Friday, February 18, 2011

အချစ်စစ်ဆိုတာ (ပထမပိုင်း)

ဒီကနေ့ မနဂိုနေ့တွေထက် နေပူလွန်းသည်။ လေညင်းကလေးတွေ တဖြည်းဖြည်းတိုက်နေမှုကြောင့်သာ နေပူဒါဏ်ကို သူခံနိုင်ခြင်းပင်ဖြစ်ပေမည်။ သူ့အလုပ်က ချောချောမွေ့မွေ့ လုပ်ရသည့် အလုပ်မဟုတ်။ နားနားနေနေ လုပ်လည်းမရ။ သူ့အလုပ်က ကြမ်းတမ်းသည်။ တစ်ရက်လုပ်မှ ဘတ်ငွေ ၁၅၀ သာ ရတယ်။ သူ့အလုပ်က ပန်းရံအလုပ်။ ထိုင်းနိုင်ငံမှာကတော့ သူ့အတွက်ကတော့ ဒီလိုအလုပ်သာရှိသည်။ သူသာလျှင် ဒီလို ပန်းရံအလုပ်မျိုးကို တဦးတည်းလုပ်ရသည်မဟုတ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အများစုကလည်း ဒီလိုအလုပ်မျိုးကို လုပ်ကိုင်ကြရသည်။ မိမိနိုင်ငံတွင်နေစဉ်အခါက အေးအေးဆေးဆေး လုပ်ကိုင်စားသောက် နေထိုင်ကြရပေမဲ့ အခြင်းတိုင်းတပါးကို အထင်ကြီးခဲ့မှုက တစ်ကြောင်း ပတ်ဝန်းကျင်ရဲ့ တိုက်တွန်းမှုကတစ်ကြောင်း သူထိုင်းနိုင်ငံကို ၂၀၀၄ အောက်တိုဘာလ လောက်က ရောက်ရှိခဲ့သည်။ သူနှင့်နီး စပ်တဲ့ မိတ်ဆွေတဦးရဲ့ ကူညီပံ့ပိုးမှုကြောင့် ထိုင်းနိုင်ငံကို ဟွေပုန်လောင်းဟုခေါ်သော နယ်စပ်လမ်းကတဆင့် ရောက်ရှိခဲ့သည်။
၁၆ရက်နေ့ ၁၀ လပိုင်း
“စိုးစိုး မနက်ဖြန်စောစော သံလွင်မှာ သွားစောင့်မယ်နော်” လို့ဦးလေး တင်ကြည်လောပြောတော့ မသွားဖူးတဲ့ နေရာ သွားဖူးတော့မှာမို့ စိုးစိုးတစ်ယောက်ပျော်နေသည်။ ဒီနေ့သူငယ်ချင်းတွေနဲ့လည်း ချိန်းထားသည် မဟုတ်လား။ စိုးစိုး သူငယ်ချင်းတွေဆီ သွားဖို့ပြင်နေသည်။
“သားစိုးစိုး မနက်ဖြန် အစောကြီးထရမယ်နော်”
“ဟုတ်ကဲ့ပါ အမေကလည်း”
“အရက်လည်းမသောက်ခဲ့နဲ့ဦးနော်”
“ဟာအမကလည်းဗျာ ကျွန်တော့်ကို အရက်သမားများ ထင်နေလား မသိဘူး”
“ဟုတ်တယ်သမီးကလည်း သားကမနက်ဖြန်ခရီးထွက်တော့မှာ စိတ်အနှောက်အယှက်ဖြစ်အောင် မပြောပါနဲ့”
“အမေကလည်း ဘာသိလို့လည်း အခုသူ သူ့သူငယ်ချင်းတွေဆီသွားမှာ”
“အမကလည်းဗျာ ကျွန်တော်သူငယ်ချင်းတွေဆီ သွားတိုင်း အရက်သောက်ရမှာတဲ့လားဗျာ”

“ကဲကဲ တော်ကြတော့ တော်ကြတော့ သားလည်းသွားစရာရှိတာ သွား၊ ပြီးရင် စောစောပြန်လာခဲ့၊ မိငယ်က လည်းတော်တော့ နင်တို့မှာ ဒီမောင်နှမနှစ်ယောက်ပဲရှိတာကို၊ ပြီးတော့နင့်မောင်လေးကို နင်မနက်ဖြန် တွေ့ချင်လည်းတွေ့ရတော့မှာမဟုတ်ဘူး”
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“ချိုဒီနေ့ လအရမ်းသာတယ်နော်”
“ဟာကိုစိုးကလည်း မနက်ဖြန်ကြရင် လပြည့်ပဲကို သာမှာပေါ့”
“ကိုစိုးချို့ကို ခွဲပြီးမသွားချင်ဘူးကွာ၊ ကိုယ်ချို့နဲ့ အတူတူ အမြဲတမ်း နေချင်တယ်သိလား”
“အပိုတွေ ကိုစိုး ချို့ကို ချစ်ရင် ချို့ကိုပြစ်ပြီး ထိုင်းနိုင်ငံကို ဘယ်သွားမှာလည်း”
“ဟောကြည့် သူဘဲအစက ပြောတော့ ကိုစိုးသွားချင်ရင်သွားဆို၊ ချိုကိုစိုး ထာဝရအမြဲတမ်း စောင့်နေမယ်ဆို”
“ကိုစိုးရဲ အခုချို့ ကိုစိုးနဲ့ မခွဲချင်တော့ဘူးသိလား”
“ကိုလည်းဘယ်ခွဲချင်မှာလည်း ချိုရယ်၊ အခြေအနေက ဒီလိုပေးလာတော့ ကိုယ်တို့ ခဏခွဲကြမယ်နော်၊ ကိုစိုးအတတ်နိုင်ဆုံး အမြန်ပြန်လာခဲ့မယ်နော်”
ချစ်သူရဲ့ ပါးပြင်ပေါ်က မျက်ရည်စများကို စိုးစိုး လက်ဖြင့် အသာအယာ သုပ်ယူပေးလိုက်ကာ
“မငိုတော့နဲ့ကွာ ချို၊ ကိုချို့နဲ့မခွဲခွာခင်လေး တညသာမှာ ပျော်ပျော်ရွင်ရွင်၊ ကြည်ကြည်နူးနူးနဲ့ ချို့ဘေးမှာ နေသွားချင်တယ်ကွာ”
“ဟုတ် ချိုမငိုတော့ဘူးနော်”
မျက်ရည်စများကိုသုတ်ကာ ပြုံးပြလာသော ချစ်သူရဲ့ မျက်နှာလေးက ၀န်းပနေလေသည်။

“သားပြန်လာပြီလား”
“ဟုတ်”
“အ၀တ်အစားတွေကော အားလုံးအဆင်သင့်ဖြစ်ပြီလား၊ သွားတိုက်ဆေးတို့၊ သွားတိုက်တံတို့ကော ထည့်ပြီး ပြီလား”
“ဟုတ်ကဲ့ အမေ”
“ယိုးဒယားမှာ အလုပ်သွားလုပ်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး၊ မသွားပါနဲ့လို့ ပြောတာလည်း မရ၊ ဘယ်သွား သွား ဘုရားတရားကို မမေ့နဲ့နော် သိလား”
“ဟုတ်ကဲ့”
“ဟိုမှာအလုပ်သွားလုပ်ရင်လည်း သေသေချာချာ သွားလုပ်၊ အရက်တွေလည်း မသောက်စားနဲ့ မူးယစ်ဆေးဝါး မသုံးစွဲနဲ့၊ မကောင်းတဲ့ လူနဲ့ မပေါင်းနဲ့၊ နင့်ဦးလေး စကားကိုလည်း နားထောင်၊ ပိုက်ဆံမစုမိသေးရင်လည်း အမေတို့ကို မပို့ပေးနဲ့ သားအတွက်ပဲ လောက်အောင်သုံး၊ အမေတို့ အတွက် ဘာမှမပူနဲ့”
“ဟုတ်ကဲ့”
အမေ့ကို ဟုတ်ကဲ့ဟုသာ ပြောရသည်။ သူ့ရင်ထဲမှာ ၀မ်းနည်းနေသည်။ မိဘနဲ့ ခွဲခြင်းဒုက၊ ချစ်သူနှင့် ခွဲရခြင်း ဒုက ကို မနက်ဖြန် ရင်ဆိုင်ရတော့မည်။ ဒီညမှာမှ သူဘယ်လိုဖြစ်နေသည်မသိ။ ရင်ထဲမှာ အလိုလို ၀မ်းနည်းနေ သလိုလို စိတ်ထဲက ခံစားနေရသည်။ အမေမသိအောင် ကြိတ်ပြီး မျက်ရည်ကျနေသည်။ ဟိုအရင်က ပြောခဲ့သော အမေ့ရဲ့စကားကို ပြန်ပြီး အောက်မေ့သတိရနေမိသည်။
“သားရယ် အမေလည်း အသက်ကြီးပြီ၊ နင်လည်းအမေနဲ့နေပါလား၊ အမေတို့လည်း အဆင်ပြေနေတာပဲကို။ အမေတို့မှာလည်း ဒီမိသားစု (၃)ယောက်ပဲရှိတာကို”
“ဟာအမေကလည်း မသွားရင် မသိတဲ့၊ မရောက်ဖူးတဲ့နေရာ ရောက်ခွင့် ကြုံတုန်းသွားရမှာ၊ သားသွားချင်တယ် ဗျာ” လို့ဆိုပြီး အမေ့ကို ငြင်းခဲ့ဖူးသေးတယ်။ အခုတော့ အဲဒါတွေကို တွေးပြီး အမေနဲ့ခွဲခွာရမှာမို့ စိတ်ထဲမှာ ၀မ်းနည်းမိသလိုလို။ တဖက်က တွေးပြန်ရင်လည်း ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့သူတွေကိုကြည့် ငွေထုတ်ပိုက်ပြီး ပြန်လာတဲ့လူတွေ မနည်းဘူးတွေ့လား ဆိုတဲ့ ဦးလေးရဲ့ စကားကိုတွေးပြီး ဖြေသိမ်းခဲ့ရပေါင်း များလည်း များပြီလေ။ ဒီလိုနဲ့ ထိုင်းနိုင်ကို သူေ၇ာက်ခဲ့ရတာပေါ့။