အားလုံးသောညီအကို၊ မိတ်ဆွေ၊ သူငယ်ချင်းတို့အားချစ်ခင်လေးစာလျက်၊
ရှမ်းကလေး
“ဟဲ့...ဟဲ့..ဒီကလေးတွေကျွေးတာတောင်မှ လုစားနေကြသေးတယ်...သွားသွား..ဝေးဝေးသွား” ဆိုတဲ့ ကျယ် လောင်တဲ့မိန်းမကြီးတစ်ယောက်ရဲ့အသံ...။ မိန်းမကြီးရဲ့ရှေ့မှာတော့ ၁၀ နှစ်သာသာ ကလေးတစ်အုပ်က...၁၀ နှစ် သာသာရှိသေးတဲ့ကောင်လေးတစ်ယောက်ရဲ့...မရှိမဲ့ရှိမဲ့မုန့်ကို လုစားနေကြတယ်။ ကောင်လေးကတစ်ယောက်ထဲ ဆိုတော့သူ့လက်ထဲကမုန့်တွေကို မပေးချင်၊ ပေးချင်နဲ့ကလေးတစ်အုပ်ရဲ့လုတာကိုခံလိုက်ရတယ်။ သူ့မှာလည်း သူများလှူမှ စားရတဲ့ဘ၀ဆိုတော့ မုန့်တွေကိုလွယ်လွယ်နဲ့တော့ဘယ်ပေးချင်မလဲ။ သူ့မှာအဖေကလည်းငယ်ငယ် ကတည်းကမတွေ့ခဲ့ဘူးဘူးလေ။ အမေဆိုပြန်တော့လည်း သူ့အမေကဘယ်နေ့သေမလဲဆိုတာကို မသိရတဲ့ သူ့ဘ ၀။ ဘာကြောင့်လဲဆိုတော့ သူ့အမေကရောဂါသည်မဟုတ်ပါလား။ ဘာရောဂါလည်းဆိုတာကတော့ သူ့လို(၁၀) နှစ်သာသာရှိတဲ့ကလေးလေးတစ်ယောက်က ဘယ်သိနိုင်မလဲ။ သူ့အမေကလည်းသူ့ကိုတစ်ခါကိုမှမပြောပြခဲ့ဘူး။ သူ့အမေကိုဆေးခန်းသွားပြဖို့ဆိုတာကလည်း သူ့မှာစားစရာမရှိလို့ သူများလှူတာကိုလိုက်စားနေရတဲ့ဘ၀။ အလုပ်ကလည်းကျပန်း။ သူ့လိုကလေးသာသာရှိတဲ့ လူငယ်လေးတစ်ယောက်ကိုဘယ်သူက ပိုက်ဆံတွေပုံပေးပြီး ခိုင်းချင်မှာလည်း။ ဒါကြောင့်သူ့အမေဆေးခန်းပြဖို့ထက် သူ့အမေအတွက်ထမင်းနပ်မှန်အောင်စားရဖို့သာ ဘယ်လို လုပ်ရမလဲဆိုတာကိုဘဲ စဉ်းစားနေရတဲ့သူ့ဘ၀။ ဟော (၃း၀၀)နာရီတောင်ထိုးနေပြီ....။ ဒေါ်ငွေတို့ဆိုင်မှာရေသွား ခတ်ပေးရဦးမယ်။ ရေခတ်မှသူလည်းသူ့အမေစားဖို့ဆန်ပြုတ်အနည်းအကျင်းရမှာမဟုတ်ပါလား။ ဒေါ်ငွေဆိုင် ရောက်ဖို့သူအမြန်ပြေးသွားလိုက်တယ်။ ရုတ်တရက်ကျောက်ခဲသေးသေးလေးတစ်လုံးကို သူသွားကန်မိလိုက်။ ခြေထိပ်တည့်တည့်ပဲ။ မတတ်နိုင်ဘူးလေ..သူ့မှာကစားဖို့တောင်အနိုင်နိုင်..လုပ်နေရတာ.. ဖိနပ်ဝယ်စီးဖို့ဆိုတာ တော့မဖြစ်နိုင်လောက်အောင်ပဲ။ သူနာကျင်တာကိုခံစားရင်းနဲ့ပဲ ဒေါ်ငွေဆိုင်ကိုအရောက်လျှောက်သွားတော့တယ်
“ဟဲ့လာပြီလား...ဟိုမှာရေတွေကုန်နေပြီ”လို့ ဆိုင်ရှေ့တောင်မရောက်သေးဘူး နေတိုင်းလိုလိုကြားနေရ တဲ့ ဒေါ်ငွေရဲ့အသံစူးစူးကြီးက သူ့အတွက်တော့နားယဉ်ပါးယဉ်ဖြစ်နေပြီ..။ သူရေပုံး(နှစ်)ပုံးကိုကောက်ဆွဲ။ သွားနေကျလမ်းအတိုင်းရေတွင်းရှိတဲ့နေရာကိုခြေထောက်နာနာနဲ့ပဲလျှောက်လာခဲ့တယ်။ (၁၀)နှစ်သာသာရှိတဲ့ ကလေးတစ်ယောက်ဖြစ်ပေမဲ့ သူထမ်းရတဲ့ရေပုံးတွေကတော့ လူကြီးတွေတောင်အနိုင်နိုင်ပဲ။ မထမ်းချင်လို့လဲ ဘယ်ရမလဲ။ ဒီရေလေးထမ်းမှ ဒေါ်ငွေဆိုင်က ဆန်ပြုတ်အကျန်တွေရမှာမဟုတ်လား။ သူ့အတွက်တော့သိပ် အရေးမကြီးပါဘူး။ အရေးကြီးတာက ရောဂါရနေတဲ့သူအမေအတွက်။ သူ့အမေကအိပ်ရာကနေမထနိုင်ဘူး။ အိပ် ရာထဲမှာလဲနေတာ (၁)လကျော်ကျော်ရှိနေပြီ။ ထို့အတူပဲဆန်ပြုတ်စားရတာလည်း (၁)လာကျော်နေပြီပေါ့။ ဆန်ပြုတ်တောင်သူ့အမေကို သူနပ်မှန်အောင်မကျွေးနိုင်ဘူး။ သူရေခတ်တာတော့ပြည့်သွားပြီ။ ဒါပေမဲ့ ဆိုင်ရှင် ဒေါ်ငွေဘာတွေဆက်ခိုင်းဦးမလဲဆိုတာကိုတော့ သူခန့်မှန်းလို့မရ။ တခါတလေဒေါ်ငွေက ဆန်ပြုတ်အော်ဒါမှာတဲ့ အိမ်တွေကိုသွားပို့ခိုင်းတာမဟုတ်လား။ ဒေါ်ငွေရဲ့အဖြေကိုပဲသူစောင့်ရမှာ။ သူ့မှာပြောဆိုနိုင်ခွင့်မရှိဘူး။
“ဝေလင်း...နင်ရေခတ်တာပြည်ပြီလား”လို့ဒေါ်ငွေကသူ့ကိုမေးလိုက်တယ်။ သူရုတ်တရက်ဒေါ်ငွေရဲ့ မေးခွန်းကိုပြန်မဖြေဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေ့မှဒေါ်ငွေရဲ့အသံက ချိုသာနေတယ်။ ပြီးမှသူပြန်ဖြေလိုက် တယ်။ “ဟုတ်ကဲ့ ပြည့်ပါပြီဒေါ်ငွေ”
“အေးအေး..နင့်အမေစားဖို့ဒီမှာ ဆန်ပြုတ်ယူသွားဦး” ဒါကသူနေ့တိုင်းကြားနေကြဒေါ်ငွေရဲ့စကား.. ဒါပေမဲ့ မကြားဖူးတဲ့ဒေါ်ငွေရဲ့စကားတစ်ခွန်းကတော့ “ဒီမှာ...ပဲကပ်ကျော်တွေပါငါထည့်ထားပေးတယ်... ယူသွားဦးကြားလား”သူ့စိတ်ထဲမှာဝမ်းသားလို့မဆုံး.. သူ့အမေကိုဒါတွေပြန်ကျွေးရမယ်လေ။ သူဒေါ်ငွေကိုကြည့် ပြီး...ဟုတ်ကဲ့လို့မပြောနိုင်လောက်အောင်ပဲဝမ်းသာပြီး..ဒေါ်ငွေကိုတောင်ကျေးဇူးတင်ပါတယ်လို့မပြောပဲ ဒေါ်ငွေ ထုတ်ထားတဲ့ အထုတ်ကိုဆွဲပြီး...ခြေထောက်နာမှန်းမသိအိမ်ကိုပြေးပြန်လိုက်တယ်။
“အဟမ်း..အဟမ်း...အဟမ်း...”သူ့အမေရဲ့နေ့တိုင်းဆိုးနေကျချောင်းဆိုးအသံ။ ဒါပေမဲ့ ဒီနေ့မှာတော့ သူ့အမေရဲ့ချောင်းဆိုးသံက အဆက်မပြက်ဖြစ်နေတယ်။ သူအိမ်ပေါ်ကို အမြန်ပြေးတက်လိုက်တယ်။ သူရုတ်တ ရက်တွေ့လိုက်တာကတော့ သူ့အမေအိပ်ရာထဲမှာလူးလိမ့်နေတယ်..။ သူနားလည်လိုက်တာကတော့ သူ့အမေနာ နာကျင်ခံစားနေရပြီ... သူသူ့အမေဆီအမြန်ပြေးသွားပြီး သူ့အမေကိုခေါင်းအုံးတည့်တည့်မှာမပြီးထားလိုက်ပြီး သူ့ပါစပ်ကလည်း “အမေဘာဖြစ်တာလဲ...အမေ...အမေ”လို့ရေရွတ်နေတယ်။ ရုတ်တရက်သူလည်းဘာမှမလုပ် တတ်ဘူး။ သူ့အမေကတော့သွေးတွေအန်ထွက်လာပြီ။ သူကျယ်လောင်စွာအော်ငိုနေမိတယ်။ အော်ငိုနေပြီး သူရုတ်တရက်ဆေးဘူးကိုလိုက်ရှာနေတယ်။ တုန်ရီသောလက်နဲ့ဆေးဘူးကိုစမ်းနေတယ်။ သူ့အမေသွေးအန်တာ ရပ်သွားပေမဲ့ ချောင်းကတော့ဆိုးနေတုန်းပဲ။ သူ့အမေအရမ်းမောနေတယ်။ အသက်ရူလို့မ၀ဘူးလို့သူထင်တာပဲ။ ဆေးဘူးတွေ့ပြီ။ သူ့အမေခေါင်းအုံးအောက်မှာဆေးဘူးက။ “အမေဆေးသောက်မယ်နော်...ဆေးသောက်ရော့ ရော့”သူဆေးဘူးအဖုံးကိုဖွင့်လိုက်တယ်.. ဒါပေမဲ့ဆေးဘူးထဲမှာဆေးတစ်လုံးမှမရှိဘူး။ သူသူ့အမေကိုငိုယိုပြီးပြော ဆိုလိုက်တယ်.. ။ “အမေဆေးမရှိတော့ဘူး..၊ သားဆေးသွားရှိလိုက်ဦးမယ်... ခဏစောင့်နော်”သူသွားဖို့ပြင်ဆင် လိုက်ပေမဲ့ ရုတ်တရက်သူ့လက်ကိုအဆွဲခံလိုက်ရတယ်။ ဆွဲလိုက်သူကတော့ အခြားသူမဟုတ်။ သူချစ်ခင်လှတဲ့ သူ့အမေရဲ့နွေးထွေးတဲ့လက်။ “မသွားပါနဲ့တော့သားရယ်”လို့ဆိုပြီးတုန်တုန်ရီရီနဲ့ မပီတပီပြောလိုက်တဲ့ သူ့အမေရဲ့ စကားတစ်ခွန်းကတော့ ရင်ထဲမှာဆို့သွားတယ်။ သူ့အမေအလွန်မောနေပြီ။ ရုတ်တရက် သူ့အမေရဲ့ သွေးနောက် တစ်ခါထပ်အန်လာပြီး သူ့အမေငြိမ်သွားတယ်။ သူသူ့အမေကိုကြည့်လိုက်ပြီး...သူအော်တဲ့အသံကကမ္ဘာ တစ်ခုလုံးကိုဖုံးလွမ်းတော့မလိုပဲ “အမေ...အမေ” လို့ဆိုပြီးကြိမ်ပေါင်းများစွာသူအော်နေမိတယ်။ သူ့အမေသူ့ကိုခွဲ ခွာသွားပြီ။ သူ့ကိုတင်မကပဲ လောကကြီးကိုပါခွဲခွာသွားပြီလေလားလို့သူတွေးရင်းငိုရင်းနဲ့ပဲ...သူတို့သားအမိရဲ့ အိမ်လေးဟာ လည်းအမှောင်ကြီးသဖွယ်ဘာမှမမြင်ရတော့..သူ့ရဲ့ငိုရှိုက်သံတွေဟာလည်းအမှောင်ထုကြီးထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်သားကာ.....။။။။
ပြီးပါပြီ
ရှမ်းကလေး
ကိုရွေသွေး။ ။ ကဲကဲ..ဒါတွေထားလိုက်ပါတော့ဗျာ..မောင်ရှမ်းမင်းဘလော့လေးပြပါဦးဗျ...
ငါလည်းဘလော့လေးလုပ်မလားလို့...
ရှမ်းကလေး။ ။ ပြဆိုတော့လည်းပြရတာပေါ့ဗျာ...ဒါနဲ့အင်တာနက်ကောင်းလား...
ကိုသံခဲ။ ။ ဘာလဲကွ..အင်တာနက်...
ကိုငပျော့။ ။ အေးဟုတ်တယ်အင်တာနက်ဆိုတာပါလဲ....
ရှမ်းကလေး။ ။ ဒီလူတွေတုံးလိုက်တာ..ကိုရွေသွေးနဲ့တခြားစီပဲ...
ကိုရွေသွေး။ ။ မမြောက်နဲ့..မင်းကိုငါနေ့တိုင်းအင်တာနက်ပေးသုံးမှာပါ...
ရှမ်းကလေး။ ။ ဟာကိုရွေသွေးကလည်းဗျာ...အဲ့လိုမပြောနဲ့လေဗျာ...ကျွန်တော်နေ့တိုင်းလာ မှာပါဗျ...
ကိုသံခဲ။ ။ ဟောဗျာ...ကျွန်တော်ပိုက်ဆံပေးမှာပေါ့ဗျာတော့မပြောဘူး...
ရှမ်းကလေး။ ။ ဟဲဟဲ...လူဆိုတာအလားကားရတုံးယူးထားရတယ်....
ကိုရွေသွေး။ ။ ဟုတ်ပါပြီဗျာ..မောင်ရှမ်းဟိုဖက်ကွန်ပျူတာသုံး...ပြီးရင်ဘလော့လုပ်နည်းငါ့ ကိုသင်ပေး...
ရှမ်းကလေး။ ။ ဘတိုင်းကြီးပါလား...ကျွန်တော်လည်းဘာမှမတတ်ဘူးဗျ...
ကိုသံခဲ+ကိုငပျော့။ ။ တို့နှစ်ယောက်ကတော့ဘေးကထိုင်ကြည့်မယ်...ကိုရွေသွေးခင်ဗျား ဒါကြောင့်မိန်းမမရတာ...
ကိုရွေသွေး။ ။ ဘာဆိုင်လို့လဲဗျာ...လူကိုဖဲ့ဖို့ပဲစဉ်းစားနေတယ်...
ကိုငပျော့။ ။ ခင်ဗျားကလည်းအလိုက်ကမ်းဆိုးကိုမသိဘူး...ကိုရွေသွေးရာ..ဒီမှာဧည့်သည် တွေထိုင်နေတာ...ဘီယာမဟုတ်ရင်တောင်မှ...ရေနွေးကြမ်းနဲ့လက်ဖက်သုတ်လေးဆိုမဆိုး ဘူးပေါ့ဗျာ..
ရုတ်တရက်ရှမ်းကလေးကလက်ခုတ်ထတီး...
ဖျောက်..ဖျောက်...ဖျောက်.......
ရှမ်းကလေး။ ။ ဒါမှ...ယောက်ဖကွ...ဟုတ်တယ်ဗျကိုရွေသွေး...လက်ဖက်သုတ်လေးပါလေး ပေါ့ဗျာ...
ကိုရွေသွေး။ ။ မင်းတို့လာမှန်းသိလို့..ငါ့ညီမလေးနဲ့..သုတ်ခိုင်းထားတယ်..ခဏလေးစောင့် ကြ ပါဦးကွ...
ကိုငပျော့။ ။ ဒါမှငါ့ယောက်ဖကွ...
ကိုရွေသွေး။ ။ ဟေ့ကောင်တိုးတိုး...
ကိုသံခဲ။ ။ ဘာဖြစ်လို့လဲ..
ကိုရွေသွေး။ ။ တခါခေါ် (၅၀၀)ကွ....
ကိုငပျော့။ ။ အရေးထဲ... အကို့ညီမလည်းကျွန်တော့်ညီမပဲပေါ့ဗျာ... မဟုတ်ဘူးလား..
ကိုရွေသွေး။ ။ ဟေ့ကောင်တွေ..ငါတို့ဘလော့လုပ်တော့မယ်ကွာ.. မင်းတို့မရှုပ်နဲ့ကွာ.. ဘေးကထိုင်ကြည့်..
ကိုငပျော့နှင့် ကိုသံခဲက လက်ဖက်သုတ်မျက်နှာထောက်သောအားဖြင့် ကိုရွေသွေးက ငြိမ်ငြိမ် ထိုင်ခိုင်းခြင်းကို တဝေမတိမ်းလိုက်နာကြလေသည်။
ရှမ်းကလေး။ ။ ဘလော့မသွားခင်...ဘလော့အကြောင်းနဲ့ဘလော့ဂါအကြောင်းတွေကို နဲနဲ ပြောမှရမယ်...
မှတ်ချက်။ ။ လာပြီဗျ... ကိုကိုဘလော့နှင့် မမဘလော့တို့ရေ.. စိတ်မဆိုးကြကြေးဗျို့ (ဟစ်ကြွေးသူ-ရှမ်းကလေး)
ကိုရွေသွေး။ ။ လုပ်ပါဦးကွ..ဘလော့တွေရဲ့အကြောင်း....
ရှမ်းကလေး။ ။ ကဲ..ဘလော့စဖွင့်ပြီ....
ကိုသံခဲ။ ။ ဟား...မောင်ရှမ်းမင်းဘလော့က..လှလည်းမလှဘူး...
ကိုငပျော့။ ။ ခင်ဗျားကလည်း..လုပ်တောင်မလုပ်ရသေးဝူး...ခနဲ့တော့မယ်..
နဂိုကတည်းကကောင်းမှမကောင်းသာ..
ရှမ်းကလေး။ ။ သူများဟာစား...သူများကိုဖဲ့..အဲ့ဒါသူတို့အမျိုး..
ကိုရွေသွေး။ ။ မှန်လိုက်လေ...ယောက်ဖရာ.. သူတို့ကိုဂရုမစိုက်နဲ့.. လာစမ်းပါ...
ရှမ်းကလေးက..ဘလော့နားက...သူငယ်ချင်းတွေရဲ့...လိပ်စာတွေကိုထောက်ပြပြီး
“ဒါက...ကိုကိုမမတွေရဲ့ဘလော့လိပ်စာတွေဗျ”
ကိုရွေသွေး။ ။ အော...ဟုတ်လား...
ရှမ်းကလေး။ ။ ကိုကိုမမတွေရဲ့အကျင့်လေးတစ်ချို့ကိုကျွန်တော်သိသလောက်ပြောပြရမယ် ဆိုရင်တော့...
ကိုရန်အောင်ဆိုတဲ့ဘလော့က...ကျွန်တော့်အတွက်တော့..ကျွန်တော့်ဆရာကြီးလို့ပြောလို့ရ..တယ်.. သူ့ဘလော့ဆီကပဲ...ဘာတွေဘယ်လိုလုပ်ရမလဲဆိုတာတွေကို..ဗြောင်သွားကြည့်လာ တာ..(ခိုးကြည့်တာမဟုတ်ဘူးနော်..ကိုရန်ရေ...ဗြောင်ကြည့်တာ)
ကိုရွေသွေး။ ။ ဒါဆိုငါဘလော့လုပ်တဲ့အချိန်လည်း...သွားကြည့်မှရမယ်...
ရှမ်းကလေး။ ။ ဒါပေါ့ဗျာ...ဘလော့မလုပ်တတ်တဲ့သူတိုင်းက..ဒီကိုရန့်ဘလော့မှာ လာသင်ယူတတ်မြောက်သွားကြတာများမယ်ထင်တာပဲ...
ကိုရွေသွေး။ ။ အောဟုတ်လား... ဒါနဲ့ဒီကိုမျိုးဆိုတဲ့ဘလော့ကကော...
ရှမ်းကလေး။ ။ အော..ဒီဘလော့လား...ဒါကကျွန်တော့်အကိုဗျ...ဖုန်းအကိုလေ... ဒီအကိုနဲ့တော့ဖုန်းခဏခဏဆက်ဖြစ်တယ်.. g-talk မှာချက်တင်လည်းချက်ဖြစ်တယ်.. အခုတလောချက်တင်မတက်ဖြစ်တာကြာပြီ..သူလည်း...သူ့အလုပ်နဲ့သူလေ...နှစ်သစ်မှာ ရည်းစားရှာနေတယ်ထင်ပါရဲ့..
ကိုရွေသွေး။ ။ ဒီဘလော့ကလူပျိုလား...
ရှမ်းကလေး။ ။ သိချင်ရင်..ညီမပေးကြည့်လေ...ကျွန်တော်တော့မသိဘူး..ဟိဟိ (ကိုမျိုးစိတ်မဆိုးကြေး...)
ကိုသံခဲ။ ။ ကိုရွေသွေး...ညီမပေးရင်..ဝေးဝေးလံလံမပေးနဲ့...ဒီမှာနီးနီးလေး
ကိုရွေသွေး။ ။ လက်ဖက်သုတ်ပန်းကန်ပြန်သိမ်းရမလား...
ပါးစပ်ထဲမှာပလုပ်ပလောင်းစားနေတဲ့ကိုငပျော့က.“ ကိုသံခဲကလည်းဗျာ.. ဒီမှာစားရနေတာကို. ဟိုမှာသွားလုစားသေးတယ်..လို့ကိုငပျော့စကားပြောနေရင်းပဲ..ဒုတိယပိုင်းကိုကျွန်တော်မောင်ရှမ်းကလေးလည်း ဒီမှာတင်ပဲရပ်နားလိုက်ပါတယ်ခင်ဗျား...
တတိယပိုင်းကိုဆက်လက်ရှုစားကြပါရန်
ဒီကနေ့ထိုင်းတီဗွီရုပ်မြင်သံကြားတစ်ခုက ဟာသလေးတစ်ခုကို အားလုံးသော ညီအကိုအပေါင်းတို့အား ပြန်ပြီးဝေငှ ပေးချင်ပါတယ်ခင်ဗျား.... အားလုံးရီနိုင်မယ်လို့တော့ထင်ပါတယ်.....
ပထမရဲ။ ။ ဟား.....ကားကစက်နိုးထားပါလားကွ....
ဒုတိယရဲ။ ။ အေကွ....ကားတစ်ခါးလည်းဖွင့်ထားပါလားကွ....
ပထမရဲ။ ။ အထဲမှာလူရှာကြည့်ဦးကွ...
ဒုတိယရဲလည်းကားခေါင်းထဲကိုဝင်ပြီးလိုက်ကြည့်သာဘယ်သူ့ကိုမှမတွေ့တော့ပြန်ထွက်လာပြီး
“ဘယ်သူ့မှမရှိဘူးကွ...လမ်းဘေးတွေကြည့်စမ်းပါဦးကွ...”လို့ဆိုပြီးပထမရဲဘက်လှည့်ကာပြောဆိုလိုက် ပြီး.. သူလည်းကားညာဖက်ကဘေးဖက်ကိုလိုက်ရှာကြည့်တာပေါ့... ပထမရဲ့လည်းကားရဲ့ဘယ်ဖက်ကိုလိုက်ရှာတယ်.. ရဲသားနှစ်ယောက်လိုက်ရှာတာဘာမှမတွေ့ဘူး...
ပထမရဲ။ ။ မတွေ့ဘူးကွ...ဒါပေမဲ့ကားကိုတော့ဒီတိုင်းထားလို့မရဘူးကွ..သူများတွေခိုးသွား ဦးမယ်.. မင်းဆိုင်ကယ်နဲ့နောက်ကလိုက်ခဲ့... ငါစခန်းကိုကားမောင်းသွားမယ်.. ပြီးမှကားပိုင်ရှင်လာ စုံစမ်းလိုက်မယ်ကွာ...
ပထမရဲသားလည်း...ကားထဲကိုဝင်ပြီး...ကားကိုဂီယာထိုး..လီဗာလေးကိုပျော့ပျော့ နင်းပြီးကားကိုမောင်းလိုက်တာ... ဒုတိယရဲသားထအော်ပါလေရောတဲ့ဗျာ... ပထမရဲသားလည်းကားကိုရပ်ပြီး...ဘာများဖြစ် လဲလို့ထင်ပြီး...ကားပေါ်က ဆင်းလာတာပေါ့...ဒုတိယရဲသားလေးဘာလို့ထအောင်ရသလဲဆိုတဲ့ အကြောင်းအရင်းကတော့...ပထမရဲသားမောင်းသွားတဲ့ကားရဲ့ပိုင်ရှင်လေးလေ...ငနဲသားလေးက ..အရက်မူးပြီးကားအောက်မှာအလျားလိုက်လဲလျောင်းပြီးအိပ်နေတာကိုး...အရက်ကလည်းတော် တော်မူးနေပြီဗျ...(အော်...ထိုင်းမှာလည်း..မူးရင်မမောင်းနဲ့ မောင်းရင်းမမူးနဲ့ဆိုတဲ့ စည်းကမ်းကလည်းထုတ်ထားတာမဟုတ်ပါလား.....)
ဒီလိုနဲ့ရဲသားနှစ်ယောက်ကလည်းကားပိုင်ရှင်ကိုရဲစခန်းကိုခေါ်သွား...ဘာလုပ်လိုက်လည်းတော့ကျွန်တော် မောင်ရှမ်းကလေးလည်းမသိလိုက်ပါဘူးခင်ဗျား....
ရှမ်းကလေး
ကိုရွေသွေးတစ်ယောက် တစ်ယောက်ထဲရေရွတ်နေရင်း...ကွန်ပျူတာဘေးနားမှာ... အခန့်သားထိုင်နေသည်... ကျွန်တော်မောင်ရှမ်းကလေးလည်း...ပျင်းနေပါသောကြောင့် ကိုရွေသွေးဆီသို့သွားရန်စိတ်ကူးကပေါက်နေသည်။ ကိုရွေသွေးက ကွန်ပျူတာဆိုင် လေးဖွင့် ထားတာကိုး... အင်တာနက်လေးဘာလေးသွားသုံးရတာပေါ့..ဟားဟားဟား...
ရှမ်းကလေး။ ။ ဗျို့ကိုရွေသွေးကြီးဘာတွေလုပ်နေလဲဗျ...
ကိုရွေသွေး။ ။ အော...ဒီလိုပဲဗျ...အင်တာနက်အကောင်းစားလေးနဲ့ကောင်မလေးနဲ့ ချက်နေရင်းက..ကောင်မလေးရဲ့ဘလော့ကိုသွားလည်နေတယ်... ဟိဟိဒီမှာ..နာမည်လေးက လှလိုက်တာ.. နန်းရွေသဇင်စိုးအိအိဖြိုးတဲ့ဗျာ..
ရုတ်တရက်ကိုငပျော့နှင့် ကိုသံခဲတို့နှစ်ယောက်ကွန်ပျူတာဆိုင်ခန်းထဲသို့ဝင်ရောက်လာ...
ကိုငပျော့။ ။ အားလားကိုရွေသွေးရဲ့ကောင်မလေးနာမည်လေးကအဆိုဘူးပဲဗျ.. အရပ်ကတော့တော်တော်ရှည်မှာ...
ကိုရွေသွေး။ ။ ခင်ဗျားတို့ကလည်း...ကျွန်တော့ကောင်မလေးမဟုတ်ပါဘူးဗျာ... ရှက်လိုက်တာဗျာ...
ကိုသံခဲ။ ။ ဟာမောင်ရှမ်းမင်းရောက်နေတာကိုး...မင်းဘလော့လုပ်ထားတယ်ဆိုးကွ..
ရှမ်းကလေး။ ။ ဟုတ်တယ်ကိုသံခဲရ... ဘာလဲကိုပျော့ကစိတ်ဝင်စားလို့လား...
ကိုငပျော့။ ။ ဟာ မလုပ်ပါနဲ့မောင်ရှမ်းရာ..ဒီကောင်ကြီး..အရင်တစ်ပါတ်က.. ပိုက်ဆံမရှိ.. လို့ဘောကောက်စားလာတာ...ဒူးပြဲသွားတာ...ခြေထောက်ဖြတ်ရတော့မလို့ကွ...ဒီတစ်ခါ ဓါတ်လိုက်ပြီးတစ်ကိုယ်လုံးလောင်ကျွမ်းသွားဦးမယ်...
ကိုသံခဲ။ ။ အထင်သေးလိုက်တာဗျာ...ခင်ဗျားပြောစမ်းပါဦး... ဘလော့ဆိုတာဘာလဲ...
ကိုရွေသွေး။ ။ ဘလော့ဆိုတာ..ငါ့ရင်ကိုပိတ်ဆီးထားတဲ့ကောင်မလေးနွယ်လေးကိုပြောတာ.
ကိုငပျော့။ ။ ကိုရွေသွေးကလည်းလုပ်တော့မယ်...ခုဏကပဲတစ်ယောက်..နွယ်လေးက ဘယ်သူလဲဗျ..စိတ်ဝင်စားလာပြီ...
ကိုရွေသွေး။ ။ နွယ်လေးဆိုတာကျွန်တော်သိပ်ချစ်ခဲ့ရတဲ့...ဟင့်ဟင့်ဟင့်...၀မ်းနည်းလိုက် တာ...
ကိုသံခဲ။ ။ နိမ်းလေးပြောပြစမ်းပါဦး...ဗျ
ရှမ်းကလေး။ ။ ဘာလဲဗျ...နိမ်း...
ကိုသံခဲ။ ။ နိမ်းဆိုတာနာမည်လေကွာ..မသိဘူးလား...မင်းတို့လူငယ်တွေမကြိုးစားဘူး ဆိုတာဒါကိုပြောတာ...ခေတ်နောက်ကျလိုက်တာကွာ...
ကိုရွေသွေး။ ။ အောနာမည်ပြောရမယ်ဆိုရင်တော့....သူ့နာမည်လေးက...နွယ်သိမ့်ရတနာ ရွေစင်ထိုက်အောင် တဲ့ဗျ..သူလေးအနော့်ကိုအသဲခွဲသွားတယ်...
ကိုငပျော့။ ။ ခင်ဗျားလိုက်တဲ့ကောင်မလေးနာမည်တွေကလည်း ရှည်လိုက်တာလွန်ပါရော
ရှမ်းကလေး။ ။ ဒါနဲ့ ကိုရွေသွေးရဲ့ ချစ်ချစ်လေးကဘာလို့အသဲခွဲသွားတာလည်းဗျ...
ကိုသံခဲ။ ။ လုပ်ပါဦးဗျ...ကိုရွေသွေးရ...အချစ်အကြောင်းဆိုသံခဲမှာလည်း.. နှစ်လုံးနဲ့ပါ..
ကိုငပျော့။ ။ ထုတ်ကြွားနေပြန်ပြီ...
ကိုရွေသွေး။ ။ သူကလေ...ကိုရွေရယ်တဲ့...ကျမတို့တခါချိန်းရင်..၃မိနစ်လောက်ပဲချိန်းရ အောင်လေတဲ့...ဖေဖေနဲ့မေမေက...ဒီလိုချိန်းတာမကြိုက်ဘူးတဲ့...
ကိုသံခဲ။ ။ ပြီးတော့ကော...
ကိုရွေသွေး။ ။ ၃မိနစ်အတိုင်းအတာကိုတော့ဘယ်ယောက်ကျားမဆိုလက်ခံမှာမဟုတ်ပါဘူး ဒါကိုကျွန်တော်လက်ခံခဲ့တယ်...ကျွန်တော်မလိုက်လျောနိုင်တာက...လေဗျာ...
ကိုငပျော့။ ။ ဘာလဲဗျာ...သူကမနမ်းရဘူးလို့ပြောလို့လား...
ကိုရွေသွေး။ ။ မဟုတ်ဘူးဗျ...
ကိုသံခဲ။ ။ လက်မကိုင်ရဘူးဆိုပါတော့...
ကိုရွေသွေး။ ။ မဟုတ်ဘူးဗျာ...
ရှမ်းကလေး။ ။ အော...ဒါဆိုသိပြီ..သိပြီ.. သူကမျက်နှာမကြည့်ရလို့ပြောလို့လား...
ကိုရွေသွေး။ ။ တခုမှမဟုတ်ဘူးကွာ...မင်းတို့ဟာ..
ကိုသံခဲ+ကိုငပျော့+ရှမ်းကလေး။ ။ ဒါဆိုပါလဲဗျာ...
ကိုရွေသွေး။ ။ ကျွန်တော်ကသူ့ကိုချစ်လို့နွယ်လေးလို့ခေါ်တာဗျာ... သူကနာမည်ကို အပြည့်အစုံခေါ်မှကြိုက်တယ်တဲ့... နာမည်အပြည့်အစုံကိုမခေါ်ရင်ရော...သူ့နာမည်ကို မပီတပီခေါ်တဲ့လူကောင်သိပ်မုန်းတာတဲ့....
ကိုသံခဲ။ ။ ခင်ဗျားကလည်းခေါ်လိုက်ပေါ့ဗျာ..
ကိုရွေသွေး။ ။ ကျွန်တော်လည်းခေါ်ချင်တာပေါ့ဗျာ... ဒါပေမဲ့..သူနဲ့ချိန်းတွေ့တာက သူ့နာမည်ခေါ်ဖို့များချိန်းတွေ့သလိုဖြစ်နေတယ်ဗျ..
ဒုတိယပိုင်းကိုဆက်လက်စောင့်စားပါရန်
နှစ်သစ်ရောက်လို့လူတွေပျော်ကြတယ်
အပျော်လွန်လို့လူတွေသေကြတယ်
အသေလွန်လို့ လူတွေမျိုးတုံးကုန်တယ်
မျိုးတုံးကုန်လို့ လူတွေကုန်မယ်မထင်နဲ့
ထပ်လာမဲ့ လူကလေးတွေကတော့ အများကြီးပဲ...
နှစ်သစ်မှာအချစ်သစ်နဲ့ တွေ့နိုင်ပါစေ...
နှစ်ဟောင်းကအချစ်ဟောင်းကိုမေ့နိုင်ပါစေ...
နှစ်လယ်မှာအချစ်တကယ်ကိုရှာဖွေနိုင်ပါစေ...
နှစ်ဆုံးမှာအချစ်ဆုံးကိုမရှုံးဆုံးစေနဲ့နော်....
ရှမ်းကလေး