Tuesday, November 13, 2007

ကျွန်တော့်၏အကြောင်းတစ်ချို့ နှင့်အတွေ့ အကြုံများ

လူတိုင်း၊လူတိုင်းစာရေးတယ်ဆိုတာကိုယ့်ရင်ထဲကဖြစ်ပေါ်လာတဲ့အကြောင်းအရာတွေကိုသော်လည်းကောင်း၊
လောကကြီးရဲ့ဖြစ်ပျက်နေတဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို ရေးသားကြတယ်ဆိုတာကျွန်တော်မြင်မိပါတယ်။ ကျွန်တော်သည်လည်း ကျွန်တော့်ဘ၀တစ်လျှောက်မှာဖြစ်ပျက်နေတဲ့ ခံစားချက်တွေနဲ့၊ ကျွန်တော်တွေ့ကြုံလာခဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ ကောင်းမှု၊ မကောင်းမှု တွေကိုရေးနေတာပါ။ ဒါပေမဲ့နဂိုကတည်းမှ က ကို ယ ဖြစ်အောင် ရေးတတ်တဲ့ကျွန်တော့်လိုလူမျိုးက ဘယ်လိုလို့မြန်မာစာတွေကိုလိုက်လျှော ညီထွေအောင်ရေးတတ်မှာလဲ။ ကဗျာတွေ၊ စာတွေကိုဘယ်လိုလို့ ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးတတ်မလည်း။ ဒါကိုတော့ သီးခံခွင့်လွတ်ပေးကြပါခင်ဗျာ။ ဒီလိုပြောရခြင်းဟာ ကျွန်တော်တို့ရှမ်းလူမျိုးတွေရဲ့ပွင့်လင်းရိုးသားခြင်း စရိုက်တစ်ခုပါ။အရှိကိုအရှိတိုင်းပဲပြောတာပါ။ ဒီလိုမရေးတတ်ရခြင်းရဲ့အကြောင်းအရင်းကလည်း ဆန်းတော့ မဆန်းပါဘူး။ ဘာကြောင့်မဆန်းဘူးလည်းဆိုတာကို ကျွန်တော့်ရဲ့ တိုင်းရင်းသား၊ ညီအကို မောင်နှမ များမေးလာကောင်းမေးနိုင်ပါတယ်။
ဒီလိုမေးလာခဲ့ရင် ဖြေဆိုဖို့အဖြေ ကတော့ကျွန်တော့မှာအဆင့်သင့်ပါပဲ။ ဘာဖြစ်လို့ဒီလိုမဆန်းဘူးလို့ပြောရလဲဆိုရင်တော့ ကျွန်တော်ဟာ ယခုလို ကွန်ပျူတာကို ကိုင်ပြီးပညာသင်ယူရ မယ်ဆိုတာကိုလုံးဝမထင်မှတ်ခဲ့လို့ပါ။တစ်ကြိမ်တစ်ခါမှလည်းဒီလိုဖြစ်လာဖို့မမျော်မှန်းခဲ့ပါဘူး။စာဖတ်သူအပေါင်းတို့ မေးလာကောင်းမေးနိုင်တဲ့မေးခွန်းတစ်ခုကတော့ကွန်ပျူတာမရှိလို့စာရေးလို့မရဘူးလားလို့ထပ်မေးလာနိုင်ပါတယ်။ ဒီဖြေကိုဖြေရမယ်ဆိုရင်စာကရှည်သွားလိမ့်မယ်ဗျ။ ဒီအကြောင်းတွေကို နောက်မှအေးအေးဆေးဆေး ရေးပါဦးမည်။ ကဲ...ကျွန်တော့်ရဲ့ရေးလက်စ လေးကိုပြန်ဆက်ရမယ်ဆိုရင် ကျွန်တော်ဒီလိုစာရေးရမယ် ဆိုတဲ့မမျော်မှန်းချက်တွေကို ဟိုး...ကျွန်တော်နေထိုင်ခဲ့တဲ့ရွာလေးတစ်ရွာမှာ လွန်ခဲ့တဲ့ (၃)နှစ်လောက်က ဆုံးဖြတ်ခဲ့တဲ့အချက်တစ်ချက်ပါ။ဒီလိုကွန်ပျူတာမှာစာထိုင်ရေးဖို့မမျော်မှန်းတဲ့အကြောင်းရင်းကလည်းရှင်းနေပါတယ်။ ကျွန်တော်တို့ရွာမှာဆိုရင် လျှပ်စစ်မီးသုံးပြီးအသုံးပြုရတဲ့ ကွန်ပျူတာ မပြောနဲ့။ ဓါတ်ခဲ ထည့်ပြီးသုံးရတဲ့ ဂဏန်း ပေါင်းစက်တွေကိုတောင် နှိပ်ဖူးတဲ့လူတွေရှိမှာမဟုတ်ပါဘူး။ ဒါတွေအားလုံးဟာ နအဖကြောင့်လို့ ကျွန်တော်ပြောမယ်ဆိုရင်လည်း နအဖတွေကို အဖေတော်ထားတဲ့လူတစ်ချို့တွေက တစ်ခါလာလည်း ငါတို့ ဖအေမကောင်း ကြောင်းပဲပြောနေတယ်လိုအပြစ်တော်တွေဝေဖန်လာကြဦးမယ်ထင်ပါတယ်။ ကျွန်တော်စာ ရေးတာကိုကလည်း နအဖမကောင်းကြောင်းမပါရင် စိတ်ထဲမှာတစ်မျိုးကြီးဖြစ်နေသလိုပဲ။ မွေးလာက တည်းကများ ဒီလိုသူရုပ်မာတွေရဲ့ မကောင်းကြောင်းတွေရေးဖို့ဆိုပြီး အရှင်ဘုရားကပဲ လက်တွေထည့်ပေး လာတာကြနေတာပဲ။ ဒီကနေ့တော့ထမင်းစားကောင်းဦးမယ်ဗျာ။ သူများမကောင်းကြောင်းရေးလို့ ထမင်းစား ကောင်းမှာတော့မဟုတ်ဘူးနော်။ ဒီနေ့အကိုတစ်ယောက်ဟင်းကောင်းတွေချက်ထားလို့ဗျ။ စာရေးရင်းနဲ့ ဟင်းနံ့ကမွေးနေတာပဲ။ ထမင်းတောင်စားချင်လာပြီ။ ကဲထမင်းကလည်းဆာလာတာကတစ်ကြောင်း၊ စာကလည်းဆက် မရေးတတ်တော့အတွက်တစ်ကြောင်း ကျွန်တော်မောင်ရှမ်းကလေးရဲ့ အကျင်တစ်ချို့နဲ့ တွေ့ကြုံလာခဲ့ရတဲ့အကြောင်းတစ်ချို့ကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါ တော့မယ်ခင်ဗျား။ စာဖတ်သူအပေါင်းတို့ ရွင်လမ်းချမ်းမြေ့ပျော်ရွင်နိုင်ကြပါစေ။

ကြိုးစားလျှက် ရှမ်းကလေး

0 comments: