C-Box
(Time) เวลา
Categories
- ၀တ္ထု (15)
- News (21)
- Thai News(ထိုင်းရွေးကောက်ပွဲနှင့်ဆိုင်သောသတင်း) (1)
- ကဗျာ (29)
- ကိုနေဘုန်းလတ် (1)
- ဓါတ်ပုံ (4)
- ပုံပြင် (2)
- မိတ်ဆက် (12)
- သတင်း၊ ဆောင်းပါး (1)
- သီချင်း (1)
- ဟာသ (25)
- အငြိမ့် (1)
- အခြားဘလော့မှ ကူးယူခြင်း (1)
- အခြားအကြောင်းအရာများ (1)
- အငြိမ့် (10)
- အားကစား (1)
- ဆောင်းပါး (19)
- နှုတ်ဆက်ခဲ့ခြင်း (1)
ရေးသွားတာ မကြာသေးဘူး
ကဲ အားရင်လာခဲ့ကြ
Monday, January 28, 2008
Friday, January 25, 2008
တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင် (အပိုင်း-၂)
အချိန် - ၇း ၃၀ မိနစ်တိတိ
နေရာ - စစ်တပ်နှင့်လွတ်ရာကျွတ်ရာ
လိုက်ကာကို စက်ခလုပ်နှင့် ဖြည်းဖြည်းခြင်းဖွင့်ချကာ အဲဟုတ်ပါဝူး... မှားသွားလို့၊ လိုက်ကာဖွင့်ဖို့ငှားထားတဲ့ လူနှစ်ယောက်က ဖြည်းဖြည်းခြင်း ဖွင့်ချလိုက်တဲ့အခါမှာပဲ ကျွန်တော်မောင်ရှမ်းကလေးနှင့် ဗမာအမျိုးသား ကိုကံသာရယ် ချင်းတိုင်းရင်းသား ကိုချင်းရယ် ဇာတ်စင်ရှေ့သို့ ထွက်ရှိလာကာ...
ကိုကံသာ။ ။ဒီနှစ်သစ်ခါလေးမှာ
ဇန်န၀ါရီလ အကျူး
ဖေဖော်ဝါရီလအကူးမှာတော့
လကြီးကထိန်ထိန်သာလို့
သနပ်ခါးတွေကိုယ်စီလိမ်းကာ
တို့တောသူများလှလိုက်တာ
ဖိုးလမင်းထဲက အဖွားအိုလိုပါပဲလား..
ကိုချင်း။ ။ လမင်းကြီးကို
ကောင်းကင်ကြီးက ရစ်ပတ်ထားတယ်
မီးပုံတစ်ပုံကို လူတွေက၀ိုင်းဖွဲ့ကာ ပျော်မြူးကြတယ်
သမင်တစ်ကောင်ကို စပါးကျီးမြွေက ရစ်ပတ်ထားတယ်
သဘာဝဟာ သဘာဝအလျှောက်သာဖြစ်ပျက်နေပေမဲ့လည်း
ကျွန်တော်တို့ပြည်သူတွေကိုတော့ သူတို့တတွေ
သတင်းအမှောင်ချထားတာ သဘာဝမကျလိုက်တာဗျာ...
ရှမ်းကလေး။ ။ ကိုတို့ရေ...ဒုတိယအကြိမ်အဖြစ် တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင်လေးကို ထပ်ပြီးဖော်ထုပ်လိုက် ရတဲ့အတွက် ၀မ်းသာလို့မဆုံး ပိတိတွေဖြာမိတာအမှန်ပဲမဟုတ်ပေဘူးလားခင်ဗျား..
ကိုကံသာ။ ။ မှန်တာပေါ့ ညီလေးရေ
ကိုချင်း။ ။ တကယ်တော့လူရယ်လို့ဖြစ်လာရင်.. ကိုယ်လုပ်ချင်တာလုပ်လို့ရသည်ရှိခဲ့ရင်တော့ ဘယ်သူမဆို ပျော်ရွင်မှာပါ မောင်ရှမ်းရေ....
ရှမ်းကလေး။ ။ ဟုတ်တာပေါ့ ကိုချင်းရေ
ကိုကံသာ။ ။ ဟေ့ကောင်တွေ..ဟေ့ကောင်တွေ အဲ့ဒါတော့ငါမယုံဘူးကွ..
ကိုချင်း။ ။ သဘာဝဆိုတာ.. ဒါပဲဗျ.. ဆန့်ကျင်ဘက်ဆိုတာအမြဲပါနေမှ
ရှမ်ကလေး။ ။ အကိုကဘာလို့ မယုံတာလဲ ကိုကံသာရေ
ကိုကံသာ။ ။ မင်းပဲစဉ်းစားကြည့်ကွာ ငါတို့မြန်မာပြည်က ဗိုလ်ချူပ်တွေ သူတို့လုပ်ချင်တာလုပ်လို့ရတာပဲ..
ကိုချင်း။ ။ အေးလေ..သူတို့လည်းပျော်နေတာပဲကို..
ကိုကံသာ။ ။ ငါတော့မယုံပါဘူးကွာ...
ရှမ်းကလေး။ ။ အကြောင်းရင်းလေးရှင်းပြပါဦးခင်ဗျား...
ကိုကံသာ။ ။ ဒီလိုကွာ.. မင်းတို့ပဲကြည့် ငါတို့ဗိုလ်ချူပ်ကြီးတွေကွာ သူတို့လုပ်ချင်တာလုပ်လို့ရတယ်ဆိုတာ ပြောတာ.. တစ်ခါမှ ပြုံးတယ်လို့ကိုမရှိဘူး...
ရှမ်းကလေး။ ။ ကျွန်တော်တို့ဗိုလ်ချူပ်တွေက ခင်ဗျားကို လာပြီးပြုံးပြနေရဦးမလားဗျ...
ကိုကံသာ။ ။ မင်းတို့တွေဗိုလ်ချူပ်သန်းရွေပုံကို သေချာကြည့်ကြည့် မျက်နှာက ကျက်သရေကိုမရှိဘူး.. တွန့်လိမ်ခေါက်ပျော့နေလိုက်တာ... ဒါတောင်အဆင့်မြင့်ဗိုလ်ချူပ်တဲ့..
ကိုချင်း။ ။ အော်..အဲ့ဒါက ဒီလိုရှိတယ်ဗျ.. ကျွန်တော်တို့ဗိုလ်ချူပ်မှူးကြီးက ပြည်သူလူထုတွေနဲ့ တန်းတူနေတဲ့သဘောပြတာ.. တန်းတူလေတန်းတူ
ရှမ်းကလေး။ ။ အဲ့လိုမဟုတ်ပါဘူးဗျာ... ကျွန်တော်တို့ဗိုလ်ချူပ်မှူးကြီးကို ဒေါ်ကြိုင်ကြိုင်က မပေးလိမ်းတာဖြစ်လိမ့်မယ်ဗျ..
ကိုကံသာ။ ။ ရှမ်းကလေး. မင်းပြောမှပိုရှုပ်လာပြီ.. မင်းပြောတာကိုပြန်ရှင်း...
ရှမ်းကလေး။ ။ အော..ဒါလား.. လွယ်လွယ်လေးပါဗျာ.. ဗိုလ်ချူပ်သန်းရွေက မျက်နှာကြီးကိုအလှပြင်နေရင် ကျန်တဲ့ဗိုလ်ချူပ် တွေက သူ့ကိုမကြောက်မှာစိုးလို့တဲ့ဗျ... အဲ့ဒီလိုပဲ ကျန်တဲ့ဗိုလ်ချူပ်တွေရဲ့မျက်နှာတွေကို ခင်ဗျားသေချာကြည့် သူတို့ကိုအမှောင်မှာ မြင်ရင် မလေးရှားစုန်းတောင်မှအရှုံးပေးရတယ်ဆိုပဲ..
ကိုကံသာ။ ။ အော... အဲ့ဒါကြောင့်ကို ဒါကြောင့်ဗိုလ်ချူပ်ကြီးက ညမှလှတာကိုးဗျ
ကိုချင်း ။ ။ ဘယ်လိုတုန်းဗျ
ကိုကံသာ။ ။ အော..ညညဆို မိတ်ကပ်လိမ်းအိပ်လို့လေ...
ကိုချင်း ။ ။ ခင်ဗျားတို့ရှောက်မပြောနဲ့.. ကျွန်တော်တို့ဗိုလ်ချူပ်တွေ ဘယ်လောက်ပြည်သူတွေကိုချစ်သလဲဆိုတာကို ကျွန်တော်ပြောပြမယ်...
ရှမ်းကလေး။ ။ လုပ်စမ်းပါဦး...
ကိုချင်း ။ ။ ဒီလိုဗျ.. စက်တင်ဘာရွေဝါရောင်အရေးခင်းလည်းပြီးရော.. ကျွန်တော်တို့ဗိုလ်ချူပ်တွေက ကြွေးကြော်ထားတာ
ကိုကံသာ။ ။ ဘယ်လိုကြွေးကြော်ထားတုန်း သိချင်လိုက်တာ..
ကိုချင်း ။ ။ ဗိုလ်ချူပ်တွေက အပြစ်မဲ့တဲ့ပြည်သူတွေကို မသတ်တော့ဘူးတဲ့...
ရှမ်းကလေး။ ။ ဟားပျော်လိုက်တာ တခြားနိုင်ငံက ကျွန်တော်အမျိုးတွေကို ပြန်ခေါ်လိုက်တော့မယ်ဗျာ..
ကိုချင်း ။ ။ မောင်ရှမ်းစကားကို ဆုံးအောင်နားထောင်အုံး... ငါတို့ဗိုလ်ချူပ်တွေက အပြစ်မဲ့တဲ့ပြည်သူတွေကို မသတ်တော့ဘူးတဲ့.. အပြစ်မရှိတဲ့ပြည်သူတွေကိုပဲ ဆက်သတ်တော့မယ်တဲ့..
ကိုကံသာက လင်ဗန်းကြီးနှင့် ကိုချင်းခေါင်းကို ရိုက်ချ.
ကိုကံသာ။ ။ ထွီး.. ငါကအကောင်းမှတ်လို့
ရှမ်းကလေး။ ။ ဟုတ်ပါ့ဗျာ.. ရှောက်ပြောနေ...
ရှမ်းကလေး။ ။ ကဲဗျာ... ပရိတ်သတ်ကို ဖျော်ဖြေပေးဖို့ မင်းသမီးမရှိတော့လည်း တီးလုံးလေးနဲ့ပဲ ပရိတ်သတ်တွေကို ချိုသာတဲ့သံစဉ်တွေနဲ့ ဖျော်ဖြေလိုက်ပါရစေလား အကိုတို့ရေ..
ကိုကံသာ။ ။ ကောင်းပ့ါဗျာ...
တိုင်းရင်းသားတို့ရဲ့ အငြိမ့်တီးဝိုင်းမှ တီးဝိုင်းတီးသော ဆရာသမားများက ပျော်ရွင်ဖွယ်သံစဉ်ကလေးများကို ဖျော်ဖြေပြီးနောက် ရှမ်းကလေး၊ ကိုကံသာနှင့် ကိုချင်းတို့ ဇာတ်စင်ပေါ်တို့တဖန်ပြန်တက်လာကာ..
ကိုချင်း ။ ။ ရှမ်းကလေး မင်းနဲ့ငါနဲ့ပြိုင်မယ်ကွာ...
ရှမ်းကလေး။ ။ ဘာပြိုင်မလဲကိုချင်းရ..
ကိုကံသာ။ ။ ငါကဒိုင်လူကြီး...
ကိုချင်း ။ ။ မင်းနဲ့ငါနဲ့က စပြီးတယောက်ခလှည့်စီ ဥပမာကွာ က ကလေးငယ်ချစ်စာဖွယ်ပေါ့..
ရှမ်းကလေး။ ။ အော..အဲ့လိုလား... ရတယ်လေစိန်လိုက်
ကိုချင်း ။ ။ ငါစပြီနော်... က....ကလေးရယ်ငယ်သေးတယ် မိန်းမမယူနဲ့ကွာ
ကိုကံသာ။ ။ ဟားဟား.. ရှမ်းကလေးမင်းငယ်သေးတယ်တဲ့...
ရှမ်းကလေး။ ။ ရပါတယ်ဗျာ.. ခ...ချစ်စရာလေး ခင်ဗျားညီမကိုစာလိုက်ပေး...
ကိုကံသာ။ ။ ဟားဟား... ကိုချင်းခင်ဗျားညီမ စာပေးခံရပြီ..
ကိုချင်း ။ ။ ဂ..ဂဏန်းတွေ မင်းကိုကိုက်တယ်လေ..
ကိုကံသာ။ ။ ရှမ်းကလေး.. မင်းစာလိုက်ပေးလို့ ဂဏန်းနဲ့ကိုက်ခိုင်းပြီ..
ရှမ်းကလေး။ ။ ဃ. ဃဃဏဏ ကျွန်တော်က ပြင်ဆင်ကာ ပြန်ကာချ..
ကိုချင်း ။ ။ င..ငါးချိတ်တွေ မင်းကိုချိတ်မယ်လေ..
ရှမ်းကလေး။ ။ စ..စပ်စုစိမ် သူ့ညီမက သန္တစိန်
ကိုကံသာ။ ။ ဟားဟားဟား... စပ်စုလွန်းလို့ ကိုချင်းညီမ သန္တစိန်တောင်ဖြစ်သွားပြီ
ကိုချင်း ။ ။ ဆ..ဆုတွေလေ ဖိုးလပြည့်ကို အကုန်ဝေ..
ရှမ်းကလေး။ ။ ဘာလဲဟာ.. ဖိုးလပြည့်ဆိုတာ ဘယ်သူလဲ.
ကိုကံသာ။ ။ ရှမ်းကလေးဒါတောင်မသိဘူးလားကွ.. ဖိုးလပြည့်ဆိုတာ ဟိုမျောက်လောင်းလေကွာ
ရှမ်းကလေး။ ။ ဘယ်မျောက်လောင်းလဲ အကိုရ
ကိုကံသာ။ ။ ဘယ်မျောက်လောင်းဖြစ်ရမလဲ ငါတို့ဗိုလ်ချူပ်မှူးကြီး သန်းရွေရဲ့မြေးလေကွာ
ရှမ်းကလေး။ ။ အော.. အဲ့လိုလား..
ကိုချင်း ။ ။ အဲ့လိုလေးပေါ့.. ဘာလဲမင်းကငါ့ကို မနိုင်တော့ဘူးလား
ရှမ်းကလေး။ ။ လာမယ်လေ... ဇ..ဇွဲသတ္တိ ငါတို့ဗိုလ်ချူပ်မှာ တပြားမှမရှိ
ကိုချင်း ။ ။ အားလား... ငါလဲလာပြီကွ. ဈ..ဈေးသည်တွေ အခွန်ငွေတွေနဲ့ သေပြီလေ..
ရှမ်းကလေး။ ။ ည...ညနက်ဖက် အပြင်ထွက်ဖို့ မစဉ်းစားနဲ့..
ကိုကံသာ။ ။ ရပ်.. ဒီဟာငါမကြိုက်ဘူး.. မင်းဟာမရှင်းဘူး ရှင်းအောင်ရှင်း
ရှမ်းကလေး။ ။ အရေးထဲ ဒိုင်လူကြီးကလည်း ဒီလိုဗျ.. ညနက်ထွက်ရင် ရောပါမှာစိုးလို့ဗျ သတိပေးတာ.
ကိုကံသာ။ ။ ညနက်ထွက်တော့ဘာဖြစ်လဲ.. မင်းအမပါသွားလို့လား သူတို့ကိုယ့်သူတို့ထွက်တာ မင်းကသွားပြောနေသေးတယ်.
ရှမ်းကလေး။ ။ မဟုတ်ဘူး ဒီလိုရှိတယ်အကိုရ ညညဆိုဘုန်းကြီးကျောင်းတောင်တွေတောင် တံခါးလုံအောင်ပိတ်ထားရဲ့နဲ့ ၀င်ဝင်လာတာ..
ကိုချင်း ။ ။ ဘယ်သူတွေတုန်း..
ရှမ်းကလေး။ ။ ဘာလဲကြံ့ဖွံ့တို့.. ငှက်ဖွံ့တို့. စည်ပင်တို့. မီးသတ်တို့ သွေးစွန်းရှင်တို့လေ
ကိုကံသာ။ ။ မင်းကလည်း ရှောက်ပြောတော့မယ် စွမ်းအားရှင်ပါကွ
ရှမ်းကလေး။ ။ မသိဘူးလေ စက်တင်ဘာတုန်းက ကျွန်တော်တွေ့တာ သူတို့လက်ထဲက ကိုင်ထားတဲ့တုတ်တွေမှာ သွေးတွေပဲမြင်နေရတာကိုး အခုထက်ထိကိုရှိသေးတယ်
ကိုချင်း ။ ။ ရှူးတိုးတိုး... အဲ့လိုမပြောနဲ့ ခဏနေ ငါတို့သုံးယောက် ဒီစင်ပေါ်က အကောင်းမဆင်းရပဲ ကားပြာလေးတွေနဲ့ လာခေါ်သွားဦးမယ်..
ရှမ်းကလေး။ ။ ဒါလဲကောင်းတာပဲ.. အိမ်ကိုလမ်းလျှောက်မပြန်ရတော့ဘူးပေါ့ဗျာ
ကိုချင်း ။ ။ မင်းအိမ်တော့မရောက်ဘူး အစာရေစာမ၀တဲ့ နေရာကိုတစ်ခါထဲ ရောက်သွားမယ်
ကိုချင်းရဲ့ အပြောစကားကြောင့် ကျွန်တော်တို့လည်း ဆက်မကတော့ပဲ တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင် အပိုင်း-၂ကို သည်မှာတင်ပဲ ရပ်နားလိုက် ပါတော့တယ်ခင်ဗျား..
ရှမ်းကလေး
Thursday, January 24, 2008
သတင်းလေးတစ်ပုဒ်
Wednesday, January 23, 2008
Monday, January 21, 2008
တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင် (အပိုင်း (၁))
လိုက်ကာဖွင့်ချ...ရှမ်းကလေးတစ်ဦးထဲလိုက်ကာအပြင်သို့ထွက်လာ.....
ရှမ်းကလေး။ ။ချစ်သောပရိတ်သတ်အပေါင်းတို့ကိုမင်္ဂလာပါလို့ဦးစွာနှုတ်ဆက်ပါရစေခင်ဗျား...
တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင်ကိုယခုသောကြာနေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား
(၃)ဦးဖြစ်တဲ့ချင်းလူမျိုးကိုချင်းအသက်(၂၀)နှင့်ဗမာလူမျိုးဖြစ်သောကိုကံသာခေါ်အသက်
(၂၁)နှစ်နှင့်ကျွန်တော်မောင်ရှမ်းကလေးအသက်(၁၈)နှစ်တို့ကစတင်ဦးဆောင်ပြီးဖွဲ့စည်း
လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျား။ကျွန်တော်တို့တိုင်းရင်းသားအငြိမ့်သဘင်သည်ယခုနှစ်မှစပြီး
ဖွင့်လှစ်ပါသောကြောင့်သော်လည်းကောင်း၊အဖွဲ့အနေဖြင့်ငွေကြေးမလုံလောက်သော
ကြောင့်သော်လည်းကောင်း...ပရိပ်သတ်များအားကပြဖျော်ဖြေပေးမည့်မင်းသမီးကို
မငှားနိုင်ကြောင်းကိုလည်းတဆက်တည်းအသိပေးပါသည်ခင်ဗျား....နောက်ရှေ့ဆက်
သွားမယ့်ခရီးစဉ်မှာလည်းတိုင်းရင်းသားစုံစုံလင်ရှိသွားအောင်လည်းထပ်ပြီးကြိုးစားသွား
မည်ဖြစ်ကြောင်းကိုလည်းတိုင်းရင်းသားအငြိမ့်သတင်ကိုစတင်တည်ထောင်တဲ့ကျွန်တော်
တို့သုံးဦးကကတိပေးပါတယ်ခင်ဗျား။ကဲကျွန်တော့်ရဲ့အကိုကြီးတွေဖြစ်တဲ့ကိုကံသာတို့ကို
ချင်းတို့ကဇာတ်စင်ရှေ့ထွက်ဖို့ခြေထောက်တွေယားလို့ကုတ်သံတွေတောင်ကြားနေရပြီ
ခင်ဗျား...ကိုကံသာနဲ့ကိုချင်းကိုကျွန်တော်ခေါ်လိုက်တော့ပါမယ်ခင်ဗျား...အရပ်ရှည်ပြီး
ကလန်ကလားနဲ့ကိုကံသာနဲ့အချင်းချင်းရန်မဖြစ်တဲ့ကိုချင်းတို့ရေခင်ဗျားတို့ကိုပရိတ်သတ်
တွေကမျော်နေပြီးတဲ့ဗျာ...ထွက်လာကြတော့လေဗျာ...
(ကိုကံသာနှင့်ကိုချင်းတို့ လိုက်ကာနောက်မှထွက်လာ)
ရှမ်းကလေး။ ။ဟော...အရပ်အရှည်နဲ့ ထွက်လာတဲ့ အမျိုးသားလေးက ကိုကံသာဟုတ်
တယ်နော်....
ကိုကံသာ။ ။ ဟုတ်ပညီလေးမောင်ရှမ်းရေ...နေကောင်းလို့...မင်းမမကော..လှရဲ့လား...
ရှမ်းကလေး။ ။ ဘာဗျ...မမဟုတ်လား...မမတော့မရဘူးဗျ...ဘဘတော့ရမယ်..
ကိုကံသာ။ ။ ဘဘကငါဘာလုပ်ရမလဲ...
ရှမ်းကလေး။ ။ ဟောဟိုမှာတတွတ်တွတ်နဲ့တစ်ယောက်ထဲရည်ရွတ်ပြီးထွက်လာတဲ့မပိန်မ၀တဲ့အကိုကြီး
ကကိုချင်းလားဗျ.
ကိုချင်း။ ။ ဟုတ်တယ်ဟေးး... မောင်ရှမ်းရေ...
ရှမ်းကလေး။ ။ ကိုတို့ရေ...ဒီနှစ်ဒီခါမှာတိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင်ကိုစဖွင့်လိုက်တဲ့အထိမ်းအမှတ်အနေနဲ့ကိုတို့က
တစ်ယောက်ကို နှုတ်ဆက်စကားလေးအနေနဲ့ပြေားပေးပါဦးလားဗျာ...
ကိုကံသာ။ ။ အော..မောင်ရှမ်းရေ...မင်းပြောမှပဲငါသတိရတယ်...ပြောရမပေါ့ကွာ...
ကဲကဲကဲ...နှစ်သစ် (၂၀၀၈)မှာ
အောဒီနှစ်သစ်(၂၀၀၈)မှာ
စည်းစည်းလုံးလုံး ညီညွတ်ခြင်းဆိုတဲ့
စကားများကို ရင်မှာပိုက်လျှက်
ချင်း၊ ဗမာ၊ ရှမ်းဖြစ်တဲ့ ကျွန်တော်တို့ (၃)ဦးက
တိုင်းရင်းသားအငြိမ့်သဘင်ဆိုတဲ့
အော်တိုင်းရင်းသားအငြိမ့်သဘင်ဆိုတဲ့
ဒီအငြိမ့်သဘင်ကြီးကို... ဒီအငြိမ့်သဘင်ကြီးကို
စုပေါင်းပြီး ဖွဲ့စည်းလိုက်ခြင်းကြောင့်
လာရောက်အားပေးတဲ့ ပြည်သူလူထုတတွေ
ပျော်ရွင်နိုင်ကြပါစေလို့ ဆုတောင်းရင်း
နှုတ်ဆက်ပါရစေလားခင်ဗျား......
ရှမ်းကလေး။ ။ ကဲကိုချင်းရေ...
ကိုချင်း။ ။ ကဲလာပြီဟေ့...
နေရာတကာမှာ ငါမပါရင်မပြီး
ဖြူစင်တဲ့နှလုံးသားကိုပိုင်ဆိုင်တဲ့ငါ
ရဲ့ရင့်ပြီး.. အောင်မြင်တဲ့လူဖြစ်ချင်တဲ့ငါ
လူအပေါင်းတို့ကို ပျော်ရွင်အောင်ဖြည့်ဆည်းပေးဖို့
ဘုရားသခင်က လွတ်ပေးခဲ့တဲ့ငါ
တိုင်းရင်းသားအငြိမ့်သဘင်ဆိုတဲ့ ဒီအငြိမ့်သဘင်ကြီးမှာ
အမှန်အကန်တွေကို ဟာသလိုငါတို့ပြော
သူတို့ရဲ့မဟုတ်တရားတွေကို ဖော်ထုတ်
တိုင်းရင်းသားတွေအချင်းချင်းစည်းလုံးညီညွတ်ကြဖို့
ဒီဇာတ်စင်ရှေ့ကနေငါတိုက်တွန်းရင်းနဲ့
နှုတ်ခွန်းဆက်ပါရစေလား ပရိတ်သတ်တို့ရေ...
ရှမ်းကလေး။ ။ကဲကိုတို့ရေ...ကျွန်တော်ကရှမ်း၊ကိုကံသာကဗမာလူမျိုး၊ကိုချင်းဆိုတော့
ချင်းလူမျိုး
ကိုကံသာ။ ။ အေ..အဲ့ဒီတော့ဘာဖြစ်လဲမောင်ရှမ်းရေ...
ရှမ်းကလေး။ ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင် လူမျိုး(၈)မျိုးရှိတယ်မဟုတ်လားကိုယ်တို့ရေ..
ကိုချင်း။ ။ အေးလေ..အဲ့လောက်ရှိတာ သူငယ်တန်းကလေးပေါက်စတောင်သိတာပဲ
ရှမ်းကလေး။ ။ဟုတ်ပါတယ်ဗျ...အဲ့လိုရှိတဲ့နေရာမှာကျွန်တော်တို့တိုင်းရင်းသားအငြိမ့်
သဘင်ကြီးကတိုင်းရင်းသားလည်းမစုံသေးတော့၊ကချင်.ကယား.ကရင်.မွန်.ရခိုင်.ဆိုတဲ့
တိုင်းရင်းသားတွေထပ်ပြီး တော့စုရဦးမယ်မဟုတ်လားကိုတို့ရေ
ကိုကံသာ ။ ။ဒါလဲမှန်တာပဲညီလေးရေ
ကိုချင်း ။ ။ထပ်စုတာတော့ထပ်စုတာပေါ့ကွာ...ဒါတွေကနောက်မှတိုင်ပင်တာပေါ့ကွာ
ရှမ်းကလေး။ ။ကဲဒါဆိုကျွန်တော်တို့ဘာတွေစီစဉ်ထားသလဲဆိုတာတွေကိုအခုချိန်ကစပြီး
ပရိတ်သတ်တွေကိုတင်ပြလိုက်ရအောင်လားကိုတို့ရေ...
ကိုကံသာ။ ။ကောင်းတယ်ညီလေးရေ...
ကိုချင်း ။ ။ ဟေ့ကောင်တွေဒီမှာလာတိုးတိုးလေးငါပြောပြမယ်မင်းတို့ကို
ကိုကံသာ။ ။ဘာပြောမှာတုန်း
ကိုချင်း ။ ။အခုငါတို့ဗိုလ်ချူပ်တွေလက်ထက်မှာမြန်မာနိုင်ငံကနိုင်ငံတကာမှာအဆင်းရဲဆုံးလို့
ပြောနေကြတယ်ကွ..
ရှမ်းကလေး။ ။အဲ့ဒါတော့အကိုစော်ကားတာပဲ..ကျွန်တော်တို့မြန်မာနိုင်ငံကိုအကိုစော်ကားတာပဲ...
ကိုကံသာ။ ။ဟုတ်တယ်ကွာမောင်ချင်း...မင်းကမြန်မာနေပြီးမြန်မာကိုနှိမ်တယ်ဟုတ်လား...
ကိုချင်း ။ ။ ကဲပြောစမ်းပါဦး...မြန်မာနိုင်ငံကြီးဘာတွေတိုးတက်နေလဲဆိုတာ...
ရှမ်းကလေး။ ။ ကျွန်တော်ပြောပြမယ်..အရင်တုန်းကမြန်မာနိုင်ငံမှာလျှပ်စစ်နဲ့ထမင်းချက်လို့ရ
တဲ့ပေါင်းအိုးဆိုတာမရှိဘူး...အခြားနိုင်ငံတွေမှာပဲရှိတာ...ဟောခုကြည့်..ကျွန်တော်
တို့ဗိုလ်ချူပ်တွေခေတ်ရောက်တော့ပေါင်းအိုးတွေထုပ်တဲ့စက်ရုံတွေဆိုတာရှိလာတယ်..
ကိုကံသာ။ ။ အေး....ပြောလိုက်စမ်းမောင်ရှမ်း...
ရှမ်းကလေး။ ။ တရက်ဗျာ..ကျွန်တော်လည်း..ပေါင်းအိုးရောင်းတဲ့ဆိုင်ကိုသွား
ကိုချင်း ။ ။ မင်းလည်းပေါင်းအိုးသွားဝယ်တာပေါ့...
ရှမ်းကလေး။ ။ မဟုတ်သေးဘူးဗျ...အဲ့ဒီနေ့က...ဒီတိုင်းသွားကြည့်တာ..
အဲ့ဒါနဲ့ကျွန်တော်လည်းဆိုင်ထဲဝင်သွား.. ဟာဗျာထမင်းပေါင်းအိုးတွေတန်း
စီနေတာဗျာ..အဆင့်လိုက်အဆင့်လိုက်ဝယ်ချင်စရာလေးတွေ... ကျွန်တော်လည်း
တံဆိပ်တွေ လိုက်ကြည့်...
ကိုကံသာ။ ။ အဲ့ဒါနဲ့မင်းလဲဝယ်လိုက်တာပေါ့နော်...
ရှမ်းကလေး။ ။ ကျွန်တော်လည်းဝယ်တော့ဝယ်ချင်တာပေါ့ဗျာ...ဒါပေမဲ့ကျွန်တော်က
စည်းကမ်းကြီးတယ်ဗျ...အခုလာတာက၀ယ်ဖို့လာတာမဟုတ်ဘူးလေ...ဒါကြောင့်
ကျွန်တော်လည်းဈေးမေးကြည့်ရင်းနဲ့နောက်မှလာဝယ်တော့မယ်ဆိုပြီးဆိုင်ရှင်
ကိုပြောပြီးပြန်ထွက်လာ...ပြီးတော့နောက်တပါတ်ထပ်ပြီးသွားတာ..ဆိုင်ရှင်ကသာ
ပြောင်းသွားသာ..ပေါင်းအိုးတွေကမပြောင်းသွားဘူးဗျ.. အဟောင်းကအဟောင်း
အတိုင်းပဲ..ရှိနေတယ်...
ကိုကံသာ။ ။ ဆက်ပါဦး။...
ရှမ်းကလေး။ ။ ဒါနဲ့ကျွန်တော်လည်းဆိုင်မှာအလုပ်လုပ်တဲ့ကောင်လေးတစ်ယောက်ကိုမေးတာ
ပေါ့..“ဒီမှာဗျ..ဘာဖြစ်လို့အိုးတွေကသူများတွေလာမ၀ယ်ကြတာလဲလို့...ကောင်လေးကဘာပြန်
ပြောတယ်ထင်တုန်း...
ကိုချင်း ။ ။ ဘာပြန်ပြောတုန်း...
ရှမ်းကလေး။ ။ဒီပေါင်းအိုးဝယ်ပြီးအိမ်မှာထမင်းပြန်ချက်စားရင်မနပ်တဲ့
ထမင်းပဲစားရလို့တဲ့ဗျာ...
ကိုကံသာ။ ။ အဲ့လောက်ထိတိုးတက်တာ
ကိုချင်း ။ ။ ဘာဖြစ်လို့လဲဟ...
ကိုကံသာ။ ။ အောဒီလအကလည်းတစ်မှောက်...မီးကပျက်လိုက်လာလိုက်လို့ပေါ့ကွ
ကိုချင်း ။ ။ ခင်ဗျားကျွန်တော့်ကိုအဲ့လိုမပြောပါနဲ့.ကျွန်တော်ရင်နာတယ်..ရင်ပါမကဘူး
အသည်းပါနာတယ်ဗျ..
ရှမ်းကလေး။ ။ ဘာဖြစ်လို့လဲ ကိုချင်းရ
ကိုချင်း ။ ။ မီးကငါတို့ရွာမှာမှတစ်ခါမှမလာတာ...
ငါတို့ဗိုလ်ချူပ်တွေခေတ်မှာကွာ ဘယ်လောက်တိုးတက်လည်းဆိုတာငါပြောပြမယ်မင်းတို့ကို...
ကိုချင်း ။ ။ လုပ်ပါဦးကိုကံသာရ....
ကိုကံသာ။။ဒီလိုကွာအရင်တုန်းကမီးရထားဘူတာတွေမှာဟော်တယ်တွေဆိုတာမရှိဘူး...ငါတို့ ဗိုလ်ချူပ်တွေခေတ် လည်းရောက်ရော...ဟာ...မီးရထားဘေးမှာဟော်တယ်တွေတန်းစီနေတာ..
ရှမ်းကလေး။ ။ ဟာအဲ့လောက်တောင်ခေတ်မှီတာ...
ကိုကံသာ။ ။ ငါလဲ..တနေ့မီးရထားဘူတာကိုသွား..
ကိုချင်း ။ ။ ဘာလဲခင်ဗျားက ဘယ်သွားမလို့လဲ
ကိုကံသာ။ ။ ဘယ်မှာမသွားပါဘူးဗျာ...ဟိုဟိုဒီဒီပေါ့...
ရှမ်းကလေး။ ။ ခုဏကစကားကိုပြန်ဆက်ပါဦး.။
ကိုကံသာ။ ။ အေးပြန်ဆက်ရရင်...ငါလည်းဘူတာကိုသွား..ဘူတာကောင်တာက...အပိုမလေး
ကိုမေးတာပေါ့
ကိုချင်း ။ ။ ဘယ်ကလာအပိုမရမလဲဗျ... အပျိုမလို့ပီအောင်ပြောစမ်းပါ
ကိုကံသာ။ ။ ဟင်း...သူကမီးရထားဈေးနှူန်းတွေကို...ပိုပိုပြီး..အမြဲပြောနေကျကိုး...
ရှမ်းကလေး။ ။ အေးဘာဟုတ်ပါပြီ...ခင်ဗျားဟာမပြီးနိုင်တော့ဘူး...
ကိုကံသာ။ ။အေးဘာ..မင်းကလည်းစိတ်လောလိုက်တာ...ငါလည်းကောင်တာကိုသွား..မီးရထား
ဈေးနှုန်းတွေကိုမေးပြီး အပြင်ကိုပြန်ထွက်အလာကွာ... ဘူတာဘေးနားကဟော်တယ်တွေကွာ
လူတွေပြည့်နေတာရက်စက်တယ်...အဲ့ဒါနဲ့ငါလည်းဘေးနားကလူတစ်ယောက်ကိုမေးကြည့်တာ..
“အကိုလို့...ဘာလို့မီးရထားဘူတာမှာဟော်တယ်တွေဆောက်ထားသလဲလို့မေးတာ..
သူကဘာပြန်ပြောတယ်ထင်တုန်း..”
ကိုချင်း ။ ။ သူကဘာပြန်ပြောတုန်း....
ကိုကံသာ။ ။အော်ဒါလား...မီးရထားနေရာမလောက်တာရယ်...မီးရထားကနောက်ကျပြီး
ဝင်တာကြောင့်...မီးရထားမလာခင်...အိပ်ပြီးစောင့်ရအောင်လို့တဲ့...
ကိုချင်း ။ ။ အဲ့လောက်မြန်တဲ့မီးရထား..ဘယ်မှာရှိသေးလို့လဲ။
ရှမ်းကလေး။ ။ဒါနဲ့အကိုလည်း...မီးရထားဘူတာဘေးနားကဟော်တယ်လေးမှာ
ငြိမ့်ခဲ့တာပေါ့နော်
ကိုကံသာ။ ။ ဘယ်ကလာကွာ...မီးရထားဘူတာမှာငါမငြိမ့်ရတဲ့အပြင်...ဘူတာကောင်
တာကအပိုမက ငါ့ကိုတိုးတိုးလေးလာပြောသွားတာ
ကိုချင်း ။ ။ ခင်ဗျားကိုဘာပြောတုန်း
ကိုကံသာ။ ။ ကောင်တာမှာတစ်ခါမေးရင် (၅၀၀)ပေးရမယ်ဆိုပါလား...
ရှမ်းကလေး
သတင်းလေးတစ်ပုဒ်
တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင် (အပိုင်း (၁))ကိုမကြာခင်တင်ပါတော့မည်ခင်ဗျား
ရှမ်းကလေး
Friday, January 18, 2008
နှစ်လင်မယား
ဟိုးလွန်ခဲ့တဲ့(၁)နှစ်သာသာအချိန်ကလေးတုန်းက၀ယ်နအဖစစ်အစိုးရ
သန်းရွေရဲ့သမီးတသိုက်ရဲ့အလုပ်တွေကိုသိမ်းကြုံးလုပ်ဖို့ဆိုပြီးဒေါ်ကြိုင်
ကြိုင်တစ်ယောက်မိအေးလို့ခေါ်တဲ့တောသူမလေးကိုအလုပ်ခေါ်ခိုင်း
လိုက်သတဲ့။ဒီလိုခေါ်ခိုင်းရတဲ့အကြောင်းအရင်းကလည်းယတျာချေ
တာတဲ့ဗျာ။ဗေဒင်ဆရာကတောသူမလေးတစ်ယောက်ကိုအိမ်မှာအိမ်
ဖော်လုပ်ခိုင်းရမယ်ဆိုပြီးပြောထားသတဲ့။တောသူမလေးမိအေးဟာ
စကားကလည်းမပီ၊အရမ်းလည်းကြောက်လန့်တတ်သတဲ့။ဒါကိုဒေါ်
ကြိုင်ကြိုင်နဲ့သူ့ရဲ့ယောင်းရင်းအပေါင်းအပါတတွေမသိကြဘူးတဲ့။ဒီလို
နဲ့ဒေါ်ကြိုင်ကြိုင်လည်းတောသူမိအေးကိုအိမ်မှာခေါ်နေပြီးသမီးတော်
တွေရဲ့စေခိုင်းတာမှန်သမျှကိုလုပ်ခိုင်းသတဲ့။တောသူမိအေးကိုဒေါ်ကြိုင်
ကြိုင်ကစကားတစ်ခွန်းကိုအထူးစပါယ်ရှယ်သင်ပေးရသတဲ့။အဲ့ဒီစကား
တစ်ခွန်းကတော့သမီးတော်တွေရဲ့ရှေ့ရောက်ရင်အရှင်ဘုရားလို့ထူးရမဲ့
အချက်ရယ်.သမီးတော့တွေကအလုပ်ခေါ်ခိုင်းရင်အရှင်ဘုရားလို့ပဲထူး
ရမယ်တဲ့။တောသူမိအေးလည်းဒီသင်ကြားချက်ကိုအသေအချာလိုက်
လံမှတ်တာပေါ့။ဒါနဲ့တောသူမိအေးသန်းရွေရဲ့အကြီးဆုံးသမီးတော်ရဲ့အ
လုပ်ကိုလုပ်ကိုင်ရသတဲ့။မိအေးသမီးတော်ရှေ့ရောက်တော့သမီးတော်
ဟာသူ့ရဲ့မလှပတဲ့မျက်နှာပြင်ကိုမသာကိုမိတ်ကပ်လိမ်းပေးတဲ့အတိုင်းမိတ်
ကပ်တွေလိမ်းထားသတဲ့။ရုပ်ကမလှပပါဘူးဆိုမှစိတ်ကပုတ်တော့တစ်ချိန်
တစ်ခါမှသူ့ရဲ့မျက်နှာပြင်ဟာအပြုံးရိပ်သန်းတယ်လို့ကိုမရှိဘူးတဲ့။မိအေး
လည်းဒီလိုရုပ်ကိုတွေ့တော့နဲနဲကြောက်လန့်လာသတဲ့။ဒီလိုကြောက်နေပါ
တယ်ဆိုမှသမီးတော်ရုပ်ဆိုးလေးက“ခြေထောက်လာတိုက်ပေးစမ်း”ဆိုပြီး
အသံကိုလေးဖြူလိုကျယ်လောင်စွာအော်ဟစ်ကာခိုင်းစေသတဲ့။ဒီလိုခေါ်
ခိုင်းတော့မိအေးခင်မျာလန့်ပြီးအရှင်ဘုရားလို့မထူးမိတော့ပဲ “နှစ်လင်မယား”
လို့ပြောလိုက်မိသတဲ့ကွယ်။
ရှမ်းကလေး
Will try the best I can do, believe in my self
เป็นคนคนหนึ่งที่ ทำอาไรเเล้ว ต้องทำได้ดิที่สูด
Labels
- ၀တ္ထု (15)
- News (21)
- Thai News(ထိုင်းရွေးကောက်ပွဲနှင့်ဆိုင်သောသတင်း) (1)
- ကဗျာ (29)
- ကိုနေဘုန်းလတ် (1)
- ဓါတ်ပုံ (4)
- ပုံပြင် (2)
- မိတ်ဆက် (12)
- သတင်း၊ ဆောင်းပါး (1)
- သီချင်း (1)
- ဟာသ (25)
- အငြိမ့် (1)
- အခြားဘလော့မှ ကူးယူခြင်း (1)
- အခြားအကြောင်းအရာများ (1)
- အငြိမ့် (10)
- အားကစား (1)
- ဆောင်းပါး (19)
- နှုတ်ဆက်ခဲ့ခြင်း (1)
ဆူမိုမဟုတ်ဘူးနော်
နဲနဲတော့ဈေးပေါမယ်နော်