လူတိုင်း၊လူတိုင်းစာရေးတယ်ဆိုတာကိုယ့်ရင်ထဲကဖြစ်ပေါ်လာတဲ့အကြောင်းအရာတွေကိုသော်လည်းကောင်း၊
လောကကြီးရဲ့ဖြစ်ပျက်နေတဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို ရေးသားကြတယ်ဆိုတာကျွန်တော်မြင်မိပါတယ်။ ကျွန်တော်သည်လည်း ကျွန်တော့်ဘ၀တစ်လျှောက်မှာဖြစ်ပျက်နေတဲ့ ခံစားချက်တွေနဲ့၊ ကျွန်တော်တွေ့ကြုံလာခဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ ကောင်းမှု၊ မကောင်းမှု တွေကိုရေးနေတာပါ။ ဒါပေမဲ့နဂိုကတည်းမှ က ကို ယ ဖြစ်အောင် ရေးတတ်တဲ့ကျွန်တော့်လိုလူမျိုးက ဘယ်လိုလို့မြန်မာစာတွေကိုလိုက်လျှော ညီထွေအောင်ရေးတတ်မှာလဲ။ ကဗျာတွေ၊ စာတွေကိုဘယ်လိုလို့ ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးတတ်မလည်း။ ဒါကိုတော့ သီးခံခွင့်လွတ်ပေးကြပါခင်ဗျာ။ ဒီလိုပြောရခြင်းဟာ ကျွန်တော်တို့ရှမ်းလူမျိုးတွေရဲ့ပွင့်လင်းရိုးသားခြင်း စရိုက်တစ်ခုပါ။အရှိကိုအရှိတိုင်းပဲပြောတာပါ။ ဒီလိုမရေးတတ်ရခြင်းရဲ့အကြောင်းအရင်းကလည်း ဆန်းတော့ မဆန်းပါဘူး။ ဘာကြောင့်မဆန်းဘူးလည်းဆိုတာကို ကျွန်တော့်ရဲ့ တိုင်းရင်းသား၊ ညီအကို မောင်နှမ များမေးလာကောင်းမေးနိုင်ပါတယ်။ ဒီလိုမေးလာခဲ့ရင် ဖြေဆိုဖို့အဖြေ ကတော့ကျွန်တော့မှာအဆင့်သင့်ပါပဲ။ ဘာဖြစ်လို့ဒီလိုမဆန်းဘူးလို့ပြောရလဲဆိုရင်တော့ ကျွန်တော်ဟာ ယခုလို ကွန်ပျူတာကို ကိုင်ပြီးပညာသင်ယူရ မယ်ဆိုတာကိုလုံးဝမထင်မှတ်ခဲ့လို့ပါ။တစ်ကြိမ်တစ်ခါမှလည်းဒီလိုဖြစ်လာဖို့မမျော်မှန်းခဲ့ပါဘူး။စာဖတ်သူအပေါင်းတို့ မေးလာကောင်းမေးနိုင်တဲ့မေးခွန်းတစ်ခုကတော့ကွန်ပျူတာမရှိလို့စာရေးလို့မရဘူးလားလို့ထပ်မေးလာနိုင်ပါတယ်။ ဒီဖြေကိုဖြေရမယ်ဆိုရင်စာကရှည်သွားလိမ့်မယ်ဗျ။ ဒီအကြောင်းတွေကို နောက်မှအေးအေးဆေးဆေး ရေးပါဦးမည်။ ကဲ...ကျွန်တော့်ရဲ့ရေးလက်စ လေးကိုပြန်ဆက်ရမယ်ဆိုရင် ကျွန်တော်ဒီလိုစာရေးရမယ် ဆိုတဲ့မမျော်မှန်းချက်တွေကို ဟိုး...ကျွန်တော်နေထိုင်ခဲ့တဲ့ရွာလေးတစ်ရွာမှာ လွန်ခဲ့တဲ့ (၃)နှစ်လောက်က ဆုံးဖြတ်ခဲ့တဲ့အချက်တစ်ချက်ပါ။ဒီလိုကွန်ပျူတာမှာစာထိုင်ရေးဖို့မမျော်မှန်းတဲ့အကြောင်းရင်းကလည်းရှင်းနေပါတယ်။ ကျွန်တော်တို့ရွာမှာဆိုရင် လျှပ်စစ်မီးသုံးပြီးအသုံးပြုရတဲ့ ကွန်ပျူတာ မပြောနဲ့။ ဓါတ်ခဲ ထည့်ပြီးသုံးရတဲ့ ဂဏန်း ပေါင်းစက်တွေကိုတောင် နှိပ်ဖူးတဲ့လူတွေရှိမှာမဟုတ်ပါဘူး။ ဒါတွေအားလုံးဟာ နအဖကြောင့်လို့ ကျွန်တော်ပြောမယ်ဆိုရင်လည်း နအဖတွေကို အဖေတော်ထားတဲ့လူတစ်ချို့တွေက တစ်ခါလာလည်း ငါတို့ ဖအေမကောင်း ကြောင်းပဲပြောနေတယ်လိုအပြစ်တော်တွေဝေဖန်လာကြဦးမယ်ထင်ပါတယ်။ ကျွန်တော်စာ ရေးတာကိုကလည်း နအဖမကောင်းကြောင်းမပါရင် စိတ်ထဲမှာတစ်မျိုးကြီးဖြစ်နေသလိုပဲ။ မွေးလာက တည်းကများ ဒီလိုသူရုပ်မာတွေရဲ့ မကောင်းကြောင်းတွေရေးဖို့ဆိုပြီး အရှင်ဘုရားကပဲ လက်တွေထည့်ပေး လာတာကြနေတာပဲ။ ဒီကနေ့တော့ထမင်းစားကောင်းဦးမယ်ဗျာ။ သူများမကောင်းကြောင်းရေးလို့ ထမင်းစား ကောင်းမှာတော့မဟုတ်ဘူးနော်။ ဒီနေ့အကိုတစ်ယောက်ဟင်းကောင်းတွေချက်ထားလို့ဗျ။ စာရေးရင်းနဲ့ ဟင်းနံ့ကမွေးနေတာပဲ။ ထမင်းတောင်စားချင်လာပြီ။ ကဲထမင်းကလည်းဆာလာတာကတစ်ကြောင်း၊ စာကလည်းဆက် မရေးတတ်တော့အတွက်တစ်ကြောင်း ကျွန်တော်မောင်ရှမ်းကလေးရဲ့ အကျင်တစ်ချို့နဲ့ တွေ့ကြုံလာခဲ့ရတဲ့အကြောင်းတစ်ချို့ကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါ တော့မယ်ခင်ဗျား။ စာဖတ်သူအပေါင်းတို့ ရွင်လမ်းချမ်းမြေ့ပျော်ရွင်နိုင်
C-Box
(Time) เวลา
Categories
- ၀တ္ထု (15)
- News (21)
- Thai News(ထိုင်းရွေးကောက်ပွဲနှင့်ဆိုင်သောသတင်း) (1)
- ကဗျာ (29)
- ကိုနေဘုန်းလတ် (1)
- ဓါတ်ပုံ (4)
- ပုံပြင် (2)
- မိတ်ဆက် (12)
- သတင်း၊ ဆောင်းပါး (1)
- သီချင်း (1)
- ဟာသ (25)
- အငြိမ့် (1)
- အခြားဘလော့မှ ကူးယူခြင်း (1)
- အခြားအကြောင်းအရာများ (1)
- အငြိမ့် (10)
- အားကစား (1)
- ဆောင်းပါး (19)
- နှုတ်ဆက်ခဲ့ခြင်း (1)
ရေးသွားတာ မကြာသေးဘူး
ကဲ အားရင်လာခဲ့ကြ
Tuesday, November 13, 2007
ကျွန်တော့်၏အကြောင်းတစ်ချို့ နှင့်အတွေ့ အကြုံများ
“မိုးဦးလမ်း”
တဘက်မှာ ချောက်နက်နက်
တဘက်မှာ ကျောက်နံရံ
လမ်းကလည်းမိုးရွာထားလို့ 
အရမ်းချော်ပါဘိနဲ့  ကံကြမ္မာဆိုတာ
တတ်အပ်ပြောလို့မရဘူး။
ရှည်လည်းရှည်တယ် လမ်းကလည်းချော်
ကားသမားခမျာ စီယာတိုင်ကို
လမ်းအလိုအကျ တဝေမသိမ်း လှည့်ပေးနေရတယ်။
သည်အဆင်းမှာ ကိုယ့်ဟွန်းကို
အဆက်မပြတ်တီးရပါတော့တယ်။
တဘက်ကားရဲ့ဟွန်းသံကို
နားပါးပါးနဲ့ နားထောင်နေရတယ်။
မိုးဦးလားပါပေတကား။
ကျွန်ုပ်မကြုံဖူးတဲ့အရာတစ်ခု
ဤကမ္ဘာမြေကြီးဝယ်
မိုးရွာခြင်းနှင့်နေပူခြင်းကိုလည်း
ကျွန်ုပ်တွေ့ဖူး၏။
ဤကမ္ဘာမြေကြီးဝယ်
သူကောင်းများနှင့် သူခိုးများကိုလည်း
ကျွန်ုပ်တွေ့ဖူး၏။
ဤကမ္ဘာမြေကြီးဝယ်
စိတ်ကောင်းရှိသူနှင့် စိတ်ယုတ်ရှိသူကိုလည်း
ကျွန်ုပ်တွေ့ဖူး၏။
ဤသို့ဤပုံ အစရှိသဖြင့်
ကျွန်ုပ်ကြုံတွေ့ဖူးပါသော်လည်း
မိမိဘိုးဘွားဘီဘင်
အဆက်ဆက်က ရိုသေလေးစား
ကိုးကွယ်ခဲ့ကြတဲ့ ရဟန်းသံဃာများကို
ရက်စက်ရိုင်းစိုင်းစွာသတ်ဖြတ်နေသည့်
လုပ်ရပ်များကို တစ်ခါတစ်လေမျှ
ကြုံဖူးခြင်းမရှိ။
သို့ပါသောကြောင့်
ဤသို့ဤပုံ မိမိတို့ဘိုးဘွားဘီဘင်
အဆက်ဆက်က ကိုးကွယ်လာခဲ့တဲ့
ရဟန်းသံဃာအရှင်သူမျက်တို့အား
ယုတ်မာရိုင်းစိုင်း သတ်ဖြတ်မှုအပေါ်
ယမငရဲမင်းကိုယ်တိုင် သတ်ဖြတ်သူများအား
မြန်နိုင်သမျှ မြန်နိုင်အောင်
လာရောက်အပြစ်ပေးကြပါစေဟူ၍
နေ့စဉ်မပြတ်ဆုတောင်းလျှက်။
ရှမ်းကလေး
Will try the best I can do, believe in my self

เป็นคนคนหนึ่งที่ ทำอาไรเเล้ว ต้องทำได้ดิที่สูด
Labels
- ၀တ္ထု (15)
- News (21)
- Thai News(ထိုင်းရွေးကောက်ပွဲနှင့်ဆိုင်သောသတင်း) (1)
- ကဗျာ (29)
- ကိုနေဘုန်းလတ် (1)
- ဓါတ်ပုံ (4)
- ပုံပြင် (2)
- မိတ်ဆက် (12)
- သတင်း၊ ဆောင်းပါး (1)
- သီချင်း (1)
- ဟာသ (25)
- အငြိမ့် (1)
- အခြားဘလော့မှ ကူးယူခြင်း (1)
- အခြားအကြောင်းအရာများ (1)
- အငြိမ့် (10)
- အားကစား (1)
- ဆောင်းပါး (19)
- နှုတ်ဆက်ခဲ့ခြင်း (1)