Thursday, November 29, 2007

“ကျးဇူးပြုပြီးတော့ကူညီကြပါရန်”

ကျွန်တော်ရှမ်းကလေး၏ဘလော့ကိုလာရောက်ဖတ်ရှူသူများခင်ဗျား ကျွန်တော့်ကိုကူညီကြပါရန်လေးစားစွာ တောင်းဆိုအပ်ပါတယ်ခင်ဗျား။ ကျွန်တော်ဘလော့မပြီးမြောက်ခြင်းကြောင့် မိတ်ဆွေတို့စိတ်အနှောက်အယှက် ဖြစ်ရင်လည်းခွင့်လွတ်ကြပါခင်ဗျား။ အဆိုးဖက်ကကော်မက်တွေရေးသွားရင်လည်းကျွန်တော်စိတ်မဆိုးကြောင်း ပါခင်ဗျား။ ကျွန်တော်ကော်လံသုံးခု လုပ်ချင်ပါတယ်ခင်ဗျား။ ပြီးတော့ ကျွန်တော် page elements က ခေါင်းစဉ် တွေကိုညီညီလေးလုပ်ချင်ပါတယ်ခင်ဗျား ကျေးဇူးပြုပြီးတော့ကူညီကြပါရန်။ အားလုံးကိုချစ်ခင်လေးစား ရင်းနှီး လျှက်။

ရှမ်းကလေး

မှတ်ချက်။ ကူညီပေးနိုင်မည်ဆိုလျှင်yarzar09@gmail.comထိုလိပ်စာကိုဆက်သွယ်နိုင်ပါသည်။ မည်သူမဆိုဆက်သွယ်နိုင်ပါသည်။ကျွန်တော့ကိုဦးဆုံးမဆက်သွယ်ချင်ရင်တော့လိပ်စာလေးများ ထား ခဲ့ပေးပါရန်။ ဘယ်နိုင်ငံမှာနေတာလည်းဆိုတာကိုကောတစ်ခါထဲပြောသွားပေပါရန်။ (အဆစ်ကပါ လိုက်သေးတယ်) ပြီးလျှင် ကျွန်တော်ပြန်ဆက်သွယ်ပါမည်။

Wednesday, November 28, 2007

“ထိုင်းနိုင်ငံရဲ့လွိုင်းကထုံးပွဲတော်”

“ဒါကတော့ထိုင်းလူမျိုးတွေ လွိုင်းကထုံးပွဲတော်ကို သွားနေကြတာပါ။”

ဦးဆုံးကျွန်တော်တောင်းပန်ချင်တာကတော့ အရင်တင်ထားတဲ့လွိုင်းကထုံးဓါတ်ပုံလေးမှာ လွိုင်က ထုံ လို့ရေးထားလို့ပါ။ လွိုင်ကထုံဆိုတဲ့ စာလုံးက မှားပါတယ်။ အမှန်ကတော့ လွိုင်းကထုံးပါ။ လွိုင်းကထုံးလို့ခေါ်တဲ့ ထိုင်းနိုင်ငံရဲ့ တစ်နှစ်မှာမှ တစ်ကြိမ်ကျင်းပလေ့ရှိတဲ့ ထိုပွဲတော်လေးဟာ ကျင်းပတဲ့နေ့ရောက်လာပြီဆိုရင်ဖြင့် ထိုင်းနိုင်ငံမှာရှိတဲ့ လူအပေါင်းတို့ အလုပ်တစ်ခုမဖြစ်မနေ လုပ်ရခြင်းပါ။ တချို့ကလည်းမလုပ်ပဲ သူများလုပ်ပြီးတာကို ၀ယ်ယူလေ့ရှိကြပါတယ်။ တချို့ကလည်း ကိုယ့်ကိုတိုင်ပြုလုပ်လေ့ရှိကြပါတယ်။ ပြုလုပ်ရတဲ့ပစ်စည်းတွေကတော့ ငှက်ပျော်ပင်ရယ်၊ ငှက်ပျောရွက်ရယ်၊ စိမ်းစိုလှပတဲ့ ပန်းပွင့်လေးတွေရယ်၊ ထိန်လင်းတောက်ပြောင်တဲ့ ဖရောင်းတိုင် တို့နှင့်တကွ မွေးသင်းရနံ့ကြိုင်လှိုင်တဲ့ အမွေးတိုင်တို့ပါဝင်ပါတယ်။ အဲ့ဒါတွေအားလုံးကို ပေါင်းစပ်ထားတဲ့ အရာတစ်ခုကိုတော့ လွိုင်းကထုံးလို့ခေါ်ဝေါ်သတ်မှတ်ကြပါတယ်။ မြန်မာလို ဆိုရင်တော့ ရေမှာမျောရတဲ့လှပတဲ့အရာတစ်ခုလို့ခေါ်ယူသတ်မှတ်နိုင်ပါတယ်။ တကယ်တော့ ကျွန်တော်လည်း လွိုင်းကထုံးလို့ခေါ်တဲ့ ရေမှာမျောရတဲ့လှပတဲ့အရာတစ်ခုကို ကိုယ်ကိုတိုင် မလုပ်တတ်ပါဘူး။ အရင်နှစ်တုန်းကတော့ ကျွန်တော့်ကိုထိုင်းမလေးတစ်ယောက်ကလုပ်ပေးတာပါ။ ဟဲ...ဟဲ ကြွားတာနော်။ လွိုင်းကထုံးပွဲကိုရောက်ပြီဆိုရင် ထိုင်းနိုင်ငံမှာရှိတဲ့ လူပေါင်းများစွာဟာ ထိုပွဲကို ပျော်ရွင်စွာ သွားကြပါတယ်။ ထိုင်းလူမျိုးများဟာလည်း ထိုပွဲကိုသွားဖို့ ဖော်ရွေစွာ ဖိတ်ခေါ်ကြပါတယ်။ ထိုင်းတွေက ပိုင်းလွိုင်းကထုံးဆိုပြီး ထိုင်းတို့စကားအတိုင်း အေးအေး ငြင်ငြင်လေးဖိတ်ခေါ်တာ ကျွန်တော့်နားဝင်ကိုချိုလို့ပါပဲ။ အထူးသဖြင့်ကောင်မလေးတွေပေါ့။ လွိုင်းကထုံးကိုညနေခင်းမှာမှောင်စပြုချိန်မှာ သွားလေ့ရှိပါတယ်။နောက်တစ်ခုက လွိုင်းကထုံး ထဲမှာပိုက်ဆံအကြွေစေ့လေး 1 ဘတ်ဖြစ်စေ။ 2 ဘတ်ဖြစ်စေ။ ထည့်ပေးကြပါတယ်။ အရင်တစ်နှစ်ကတော့ ကျွန်တော့်အမေက 10 ဘတ်ထည့်ပေးတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်က ကျွန်တော့်အမေထည့်ပေးတဲ့ ပိုက်ဆံ10 ဘတ်ကို 2 ဘတ်နဲ့လဲလိုက်ပါတယ်ဗျာ။ ဟဲ...ဟဲ အဲ့တုန်းက ဂိမ်းကစား စရာmoney မရှိလို့ဗျ။ မရှိတော့ ရှိတဲ့နည်းကို ကြံဖန်ရတာပေါ့ဗျာ။ ဟုတ်ဘူး လား။ နောက်တစ်နှစ်ကြရင် စာဖတ်သူတို့ ကိုကို၊ မမ၊ မောင်မောင်၊ ညီမတွေလည်း လွိုင်းကထုံး ပွဲတော်ကို လာရောက်ခဲ့သည်ရှိသော် လွိုင်းကထုံးထဲကို ပိုက်ဆံများများထည့်လာခဲ့နော်။ ပြီးရင် အမှတ်အသားလေးတွေလုပ်ခဲ့ပေါ့။ ပိုက်ဆံတွေလိုက်ယူပစ်မယ်။ ဟဲ...ဟဲ ။ လွိုင်းကထုံးကို လွတ်ခါနီး ဖယောင်းတိုင်တို့၊ အမွေးတိုင်တို့ကိုမီးထွန်းဖို့မမေ့ကြနဲ့ဦးလို့သတိပေးရင်း ကျွန်တော် သိသလောက်ထို်င်းနိုင်ငံရဲ့လွိုင်းကထုံးအကြောင်းလေးကိုဒီမှာတင်နားပါရစေခင်ဗျား။

ရှမ်းကလေး

Monday, November 26, 2007

လွိုင်ကထုံပွဲတော်ရဲ့ အရေးပါတဲ့အရာတစ်ခု

လွိုင်ကထုံမသွားမှီအရင်လုပ်ရတဲ့ ရေထဲမှာမျှောရတဲ့ ငှက်ပျောရွက်နဲ့လုပ်တဲ့ ပုံလေးကို ကျွန်တော်တင်ပြပါရစေဗျာ။
ကျွန်တော်တို့အိမ်ကကိုယ်တိုင်လုပ်တာနော်။

လွိုင်ကထုံဆိုတာ ထိုင်းနိုင်ငံရဲ့ပွဲတော်လေးတစ်ခုပါ။ ကျွန်တော်ကတော့ အဲ့ဒီနေ့မသွားဖြစ်လိုက်ပါဘူး။
နောက်မှလွိုင်ကထုံနဲ့ဆိုင်တဲ့ပို့တွေတင်ပါဦးမည်။ အခုသိမ်မအားသေးလို့ပါ။ ရှမ်းကလေး




အဖြူရောင်သူငယ်ချင်း

ဒါဏ်ရာတွေနဲ့ လဲပြိုကျချိန်
ငါ့ဘ၀လေးကို ဖေးမထူ
အားပေးကူညီခဲ့တဲ့ သူငယ်ချင်း...

ဒုက္ခမိုးရေတွေ
ငါရ
ွှဲစိုနေချိန်မှာ
ကရုဏာထီးလေးမိုးပေးခဲ့သူ....

အဖွင့်မချူ အခက်မချိုး
မြတ်နိုးလျက် အလှကြည့်သူ
ဘာမျော်လင့်ချက်မှမရှိ
အဖြူရောင် ပကတိ ကူညီပေးခဲ့သူ။

ရှမ်းကလေး

“စည်း”

ပျော်ပျော်နေပါ
ဒါပေမဲ့...
အပျော်တွေနောက်ချည်းမလိုက်ပါနဲ့။

စီးပွားရှာပါ
ဒါပေမဲ့.....
ဘ၀ကို ငွေရဲ့ကျေးကျွန်အဖြစ် မရှင်သန်ပါနဲ့။

ချစ်တတ်ပါ
ဒါပေမဲ့...
အချစ်ရေးထဲမှာချည်း နစ်မွန်းမနေပါနဲ့။

ရှမ်းကလေး


Sunday, November 25, 2007

“ဆန့်ကျင်ဖက်”


မင်းအေးချမ်းတဲ့ သီချင်းသီဆိုနေချိန်မှာ
ငါကတော့ ကြမ်းတမ်းတဲ့ Hip Hop သီချင်းကိုအော်ဟစ်နေမိတယ်

မင်းနာကျင်စွာ ခံစားနေရတဲ့အချိန်မှာ
ငါကတော့ ပျော်ရွင်စွာဆော့ကစားနေမိတယ်။

မြင့်လွန်းတဲ့နေရာကို မင်းရောက်နေတဲ့အချိန်မှာ
ငါကတော့ အောက်ခြေအဆင့်ကနေလုံးဝမတက်။

တစ်ဦးတစ်ယောက်ဆီက တည်ငြိမ်တဲ့နှလုံးသားကို
မင်းပိုင်ဆိုင်တဲ့ အချိန်မှာတော့
ငါကတော့ အသည်းကွဲ လူကြမ်းမင်းသားကြီးဘဝ
ရောက်နေပါတော့တယ်။

မင်းမှန်ကန်တဲ့ စကားတွေကိုပြောနေချိန်မှာ
ငါကတော့ သူတစ်ပါးကို လိမ်ညာစွာဆက်ဆံနေမိတယ်။

မင်းအဆင့်အတန်းမြင့်တဲ့ ပတ်ဝန်းကျင်မှာ နေတဲ့အချိန်မှာတော့
ငါကတော့ နှိမ့်ကျတဲ့အဆင့်အတန်းမှာပျော်မြူးနေမိတယ်။

ရှမ်းကလေး


Saturday, November 24, 2007

“ငါမင်းကိုလက်ခံပါသေးတယ်”

သွားပါ.... မင်းကြိုက်တဲ့နေရာကို
မင်းပျော်တဲ့နေရာကို ဆန္ဒရှိသလောက်
နေထိုင်ခဲ့ပါ။
နောင်တစ်ချိန်မှာ မင်းမပျော်ခဲ့ရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။

ယူသွားပါ....ငါ့မှာရှိသမျှ
စည်းစိမ်ဥစ္စာတွေကို
အကုန်ယူသွားပါ။
နောင်တစ်ချိန်မှာ ဒါတွေမင်းကုန်သွားခဲ့ရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။

ပြောသွားပါ...ငါ့မကောင်းကြောင်းတွေကို
လူတွေရဲ့ရှေ့မှောက်မှာ
မင်းဝအောင် ပြောသွားပါ
နောင်တစ်ချိန်မှာ မင်းမပြောချင်တော့ဘူးဆိုရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။

တွဲသွားပါ...မင်းကြိုက်တဲ့လူတွေကို
မင်းစိတ်တိုင်းကြ တွဲသွားပါ။
နောင်တစ်ချိန် မင်းတွဲလို့ဝသွားပြီဆိုရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။

ထိုးခိုင်းလိုက်ပါ...မင်းရဲ့လူယုံတော်တွေနဲ့
ငါ့ပါးတစ်ဖက် ရွဲ့စောင်းသွားအောင်
ထိုးခိုင်းလိုက်ပါ။
အကယ်၍ မင်းကျေနပ်ပြီဆိုရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။


ရှမ်းကလေး

Friday, November 23, 2007

မတူ ကွဲပြားတဲ့ မိန်းမနှစ်ဦး

မှတ်ချက်။ ။ ထိုကဗျာသည် ကျွန်တော်မြင်တွေ့ ခဲ့ရဖူးသော ဖြစ်ရပ်မှန်လူတစ်ဦးအကြောင်းကို ရေးသားခြင်းဖြစ်ပြီး နအဖစစ်အစိုးရခေါင်းဆောင် သခင်တော်(အော..ဟုတ်ပါဖူး) မယား နှင့်နှိုင်းယှဉ်ပြီးကျွန်တော်ကိုယ်တိုင် ကြိုးစားပြီးစပ်ထားပါသည်။ ထိုသူနေထိုင်သောနေရာတွင် လူ့ အခွင့်အရေး ပညာရပ်များကို မလေ့လာဖူးသော လူများသာရှိသဖြင့် “ကျွန်တော့်မိန်းမက ကျွန်တော့်ကို မော့တောင်မကြည့်ရဲဘူး”ဟူသောစာပိုဒ်ကို ဖြစ်ရပ်အတိုင်းထည့်သွင်းထားပါကြောင်းအသိပေး ရင်း..........


မိန်းမ....
မိန်းမဆိုတာ အားလုံးအသိပဲ
မိန်းမဟာ မိန်းကလေးပေါ့ဗျာ။

ကျွန်တော့်အမေလည်း မိန်းမပဲ
လူတို့ရဲ့အမေလည်း မိန်းမပဲ
သန်းရွေရဲ့အမေလည်း မိန်းမပဲ

ကျွန်တော့်မိန်းမလည်း မိန်းမပဲ
သန်းရွေမိန်းမလည်း မိန်းမပဲ။

သူ့ မိန်းမလည်း လူပဲ
ကျွန်တော့်မိန်းလည်း လူပဲ။

သူ့ မိန်းမက တာဝတိံသာကဆင်းလာတာမဟုတ်ဘူး
ကျွန်တော့်မိန်းမကလည်း ငရဲပြည်ကတက်လာတာမဟုတ်ဘူး။

မိန်းမခြင်းတူကြပေမဲ့
သူ့ မိန်းမက အပျင်းကြီးတဲ့နတ်သမီးလိုနေရတယ်။
ကျွန်တော့်မိန်းမက ဆင်းရဲနွမ်းပါးတဲ့သူဆင်းရဲလိုနေရတယ်။

သူ့ မိန်းမက ကြိုင်ကြိုင်
ကျွန်တော့်မိန်းမက လှိုင်လှိုင်

သူ့ မိန်းမက နိုင်ငံခြားထုတ်
ရေးမွေးတွေနဲ့  ကြိုင်လှိုင်နေတယ်။
ကျွန်တော့်မိန်းမက ငါးစိမ်းသည်ဆိုတော့
ငါးညီနှံ့ တွေနဲ့  ကြိုင်လှိုင်နေတယ်။

သူ့ မိန်းမက ပျော့ပျောင်းတဲ့မွေ့ ရာပေါ်မှာလဲလျှောင်းရတယ်။
ကျွန်တော့်မိန်းမက ဂျပိုးကိုက်တဲ့ စောင်ကြမ်းပေါ်မှာ ကျောခင်းရတယ်။

သူ့ မိန်းမက သူကြိုင်တာစားလို့ ရတယ်။
ကျွန်တော့်မိန်းမကတော့ ထမင်းမှတစ်ပါး အခြားစားစရာမရှိ။

သူ့ မိန်းမက သူ့ ကိုနိုင်ထက်စီးနင်း ခိုင်းလို့ ရတယ်။
ကျွန်တော့်မိန်းမကတော့ ကျွန်တော့်ကိုမော့တောင်မကြည့်ရဲဘူး။

သူ့ မိန်းမက နိုင်ငံတစ်ခုကို နာရီပိုင်းအတွင်းကူးလို့ ရတယ်။
ကျွန်တော့်မိန်းမကတော့ ကားခမရှိလို့  မြီု့ တောင်မရောက်ဖူး။
သြော.....တော်တော်ခြားနားတဲ့မိန်းမနှစ်ယောက်ပေတကား။

ရှမ်းကလေး