Tuesday, January 1, 2008

“ကြက်ခြေနီသင်တန်းတက်ဖူးသောကိုရွေသွေးရဲ့ ဆေးကုနည်း”

မိတ်ဆွေများခင်ဗျား....ထိုဟာသမဟုတ်သဟုတ်သော.အကြောင်းအရာလေးနှင့် မရေးတတ်ရေးတတ်ရေးထားသော..အကြောင်းအရာလေးအား ဖတ်သွားရင်းနှစ်သစ်မှာ ပျော်ရွင်ခြင်းတွေနဲ့ပဲ ရင်ဆိုင်ခြင်းဖြစ်ရပါစေဟုဆုတောင်းပေးရင်း............

ကိုရွေသွေး။ ။ ကဲ...နှစ်သစ်လည်းရောက်လို့လာပေါ့... ဒီ(၂၀၀၈)နှစ်သစ်ကြီးမှာ...ပျော်ရွင် ခြင်းတွေနဲ့...ဘ၀တလျှောက်လုံးရပ်တည်နိုင်ကြပါစေလို့...လူအပေါင်းတို့ကို...ကျွန်တော် မောင်ရွေသွေးက...ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျား။

ကိုရွေသွေးစကားဆုံးသောအခါ ကိုသံခဲ ခြေထောက်ထော့နဲ့ထော့နဲ့ နဲ့ ကိုရွေသွေးအနားသို့ လမ်းလျှောက်လာ။

ကိုရွေသွေး။ ။ ဘယ်လိုကနေ..ဘယ်လိုဖြစ်လို့ ထော့နဲ့ထော့နဲ့နဲ့လမ်းလျှောက်လာရသလဲဗျ ကိုသံခဲရ။ မော်ဒယ်ဂဲလ်ပြနေတာတော့မဟုတ်ပါဝူးနော်။

ကိုသံခဲ။ ။ ဘယ်ကလာမော်ဒယ်ဂဲလ်ပြရမှာလည်းဗျ။ မော်ဒယ်ဂဲလ်ပြရင်ခင်ဗျားရှေ့မှာ တောင်မပြဘူး။ မနေ့က ရန်ကုန်မှာ ဘောလုံးပွဲမှာဗျာချော်လဲလို့။

ကိုရွေသွေး။ ။ အားလား...ကိုသံခဲက ဘောလုံးတွေဘာတွေကန်လို့ပါလား...

ကိုသံခဲ။ ။ မဟုတ်ဘူးဗျ။

ကိုရွေသွေး။ ။ ဒါဖြင့်ဒိုင်လူကြီးပေါ့။

ကိုသံခဲ။ ။ မဟုတ်သေးဘူး။

ကိုရွေသွေး။ ။ ဒါဖြင့်နည်းပြလား။

ကိုသံခဲ။ ။ ခင်ဗျားပြောတာတခုမှမဟုတ်ဘူး။ ကျွန်တော်က ဘေးကဘောကောက်ဗျ။

ကိုရွေသွေး။ ။ ဘောလုံးကောက်ရုံနဲ့ဒူးတောင်ပြဲရလားဗျာ။

ကိုသံခဲ။ ။ နိုင်ငံတကာမှာသွားကန်တဲ့ မြန်မာလက်ရွေးစင်အသင်းကကောင်တွေလေ.. ဒီကောင်တွေကောင်းကောင်းကန်ရင်တော့ ကျွန်တော့်ဒူးဘယ်ပြဲမလဲဗျ.. အခုဟာက အဟင့်ဟင့် ပြောရင်းနဲ့ငိုချင်လာပြီ

ကိုရွေသွေး။ ။ ဘယ်လိုကန်သလဲဗျ။

ကိုသံခဲ။ ။ ခြေထောက်နဲ့ကန်တယ်လေ...

ကိုရွေသွေး။ ။ ခင်ဗျားကလည်းဗျာ.. ခြေထောက်နဲ့မကန်လို့ဘယ်လိုကန်ရမလဲဗျ..အော သိပြီ.. မြန်မာတွေ.. ဘောလုံးသွားကန်သာ.. တခါမှမနိုင်လို့... လက်နဲ့ကန်ခိုင်းမလို့လား..

ကိုသံခဲ။ ။ စကားဆုံးအောင်နားမထောင်ပဲနဲ့ ဖြတ်မပြောနဲ့ဗျာ..

ကိုရွေသွေး။ ။ ဒါဆိုလဲပြောဗျာ...

ကိုသံခဲ။ ။ ဒီလိုဗျ.. သူတို့တတွေက ဂိုးနားရောက်ရင် ကန်လိုက်တာ။

ကိုရွေသွေး။ ။ ဂိုးပေါက်ထဲဝင်သွားရောလား...

ကိုသံခဲ။ ။ အင်းဝင်တော့ဝင်သွားတယ်.. ဘောလုံးကွင်းနားက ဘေးအိမ်တွေထဲကို

ကိုရွေသွေး။ ။ ကျွန်တော်သိတယ်အဲ့ဒါဘာကြောင့်လဲဆိုတာ...

ကိုသံခဲ။ ။ ပြောပါဦးဗျ.

ကိုရွေသွေး။ ။ ဟိုကောင်တွေကန်သွင်းမလို့လုပ်တုန်း... ဘေးနားက လုံခြုံရေးတွေ တုတ်ပြလို့မဟုတ်လား.

ကိုသံခဲ။ ။ ဘောလုံးပွဲနဲ့လုံခြုံရေးမှမဆိုင်တာဗျ...

ရုတ်တရက်ကိုငပျော့ဝင်လာ။

ကိုငပျော့။ ။ သိပ်ကိုဆိုင်တာပေါ့ဗျာ... ဟိုဘက်မှာ သန်းရွေမြေးကြီးဖိုးလပြည့်ပါတာနေ မှာပေါ့။

ကိုရွေသွေး။ ။ ဒါနဲ့ခင်ဗျားဟာက... မိုးလုံလေလံကွင်းဆို..ကိုသံခဲရ။

ကိုသံခဲ။ ။ မိုးတော့လုံတယ်ဗျ

ကိုငပျော့။ ။ ဘာမလုံတာလဲဗျ

ကိုသံခဲ။ ။ လေမလုံတာ

ကိုရွေသွေး။ ။ ထားလိုက်ပါတော့ဗျာ.. ခင်ဗျားက ဘယ်လိုကနေဘယ်လိုလို့ ဒူးပြဲရတာလဲ..

ကိုသံခဲ။ ။ သူတို့ကန်တော့ကျွန်တော်ကလည်း ဘောကောက်ဖြစ်နေတော့ လိုက် ကောက်ရတာပေါ့...ဒါပေမဲ့ လုံခြုံရေးတွေကတခါးမဖွင့်ပေးဘူးဗျ...

ကိုငပျော့။ ။ ဒါဆို..ဘောပွဲပြီးရင်.. ညီလာခံထောက်ခံခိုင်းမလို့ဖြစ်မယ်..

ကိုရွေသွေး။ ။ ဒါနဲ့ခင်ဗျားလည်းဘောမကောက်တော့ဘူးပေါ့...

ကိုသံခဲ။ ။ ဟင်ခင်ဗျားကလည်း ဘယ်လိုပြောလိုက်တာလဲဗျာ.. ကွင်းထဲကထွက်သွား တဲ့ ဘောလုံးကို သွားမှမကောင်ရင် ဘောကောက်သိက္ခာကျတာပေါ့ဗျာ။

ကိုငပျော့။ ။ အားလား..လာသေးတယ်..ဘောကောက်ကများ..

ကိုရွေသွေး။ ။ ခင်ဗျားပြောလိုက်ရင်ကြီးကြီးကျယ်ကျယ်..ဒါဆိုခင်ဗျားဘယ်လိုသွားကောက် တာလဲ..

ကိုသံခဲ။ ။ မြန်မာစိတ်ဓါတ်လေ..ခင်ဗျားသိတယ်မဟုတ်လား....

ကိုရွေသွေး။ ။ ဘယ်လိုစိတ်ဓါတ်လဲဗျ

ကိုငပျော့။ ။ လုပ်ပါဦး..မြန်မာစိတ်ဓါတ်နဲ့...နိုင်ငံခြားစိတ်ဓါတ်နှိုင်းယှဉ်ကြည့်ရအောင်..

ကိုသံခဲ။ ။ အပေါက်မဖွင့်ရင်...ဖွင့်တဲ့အပေါက်ကတိုးပြီးသွားကောက်တာပေါ့ဘယ်ရမလဲ

ကိုရွေသွေး။ ။ သွားကောက်တော့ရရောလားဗျ....

ကိုသံခဲ။ ။ အဟင့်ဟင့်

ကိုငပျော့။ ။ ဘာဖြစ်တာလဲဗျ

ကိုသံခဲ။ ။ မပြောချင်ဘူးဗျာ...

ကိုရွေသွေး။ ။ ဘယ်လိုဖြစ်တာလဲ...

ကိုသံခဲ။ ။ ၀င်တိုးတဲ့အပေါက်မှာတင် ဆိုင်းပုဒ်လေးနဲ့ရေးထားတာ

ကိုရွေသွေး။ ။ မြန်မာပြည်ဒီလောက်တိုးတက်နေတာ... စည်းကမ်းရှိပါလို့ရေးထားတာပေါ့နော်။

ကိုငပျော့။ ။ ဒါမှတို့မြန်မာကွ။

ကိုသံခဲ။ ။ မဟုတ်ဘူးဗျ...

ကိုငပျော့။ ။ ဒါဖြင့်... ခြံစည်းရိုးပေါက်မတိုးရလို့ရေးထားတာပေါ့နော်...။

ကိုသံခဲ။ ။ မဟုတ်သေးဘူးဗျ....။

ကိုရွေသွေး။ ။ စိတ်မရှည်တော့ဘူးဗျာ။ ဟိုဟာမဟုတ်... ဒီဟာမဟုတ်နဲ့.. ဒါဆိုပါလဲဗျာ..

ကိုသံခဲ။ ။ မိတ်ဆွေအပေါင်းတို့.. အပေါက်တိုးချင်ရင်... ပိုက်ဆံ (၁၀၀၀) ထည့်ပြီး တိုးပါရန်လို့ ဆိုင်းပုဒ်ကြီးကြီးရေးထားပြီး... ဘေးနားမှာအလှူခံပုံးနဲ့ဗျ...

ကိုရွေသွေး။ ။ အော..အဲ့ဂလိုလား.. ဒါနဲ့ခင်ဗျားလည်း..ပိုက်ဆံ(၁၀၀၀)ပေးပြီးသွား ကောက်ရောလာ..ဘောကောက်သိက္ခာလေးဘာလေးပေါ့.

ကိုသံခဲ။ ။ ဟာခင်ဗျားကလည်းဗျာ... ပိုက်ပိုက်မရှိလို့... ဘောသွားကောက်စား ပါတယ် ဆိုမှ.. ဘာလို့သွားထည့်ရမလည်းဗျ... ကြောက်လွန်းလို့ပြန်ပြေးလာတာ... ပြေးလာရင်း ကျွန်တော်ဒူးပြဲသွားတာပေါ့ဗျာ။

ကိုရွေသွေး။ ။ ဒါလည်းမြန်မာစိတ်ဓာတ်ပဲဗျ... ဒါတွေထားလိုက်ပါတော့ ခင်ဗျားအနာလေးပြ ပါဦး...အရင်ကကျွန်တော်လည်း..ကြက်ခြေနီသင်တန်းတက်ထားတော့...ဆေးပိုင်းလေးလည်း နည်းနည်းပါးပါးတော့တတ်ပါတယ်ဗျာ...

ကိုငပျော့။ ။ မောင်သံခဲတော့ကံကောင်းတယ်ဗျာ။

ကိုရွေသွေး။ ။ ဟားခင်ဗျားကလည်း...ကိုသံခဲကဒူးပြဲနေတာဆိုမှ..ဘယ်လိုလို့ကံကောင်းရ တာလဲဗျ။

ကိုငပျော့။ ။ ကိုသံခဲတော့ပွတာပဲဗျာ။

ကိုသံခဲ။ ။ ခင်ဗျားကလည်းဗျာ... ဘယ်လိုလို့ပွရမလဲဗျ... ဒီမှာက ဒူးတောင်နာလို့ တော်တော်လေးကိုပွနေပြီ...အရေးထဲက.. အားပေးမယ်ကိုမရှိဘူး...

ကိုရွေသွေး။ ။ ဟုတ်ပါ့ဗျာ..

ကိုငပျော့။ ။ ခင်ဗျားတို့ကလည်း...တယောက်အော်ရင်..အနောက်ကလိုက်အော်တာချည်း ပဲ...နအဖစစ်အစိုးရတွေအတိုင်းပဲ...လူနောက်လိုက်ယောက်တဲ့ခွေးဆိုတာဒါမျိုးပြောတာ... စကားလေးဆုံးအောင်နားထောင်ပါဦးဗျ...

ကိုရွေသွေး။ ။ ကဲပြောပါဦးဗျာ...

ကိုငပျော့။ ။ ဒီလိုဗျ... ရန်ကုန်မှာလေ..နှစ်သစ်လည်းဖြစ်...ဗိုလ်ချူပ်မှူးကြီးသန်းရွေ အတွက်ရည်းစူးတာလဲဖြစ်တော့...ကြံ့ဖွံ့အသင်းက အလာကားဆေးကုပေးတယ်တဲ့ဗျ။

ကိုရွေသွေး။ ။ ဟာ..ဒါဆို..ပိုက်ဆံမရှိလို့ဘောကောက်စားတဲ့ကိုသံခဲတော့ပွတာပဲဟေ့။

ကိုသံခဲ။ ။ ရှောက်မပြောနဲ့ဗျ... အရင်တခါက ပိုက်ဆံတောင်းတယ်လို့ပြောတယ်.. ဒါကြောင့်ကျွန်တော်သွားမကုသေးပဲ...ခင်ဗျားတို့နဲ့လာတိုင်ပင်တာပေါ့ဗျာ.. သံခဲဦးနှောက်က ခင်ဗျားတို့လောက်..မခေပါဘူးဗျာ။

ကိုငပျော့။ ။ ဟာခင်ဗျားကလည်း...ဒီတစ်ခါတော့တကယ်ဖြစ်မှာပါဗျား...

ကိုသံခဲ။ ။ ကြောက်တယ်ဗျာ..

ကိုရွေသွေး+ကိုသံခဲ။ ။ ဘာဖြစ်လို့လဲဗျ။

ကိုသံခဲ။ ။ ခဏနေမေ့ဆေးထိုးပြီး..ကြံ့ဖွံ့အသင်းကိုဝင်တဲ့ဖောင်တွေ ဖြည့်ခိုင်းနေဦးမယ်.

ကိုရွေသွေး။ ။ ဒီလိုဆိုလည်း..ကျွန်တော့်ဆီမှာပဲကုလိုက်ဗျာ..ပိုက်ဆံတပြားမှပေးစရာမလို ဘူး။ ဆရာသုံးခါခေါ်ရင်ချက်ချင်းပျောက်အောင်ကုပေးမယ်... ကြက်ခြေနီကဆရာသင်ပေးတဲ့ နည်းနဲ့ကုပေးမယ်...

ကိုငပျော့။ ။ မလုပ်ပါနဲ့ဗျာ...ခဏနေမပျောက်ပဲ လူပါအသက်ပျောက်သွားဦးမယ်...

ကိုရွေသွေး။ ။ အော..ခင်ဗျားကဆရာကိုစော်ကားတော့...ဆရာကလည်း...ပညာပြရမပေါ့..

ကိုသံခဲ။ ။ ခင်ဗျားဟာဟုတ်လို့လားဗျ

ကိုရွေသွေးကိုယ့်ကိုယ်ယုံကြည်စွာနဲ့..

“ကျွန်တော်ကြက်ခြေနီသင်တန်းတက်ပြီးပြန်လာတော့ဗျာ..အဲဒီဆရာပေးတဲ့နည်းနဲ့... ကုလိုက်တာချက်ခြင်းပျောက်သွားတယ်ဆိုပဲ...အဲ့ဒီကနေမပြောဘဲလျိုလာတာ..ဒါပေမဲ့..ခင် ဗျားက ကျွန်တော်နဲ့စားဖော်သောက်ဖက်ဆိုတော့ မကုပေးရင်ကျွန်တော်ရိုင်းရာကျသွားမှာပေါ့ ဗျာ...ပြီးတော့ခင်ဗျားညီမကလည်းချစ်စရာလေးနော်...ဟဲဟဲဟဲ...ကျွန်တော်စေတနာပါတာ ပေါ့ဗျာ...

ကိုသံခဲ။ ။ ခင်ဗျားဟာသေချာလို့လားဗျ...”ကိုသံခဲစကားမဆုံးခင်

ကိုငပျော့။ ။ ညီမကသိပ်အရေးမကြီးဘူး

ကိုသံခဲ။ ။ အရေးထဲ..ခင်ဗျားကလည်းတစ်မှောက်...

ကိုရွေသွေး။ ။ မယုံချင်လဲနေဗျာ...ကုပေးတဲ့ဆရာသိက္ခာကျတယ်...

ကိုသံခဲ။ ။ ခင်ဗျားဟာသေချာတယ်နော်...ကျွန်တော်တော်တော်နာနေပြီနော်...

ကိုရွေသွေး။ ။ ဒီလောက်ပြောနေတာမယုံဘူးလားဗျာ...

ကိုသံခဲ။ ။ ဒါဆိုလဲကုဗျာ...ညကျရင်လာခဲ့.

ကိုရွေသွေး။ ။ အခုကုပေးမယ်ဗျာ...အိမ်မှာကုရင်ညီမမျက်နှာမြင်ရင်မနေနိုင်ဘူးဗျ...

ကိုငပျော့။ ။ အရေးထဲ...ဒီဖက်လှည့်လာပြန်ပြီ

ကိုသံခဲ။ ။ ရော့ဗျာ...ဆေးမရှိ..ဘာမရှိဘယ်လိုကုမှာလည်းဗျာ...

ကိုရွေသွေး။ ။ ဆေးတွေဘာတွေမလိုဘူးဗျ..ကဲကိုငပျော့ခင်ဗျားရဲ့ ညာဖက်ဖိနပ်ချွတ်ဗျာ..

ကိုငပျော့။ ။ ဘာလုပ်မလို့လဲဗျ..

ကိုရွေသွေး။ ။ ချွတ်ပါဆိုမှ..ဆရာပြောတာနားထောင်စမ်းပါ

ကိုသံခဲ။ ။ ခင်ဗျားဟာဟုတ်တယ်နော်..

ကိုရွေသွေး။ ။ ဟုတ်ပါတယ်ဆို...ကဲ့ဟိုဘက်လှည့်..မျက်စိကိုမှိတ်..အံကိုကြိတ်ကာ..ဟဲဟဲ ယောင်သွားလို့...

ကိုသံခဲ။ ။ ခင်ဗျားဟာဟုတ်လို့လားဗျ...

ကိုရွေသွေး။ ။ အတိအကျပဲဗျာ...

ကိုသံခဲ။ ။ ကဲကဲ..လုပ်ဗျာ

ကိုရွေသွေး။ ။ ခင်ဗျားဒူးလှန်...ပြီးရင်ဟိုဘက်လှည့်...

ကိုသံခဲ။ ။ ကဲရော့လှန်ပြီး...လှည့်တယ်ဗျာ..

ကိုရွေသွေး။ ။ ကဲမျက်စိမှိတ်...

ကိုငပျော့။ ။ ဆေးကုတဲ့ဆရာကလည်း..ဆေးဖိုးကုန်မှန်ကြောက်လို့... မေ့ဆေးတောင် မထိုးနိုင်ဘူး...

ကိုရွေသွေးအားရပါးရင်နှင့် ကိုသံခဲရဲ့နာနေတဲ့ဒူးခေါင်းအား...ကိုငပျော့ရဲ့စင်ကြယ်တံဆိပ်ဖိနပ် နှင့်.. (၃)ချက်ရိုက်လိုက်လေသတည်း....

အား...အား...အား...ကိုသံခဲရဲ့အော်သံ...

ကိုရွေသွေး။ ။ နာလေကောင်းလေပဲဗှာ...များများနာဒါမှမြန်မြန်ပျောက်မှာ...

ကိုသံခဲ။ ။ အမေရေ...ကြံ့ဖွံ့ဆေးခန်းသွားပြီး ဆေးကုခံရင်တောင် ဒီလောက်နာမှာ မဟုတ်ဘူး...

ကိုရွေသွေး။ ။ ခင်ဗျားပြီးတောင်မပြီးသေးဝူးဆရာကိုစော်ကားနေပြီပေါ့...

(နောက်(၂)ရက်ခန့်ကြာသော်........)

ကိုသံခဲတစ်ယောက်ဂျိုးထောက်တစ်ချောင်းကိုအမှီအခိုပြုကာ...လမ်းလျောက်လာ..

ကိုရွေသွေး။ ။ ဗျို့ ကိုသံခဲ..ခြေထောက်ပျော်သွားပြီလား....

ကိုသံခဲ။ ။ နင်အမေလင်..ဂျိုးထောက်နဲ့လျောက်လာတာ..ဘယ်လိုလို့ပျောက်ရမလဲကွ..

ကိုရွေသွေး။ ။ အာ...မပျောက်သေးဘူးလား..ထပ်ပြီးတော့ကုဦးမလားဗျ...

ကိုသံခဲ။ ။ ငါခြေထောက်ဒီလောက်ဖြစ်နေတာ..မင်းကထပ်ပြီးတော့ကုန်ချင်သေးတယ်.. မင်းကုလို့ငါ့ခြေထောက်ဖြတ်ရခါနီးပြီကွ...

ကိုရွေသွေး။ ။ ဒီတခါတကယ်ပျောက်ရင်ပျောက်မှာဗျ... အရင်တခါက..ကိုပျော့ဖိနပ်က... မသန့်ရှင်းလို့ဖြစ်မှာဗျ...

ကိုသံခဲ..စိတ်မရှည်တော့ပဲ ကိုရွေသွေးအား..ဂျိုးထောက်နှင့် လိုက်ရိုက်ပါရောတဲ့ခင်ဗျား...

ရှမ်းကလေး