တနေ့မြန်မာနိုင်ငံသားရယ်၊ ထိုင်းနိုင်ငံသားရယ်၊ တရုတ်နိုင်ငံတို့တတွေဟာ စင်္ကပူမှာ ပညာသွားသင်ရင်း ခင်မင် ရင်းနှီးကြသတဲ့။ တစ်ရက်မှာတော့ သူတို့ တတွေဟာ သူတို့ရဲ့တိုင်းပြည်ကောင်းကြောင်းကိုပြောကြသတဲ့။
ဒါပေမဲ့ ထိုင်းနဲ့တရုတ်ကသူတို့နိုင်ငံကောင်းကြောင်းတွေကိုပြောနေပေမဲ့၊ မြန်မာနိုင်ငံသားကတော့တိတ်ဆိတ် နေသတဲ့။
မြန်မာနိုင်ငံသားက “ငါမပြောချင်ဘူးကွာ၊ ငါပြောရင်မင်းတို့အံ့သြသွားမယ်။”
တရုတ်နဲ့ထိုင်းနိုင်ငံသားလည်းမရမကမြန်မာနိုင်ငံသားကိုမေးသတဲ့။အတင်းမေးတော့မြန်မာနိုင်ငံသားလည်းမနေ သာတော့ပဲ ပြောပြလိုက်သတဲ့။ မြန်မာနိုင်ငံသားစကားလည်းဆုံးရော တရုတ်နဲ့ထိုင်းနိုင်ငံသားဟာ “ဟေ...အဲ့လိုလား” ဆိုတဲ့အသံကတပြိုင်နက်ပဲ။
ကိုမြန်မာနိုင်ငံသားပြောသွားတာကတော့ “ငါတို့ဗိုလ်ချူပ်တွေကလည်း တစ်ယောက်မှမကောင်းဘူး၊ ငါတို့ရိုသေ ကိုးကွယ်တဲ့ရဟန်းသံဃာတွေကို လည်းသတ်လိုသတ်၊ ငါတို့ဗိုလ်ချူပ်တွေခေတ်ရောက်မှပဲ ဘုန်းကြီးခေါင်းနဲ့ သေနတ်ပြောင်းထိတော့တယ်ကွာ။” လို့ပြောရှာသတဲ့။
ရှမ်းကလေး
0 comments:
Post a Comment