Monday, May 5, 2008

မုန်တိုင်းကြောင့် ပျက်စီးမှုများအတွက် အကူအညီပေးရေး

မှတ်ချက်။ ။အောက်တွင်ဖေါ်ပြပါ အကြောင်းအရာများကို ကိုထိုက်ဘလော့မှ ကူးယူဖေါ်ပြထားပါကြောင်း အသိပေးလိုပါသည်။

ကျွန်တော် အရင် ပို့စ်မှာ ဖေါ်ပြခဲ့သလို မုန်တိုင်းကြောင့် ဒုက္ခရောက်နေသူများကို ကူညီရန်အတွက် အလှူငွေပါဝင် ထည့်လိုသူများ အောက်ပါ သာသနာ့ဥသျှောင် အဖွဲ့ဝင် ဆရာတော်ဦးစန္ဒောဘာသ၏ ဘဏ် အကောင့်တွင် ထည့်သွင်းလှူဒါန်းနိုင်ပါသည်။ ငွေစာရင်းများဖြစ်သော မည်မျှရသည်၊ မည်မျှသုံးသည်ဆိုသော အချက်အလက်များကို ဖေါ်ပြနိုင်ရန်နှင့် မုန်တိုင်း အကူအညီ ပေးရေး သတင်းအချက်အလက်များအတွက် သီးသန့် ဘလော့ အဖြစ် www.freeburmafunduk.blogspot.com ကို စတင်ရေးသားနေပါသည်။

ဆရာတော်၏ ဘဏ် အချက်အလက်များမှာ

Bank Name : Barclays
Account Holder Name Mr A Candobhasa
A/C 90 00 28 36
S/C 20 80 71

ဆရာတော် အားတိုက်ရိုက် ဆက်သွယ်လိုလျှင်
Ph 078 77 297 205
email: ucandobhasa@googlemail.com

UK နိုင်ငံမှ မဟုတ်သော အခြားနိုင်ငံမှ လှူဒါန်းလိုသူများအတွက် paypal အကောင့် တစ်ခုကို မကြာခင် update လုပ်ပါမည်။

မုန်တိုင်းအတွက် သီးသန့် အကောင့်တစ်ခုကိုလည်း ဘဏ်ဖွင့်ရက်တွင် သွားရောက်ဖွင့်လှစ်ပြီး အကောင့် အသစ် စတင် အသုံးပြုရသည့်အချိန်တွင် ချက်ချင်း အသိပေး အကြောင်းကြားမည် ဖြစ်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

“ကန့်ကွက်မဲသာ ပိုပါမည်“

ဆိုင်းကလုန်း မုန်တိုင်းကြောင့် လူပေါင်း ၃၅၀ ကျော် ခန့်သေဆုံးပြီး လူ (၉) သောင်းခန့် အိုးမဲ့၊ အိမ်မဲ့ ဖြစ်သွားတဲ့ သတင်းသည် မြန်မာနိုင်ငံသား လူမျိုးများ၏ လက်ရှိရှိနေတဲ့ အပူကို နောက်တစ်ပူက ထပ်ဆင့်လိုက်သလို ဖြစ်သွားပါသည်။ ယခုလက်ရှိ ရှိနေတဲ့ အပူကတော့ မတရားတဲ့ ဆန္ဒမဲကို မတရား ဖိနှိမ်မှုတွေကြောင့် အမှန်တရားကို မေ့ထားလိုက်ပြီး၊ သူရှုးတို့ရဲ့ စိတ်ချမ်းသာဖို့အတွက် ထောက်ခံမဲကို သွားထည့်ရဖို့ ဆိုတာလည်း (၅)ရက်သာ လိုပါတော့တယ်။

မကောင်းတဲ့ အလုပ် လုပ်တော့မယ် ဆိုရင် ဘုရားဖြစ်ဖြစ်၊ နတ်ဖြစ်ဖြစ် အစဉ်အမြဲ သတိပေး ဆုံးမတယ်ဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတိုင်းမှာ အယူအဆရှိကြပါတယ်။ အခုလဲပဲ မဟုတ်တာ လုပ်တော့မယ့် လူတွေကို ဘုရားကပဲ သတိပေးတာလား၊ နတ်ကပဲ သတိပေးတာလား ဆိုတာကတော့ အတိအကျ ပြောလို့မရပါဘူး။ ဒါပေမဲ့ တိုက်ဆိုင်မှု တစ်ခုကြောင့် အခုလို လိမ်ညာတဲ့ ဆန္ဒခံယူပွဲကြီး စဖို့ (၅)ခန့် (၇)ရက်ခန့်သာ လိုတော့တဲ့ အချိန်မှာ မြန်မာပြည်ကြီးမှာ နေထိုင်တဲ့ လူပေါင်းမြောက်များစွာရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ဆိုင်ကလုန်း မုန်တိုင်းကြီးက အပြစ်ပေးသည့်အလား တိုက်ခတ်စားသောက်၊ မျိုးတုံးအောင် ပြုလုပ်သွားခဲ့လေပြီ။ ဒါဟာ လိမ်ညာရိုင်းစိုင်း၊ အာဏာမက်သူ အုပ်စုတို့ကို သတိပေးတာလား၊ ဆိုတာကတော့ တွေးထင်စရာပင် ဖြစ်ပါသည်။ ဒါကတော့ ကျွန်တော့်ရဲ့ ထင်မြင်ချက်ပါ။ အပြစ်မရှိပဲ ခံသွားရသူများအဖို့ ကျွန်တော် ဤနေရာကပင် အထူး ၀မ်းနည်းမိပါကြောင်း ပြောဆိုပါရစေ။
နောက်သတင်းတစ်ခု ကြားတာကတော့ နအဖစစ်အစိုးရတွေဟာ ဆန္ဒခံယူပွဲကြီးကို ရက်မရွေ့ဘူးလို့ သိရပါတယ်။ ဒါကြောင့် နအဖစစ်အာဏာရှင်တွေဟာ အာဏာကို လက်လွတ်ဆုံးရှုံးမှာ အလွန်အမင်းကို ကြောက်ရွံ့တယ်ဆိုတာ ရှင်းလင်းနေပါတယ်။ ပြီးတော့ နောက်တစ်ချက်က အိုးအိမ်ကင်းမဲ့တဲ့ ပြည်သူလူထုများ သာမက မုန်တိုင်း တိုက်စား၍ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား အပေါင်းတို့ကို လစ်လျူရှုထားတယ်ဆိုတာကိုလည်း ကွင်းကွင်းကွက်ကွက်ကို တွေ့မြင်နိုင်ပါတယ်။ ဒါကြောင့် အာဏာဟာ နအဖစစ်အစိုးရခေါင်းဆောင်တို့၏ အဖေသဖွယ်ဖြစ်သလို၊ မိခင်တစ်ဖွယ်လည်း ဖြစ်ကြောင်း သိရှိနိုင်ပါတယ်။
ယခုလက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်သည် မည်သို့မှ ဆန္ဒခံယူပွဲ မလုပ်သင့်သည့် အချိန်အခါပင် ဖြစ်ပါသည်။ တိုင်းပြည်၏ အကြီးဆုံးမြို့ဖြစ်တဲ့ ရန်ကုန်မြို့ကြီးတွင် သာမက အခြားသော တိုင်းနှင့် ပြည်နယ်များတွင် လူများသေဆုံးခြင်း၊ အိုးအိမ်များ ပျက်စီးခြင်း စသောစသော ပြသနာများသည် ရက်ပိုင်းတိုတိုအတွင်း ဖြေရှင်းနိုင်မည့် ပြသနာမျိုးမဟုတ်ပေ။ မြန်မာပြည် ပြည်သူလူထုများ နေရာအတည်တကျ နေထိုင်နိုင်ရန်အတွက်၊ တိုင်းပြည်ကို အုပ်ချူပ်နေသော စစ်ခေါင်းဆောင်ကြီးများ ဂရုတစိုက် တာဝန်ယူရမည် ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်အလေးအနက် ပြောချင်သည်ကား ယခုလက်ရှိ ပြသနာကို အောင်မြင်အောင် ဖြေရှင်းပြီးမှသာ ဆန္ဒခံယူပွဲကို ကျင်းပစေချင်ပါသည်။ ဒီခေတ်မှာ (၅) ရက်အတွင်း အိမ်တစ်လုံး ဆောင်ဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံက မြန်မာလူမျိုးတွေ ဘယ်နေရမှာ သွားနေရမလဲ။ ကုန်ဈေးနှုန်းကလည်း တက်လိုက်တာမှ အမြင့်ဆုံးတက်နိုင်သည့် တောင်တက်သမားတောင် အရှုံးပေးရမယ် ထင်ပါတယ်။ မုန်တိုင်းလည်းဖြစ်ပြီး ကုန်ဈေးနှုန်းလည်း တက်တာကြောင့် နအဖစစ်အစိုးရတွေလည်း ရာထူးတက်ချင်တာ ဖြစ်မယ်ထင်တယ်။ ဆန္ဒခံယူပွဲကို ရက်မရွေ့ဘူးဆိုတော့။ ကျွန်တော် ဒီနေရာကနေ တိုက်တွန်းပါတယ်။ မြန်မာလူမျိုးတွေ ဘယ်လိုပဲဖြစ်နေပါစေ ကန့်ကွက်မဲသာ ထည့်ပေးကြပါလို့။ နအဖ လုပ်ရပ်ကို ကြည့်ပြီး ကျွန်တော် ထင်မြင်မိပါတယ်။ အရင်တုန်းက ထောက်ခံမဲ ထည့်မယ်ဆိုတဲ့ လူတွေ ကန့်ကွက်မဲ ထည့်မယ်ဆိုတာ။ အခုပဲကြည့်လေဗျာ။ အဲ့လောက်တော့ အတိဒုက္ခ ရောက်နေတာတောင်မှ ဆန္ဒခံယူပွဲကို မရွေ့ဘူးတဲ့။ ဒါက ကျွန်တော် ဘာမှမသိတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ခံစားပြီး ရေးသားထားတာပါ။ ဒါကြောင့် ကျွန်တော် ယုံကြည်ပါတယ်။ ကန့်ကွက်မဲထက် ထောက်ခံမဲ ပိုပြီး မများနိုင်ပါဘူးလို့။ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေခင်ဗျား။

ရှမ်းကလေး

“နည်းနည်းတော့ ကောင်းပါသည်“

မှတ်ချက်။ ။ ဤဆောင်းပါးအား သေချာဖတ်ရှုပြီးမှ ဝေဖန်မှုများ ပေးစေလိုပါသည်။ မိမိသည် မြန်မာလူမျိုးများအား တမင်သက်သက်ဒုက္ခ ကျရောက်စေလိုခြင်းဖြင့် ရေးသားထားခြင်းမဟုတ်ပါ။ မြန်မာနိုင်ငံတွင် ယခုလက်ရှိ ဖြစ်ပျက်နေသော အကြောင်းအရာများနှင့် မိမိ၏ အမြင်များကိုသာ ဖော်ပြထားခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ထိုဆောင်းပါးအား အစအဆုံး ဖတ်ပြီးမှ သင်ထင်မြင်သော ဝေဖန်မှုများကို မှတ်ချက် ပေးသွားနိုင်ပါသည်။ မည်သည့်ဝေဖန်မှုမျိုးကိုမဆို ဖော်ပြ ပြောဆိုသွားနိုင်ပါသည်။
အခုတလော နာဂစ် ဆိုင်ကလုန်း မုန်တိုင်း မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ၀င်ချဲတဲ့ သတင်းတွေကို ပလူပျံနေတာကို တွေ့နေရပါတယ်။ မုန်တိုင်းဒါဏ်ကြောင့် လူတွေလဲ သေဆုံး၊ အိုးအိမ်တွေလည်း ပျက်စီး ခဲ့ရပါတယ်။ နောက်တစ်ခုက လိမ်လည်တဲ့ ဆန္ဒခံယူပွဲကို ပြည်သူလူထုတွေ မဲထည့်ရဖို့လည်း တဖြည်းဖြည်းနဲ့ နီးလာပါပြီ။ မဲမထည့်ခင် အချိန်တိုအတွင်းမှာ ဆိုင်ကလုန်း မုန်တိုင်းကြီးရဲ့ မြန်မာနိုင်ငံအပေါ် ၀င်ချဲမှုအပေါ် နအဖစစ်အာဏာရှင်တို့ကတော့ အမျက်ထွက်မိမှာ အမှန်ပင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ပြည်သူလူထုက ယခုလို မုန်တိုင်း ၀င်တိုက်ခြင်းကို အမျက်မထွက်၊ စိတ်မတိုဘူးလို့ မဆိုလိုပါဘူး။ ကျွန်တော်တို့ မြန်မာနိုင်ငံ ပြည်သူလူထု ဆိုင်ကလုန်း မုန်တိုင်းအပေါ် စိတ်တို၊ အမျက်ထွက်မှုနဲ့ နအဖစစ်အစိုးရတွေက ဆိုင်ကလုန်းမုန်တိုင်းအပေါ် စိတ်တို၊ အမျက်ထွက်မှုတွေက ကွဲပြားခြားနားမည်ဟု ဆိုလိုခြင်း ဖြစ်ပါတယ်။

နအဖစစ်အစိုးရတို့ရဲ့ အမျက်ထွက်မှုကို ဦးစွာ ရှင်းလင်းပြီးမှာ မြန်မာပြည်သူ လူထုတွေရဲ့ စိတ်တိုတဲ့ အကြောင်းအရာတွေကို ဖော်ပြချင်ပါတယ်။
နအဖစစ်အစိုးရတွေဟာ သူတို့ရဲ့ရှေ့မှာ ဘယ်လို အတားအဆီးပဲ ရှိနေပါစေ သူတို့ လုပ်ချင်တာ လုပ်သွားတယ်ဆိုတာ အများပြည်သူ အသိပင်ဖြစ်ပါသည်။ သူတို့ရဲ့ ရှေ့မှာ မြန်မာလူမျိုးများ ကိုးကွယ်ဆည်းပူးတဲ့ သံဃာတော်များကိုပင် ရက်ရက်စက်စက် သတ်ဖြတ်ဖမ်းဆီးခဲ့သော ပုံရိပ်များကို ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလတွင် အင်တာနက်မှဖြစ်ဖြစ်၊ ပြည်ပသတင်းဌာနများမှာ ဖြစ်ဖြစ် ရှာဖွေဖတ်ရှုနိုင်ပါတယ်။ ဒါပေမဲ့ အခုမေလမှာ ဖြစ်ပွားခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်းကိုတော့ သူတို့ ဘယ်လိုမှ မတားဆီး နိုင်ပါဘူး။ ကျွန်တော်ပြောချင်တာက ဆိုင်ကလုန်း မုန်တိုင်းဟာလည်း တစ်စိတ်တစ်ဒေသ အားဖြင့် သူတို့ကို ဆန္ဒပြတယ်လို့ ဆိုလိုခြင်း ဖြစ်ပါတယ်။ ဆိုင်ကလုန်း မုန်တိုင်းဟာ မြန်မာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေကို ရက်စက်စွာ ချွေယူသွားပေမဲ့လည်း မြန်မာနိုင်ငံရေးအတွက် တစ်ဘက်က ပြန်ကြည့်ခဲ့ရင်လည်း ဆိုင်ကလုန်း မုန်တိုင်းဟာ စစ်မှန်သော ဒီမိုကရေစီ လိုလားသူ ကျွန်တော်တို့ မြန်မာနိုင်ငံသားများအတွက် တစ်စိတ်တစ်ဒေသ အားဖြင့် ကောင်းတယ်လို့ ဆိုရပေလိမ့်မယ် ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်ကလုန်း မုန်တိုင်းကြောင့် ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ အိုးအိမ်တွေ ပျက်စီးကုန်မယ်။ လူပေါင်းများစွာ သေဆုံးကုန်မယ်။ အဲ့ဒီလို သေဆုံး၊ ပျက်စီးတဲ့ အခါမှာ ပြုပြင်မှုတွေ၊ ရှင်းလင်းမှုတွေကို ပြန်လုပ်ရမယ်။ ဒီလို ပြုပြင်မှုတွေ၊ ရှင်းလင်းမှုတွေကို ပြုလုပ်လိုက်တဲ့ အချိန်မှာ နအဖတို့ရဲ့ ရိုင်းပင်းကူညီမှု မရှိတဲ့ အကျင့်ကောင်းတွေကို ပြည်သူလူထုတွေက စိတ်နာနာနဲ့ တွေ့ကြရပါလိမ့်မယ်။ “မြို့တော်သူ မြို့တော်သား တွေအတွက် မွေးဖွားသည်မှ သေဆုံးသည်အထိ ဆောင်ရွက်ပေးဖို့က စည်ပင်သာယာတာဝန်” ဆိုတဲ့ ဆန့်ကျင်ဘက် ဆောင်ပုဒ်နဲ့အညီ ကိုရွေစည်ပင်တို့ကလည်း ဟိုရှောင်ဒီရှောင် ပြုလုပ်မှုတွေကို မြန်မာနိုင်ငံသား အပေါင်းတို့ တွေ့ကြရပါလိမ့်မယ်။ မီဒီယာကို မီဒီယာခြင်း တိုက်မယ်ဆိုတဲ့ ကိုကျော်ဆန်းတို့အဖွဲ့ကလည်း သတင်းမှန်တွေကို မဖော်ပြဘဲ လိမ်လည်ကောက်ကျစ်တဲ့ သတင်းမှားတွေကို ဖော်ပြပါလိမ့်မယ်။ နအဖတို့ရဲ့ လူယုံတော်အဖွဲ့ ကိုကိုကြံ့ဖွတ်တို့ကလည်း အများတကာတို့ရဲ့ ရှေ့မှာ ဆုံးရှုံးပျက်စီးသူတို့ကို အလှူအတန်းတွေ အနည်းအကျဉ်းလုပ်ပြီး သူတို့ကိုယ်ကို ကျေးဇူးရှင်လို့ထင်ပြီး မကြာခင် ပြုလုပ်မဲ့ ဆန္ဒခံယူပွဲကိုလည်း ထောက်ခံမဲ ထည့်ဖို့ တိုက်တွန်းကြပါလိမ့်မယ်။ ပြီးရင် နအဖတို့ရဲ့ သတင်းမီဒီယာများကလည်း မည်သို့မည်ပုံ မြန်မာလူမျိုးများအား ကယ်ဆယ်ထားပုံ တွေကို သတင်းလိမ် ထည့်ကြပါလိမ့်မယ်။ နအဖ စစ်အုပ်စုတို့ရဲ့ အိုဟောင်းတဲ့ ပေါ်လစီတွေ အတိုင်း ကျင့်သုံးသွားမယ်ဆိုတာ တစ်စိတ်တစ်ဒေသာ အားဖြင့် တွေ့ကြရပေလိမ့်မယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ ဒီလိုဆိုင်ကလုန်း မုန်တိုင်းကြီး ၀င်ရောက် နှောက်ယှက်တဲ့အတွက် နအဖစစ်အစိုးရက အမျက်ဒေါသ ထွက်မှာ အမှန်ပါပဲ။ သူတို့ အမျက်ဒေါသထွက်တဲ့ အကြောင်းအရင်းသည် ပြည်သူလူထုတို့ အသက်အိုးအိမ်၊ စည်းစိမ်များ ကုန်ဆုံးခြင်းကြောင့်တော့ မဟုတ်နိုင်ပေ။ သူတို့ အမျက်ဒေါသ ထွက်တဲ့ အကြောင်းအရာများကတော့ သူတို့ ကိုယ်ပိုင် တိုက်တွေ၊ ပျက်စီးသွားခြင်း၊ မကြာခင် မေလတွင် ကျင်းပမည့် ဆန္ဒခံယူပွဲကိုလည်း ဆိုင်ကလုန်း မုန်တိုင်းကြောင့် တစ်စိတ်တစ်ဒေသ အားဖြင့် နှောက်ယှက်ခြင်း၊ ဆိုင်ကလုန်း မုန်တိုင်း ၀င်ရောက်နှောက်ယှက်ခြင်းကြောင့် မကုန်သင့်သော ပစ္စည်းတန်ဖိုးများကို စိုက်ထုတ်ရခြင်း...၊ စသော စသော အကြောင်းအရာများပင် ဖြစ်ပါတော့သည်။
ဒုတိယပိုင်းအနေနှင့် ကျွန်တော်တို့ မြန်မာပြည်သူလူထုများ၏ စိတ်တို၊ အမျက်ဒေါသထွက်မှုတွေကို တင်ပြရပေလိမ့်မည်။ ဆိုင်ကလုန်း မုန်တိုင်း မတိုက်ခင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ကြိုတင် စဉ်းစားမှုများမှာ ဆိုင်ကလုန်း မုန်တိုင်း ဖြစ်ပြီးသွားလျှင် နအဖအဖွဲ့အစည်းများဖြစ်သည့် လမ်းများရှင်းလင်းရန် စည်ပင်သာယာ၊ ပျက်စီးသွားသော အိုးအိမ်များကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် အစိုးရမှ အကူအညီပေးမည့် ငွေကြေးအနည်းငယ်များ စသည်တို့ကို ကြိုတင် မမျှော်မှန်းပဲ ကိုယ်ကိုတိုင်သာ ကိုယ်ထုကိုယ်ထ စည်းစည်းလုံးလုံးနှင့် လုပ်ကိုင်ရှင်းလင်းရမည်ဟု မျှော်ကိုးထားကြပြီးလည်း ဖြစ်ပါလိမ့်မည်။ နအဖစစ်အစိုးရတို့၏ ငွေကြေးအကူအညီများကို ရဲရဲတင်းတင်း မမျှော်ကိုးရဲပဲ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သနားညှသာတတ်သော မြန်မာနိုင်ငံအတွင်းရှိ လူအများအပြားမှ ငွေကြေးအကူအညီများကို ကျွန်တော်တို့ မြန်မာလူမျိုးများက ရဲရဲတင်းတင်း မျော်ကိုးကြမည် ဖြစ်ပါလိမ့်မည်။ ဘာကြောင့်လဲဆိုတော့ နအဖစစ်အစိုးရများ၏ အကူအညီသည် တစ်လုပ်သာစားရပြီး၊ တစ်သက်လုံး အလုပ်အကျွေး ပြုရမည့် အကူအညီမျိုးသာ ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်တော်တို့ မြန်မာလူမျိုးများ၏ ဆိုင်ကလုန်းအပေါ် အမျက်ဒေါသ ထွက်ခြင်းထက် နအဖစစ်အစိုးရ အပေါ် အမျက်ဒေါသ ထွက်ခြင်းက ပိုမိုများပြားမည်ဟု ကျွန်တော်ထင်မြင်မိပါသည်။
ထို့ကြောင့် ဆိုင်ကလုန်းမုန်တိုင်းသည် ကျွန်တော်တို့ မြန်မာနိုင်ငံ လူမျိုးများအတွက် မုန်းတီးဖွယ်ကောင်းတဲ့ အန္တာရာယ်တစ်ခု ဖြစ်ပေမဲ့၊ မြန်မာ့အနာဂတ်နိုင်ငံရေးအတွက် အကောင်းကြီး မဟုတ်တောင်မှ အကောင်းတကာ့ အကောင်းတို့၏ အငယ်ဆုံး အကောင်းပိုင်းတွင် တည်ရှိမည်ဟု ကျွန်တော် ထင်မြင်မိပါသည်။ ။

ရှမ်းကလေး

Saturday, May 3, 2008

တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင် (အပိုင်း ၁၀)

လောကကြီးရဲ့ သဘာဝကို
ဘယ်တော့မှ မဆန့်ကျင်တဲ့
လူသားဆိုတာ
ဟော့ဒီ ကမ္ဘာကြီးမှာ
ရှိခဲ့မယ်ဆိုရင်တော့
ထိုလူသားဟာ
လောကကြီးရဲ့ ကျေးဇူးရှင်လို့
ပြောသင့်ရင်ပြောရလိမ့်မယ်

ရှမ်းကလေး။ ။ မင်္ဂလာအပေါင်းနဲ့ ခညောင်းပါစ
ရန်သူအပေါင်းနှင့် ကင်းရှင်းပါစ
မိတ်ဆွေအပေါင်းနှင့် ချစ်ခင်ပါစ
လောကကြီးအကြောင်းကော သိရှိပါစ
ဤမျှလောက်သာ နှုတ်ဆက်ခဲ့ရင်တော့
ပရိတ်သတ်က ခဲ့နဲ့ထုမှာ အမှန်ပါဗျ

ကိုချင်း ။ ။ ပရိတ်သတ်ကတော့ မင်းကို ခဲနဲ့ မထုသေးဘူး၊ ငါကတော့ ဓားနဲ့ ထိုးချင်နေပြီ

ကိုချင်းပြောပြောဆိုဆိုနှင့် ရှမ်းကလေးခေါင်းအား လင်ဗန်းနှင့် ရိုက်ချ။


ကိုကံသာ။ ။ ဟုတ်ပါ့ကွာ ဘာတွေလျှောက်ပြောနေတာလဲ မသိဘူး။

ကိုချင်း ။ ။ ကဲ အကိုတို့ ညီတို့ရေ တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင်ကြီးကို မကရ မပျော်ရတာလည်း လအတော်ကြာပေါ့

ကိုကံသာ။ ။ မှန်တာပေါ့ မောင်ချင်းရေ

ကိုချင်း ။ ။ အမှန်တော့ ကျွန်တော်တို့ လူငယ်တွေဟာ တီထွင်ကြံဆ နည်းလမ်းရ ဆိုတဲ့ စကားပုံအတိုင်း မဖြစ်ပျက်သေးတဲ့၊ လူတွေ မပြောတဲ့ အရာမှန်သမျှကို တီထွင်ပြောဆို နေရတာ မဟုတ်ပါပေဘူးလား ကိုကြီးညီလေး တို့ရေ

ရှမ်းကလေး။ ။ ဟုတ်ပါ့ဗျာ ကျွန်တော်တောင်မှ မိန်းမအဟောင်း တစ်ယောက်ကို မေ့ထားပြီး အသစ်ဖြစ်တဲ့ ကိုချင်းညီမကို ယူမလားလို့ ကြံဆနေတာဗျ

ကိုချင်း ။ ။ ကောင်းပါတယ် မောင်ရှမ်းရေ၊ ငါ့အမလည်း ရှိသေးတယ်လေ

ရှမ်းကလေး။ ။ ဟာ ကိုချင်းကလည်း ညီမဆိုတော်ပါပြီ၊ ကိုချင်းအမ ပိုနေရင်လည်း ကိုကံသာကို ပေးလိုက်ပေါ့

ကိုချင်း စိတ်တိုတိုနဲ့ ရှမ်းကလေးခေါင်းအား လင်ဗန်းနှင့် ရိုက်ချ

ကိုချင်း။ ။ မင်းကိုရွဲ့နေတာကွ၊ ရွဲ့လို့ရွဲ့မှန်းမသိ၊ မင်းတို့အမျိုးတွေက ရွဲ့လို့ရွဲ့မှန်း မသိတဲ့ အမျိုးတွေ

ကိုကံသာ။ ။ ရှမ်းကလေး မင်းက အဟောင်းမေ့ပြီး အသစ်ထက်ရှာတယ် ဆိုတော့ မင်းထားခဲ့တဲ့ အဟောင်းက ငါ့အတွက်ပေါ့နော်။

ရှမ်းကလေး။ ။ ရတယ်လေ ကိုကံသာရဲ့ အဲ့ဒါလည်း ကိုကံသာ ညီမအရင်းပဲ၊

ကိုကံသာ။ ။ တော်ပါပြီကွာ မင်းနစ်နာ နေပါဦးမယ်

ကိုချင်း ။ ။ ကဲ အကိုတို့ရေ။ ကျွန်တော်တို့က ပါးစပ်ကပဲ ဟာသလုပ်ပြောရတာလည်း အာညောင်းလှပြီ

ရှမ်းကလေး။ ။ ဘာလဲ ခင်ဗျားက ပါးစပ်က မပြောလို့ ဖင်ကပြောမလို့လား

ကိုချင်း ။ ။ မင်းကလည်း အားအားရှိ ငါ့ကို ပြောဖို့ပဲ သိတယ်။ ငါပြောမှာက စကားနဲ့တင် မပြောကြပဲ သရုပ်ဖော် ပုံလေးတွေနဲ့ ပရိတ်သတ်တွေ ပိုပြီးတော့ ရီရ၊ ရွင်ရအောင် တင်ဆက်မလားလို့ပါ

ကိုကံသာ။ ။ သရုပ်ဆောင်ရမယ် ဟုတ်လား

ရှမ်းကလေး။ ။ ကျွန်တော်တော့ သရုပ်မဆောင်ချင်ပါဘူးဗျာ

ကိုချင်း။ ။ ဘာဖြစ်လို့လဲ

ရှမ်းကလေး။ ။ ဟာကိုချင်းကလည်း ကျွန်တော်သာ သရုပ်ဆောင်လိုက်ရင် မြန်မာပြည်မှာ ရှိတဲ့ မင်းသားတွေ အကုန် ထမင်းငတ်ကုန်မှာပေါ့

ကိုကံသာ။ ။ မင်းသမီး မပါဘူးလား

ရှမ်းကလေး။ ။ မင်းသမီးက ကျွန်တော် ကျွေးထားမှာလေ

ကိုချင်း။ ။ ဒါဆိုငါ့ညီမကို မင်းထိပ်ဆုံးက တင်ကျွေးထားမှာပေါ့နော်

ရှမ်းကလေး။ ။ ကျွန်တော်မိန်းမ အယောက် ၁၀၀ ရှိရင် ခင်ဗျားညီမကို နံပါတ် ၁၀၁ မှာထားမယ် စိတ်ချ

ကိုချင်း ။ ။ ဒါလဲကောင်းတာပဲ

ကိုကံသာ။ ။ ဟား ဘာဖြစ်လို့လဲ မောင်ချင်းရ

ကိုချင်း ။ ။ ဟားအကိုကလည်း ရှမ်းကလေးအကြောင်း ကျွန်တော်သိတာပေါ့ ဒီကောင်က မိန်းမကို ပေါင်းရင် ခဏလေးပဲ ပေါင်းတာ ကျွန်တော့ ညီမက နောက်ဆုံးမှာဆိုတော့ နောက်ဆုံးကျန်တဲ့ ကျွန်တော် ညီမကိုပဲ တသက်လုံး ပေါင်းတော့မှာပေါ့

ရှမ်းကလေး။ ။ ပိုင်လိုက်တဲ့ အကြံ

ကိုကံသာ။ ။ မင်းညီမတော့ ရှမ်းကလေးနဲ့တော့ ရလား၊ မရလားတော့ မသိဘူး မောင်ချင်းရေ၊ မင်းညီမ မရခင်တော့ မောင်ရှမ်း လူ့လောက မှာရှိမှာ မဟုတ်တော့ဘူး

ရှမ်းကလေး။ ။ ထွီး ပါးစပ်ပုတ်နဲ့ ဘာတွေလျှောက်ပြော နေတာလဲသိဘူး။

ကိုချင်း ။ ။ ဒါလဲကောင်းသားပဲ သူသေသွားရင် ကျွန်တော့်ညီမက သူ့အမွေတွေ အကုန်ရတာပေါ့

ရှမ်းကလေး။ ။ လက်က မလျှော့သေးဘူး

ကိုချင်း။ ။ ဒါနဲ့ ရှမ်းကလေးက ဘာလို့သေမှာလဲဗျ ကိုကြီးကံသာရ

ကိုကံသာ။ ။ မင်းပဲစဉ်းစားကြည့်လေ အဲ့လောက်တောင် မိန်းမယူထားတာ ဒီကောင် AIDS နဲံ့ မသေလို့ ငှက်ဖျားနဲ့ သေရမှာလားကွ

ရှမ်းကလေး။ ။ ကိုကံသာ ခင်ဗျား မနာလိုတိုင်း ရှောက်မပြောနဲ့ဗျာ

ကိုချင်း ။ ။ ကဲကဲ ကိုကံသာနဲ့ မောင်ရှမ်းတို့ရေ မောင်ရင်တို့ ပြောတာလဲ နောက်မှပြောပေါ့ အခုက ပရိတ်သတ်တွေက ခဲတွေနဲ့ ထုဖို့ စိတ်ကူးပေါက်နေပြီ၊ ဟောဟိုမှာကြည့် ကောင်မလေးတစ်ယောက် မျက်နှာပုတ်နေပြီ၊ ခဏနေ မင်းတို့ကို ခဲနဲ့ ပေါက်တော့မယ်။

ရှမ်းကလေး ကိုချင်းခေါင်းအား လင်ဗန်းနှင့် ရိုက်ချ

ရှမ်းကလေး။ ။ ရှောက်ပြော အဲ့ဒါ သူ့ရည်းစားကို စိတ်ကောက်လို့ မျက်နှာမကောင်းတာဗျ၊ ခင်ဗျားကလေ အသက်ကြီးပြီး လူမစီးတဲ့လို လူမျိုး၊ ထမင်းစားပြီး ချီးဖြစ်တယ်ဆိုတာ ခင်ဗျားကို ပြောတာ၊ ဘာမှမသိဘူး

ကိုချင်း ။ ။ ဒါဆိုမင်းက အသက်ငယ်ပြီး လူကျယ်တယ်ပေါ့

ရှမ်းကလေး။ ။ ကျွန်တော်က လူကျယ်တာ မဟုတ်ဘူး မသိတဲ့ မတတ်တဲ့ လူကို သင်ပေးတာ၊ ဟုတ်တယ်နော် ဟိုက ညီမလေး၊ ညီမလေးရဲ့ နာမည် ဘယ်လိုခေါ်လဲဟင်

ကိုချင်းရှမ်းကလေးခေါင်းအား လင်ဗန်းနှင့် ထက်ရိုက်ချ

ကိုချင်း။ ။ အရေးထဲက ကိုယ့်ရဲ့ အကျင့်ကို ပရိတ်သတ်ကို ပေးသိသေးတယ်

ကိုကံသာ။ ။ ကဲကဲကဲ ညီလေးတို့ရေ ပြောကြတာလဲ ပြောကြပေါ့ကွာ ကဲ လုပ်စရာရှိတာလည်း လုပ်လိုက်ကြရအောင်

ရှမ်းကလေး။ ။ ဟုတ်ကဲ့ပါ ကိုကြီး ကံသီး အဲဟုတ်ပါဘူး ကိုကြီး ကံသာရေ

ကိုချင်း ။ ။ ကဲ ငါပြောမယ် မင်းတို့သေချာနားထောင်

ရှမ်းကလေး။ ။ ပြောဗျာ...

ကိုချင်း ။ ။ ငါတို့ သရုပ်ဆောင်ကြရအောင်

ကိုကံသာ။ ။ အေးလေ သိတယ်၊ ပြောနေတာ အခါပေါင်း ရေလို့ကို မရတော့ဘူး

ကိုချင်း ။ ။ ကျွန်တော်တို့ သရုပ်ဆောင်မယ် ဆိုတော့ ဘယ်သူ လူဆိုးလုပ်မယ် လူကောင်းလုပ်မယ်ဆိုတာ ရှိသေးတယ်လေဗျာ

ရှမ်ကလေး။ ။ ဟေး ငါတို့ကတော့ မင်းသားပဲဟေ့၊ ဒါမှ မင်းသမီး လက်ကိုင်ရမှာ

ကိုချင်း ။ ။ အော.. ရှမ်းကလေး မင်းပြောမှပဲ ငါသတိရတော့တယ် မင်းသမီးလုပ်ဖို့ ပရိပ်သတ်အသည်းစွဲ ချောရတနာလေးကို ခေါ်ရဦးမယ်လေကွာ

ကိုကံသာ။ ။ မင်းတို့က မမေ့သင့်တဲ့ အရာကို မေ့တာကိုးကွ... ကဲကဲကဲ ရှမ်းကလေး မင်းသမီးကို ခေါ်ကွာ

ရှမ်းကလေး။ ။ မင်းသမီး ကိုခေါ်ရမယ်

ကိုကံသာ။ ။ ဘာလဲ မင်းက မခေါ်ဘူးလား

ရှမ်းကလေး။ ။ ကျွန်တော်က ဘာလို့ခေါ်ရမှာလဲ

ကိုချင်း။ ။ ဟာဒီကောင် ဒီနေ့ဘာဖြစ် နေတာလဲ

ရှမ်းကလေး။ ။ နေဦး ကျွန်တော် မင်းသမီးကို ခေါ်ရင် မင်းသမီး လက်ကိုင်ရမှာလား
ရှမ်းကလေးက ကျော်ဟိန်းလေသံနှင့် ခတ်တည်တည်ပြောလိုက်သည်။

ကိုချင်းနှင့် ကိုကံသာ နှစ်ယောက်စလုံးက ရှမ်းကလေးအား လင်ဗန်းနှင့် ၀င်ရိုက်ကာ
ကိုချင်း ။ ။ စကားကောင်းပြောကွာ

ရှမ်းကလေး။ ။ ဟဲဟဲ ကျွန်တော် အကယ်ဒမီရအောင် လေ့ကျင့်နေတာပါ

ကိုကံသာ။ ။ ရှမ်းကလေး နင်အကယ်ဒမီ တကယ်ရချင်လား

ရှမ်းကလေး။ ။ အေးပေါ့ ဘာလဲ နင်က ငါ့ကို ပေးမလို့လား

ကိုကံသာ။ ။ နင်အကယ်ဒမီ ရချင်ရင် နင့်အဘ ဗိုလ်ချူပ်ကြီးတွေကို တနေ့ဘုရား သုံးခါရှိခိုးပြီး ညတိုင်းလည်း ပုတီး စိတ်ပါတယ်လို့ နင့်ရေးနေတဲ့ ဘလော့မှာကော နင်ဗွီဒီယို ရိုက်ရင်ကော အဲ့လိုတွေပြော နင်အကယ်ဒမီ ရမှာသေချာတယ်

ရှမ်းကလေး။ ။ ဘာဘာ ငါက ငါ့အအဘ တွေကို အဲ့လို ပြောရမယ်

ကိုကံသာ။ ။ အေးပေါ့ အဲ့လိုပြောလို့ ထိုင်းနိုင်ငံ ၀န်ကြီးချူပ်တောင် အကယ်ဒမီ ရနေပြီ ဒါတောင်မှ ထိုင်းဝန်ကြီးချူပ်က တနေ့ကို ဘုရား သုံးခါ ရှိခိုးတယ်လို့ မပြောသေးဘူး

ရှမ်းကလေး။ ။ ဒါနဲ့ ထိုင်းဝန်းကြီးချူပ်က ဘာအကယ်ဒမီ ရတာလဲ

ကိုချင်း။ ။ ၀မ်းလျှောရောဂါရှင် အကယ်ဒမီလေ

ကိုကံသာ။ ။ မင်းကလည်း မသိပဲနဲ့ လျှောက်ပြောနေ

ကိုချင်း။ ။ မသိဘူးလေကွာ ငါတွေ့တာ ထိုင်းဝန်ကြီးချူပ် မြန်မာက ပြန်လာကတည်းက မကြာဘူး ၀မ်းလျှောရောဂါ တန်းဖြစ်တာပဲ

ရှမ်းကလေး။ ။ တောပါပြီဗျာ အကယ်ဒမီ မရချင်တော့ဘာဘူး ကဲ မင်းသမီးကို ခေါ်တော့မယ်

ကိုကံသာ။ ။ အေး ခေါ်စေဗျာ

ရှမ်းကလေး။ ။ အဖြူရောင် ၀ိုင်းဆက်လေးကို
ဆင်မြန်း၍
အနီရောင် နှုတ်ခမ်းနီလေးကို
ခြယ်သကာ
အပြာရောင် တဘက်လေးကို
ခါးမှာပတ်လို့
ချောချင်တိုင်းချော
လှချင်တိုင်းလှ နေတဲ့
မမချောရတာနာလေးရယ်
ဒီမြေတခွင်မှာ မှီသင်းနေထိုင်
ဘ၀ကို တည်ဆောက်နေကြတဲ့
ပွဲလာဧည့်ပရိတ်သတ်တွေက
မင်းကိုမှ မမြင်ရရင်
လူရွင်တော်တွေဖြစ်တဲ့
အချစ်ကံမပါ ကိုကံသာရယ်
အချင်းချင်းဗျင်းတဲ့ ကိုချင်းနဲ့
တော်တော်ရှမ်းတဲ့ ရှမ်းကလေးငါ့ကို
သူတို့ပါလာသမျှ ပစ္စည်းတွေနဲ့
ငါတို့တတွေကို ပစ်မယ်ဆိုလို့
မင်းသာအရောက်မလာရင်
မင်းရဲ့ ပျော့ပျောင်းလှတဲ့
လက်နုနုလေးတွေနဲ့
ငါတို့ရဲ့ နဖူး၊ ပါး၊ ခေါင်းပေါ်က
ဖုရောင်နေတဲ့ ဒါဏ်ရာတွေကို
ကြက်ထိုးပေးချင်တယ် ဆိုရင်တော့
ထွက်မလာခဲ့နဲ့ပေါ့ကွာ...။

ရှမ်းကလေးရဲ့ စိန်ခေါ်မှု တစ်ရက်ကြောင့်လားမသိ မင်းသမီးခင်မျာ အပြေးထွက်လာတာ ဖိနပ်ကျွတ်တော့မလို့....၊

ကိုကံသာ။ ။ ချောရတာနာ နင်ကလည်း ဖြည်းဖြည်းလာလည်း ရပါတယ်ဟ..၊ ဖိနပ်က ငါ့ပါးကို ကပ်တော့မယ်..၊

ကိုချင်း ကိုကံသာ ခေါင်းကို လင်ဗန်းနှင့် ရိုက်ချ

ကိုချင်း။ ။ ခင်ဗျားက ဘာလဲဗျ..၊ မင်းသမီးက ဘာလို့ ဇာတ်စင်ပေါ်မှာ ဖိနပ်စီးမှာလည်း ဗျ..၊ ပြောလိုက်ရင် စောက်တလွဲကြီးပဲ

မင်းသမီး။ ။ မင်္ဂလာပါရှင် ကိုရှမ်းကလေး

ရှမ်းကလေး။ ။ ဝေ့ ညီမလေး နာမည်ခေါ်ရင် ကိုကိုလို့ ထည့်မခေါ်ပါနဲ့

ကိုချင်း။ ။ အံ့မယ် ဘာဖြစ်လို့လဲ

ကိုကံသာ။ ။ သူ့ကိုသူ ရှက်လို့ နေမှာပေါ့..၊ ဒီမယ် ချောရတနာ နောက်ဆို ကိုကိုဆိုပြီး ထည့်မခေါ်နဲ့ ဦးဦးလို့ ထည့်ခေါ်..၊

ရှမ်းကလေး။ ။ ခင်ဗျားရှောက်ပြောတော့မယ်၊ တကယ်တော့ ကျွန်တော်က အသက်ငယ်ငယ်လေးပဲ ရှိသေးတာ..၊ ကျွန်တော်က အသက်ကြီး ဟန်ဆောင်နေတာ.၊

ကိုချင်း။ ။ မင်းရှောက်မပြောနဲ့ ရှမ်းကလေး..၊ ကဲပြော ဒါဆို ဘာဖြစ်လို့ အသက်ကြီး ဟန်ဆောင်နေတာလည်း

ရှမ်းကလေး။ ။ ကျွန်တော်ငယ်ငယ်တုန်းက ရွာမှာနေတုန်းကပေါ့ဗျာ..၊ ကျွန်တော့်ရွာကို သူဌေးသမီး မမတစ်ယောက်လာလည်တယ်။ အဲ့ဒီမမက ကျွန်တော့်ထက် အသက် 4 နှစ်လောက်ကြီးတယ်..၊ ၂၀ ပေါ့..၊ အဲ့ဒါ သူကျွန်တော့်ကို တွေ့တော့ ကြိုက်ပါလေရော..၊ အဲ့ဒီတုန်းက ကျွန်တော်ကလည်း ရုပ်ကလေးက ရှိသေးတာကို..၊ ကျွန်တော်က အဲ့ ဒီတုန်းက အသက် ၁၆ နှစ်ပဲ ရှိသေးတာ..၊ ဒါပေမဲ့ ကိုယ်လုံးက ကြီးတော့ ကျွန်တော်အသက် ငယ်မှန်း ဘယ်သူ့မှ မသိသေးဘူးလေဗျာ..။ အဲ့ဒါနဲ့ အဲ့ဒီမမက ကျွန်တော်ကို သူ့နဲ့ ရွယ်သူ ထင်ပြီး ကျွန်တော့်ကို လာပြီးတော့ ဘာပြောလဲ ထင်လဲ

ကိုကံသာ။ ။ မင်းကို ဘာပြောသွားတာလဲ..၊

ရှမ်းကလေး။ ။ ကိုချင်းကော ကျွန်တော်ကို အဲ့ဒီ မမက ဘာပြောသွားတယ်လို့ ထင်လဲ

ကိုချင်း။ ။ မင်းပြောမှ ငါတို့သိရမှာပေါ့ကွ..၊ အဲ့ဒီမမက မင်းကို ဘာပြောသွားလဲ

ရှမ်းကလေး။ ။ ချောရတနာ ညီမလေးကကော အဲ့ဒီမမက ဘာပြောသွားလဲလို့ ထင်လဲ

ကိုကံသာနှင့် ကိုချင်းတို့ နှစ်ဦး ရှမ်းကလေးကို စိတ်မရှည်နိုင်တော့၍ လင်ဗန်းနှင့် အပြင်းဆုံး ရိုက်ချ

ကိုကံသာ။ ။ ဟေ့ကောင် ငါနားထောင်ရတာ မျက်စိညောင်းနေပြီ..၊ မြန်မြန်ပြော

ရှမ်းကလေး။ ။ အဲ့ဒီမမကလေ ကျွန်တော့်နား ဖြည်းဖြည်းလေးတိုးပြီး အား

ုကိုချင်း။ ။ ဘာလဲ အဲ့ဒီ မမက မင်းအနားတိုးပြီး ဆိတ်သွားလို့လား အားအား လို့အော်ရအောင်

ရှမ်းကလေး။ ။ လုပ်ပြီ အဲ့ဒီမမက ကျွန်တော့်ကို ပြောသွားတာက ဒီလိုဗျ..၊ အကို ရှမ်းကလေး အကိုက ဗလကောင်းသားပဲ ကျွန်မတို့အိမ်မှာ အိမ်ဖော်လုပ်မလားတဲ့..၊ ပန်းအိုးတွေမရအောင်တဲ့..၊

ကိုကံသာ။ ။ အဲ့ဒါ ဒီက ငါတို့ ညီမလေး ချောရတနာနဲ့ ဘာဆိုင်လို့လဲကွ

ရှမ်းကလေး။ ။ ဆိုင်တာပေါ့ဗျာ အကိုခေါ်ပြီး သူ့အိမ်မှာ ထမင်းချက်ခိုင်းရင် ဘယ်လိုလုပ်မလဲဗျ

ကိုချင်း။ ။ ထမင်းချက်ရင် ဗလမရှိလည်း ရပါတယ်ကွာ

ရှမ်းကလေး။ ။ ခင်ဗျားဘာသိလို့လဲ ဗလမရှိပဲ ထမင်းကို ယောက်မနဲ့ မွေရင် ဘယ်လိုမွေနိုင်မှာလဲဗျ..။ ဗလကောင်းခြင်းသည် ထမင်းချက်ချိန် မွေရာတွင် အလွန်မှ အသုံးဝင်လသည်လို့ စာဆိုရှိခဲ့တာ ခင်ဗျား တစ်ခါမှ မကြားဖူးဘူးလား။

ကိုကံသာ။ ။ ဟားဟားဟား မင်းပြောမှပဲ ငါကြားဖူးတော့တယ်ကွာ ဟားဟားဟား

ကိုချင်း။ ။ ကဲကဲ အကိုတို့ ကျွန်တော် ကဲကဲ ပြောရတာလဲ ကျွန်တော်တောင် တော်တော်ကို ကဲချင်လာပြီ အပြောလေးနဲ့ ကိုက်ညီသွားအောင် အလုပ်လေး လုပ်ပြလိုက်အောင်ကွယ်..၊ ရှမ်းကလေး တိတ် တိတ် မင်းဘာပြောမယ် ဆိုတာ ငါသိတယ်..၊ ဆက်မပြောနဲ့ မင်းပြောရင် ဒီနေ့ကလို့ ပြီးမှာ မဟုတ်တော့ဘူး

ရှမ်းကလေး။ ။ အော.. အကိုက ကနေတာလား...။

ကိုချင်း။ ။ ဟေ့ကောင် ပြောလေကဲလေပါလား..၊ တော်တော် စကားများတဲ့ ကောင်...၊ ကြည့်နေ ငါ့ညီမကို အိမ်ပြင်ထွက်ခွင့် မပေးတော့ဘူး..၊

ရှမ်းကလေး။ ။ ကဲ ကိုချင်းက တော်ဆိုလည်း တော်တော့မယ်ဗျာ..၊

ကိုကံသာ။ ။ ကဲ ညီလေးတို့ရေ လုပ်ငန်းလေး စလိုက်ကြရအောင်ကွယ်

ကိုချင်း။ ။ ရှမ်းကလေး မင်းက ဒီနေရာမှာ မင်းသားလုပ်ရမယ်..၊ မင်းမင်းသားလုပ်ရမယ် ဆိုတော့ လူတစ်ယောက်ရဲ့ ပုံကို သရုပ်ဆောင်ရမယ်

ရှမ်းကလေး။ ။ ဟား ရတာပေါ့..၊ ဘယ်မင်းသားရဲ့ စရိုက်လဲပြော...၊ လွင်မိုးလား၊ ဒွေးလား၊ ကျော်ဟိန်းလား၊ ကျော်သူလား၊ ဇာဂနာ

ကိုချင်း။ ။ တော်တော် မင်းဟာ တစ်ခုမှ မဟုတ်ဘူး

ကိုကံသာ။ ။ ဒါဆို ဘယ်သူ့စရိုက်လည်းကွ

ကိုချင်း။ ။ ဗိုလ်ချူပ်မှူးကြီး သန်းရွေ

ရှမ်းကလေး။ ။ ဘာဘာ ဗိုလ်ချူပ်မှူးကြီး သန်းရွေ..၊ လုပ်နိုင်ပါဘူးဗျာ..၊ သူမှ မင်းသားမှ မဟုတ်တာ..၊ သူက လူသတ်သမားကြီးကို

ကိုကံသား။ ။ ဟေ့ကောင် ရှမ်းကလေး ငါမပါဘူးနော်

ကိုချင်း။ ။ ရှမ်းကလေး မောင်ချင်းတို့က ဘူးဆိုဖရုံမသီးဘူးကွ..၊ လုပ်ဆိုလုပ်ပဲ..၊ တချက်လွတ်အမိန့်..၊ မင်း ဗိုလ်ချူပ်မှူးကြီး သန်းရွေ စရိုက်ကို ပေါ်လွင်အောင် သရုပ်ဖော်ရမယ်။

ရှမ်းကလေး။ ။ အမလေး လန့်လိုက်တာ..၊ ကျွန်တော်တော့ ငရဲတွေ ကြီးကုန်တော့မှာပဲ..၊ ဒါဆို မင်းသမီးက ဘယ်သူ့ စရိုက်ကို သရုပ်ဆောင်ရမလဲ..၊

ကိုချင်း။ ။ မင်းသမီး ချောရတာနာက ဗိုလ်ချူပ်မှူးကြီးသန်းရွေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင် စရိုက်ကို သရုပ်ဆောင်ရမယ်။

မင်းသမီး။ ။ ဟာ သရုပ်ဆောင် ချင်ဘာဘူး..၊ တော်ပြီ ကိုချင်းကို ချစ်တော့ဘူး

ကိုချင်း။ ။ ဒါဆိုလဲ ရပါတယ် ချောရတနာလေးရယ် ရတနာလေး ကြိုက်တာ သရုပ်ဆောင်

ရှမ်းကလေး ကိုချင်းပြောဆိုမှုကို မကျေနပ်သော မျက်နှာ အမူအရာနှင့် လင်ဗန်းနှင့် ကိုချင်းခေါင်းအား ရိုက်ချ

ရှမ်းကလေး။ ။ ကိုချင်း ခင်ဗျားဟာ..၊ ကျွန်တော့်ကျတော့ ဘူးဆိုဖရုံမသီးဘူးတဲ့..၊ မင်းသမီးကျတော့ သူကြိုက်ရာ သရုပ်ဆောင်တဲ့..၊ ဘာလဲခင်ဗျားက ဘူးဆိုပြီး ဘူးထက်ထပြလိုက်တာလား

ကိုချင်း။ ။ မင်းသမီးနဲ့ မင်းနဲ့မှ မတူတာကွ..၊

ကိုကံသာ။ ။ ကဲကဲ တော်ကြပါတော့ မင်းသမီးလဲ ဒေါ်ကြိုင်ကြိုင်လုပ်..၊ ပြီးတော့ ငါကျတော့ရော ဘယ်သူ့စရိုက်ကို သရုပ်ဆောင် ရမှာလဲ

ကိုချင်း။ ။ ကိုကံသာ..၊ ခင်ဗျားကို ကျွန်တော်က ဆရာတင်တဲ့ အတွက် ခင်ဗျားက ဗိုလ်ချူပ်မှူးကြီး မောင်အေးရဲ့ စရိုက်ကို သရုပ်ဆောင်

ရှမ်းကလေး။ ။ ကိုချင်းက ကိုကံသာကို ဘာဆရာသင်တာလည်း

ကိုချင်း။ ။ အရက်သောက်တဲ့ နေရမှာလေကွာ..

ကိုကံသာ။ ။ ငါအရက်သောက်တာတော့ ဟုတ်ပါပြီ..၊ ဘယ်နဲ့ ဗိုလ်ချူပ်မောင်အေးက ကြားက ကပ်ပါသွားရတာလဲ

ကိုချင်း။ ။ ဟားခင်ဗျားကလည်း ဗိုလ်ချူပ်မောင်အေးက အရက်ကို မိန်းမလို စွဲတာဗျ..၊ ခင်ဗျားမယုံရင် တီဗွီကြည့်ကြည့်ပါလား..၊ ဗိုလ်ချူပ်မောင်အေး ပါလာပြီဆိုရင်..၊ နော်မှ ပြားပြားလေးနဲ့ ကပ်ပါလာတာ..၊ သူ့မိန်းမဆို ဘေးတောင်မကပ်ဘူး..၊ အရက်နဲ့နံလို့

ရှမ်းကလေး။ ။ ဘာတုန်း

ကိုချင်း။ ။ အရက်ပုလင်းပြား

ကိုကံသာ။ ။ ငါမပါဘူးနော် မောင်ချင်း

ရှမ်းကလေး။ ။ ကိုချင်း..၊ ကျွန်တော်တို့က ဗိုလ်ချူပ်တွေရဲ့ စရိုက်တွေကို သရုပ်ဆောင်တာတော့ ဟုတ်ပါပြီ..၊ ခင်ဗျားက ဘယ်ဗိုလ်ချူပ် စရိုက်ကို သရုပ်ဆောင်မှာလည်း..၊ ဘာလဲ ဗိုလ်ချူပ်စိုးဝင်း စရိုက်လား..၊ သူက ဒီပဲယင်း လူသတ်ကောင်နော်..၊ အခုတော့ တာမလွန်မှာ နောင်တရနေပြီ..၊ ခင်ဗျားသူ့စရိုက်ကို သရုပ်ဆောင်မယ်ဆိုရင်တော့ ကျွန်တော်ခင်ဗျားကို ငရဲပြည် ဦးရင်ပို့မှရမယ်..၊

ကိုချင်း။ ။ ဟေ့ကောင် ဘာတွေရှောက်ပြောနေတာလည်း..၊ ဘယ်ဗိုလ်ချူပ်ရဲ့ ငါသရုပ်မဆောင်ဘူး..၊

ကိုကံသာ။ ။ မောင်ချင်းက ဘယ်သူ့စရိုက်ကို သရုပ်ဆောင်မှာလည်း

ကိုချင်း။ ။ အဲပုဂံပိုင်ရှင် ဦးတေဇ စရိုက်ကို သရုပ်ဆောင်မှာ..၊ ဒါမှ ဗိုလ်ချူပ်ရဲ့ သမီးတွေ..၊ မြေးတွေ၊ သူမတွေ အလားကားရတာ..၊ ဟိဟိ ပြောရင်းနဲ့ တေဇတောင် ဖြစ်ချင်လာပြီ..၊

ရှမ်းကလေး။ ။ သူကျတော့လျှင်တယ်..၊ ရတယ် ငါလည်း ကြိုင်ကြိုင်လစ်တဲ့ အချိန် တေဇရဲ့ သမီးကို အပိုင်ကြံမှာ.. ဟိဟိ

ကိုချင်း။ ။ ကဲ ကျွန်တော်တို့ရဲ့ သရုပ်ဆောင်မှုတွေကို စလိုက်ကြရအောင်ကွာ..၊ အားလုံးပီပီပြင်ပြင်နဲ့ သရုပ်ဆောင်ကြနော်..၊ ပြီးရင် ငါတို့ အကယ်ဒမီ ရွေးပွဲလည်း ရှိသေးတယ်။

ရှမ်းကလေး။ ။ ဟင်းခင်ဗျားဟာ ဘယ်သူက ကျွန်တော်တို့ကို အကယ်ဒမီပေးမှာလည်း

ကိုကံသာ။ ။ အေးလေ မင်းဟာ ငါတို့က သူတို့အကြောင်းကို လူတကာရှေ့မှာ ဖော်ထုတ်တော့ အကယ်ဒမီမရပဲ Gun စာမိသွားမှာ

ကိုချင်း။ ။ မင်းတို့ကလည်း ပြောရင် စောက်တလွဲချည်းပဲ..၊ ငါပြောတာ အခုဇာတ်စင်ရှေ့မှာ ရောက်နေတဲ့ ပရိပ်သတ်တွေက ပေးမှာပေါ့ကွ..၊

ရှမ်းကလေး။ ။ ဟားဟား ဒါဆို အကယ်ဒမီရဖို့ သန်းရွေစရိုက်နဲ့ အညီ လူသတ်ဖို့ အမိန့်များများ ပေးမှ ရမယ်ဟေ့..

ကိုကံသာ။ ။ ကဲစကြရအောင် ရွားစားရေ

ကိုကံသာက ရွာစားရေလို့ ပြောလိုက်တာနဲ့ တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင်ရဲ့ ရွာစားများကလည်း တက်ညီလက်ညီနှင့် သံပြိုင် သီဆိုတီးမှုတ်လိုက်တာ သာယာဖွင် မြန်မာ့ဆိုင်းဝိုင်းရဲ့ အသံလေးက ချိုသာစွာနှင့်ပင် ထွက်ပေါ်လာလေသတည်း..၊ ထို့နောက် သန်းရွေအဖြစ် သရုပ်ဆောင်သော ရှမ်းကလေးနှင့် ကြိုင်ကြိုင်အဖြစ် သရုပ်ဆောင်သော တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင်ရဲ့ မင်းသမီးချောလေး ချောရတနာလေးတို့ နှစ်ယောက် အကောင်းစား ထိုင်ခုံပေါ်တွင် ကိုယ်စီထိုင်က တီးတိုးတိုင်ပင်နေကြသည်..။

ရှမ်းကလေး။ ။ မေကြိုင်ရ..၊ ဒီနှစ်တော့ ဖေကြီးတို့ သိပ်ကံမကောင်းဘူးကွ..၊

မင်းသမီး။ ။ ဒါဆို မေကြိုင် ယတျာရာ သွားချေလိုက်မယ်လေ

ရှမ်းကလေး။ ။ ဟာ မေကြိုင်ရဲ့ ယတျာရာက ယုံလို့ရပါတော့ မလား မေကြိုင်ရ..၊

မင်းသမီး။ ။ ဟာဖေကြီးနော် မေကြိုင်ယုံကြည်တဲ့ ယတျာရာကို လာမထိနဲ့နော်..၊ အသက်ခြင်းလဲပလိုက်မယ်

ရှမ်းကလေး။ ။ ဒါနဲ့ ဟို စက်တင်ဘာတုန်းက ဘုန်းကြီးတွေကို ရက်ရက်စက်စက် သတ်တုန်းက ဟိုကောင် ငမောင်အေးတို့က ဘုန်းကြီးတွေကို နဲနဲငဲ့ညာတယ်လို့ ပြောသံကြားတယ် မေကြိုင်ရ..၊

မင်းသမီး။ ။ ဟာအဲ့ဒါ အလားကား..၊ သူထင်တာ..၊ ဘုန်းကြီးတွေ ဆန္ဒပြလို့ ဖေကြီးက ရာထူးချပြီး ထွက်ပြေးမယ်ထင်တာ..၊ ဖေကြီး ထွက်ပြေးရင် သူလည်း ထွက်ပြေးရမှာလေ...၊ ဖေကြီးနဲ့ သူက ဇာတ်တူသားတွေပဲကို..၊ အဲ့ဒါ သူက မျက်နှာကောင်းယူတာ..၊ ကြည့်ပါလား..၊ ဖေကြီး ရာထူးမချပဲ ဖေကြီးရဲ့ အမိန့်ပေးမှုကြောင့် ဖေကြီးရဲ့ လက်မရွံ့တပ်သားတွေ ဘုန်းကြီးတွေကို နှိမ်နင်းလိုက်တဲ့ နောက်ပိုင်း ဖေကြီးက နိုင်သွားတော့ သူလဲ အရက်ဆက်သောက်တာပဲ..၊ အလားကားပါ

ရှမ်းကလေး။ ။ ဟင်..၊ သူအရက်ဆက်သောက်တာ မေကြိုင်က ဘယ်လိုသိလဲ..၊ သူ့အိမ်မှာသူသောက်တာကို

ဒေါ်ကြိုင်ကြိုင် အငိုက်တစ်ချက် မိသွားပြီလေ..၊ သန်းရွေသိတာပေါ့..၊ သန်းရွေယူလာတဲ့ မိန်းမပဲ..၊ မင်းတို့က သန်းရွေကို ဘယ်စမ်းလို့ ရမလဲ..၊ မင်းတို့ရဲ့ ယတျာရာတွေကို ကြောက်နေလို့တာ.. သန်းရွေဘာမှ မပြောတာ..၊ ကြိုင်ကြိုင်ရာ မင်းဥာဏ်လောက်တော့ ငါလိုက်မီပါသေးတယ်ကွာ.. ဟားဟားဟား ဟု သန်းရွေက တွေးရင်း ရီလိုက်တာ နောက်ဆုံး ဟားတစ်ချက်မှာ အသံက ထွက်ဖြစ်အောင် ထွက်သွားသေးတယ်

မင်းသမီး။ ။ ဖေကြီးက ဘာရီတာလဲ..၊

ရှမ်းကလေး။ ။ အော.. ဘာမှမရီပါဘူး..။ မေကြိုင်ကို သဘောကျလို့ပါ..၊ မေကြိုင်က အဲ့လောက်တော်တဲ့ အတွက်..၊ ဖေကြီးက ဂုဏ်ပြုခြင်းနဲ့ ရီတာပါ..။

ဟင်းဟင်းကံကောင်းလို့ မိတော့မလို့ မိလို့ကတော့ ဒီညထက်နှိပ်စက် ခံရဦးမှာ သေချာတယ်..။

မင်းသမီး။ ။ ဟော ကားသံကြားတယ်..၊ မောင်အေးလာလားမသိဘူး

ကြိုင်ကြိုင်က ထိုသို့ပြောဆိုသောအခါ သန်းရွေက ဟင်း ဒီကောင်မှ မောင်းအေးနဲ့ ဘယ်လောက်များ နေထားလဲမသိဘူး..၊ ကားလာတာတောင်မှ မောင်အေးကားမှန်းသိတယ်..၊

ရှမ်းကလေး။ ။ ဟေ..၊ ဟုတ်လား..၊ အေးခေါ်လိုက်လေ မေကြိုင်

ထိုစဉ် မောင်အေးအဖြစ် သရုပ်ဆောင်သော ကိုကံသာ ၀င်ရောလာကာ အရက်သောက်ထားသော လူတစ်ဦး လေသံနှင့်

ကိုကံသာ။ ။ ဟာ ကိုကြီးတို့ လင်မယားက အိမ်မှာ ရှိနေကြတာကိုး..၊

မေကြိုင်။ ။ ဟုတ်တယ် မောင်အေးရ နင့်အကိုကြီးက ဒီမှာ သိပ်နေမကောင်းလို့လေ..

ကိုကံသာက ခါးကြားမှ ပစ္စည်းတခု ထုတ်ရန်ပြင်သောအခါ

ရှမ်းကလေး။ ။ မင်းဘာထုတ်မလို့လဲ မောင်အေးရ

ကိုကံသာ။ ။ အော.. ဘာမှ မဟုတ်ပါဘူး..၊ အရက် တစ်ပက်လေး ကျန်တော့လို့ ဆက်ချမလို့

“အေးဆက်ချဆက်ချ မင်းအရက်နှင့်ခါသောက် မြန်မြန်သေမှ ကောင်းတယ်..”ဟု သန်းရွေ စိတ်ထဲမှာ တွေးလိုက်သည်

ရှမ်းကလေး။ ။ တပက်ပဲ ရှိတော့တာလား..၊ ဒီမှာ ဆက်ချလို့ ရသေးတယ်လေကွာ.. မေကြိုင် ဟိုနိုင်ငံခြားက အထူးမှာထားတဲ့ အရက်ယူလာဦးလေ

မင်းသမီး ထဖို့ပြင်တုန်းပဲရှိသေးတယ်.. မောင်အေးက

ကိုကံသာ။ ။ နေ နေ နေပါစေ ကိုကြီးရ..၊ ညီအဲ့လောက်လဲ အရက်ကို မမက်ပါဘူးဗျာ..။

“အောင့်မား ငါမသိဘူးမှတ်နေလား..၊ ခင်းဗျားတို့ လင်မယား အရက်ထဲမှာ အဆိပ်ထည့်ပြီး ကျွန်တော့်ကို လာတိုက်မှာပေါ့..။ မောင်အေးတို့ အဲ့လောက်အနေရင် ခင်းဗျားတို့အိမ်တောင် မလားဘူးဟေ့ ပြောတော့ နိုင်ငံခြားကို မုန်းတယ်မုန်းတယ်တဲ့ အရက်မှာတော့ နိုင်ငံခြားကတဲ့..၊ ဒီမယ် သန်းရွေ ခင်ဗျားကို ပြောချင်လိုက်သာ သိလား..၊ မောင်းအေးတို့က ကိုယ့်ပြည်က ထုတ်တဲ့ အရက်သာသောက်တာ.. နိုင်ငံခြားအရက်ဆို လုံးဝမသာက်ဘူးလို့” ဟု ကိုကံသာက စိတ်ထဲမှာ ရေရွတ်လိုက်သည်။

“ဟင်းဟင်း မောင်အေး၊ မောင်အေး ရှင်ဘာစဉ်းစားနေတယ်ဆိုတာ ကျွန်မမသိဘူး ထင်နေလား” ဟု မြန်မာနိုင်ငံကို လက်ဝါးကြီး အုပ်ချူပ်ထားသော ခေါင်းဆောင်ကြီးများ တစ်ဦးကို တစ်ဦး စိတ်ထဲမှ ရေရွတ်နေကြခြင်းကြောင့် ထင်တယ်.. မြန်မာနိုင်ငံ ပြည်သူလူထု အများစုကလည်း နအဖစစ်အာဏာရှင်များကို စိတ်ထဲကပဲ မကောင်းကြောင်း ရွေရွတ်နေကြရသည် မဟုတ်ပါလား။

ရှမ်းကလေး။ ။ ပြောလို့ ပြောသာ မဟုတ်ဘူး..၊ ဒါနဲ့ မင်းက အိမ်ကို ဘာလာလုပ်တာလဲ

ကိုကံသာ။ ။ အော.. ဘာအကြောင်း ရယ်လို့တော့ မဟုတ်ဘာဘူး ကိုကြီးကလည်း..၊ ကျွန်တော်တို့ ကိုကြီးတို့က အကြောင်းရှိမှ အိမ်လာရ မှာလား..

ရှမ်းကလေး။ ။ အေးအေး အလုပ်မရှိရင်လည်း ပြန်တော့ကွာ..။ ဒီမှာ ငါအလုပ်တွေ လုပ်ရဦးမှာကွ

“မောင်အေး မင်းမြန်မြန် ပြန်တော့ ခဏနေ ငါ့သမက် တေဇ လာတော့မှာကွ..၊ မင်းရှိရင် ငါ့သမက်နဲ့ ငါတို့ စီးပွားရေးအကြောင်း ဆွေးနွေးလို့ ရမှာမဟုတ်ဘူး ဟိုကောင် တေဇက မင်းလို မကြာခင် သေတော့မယ့် လူမျိုး ရှိရင် သိပ်မကြိုက်ဘူးကွ..၊ ဟိုကောင်က မိန်းကလေး ချောချောလေး ရှိမှ ကြိုက်တာ..၊ ငါ့သမီးတောင် သူ့ကို အဆစ်တစ်ယောက် ပေးထားလို့..၊ ဒါတောင်မှ မေကြိုင်ခေါ်ထားတဲ့ တောက အိမ်ဖော်တစ်ယောက်ကို အဆစ်တောင်းသေးတယ်..၊ ငါလဲပေးတော့ ပေးချင်ပါတယ်လေ..၊ ဒါပေမဲ့ မေကြိုင်က အဲ့ဒီအိမ်ဖော် ထားရတာ ယတျာရာ ချေတာတဲ့.. တောကကောင်မလေးတော့ မပေးနိုင်ဘူးဆိုလို့ ဒီကောင် အသာနေနေတာ..၊ သွားမင်းမြန်မြန် ပြန်တော့”ဟု သန်းရွေကပင် စိတ်ထဲက ရေရွတ်လိုက်သည်။

“အောင်းမယ် ခင်ဗျား အလကား ကျွန်တော့်ကို လာမရွိးနေနဲ့ သန်းရွေကြီး..၊ အလကား အလုပ်လုပ်တယ်တဲ့ ကိုယ့်စီးပွားရေး တခုထဲအတွက် စဉ်းစားတဲ့ လူကများ..၊ ခင်ဗျားတို့ လင်မယားနှစ်ယောက် ဘာတွေဆွေးနွေးလဲ၊ ဘာတွေ လုပ်လဲဆိုတာ ကျွန်တော် ပို့ပေးလိုက်တဲ့ တောသူမ စုံထောက်က ကျွန်တော့ကို အကုန်လုံး အစီရင်ခံတယ်။ ကျွန်တော်ပြန်လည်း ဘာမှ မဖြစ်ပါဘူးလေ..၊ ခင်ဗျားတို့ ဘာလုပ်မလဲဆိုတာ နောက်တော့ သိရမှာပဲ..၊ ခင်ဗျားတို့တတွေ အကြောင်းကို သိရတာလည်း ခင်ဗျားမိန်းမ အပြစ်ပဲလေ..၊ ယတျာရာ အရှုးရှုးတာကို..၊ ဟားဟားဟား” ဟု မောင်အေးကလည်း စိတ်ထဲမှ ရေရွတ်ပြီး ထပြန်ရန် ပြင်လိုက်သည်။

ကိုကံသာ။ ။ ဒါဆိုလဲ ကျွန်တော် ပြန်တော့်မယ် ကိုကြီး..၊ မကြိုင် ကျွန်တော်ပြန်တော့မယ်နော်..၊

ရှမ်းကလေး။ ။ အေး...၊ အေး မင်းလည်း အရက်ပဲ သိပ်သောက်နဲ့ဦး..၊ အလုပ်လဲ လုပ်ဦးကွ..၊ ဘုန်းကြီးတွေလည်း တော်တော် လှုပ်ရှားလာပြီကွ..၊ အဲ့ဒါလဲ ကြည့်ဦး..၊

ကိုကံသာ။ ။ ဟုတ်ကဲ့ ကိုကြီး..၊
မောင်အေး.. ပြန်တော့မယ် ဆဲဆဲ..၊ ကြိုင်ကြိုင်ထံကို မျက်ရိပ် တစ်ခုက ထားသွားသေးတယ်..၊ အဲ့ဒီမျက်ရိပ်ကို ဘယ်သူ့မှ မသိပေမဲ့ မောင်းအေးနဲ့ ကြိုင်ကြိုင်တို့ နှစ်ဦးကတော့ သိမယ်ထင်ပါတယ်။

ဒီတွင်ပဲ တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင်အပိုင်း (၁၀)ကို ရပ်နားလိုက်ပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျား။

ရှမ်းကလေး

“အဝေးဆုံးသို့ ထွက်မသွားနိုင်ပါ” (ဇာတ်သိမ်းပိုင်း)

ရက်တွေလတွေ ပြောင်းလဲသွားကုန်သည်..၊ အိမ်မက်ဖြစ်ချင်သော သတင်းထောက်ကြီးလဲ ဖြစ်ချေပြီ။ ယခုလက်ရှိ အိမ်မက် နေထိုင်သည့် နေရာမှာလည်း ထိုင်းနိုင်ငံ မြန်မာနိုင်ငံသားများ အများစု နေထိုင်ရာ မယ်ဆောက်မြို့ ကလေး မြို့တစ်မြို့၏ ရပ်ကွက် တစ်ခုတွင် ဖြစ်သည်။ ရက်တွေ လတွေ ပြောင်းလဲသွားသလို အိမ်မက်ရဲ့ ဘ၀ကိုလည်း လောကဓံကြီးက ဗြောင်းဆံအောင် ပြောင်းလဲပစ်လိုက်သည်။ လောကဓံကြီးရဲ့ နှိပ်စက်မှုကြောင့်လား၊ ဘ၀ပေးကံ မကောင်းခြင်းကြောင့်လားမသိ အိမ်မက်ဆိုသည့် ကောင်မလေးတစ်ယောက်၏ အချစ်ရဆုံး မွေးမိခင် မေမေလည်း ဘ၀တစ်ပါးသို့ ကူးသွားရှာလေသည်။

အိမ်မက်ရဲ့ မွေးမိခင် ဆုံးပါးသွားခြင်းသည့် အချိန်နှင့် တပြိုင်နက် အိမ်မက်မှာလည်း ဒုက္ခသည်တွင် ကျောင်းပညာ သင်ယူရာတွင် မြန်မာနိုင်ငံတွင် တက္ကသိုလ်ဟုခေါ်သော ဒုက္ခသည်တွင် အမြင့်ဆုံး ကျောင်းကိုလည်း သူမ အောင်မြင်စွာ ပြီးဆုံးသွားခြင်းဖြစ်သည်။ တိုက်ဆိုင်မှု တစ်ခုလားတော့မသိ သူမ စာမေးပွဲ ဖြေသည့်နေ့တွင်ပင် မိခင်ဖြစ်သူ အသည်းအသန်ဖြစ်ကာ ဒုက္ခသည်ရှိ ဆေးခန်းကလေးတွင် ဆေးကုသမှု ခံယူလိုက်ရသည်။ ထိုနေ့သည် အိမ်မက်ရဲ့ အပျော်ဆုံးနေ့ဖြစ်သလို အိမ်မက်အတွက် အထီးကျန် ဖြစ်သွားအောင် ပြုလုပ်လိုက်သော နေ့တစ်နေ့လဲ ဖြစ်နိုင်ပေသည်။ အကြောင်းမူကား မိခင်ဖြစ်သူမှာ ထိုနေ့တွင်ပင် ဒုက္ခသည် ဆေးရုံကလေး၌ ဆုံးပါးသွားခြင်းကြောင့် ဖြစ်သည်။ နောက်ဆုံး အိမ်မက်ရဲ့ မွေးမိခင် ပြောဆိုသွားတဲ့ စကားတစ်ခွန်းကို အိမ်မက် ဘယ်တော့မှ မမေ့နိုင်ပါ။ မိမိ မိခင်က အားအင်များ ကုန်ခမ်းနေသော်လည်း ထိုစကား တစ်ခွန်းကို အားယူကာ ပြောဖြစ်အောင် ပြောဆိုသွားခဲ့သည်။ ထိုစကားတစ်ခွန်းသည် အိမ်မက်အတွက် အဓိကရည်ရွယ်ချက် ဖြစ်သလို၊ မိခင်ရဲ့ အလိုဆန္ဒ တစ်ခုလည်း ဖြစ်သောကြောင့် အိမ်မက်အနေနှင့် ကြိုးစားလုပ်ကိုင်သင့်သည်ဟု မိမိကိုယ်ကို စိတ်ထဲတွင် မှတ်ယူထားသည်။ အိမ်မက်ရဲ့ ဘ၀ ပြောင်းလဲခြင်းမှာ မယုံကြည်နိုင်အောင် ပြောင်းလဲသွားလေသည်။ အဘယ်ကြောင့်ဆိုသော အိမ်မက်ဆိုတဲ့ နာမည်လှလှလေး ပိုင်ဆိုင်ယုံတင် သာမက၊ ရုပ်ကလေးပါ လှတဲ့ အိမ်မက်ဆိုတဲ့ သတင်းထောက်မလေးကို ဒုက္ခသည် စခန်းတွင် ပညာအတူတူ သင်ယူခဲ့သော နော်ထူးဆိုတဲ့ ကောင်လေးတစ်ယောက်က ချစ်စကားဆိုပြီးလို့ အိမ်မက်တို့ နှစ်ယောက်သား ချစ်သူရည်းစား ဘ၀သို့ အလိုလို ရောက်ခဲ့လေပြီ။ သို့သော် အိမ်မက်တစ်ယောက် ချစ်ကံခေ ခဲ့ရှာပါတယ်။ အဘယ်ကြောင့်ဆိုသော် အိမ်မက်၏ ချစ်သူလဲဖြစ်၊ အိမ်မက်ကိုယ်တိုင်က အိမ်ထောင်ဖက်အဖြစ် တစ်ထစ်ချ သတ်မှတ်ထားသည့် မောင်နော်ထူးသည် သူ၏မိသားစုနှင့်တကွ တတိယ နိုင်ငံသို့ ထွက်ခွာရပါတော့မည်။ တစ်ကောင်ကြွက် တစ်မျက်နှာ မည်သူတစ်ဦးတစ်ယောက်ကမျှ သူမတွင် အားကိုးပိုင်ခွင့် မရှိအောင် လောကဓံကြီးက ပစ်ပစ်ခါခါ ရက်စက်သွားလေပြီ။ နိုင်ငံခြားသို့ ထွက်သွားသော ချစ်ရသူ မောင်နော်ထူးနောက်ကို အိမ်မက်တစ်ယောက် လိုက်သွားနိုင်ပါသော်လည်း…..!!!! သို့သော် အိမ်မက်ဟူသော နာမည်လှလှလေး ပိုင်ဆိုင်ထားသူ မိန်းမပျိုတစ်ယောက်တွင် ကြီးမားသော ရည်ရွယ်ချက် အိမ်မက်ကြီးကို အကောင်ထည်ဖော်ရန် သာမက ဘ၀တစ်ပါးသို့ မကူးပြောင်းခင် သူမ၏မိခင်က အားယူကာ ပြောဆိုထားတဲ့ စကားတစ်ခွန်းကလည်း သူမ၏ ဦးနှောက်အတွေးထဲတွင် မှတ်မှတ်ရရ ရှိနေပါသေးသည်။ အိမ်မက်ဟူသော် မိန်းမပျိုလေး ကြီးမားသော ရည်ရွယ်တစ်ရပ်ကား မိမိနိုင်ငံဖြစ်သော မြန်မာနိုင်ငံတွင် မနေရစေကာမူ မိမိနိုင်ငံ၏ ဖြစ်ပျက်နေသော သတင်းအစုံအလင်ကို ယူနိုင်ရန်အလို့ငှာ မိမိတို့ တိုင်းပြည်နိုင်ငံနှင့် နယ်နမိတ်ခြင်း နီးစပ်သော ဤထိုင်းနိုင်ငံကြီးတွင် မနေထိုင်ပဲ အလွန်တရာမှ ဝေးလံလှသော် နေရာကြီးကို အိမ်မက်တစ်ယောက် မည်သို့မျှ မထွက်သွားနိုင်ပေ။ ထို့ကြောင့် အိမ်မက်သည် မိမိနေထိုင် အသက်ရှင်နေနိုင်သော ဤထိုင်းနိုင်ငံကြီးမှ အပ မည်သို့သော နိုင်ငံများကိုမှ ထွက်မသွားနိုင်ပါဟု မိမိကိုယ်မိမိ ဆုံးဖြတ်ထားပေသည်။ ဘ၀တစ်ပါးသို့ မကူးပြောင်းခင် မိခင်တစ်ယောက် အားတင်းကာ ပြောဆိုသွားသော် စကားတစ်ခွန်းမှာလည်း………….၊

ပြီးပါပြီ

ရှမ်းကလေး

Wednesday, April 30, 2008

အဝေးဆုံးကို ထွက်မသွားနိုင်ပါ (၂)

ကျောင်းစာသင်ခန်းသည် ဒုက္ခသည်ဟူသော မိမိသို့ မြန်မာနိုင်ငံမှ လာရောက်ကာ ၀င်ရောက်ခိုလှုံင အစိုးရမဟုတ်သော အဖွဲ့အစည်း အသီးသီးက ထောက်ပံ့သော ကျောင်းတစ်ကျောင်း ဖြစ်ပါင အုပ်အင်္ဂတေများဖြင့် တည်ဆောက်ထားနိုင်ခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် ဆင်းရဲသားများတင် သာမက ငွေကြေးအနည်းအကျဉ်းမျှ ရှိသော ပြည်သူလူထုများ နေထိုင်သော ပြည်နယ်များရှိ အိမ်ခြေများကဲ့သို့ ထရံကာ ဓနိမိုး စသည်ဖြင့်သာ ကျောင်းဆောင်ကြီးအား တည်ဆောက်ထားသည်ကို သူမတွေ့ရှိ လိုက်ရသည်။ ကျောင်းသားများ ပညာသင်ယူရာ ကျောင်းဆောင်ကြီးမှာလည်း တစ်ဆောင်သာ ရှိပြီး ထိုကျောင်းဆောင်ကြီးကို အမှီပြုင ကျောင်းခန်းလေးများ ဖွဲ့စည်းထားသည်ကို သူမတွေ့ရှိရ ပြန်သည်။ ကျောင်းဆောင်ကြီး၏ ပတ်ဝန်းကျင် အနီးအနားတွင်လည်း ကျောင်းသို့၏ ၀ိနည်းနှင့်အညီ စိမ်းစိုလန်းဆန်းသော ပန်းပင်များ၊ အထူးသဖြင့် ရွက်လှပန်းပင်များ အရိပ်ကောင်းသော သစ်ပင်ကြီးများမှာ မြန်မာနိုင်ငံ တောရွာများတွင် တည်ဆောင်ထားသော ကျောင်းများသဖွယ် ယခုဒုက္ခသည် စခန်းရှိ ကျောင်းလေးမှာလည်း သာယာလှပ သေသပ်စွာ တည်ဆောက်ထားကြောင်း သူမတွေ့ရှိလိုက်ရသည်။ သူမနှင့် ခင်ဆီတို့ နှစ်ယောက် ကျောင်းပတ်ဝန်းကျင်ကို တချက်ပတ်ကြည့်လိုက်ပြီး သည်နှင့် ခင်ဆီက “ဟေ့ အိမ်မက် ကျောင်းခန်းထဲ ၀င်ကြရအောင်လေ ကျောင်းလဲတက်တော့မှာပဲ"

"အေးဟုတ်တယ် ကျောင်းခန်းထဲက သူငယ်ချင်းတွေနဲ့ သွားမိတ်ဆက်ရတာပေါ့"

သူငယ်ချင်းဆိုလို့ သူမတွင် များများစားစားမရှိ။ ယခုတွင်လည်း သူငယ်ချင်းဆိုလို့ ခင်ဆီတစ်ယောက်သာ သူ့မှာရှိသည်။ သူ့အတွက် သူငယ်ချင်း များများစား မရှိသည်မှာလည်း သိပ်ပြီးတော့ မထူးဆန်းပါ။ ပထမ တစ်ချက်က သူဒီကို ရောက်သည်မှာလည်း သိပ်ပြီးတော့ မကြာသေးဘူး..၊ နောက် ဒုတိယတစ်ချက်က သူအိမ်မှာပဲနေပြီး အပြင်ထွက်လေ့ သိပ်မရှိ။ နောက်တတိယ အချက်က သူနေထိုင်တဲ့ ရပ်ကွက်မှာလည်း သူ့အရွယ်လောက်ရှိ မိန်းကလေးများပင် သာမက ယောက်ကျားလေးများပါ မရှိခြင်းဖြစ်သည်။ ခင်ဆီတစ်ယောက်မှာပင် သူမတို့၏ အိမ်နှင့် နီးလို့သာပေါ့။ သို့မဟုတ်ရင် သူမမှာ မွေးမိခင်နှင့် အိမ်နီးချင်း ဦးလေး ဒေါ်ဒေါ်သာ ခင်တွယ်စရာ ရှိမည်ဖြစ်သည်။ ပြီးတော့ သူမကိုယ်တိုင်ကလည်း စကားပြောလေ့ သိပ်မရှိ။ သူမရဲ့ ဦးနှောက်က အတွေးနက်တွေထဲကို ရောက်သွားပြီ ဆိုလျှင် ဘာကိုမှ စိတ်မ၀င်စား တာကြောင့်လဲ ဖြစ်နိုင်သည်။ ခင်ဆီကတောင် သူနဲ့တွေ့လျှင် ခဏခဏ ပြောဆိုလေ့ရှိသော စကားစု တစ်ခုကို အမြဲပြောလေ့ ရှိသည်။ အဲ့ဒါကတော့
"အိမ်မက် နင်ကလည်း ငါနဲ့ တွေ့ရင် စကားဘယ်တော့မှ စမပြောဘူး..၊ နင့်ကိုသာ ယောက်ကျားတစ်ယောက်က ချစ်ခဲ့မယ် ဆိုရင်တောင်မှ နင့်ရည်စားက စကားပြောကျင့်မှ ရမယ်တဲ့၊ အဲ့ဒါမှာ နင်နဲ့ စကားပြောလို့ ရမှာ" တဲ့။

သူမနှင့် ခင်ဆီသို့ နှစ်ယောက် ကျောင်းစာသင်ခန်း ထဲသို့ ၀င်လာခဲ့သည်။ ကျောင်းခန်းတွင်းသို့ ၀င်လိုက်သည်နှင့် အဖြူရောင် ကျောင်းဝတ်စုံလေးများကို ၀တ်ဆင်ပြီး ယောက်ကျားလေးများက ပုဆိုးရောင် အစိမ်းလေးများကို ၀တ်ဆင်ကာ၊ မိန်းကလေးများမှာလည်း အစိမ်းရောင် ထမိန်များကို ၀တ်ဆင်ခဲ့ကြသည်မှာ မြန်မာနိုင်ငံ တွင်းက ကျောင်းလေးတွင်းရှိ ကျောင်းသားကျောင်းသား များနှင့် မထူးခြားပါ။ မည်သို့ပင်ဖြစ်စေ သူမနှင့် ကျောင်းတစ်ကျောင်းတင် သာမက ဒုက္ခသည် စခန်းထဲမှ လူအများစုမှာလည်း ဗာမာနိုင်ငံသားများဖြစ်၍ မြန်မာလူမျိုး တိုင်းရင်းသားများပင် ဖြစ်ကြသည် မဟုတ်ပါလား။ ကျောင်းကြီးရှိ စာသင်ခန်းကလေးထဲတွင် ကျောင်းသူကျောင်းသားများ အသုံးပြုရန်အတွက် တာဝန်ရှိသူ အသီးသီးက ဆောင်ရွက်ပေးထားခြင်းကြောင့် ခုံစောင်းကလေးများမှာ အစီအရီပင် ရှိနေပါတော့သည်။ ပြီးတော့ ကျောက်သင်ပုန်း အကြီးကလည်း ကျောင်းသူကျောင်းသားများ၏ အမြင်ရှင်းလင်းအောင် ချိတ်ဆွဲထားသည်မှာလည်း အရှင်းသားပင် မြင်နေရသည်။ ဆရာ၊ ဆရာမများ ထိုင်ဖို့ စားပွဲခုံနှင့် ထိုင်ခုံလေးမှာလည်း သေသပ်စွာ ချထားခြင်းကြောင့် သူမတို့၏ ဒုက္ခသည်ကျောင်းကလေးမှာ စာသင်ကျောင်း တစ်ကျောင်းတွင် ရှိသင့်သည့် အဂါင်္ရပ်နှင့် ပြည့်စုံနေပါတော့သည်။ ဒုက္ခသည်ကျောင်းကလေးသည် မြန်မာနိုင်ငံ မြို့ကြီးများရှိ အထက်တန်းကျောင်းများ အလား ပြီးပြည့်စုံနေသည်မှာ သူမအတွက်တင် သာမက ကျောင်းတစ်ကျောင်းလုံးရှိ ကျောင်းသူကျောင်းသား များအတွက်ပါ ၀မ်းမြောက်စရာပင် ဖြစ်ပါတော့သည်။

"ဆရာမလာပြီ..၊ မင်္ဂလာပါ ဆရာမ"
" မင်္ဂလာပါ သားတို့ သမီးတို့ရေ"
ဆရာမ ဟူ၍ သူမ ရုတ်တရက် ကြောင်သွားသည်။ အဘယ်ကြောင့်ဆိုသော သူမမြင်သော ဆရာမလေးမှာ အသက်အားဖြင့်ကြည့်လျှင် သူမထက် ၃ နှစ် ၄ နှစ် ခန့် ကြီးပေလိမ့်မည်။ ဆရာမလေးဟုပင် သူမမထင်ပါ။ သူမထင်ထားသည်မှာ သူနှင့်ရွယ်သူ ကျောင်းသူလေးဟုပင် ထင်မိပါသည်။ သူများတော့ မသိပါ။
စစတွေ့ခြင်းပင် သူမကိုယ်တိုင် ဆရာမလေးကို အထင်သေးမိသည်။

"ဆရာမက အရမ်းချော တာပဲနော်..၊ ပြီးတော့လည်း ငယ်ငယ်လေးနော်..၊ ချစ်စရာလေးဟယ်" ဟု ခင်ဆီက တိုးတိုးလေး ပြောလိုက်သည်။

"ကဲ သားတို့သမီးတို့ရေ ဆရာမက နာမည်က မေနော်ထူးလို့ ခေါ်ပါတယ်..၊ အသက်ကတော့ ၂၂ ပဲရှိပါသေးတယ်..၊ ဒီဒုက္ခသည် စခန်းကို ရောက်လာတာကတော့ သားတို့သမီးတို့ထက်တော့ ဦးရင်ရောက်လာတယ်လို့လည်း ပြောနိုင်တယ်ပေါ့ကွယ်..၊ သားတို့ သမီးတို့ရေ၊ ဆရာမက သားတို့သမီးတို့လို့ ခေါ်ရတာဟာ ဆရာမနဲ့ တပည့်တို့ရဲ့ တာဝန်ဝတ်တရား အရပါကွယ်..၊ တကယ်တော့ ဆရာမဟာ သားတို့သမီးတို့နဲ့ အသက်သိပ်တော့ မကွာပါဘူးကွယ်..၊ ဆရာမနဲ့ သားတို့သမီးတို့နဲ့ ဒီနေရာမျိုးမှာ တွေ့ဆုံရတာဟာ ရေစက်တခုလို့ ပြောလို့ရသလို..၊ ရှေးဘ၀က ကုသိုလ်ကံအကြောင်း မလှခဲ့လို့လဲ ဖြစ်နိုင်တာပေါ့ကွယ်..၊ တကယ်တော့ ဆရာမနဲ့ သားနဲ့သမီးတို့ဟာ ဘ၀တူတွေပါပဲကွယ်..၊ ဘ၀တူတွေဆိုတာ အချင်းချင်း ရိုင်းပင်းကူညီ ကြရတယ် သားတို့သမီးတို့ရဲ့..၊ သားတို့သမီးတို့ တတွေဟာလည်း ကိုယ့်ခံစားချက်နဲ့ကိုယ် ရှိကြတယ်ဆိုတာလည်း ဆရာမ သိပါတယ်..၊ ခံစားချက် မရှိပဲနဲ့တော့ လူမဖြစ်လာ တတ်ကြပါဘူးကွယ်..၊ ဆရာမ အထူးပြောချင်တာကတော့ ကိုယ့်ခံစားချက်ကို အကောင်အထည် ဖော်နိုင်အောင် ကြိုးစား ကြပေါ့ကွယ်..၊ ပထမဦးဆုံးနေ့မှာ ဆရာမ ၀မ်းနည်းစရာကောင်းတဲ့ စကားတွေပြောသွားသလို့ ပျော်ရွင်စရာကောင်းတဲ့ သင်ခန်းစာတွေကိုလည်း သင်ပြသွားမှာပါကွယ်..၊ ကဲဆရာမလည်း ဒီလောက်နဲ့ပဲ ဆရာမနဲ့ သားတို့သမီးတို့ရဲ့ နှုတ်ဆက်ခြင်းကို ရပ်လိုက်ရအောင်ကွယ်..၊ ဆရာမဖက်ကတော့ ဆရာမကိုယ်ကို နှုတ်ဆက်ပြီးပြီ..၊ သားတို့သမီးတို့ရဲ့ နာမည်တွေကိုလည်း ပြောကြဦးလေကွယ်။ ကဲ ရှေ့ဆုံးက ခုံကနေ အရင်စပြောကြ"

ဆရာမ ဒေါ်မေနော်ထူးရဲ့ ရုပ်လေးကို ကြည့်ယုံနဲ့ ကရင်ရုပ်ပေါက်နေတယ်ဆိုတာ သူမအစောကြီးထဲက သိထားပါတယ်။ ဆရာမကိုယ်တိုင် နာမည်ကိုပြောပြ လိုက်တော့ ပိုပြီးတော့ သေချာသွားပါပြီ။ ဆရာမဟာ တိုင်းရင်းသား တစ်ယောက်ဖြစ်ပေမဲ့လည်း ဆရမရဲ့ အသံဟာ ပြတ်သားပြီး ရှင်းလင်းနေသည်ကိုကြည့်ပြီး သူမတော်တော်ပင် အံ့သြ မိသွားတယ်။ ပထမဦးဆုံး ရှေ့ဆုံးထိုင်ခုံမှာ ထိုင်နေတဲ့ ကျောင်းသားတစ်ယောက်က ဆရာမရှေ့မှာ ရိုသေစွာ လက်ပိုက်ပြီး

"သားနာမည်က နော်ထူးပါခင်ဗျား"
"သားနာမည်က မင်းနိုင်ပါခင်ဗျား"
"သားနာမည်က စောခရစ်ပါ ခင်ဗျား"
ယျောက်ကျားလေးများ ၁၀ ယောက်ခန့် ဆရာမကို မိတ်ဆက်ပြီးသောအခါ မိန်းကလေးများကလည်း

"သမီးနာမည်က ကပေါ်ဝါးပါရှင့်"
"သမီးနာမည်က ချိုချိုလွင်ပါရှင့်"
"သမီးနာမည်က ခင်ဆီပါရှင့်"
မိန်းကလေး ၈ ယောက်ခန့် မိတ်ဆက်ပြီးသောအခါ သူမ မိတ်ဆက်ရမည့် အလှည့်သို့ ရောက်လာလေသည်.

"သမီးနာမည်က အိမ်မက်ပါရှင့်"

တပည့်နှင့် ဆရာမတို့ မိတ်ဆက်ပြီးသောအခါတွင် ဆရာမက
"ကဲ သားတို့သမီးတို့ရေ ဆရာမကတော့ သားတို့သမီးတို့ကို သင်ဖို့ မြန်မာစာဘာသာရပ်ကို ယူထားတယ်..၊'

ဆရာမရဲ့ ပြောလိုက်တဲ့ စကားကြောင့် သူမမှာ အံ့သြရပြန်သည်...၊ အဘယ်ကြောင့်ဆိုသော် ဆရာမ ဒေါ်မေနော်ထူးမှာ တိုင်းရင်းသား လူမျိုးတစ်ဦးဖြစ်သည်..၊ တိုင်းရင်းသား တစ်ဦးက မြန်မာစာ သင်မည်ဆို၍ သူမ အံ့သြခြင်းဖြစ်သည်..၊ အသက်ကိုကြည့်ခြင်းအားဖြင့်လည်း မြန်မာစာကို ဆရာမ ဒေါ်မေနော်ထူး ကောင်းကောင်းသင်နိုင်ပါ့မလား ဆိုတာကို သူမကြိုတင် စိုးရိမ်မိသည်။

သို့သော် သူမထင်ထားသည်နှင့် ဆရာမဒေါ်မေနော်ထူးမှာ လုံးဝခြားနားနေသည်။ ဆရာမသင်ပြသည်ကို နှစ်ရက်ခန့် ခံယူပြီးသွားသော အခါ သူမ၏ စိတ်ထဲတွင် ဆရာမ ဒေါ်မေနော်ထူးကို အထင်သေးမှုများမှာ လုံးဝပျောက်သွားလေပြီ။ ဆရာမကို အထင်သေးခြင်းကိုလည်း သူမကိုယ် သူမရှက်မိသွားသည်။ စိတ်ထဲမှာလည်း မရှင်းမရှင်း ဖြစ်နေ၍ ဆရာမဆီကို အကျိုးအကြောင်း ရှင်းပြရမည်ဟု သူမ ဆုံးဖြတ်လိုက်သည်။ နောက်တစ်ရက်တွင် သူမ ခင်ဆီကို ခေါ်ပြီး ဆရာမအိမ်ကို သွားခဲ့သည်။ ဆရာမရဲ့ အိမ်နှင့် အိမ်မက်တို့ရဲ့ အိမ်မှာ နဲနဲတော့ လှမ်းသည်။ သူမတို့ ဆရာမ ဒေါ်မေနော်ထူး အိမ်ရောက်တော့ ဆရာမက စာဖတ်နေသည်။ သူမတို့ လာသည်ကို ဆရာမ မြင်တော့

"ဟဲ အိမ်မက် ညီမတို့ အမအိမ်ကို လာတာလား..၊ ကဲကဲ အိမ်ပေါ်တက်..၊ ဘာမေးမလို့လဲ တမင်တော့ လာလည်တာ မဟုတ်လောက်ပါဘူးနော်"
"ဟုတ်ကဲ့ ဆရာမ၊ ဆရာမကို မေးစရာရှိလို့ လာခဲ့တာ မဟုတ်ပါဘူး..၊ ၀န်ခံစရာရှိလို့ လာခဲ့တာပါ"
"အော အိမ်မက်ရယ် အမနဲ့ ညီမက အသက်မ သိပ်မကွာတာကွယ်၊ အပြင်မှာတော့ ဆရာမလို့ မခေါ်ပါနဲ့ကွယ်၊ ရပါတယ်၊ ကျောင်းမှာသာ ကျောင်းစည်းကမ်းအရ ပေါ့ကွယ်..၊ ကဲ ဘာဝန်ခံစရာများ ရှိလို့လဲ..၊ ပြောစမ်းပါဦး"

သူမ မအံ့သြပဲ မနေနိုင်တော့ပါ..၊ လူ့လောကကြီးတွင် အံဝင်ဂွံကျအောင် ပေါင်းသင်းဆက်ဆံနိုင်သူကို သူမ ပထမဦးဆုံး ကြုံတွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။ လူရဲ့စိတ်ကို အမျိုးမျိုး ပြောင်းလဲ နေထိုင်နိုင်တဲ့ သူကိုလည်း အိမ်မက် ပထမဦးဆုံးအကြိမ် တွေးဖူးခဲ့ပြီ။ ဆရာမနဲ့ မတွေ့ခင် အိမ်မက်ရဲ့ ခံယူချက်နှင့် ဆရာမနှင့် တွေ့ပြီး အိမ်မက်ရက် ခံယူချက်တွေဟာ လုံးဝဥသုံ ပြောင်းလဲသွားလေပြီ။ အရင်းတုန်းက ဆရာမနဲ့ မတွေ့ခင် အိမ်မက်ရဲ့ ခံယူချက်မှာ လူ့ရဲ့စိတ်ကို အမျိုးမျိုးပြောင်းလဲ တတ်သောသူသည် ကောက်ကျစ်စဉ်းလဲသောသူ ဖြစ်သည်ဟုတ် မှတ်ယူထားမိသည်။ သို့သော် ယခုမူကား လုံးဝကို ပြောင်းလဲသွားလေပြီ။ ဆရာမ ဒေါ်မေနော်ထူးရဲ့ စိတ်ပြောင်းလဲခြင်းမှာ လူ့လောက သဘာဝနှင့် လိုက်လျော်ညီထွေစွာ နေထိုင်ခြင်း ဖြစ်သည်ဟု သူမရဲ့ ဦးနှောက်ရဲ့ အသိစိတ်ဓာတ်က အလိုလို ၀င်လာတော့သည်။ တကယ်တော ဆရာမဒေါ်မေနော်ထူးဟာ ကျောင်းစာတွေသင်သာမက သင်ယူချင်တိုင်း သင်ယူလို့ မရတဲ့ လူ့လောကကြီးရဲ့ အကြောင်းကိုပါ ပထမဦးဆုံး သင်ပေးလိုက်ပြီ ဟုလည်း သူမကိုယ်တိုင် ယုံကြည်လက်ခံထားသည်။ သူမရဲ့ စိတ်ထဲမ ကျိတ်ပြီး ဆရာမကိုလည်း ကျေးဇူးတင်မိသည်။

" အော ဟိုလေ ကျောင်းစဖွင့်တုန်းက ဆရာမ အတန်းထဲ ၀င်လာတဲ့ အခါတုန်းက သမီးက ဆရာမကို ကျောင်းသူလို့ထင်မိတာရယ်..၊ ဆရာမက အသက်ငယ်ငယ်လေးနဲ့ ဆရာမဖြစ်နေတာကြောင့် ဆရာမကို အထင်သေးမိတာရယ်..၊ ပြီးတော့ ဆရာမလို တိုင်းရင်းသူလေး တစ်ယောက်က မြန်မာစာကို သင်မယ်ဆိုတော့ ပိုပြီးတော့ အထင်သေးမိတာရယ် အဲ့ဒါတွေကို လာတောင်းပန်တာပါ..၊ ဆရာမ"

ဆရာမ ဒေါ်မေနော်ထူးက သူ့ကို အမလို့ ခေါ်ပါလို့ ပြောလိုက်ပေမဲ့ အိမ်မက်တစ်ယောက်ကတော့ ဆရာမ ဒေါ်မေနော်ထူးကို အမဟု သူ့ပါးစပ်မှ ခေါ်ထွက်ရန် ၀န်လေးနေမိသည်။

"အော.. အိမ်မက်ကလည်းလေ ဆရာမအရွယ်နဲ့ ကျောင်းဆရာမ ဖြစ်တဲ့ သူတစ်ယောက်အနေနဲ့ အိမ်မက်တို့လို့ အသက်မတိမ်းမယိမ်း လူတွေက တွေ့မယ်ဆိုရင် အဲ့လိုထင်မြင်တတ်ပါတယ်..၊ ဘာမှမဖြစ်ပါဘူးကွယ်..၊ အိမ်မက်တင် မဟုတ်ပါဘူး..၊ ကျန်တဲ့ မောင်လေး၊ ညီမလေးတွေလည်း အိမ်မက်လို ထင်ကြမှာပါ..၊ အမက ဗွေမယူပါဘူးကွယ်..၊ ဒီလိုကိစ္စမျိုးတွေက ဖြစ်တတ်ပါတယ်။"

"ခင်ဆီကတော့ အဲ့လိုမထင်ပါဘူး ဆရာမရယ်"

"အော..၊ ဒီကလေးနှစ်ယောက်နယ် ဆရာမ ဆရာမ နဲ့ ပါးစပ်ကကို မချနိုင်ဘူး..၊ ဆရာမတောင် တော်တော်အိုနေပြီလား မသိဘူး..၊ ပြောပါဦး ခင်ဆီက ဘယ်လိုထင်တာလဲ"
"ခင်ဆီက ဆရာမ ၀င်လာကတည်းက နတ်သမီး ကျလာသလားလို့တောင် ထင်မိတာ"
"ခင်ဆီကတော့လေ ရှောက်ပြောတော့မယ်..၊ ဆရာမကို တွေ့တုန်းမြောက်နေပြန်ပြီ..၊ ဆရာမ မုန့်ကျွေးမှာပါကွယ်"
"တကယ်ပြောတာ ဆရာမရဲ့ ဆရာမက အရမ်းလှတာပဲ.."
"အေးပါ ထားပါတော့ ကဲ ညီမတို့ ဒီမှာခဏစောင့်နော် အမ စားစရာ တစ်ခုခု လုပ်လာခဲ့ဦးမယ်"
"ဟာ... ရပါတယ် ဆရာမ..၊ အိမ်မက်တို့ အခုပဲ ပြန်တော့မလို့"
"အေး အေး နောက်လဲ အားရင်လာလည်ဦးပေါ့..၊ စာ မရှင်းတာရှိရင်လဲ လာမေးလို့ရတယ်နော်"
"ဟုတ်ကဲ့ပါ ဆရာမ" ဟုပြောဆိုက အိမ်မက်နှင့် ခင်ဆီတို့နှစ်ယောက်သား ဆရာမ ဒေါ်မေနော်ထူး အိမ်မှ ထွက်လာခဲ့ကြလေသည်။ ဆရာမ အိမ်မှ ထွက်ထွက်ခြင်း အိမ်မက်ရဲ့ ဦးနှောက်အိမ်လေးထဲတို့ သတိတစ်ချက်က အိမ်မက်မတောင်းဆိုပဲနဲ့ အလိုလိုဝင်ရောက်လာသည်။ ထိုသတိတစ်ချက်ကား မိမိထက် ငယ်သည်ဖြစ်စေ ကြီးသည်ဖြစ်စေ၊ ရွယ်သူဖြစ်စေ မည်သူတစ်ဦးတစ်ယောက်ကိုမှ အထင်မသေးရဟူသော သတိတစ်ချက်ပင် ဖြစ်ပါတော့သည်။
*************************************************************

အဝေးဆုံးကို ထွက်မသွားနိုင်ပါ

၂၀၀၃ ခုနှစ် ဇူလှိုင်လရဲ့ ၂၃ ရက်နေ့
မိုးသားများက မည်းမှောင်လို့နေသည်။
လောကကြီးရဲ့ အလင်းတရားကြီးကို အမှောင်သဖွယ် ဖုံးလွမ်းလိုက်သည့် မိုးသားတိမ်ရိပ်တို့ကား တဖြေးဖြေး လှုပ်ရှားသွားလာလျှက် ရှိသည်။

အချိန်ကား ညနေခင်း (၄)နာရီခန့်...၊ ဖြူဝင်းနေသော အသားအရည်ကို ပိုင်ဆိုင်လျှက် ချစ်စဖွယ် မိန်းကလေးတစ်ဦးကား မိုးသားတိမ်ရိပ်များ၏ ပြေးလွားလှုပ်ရှား နေမှုများကို ထရံကာ၊ ဓနိမိုး အိမ်တိုင်ခြေ လေးတိုင်ပါရှိသော တဲအိမ်ကလေး၏ ကွတ်ပစ်ပေါ်တွင် ထိုင်၍ မည်းမှောင်နေသော မိုးသားတိမ်ရိပ်များကို မျက်တောင်မခတ် မော့ကြည့်နေသည်။ ထိုအိမ်ကလေး၏ အနီးအနားတွင်လည်း ထရံကာ၊ ဓနိမိုး၊ တိုင်ခြေလေးလုံး ပါရှိသော တဲကလေးများက အစီအရင်ပင် ဆောက်ထားကာ လူအများနေထိုင် ကြပါသည်။ သို့သော် ထိုအိမ်ကလေးများ၏ မြေပြင်မှာမူ ညီညာခြင်း ကင်းမဲ့လှပေသည်။ တအိမ်နှင့်တအိမ် အနိမ့်အမြင့်များက ကွာခြားလှပေသည်။ သို့သော်လည်းပဲ ထိုအနီးတ၀ိုက်ရှိ တဲအိမ်လေးများသည် တအိမ်နှင့်တအိမ် ညီညာပြန့်ပြူးခြင်း မရှိစေကာမူ အိမ်တိုင်းတွင် နေထိုင်ကြကုန်သော လူများ၏ စိတ်ထဲတွင် ချမှတ်ထားသော ခံယူချက်များမူကား တသွေးထဲ တသားထဲ ညီညီညာညာ ရှိနေကြပေသည်။

“ဟေ့ အိမ်မက် နင်ဘာတွေကြည့်နေတာလဲ” အနောက်ဘက်မှ စကားသံတချက်ကြောင့် မိုးတိမ်တွေကို ထိုင်ကြည့်နေတဲ့ မိန်းကလေး ခဏတဖြုတ်မျှ ထိတ်လန့်သွားသော်လည်း
“ဘာမှမကြည့်ပါဘူး ခင်ဆီရယ်... ငါ ကောင်းကင်ကြီးတွေကို ကြည့်နေတာ”
“နင်ကဘာဖြစ်လို့ ကောင်းကင်ကြီးကို ကြည့်နေတာလဲ”
“ကောင်းကင်ကြီးကို ဘာဖြစ်လို့ကြည့်ရတာလဲလို့ မေးလာတဲ့ နင့်မေးခွန်းကို ငါလည်း ဖြေလို့မရဘူး ခင်ဆီ”
“ဟာ နင်ကလည်း ကောင်းကင်ကြီးကို ကြည့်တာတော့ သိတယ် ဒါပေမဲ့ ဘာဖြစ်လို့ ကြည့်တာလဲ ဆိုတာတော့ မသိဘူး”
“အေး လူဆိုတာ အဲ့ဒီလိုပဲဟ ကိုယ်လုပ်နေတာကိုတော့ သိကြတယ်.. ဒါပေမဲ့ ကိုယ်ဘာအတွက် လုပ်နေလဲ ဆိုတာတော့ မသိကြဘူး”
“နင့်ဟာ ဘာမှလည်း မဆိုင်ဘူး...၊ ဟိုမှာကြည့် မိုးဖွဲကျလာပြီ..၊ နင်အ၀တ်မရုပ်ဘူးလား”
“သြောအေ... ဟုတ်သားပဲ နင်ပြောလို့ တော်သေးတယ်..၊ နို့မဟုတ်ရင် ငါအတွေး လွန်နေတာနဲ့ပဲ အ၀တ်တွေ တခါပြန်လှန်းရဦးမယ်”
“ဒါနဲ့ နင်က ဘာတွေတွေးနေတာလဲ အိမ်မက်.၊ ဘာလဲ အချစ်အကြောင်းလား”
“အောင်းမယ် ကောင်မ ငါဘာလို့အချစ်ကြောင်း တွေးရမှာလဲ ”
“ဒါဆိုနင် ဘာတွေ တွေးနေတာလဲ”
“နင်တော်တော် စပ်စုတာပဲ ငါ့ဖာငါ ဘာတွေးတွေးပေါ့”

အိမ်မက်...၊ သူမ၏နာမည်မှာ အိမ်မက်ဖြစ်သည်..၊ ယခုလို ဆန်းပြားသည့် နာမည်ကို သူမချစ်လှစွာတဲ့ အဖေက ပေးထားသည်..၊ သူမ မနက်က အ၀တ်လျှော်ပြီးတော့ လှမ်းထားသည်။ သူမသည် အမြဲတမ်း တွေးတောစဉ်းစား လေ့ရှိသည်။ သူမစဉ်းစားတွေးခေါ်သည့် အကြောင်းအရာများမှာ အသက်ငယ်ရွယ်သော အမျိုးသမီးငယ် တစ်ဦး ဖြစ်ပါသော်လည်း အချစ်အကြောင်းကို သူမမတွေးပါ။ သူမနေထိုင်သော နေရာသည် ပစ္စည်းပစ္စယများ စုံလင်ခြင်း၊ ပြီးပြည့်စုံခြင်း မရှိသော်ငြားလည်း၊ အနေဆင်းရဲသော်ငြားလည်း ဘယ်သို့ဘယ်ပုံ ငွေရှာလျှင်ရမည့် စီးပွားရေးကိုလည်း သူမအနေဖြင့် စဉ်းစားနေခြင်း မဟုတ်ပါ။ သူမ နေ့စဉ်နေ့တိုင်း တွေးမြဲတွေးနေသည်ကား၊ စဉ်းစားမြဲ စဉ်းစားနေသည်ကား မိမိတို့တိုင်းပြည်ကို မတရား အုပ်ချူပ် ဗိုလ်ကျနေသည့် စစ်အစိုးရကို ဘယ်သို့ဘယ်ပုံ ပြုတ်ကျအောင် ဖြုတ်ချရမည်နည်း ဟူသော အတွေးများသာ သူမ၏ ဦးနှောက်အစိတ်အပိုင်း တစ်ခုက ပိုင်ဆိုင်ထားသည်။ နအဖစစ်အစိုးရ၏ ရက်စက် ကြမ်းကြုတ်မှုများကို သူမတင်သာမက မြန်မာလူမျိုး တမျိုးစုလုံးပင် သိရှိထားသည်။ သို့သော်လည်းပဲ နအဖစစ်အာဏာရှင်များ၏ မတရားကောက်ကျစ်မှုများက မြန်မာနိုင်ငံ ပြည်သူလူထု အချို့တို့၏ ခံစားချက်များ မထုတ်ဖော်နိုင်အောင် လုပ်ဆောင်ထားသည်။ အကယ်၍သာ မြန်မာနိုင်ငံတွင် နေထိုင်သော ပြည်သူလူထု ၈၀ ရာခိုင်နှုန်းခန့်သာ နအဖစစ်အစိုးရများကို အမျိုးမျိုး ဆန့်ကျင်ဆန္ဒပြကြလျှင် စစ်အာဏာရှင်များ မုချကျဆုံးရမည်ဟု သူမ၏ ဦးနှောက်က အလိုလိုလက်ခံထားသည်။ မြန်မာပြည်သူလူထုများ ထိုကဲ့သို့ ပြုမူလာအောင် မည်သို့မည်ပုံ ကြိုးစား လုပ်ဆောင်ရမည် ဟူသော အတွေးစတခုကို သူမအနေဖြင့် အမြဲတမ်း တွေးနေမိသည်။ တကယ်တော့ လူတစ်ယောက်ဆိုတာ မည်သူတစ်ဦးကိုမှ မလိုမုန်းစိတ်ထားများ မထားသင့်ပါ။ သူမကိုယ်တိုင်မှာလည်း ထိုကဲ့သို့သော သူတပါးအပေါ် မလိုမုန်းစိတ်ထားများကို မထားချင်ပါ။ သို့သော်လည်းပဲ တိုင်းပြည်တခုလုံး ကောင်းစားဖို့အရေးကို မမျော်ကိုးပဲ မိမိတို့ ကြီးပွားရေးကိုသာ ကြိုးစားနေသော နအဖ အာဏာရှင် ဆိုးကြီးများကို သူမအနေဖြင့် သနားညာတာစိတ်များ၊ ချစ်ခင်လေးစားစိတ်များ ဘယ်လိုပင်ထားထား ထား၍မရပါ။ တကယ်တော့ သူမနှင့် သူမမိသားစု ကိုယ်တိုင်မှာလည်းပဲ နအဖစစ်အစိုးရ အာဏာရှင်များ အုပ်ချူပ်နေသော စစ်တပ်များ၏ ညှင်းပမ်းနှိမ်စက်မှုများကြောင့် တခြားသော နိုင်ငံသို့ ပြေးဝင်ခိုလှုံခဲ့သည် မဟုတ်ပါလား..၊ ထို့ကြောင့် သူမနေထိုင်သော ဒေသနေရာကား ထိုင်းနိုင်ငံအတွင်းရှိ ဒုက္ခသည်စခန်း တခုပင် ဖြစ်ပါတော့သည်...၊xxxxxxxx
---------------------------------------------------------------------------------------------------------------

နေ့တွေရက်တွေ လတွေက အလွန် ကုန်မြန်လွန်းသည်ဟု အိမ်မက် စိတ်ထဲတွင် ထင်မိသည်။ နေ့တွေရက်တွေ လတွေကို သူမ အမြန်မကုန်စေချင်။ အဘယ်ကြောင့်ဆိုသော် နေ့ရက် လနှစ်များ လျှင်မြန်စွာ ကုန်ဆုံးခြင်းသည်နှင့် တစ်ပြိုက်နက် နအဖ စစ်အစိုးရတို့၏ အုပ်ချူပ်ခဲ့သော သက်တမ်းများ၏ အချိန်မှာလည်း ပိုပို၍ သက်တမ်းရှည်လာ လေလေ ဖြစ်သည်။ သူမ၏ စိတ်ထဲတွင် နအဖ စစ်အာဏာရှင်တို့၏ အုပ်ချူပ်မှု သက်တမ်းကို အမြန်ဆုံး ကုန်ဆုံးသည်ကို မြင်ချင်သည်။ စစ်အာဏာရှင် ကျဆုံးမည့် အလုပ်မှန်သမျှ ဆိုလျှင် ဘယ်အလုပ်မျိုးမဆို သူမလုပ်မည်ဟုလည်း ဆုံးဖြတ်ထားသည်။ စစ်အာဏာရှင်ခေါင်းဆောင်တွေကို ဗုံးနဲ့ခွဲရမလား၊ ဒါမှမဟုတ် မြန်မာပြည်ပြန်ပြီး ဆန္ဒပြနေတဲ့ အဖွဲ့တွေနှင့် သွားပြီးတော့ ပူးပေါင်းရမလား ပေးအပ်လာသည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ဖို့ သူမ၏ စိတ်ထဲတွင် တစ်ထစ်ချ ဆုံးဖြတ်ထားသည်။ ယခုလက်ရှိ သူမ၏ အသက်မှာ ၁၈ နှစ် ရှိပြီ။ သူမ၏ ဘ၀မှာ သေမထူး နေမထူး မောင်ဘထူးလို ဖြစ်နေသည်။ အကြောင်းအရင်းမှာ သူမတွင် မိသားစုဝင် (၄)ဦး ရှိသည်။ သူမ ချစ်ခင်သော ဖေဖေ၊ မေမေနှင့် ညီမလေး နီလာနှင့် သူမပင် ဖြစ်သည်။ သို့သော် ထိုမိသားစု (၄)ဦးမှ (၂)ဦးမှာ နအဖ စစ်အာဏာရှင်တို့၏ လက်အောက်ခံ တပ်သားများက သူမတို့ ရွာတွင် သူပုန်များ ရှိသည်ဟုဆိုကာ မပြောမဆိုနှင့် သေနတ်ဖြင့် ၀င်ပစ်သွားခြင်းကြောင့် သူမချစ်လှစွာသော ဖေဖေနှင့် ညီမလေး နီလာမှာ ဓားစာခံဖြစ်သွားရ ရှာသည်။ ဒီလိုနဲ့ သူမနဲ့ မိခင်ဖြစ်သည် ဒေါ်အေးကြွယ်ကလည်း ရွာမှာ မနေရဲတော့တာနဲ့ ဒုက္ခသည် ဟူသော စခန်းကို ထွက်ပြေးခဲ့ရသည်။ မကြာပါ သူမ၏ မိခင်မှာလည်း ခင်ပွန်းနှင့် သမီးတို့၏ အဖြစ်ကို အစဉ်အမြဲ တွေးပြီး စိတ်ထိခိုက် လွန်သွားခြင်းကြောင့် အိပ်ရာထဲတွင် လဲနေသည်မှာ (၆) လပင် ရှိခဲ့လေပြီ။ ယခုတော့ သူမတစ်ယောက်ထဲသာ ကျန်တော့သည်။ လောကကြီးတွင် အသက်ဆက်လက် ရှင်သန်ဖို့ သူမမှာ မည်သူ့ဆီမှ ခွန်အားများကို မရနိုင်တော့ပါ။ ဖခင်နှင့် ညီမလေးတို့မှာလည်း နအဖစစ်တပ်များ၏ မစာနာ မထောက်ထားမှုကြောင့် ဘ၀တစ်ပါးသို့ ကူးပြောင်းသွားရှာပြီ။ မိခင်မှာလည်း မည်သည့်နေ့တွင် ဘာဖြစ်မည်ကို သူမမသိ။ တခါတရံ သူမအတွေးတွေထဲတွင် လောကကြီးကို အပြစ်ပုံချမိသည်။ သို့သော်လည်း ထိုသို့ပုံချခြင်းသည် အချည်းအနှီးသာ ဖြစ်သည်ဟူသော အတွေးစိတ်နှင့် ပြန်ချေပရသည်။ သူမဒီနေ့ ပထမဆုံး ကျောင်းတက်ရမည်။ သူမ ကျောင်းသွားရသည်ကိုလည်း စိတ်မဖြောင့်နိုင်ပါ။ အမေ့ရဲ့ ချောင်းတဟွတ်ဟွတ် ဆိုးနေသံကို သူမအမြဲတမ်း ကြားနေမိသည်။ သို့သော်လည်း သူမကျောင်းမသွားလို့ မဖြစ်။ သူမဖြစ်ချင်သော သတင်းထောက်ဖြစ်ဖို့ စာကြိုးစားမှရမည်။ သူမအနေဖြင့် မိခင်အတွက် စိတ်တော့ နဲနဲအေးရသည်။ အဘယ်ကြောင့်ဆိုသော် သူမတို့၏ အိမ်နားတွင် နေထိုင်သော အဒေါ်ကြီး လင်မယားမှာ သူမတို့ သားအမိကို ဆွေမျိုးရင်းချာ သဖွယ် ချစ်ခင်ကြသည်။ ထိုအဒေါ်ကြီး လင်မယားတွင် သားသမီး တစ်ဦးမျှပင် မရှိပါ။ ထို့ကြောင့် သူမကို သူတို့ရဲ့ သမီးအရင်း သဖွယ် ချစ်ခင်ကြသည်။ သူမကျောင်းတက်ဖို့ပင် ထိုအဒေါ်ကြီး လင်မယားက အစစအရာရာ ကူညီခဲ့သည်မဟုတ်ပါလား။

“ကျောင်းသာ စိတ်ဖြောင့်ဖြောင့်နဲ့သွား သမီးအိမ်မက်၊ သမီးအမေကို စိတ်မချမဖြစ်နဲ့ အဒေါ်တို့ရှိတယ်” ဟု ထိုအဒေါ်ကြီးကပင် အလိုက်တစ်သိ ပြောခဲ့သည် မဟုတ်ပါလား။ ထိုအဒေါ်ကြီး၏ ခင်ပွန်းသည်ကလည်း
“သမီးအိမ်မက် သမီးဖြစ်ချင်တဲ့ သတင်းထောက်ကြီးကို ဖြစ်အောင်ကြိုးစား၊ သမီးလိုအပ်တာကို သမီးအဒေါ်ကို ပြောပြ။ ပြီးတော့ သမီးအမေကိုလည်း စိတ်မချမဖြစ်နဲ့ သမီးအမေကို ဦးတို့ဖက်က တတ်နိုင်သမျှ ကုသပေးမယ်..၊ စာကိုသာ စိတ်ဖြောင့်ဖြောင့်နဲ့ ကြိုးစား ဦးတို့မှာ သားသမီးမရှိပေမဲ့ သမီးကို ဦးတို့လင်မယားက သမီးအရင်းလို ချစ်တယ်..၊ သမီးကလည်း ဦးတို့ကို မိဘအရင်းလို သဘောထား..၊ ကြားလာ... ဦးတို့ဖက်က တတ်နိုင်သလောက် သမီးကို ကူညီပေးမယ်”ဟု ပြောဆိုခဲ့သည်။

“ဟေ့ အိမ်မက် သူငယ်ချင်း ကျောင်းသွားမယ်လေ..၊ ကျောင်းတောင်တက်တော့မယ်..၊”
“ဟော သမီး ခင်ဆီတောင် လာနေပြီ ကျောင်းသွားတော့နော်”
“ဟုတ်ကဲ့ အဒေါ်၊ သမီးအမေ့ကို သွားပြောလိုက်ဦးမယ်”ဟု သူမ အိမ်ခန်းအတွင်းသို့ ၀င်သွားသည်။ သူမ၏ အမေ အိပ်နေသော အိပ်ရာသို့ ၀င်သွားကာ
“အမေ သမီး ကျောင်းသွားတော့မယ်နော်..၊ အမေ နေကောင်းအောင် နေနော်...၊ သမီးကျောင်းဆင်းတာနဲ့ အမြန်ပြန်လာခဲ့မယ်..၊”
မိခင်ရဲ့ အိုဇာနေတဲ့ မျက်နှာကို သူမ ကြည့်ပြီး စိတ်မကောင်း ဖြစ်နေမိတယ်။
“သမီး စာကြိုးစားနော်”ဟူသော မိခင်ရဲ့ တုန့်ပြန်သည့် စကားတစ်ခွန်းကို ကြားရပြီးနောက် မိခင်ကို ကန်တော့ကာ သူမ အိမ်ပြင်သို့ ထွက်လာခဲ့တော့သည်....။

ဖြစ်ပျက်ခဲ့ခြင်း

ကျွန်တော် စာမရေးဖြစ်တာ ကြာပါပြီ။ မရေးဖြစ်တာထက် မရေးနိုင်တဲ့ ရက်တွေက ကျွန်တော့်အတွက် ပိုများပါတယ်။ အခုတော့ ကျွန်တော် စာတွေ ပြန်ရေးနိုင်သလောက် ရေးနေပါပြီ။ ပျော်ရွင်ဖွယ်ရာ သင်္ကြန်အချိန်အခါလည်း ပြီးသွားပြီဆိုတော့ အားလုံးလည်း ကိုယ့်အလုပ်ကို ပြန်လုပ်ကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သင်္ကြန်ပြီးသွားတော့ရော ချစ်သူမရှိတဲ့ သူတွေ ရည်းစားတွေ ရသွားကြသေးလား။ ကျွန်တော်ကတော့ သင်္ကြန်အတွင်းမှာ ဥပုဒ် စောင့်မလားလို့ စဉ်းစားတုန်း ကျွန်တော့်ရဲ့ ချစ်မမက ဖုန်းဆက်လာတယ် ရှမ်းကလေး နင်မလာရင် ငါဒီတစ်သက် ယောက်ကျား မယူတော့ဘူးနော်တဲ့။ ကျွန်တော်ကလည်း ချစ်မမကို ယောက်ကျားအမြန် ယူစေချင်တာ ဒါမှလည်း အမွေတွေအကုန်လုံး ရမှာလေ။ ဟဲဟဲ အလားကားနောက်တာပါ။
သင်္ကြန်မှာ အားလုံး ပျော်ခဲ့ကြရဲ့လား။ နှစ်သစ်က အချစ်ဟောင်းတွေကို သင်္ကြန်ရေးနဲ့ ဆေးလိုက်ပြီဆိုရင်လည်း အချစ်သစ် ရှာချင်သူတွေအတွက်တော့ ရှမ်းကလေး ရှိသေးတာကို မမေ့ကြဦးနဲ့ပေါ့ဗျာ။ ကဲကဲ ကျွန်တော် စာသိပ်ရှည်ရှည်ကြီး မရေးတတ်ဘူးဗျ။။ ဒါဆိုဒီလောက်နဲ့ပဲ ကျော်လာတဲ့ သင်္ကြန်ရက်ကြီးတွေကို နှုတ်ဆက်လိုက်တယ်ဗျာ...။ အားလုံးသော ညီအကို ပေါင်းနှင့် တကွ ညီအမ၊ အဒေါ်၊ ဦးလေး တူဝရီးများလည်း ကျန်းမာ ချမ်းသာကြပါစေလို့ ကျွန်တော် ရှမ်းကလေးက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျား...။ ကျွန်တော် ၀တ္ထုတစ်ပုဒ် တင်ပေးလိုက်မယ်ဗျာ။ ကြိုက်ရင်တော့ ဖတ်ပေါ့ဗျာ..၊ မကြိုက်ရင်တော့ ခဲနဲ့ လှမ်းမထု နဲ့ပေါ့ဗျာ။ ကျွန်တော်နဲ့ သိတဲ့ ကိုကိုမမတွေကို ပြောတာပါ။ ကျွန်တော်နဲ့ လူချင်းမတွေ့ဖူးပဲ ခင်မင်ဖူးတဲ့ ကိုကိုမမ တွေကတော့ ဘယ်လိုလို့ ထုနိုင်မှာလဲံနော်။ သေနတ်နဲ့ ပစ်တောင်မထိဘူး။ ဟဲဟဲ
ရှမ်းကလေး