Wednesday, November 7, 2007

အမေ့ရင်ခွင်ထဲမှာနားခိုပါရစေ၊

အမေ......အမေလို့ သူသူငါခေါ်လိုက်တိုင်း
ကျွန်တော့်ရင်ထဲမှာ လွမ်းဆွတ်နေမိတယ်

အမေ.....အမေလို့ သူသူငါခေါ်လိုက်တိုင်း
ကျွန်တော်အမေ့ကိုသတိရနေမိတယ်၊

အမေ.....အမေလို့ သူသူငါငါခေါ်လိုက်တိုင်း
ကျွန်တော်မျက်ရည်တွေ ၀ဲနေမိတယ်၊

လူတစ်ယောက်က သူ့ ရဲ့အမေ ရင်ခွင်ထဲကို
ဝင်လိုက်မိတိုင်း ကျွန်တော်အရမ်းပဲငိုချင်နေမိတယ်၊

တခါတလေမျှ အမေ့ရင်ခွင်ထဲကို မခိုလှုံဖူးတဲ့ကျွန်တော်
အခုအခါမှာတော့ အကြိမ်ပေါင်းတစ်ရာလောက်ခိုဝင်ချင်နေမိပြီ၊

မိခင်တစ်ယောက်က သူ့ ရဲ့သားကိုဆုံးမလိုက်တိုင်း
ကျွန်တော့်ရင်ထဲမှာ နောင်တတွေရနေမိတယ်၊

အမေနဲ့ နေစဉ်အခါက ဆူဆဲခဲ့တဲ့
အမေ့ရဲ့စကားတွေကို
အခုအခါမှာတော့ အကြိမ်ပေါင်းများစွာ
ပြန်ကြားယောင်ချင်နေမိတယ်၊

တကယ်လို့ များ ကျွန်တော်သာအမေ့ဆီရောက်လာခဲ့ရင်
ပထမဦးစွာ အမေ့ရင်ခွင်ထဲကိုနို့ စို့ တဲ့ကလေးငယ်ပမာ ဦးဆုံးခိုလှုံခွင့်ပြုပါမေမေ၊


ရှမ်းကလေး