Tuesday, November 13, 2007

“မိုးဦးလမ်း”

တဘက်မှာ ချောက်နက်နက်

တဘက်မှာ ကျောက်နံရံ

လမ်းကလည်းမိုးရွာထားလို့ 

အရမ်းချော်ပါဘိနဲ့  ကံကြမ္မာဆိုတာ

တတ်အပ်ပြောလို့မရဘူး။

ဒီအတက်က မက်လည်းမက်တယ်

ရှည်လည်းရှည်တယ် လမ်းကလည်းချော်

ကားသမားခမျာ စီယာတိုင်ကို

လမ်းအလိုအကျ တဝေမသိမ်း လှည့်ပေးနေရတယ်။

လမ်းကကျဉ်းပြန်တော့

သည်အဆင်းမှာ ကိုယ့်ဟွန်းကို

အဆက်မပြတ်တီးရပါတော့တယ်။

သည်အတက်မှာတော့

တဘက်ကားရဲ့ဟွန်းသံကို

နားပါးပါးနဲ့ နားထောင်နေရတယ်။

အို......တယ်ဆိုးတဲ့

မိုးဦးလားပါပေတကား။

ရှမ်းကလေး

0 comments: