊ကိုယ့်ရဲ့ရင်ဘတ်မှာဖြစ်စေ၊ကှိုင်းရှိုင်းစွာနဲ့ဆေးမင်ကြောင်ကိုသုံးကာတမြတ် တနိုးထိုးထားကြတယ်။လက်အုပ်ချီတဲ့ပုံ တင်မကပါဘူး။ စေတီပုံတွေလည်းထိုးကြတဲ့ ကျွန်တော်တွေ့ဖူးတဲ့
လူတွေဟာလည်းမနည်းပါဘူး။ဒါဟာသူတို့တတွေဗုဒ္ဒဘာသာကိုဘယ်လောက်ယုံကြည်ကိုးကွယ်လည်းဆိုတာ ကိုပြသတဲ့သဘောပါ။ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်ကိုအုပ်ချူပ်နေတဲ့မဟုတ်တရုတ်ဗိုလ်ချူပ်တွေက အာဏာလောဘကိုမထိန်းနိုင်ပဲ ရဟန်းသံဃာတော်တွေကို ဖမ်းလိုဖမ်း၊ သတ်လိုသတ်၊ ပြည်သူလူထုတွေ
ကိုဖမ်း၊သတ်လိုသတ်နဲ့ရဟန်းသံဃာနဲ့ပြည်သူလူထုတွေကလည်းသူတို့တတွေကြောင့်အသက်ပေါင်း မနည်းဆုံးရှုံး ခဲ့ရပါပြီ။ ဒါတင်မကသေးပဲ အပြစ်ကင်းမဲ့လှတဲ့ကျောင်းသားတွေကိုလည်း သတ်တာမ
နည်းပါဘူး။ဒါတွေဟာလည်းပြီးသွားတာအခုဆိုရင်(၂)လရှိသွား ပြီ။ ဒီနှစ်လအတွင်းမှာတော့ ဖမ်းချင်တဲ့သူ
တွေကို စီမံကိန်းနဲ့ဖမ်းလေသလား လို့တောင်ထင်တယ်။ ပြီးရင် သူတို့တတွေရဲ့လက်အောက်ခံ
ကြက်ဖွတ်နဲ့စုန်းအားရှင်တွေကလည်းလက်သံပြောင်ကောင်းလွန်းလို့သူရဲကောင်းဆုတွေရလိုက်သေးတယ်။ စက်တင်ဘာဆန္ဒထုတ်ဖော်ပွဲမှာသံဃာတော်တွေကိုရိုက်နှက်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုလည်းရဲချူပ်ခင်ရီ ကိုယ်တိုင်ဆုတွေပေးတယ်လို့သိရပါတယ်။တချို့တပ်ဖွဲ့ဝင်တွေကလည်းကိုယ့်အမှားကိုယ်သိပြီးအုပ်စုလိုက် ရဲစခန်းကနေထွက်ပြေးသွားတယ်လို့သတင်းဌာနအသီးသီးကကျွန်တော်ဖတ်ရှုရပါတယ်။ကဲကျွန်တော် ရေးတဲ့ရည်ရွယ်ချက်ကိုပြန်သွား ကြရအောင်ဗျာ။ ဒီမနက်ကျွန်တော် သတင်းတစ်ခုကိုသွားဖတ်
ရတယ်။ ဒါကတော့ မြရိပ်ညိုဟော်တယ်မှာပြုလုပ်တဲ့ စင်မြင့်ဖြေဖျော်ပွဲမှာ ဆယ်ကျော်တက်အဆိုတော်
ဂျီတုံးအင်္ကျီချွတ်ကခဲ့တာတွေကိုအစပြုလို့အာဏာပိုင်တွေကဖမ်းဆီးခဲ့တဲ့အတွက်ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ ပါတယ်။အဆိုတော်ဂျီတုံးဟာအင်္ကျီချွတ်ကပြတဲ့အချိန်မှာနောက်ကျောမှာလက်အုပ်ချီတဲ့ပုံထိုးထားလို့ဆိုပြီးအာဏာပိုင် တွေကဖမ်းခဲ့ရခြင်းဖြစ်ပါတယ်။ဒါဟာတော်တော်ဆိုးတဲ့လုပ်ဆောင်ချက်တစ်ခုပါ။ဒါဟာဗုဒ္ဓဘာသာနိုင်ငံလို့ ပြောလို့ကိုမရတော့ဘူး။ဘာသာမဲ့နိုင်ငံလို့တောင်ပြောရမလိုဖြစ်နေပြီ။ဒီအဆိုတော်ဂျီတုံးကတမင်သက်သက် လုပ်သည့်ဖြစ်စေ၊ပျော်လွန်းလို့လုပ်သည်ဖြစ်စေ၊အာဏာပိုင်တွေကဒီလိုရမ်းကားတဲ့အပြုအမူမျိုးမလုပ်သင့်ဘူး။ ပြီးတော့အာဏာပိုင်တွေကပွဲလာကြည့်တဲ့ပရိတ်သတ်တွေကိုလည်းရိုက်သွားသေးတယ်။ အဆိုတော်တစ်ချို့ လည်းရိုက်ခံရတယ်။ ပရိတ်သတ်တွေထဲမှာ ကျောင်းသား တွေလည်းပါမယ်။ သာမန်ပြည်သူတွေလည်းပါမယ်။ လူမျိုးစုံပါမယ်ဗျာ။အဲ့လိုလူတွေကိုရိုက်လိုက်တော့လူတွေဟာဘယ်တော့မှကျေနပ်ကြမှာမဟုတ်ပါဘူး။အဲ့လိုမ ကျေနပ်ရာကနေအာဏာပိုင်တွေကိုကြည့်လို့မရတဲ့လူတွေလည်းမျာလာပါလိမ့်မယ်။ကျွန်တော်နောက်ဆုံး ပြောချင်တာကတော့ကျွန်တော်တို့တိုင်းပြည်ဟာနအဖခေတ်မှဘာသာမဲ့ကိုမဲ့နေပြီဆိုတာပါပဲ။ကျွန်တော် မောင်ရှမ်းကလေးရဲ့ဟိုစပ်စပ်ဒီစပ်စပ်ဆောင်းပါးလေးကိုဖတ်ရှုအားပေးတဲ့လူတွေလည်းဝေဖန်မှု တွေပေးသွားပါလို့ပြောဆိုရင်း နိဂုံးချုပ်လိုက်ပါ တယ်ဗျား။

Sunday, November 18, 2007

“ငါစိတ်မဆိုးပါဘူး”

ချစ်တယ်လို့ မင်းရဲ့ဟန်ဆောင်မှုတွေနဲ့
ငါ့ကိုလာမပြောပါနဲ့။

သနားတယ်လို့ မင်းရဲ့ကြင်နာမှုတွေနဲ့
ငါ့ကိုလာမပြောပါနဲ့။

လိမ္မာတယ်လို့ မင်းရဲ့ယုယမှုတွေနဲ့
ငါကိုလာမဖားပါနဲ့။

ယဉ်ကျေးတယ်လို့ စိတ်ထဲကမရှိတဲ့အတိုင်း
ငါ့ကိုလာမပြောပါနဲ့။

မုန်းတယ် မသနားဘူး
ဆိုးတယ် မယဉ်ကျေးဘူးလို့

စိတ်ထဲကရှိတဲ့အတိုင်း ပြောသွားပါ။
ငါစိတ်မဆိုးပါဘူး။

ရှမ်းကလေး

“သံလွင်”

ငါသည် ဤတွင်မွေးဖွားသည်
ဤနေရာကား သံလွင်။

ငါသည် ဤတွင်ကြီးပြင်းသည်
ဤနေရာကား သံလွင်။

ငါသည် ဤတွင်ပညာရှာသည်
ဤနေရာကား သံလွင်။

ငါသည် ဤတွင်လုပ်ကိုင်စားသောက်လာသည်
ဤနေရာကား သံလွင်။

ယခုငါသည် ဤနေရာနှင့်ဝေးနေသည်
ဤနေရာကား သံလွင်။

ဒါပေမဲ့ ငါသည် ဤနေရာတွင်သေရမည်။
ဤနေရာကား သံလွင်။


ရှမ်းကလေး

Saturday, November 17, 2007

“ကျွန်တော်စိတ်မဆိုးဘူး ”

ရှူးတယ်၊ ပေါတယ်လို့ကျွန်တော့်ကိုမပြောပါနဲ့
ချောတယ်လို့ ပြောရင်ကျွန်တော်စိတ်မဆိုးဘူး။


ရိုင်းတယ်စိုင်းတယ်လို့ ကျွန်တော့်ကိုမပြောပါနဲ့
ယဉ်ကျေးတယ်လို့ပြောရင် ကျွန်တော်စိတ်မဆိုးဘူး။

ခိုးတယ်၊ ဆိုးတယ်လို့ ကျွန်တော့်ကိုမပြောပါနဲ့
ရိုးသားတယ်လို့ ပြောရင်ကျွန်တော်စိတ်မဆိုးဘူး။

ပျင်းတယ် ဖျင်းတယ်လို့ ကျွန်တော့်ကိုမပြေပါနဲ့
ကဲတယ်လို့ပြောရင် ကျွန်တော်စိတ်မဆိုးဘူး။

မုန်းတယ် ရွံ့တယ်လို့ ကျွန်တော့်ကိုမပြောပါနဲ့
ချစ်တယ်လို့ ပြောရင်ကျွန်တော်စိတ်မဆိုးဘူး။

ကြမ်းတယ် ရမ်းတယ်လို့ ကျွန်တော့်ကိုမပြောပါနဲ့
သိမ်မွေ့တယ်လို့ပြောရင် ကျွန်တော်စိတ်မဆိုးဘူး

ညံ့တယ် ဖျင်းတယ်လို့ ကျွန်တော့်ကိုမပြောပါနဲ့
တော်တယ်လို့ ပြောရင်ကျွန်တော်စိတ်မဆိုးဘူး။

ခေတ်အောက်တယ် နောက်ကျတယ်လို့ ကျွန်တော့်ကိုမပြောပါနဲ့
ခေတ်ဆန်တယ်လို့ပြောရင် ကျွန်တော်စိတ်မဆိုးဘူး

အားလုံးကိုကောင်းတယ်လို့ ပြောရင်ကျွန်တော်စိတ်မဆိုးဘူး။


ရှမ်းကလေး

Friday, November 16, 2007

“ကျားကနွားကိုချောင်းမြောင်းကိုက်ဖြတ်စားသောက်ရခြင်းမှာ”

ရှေးအခါတုန်းက လယ်သမားလင်မယားနှစ်ယောက်ဟာ ကျားပေါက်စတစ် ကောင်ကိုအိမ်မှာမွေးထားတယ်တဲ့။ အဲ့ဒီကျားလေးဟာအလွန်မှယဉ်သတဲ့။တနေ့မှာတော့ကျားလေးဟာသူ့ကိုကျွေးမွေးထားတဲ့ကျေးဇူးရှင်ကိုကူညီချင် သတဲ့။ဒါနဲ့သူလည်းလယ်ယာထဲကိုသယ်သွားဖို့သက်ကယ်တွေကိုကူသယ်ပေးတယ်တဲ့။သက်ကယ်တွေကခြောက် နေတော့လမ်းတစ်ဝက်လောက်မှာမီးထလောင်လေပါရောတဲ့။ကျားကလည်းဘာလုပ်ရမယ်မသိတော့လျှောက်ပြေးနေ တာပေါ့။ဒါနဲ့ကျားလျှောက်ပြေးနေရင်းနွားတစ်ကောင်မြက်စားနေတဲ့နေရာကိုရောက်လာသတဲ့။ကျားလည်းမီး ငြိမ်းအောက်ဘယ်လိုလုပ်ရမယ်ဆိုတာကိုမသိတော့

အဆွေနွားကျွန်ုကျောကုန်းပေါ်တွင် မီးလောင်နေသည်ကိုဘယ်လိုငြိမ်းရမည်နည်း
လို့မေးလိုက်သတဲ့။ နွားလည်း မကောင်းတဲ့စိတ်နဲ့
အဆွေကျားသင်တောင်ပေါ်ကိုပြေးတက်လျှင်မီးငြိမ်းနိုင် ပါတယ်
လို့ကောက်ကျစ်စွာပြန်ပြောတယ်တဲ့။ဒါနဲ့ကျားလည်းနွားပြောသလိုလုပ်တော့လေကပိုတိုက်လာပြီးမီးက

ပိုတောက်လာသတဲ့။ဒါကြောင့်ကျားရဲ့ကျောကုန်းဟာပိုပိုပြီးပူလာတယ်တဲ့။ကျားလည်းဆက်ပြေး ဆက်ပြေးရင်း
ကျွဲရှိရာသို့ရောက်သွားတယ်တဲ့။ကျားကကျွဲကိုမြင်တော့နွားကိုမေးတဲ့အတိုင်းမေးတယ်တဲ့။ကျွဲကလည်းစိတ်ကောင်း
စေတနာရှိစွာဖြင့်ကျားကိုရေအိုင်ထဲဆင်းရန်အကြံပေးတယ်တဲ့။ဒါနဲ့ကျားမှာရှိတဲ့မီးဟာလုံးလုံး
ငြိမ်းသွားတယ်တဲ့။ဒါနဲ့
ကျားက ကျွဲကိုကျေးဇူးတင်ကြောင်းပြောပြီး နွားကိုတော့ယနေ့ထိတိုင်ချောင်းမြောင်းကိုက်ဖြတ်နေတာပေါ့ကွယ်။

ရှမ်းကလေး

မှတ်ချက်။ ။ထိုပုံပြင်သည်ကျောင်းနေစဉ်အရွယ်က၀ိုင်းသူငယ်ချင်းများဝိုင်းဖွဲ့ပြေလေ့ရှိသောကြောင့်

ကြားဖူးနားဝရှိရပါသည်။

“ခေါင်းစားရင်မင်းဖြစ်တယ်၊ မင်းဖြစ်ရင်မင်းခံ”

တနေ့နအဖစစ်ဗိုလ်ကြီးသန်းရွေတစ်ယောက်လူကြီးတစ်ယောက်ဆီကနေစကားပုံတစ်ခုကြားသွားသတဲ့။ အဲ့ဒီ စကားပုံကတော့ခေါင်းစားရင်မင်းဖြစ်၊မင်းဖြစ်ရင်မင်းခံဆိုတဲ့စကားပုံလေးပါပဲ။ဒါပေမဲ့ဗိုလ်ချူပ်တစ်ယောက်စကား ပုံရဲ့တစ်ဝက်ကိုပဲကြားမိသတဲ့။ခေါင်းစားရင်မင်းဖြစ်ဆိုတဲ့ထိပ်ကစာလေးကိုပဲသူသိတယ်တဲ့။ဒါနဲ့သူလည်းမြန်မာနိုင်ငံ ကရှိသမျှငါးခေါင်းတို့၊နွားခေါင်းတို့၊သတ္တ၀ါအစရှိတဲ့ခေါင်းတွေကိုနေပြည်တော်(ခေါ်)ခွေးပြေးအောဟုတ်ပါဘူးကြပ်ပြေးမြို့ကို နေ့တိုင်းပို့ခိုင်တယ်တဲ့။ဒီလိုထူးခြားတဲ့သတင်းကိုကြားတော့ပြည်သူလူထုတွေအားလုံးကလည်းအထူးစိတ်ဝင်စားကြတာပေါ့။
ဒီလိုစိတ်ဝင်စားတော့သိချင်တဲ့လူတစ်ယောက်ဖြစ်တဲ့ဗိုလ်ချူပ်မှူးကြီးကိုငါးသွားပို့ပေးတဲ့လူတစ်ယောက်လည်းအရမ်းပဲ သိချင်သတဲ့။သွားပို့တာသွားပို့တာဘာကြောင့်သွားပို့းဆိုတာကိုမသိဘူးပေါ့။ဒါပေမဲ့သူလည်းအနီးအနားမှာရှိတဲ့ စစ်အရာရှိတစ်ဦးကိုမှမမေးရဲဘူးတဲ့။ဒါပေမဲ့သူ့ရဲ့သိချင်တဲ့စိတ်ကအလွန်အမင်းပြင်းပြနေတော့ သူအရဲစွန့်ပြီး သူ့ရှေ့ကဖြတ်သွားတဲ့စစ်အရာရှိတစ်ဦးကို

အကို.... ဘာဖြစ်လိုကျွန်တော်တို့ရဲ့အရှင်မင်းကြီးကခေါင်းတွေမှာရတာလည်းမသိဘူးနော်
လို့ချိုချိုသာသာနဲ့မေးရှာသတဲ့။
စစ်အရာရှိလည်းသူ့ကိုငါးခေါင်းပို့သမားကအကိုခေါ်တာနဲ့တင်မျက်နှာကအပြုံးရိပ်တွေသန်းလာပြီး
ငါတို့ဗိုလ်ချူပ်ကခေါင်းစားရင်မင်းဖြစ်တယ်ဆိုလို့ကွ
ဆိုပြီးဝင့်ဝင့်ကြွားကြွားပြောဆိုတာပေါ့။ဒါနဲ့ငါးခေါင်းသွားပို့တဲ့လူကလည်းသူ့အိမ်ကိုပြန်ရောက်တော့သူ့အဖေကို ဗိုလ်ချူပ်မှူးကြီးငါးခေါင်းဘာကြောင့်စားရလည်းဆိုတာကိုပြန်သွားပြောပြတယ်တဲ့။သူ့အဖေပြန်ပြောလိုက်တဲ့ စကားကို သူ့သားကြားတော့ထရီတာ မျက်ရည်တောင်ထွက်တယ်ဆိုပဲ။ သူ့အဖေပြောလိုက်တာကတော့

ဟာငါတို့ဗိုလ်ချူပ်ငါတို့ထက်တောင်ပညာမရှိပါလား၊ဘာလိုလို့များတိုင်းပြည်ကိုအုပ်ချူပ်နေပါလိမ့် ခေါင်းစားရင်မင်းဖြစ်တယ်၊ မင်းဖြစ်ရင့်မင်းခံဆိုတဲ့ဟာလေးတောင်မသိဘူးတဲ့။

ရှမ်းကလေး

ပအိုဝ့်လူမျိုးတို့ဖြူသားမစားရခြင်းမှာ

ရှေးအခါကယင်းဘော်လူမျိုးနှင့်ပအိုဝ့်လူမျိုးတို့သည်ညီအကိုရင်းအချာကဲ့သို့နေထိုင်ကြကုန်၏။ ပအိုမ့်လူမျိုးများ သည်တနေ့တ၌တောလိုက်ရာတွင်ဆင်တစ်ကောင်ကိုဖမ်းမိလာ၏။ရလာသည့်ဆင်အသားကို ညီအကိုများခွဲဝေ စားသောက်ကြရာမှာ ဆင်ကောင်သည်အကောင်ကြီးသဖြင့်ဝလင်စွာစား သောက်ကြရလေ၏။ နောက်တစ်နေ့ ယင်းဘော်သို့ တောလိုက်လာရာမှာ ဖြူတစ်ကောင်ကိုရလာလေ၏။ဖြူကောင်သည်ငယ်ရွယ်လွန်းသောကြောင့် ညီအကိုတို့တတွေ အနည်းငယ်သာစားကြရလေသည်။ ပအိုဝ့်လူမျိုးများသည် အနည်းငယ်သာစားကြရ၍ မယုံကြည်သောကြောင့် ဖြူတောင်၏အမွေးကိုတောင်းသောအခါယင်းဘော်လူမျိုးများကလည်း ဖြူ၏အဆူးကို ပအိုဝ့်တိုင်းရင်းသားများထံပေးလိုက်လေသည်။ဖြူဆူးသည်ကြီးသောကြောင့်ဖြူကောင်သည်ဆင်ထက်ပင်ကြီးရမည်ဟု ပအိုဝ့်လူမျိုးတို့ကယူဆပြီးအသားများများမပေးခြင်းသည်ယင်းဘော်သို့အကောက်ကြံခြင်းသာဖြစ်ကြောင်းယူဆကြကုန်၏။ ထို့ကြောင့်ပအိုဝ့်လူမျိုးများသည်စိတ်ဆိုးပြီးဖြူအသားကိုယနေ့ထိတိုင်မစား ကြောင်းသိရှိရလေသည်။




မှတ်ချက်။ ။ဤပုံပြင်ကိုငယ်ရွယ်စဉ်ကလူကြီးသူကြီးပြောသည်များကို ကြားဖူးနားဝရှိသောကြောင့်တတ်သိသမျှရေးလိုက်ရခြင်းဖြစ်ကြောင်း
အသိပေးအပ်ပါသည်။


Tuesday, November 13, 2007

ကျွန်တော့်၏အကြောင်းတစ်ချို့ နှင့်အတွေ့ အကြုံများ

လူတိုင်း၊လူတိုင်းစာရေးတယ်ဆိုတာကိုယ့်ရင်ထဲကဖြစ်ပေါ်လာတဲ့အကြောင်းအရာတွေကိုသော်လည်းကောင်း၊
လောကကြီးရဲ့ဖြစ်ပျက်နေတဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို ရေးသားကြတယ်ဆိုတာကျွန်တော်မြင်မိပါတယ်။ ကျွန်တော်သည်လည်း ကျွန်တော့်ဘ၀တစ်လျှောက်မှာဖြစ်ပျက်နေတဲ့ ခံစားချက်တွေနဲ့၊ ကျွန်တော်တွေ့ကြုံလာခဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ ကောင်းမှု၊ မကောင်းမှု တွေကိုရေးနေတာပါ။ ဒါပေမဲ့နဂိုကတည်းမှ က ကို ယ ဖြစ်အောင် ရေးတတ်တဲ့ကျွန်တော့်လိုလူမျိုးက ဘယ်လိုလို့မြန်မာစာတွေကိုလိုက်လျှော ညီထွေအောင်ရေးတတ်မှာလဲ။ ကဗျာတွေ၊ စာတွေကိုဘယ်လိုလို့ ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးတတ်မလည်း။ ဒါကိုတော့ သီးခံခွင့်လွတ်ပေးကြပါခင်ဗျာ။ ဒီလိုပြောရခြင်းဟာ ကျွန်တော်တို့ရှမ်းလူမျိုးတွေရဲ့ပွင့်လင်းရိုးသားခြင်း စရိုက်တစ်ခုပါ။အရှိကိုအရှိတိုင်းပဲပြောတာပါ။ ဒီလိုမရေးတတ်ရခြင်းရဲ့အကြောင်းအရင်းကလည်း ဆန်းတော့ မဆန်းပါဘူး။ ဘာကြောင့်မဆန်းဘူးလည်းဆိုတာကို ကျွန်တော့်ရဲ့ တိုင်းရင်းသား၊ ညီအကို မောင်နှမ များမေးလာကောင်းမေးနိုင်ပါတယ်။
ဒီလိုမေးလာခဲ့ရင် ဖြေဆိုဖို့အဖြေ ကတော့ကျွန်တော့မှာအဆင့်သင့်ပါပဲ။ ဘာဖြစ်လို့ဒီလိုမဆန်းဘူးလို့ပြောရလဲဆိုရင်တော့ ကျွန်တော်ဟာ ယခုလို ကွန်ပျူတာကို ကိုင်ပြီးပညာသင်ယူရ မယ်ဆိုတာကိုလုံးဝမထင်မှတ်ခဲ့လို့ပါ။တစ်ကြိမ်တစ်ခါမှလည်းဒီလိုဖြစ်လာဖို့မမျော်မှန်းခဲ့ပါဘူး။စာဖတ်သူအပေါင်းတို့ မေးလာကောင်းမေးနိုင်တဲ့မေးခွန်းတစ်ခုကတော့ကွန်ပျူတာမရှိလို့စာရေးလို့မရဘူးလားလို့ထပ်မေးလာနိုင်ပါတယ်။ ဒီဖြေကိုဖြေရမယ်ဆိုရင်စာကရှည်သွားလိမ့်မယ်ဗျ။ ဒီအကြောင်းတွေကို နောက်မှအေးအေးဆေးဆေး ရေးပါဦးမည်။ ကဲ...ကျွန်တော့်ရဲ့ရေးလက်စ လေးကိုပြန်ဆက်ရမယ်ဆိုရင် ကျွန်တော်ဒီလိုစာရေးရမယ် ဆိုတဲ့မမျော်မှန်းချက်တွေကို ဟိုး...ကျွန်တော်နေထိုင်ခဲ့တဲ့ရွာလေးတစ်ရွာမှာ လွန်ခဲ့တဲ့ (၃)နှစ်လောက်က ဆုံးဖြတ်ခဲ့တဲ့အချက်တစ်ချက်ပါ။ဒီလိုကွန်ပျူတာမှာစာထိုင်ရေးဖို့မမျော်မှန်းတဲ့အကြောင်းရင်းကလည်းရှင်းနေပါတယ်။ ကျွန်တော်တို့ရွာမှာဆိုရင် လျှပ်စစ်မီးသုံးပြီးအသုံးပြုရတဲ့ ကွန်ပျူတာ မပြောနဲ့။ ဓါတ်ခဲ ထည့်ပြီးသုံးရတဲ့ ဂဏန်း ပေါင်းစက်တွေကိုတောင် နှိပ်ဖူးတဲ့လူတွေရှိမှာမဟုတ်ပါဘူး။ ဒါတွေအားလုံးဟာ နအဖကြောင့်လို့ ကျွန်တော်ပြောမယ်ဆိုရင်လည်း နအဖတွေကို အဖေတော်ထားတဲ့လူတစ်ချို့တွေက တစ်ခါလာလည်း ငါတို့ ဖအေမကောင်း ကြောင်းပဲပြောနေတယ်လိုအပြစ်တော်တွေဝေဖန်လာကြဦးမယ်ထင်ပါတယ်။ ကျွန်တော်စာ ရေးတာကိုကလည်း နအဖမကောင်းကြောင်းမပါရင် စိတ်ထဲမှာတစ်မျိုးကြီးဖြစ်နေသလိုပဲ။ မွေးလာက တည်းကများ ဒီလိုသူရုပ်မာတွေရဲ့ မကောင်းကြောင်းတွေရေးဖို့ဆိုပြီး အရှင်ဘုရားကပဲ လက်တွေထည့်ပေး လာတာကြနေတာပဲ။ ဒီကနေ့တော့ထမင်းစားကောင်းဦးမယ်ဗျာ။ သူများမကောင်းကြောင်းရေးလို့ ထမင်းစား ကောင်းမှာတော့မဟုတ်ဘူးနော်။ ဒီနေ့အကိုတစ်ယောက်ဟင်းကောင်းတွေချက်ထားလို့ဗျ။ စာရေးရင်းနဲ့ ဟင်းနံ့ကမွေးနေတာပဲ။ ထမင်းတောင်စားချင်လာပြီ။ ကဲထမင်းကလည်းဆာလာတာကတစ်ကြောင်း၊ စာကလည်းဆက် မရေးတတ်တော့အတွက်တစ်ကြောင်း ကျွန်တော်မောင်ရှမ်းကလေးရဲ့ အကျင်တစ်ချို့နဲ့ တွေ့ကြုံလာခဲ့ရတဲ့အကြောင်းတစ်ချို့ကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါ တော့မယ်ခင်ဗျား။ စာဖတ်သူအပေါင်းတို့ ရွင်လမ်းချမ်းမြေ့ပျော်ရွင်နိုင်ကြပါစေ။

ကြိုးစားလျှက် ရှမ်းကလေး

“မိုးဦးလမ်း”

တဘက်မှာ ချောက်နက်နက်

တဘက်မှာ ကျောက်နံရံ

လမ်းကလည်းမိုးရွာထားလို့ 

အရမ်းချော်ပါဘိနဲ့  ကံကြမ္မာဆိုတာ

တတ်အပ်ပြောလို့မရဘူး။

ဒီအတက်က မက်လည်းမက်တယ်

ရှည်လည်းရှည်တယ် လမ်းကလည်းချော်

ကားသမားခမျာ စီယာတိုင်ကို

လမ်းအလိုအကျ တဝေမသိမ်း လှည့်ပေးနေရတယ်။

လမ်းကကျဉ်းပြန်တော့

သည်အဆင်းမှာ ကိုယ့်ဟွန်းကို

အဆက်မပြတ်တီးရပါတော့တယ်။

သည်အတက်မှာတော့

တဘက်ကားရဲ့ဟွန်းသံကို

နားပါးပါးနဲ့ နားထောင်နေရတယ်။

အို......တယ်ဆိုးတဲ့

မိုးဦးလားပါပေတကား။

ရှမ်းကလေး

ကျွန်ုပ်မကြုံဖူးတဲ့အရာတစ်ခု

ဤကမ္ဘာမြေကြီးဝယ်

မိုးရွာခြင်းနှင့်နေပူခြင်းကိုလည်း

ကျွန်ုပ်တွေ့ဖူး၏။

ဤကမ္ဘာမြေကြီးဝယ်

သူကောင်းများနှင့် သူခိုးများကိုလည်း

ကျွန်ုပ်တွေ့ဖူး၏။

ဤကမ္ဘာမြေကြီးဝယ်

စိတ်ကောင်းရှိသူနှင့် စိတ်ယုတ်ရှိသူကိုလည်း

ကျွန်ုပ်တွေ့ဖူး၏။

ဤသို့ဤပုံ အစရှိသဖြင့်

ကျွန်ုပ်ကြုံတွေ့ဖူးပါသော်လည်း

မိမိဘိုးဘွားဘီဘင်

အဆက်ဆက်က ရိုသေလေးစား

ကိုးကွယ်ခဲ့ကြတဲ့ ရဟန်းသံဃာများကို

ရက်စက်ရိုင်းစိုင်းစွာသတ်ဖြတ်နေသည့်

လုပ်ရပ်များကို တစ်ခါတစ်လေမျှ

ကြုံဖူးခြင်းမရှိ။

သို့ပါသောကြောင့်

ဤသို့ဤပုံ မိမိတို့ဘိုးဘွားဘီဘင်

အဆက်ဆက်က ကိုးကွယ်လာခဲ့တဲ့

ရဟန်းသံဃာအရှင်သူမျက်တို့အား

ယုတ်မာရိုင်းစိုင်း သတ်ဖြတ်မှုအပေါ်

ယမငရဲမင်းကိုယ်တိုင် သတ်ဖြတ်သူများအား

မြန်နိုင်သမျှ မြန်နိုင်အောင်

လာရောက်အပြစ်ပေးကြပါစေဟူ၍

နေ့စဉ်မပြတ်ဆုတောင်းလျှက်။

ရှမ်းကလေး

Sunday, November 11, 2007

“နဲနဲတော့တူပါတယ်တဲ့”

မောင်အောင်တစ်ယောက်သူ့အိမ်ရှေ့ကိုအမြဲဖြတ်သွားတဲ့ဇင်ဇင်လို့ခေါ်တဲ့ကောင်မလေး
ကိုသဘောကျနေတယ်တဲ့။ဇင်ဇင်မှာရည်းစားရှိလားမရှိဘူးလားဆိုတာကိုသူအရမ်းသိချင်
ရှာတယ်တဲ့၊တနေ့ကောင်မလေးအလာကိုမောင်အောင်ဝရံတာကနေစောင့်နေတယ်တဲ့၊ သူ့အိမ်ရှေ့ကိုကောင်မလေးရောက်တော့ကောင်မလေးရဲ့ခေါင်းပေါ်ကိုစာတစ်စောင်ကိုပစ်
ချလိုက်ပါရော၊ မောင်အောင်ရဲ့စာထဲမှာတော့

ဟေးဇင်ဇင်ဒီလက်ရေးကိုမင်းမှတ်မိလားဆိုပြီးအောက်ဆုံးမှာလည်းအသဲပုံလေးဆွဲထား
လိုက်သေးတယ်၊(အထာ။အထာ။)

ကောင်မလေးကစာဖတ်ပြီးတော့ရှက်အမ်းအမ်းနဲ့အပေါ်ကိုမော့ကြည့်ပြီးမောင်အောင်ကို
ဘောပဲန်တောင်းပါလေရော။(ဟာချက်ချင်းကြီးပဲလား)။မောင်အောင်က၀မ်းသာအားရာနဲ့
ဘောပဲန်ကိုအောက်လာပေးရမလားဆိုပြီးဇင်ဇင်ကိုလက်အမူအရာနဲ့မေးတာပေါ့၊
မလိုဘူးလို့လက်အမူအရာနဲ့ဘောပဲန်ကိုဇင်ဇင်ကလမ်းတောင်းလိုက်တယ်၊ဇင်ဇင်လည်းစာရွက်
အလွတ်မှာစာတစ်ကြောင်းရေးပြီးတော့ခဲနဲ့လိပ်ပြီးမောင်အောင့်ဆီကိုပစ်တင်ပေးလိုက်ပြီးလမ်း
ဆက်လျှောက်သွားပါလေရော။မောင်အောင်လည်းဝမ်းသာအားရနဲ့စာကိုဖတ်လိုက်ရာခုနက
မောင်အောင်ပြုံးဖြီးနေတဲ့မျက်နှာလေးဟာမဲ့ရွဲ့သွားပါလေရော။
ကောင်မလေးရေးသွားတာကတော့ ရှင့်လက်ရေးကကျမရဲ့(၈)ယောက်မြောက်ရည်းစားလက်ရေးနဲ့တော့နဲနဲတူပါတယ်တဲ့၊

ရှမ်းကလေး

အမေ့စကားနားထောင်သူ

ကိုမောင်အေးဟာငယ်စဉ်ကသွားတိုက်ဖို့အလွန်ပျင်းရှာတဲ့လူတစ်ယောက်ပေါ့၊ဒါကြောင့်သူ့ရဲ့သွား တွေဟာသွားချေးတွေအထပ်ထပ်နဲ့ရှိနေတာပေါ့။ပြီးတော့သူ့သွားတွေဟာနအဖစစ်ဗိုလ်ချူပ်ကြီးစိုးဝင်းရဲ့
မျက်နှာလိုဘဲဝါ၀င်းထိန်နေတာပဲ။တနေ့တခြားသူအသက်ကြီးလာတော့သူ့အမေကလည်း ရှက်လာတာပေါ့။သူ့အမေကဒီကောင်ဒီလိုမညစ်ပတ်အောင်ဘယ်လိုလုပ်ပေးရမလဲဆိုတာကိုထိုင်
စဉ်းစားနေတာပေါ့၊ဒါမှလည်းကောင်းမှာလေ။လူဆိုတာအသိုးအ၀ိုင်းနဲ့နေတာလေ။တစ်ယောက်
မကောင်းရင်တစ်ဆွေမျိုးလုံးမကောင်းဆိုတာဖြစ်သွားမှာပေါ့။ဒါနဲ့သူ့အမေလည်းအချိန်တော်တော်
ကြာမှစဉ်းစားပေါက်ပြီး
ရော့နင်တော်တော်သွားတိုက်ဖို့အပျင်းကြီးရင်လည်း ကြံသွားဝယ်စုတ်
လို့ဆိုပြီးကိုမောင်အေးကိုကြံဝယ်ဖို့ပိုက်ဆံအကြွေတစ်ချို့ပေးသွားလိုက်ပါရဲ့၊ ကိုမောင်အေးလည်းအပြင်သွားပြီးပြန်လာတော့သူ့အမေသူ့ကိုတွေ့တော့ဒေါသအလုံးလုံးထွက် ပါလေရော။(ပြဿနာပဲ။)ဘာလို့သူ့အမေဒေါ်သထွက်ရသလဲဆိုတော့ကိုမောင်အေးကသူ့အမေခိုင်း
တဲ့အတိုင်း ကြံသွားမ၀ယ်စုတ်ပဲ ကန်စွန်းဥပြုတ်ကြီးဝယ်စားလာတာကိုး

ရှမ်းကလေး

Friday, November 9, 2007

နောက်တော့ဆက်ရေးပါဦးမည်

ကျွန်တော်ယခုလက်ရှိအချိန်အတောအတွင်း မအားလပ်ပါသဖြင့် စာမဆက်ရေးသေးပါဟု အသိပေးပါရစေ၊နောက်(၂၀၀၈)လောက်မှစာရေးဖြစ်မည်ထင်ပါသည်၊ စာဖတ်သူမိတ်ဆွေအပေါင်းသင်းတို့သီးခံပြီးစောင့်ပေးကြပါရန် လေးစားစွာဖြင့်။ အချိန်အားလပ်ပါရင်ဖြင့်ကဗျာတစ်ပုဒ်ဖြစ်စေ၊ စာတစ်ပုဒ်ဖြစ်စေရေး သွားပါမည်။


ရှမ်းကလေး

Wednesday, November 7, 2007

အမေ့ရင်ခွင်ထဲမှာနားခိုပါရစေ၊

အမေ......အမေလို့ သူသူငါခေါ်လိုက်တိုင်း
ကျွန်တော့်ရင်ထဲမှာ လွမ်းဆွတ်နေမိတယ်

အမေ.....အမေလို့ သူသူငါခေါ်လိုက်တိုင်း
ကျွန်တော်အမေ့ကိုသတိရနေမိတယ်၊

အမေ.....အမေလို့ သူသူငါငါခေါ်လိုက်တိုင်း
ကျွန်တော်မျက်ရည်တွေ ၀ဲနေမိတယ်၊

လူတစ်ယောက်က သူ့ ရဲ့အမေ ရင်ခွင်ထဲကို
ဝင်လိုက်မိတိုင်း ကျွန်တော်အရမ်းပဲငိုချင်နေမိတယ်၊

တခါတလေမျှ အမေ့ရင်ခွင်ထဲကို မခိုလှုံဖူးတဲ့ကျွန်တော်
အခုအခါမှာတော့ အကြိမ်ပေါင်းတစ်ရာလောက်ခိုဝင်ချင်နေမိပြီ၊

မိခင်တစ်ယောက်က သူ့ ရဲ့သားကိုဆုံးမလိုက်တိုင်း
ကျွန်တော့်ရင်ထဲမှာ နောင်တတွေရနေမိတယ်၊

အမေနဲ့ နေစဉ်အခါက ဆူဆဲခဲ့တဲ့
အမေ့ရဲ့စကားတွေကို
အခုအခါမှာတော့ အကြိမ်ပေါင်းများစွာ
ပြန်ကြားယောင်ချင်နေမိတယ်၊

တကယ်လို့ များ ကျွန်တော်သာအမေ့ဆီရောက်လာခဲ့ရင်
ပထမဦးစွာ အမေ့ရင်ခွင်ထဲကိုနို့ စို့ တဲ့ကလေးငယ်ပမာ ဦးဆုံးခိုလှုံခွင့်ပြုပါမေမေ၊


ရှမ်းကလေး

Tuesday, November 6, 2007

ရှမ်ကလေးတစ်ယောက်ရဲ့မိတ်ဆက်စကား



ကျွန်တော့်ဘလော့လေးကိုလာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျား၊ ကျွန်တော်ကရှမ်းကလေးတစ်ယောက်ပါ၊ ရှမ်းကလေးဖြစ်တဲ့အတွက်မြန်မာစာကိုလည်း ရှမ်းအောင်ရေးတတ်ပါတယ်၊ သီးခံပြီးဖတ်ပေးကြပါခင်ဗျား။

အားလုံးသောညီကိုမောင်နှမ၊ တိုင်းရင်းသားများကိုချစ်ခင်လျှက်၊


ရှမ်းကလေး

သေဆုံးသွားသောဗိုလ်ချူပ်မှုးကြီးစိုးဝင်းအားဂုဏ်ပြုသောအားဖြင့်

ဗိုလ်-------ဗိုလ်ဗိုလ်ကျကျ လူအများကို
ချူပ်-------ချူပ်ချူပ်ချချာ အာဏာသုံးကာ
ကြီး-------ကြီးကြီးစိုးစိုး သူ့ အာဏာဖြင့်
စိုး-------စိုးစဉ်းလေမျှ မစာနာပဲ
ဝင်း-------၀င်းဝင်းထိန်ထိန် သူ့ မျက်နှာကြီးနှင့်
လူ -------- လူအများကို
သတ် - ------သတ်ဖြတ်လေကာ
သ --------သနားကမား သူ့ ရဲ့ရုပ်က
မား--------မားမားရပ်ကာ ငရဲပြည်သို့ 
သွားသာသွားပါ လူသတ်သမားရာ
ပြည်သူလူထု မည်သူမဆို
သင့်ကိုတားမည်မဟုတ်ပါ၊
ရှမ်းကလေး

“ခဏ” ဆိုတာအကြောက်ဆုံးပါပဲတဲ့

တနေ့ မြန်မာနိုင်ငံရှိအထူးရဲတပ်ဖွဲ့ တတွေဟာ သူတို့ ရဲ့အာဏရှူး ဗိုလ်ချူပ်မှူးကြီးတွေခိုင်းစေမှုအတွက်ကြောင့် မြန်မာနိုင်ငံဒီမိုက ရေစီရရှိရေးလုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ ကိုဘဦးရဲ့အိမ်သို့  ကိုဘဦးကိုဖမ်းဆီးရန်ရောက်လာကြသတဲ့၊ အာဏာပိုင်တွေဟာ ကိုဘဦးရဲ့အိမ်ရောက်တော့ ကိုဘဦးရဲ့အမေနဲ့ တွေ့ သတဲ့၊

အာဏာပိုင်တွေက “အမေကြီးကိုဘဦးကြီးကော”

ကိုဘဦးရဲ့အမေကလည်း ရဲတွေကိုတွေ့ တာနဲ့ ခပ်မာမာနဲ့ 

“ရှိတယ်ဘာလုပ်မလဲ”တဲ့၊

အာဏာပိုင် “အောမေကြီးကိုဘဦးကိုစခန်းခဏခေါ်သွားမလို့ ပါ” လို့ ချိုချိုသာသာနဲ့ ပြန်ပြောရှာပါတယ်၊

ကိုဘဦးရဲ့အမေလည်းခပ်အေးအေးနဲ့  “အေးခဏနေဦးငါ့သား အတွက်အ၀တ်စားတွေသွားထုတ်ပေးလိုက်ဦးမယ်”လိုပြန်ပြောတာပေါ့၊

ရဲအာဏာပိုင်ခေါင်းဆောင်ဖြစ်သူက ကပျာကယာနဲ့ 

“ဟာမေကြီးအ၀တ်အိပ်တွေမလိုပါဘူး ခဏ လေးပါပဲ” လိုပြန်ပြောပါရဲ့၊

ဒါပေမဲ့ကိုဘဦးရဲ့အမေပြောလိုက်ပုံကတော့ “နင်တို့ တတွေကိုတော့ ငါ့မကြောက်ပါဘူး၊ နင်တို့ ပါးစပ်ကပြောတဲ့ ခဏ ဆိုတာကိုတော့ ငါအကြောက်ဆုံးပါပဲတဲ့၊

ရှမ်းကလေး၊