Friday, December 21, 2007

“ရန်ကုန်သားရဲ့အိုင်ဒီယာ”

ပုံကိုကလစ်လုပ်ပြီးဖတ်ရှုပါရန်

“Teacher........................”

Teacher ....
We are proud that you are our teacher
Even though we meet once in our lives
You have taught us
With real kindness from your heart
Teacher ....
You help us complete our ambitions
With each lesson you teach
Each smile you lengthen
Each goal you help reach
For all that you've done
We're really thankful

Unfortunately, when the time comes, we're going to part
We know you don't want to part
And neither do we
However that is life
So, let us three students says goodbye to you
Just with this sentence that we'll be
Remembering you in every time of coincidence

Thank you for everything, teacher .....
We hope to meet again some day........

မဲဆောက် စက်ရုံရှိ ကလေးအလုပ်သမားများအား ထိုင်းရဲများက ၀င်ရောက်ဖမ်းဆီး

Network Media Group
ခွန်အောင်မြတ်။ ဒီဇင်ဘာလ ၂၁ ရက်၊ ၂၀၀၇ ခုနှစ်။
ထိုင်းမြန်မာ နယ်စပ် မဲဆောက်တွင် ယမန်နေ့ညနေပိုင်းတွင် အက်စ်စီဒီ သိုးမွေးစက်ရုံကို ၀င်ရောက်စစ်ဆေးရာ တရားမ၀င်အလုပ်သမား ၃၅၀ ကျော် ဖမ်းဆီးခံ ခဲ့ရသည်။
ယင်းသို့ ဖမ်းဆီးရာတွင် အသက်မပြည့်သေးသော ၁၈ နှစ်အောက် ကလေးအလုပ်သမား ၄၉ ဦးလည်း ပါဝင် သည်ဟု ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က ပြောသည်။
ကလေးအလုပ်သမားများရှိသည်ဟူသော သတင်းအရ ၀င်ရောက်ရှာဖွေရာမှ တရားမ၀င်အလုပ်သမားများ အဖမ်း ခံရခြင်းဖြစ်သည်ဟု အလုပ်သမားကူညီစောင့်နေသည့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၏ ရုံးတာဝန်ခံ ကို ချက်ကြီးက ပြောသည်။
“ရဲသုံးယောက်ဝင်လာပြီးတော့ စက်ရုံက ဖုန်းလိုင်းတွေကို အရင်ဖြတ်လိုက်တယ်။ သူတို့ အဓိက ၀င် ဖမ်းတယ်ဆိုတာက ဒီစက်ရုံမှာ အသက်မပြည့်သေးတဲ့ ကလေးတွေ လက်ခံထားတယ် ထင်လို့။ လူ အင်အားက ၃၅၀ လောက် ဖမ်းမိသွားတယ်။ အဲဒီ ၃၅၀ မှာ ၃၀၀ လောက်က လက်မှတ်မရှိတဲ့လူတွေ၊ နောက်ပြီးတော့ ကျန်တဲ့အဲဒီမှာ သူတို့စိတ်ထဲမှာ ထင်တာက ကလေးလို့ထင်တဲ့လူတွေကို သူတို့ အသက်မေးကြည့်လိုက်တာ တချို့ကတော့ ဆယ့်သုံးနှစ်၊ တချို့ကတော့ ဆယ့်နှစ်နှစ်လို့ဖြေတယ်။ ဖြေတော့ အဲဒီ အရွယ်သူလေးတွေကို စုပြီးတော့ ဖမ်းသွားတာက ၄၉ ဦး။ ”
ထိုင်းနိုင်ငံ ဥပဒေအရ အသက် ဆယ့်ရှစ်အောက် ကလေးများကို လုပ်ငန်းခွင်ထဲတွင် စေခိုင်းခွင့်မရှိပေ။
အဖမ်းဆီးခံထားရသည့် အလုပ်သမားများကို မဲဆောက် အချုပ်ခန်းတွင် ထိန်းသိမ်းထားသည်၊
အက်စ်စီဒီ သိုးမွေးစက်ရုံတွင် မြန်မာအလုပ်သမား ၇၀၀ ကျော် ရှိပြီး အလုပ်သမားထက်ဝက် အဖမ်းခံရခြင်း ကြောင့် ယနေ့တွင် စက်ရုံပိတ်ထားသည်။ ကလေးအလုပ်သမားများကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော်လည်း အလုပ်ရှင်နှင့် မန်နေဂျာတို့ကို ခေါ်ယူစစ်ဆေး ထိန်းသိမ်းခြင်း မရှိသေးဟု သိရသည်။
ယမန်နေ့ညနေက ဖမ်းဆီးမှုကြောင့် မဲဆောက်ရှိ အခြား အလုပ်ရုံစက်ရုံများသည် အလုပ်သမားများကို ကြိုတင် ရှောင်တိမ်း ခိုင်းထားသည်။ အလုပ်သမားအများစုမှာ တောတွင်းသို့ ရှောင်တိမ်းကြပြီး အချို့မှာ မြ၀တီဖက်ကမ်း သို့ ပြန်သွားကြသည်ဟု အလုပ်သမားများက ပြောသည်။
လက်ရှိ မဲဆောက်မြို့အတွင်း အလုပ်သမားလက်မှတ်မရှိသူများကို ထိုင်းအာဏာပိုင်များက စီမံချက်ဖြင့် ဖမ်းဆီး စစ်ဆေးရာ နေ့စဉ် အလုပ်သမား ရာနှင့်ချီ၍ အဖမ်းခံရသဖြင့် မြို့တွင်း လမ်းမများပေါ်တွင် မြန်မာနိုင်ငံသား အလုပ်သမားများ မရှိသလောက်ဖြစ်နေသည်ဟု အလုပ်သမားများက ပြောသည်။

“ဗြောင်တင်ပဲပြောလိုက်တော့ကွာ“


ကျေးဇူးပြုပြီးတော့ကလစ်ပြီးဖတ်ရှုပေးပါရန်

Tuesday, December 11, 2007

“ရုတ်တရက်တောင်းပန်ခြင်း”

ကျွန်တော်မျိုးရှမ်းကလေးရဲ့ဘလော့ကိုလာရောက်လည်ပတ်သောမိတ်ဆွေများနှင့် သူငယ်ချင်း အပေါင်းတို့ခင်ဗျား။ ယခုတလောတွင် အလုပ်ကလည်းကောင်း၊ မလုပ်လို့မရတဲ့ အလုပ်တွေ ကလည်းတစ်ပုံကြီးရှိနေပါသဖြင့် မိတ်ဆွေသူငယ်ချင်းတို့ဘလော့ကိုသွားမလည်ရခြင်း ဖြစ်ပါ ကြောင်းကြိုတင်အသိပေးပါတယ်ခင်ဗျား။ ပြီးတော့တစ်ဆက်ထဲမှာပဲကျွန်တော်မျိုး မောင်ရှမ်း ကလေး မိတ်ဆွေသူငယ်ချင်းနှင့် တိုင်းရင်းသားညီအကိုမောင်နှမများတို့ရဲ့ ဘလော့တွေကို လည်း အခုလောလောဆယ်သွားနိုင်မယ်မထင်ပါသောကြောင့်၊ ကြိုတင်ပြီးခွင့်တောင်းကာ ပါမစ်ယူထားပါမည်ဖြစ်ကြောင်းကိုလည်း တစ်ခါထဲပြောထားချင်ပါသည်။ ပြီးတော့ မမဘလော့ ဂါတွေကလည်း “ဒီရှမ်းကလေးတစ်ယောက် ပထမတော့သူများကိုလာလည်ပြီး နောက်ဆုံးပေါ် တောင်မပေါ်လာတော့ဘူးလို့မပြောကြပါနဲ့နော်။”
ဘလော့ဂါကိုကိုများကလည်း ဒီကောင်ရှမ်းကလေးကတော့ ငါတို့ကိုတောင်လာမလည်တော့ ဘူးဆိုပြီးသော်လည်းကောင်း၊ ဒီကောင်စစကတော့လာလည်လိုက်တာ ငါ့စီဘောက်တောင် မထည့်ထားချင်လောက်အောင်ဖြစ်တယ်။ အခုတော့ဒီခွေးမသားလေးပေါ်မလာတော့ပါလား ဆိုပြီး မကျိန်ဆဲနေပါဦးနဲ့လို့လဲကြိုတင်ပြီးမေတ်တာရပ်ခံချင်ပါတယ်။ နောက်ပြီးတော့ကြော်ငြာ ချင်တာကတော့ အချစ်ရဲ့ကျေးကျွန်ကို ဖတ်ရှုလိုသူများအတွက်လည်း ကျွန်တော်အားရင် အားသလိုတင်ပေးမည်ဖြစ်ကြောင်းပြောဆိုရင်း နိဂုံးချူပ်လိုက်တော့မယ်နော်။ ဟော...ဟော..မေ့သွားလို့..အော...ရှမ်းကလေးအလုပ်များနေလို့ငါတို့ကိုလာမလည်တာဖြစ်မှာပေါ့။ အေးလေနောက်ကျရင်သူလာလည်မှာပေါ့ဆိုတဲ့အတွေးလေးတွေကိုလည်းကိုယ်စီမွေးနိုင်ကျပါစေနော်။ ဟဲဟဲဟဲ

ရှမ်းကလေး

“သွားမေးကြည့်ပါလား“

တခါကကျောင်းတစ်ကျောင်းမှာပညာသင်ကြားနေတဲ့ မောင်အေးလို့အမည်ရှိတဲ့ ကျောင်းသား လေးတစ်ယောက်ရှိသတဲ့။ တနေ့မှာတော့မောင်အေးတို့ကျောင်းက အင်္ဂလိပ်ဆရာမ တစ်ယောက်ကမီးနင်းတွေကိုကျောက်သင်ပုန်းပေါ်မှာချရေးပြီးရှေ့က ရွတ်ဆိုပေးပြီးကျောင်း သားတွေကိုလည်း လိုက်ရွတ်ဆိုခိုင်းသတဲ့။
ဆရာမက “ant-အန့်-ပုရွက်ဆိတ်”
“apple-အယ်လ်ပဲ-ပန်းသီး
“put-ပွတ်-ထည့်သည်
“but-ဘတ်-ဒါပေမဲ့။ လို့ဆိုပြီးရှေ့ကရွတ်ပြပြီး။ ကျောင်းသားတွေကို လိုက်ရွတ် ခိုင်းသတဲ့၊ ဆရာမကနှစ်ခေါက်သုံးခေါက်လောက်ရွတ်ပြပေးပြီး ကျောင်းသားတွေကို ဘာမေးစ ရာရှိလဲလို့မေးလိုက်သတဲ့၊
ဒီအချိန်မှာမောင်အေးက “ဆရာမ put ကျတော့ ပွတ်လို့ထွက်ပြီး၊ ဘာဖြစ်လို့ but ကျတော့ ဘွတ်လို့မထွက်တာလဲခင်ဗျာ့”
ဆရာမပြန်ပြောလိုက်တာကတော့ “အေး...မင်းသိချင်ရင်တော့ နင်အမေလင်အင်္ဂလိပ်ကို သွားမေးကြည့်”တဲ့။
ရှမ်းကလေး

Wednesday, December 5, 2007

အချစ်ရဲ့ကျေးကျွန်(အပိုင်း(၂))

အပိုင်း(၂)

ဦးသော်က “မေ...ဒီနှစ်တော့ကိုယ်တို့သမီးလေးကို...ဘော်ဒါမှာသွားထားမှထင်တယ်”

ဒေါ်မေရှင် “ကောင်းတာပေါ့ကိုယ်ရယ်..ဒါနဲ့ကိုယ်ကဘယ်ဘော်ဒါကိုသွားထားမှာလည်း”

ဦးသော်က “ကိုစဉ်းထားတာကတော့......ရှမ်းပိုင်းက ဟိုဘာလဲ ဘော်ဒါဆောင်နာမည် ကိုယ်မေ့နေတယ်”

ဒေါ်မေရှင် “အနာဂတ်ရဲ့ပုံရိပ်များဆိုတာလား..ကို”

သော်က “အေး..အေး.. ဟုတ်တယ်..လူတွေကလည်းအသက်တဖြည်းဖြည်းရလာတော့ အသိဥာဏ်တွေ

လည်းချို့ယွင်းပျက်စီးလားပြီမေရယ်”

ဒေါ်မေရှင် “ဘာမှမဆိုင်ဘူး..သူ့ဖာသာသေချာမမှတ်ထားပဲနဲ့များ”

သူတို့ဇနီးမယားစကားပြောနေစဉ် အပျိုဖော်ဝင်စ လူငယ်မိန်းမပျိုမလေးတစ်ဦးက အိမ်ပေါ်လှေကားကနေ ဆင်းလာပြီး ဒေါ်မေရှင်ဘေးနားမှာဝင်ထိုင်လိုက်တယ်။ သူ့နာမည်က မေသော်။ ဦးသော်ကနဲ့ဒေါ်မေရှင်တို့ရဲ့တစ်ဦး တည်းသောချစ်ဆုံးသမီးလေး။ သူကလည်းဒီနှစ်မှာ (10)တန်းကို တက်ရမယ်။

မေသော် “ဖေဖေနဲ့မေမေဘာပြောနေတာလဲဟင်”

ဒေါ်မေရှင် “အော..သမီးအဖေလေ...သမီးကိုဘော်သာဆောင်မှာသွားထားမလို့တဲ့“

ဦးသော်က “မေကလည်းဘော်သာဆောင်လို့မပြောစမ်းပါနဲ့ကွာ၊ ဘော်သာဆိုတာ မကောင်းတဲ့စာလုံးကွ၊

ငါ့သမီးလေးကိုပညာတွေသင်ပေးမဲ့နေရာကို ဘော်သာလို့မခေါ်စမ်းပါနဲ့ကွာ။ အဆောင်လို့ခေါ်ရင်

နဲနဲနားထောင်လို့ကောင်းသေးတယ်”

ဒေါ်မေရှင် “ရှင့်သဘောပဲတော်..ကျူပ်ကတော့ရှင့်ကိုဘမှမပြောချင်တော့ဘူး.... ဒါများအဆန်းလုပ်လို့”

မေသော် “အမေကလည်း ဖေဖေကမေသော့်ကိုချစ်တာကို...ဟုတ်တယ်နော်ဖေဖေ”

ဦးသော်က “ငါ့သမီးက...အဖေ့သမီးလို့ကို..ပြောစရာမလိုအောင်တော်ပါရဲ့ဗျာ။ ဟုတ်ပါ့ဗျာ။ ငါ့သမီးကလွဲပြီး

ဘယ်သူ့ကိုမှမချစ်ပါဘူး”

မေသော် “ဟေး...ဒါမှတို့ဖေဖေ” လို့ပြောပြီးမေသောအပြင်ကိုပြေးထွက်သွားလိုက်တယ်။

ဒေါ်မေရှင် “ကိုနော်..သမီးကိုသိပ်အလိုမလိုက်နဲ့...သမီးကကလေးမဟုတ်တော့ဘူး...အပျိုဖော်ဝင်နေပြီ...

ကို့သမီးကိုကြည့်ဦး..အခုထက်ထိကလေးစိတ်ကမပျောက်သေးဘူး”

ဦးသောက “မေကလည်းကွာကြံဖန်စရာမရှိကြံဖန်စိတ်ပူတတ်တယ်၊ ဒါကြောင့်ကိုအဆောင်မှာသွားနေခိုင်း တာ ပေါ့မေရ။ အဆောင်မှာဆိုရင် လူအများနဲ့နေရတယ်။ စည်းကမ်းတွေနဲ့နေရတယ်၊ ပြီတော့ ကျောင်းသွားရင်လည်း အဖော်တွေနဲ့သွားရတယ်။ အဖော်တွေနဲ့သွားမယ်ဆိုရင် ငါ့သမီးတစ်ယောက် ထဲသွားတာထက်ပိုမကောင်းဘူးလား”

ဒေါ်မေရှင် “အင်းလေ...ကောင်းပါတယ်”

လှပတဲ့ပန်းဥယဉ်ခြံလေးထဲရဲ့ တန်းလေးတစ်ခုံမှာတော့ချစ်သူနှစ်ဦး တူနှစ်ကိုမျက်နှာကြည့်လျက်စကားလေးတွေ သီသီတာတာပြောနေကြတယ်။

“ကိုရယ်...စိတ်ညစ်တယ်ကွာ။ ဖေဖေကမေ့ကိုဘော်သာဆောင်မှာသွားထားတော့မယ်တဲ့”

“ဟင်....ဟုတ်လားမေ၊..မေကမငြင်းဘူးလားတဲ့”

“မေ့မေ့ကိုဆိုရင်ငြင်းလို့ရရင်ရဦးမယ်၊ ဖေဖေကိုတော့ငြင်းလို့ရမှာမဟုတ်ဘူး”

“ဒါဆိုကိုယ်တို့နှစ်ယောက်ဒီလိုမတွေ့ရတော့ဘူးပေါ့နော်”

“မသိသေးဘူးကိုယ်ရ၊ အချိန်အနေတွေက အတိအကျသတ်မှတ်ပြောလို့မရသေးဘူး”

“ကိုတော့မေ့ကိုမခွဲချင်ဘူးကွာ”

“မေလည်းဘယ်ခွဲချင်မလဲကိုယ်ရယ်၊ ဒါပေမဲ့ ကံတရားကမေတို့နှစ်ယောက်ကို ခဏတာခွဲထားမယ်ထင်ပါတယ်”

“အေးလေ မေ့ရဲ့ပညာရေးကလည်းရှိသေးတာကို။ ကိုယ်နားလည်ပါတယ်မေရယ်”

“ဒါကြောင့်မေကို့ကိုချစ်တာ၊ ကဲမေပြန်တော့မယ်နော်။ ခဏနေမေ့ကို ဖေဖေနဲ့မေမေမျော်နေကြဦးမယ်”

“အင်းဟုတ်ပြီးမေ”ဆိုပြီးချစ်သူနှစ်ဦးလမ်းခွဲလိုက်ကြသည်။ ထိုချစ်သူနှစ်ဦးကတော့ အခြားသူမဟုတ်။ ဦးသော်က ဒေါ်မေရှင်တို့ချစ်မြတ်နိုးလှပါတယ်ဆိုတဲ့သူတို့ရဲ့သမီးမေသော်နဲ့ မောင်ရဲစိုးတို့သာဖြစ်တယ်။ မောင်ရဲစိုးက မေသော်ရဲ့ချစ်သူရည်းစား။ သူက လွိုင်ကော်မြို့ရှမ်းပိုင်းရပ်ကွက်မှာနေတယ်။ မောင်ရဲစိုးကရှပ်ရည်ကလေးက ရှိတော့ မေသော်ဆိုတဲ့ကလေးမကလည်း ကြိုက်နေတယ်။ ဒါကိုသူ့အဖေအမေတွေက မသိရှာကြဘူး။ သူတို့ချစ်သူနှစ်ဦးလည်း လမ်းခွဲပြီးအိမ်ကိုကိုယ်စီပြန်ကြပါတော့တယ်။


ရှမ်းကလေး

တတိယပိုင်းကိုဆက်လက်စောင့်စားပါရန်