5 years ago
C-Box
ဲ့
When you arrive to my blog, Please type somethings of your idea, your word will be pointing how to improve myself
(Time) เวลา
Categories
- ၀တ္ထု (15)
- News (21)
- Thai News(ထိုင်းရွေးကောက်ပွဲနှင့်ဆိုင်သောသတင်း) (1)
- ကဗျာ (29)
- ကိုနေဘုန်းလတ် (1)
- ဓါတ်ပုံ (4)
- ပုံပြင် (2)
- မိတ်ဆက် (12)
- သတင်း၊ ဆောင်းပါး (1)
- သီချင်း (1)
- ဟာသ (25)
- အငြိမ့် (1)
- အခြားဘလော့မှ ကူးယူခြင်း (1)
- အခြားအကြောင်းအရာများ (1)
- အငြိမ့် (10)
- အားကစား (1)
- ဆောင်းပါး (19)
- နှုတ်ဆက်ခဲ့ခြင်း (1)
ရေးသွားတာ မကြာသေးဘူး
ကဲ အားရင်လာခဲ့ကြ
Sunday, August 26, 2012
ีDon't look for yourself, just thinking what you should do
Published :
7:49:00 PM
Author :
ရှမ်းကလေး
ကိုယ့်ရပ်ရွာ ဒေသကို ခွဲခွာပြီး တိုင်းတပါးနိုင်ငံရပ်ခြားကို
ထွက်လာခဲ့တာလည်း နှစ်ပေါင်းကြာညောင်းခဲ့လေပြီလေ။ ကိုယ့်နိုင်ငံမှာ ရှာဖွေစားသောက်ဖို့
ခက်ခဲတဲ့ ဘ၀ကို ပိုင်ဆိုင်သူမို့ တပြည်ခြားဖြစ်တဲ့ ထိုင်းနိုင်ငံကို ရောက်ရှာနေထိုင်လုပ်ကိုင်စားသောက်နေတာ
ခုဆိုရင် နှစ်ပေါင်းလည်းမနည်းတော့ပေ။ တစ်နေ့လုပ်တစ်နေ့စားသမားပီပီမို့ တစ်နေ့တစ်နေ့
ဘာကိုမှ မတွေးမိခဲ့။ ကိုယ့်ရပ်ကိုယ့်ရွာမှာ နေစဉ်အခါက မိဘတွေရဲ့ ငွေကြေးထောက်ပံ့ပေးမှူကြောင့်
၁၀ တန်းဆိုတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကြီးကိုတော့ တစ်နှစ်ထဲနဲ့ အောင်မြင်ခဲ့ဖူးသည်။ ဘယ်လောက်နှစ်ပေါင်းများစွာ
နိုင်ငံရပ်ခြားမှာ နေပါစေ ကိုယ့်စိတ်ထဲမှာ ငါဟာဗမာပါဆိုတဲ့ စိတ်က လုံးဝပျောက်မသွား။
ကိုယ့်နိုင်ငံကို ချစ်တယ်။ ကိုယ့်လူမျိုးကိုချစ်တယ်။ ကိုယ့်နိုင်ငံမှာ ဖြစ်နေသမျှ သတင်းမှားသည်ဖြစ်စေ၊
သတင်းမှန်သည်ဖြစ်စေ နေ့စဉ်သွားရောက်ဖတ်ရှူဖြစ်သည်။ ဒါပေမဲ့ နိုင်ငံရေးမလုပ်။ လုပ်ဖို့စိတ်လည်းမပါ။
သတင်းဖတ်ပြီးတိုင်း စိတ်ထဲမှာ ခံစားမိသည်။ သတင်းကောင်းက သတင်းဆိုးထက် အမြဲစလို နည်းလေ့ရှိသည်။
ဒါကလည်း မဆန်း။ မှတ်မိပါသေးသည်။ ၂၀၀၇ ပတ်ဝန်းကျင်တုန်းကလောက်ပေါ့။ စက်တင်ဘာအရေးခင်း။
အဲ့တုန်းက သတင်းတွေကို ဖတ်ဖြစ်တယ်။ နေ့တိုင်းလိုလိုပေါ့။ ရှင်းရှင်းပြောရရင် အဲ့ဒီတုန်းက
ဘယ်လူသားမဆို စစ်ယူနီဖောင်းဝတ်ဆင်ထားပြီး အများသူငါ လေးစားရိုသေတဲ့ ဘုန်းကြီးတွေကို
သေနတ်နဲ့ချိန်ရွယ်ကာ ပစ်ဖို့အဆင်သင့်ဖြစ်နေတဲ့ မြန်မာစစ်သားတွေကို သေမလောက်မုန်းမိမယ်လို့
ထင်မိပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း မုန်းတယ်။ နာကြဉ်းတယ်။ အဲ့ဒီတုန်းကလည်း ကိုယ့်နိုင်ငံကို
အုပ်ချူပ်နေတဲ့ မည်သူကိုမဆို သေမလောက်အောင် မုန်းမိတယ်။ ကိုယ်တတ်နိုင်တစ်လောက် ကိုယ်ခံစားမိသလောက်
စာတွေရေးပြီး ဘလော့ပေါ်မှာ ကိုယ့်ရဲ့ နာကြဉ်းချက်တွေကို ဖလှယ်ခဲ့ဖူးတယ်။ နှစ်တွေလည်း
ပြောင်းလဲလို့ ကြာငြောင်းခဲ့ပြီလေ။ အခုတော့ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးက အရာရာပြောင်းလဲခဲ့ပြီ။
ဒါပေမဲ့ အကောင်းဖက်တော့ ဟုတ်မယ်မထင်။ ပို၍မဆိုးလာသည့်တိုင်အောင် ဘယ်တော့ ကောင်းလာမလဲဆိုတာကိုပဲ
ထိုင်တွေးနေခဲ့မိတယ်။ ဒါတွေက ပြည်သူလူထု တစ်ယောက်ရဲ့ ကိုယ့်နိုင်ငံပေါ် တွေးသင့်တဲ့
အတွေးတစ်ခုပါ။ ဒါပေမဲ့ ကိုယ့်ရဲ့နိုင်ငံ ဘာတွေဘယ်လိုပဲ ပြောင်းလဲနေပါစေ ရှမ်းကလေးရဲ့
အသိစိတ်ထဲမှာ အမြဲတမ်း တည်ရှိနေတာက ကျွန်တော်တို့ရဲ့ မွေးကျေးဇူးဖခင် ဗိုလ်ချူပ်အောင်ဆန်းကို
ဘယ်တော့မှ မမေ့ဘူးဆိုတာပါပဲ။ ဒီနေရာမှာ ကျွန်တော်အတွေ့အကြုံတစ်ခုပြောချင်တယ်နော်။ တိုင်းတပါးမှာ
ရောက်နေတဲ့ ရှင်းရှင်းပြောရရင် နိုင်ငံရေးလုပ်နေတဲ့ လူအချို့တွေ ဥပမာလေးတွေပေါ့ သူတို့တွေ
အတွေးထဲမှာ ငါငါ့နိုင်ငံကို စစ်အာဏာရှင်ဘ၀က လွတ်မြောက်အောင် လုပ်မယ်ဆိုတဲ့ အတွေးပဲရှိတယ်။
ဒါပေမဲ့ ငါ့နိုင်ငံကို တိုးတက်အောင် လုပ်မယ်ဆိုတဲ့ အတွေးကတော့ လူတိုင်းလိုမတွေးချင်ကြဘူးလို့
ထင်မိပါတယ်။ ဒါက ကျွန်တော်မောင်ရှမ်းကလေး ဘယ်သူ့ကိုမှ အမြင်ကပ်လို့
ဘယ်သူ့ကိုမှ အလိုမကျလို့ ရေးခြင်းမဟုတ်ပါဘူး။ ရှမ်းကလေးရဲ့ အတွေးထဲမှာ အမြဲတမ်းလိုလို
ထင်ပေါ်လာလို့ စာအဖြစ်ရေးချရတာပါ။ လူတိုင်းမှာ လောဘနဲ့တော့ မကင်းကြပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့လောဘကိုယ်
ဦးစားပေးပြီး ကိုယ့်နိုင်ငံ ပျက်စီးရာ ပျက်စီးကြောင်းကိုတော့ မလုပ်မိကြပါစေနဲ့လို့
ရှမ်ကလေးမှ မေတ္တာရပ်ခံပါတယ်။ ရှမ်းကလေး တော်လို့တတ်လို့ ရေးပြတာမဟုတ်ပါဘူး။ ကိုယ့်အတတ်နဲ့
ကိုယ်မစူးကြအောင်လို့ ရှမ်းကလေး အနေနဲ့ တစ်ထောင့်တစ်နေရာက ထောက်ပြတာပါ။
Subscribe to:
Posts (Atom)
Will try the best I can do, believe in my self

เป็นคนคนหนึ่งที่ ทำอาไรเเล้ว ต้องทำได้ดิที่สูด
Labels
- ၀တ္ထု (15)
- News (21)
- Thai News(ထိုင်းရွေးကောက်ပွဲနှင့်ဆိုင်သောသတင်း) (1)
- ကဗျာ (29)
- ကိုနေဘုန်းလတ် (1)
- ဓါတ်ပုံ (4)
- ပုံပြင် (2)
- မိတ်ဆက် (12)
- သတင်း၊ ဆောင်းပါး (1)
- သီချင်း (1)
- ဟာသ (25)
- အငြိမ့် (1)
- အခြားဘလော့မှ ကူးယူခြင်း (1)
- အခြားအကြောင်းအရာများ (1)
- အငြိမ့် (10)
- အားကစား (1)
- ဆောင်းပါး (19)
- နှုတ်ဆက်ခဲ့ခြင်း (1)