Wednesday, November 7, 2007

အမေ့ရင်ခွင်ထဲမှာနားခိုပါရစေ၊

အမေ......အမေလို့ သူသူငါခေါ်လိုက်တိုင်း
ကျွန်တော့်ရင်ထဲမှာ လွမ်းဆွတ်နေမိတယ်

အမေ.....အမေလို့ သူသူငါခေါ်လိုက်တိုင်း
ကျွန်တော်အမေ့ကိုသတိရနေမိတယ်၊

အမေ.....အမေလို့ သူသူငါငါခေါ်လိုက်တိုင်း
ကျွန်တော်မျက်ရည်တွေ ၀ဲနေမိတယ်၊

လူတစ်ယောက်က သူ့ ရဲ့အမေ ရင်ခွင်ထဲကို
ဝင်လိုက်မိတိုင်း ကျွန်တော်အရမ်းပဲငိုချင်နေမိတယ်၊

တခါတလေမျှ အမေ့ရင်ခွင်ထဲကို မခိုလှုံဖူးတဲ့ကျွန်တော်
အခုအခါမှာတော့ အကြိမ်ပေါင်းတစ်ရာလောက်ခိုဝင်ချင်နေမိပြီ၊

မိခင်တစ်ယောက်က သူ့ ရဲ့သားကိုဆုံးမလိုက်တိုင်း
ကျွန်တော့်ရင်ထဲမှာ နောင်တတွေရနေမိတယ်၊

အမေနဲ့ နေစဉ်အခါက ဆူဆဲခဲ့တဲ့
အမေ့ရဲ့စကားတွေကို
အခုအခါမှာတော့ အကြိမ်ပေါင်းများစွာ
ပြန်ကြားယောင်ချင်နေမိတယ်၊

တကယ်လို့ များ ကျွန်တော်သာအမေ့ဆီရောက်လာခဲ့ရင်
ပထမဦးစွာ အမေ့ရင်ခွင်ထဲကိုနို့ စို့ တဲ့ကလေးငယ်ပမာ ဦးဆုံးခိုလှုံခွင့်ပြုပါမေမေ၊


ရှမ်းကလေး

Tuesday, November 6, 2007

ရှမ်ကလေးတစ်ယောက်ရဲ့မိတ်ဆက်စကား



ကျွန်တော့်ဘလော့လေးကိုလာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျား၊ ကျွန်တော်ကရှမ်းကလေးတစ်ယောက်ပါ၊ ရှမ်းကလေးဖြစ်တဲ့အတွက်မြန်မာစာကိုလည်း ရှမ်းအောင်ရေးတတ်ပါတယ်၊ သီးခံပြီးဖတ်ပေးကြပါခင်ဗျား။

အားလုံးသောညီကိုမောင်နှမ၊ တိုင်းရင်းသားများကိုချစ်ခင်လျှက်၊


ရှမ်းကလေး

သေဆုံးသွားသောဗိုလ်ချူပ်မှုးကြီးစိုးဝင်းအားဂုဏ်ပြုသောအားဖြင့်

ဗိုလ်-------ဗိုလ်ဗိုလ်ကျကျ လူအများကို
ချူပ်-------ချူပ်ချူပ်ချချာ အာဏာသုံးကာ
ကြီး-------ကြီးကြီးစိုးစိုး သူ့ အာဏာဖြင့်
စိုး-------စိုးစဉ်းလေမျှ မစာနာပဲ
ဝင်း-------၀င်းဝင်းထိန်ထိန် သူ့ မျက်နှာကြီးနှင့်
လူ -------- လူအများကို
သတ် - ------သတ်ဖြတ်လေကာ
သ --------သနားကမား သူ့ ရဲ့ရုပ်က
မား--------မားမားရပ်ကာ ငရဲပြည်သို့ 
သွားသာသွားပါ လူသတ်သမားရာ
ပြည်သူလူထု မည်သူမဆို
သင့်ကိုတားမည်မဟုတ်ပါ၊
ရှမ်းကလေး

“ခဏ” ဆိုတာအကြောက်ဆုံးပါပဲတဲ့

တနေ့ မြန်မာနိုင်ငံရှိအထူးရဲတပ်ဖွဲ့ တတွေဟာ သူတို့ ရဲ့အာဏရှူး ဗိုလ်ချူပ်မှူးကြီးတွေခိုင်းစေမှုအတွက်ကြောင့် မြန်မာနိုင်ငံဒီမိုက ရေစီရရှိရေးလုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ ကိုဘဦးရဲ့အိမ်သို့  ကိုဘဦးကိုဖမ်းဆီးရန်ရောက်လာကြသတဲ့၊ အာဏာပိုင်တွေဟာ ကိုဘဦးရဲ့အိမ်ရောက်တော့ ကိုဘဦးရဲ့အမေနဲ့ တွေ့ သတဲ့၊

အာဏာပိုင်တွေက “အမေကြီးကိုဘဦးကြီးကော”

ကိုဘဦးရဲ့အမေကလည်း ရဲတွေကိုတွေ့ တာနဲ့ ခပ်မာမာနဲ့ 

“ရှိတယ်ဘာလုပ်မလဲ”တဲ့၊

အာဏာပိုင် “အောမေကြီးကိုဘဦးကိုစခန်းခဏခေါ်သွားမလို့ ပါ” လို့ ချိုချိုသာသာနဲ့ ပြန်ပြောရှာပါတယ်၊

ကိုဘဦးရဲ့အမေလည်းခပ်အေးအေးနဲ့  “အေးခဏနေဦးငါ့သား အတွက်အ၀တ်စားတွေသွားထုတ်ပေးလိုက်ဦးမယ်”လိုပြန်ပြောတာပေါ့၊

ရဲအာဏာပိုင်ခေါင်းဆောင်ဖြစ်သူက ကပျာကယာနဲ့ 

“ဟာမေကြီးအ၀တ်အိပ်တွေမလိုပါဘူး ခဏ လေးပါပဲ” လိုပြန်ပြောပါရဲ့၊

ဒါပေမဲ့ကိုဘဦးရဲ့အမေပြောလိုက်ပုံကတော့ “နင်တို့ တတွေကိုတော့ ငါ့မကြောက်ပါဘူး၊ နင်တို့ ပါးစပ်ကပြောတဲ့ ခဏ ဆိုတာကိုတော့ ငါအကြောက်ဆုံးပါပဲတဲ့၊

ရှမ်းကလေး၊

Wednesday, October 3, 2007

မင်းကြီးကျန်စစ်သားလို

နအဖစစ်အာဏာရှင်ကြီးမှာ ပုဂံရာဇ၀င်ကလို “မင်းကြီးကျန်စစ်သားလို” နာမည်မရှိမှာ ကြောက်လို့ နာမည်တခုလောက်မှည့်ပေးလိုက်ပါတယ်ခင်ဗျာ။

နအဖစစ်အာဏာရှင်ကြီး သန်းရွှေနဲ့ စစ်ဗိုလ်ချုပ်တွေဟာ သူတို့ကိုယ်သူတို့ အရှက်မရှိဘုရင်ခေတ်သို့ ပြောင်းပြီး အစက ပျဉ်းမနားလို့ရှိတဲ့ နာမည်ကို နေပြည်တော်လို့ ပြောင်းပြီး သူများတည်ထားတဲ့မြို့ကို သွားရောက်ပြောင်းပြီး နေထိုင်ကြသတဲ့ကွယ်။ ကျနော်ကတော့ စစ်ဗိုလ်ချုပ်ကြီးသန်းရွှေကြီးကို အောဟုတ်ပါဘူး။ ခဏနေအရှင်မင်းကြီးမခေါ်လို့ အမျက်တော်ထွက်နေပါဦးမယ်။

ဟုတ်ပါပြီး အရှင်မင်းကြီးသန်းရွှေဆိုတော့ အရှင်မင်းကြီးလို့ခေါ်ရာမှာ သန်းရွှေဆိုတဲ့ နာမည်နဲ့မလိုက် ဘူးဗျ။ ဒါဆို အရှင်မင်းကြီးကို နာမည်တခုရှာပေးရမှာပေါ့။ ဒါဆိုရင် ဟိုပုဂံရာဇ၀င်ကြီးကို ပြန်သွားရ အောင်နော်။ ပုဂံရာဇ၀င်မှာဆိုရင်တော့ ကျန်စစ်သားမင်းကြီးဟာ နာမည်ကြီးပေါ့။ ဗိုလ်ချုပ်ကြီးကို လည်း ကျန်စစ်သားမင်းကြီးလို နာမည်ပေးရမှာပေါ့။ အင်းဟုတ်ပါပြီ။ ကျနော်ပဲ စစ်ဗိုလ်ချုပ်ကြီးကို အရှင်မင်းကြီးလို့ခေါ်လို့ရအောင် ပုဂံရာဇ၀င်က ကျန်စစ်မင်းကြီး နာမည်နဲ့ဆင်တူအောင်လို့ နာမည်ရှာ ပေးလိုက်တယ်။ နာမည်ကတော့ ကျန်စစ်သားမင်းကြီး နာမည်နဲ့တော့ နဲနဲတော့ တူတယ်ဗျ။ နာမည် လေးကတော့ “ကျောင်းစစ်သင်” တဲ့ဗျာ။ ဒီနာမည်လေးက ဗိုလ်ချုပ်ကြီးရဲ့ အလွန်ကြီးမှာတဲ့ ဘွဲ့တခုလို့ ကျနော်မှတ်ယူချင်ပါတယ်။ ဟို ဒီဘွဲ့ကတော့ဗျာ ပုဂံရာဇ၀င်က သူရဲကောင်းတွေလို စစ်လည်းမတိုက်ရ ဘူးဗျာ။ ဘာမှမလုပ်ရဘူး။ ထိုင်ပြီးခိုင်းယုံပဲ။ အဲလိုခိုင်းတဲ့ နေရာမှာတော့ အရှင်မင်းကြီး ကျောင်းစစ်သင်ကြီးက အလွန်တော်သတဲ့ကွယ်။ ဒီကျောင်းစစ်သင်ဆိုတဲ့ နာမည်ရဲ့ အဓိပ္ပာယ်ကတော့ လွယ်လွယ်လေးပါပဲ။ အသက်မပြည့်တဲ့ ကျောင်းသားတွေကို ကြမ်းတမ်းတဲ့ စစ်သင်တန်းကြီးကို ခဏ ခဏ မိသားစုတွေ မသိအောင်၊ အများပြည်သူတွေ မသိအောင် ခိုးဖမ်းပြီးသော်လည်းကောင်း၊ ဖြားယောင်သွေးဆောင်ခြင်းဖြင့်သော်လည်းကောင်း သင်ပေးဖို့အတွက် ခိုင်းစေနေလို့ ဒီဘွဲ့ကို ပေးလိုက်ရခြင်းဖြစ်ပါတယ်ဗျာ။ ဟဲ ဟဲ ဟဲ -------


ရှမ်းကလေး