Tuesday, December 11, 2007

“ရုတ်တရက်တောင်းပန်ခြင်း”

ကျွန်တော်မျိုးရှမ်းကလေးရဲ့ဘလော့ကိုလာရောက်လည်ပတ်သောမိတ်ဆွေများနှင့် သူငယ်ချင်း အပေါင်းတို့ခင်ဗျား။ ယခုတလောတွင် အလုပ်ကလည်းကောင်း၊ မလုပ်လို့မရတဲ့ အလုပ်တွေ ကလည်းတစ်ပုံကြီးရှိနေပါသဖြင့် မိတ်ဆွေသူငယ်ချင်းတို့ဘလော့ကိုသွားမလည်ရခြင်း ဖြစ်ပါ ကြောင်းကြိုတင်အသိပေးပါတယ်ခင်ဗျား။ ပြီးတော့တစ်ဆက်ထဲမှာပဲကျွန်တော်မျိုး မောင်ရှမ်း ကလေး မိတ်ဆွေသူငယ်ချင်းနှင့် တိုင်းရင်းသားညီအကိုမောင်နှမများတို့ရဲ့ ဘလော့တွေကို လည်း အခုလောလောဆယ်သွားနိုင်မယ်မထင်ပါသောကြောင့်၊ ကြိုတင်ပြီးခွင့်တောင်းကာ ပါမစ်ယူထားပါမည်ဖြစ်ကြောင်းကိုလည်း တစ်ခါထဲပြောထားချင်ပါသည်။ ပြီးတော့ မမဘလော့ ဂါတွေကလည်း “ဒီရှမ်းကလေးတစ်ယောက် ပထမတော့သူများကိုလာလည်ပြီး နောက်ဆုံးပေါ် တောင်မပေါ်လာတော့ဘူးလို့မပြောကြပါနဲ့နော်။”
ဘလော့ဂါကိုကိုများကလည်း ဒီကောင်ရှမ်းကလေးကတော့ ငါတို့ကိုတောင်လာမလည်တော့ ဘူးဆိုပြီးသော်လည်းကောင်း၊ ဒီကောင်စစကတော့လာလည်လိုက်တာ ငါ့စီဘောက်တောင် မထည့်ထားချင်လောက်အောင်ဖြစ်တယ်။ အခုတော့ဒီခွေးမသားလေးပေါ်မလာတော့ပါလား ဆိုပြီး မကျိန်ဆဲနေပါဦးနဲ့လို့လဲကြိုတင်ပြီးမေတ်တာရပ်ခံချင်ပါတယ်။ နောက်ပြီးတော့ကြော်ငြာ ချင်တာကတော့ အချစ်ရဲ့ကျေးကျွန်ကို ဖတ်ရှုလိုသူများအတွက်လည်း ကျွန်တော်အားရင် အားသလိုတင်ပေးမည်ဖြစ်ကြောင်းပြောဆိုရင်း နိဂုံးချူပ်လိုက်တော့မယ်နော်။ ဟော...ဟော..မေ့သွားလို့..အော...ရှမ်းကလေးအလုပ်များနေလို့ငါတို့ကိုလာမလည်တာဖြစ်မှာပေါ့။ အေးလေနောက်ကျရင်သူလာလည်မှာပေါ့ဆိုတဲ့အတွေးလေးတွေကိုလည်းကိုယ်စီမွေးနိုင်ကျပါစေနော်။ ဟဲဟဲဟဲ

ရှမ်းကလေး

“သွားမေးကြည့်ပါလား“

တခါကကျောင်းတစ်ကျောင်းမှာပညာသင်ကြားနေတဲ့ မောင်အေးလို့အမည်ရှိတဲ့ ကျောင်းသား လေးတစ်ယောက်ရှိသတဲ့။ တနေ့မှာတော့မောင်အေးတို့ကျောင်းက အင်္ဂလိပ်ဆရာမ တစ်ယောက်ကမီးနင်းတွေကိုကျောက်သင်ပုန်းပေါ်မှာချရေးပြီးရှေ့က ရွတ်ဆိုပေးပြီးကျောင်း သားတွေကိုလည်း လိုက်ရွတ်ဆိုခိုင်းသတဲ့။
ဆရာမက “ant-အန့်-ပုရွက်ဆိတ်”
“apple-အယ်လ်ပဲ-ပန်းသီး
“put-ပွတ်-ထည့်သည်
“but-ဘတ်-ဒါပေမဲ့။ လို့ဆိုပြီးရှေ့ကရွတ်ပြပြီး။ ကျောင်းသားတွေကို လိုက်ရွတ် ခိုင်းသတဲ့၊ ဆရာမကနှစ်ခေါက်သုံးခေါက်လောက်ရွတ်ပြပေးပြီး ကျောင်းသားတွေကို ဘာမေးစ ရာရှိလဲလို့မေးလိုက်သတဲ့၊
ဒီအချိန်မှာမောင်အေးက “ဆရာမ put ကျတော့ ပွတ်လို့ထွက်ပြီး၊ ဘာဖြစ်လို့ but ကျတော့ ဘွတ်လို့မထွက်တာလဲခင်ဗျာ့”
ဆရာမပြန်ပြောလိုက်တာကတော့ “အေး...မင်းသိချင်ရင်တော့ နင်အမေလင်အင်္ဂလိပ်ကို သွားမေးကြည့်”တဲ့။
ရှမ်းကလေး