Saturday, January 5, 2008

ထိုင်းTelevation ပေါ်ကဟာသလေးတစ်ခု

ဒီကနေ့ထိုင်းတီဗွီရုပ်မြင်သံကြားတစ်ခုက ဟာသလေးတစ်ခုကို အားလုံးသော ညီအကိုအပေါင်းတို့အား ပြန်ပြီးဝေငှ ပေးချင်ပါတယ်ခင်ဗျား.... အားလုံးရီနိုင်မယ်လို့တော့ထင်ပါတယ်.....

ညခင်းအချိန်တွင် ထိုင်းရဲနှစ်ယောက်ဆိုင်ကယ်တစ်စီးနှင့် ကားသွားနိုင်သောလမ်းကျဉ်းတစ်ခုသို့ စီးနှင်လာတယ်ခင်ဗျား... ရဲသားနှစ်ယောက်စီးနှင်လာသောဆိုင်ကယ်ကလေးသည်... လမ်းတစ်ဝက် လောက်ရောက်သောအခါတွင်.. ကားတစီးလမ်းပိတ်ရက်နေသည်ကိုတွေ့တော့ ..ရဲသားနှစ်ယောက် လည်းကားပိတ်နေတာကိုတွေ့တော့ဆင်းကြည့်တာပေါ့...ရဲသားနှစ်ယောက်လည်းဆင်းကြည့်တော့

ပထမရဲ။ ။ ဟား.....ကားကစက်နိုးထားပါလားကွ....

ဒုတိယရဲ။ ။ အေကွ....ကားတစ်ခါးလည်းဖွင့်ထားပါလားကွ....

ပထမရဲ။ ။ အထဲမှာလူရှာကြည့်ဦးကွ...

ဒုတိယရဲလည်းကားခေါင်းထဲကိုဝင်ပြီးလိုက်ကြည့်သာဘယ်သူ့ကိုမှမတွေ့တော့ပြန်ထွက်လာပြီး

“ဘယ်သူ့မှမရှိဘူးကွ...လမ်းဘေးတွေကြည့်စမ်းပါဦးကွ...”လို့ဆိုပြီးပထမရဲဘက်လှည့်ကာပြောဆိုလိုက် ပြီး.. သူလည်းကားညာဖက်ကဘေးဖက်ကိုလိုက်ရှာကြည့်တာပေါ့... ပထမရဲ့လည်းကားရဲ့ဘယ်ဖက်ကိုလိုက်ရှာတယ်.. ရဲသားနှစ်ယောက်လိုက်ရှာတာဘာမှမတွေ့ဘူး...

ပထမရဲ။ ။ မတွေ့ဘူးကွ...ဒါပေမဲ့ကားကိုတော့ဒီတိုင်းထားလို့မရဘူးကွ..သူများတွေခိုးသွား ဦးမယ်.. မင်းဆိုင်ကယ်နဲ့နောက်ကလိုက်ခဲ့... ငါစခန်းကိုကားမောင်းသွားမယ်.. ပြီးမှကားပိုင်ရှင်လာ စုံစမ်းလိုက်မယ်ကွာ...

ပထမရဲသားလည်း...ကားထဲကိုဝင်ပြီး...ကားကိုဂီယာထိုး..လီဗာလေးကိုပျော့ပျော့ နင်းပြီးကားကိုမောင်းလိုက်တာ... ဒုတိယရဲသားထအော်ပါလေရောတဲ့ဗျာ... ပထမရဲသားလည်းကားကိုရပ်ပြီး...ဘာများဖြစ် လဲလို့ထင်ပြီး...ကားပေါ်က ဆင်းလာတာပေါ့...ဒုတိယရဲသားလေးဘာလို့ထအောင်ရသလဲဆိုတဲ့ အကြောင်းအရင်းကတော့...ပထမရဲသားမောင်းသွားတဲ့ကားရဲ့ပိုင်ရှင်လေးလေ...ငနဲသားလေးက ..အရက်မူးပြီးကားအောက်မှာအလျားလိုက်လဲလျောင်းပြီးအိပ်နေတာကိုး...အရက်ကလည်းတော် တော်မူးနေပြီဗျ...(အော်...ထိုင်းမှာလည်း..မူးရင်မမောင်းနဲ့ မောင်းရင်းမမူးနဲ့ဆိုတဲ့ စည်းကမ်းကလည်းထုတ်ထားတာမဟုတ်ပါလား.....)

ဒီလိုနဲ့ရဲသားနှစ်ယောက်ကလည်းကားပိုင်ရှင်ကိုရဲစခန်းကိုခေါ်သွား...ဘာလုပ်လိုက်လည်းတော့ကျွန်တော် မောင်ရှမ်းကလေးလည်းမသိလိုက်ပါဘူးခင်ဗျား....

ရှမ်းကလေး

ကျွန်တော်ပြောတဲ့ ဘလော့ဂါ၊ ဘလော့နှင့် ကိုရွေသွေးတို့ရဲ့အဖွဲ့(အပိုင်း-၁)


အောနှစ်သစ်ရောက်လာတော့လည်း... ၂၀၀၇ ကနှစ်ဟောင်းကြီးကိုမေ့ခဲ့ရမလိုဖြစ်နေပါလား. ဒါပေမဲ့...မေ့လို့မရတဲ့အကြောင်းတွေကလည်းရှိနေသေးတာမဟုတ်ပေဘူးလား...

ကိုရွေသွေးတစ်ယောက် တစ်ယောက်ထဲရေရွတ်နေရင်း...ကွန်ပျူတာဘေးနားမှာ... အခန့်သားထိုင်နေသည်... ကျွန်တော်မောင်ရှမ်းကလေးလည်း...ပျင်းနေပါသောကြောင့် ကိုရွေသွေးဆီသို့သွားရန်စိတ်ကူးကပေါက်နေသည်။ ကိုရွေသွေးက ကွန်ပျူတာဆိုင် လေးဖွင့် ထားတာကိုး... အင်တာနက်လေးဘာလေးသွားသုံးရတာပေါ့..ဟားဟားဟား...

ရှမ်းကလေး။ ။ ဗျို့ကိုရွေသွေးကြီးဘာတွေလုပ်နေလဲဗျ...

ကိုရွေသွေး။ ။ အော...ဒီလိုပဲဗျ...အင်တာနက်အကောင်းစားလေးနဲ့ကောင်မလေးနဲ့ ချက်နေရင်းက..ကောင်မလေးရဲ့ဘလော့ကိုသွားလည်နေတယ်... ဟိဟိဒီမှာ..နာမည်လေးက လှလိုက်တာ.. နန်းရွေသဇင်စိုးအိအိဖြိုးတဲ့ဗျာ..

ရုတ်တရက်ကိုငပျော့နှင့် ကိုသံခဲတို့နှစ်ယောက်ကွန်ပျူတာဆိုင်ခန်းထဲသို့ဝင်ရောက်လာ...

ကိုငပျော့။ ။ အားလားကိုရွေသွေးရဲ့ကောင်မလေးနာမည်လေးကအဆိုဘူးပဲဗျ.. အရပ်ကတော့တော်တော်ရှည်မှာ...

ကိုရွေသွေး။ ။ ခင်ဗျားတို့ကလည်း...ကျွန်တော့ကောင်မလေးမဟုတ်ပါဘူးဗျာ... ရှက်လိုက်တာဗျာ...

ကိုသံခဲ။ ။ ဟာမောင်ရှမ်းမင်းရောက်နေတာကိုး...မင်းဘလော့လုပ်ထားတယ်ဆိုးကွ..

ရှမ်းကလေး။ ။ ဟုတ်တယ်ကိုသံခဲရ... ဘာလဲကိုပျော့ကစိတ်ဝင်စားလို့လား...

ကိုငပျော့။ ။ ဟာ မလုပ်ပါနဲ့မောင်ရှမ်းရာ..ဒီကောင်ကြီး..အရင်တစ်ပါတ်က.. ပိုက်ဆံမရှိ.. လို့ဘောကောက်စားလာတာ...ဒူးပြဲသွားတာ...ခြေထောက်ဖြတ်ရတော့မလို့ကွ...ဒီတစ်ခါ ဓါတ်လိုက်ပြီးတစ်ကိုယ်လုံးလောင်ကျွမ်းသွားဦးမယ်...

ကိုသံခဲ။ ။ အထင်သေးလိုက်တာဗျာ...ခင်ဗျားပြောစမ်းပါဦး... ဘလော့ဆိုတာဘာလဲ...

ကိုရွေသွေး။ ။ ဘလော့ဆိုတာ..ငါ့ရင်ကိုပိတ်ဆီးထားတဲ့ကောင်မလေးနွယ်လေးကိုပြောတာ.

ကိုငပျော့။ ။ ကိုရွေသွေးကလည်းလုပ်တော့မယ်...ခုဏကပဲတစ်ယောက်..နွယ်လေးက ဘယ်သူလဲဗျ..စိတ်ဝင်စားလာပြီ...

ကိုရွေသွေး။ ။ နွယ်လေးဆိုတာကျွန်တော်သိပ်ချစ်ခဲ့ရတဲ့...ဟင့်ဟင့်ဟင့်...၀မ်းနည်းလိုက် တာ...

ကိုသံခဲ။ ။ နိမ်းလေးပြောပြစမ်းပါဦး...ဗျ

ရှမ်းကလေး။ ။ ဘာလဲဗျ...နိမ်း...

ကိုသံခဲ။ ။ နိမ်းဆိုတာနာမည်လေကွာ..မသိဘူးလား...မင်းတို့လူငယ်တွေမကြိုးစားဘူး ဆိုတာဒါကိုပြောတာ...ခေတ်နောက်ကျလိုက်တာကွာ...

ကိုရွေသွေး။ ။ အောနာမည်ပြောရမယ်ဆိုရင်တော့....သူ့နာမည်လေးက...နွယ်သိမ့်ရတနာ ရွေစင်ထိုက်အောင် တဲ့ဗျ..သူလေးအနော့်ကိုအသဲခွဲသွားတယ်...

ကိုငပျော့။ ။ ခင်ဗျားလိုက်တဲ့ကောင်မလေးနာမည်တွေကလည်း ရှည်လိုက်တာလွန်ပါရော

ရှမ်းကလေး။ ။ ဒါနဲ့ ကိုရွေသွေးရဲ့ ချစ်ချစ်လေးကဘာလို့အသဲခွဲသွားတာလည်းဗျ...

ကိုသံခဲ။ ။ လုပ်ပါဦးဗျ...ကိုရွေသွေးရ...အချစ်အကြောင်းဆိုသံခဲမှာလည်း.. နှစ်လုံးနဲ့ပါ..

ကိုငပျော့။ ။ ထုတ်ကြွားနေပြန်ပြီ...

ကိုရွေသွေး။ ။ သူကလေ...ကိုရွေရယ်တဲ့...ကျမတို့တခါချိန်းရင်..၃မိနစ်လောက်ပဲချိန်းရ အောင်လေတဲ့...ဖေဖေနဲ့မေမေက...ဒီလိုချိန်းတာမကြိုက်ဘူးတဲ့...

ကိုသံခဲ။ ။ ပြီးတော့ကော...

ကိုရွေသွေး။ ။ ၃မိနစ်အတိုင်းအတာကိုတော့ဘယ်ယောက်ကျားမဆိုလက်ခံမှာမဟုတ်ပါဘူး ဒါကိုကျွန်တော်လက်ခံခဲ့တယ်...ကျွန်တော်မလိုက်လျောနိုင်တာက...လေဗျာ...

ကိုငပျော့။ ။ ဘာလဲဗျာ...သူကမနမ်းရဘူးလို့ပြောလို့လား...

ကိုရွေသွေး။ ။ မဟုတ်ဘူးဗျ...

ကိုသံခဲ။ ။ လက်မကိုင်ရဘူးဆိုပါတော့...

ကိုရွေသွေး။ ။ မဟုတ်ဘူးဗျာ...

ရှမ်းကလေး။ ။ အော...ဒါဆိုသိပြီ..သိပြီ.. သူကမျက်နှာမကြည့်ရလို့ပြောလို့လား...

ကိုရွေသွေး။ ။ တခုမှမဟုတ်ဘူးကွာ...မင်းတို့ဟာ..

ကိုသံခဲ+ကိုငပျော့+ရှမ်းကလေး။ ။ ဒါဆိုပါလဲဗျာ...

ကိုရွေသွေး။ ။ ကျွန်တော်ကသူ့ကိုချစ်လို့နွယ်လေးလို့ခေါ်တာဗျာ... သူကနာမည်ကို အပြည့်အစုံခေါ်မှကြိုက်တယ်တဲ့... နာမည်အပြည့်အစုံကိုမခေါ်ရင်ရော...သူ့နာမည်ကို မပီတပီခေါ်တဲ့လူကောင်သိပ်မုန်းတာတဲ့....

ကိုသံခဲ။ ။ ခင်ဗျားကလည်းခေါ်လိုက်ပေါ့ဗျာ..

ကိုရွေသွေး။ ။ ကျွန်တော်လည်းခေါ်ချင်တာပေါ့ဗျာ... ဒါပေမဲ့..သူနဲ့ချိန်းတွေ့တာက သူ့နာမည်ခေါ်ဖို့များချိန်းတွေ့သလိုဖြစ်နေတယ်ဗျ..


ဒုတိယပိုင်းကိုဆက်လက်စောင့်စားပါရန်

Friday, January 4, 2008

ကြောက်တယ်ဗျာ... ဒီစကားတစ်ခွန်းကို

ချစ်သူ...မင်းတောင်းတတဲ့အချိန်တိုင်းမှာ
ကိုယ်...မင်းဆီကို တေဇလေယဉ်ပျံလိုပဲ အလျင်အမြန် ပျံပြီးလာခဲ့တယ်...

ချစ်သူ...မင်းလိုအပ်သမျ..အရာအားလုံးကို
သန်းရွေက..သူ့မြေးလေးဖိုးလပြည့်ကိုအလိုလိုက်သလို...
ကိုယ်ကလည်း...မင်းကိုတတ်နိုင်သမျဖြည့်ဆည်းပေးခဲ့တယ်..

ချစ်သူ...မင်းကလည်းကြိုင်ကြိုင်လို..အိုဟောင်းခေတ်နောက်ကျတဲ့
အောက်လမ်းဆရာတွေကို တွေ့မြင်ချင်တယ်ဆိုရင်တောင်မှ
ကိုယ်မြန်မာပြည်ကြီးကို...Air Bagan ဆိုတဲ့လေယဉ်ကိုစီးပြီး
အောက်လမ်းဆရာကို...အရခေါ်ပေးခဲ့တယ်...

ချစ်သူ...မင်းအတွက်
ကိုယ်အရာအားလုံး...ဖြည့်ဆီးပေးခဲ့တယ်...

ချစ်သူ...မင်းကကိုယ့်ကိုမုန်းတယ်လို့.. ဆိုလာမယ်ဆိုရင်တော့...
ကိုယ်တယောက်... ဒီစကားတစ်ခွန်းကိုတော့
မလိုက်လျှောပါရ စေနဲ့ကွာ...

ရှမ်းကလေး

Thursday, January 3, 2008

“စောင့်ဦး..မကုန်သေးဘူး”

နှစ်သစ်ရောက်လို့လူတွေပျော်ကြတယ်

အပျော်လွန်လို့လူတွေသေကြတယ်

အသေလွန်လို့ လူတွေမျိုးတုံးကုန်တယ်

မျိုးတုံးကုန်လို့ လူတွေကုန်မယ်မထင်နဲ့

ထပ်လာမဲ့ လူကလေးတွေကတော့ အများကြီးပဲ...

ရှမ်းကလေး

Wednesday, January 2, 2008

နှစ်သစ်မှာကံကောင်းကြပါစေ


နှစ်သစ်မှာအချစ်သစ်နဲ့ တွေ့နိုင်ပါစေ...

နှစ်ဟောင်းကအချစ်ဟောင်းကိုမေ့နိုင်ပါစေ...

နှစ်လယ်မှာအချစ်တကယ်ကိုရှာဖွေနိုင်ပါစေ...

နှစ်ဆုံးမှာအချစ်ဆုံးကိုမရှုံးဆုံးစေနဲ့နော်....

ရှမ်းကလေး

Tuesday, January 1, 2008

“ကြက်ခြေနီသင်တန်းတက်ဖူးသောကိုရွေသွေးရဲ့ ဆေးကုနည်း”

မိတ်ဆွေများခင်ဗျား....ထိုဟာသမဟုတ်သဟုတ်သော.အကြောင်းအရာလေးနှင့် မရေးတတ်ရေးတတ်ရေးထားသော..အကြောင်းအရာလေးအား ဖတ်သွားရင်းနှစ်သစ်မှာ ပျော်ရွင်ခြင်းတွေနဲ့ပဲ ရင်ဆိုင်ခြင်းဖြစ်ရပါစေဟုဆုတောင်းပေးရင်း............

ကိုရွေသွေး။ ။ ကဲ...နှစ်သစ်လည်းရောက်လို့လာပေါ့... ဒီ(၂၀၀၈)နှစ်သစ်ကြီးမှာ...ပျော်ရွင် ခြင်းတွေနဲ့...ဘ၀တလျှောက်လုံးရပ်တည်နိုင်ကြပါစေလို့...လူအပေါင်းတို့ကို...ကျွန်တော် မောင်ရွေသွေးက...ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျား။

ကိုရွေသွေးစကားဆုံးသောအခါ ကိုသံခဲ ခြေထောက်ထော့နဲ့ထော့နဲ့ နဲ့ ကိုရွေသွေးအနားသို့ လမ်းလျှောက်လာ။

ကိုရွေသွေး။ ။ ဘယ်လိုကနေ..ဘယ်လိုဖြစ်လို့ ထော့နဲ့ထော့နဲ့နဲ့လမ်းလျှောက်လာရသလဲဗျ ကိုသံခဲရ။ မော်ဒယ်ဂဲလ်ပြနေတာတော့မဟုတ်ပါဝူးနော်။

ကိုသံခဲ။ ။ ဘယ်ကလာမော်ဒယ်ဂဲလ်ပြရမှာလည်းဗျ။ မော်ဒယ်ဂဲလ်ပြရင်ခင်ဗျားရှေ့မှာ တောင်မပြဘူး။ မနေ့က ရန်ကုန်မှာ ဘောလုံးပွဲမှာဗျာချော်လဲလို့။

ကိုရွေသွေး။ ။ အားလား...ကိုသံခဲက ဘောလုံးတွေဘာတွေကန်လို့ပါလား...

ကိုသံခဲ။ ။ မဟုတ်ဘူးဗျ။

ကိုရွေသွေး။ ။ ဒါဖြင့်ဒိုင်လူကြီးပေါ့။

ကိုသံခဲ။ ။ မဟုတ်သေးဘူး။

ကိုရွေသွေး။ ။ ဒါဖြင့်နည်းပြလား။

ကိုသံခဲ။ ။ ခင်ဗျားပြောတာတခုမှမဟုတ်ဘူး။ ကျွန်တော်က ဘေးကဘောကောက်ဗျ။

ကိုရွေသွေး။ ။ ဘောလုံးကောက်ရုံနဲ့ဒူးတောင်ပြဲရလားဗျာ။

ကိုသံခဲ။ ။ နိုင်ငံတကာမှာသွားကန်တဲ့ မြန်မာလက်ရွေးစင်အသင်းကကောင်တွေလေ.. ဒီကောင်တွေကောင်းကောင်းကန်ရင်တော့ ကျွန်တော့်ဒူးဘယ်ပြဲမလဲဗျ.. အခုဟာက အဟင့်ဟင့် ပြောရင်းနဲ့ငိုချင်လာပြီ

ကိုရွေသွေး။ ။ ဘယ်လိုကန်သလဲဗျ။

ကိုသံခဲ။ ။ ခြေထောက်နဲ့ကန်တယ်လေ...

ကိုရွေသွေး။ ။ ခင်ဗျားကလည်းဗျာ.. ခြေထောက်နဲ့မကန်လို့ဘယ်လိုကန်ရမလဲဗျ..အော သိပြီ.. မြန်မာတွေ.. ဘောလုံးသွားကန်သာ.. တခါမှမနိုင်လို့... လက်နဲ့ကန်ခိုင်းမလို့လား..

ကိုသံခဲ။ ။ စကားဆုံးအောင်နားမထောင်ပဲနဲ့ ဖြတ်မပြောနဲ့ဗျာ..

ကိုရွေသွေး။ ။ ဒါဆိုလဲပြောဗျာ...

ကိုသံခဲ။ ။ ဒီလိုဗျ.. သူတို့တတွေက ဂိုးနားရောက်ရင် ကန်လိုက်တာ။

ကိုရွေသွေး။ ။ ဂိုးပေါက်ထဲဝင်သွားရောလား...

ကိုသံခဲ။ ။ အင်းဝင်တော့ဝင်သွားတယ်.. ဘောလုံးကွင်းနားက ဘေးအိမ်တွေထဲကို

ကိုရွေသွေး။ ။ ကျွန်တော်သိတယ်အဲ့ဒါဘာကြောင့်လဲဆိုတာ...

ကိုသံခဲ။ ။ ပြောပါဦးဗျ.

ကိုရွေသွေး။ ။ ဟိုကောင်တွေကန်သွင်းမလို့လုပ်တုန်း... ဘေးနားက လုံခြုံရေးတွေ တုတ်ပြလို့မဟုတ်လား.

ကိုသံခဲ။ ။ ဘောလုံးပွဲနဲ့လုံခြုံရေးမှမဆိုင်တာဗျ...

ရုတ်တရက်ကိုငပျော့ဝင်လာ။

ကိုငပျော့။ ။ သိပ်ကိုဆိုင်တာပေါ့ဗျာ... ဟိုဘက်မှာ သန်းရွေမြေးကြီးဖိုးလပြည့်ပါတာနေ မှာပေါ့။

ကိုရွေသွေး။ ။ ဒါနဲ့ခင်ဗျားဟာက... မိုးလုံလေလံကွင်းဆို..ကိုသံခဲရ။

ကိုသံခဲ။ ။ မိုးတော့လုံတယ်ဗျ

ကိုငပျော့။ ။ ဘာမလုံတာလဲဗျ

ကိုသံခဲ။ ။ လေမလုံတာ

ကိုရွေသွေး။ ။ ထားလိုက်ပါတော့ဗျာ.. ခင်ဗျားက ဘယ်လိုကနေဘယ်လိုလို့ ဒူးပြဲရတာလဲ..

ကိုသံခဲ။ ။ သူတို့ကန်တော့ကျွန်တော်ကလည်း ဘောကောက်ဖြစ်နေတော့ လိုက် ကောက်ရတာပေါ့...ဒါပေမဲ့ လုံခြုံရေးတွေကတခါးမဖွင့်ပေးဘူးဗျ...

ကိုငပျော့။ ။ ဒါဆို..ဘောပွဲပြီးရင်.. ညီလာခံထောက်ခံခိုင်းမလို့ဖြစ်မယ်..

ကိုရွေသွေး။ ။ ဒါနဲ့ခင်ဗျားလည်းဘောမကောက်တော့ဘူးပေါ့...

ကိုသံခဲ။ ။ ဟင်ခင်ဗျားကလည်း ဘယ်လိုပြောလိုက်တာလဲဗျာ.. ကွင်းထဲကထွက်သွား တဲ့ ဘောလုံးကို သွားမှမကောင်ရင် ဘောကောက်သိက္ခာကျတာပေါ့ဗျာ။

ကိုငပျော့။ ။ အားလား..လာသေးတယ်..ဘောကောက်ကများ..

ကိုရွေသွေး။ ။ ခင်ဗျားပြောလိုက်ရင်ကြီးကြီးကျယ်ကျယ်..ဒါဆိုခင်ဗျားဘယ်လိုသွားကောက် တာလဲ..

ကိုသံခဲ။ ။ မြန်မာစိတ်ဓါတ်လေ..ခင်ဗျားသိတယ်မဟုတ်လား....

ကိုရွေသွေး။ ။ ဘယ်လိုစိတ်ဓါတ်လဲဗျ

ကိုငပျော့။ ။ လုပ်ပါဦး..မြန်မာစိတ်ဓါတ်နဲ့...နိုင်ငံခြားစိတ်ဓါတ်နှိုင်းယှဉ်ကြည့်ရအောင်..

ကိုသံခဲ။ ။ အပေါက်မဖွင့်ရင်...ဖွင့်တဲ့အပေါက်ကတိုးပြီးသွားကောက်တာပေါ့ဘယ်ရမလဲ

ကိုရွေသွေး။ ။ သွားကောက်တော့ရရောလားဗျ....

ကိုသံခဲ။ ။ အဟင့်ဟင့်

ကိုငပျော့။ ။ ဘာဖြစ်တာလဲဗျ

ကိုသံခဲ။ ။ မပြောချင်ဘူးဗျာ...

ကိုရွေသွေး။ ။ ဘယ်လိုဖြစ်တာလဲ...

ကိုသံခဲ။ ။ ၀င်တိုးတဲ့အပေါက်မှာတင် ဆိုင်းပုဒ်လေးနဲ့ရေးထားတာ

ကိုရွေသွေး။ ။ မြန်မာပြည်ဒီလောက်တိုးတက်နေတာ... စည်းကမ်းရှိပါလို့ရေးထားတာပေါ့နော်။

ကိုငပျော့။ ။ ဒါမှတို့မြန်မာကွ။

ကိုသံခဲ။ ။ မဟုတ်ဘူးဗျ...

ကိုငပျော့။ ။ ဒါဖြင့်... ခြံစည်းရိုးပေါက်မတိုးရလို့ရေးထားတာပေါ့နော်...။

ကိုသံခဲ။ ။ မဟုတ်သေးဘူးဗျ....။

ကိုရွေသွေး။ ။ စိတ်မရှည်တော့ဘူးဗျာ။ ဟိုဟာမဟုတ်... ဒီဟာမဟုတ်နဲ့.. ဒါဆိုပါလဲဗျာ..

ကိုသံခဲ။ ။ မိတ်ဆွေအပေါင်းတို့.. အပေါက်တိုးချင်ရင်... ပိုက်ဆံ (၁၀၀၀) ထည့်ပြီး တိုးပါရန်လို့ ဆိုင်းပုဒ်ကြီးကြီးရေးထားပြီး... ဘေးနားမှာအလှူခံပုံးနဲ့ဗျ...

ကိုရွေသွေး။ ။ အော..အဲ့ဂလိုလား.. ဒါနဲ့ခင်ဗျားလည်း..ပိုက်ဆံ(၁၀၀၀)ပေးပြီးသွား ကောက်ရောလာ..ဘောကောက်သိက္ခာလေးဘာလေးပေါ့.

ကိုသံခဲ။ ။ ဟာခင်ဗျားကလည်းဗျာ... ပိုက်ပိုက်မရှိလို့... ဘောသွားကောက်စား ပါတယ် ဆိုမှ.. ဘာလို့သွားထည့်ရမလည်းဗျ... ကြောက်လွန်းလို့ပြန်ပြေးလာတာ... ပြေးလာရင်း ကျွန်တော်ဒူးပြဲသွားတာပေါ့ဗျာ။

ကိုရွေသွေး။ ။ ဒါလည်းမြန်မာစိတ်ဓာတ်ပဲဗျ... ဒါတွေထားလိုက်ပါတော့ ခင်ဗျားအနာလေးပြ ပါဦး...အရင်ကကျွန်တော်လည်း..ကြက်ခြေနီသင်တန်းတက်ထားတော့...ဆေးပိုင်းလေးလည်း နည်းနည်းပါးပါးတော့တတ်ပါတယ်ဗျာ...

ကိုငပျော့။ ။ မောင်သံခဲတော့ကံကောင်းတယ်ဗျာ။

ကိုရွေသွေး။ ။ ဟားခင်ဗျားကလည်း...ကိုသံခဲကဒူးပြဲနေတာဆိုမှ..ဘယ်လိုလို့ကံကောင်းရ တာလဲဗျ။

ကိုငပျော့။ ။ ကိုသံခဲတော့ပွတာပဲဗျာ။

ကိုသံခဲ။ ။ ခင်ဗျားကလည်းဗျာ... ဘယ်လိုလို့ပွရမလဲဗျ... ဒီမှာက ဒူးတောင်နာလို့ တော်တော်လေးကိုပွနေပြီ...အရေးထဲက.. အားပေးမယ်ကိုမရှိဘူး...

ကိုရွေသွေး။ ။ ဟုတ်ပါ့ဗျာ..

ကိုငပျော့။ ။ ခင်ဗျားတို့ကလည်း...တယောက်အော်ရင်..အနောက်ကလိုက်အော်တာချည်း ပဲ...နအဖစစ်အစိုးရတွေအတိုင်းပဲ...လူနောက်လိုက်ယောက်တဲ့ခွေးဆိုတာဒါမျိုးပြောတာ... စကားလေးဆုံးအောင်နားထောင်ပါဦးဗျ...

ကိုရွေသွေး။ ။ ကဲပြောပါဦးဗျာ...

ကိုငပျော့။ ။ ဒီလိုဗျ... ရန်ကုန်မှာလေ..နှစ်သစ်လည်းဖြစ်...ဗိုလ်ချူပ်မှူးကြီးသန်းရွေ အတွက်ရည်းစူးတာလဲဖြစ်တော့...ကြံ့ဖွံ့အသင်းက အလာကားဆေးကုပေးတယ်တဲ့ဗျ။

ကိုရွေသွေး။ ။ ဟာ..ဒါဆို..ပိုက်ဆံမရှိလို့ဘောကောက်စားတဲ့ကိုသံခဲတော့ပွတာပဲဟေ့။

ကိုသံခဲ။ ။ ရှောက်မပြောနဲ့ဗျ... အရင်တခါက ပိုက်ဆံတောင်းတယ်လို့ပြောတယ်.. ဒါကြောင့်ကျွန်တော်သွားမကုသေးပဲ...ခင်ဗျားတို့နဲ့လာတိုင်ပင်တာပေါ့ဗျာ.. သံခဲဦးနှောက်က ခင်ဗျားတို့လောက်..မခေပါဘူးဗျာ။

ကိုငပျော့။ ။ ဟာခင်ဗျားကလည်း...ဒီတစ်ခါတော့တကယ်ဖြစ်မှာပါဗျား...

ကိုသံခဲ။ ။ ကြောက်တယ်ဗျာ..

ကိုရွေသွေး+ကိုသံခဲ။ ။ ဘာဖြစ်လို့လဲဗျ။

ကိုသံခဲ။ ။ ခဏနေမေ့ဆေးထိုးပြီး..ကြံ့ဖွံ့အသင်းကိုဝင်တဲ့ဖောင်တွေ ဖြည့်ခိုင်းနေဦးမယ်.

ကိုရွေသွေး။ ။ ဒီလိုဆိုလည်း..ကျွန်တော့်ဆီမှာပဲကုလိုက်ဗျာ..ပိုက်ဆံတပြားမှပေးစရာမလို ဘူး။ ဆရာသုံးခါခေါ်ရင်ချက်ချင်းပျောက်အောင်ကုပေးမယ်... ကြက်ခြေနီကဆရာသင်ပေးတဲ့ နည်းနဲ့ကုပေးမယ်...

ကိုငပျော့။ ။ မလုပ်ပါနဲ့ဗျာ...ခဏနေမပျောက်ပဲ လူပါအသက်ပျောက်သွားဦးမယ်...

ကိုရွေသွေး။ ။ အော..ခင်ဗျားကဆရာကိုစော်ကားတော့...ဆရာကလည်း...ပညာပြရမပေါ့..

ကိုသံခဲ။ ။ ခင်ဗျားဟာဟုတ်လို့လားဗျ

ကိုရွေသွေးကိုယ့်ကိုယ်ယုံကြည်စွာနဲ့..

“ကျွန်တော်ကြက်ခြေနီသင်တန်းတက်ပြီးပြန်လာတော့ဗျာ..အဲဒီဆရာပေးတဲ့နည်းနဲ့... ကုလိုက်တာချက်ခြင်းပျောက်သွားတယ်ဆိုပဲ...အဲ့ဒီကနေမပြောဘဲလျိုလာတာ..ဒါပေမဲ့..ခင် ဗျားက ကျွန်တော်နဲ့စားဖော်သောက်ဖက်ဆိုတော့ မကုပေးရင်ကျွန်တော်ရိုင်းရာကျသွားမှာပေါ့ ဗျာ...ပြီးတော့ခင်ဗျားညီမကလည်းချစ်စရာလေးနော်...ဟဲဟဲဟဲ...ကျွန်တော်စေတနာပါတာ ပေါ့ဗျာ...

ကိုသံခဲ။ ။ ခင်ဗျားဟာသေချာလို့လားဗျ...”ကိုသံခဲစကားမဆုံးခင်

ကိုငပျော့။ ။ ညီမကသိပ်အရေးမကြီးဘူး

ကိုသံခဲ။ ။ အရေးထဲ..ခင်ဗျားကလည်းတစ်မှောက်...

ကိုရွေသွေး။ ။ မယုံချင်လဲနေဗျာ...ကုပေးတဲ့ဆရာသိက္ခာကျတယ်...

ကိုသံခဲ။ ။ ခင်ဗျားဟာသေချာတယ်နော်...ကျွန်တော်တော်တော်နာနေပြီနော်...

ကိုရွေသွေး။ ။ ဒီလောက်ပြောနေတာမယုံဘူးလားဗျာ...

ကိုသံခဲ။ ။ ဒါဆိုလဲကုဗျာ...ညကျရင်လာခဲ့.

ကိုရွေသွေး။ ။ အခုကုပေးမယ်ဗျာ...အိမ်မှာကုရင်ညီမမျက်နှာမြင်ရင်မနေနိုင်ဘူးဗျ...

ကိုငပျော့။ ။ အရေးထဲ...ဒီဖက်လှည့်လာပြန်ပြီ

ကိုသံခဲ။ ။ ရော့ဗျာ...ဆေးမရှိ..ဘာမရှိဘယ်လိုကုမှာလည်းဗျာ...

ကိုရွေသွေး။ ။ ဆေးတွေဘာတွေမလိုဘူးဗျ..ကဲကိုငပျော့ခင်ဗျားရဲ့ ညာဖက်ဖိနပ်ချွတ်ဗျာ..

ကိုငပျော့။ ။ ဘာလုပ်မလို့လဲဗျ..

ကိုရွေသွေး။ ။ ချွတ်ပါဆိုမှ..ဆရာပြောတာနားထောင်စမ်းပါ

ကိုသံခဲ။ ။ ခင်ဗျားဟာဟုတ်တယ်နော်..

ကိုရွေသွေး။ ။ ဟုတ်ပါတယ်ဆို...ကဲ့ဟိုဘက်လှည့်..မျက်စိကိုမှိတ်..အံကိုကြိတ်ကာ..ဟဲဟဲ ယောင်သွားလို့...

ကိုသံခဲ။ ။ ခင်ဗျားဟာဟုတ်လို့လားဗျ...

ကိုရွေသွေး။ ။ အတိအကျပဲဗျာ...

ကိုသံခဲ။ ။ ကဲကဲ..လုပ်ဗျာ

ကိုရွေသွေး။ ။ ခင်ဗျားဒူးလှန်...ပြီးရင်ဟိုဘက်လှည့်...

ကိုသံခဲ။ ။ ကဲရော့လှန်ပြီး...လှည့်တယ်ဗျာ..

ကိုရွေသွေး။ ။ ကဲမျက်စိမှိတ်...

ကိုငပျော့။ ။ ဆေးကုတဲ့ဆရာကလည်း..ဆေးဖိုးကုန်မှန်ကြောက်လို့... မေ့ဆေးတောင် မထိုးနိုင်ဘူး...

ကိုရွေသွေးအားရပါးရင်နှင့် ကိုသံခဲရဲ့နာနေတဲ့ဒူးခေါင်းအား...ကိုငပျော့ရဲ့စင်ကြယ်တံဆိပ်ဖိနပ် နှင့်.. (၃)ချက်ရိုက်လိုက်လေသတည်း....

အား...အား...အား...ကိုသံခဲရဲ့အော်သံ...

ကိုရွေသွေး။ ။ နာလေကောင်းလေပဲဗှာ...များများနာဒါမှမြန်မြန်ပျောက်မှာ...

ကိုသံခဲ။ ။ အမေရေ...ကြံ့ဖွံ့ဆေးခန်းသွားပြီး ဆေးကုခံရင်တောင် ဒီလောက်နာမှာ မဟုတ်ဘူး...

ကိုရွေသွေး။ ။ ခင်ဗျားပြီးတောင်မပြီးသေးဝူးဆရာကိုစော်ကားနေပြီပေါ့...

(နောက်(၂)ရက်ခန့်ကြာသော်........)

ကိုသံခဲတစ်ယောက်ဂျိုးထောက်တစ်ချောင်းကိုအမှီအခိုပြုကာ...လမ်းလျောက်လာ..

ကိုရွေသွေး။ ။ ဗျို့ ကိုသံခဲ..ခြေထောက်ပျော်သွားပြီလား....

ကိုသံခဲ။ ။ နင်အမေလင်..ဂျိုးထောက်နဲ့လျောက်လာတာ..ဘယ်လိုလို့ပျောက်ရမလဲကွ..

ကိုရွေသွေး။ ။ အာ...မပျောက်သေးဘူးလား..ထပ်ပြီးတော့ကုဦးမလားဗျ...

ကိုသံခဲ။ ။ ငါခြေထောက်ဒီလောက်ဖြစ်နေတာ..မင်းကထပ်ပြီးတော့ကုန်ချင်သေးတယ်.. မင်းကုလို့ငါ့ခြေထောက်ဖြတ်ရခါနီးပြီကွ...

ကိုရွေသွေး။ ။ ဒီတခါတကယ်ပျောက်ရင်ပျောက်မှာဗျ... အရင်တခါက..ကိုပျော့ဖိနပ်က... မသန့်ရှင်းလို့ဖြစ်မှာဗျ...

ကိုသံခဲ..စိတ်မရှည်တော့ပဲ ကိုရွေသွေးအား..ဂျိုးထောက်နှင့် လိုက်ရိုက်ပါရောတဲ့ခင်ဗျား...

ရှမ်းကလေး

Sunday, December 30, 2007

ฟุตบอลคิงส์ คัพ รอบชิงชนะเลิศ ไทย ชนะ อิรัก หวุดหวิด 1-0

  • (29-12-2007
    (မနေ့က ထိုင်းနှင့် အီရပ်ဘောလုံးကန်ရာမှာ ထိုင်းက ဖရီးကစ်မှတဆင့် ဂိုးရရှိသွားပြီး အီရပ်အား ၁-၀ နှင့်နိုင်သွားပါကြောင်းသတင်းေ ပးအပ်ပါသည်ခင် ဗျား

  • ฟุตบอลชิงถ้วยพระราชทานคิงส์ คัพ ครั้งที่ 38 รอบชิงชนะเลิศทีมชาติไทย สวมเสื้อเหลือง พบ อิรัก ซึ่ง ไทย เคยชนะมาในรอบที่แล้ว 2-1 ครึ่งแรก ทั้ง 2 ทีม ทำประตูกันไม่ได้เสมอกันอยู่ 0-0 ครึ่งหลัง นาทีที่ 47 ลูเอ ซาลาห์ ฮาซาน โหม่งบอลเข้าประตูไป แต่ผู้ช่วยผู้ตัดสิน ยกธงเป็นลูกล้ำหน้าของ อาเหม็ด ซาลาห์ อัลวาน เพื่อนร่วมทีม และนาทีที่ 63 ณรงค์ชัย วชิรบาล ยิงลูกโทษนอกเขตเข้าประตูอย่างสวยงาม หมดเวลา ไทย ชนะหวุดหวิด 1-0 คว้าแชมป์ฟุตบอลคิงส์ คัพ เป็นสมัยที่ 13 ได้สำเร็จ

กกต.แจก 3 ใบแดง พรรคพลังประชาชน

นายสุทธิพล ทวีชัยการ เลขาธิการ กกต.เปิดเผยว่า 3 ว่าที่ สส.ของพรรคพลังประชาชน ที่ถูก กกต.ให้ใบแดง ประกอบ นายประกิต พลเดช นายพรชัยศรีสุริยันโยธิน และนายรุ่งโรจน์ ทองศรี ... (เสียง สุทธิพล ทวีชัยการ, เลขาธิการ กกต.) สำหรับการเลือกตั้งใหม่ ในเขต 1 จังหวัดบุรีรัมย์ จะมีขึ้นในวันที่ 13 มกราคมนี้ วันเดียวกับการเลือกตั้งที่เขต 3 จังหวัดนครราชสีมา ที่ว่าที่ สส.พรรคพลังประชาชน 3 คน ได้รับใบเหลือง ส่วนเรื่องร้องเรียนที่กล่าวหาว่า นายยงยุทธ ติยะไพรัช ว่าที่ สส.สัดส่วน กลุ่ม 1 พรรคพลังประชาชน ทุจริตเลือกตั้ง กกต. ยอมเลื่อนพิจารณาเป็นวันที่ 8 มกราคม ตามที่นายยงยุทธร้องขอ ขณะที่ นายประกิจ นายพรชัยและนายรุ่งโรจน์ 3 ว่าที่ สส. ที่ได้รับใบแดง ปฏิเสธข้อกล่าวหาซื้อเสียง และตัดพ้อว่าไม่ได้รับความเป็นธรรมจาก กกต. เพราะไม่เคยเรียกไปชี้แจงแก้ข้อกล่าวหา และจะขอต่อสู้ทางกฎหมายโดยรอการตัดสินใจจากพรรคก่อน ร้อยตำรวจเอกเฉลิม อยู่บำรุง แกนนำพรรคพลังประชาชน เรียกร้องขอความเป็นธรรมจาก กกต. เนื่องจากมีข้อมูลว่านายตำรวจยศพลตำรวจตรีที่ทำสำนวนเรื่องทุจริตเลือกตั้งให้ กกต. มีความใกล้ชิดกับกลุ่มพันธมิตรประชาชนเพื่อประชาธิปไตย จึงขอให้มีการเปลี่ยนตัว