C-Box
(Time) เวลา
Archive
Categories
- ၀တ္ထု (15)
- News (21)
- Thai News(ထိုင်းရွေးကောက်ပွဲနှင့်ဆိုင်သောသတင်း) (1)
- ကဗျာ (29)
- ကိုနေဘုန်းလတ် (1)
- ဓါတ်ပုံ (4)
- ပုံပြင် (2)
- မိတ်ဆက် (12)
- သတင်း၊ ဆောင်းပါး (1)
- သီချင်း (1)
- ဟာသ (25)
- အငြိမ့် (1)
- အခြားဘလော့မှ ကူးယူခြင်း (1)
- အခြားအကြောင်းအရာများ (1)
- အငြိမ့် (10)
- အားကစား (1)
- ဆောင်းပါး (19)
- နှုတ်ဆက်ခဲ့ခြင်း (1)
ရေးသွားတာ မကြာသေးဘူး
ကဲ အားရင်လာခဲ့ကြ
Thursday, February 28, 2008
“စစ်ထဲဝင်လို့ သူခိုးဖြစ်သူများ”
ကျွန်တော့်အမြင်နှင့် ပြောဆိုရလျှင် လူသားတစ်ယောက်၏ အနာဂတ်ကို ကောင်းမွန်ပြည့်စုံဖို့ ကြိုးစားလုပ်ဆောင်မည်ဆိုလျှင် နည်းလမ်းနှစ်လမ်းနှင့် ကြိုးစား၍ လုပ်ဆောင်နိုင်ပါသည်။ ပထမနည်းလမ်းကား သမာသမတ်ရှိသော၊ ကောင်းမွန်သော စိတ်ထားရှိသော၊ လိမ္မာယဉ်ကျေးသော၊ ကိုယ့်ကိုယ်ကျိုး တခုတည်းကိုသာ မကြည့်ဘဲ သူများအကျိုးကို ကြည့်သော၊ တကိုယ်ကောင်းဆန်စိတ်မရှိသော စသော မှန်ကန်သော နည်းလမ်းများဖြင့် ကိုယ့်ဘ၀ အနာဂတ်ရှေ့ရေးကို ကြိုးစားခြင်း ဖြစ်ပါသည်။ ဒုတိယ နည်းလမ်းကား သူတပါးကို မငှဲ့ညှာပဲ ကိုယ်ကျိုးအတွက်သာ ကြည့်ခြင်း၊ သူတပါးဆီက ကိုယ်လိုချင်တာ တခုခုကို ညင်သာပျော့ပျောင်းတဲ့ အသံကို မသုံးဘဲ ပိုင်ရှင်ရဲ့ ကျောကို ဓါးနဲ့ထောက်ပြီး တောင်းနည်း ဟူသော အစရှိသဖြင့် ကိုယ်ကိုယ်တိုင် မကြိုးစားချင်ပဲ လွယ်ကူသော ဖြတ်လမ်းနည်းများကို အသုံးပြုခြင်းဖြစ်ပါသည်။ သို့သော် ဤကမ္ဘာမြေကြီးတွင် မိမိတို့ ဘ၀ရှေ့ရေး အနာဂတ်အတွက် ကောင်းမွန်ရိုးသားစွာ ကြိုးစားလုပ်ကိုင်ကြသလို၊ သူတပါးကို ခြိမ်းခြောက်ပြီးမှ ထမင်းတလုပ်စားရတဲ့ မကောင်းဆိုးဝါး နည်းလမ်းများကိုလည်း အသုံးပြုကြပါသည်။ မည်သူသည် မည်သည့်နည်းလမ်းကို ရွေးမည်ဆိုသည်ကိုတော့ ကျွန်တော်တို့လည်း မသိမြင်နိုင်ပေ။
မိမိပြောချင်သော အနာဂတ်ကို ထိုင်ရေးနေလျှင် ဤမျှလောက်နှင့် မကုန်နိုင်ပေ။ သို့သော် လူသားတို့၏ အနာဂတ် ကောင်းကျိုး၊ ဆိုးကျိုးများသည် မိမိပြောပြချင်သော၊ မိမိရည်ရွယ်သော အကြောင်းအရာနှင့် မသက်ဆိုင်ပေ။ မိမိပြောချင်သော အကြောင်းအရင်းကား နအဖလက်အောက်တွင် ကိုယ့်သဘောနှင့်ကိုယ် ၀င်ရောက်လာကာ စစ်မှုထမ်းခြင်းဖြင့်လည်းကောင်း၊ စစ်တပ်ထဲသို့ အတင်းအဓ္ဓမခေါ်ဆောင်ခြင်းဖြင့် လည်းကောင်း၊ လိမ်လည်လှည့်ဖြား ဖြားရောင်းသွေးဆောင်ပြီး ခေါ်ဆောင်ခြင်းကြောင့် လည်းကောင်း အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ထဲသို့ ၀င်ရောက်လာသော အသက်မပြည့် တပ်သားလေးများ၏ ဘ၀အကြောင်းကို နဲနဲလေး ပြောပြချင်ပါသည်။
မိမိတို့ လူလွတ်လူငယ်များသည် မိမိတို့၏ အနာဂတ်ရှေ့ရေးကို တွေးတောနိုင်ပြီး ကြိုးစားချင်စိတ် ရှိလျှင် ကြိုးစားနိုင်ပါသည်။ သို့သော် နအဖစစ်တပ်အတွင်း ၀င်ရောက်ထမ်းဆောင်နေသော အသက်မပြည့် ရဲဘော်လေးများကား ၎င်းတို့ကိုယ်တိုင် ၎င်းတို့၏ အနာဂတ်ရှေ့ရေးကို တွေးတောနိုင်ပါသော်လည်း အမှန်တကယ် ဖြစ်ပေါ်လာအောင် မလုပ်ဆောင်နိုင်ကြပါ။ မြန်မာနိုင်ငံတွင် နေထိုင်သော ပြည်သူလူထု မည်သူမဆို မိမိတို့၏ အနာဂတ်ဘ၀ ခရီးလမ်းကို သာယာချောမွေ့သော၊ ပြီးပြည့်စုံသော၊ တောင့်တသမျှ ရနိုင်စွမ်းရှိသော ဘ၀ကို လိုချင်ကြမည်မှာ ဓမ္မတာပင် ဖြစ်ပါတော့သည်။ သို့သော် အချို့သော မြန်မာပြည်သူလူထုများကား မိမိတို့၏ မိသားစု၊ မိမိတို့၏ သားမယားများကို လုပ်ကျွေးနိုင်လျှင် တော်လောက်ပြီဟူသော လောဘစိတ်ကို ရှေ့မထားခြင်းကြောင့်လည်းကောင်း၊ ကိုယ်လုပ်နိုင်သလောက်သာ လုပ်ဆောင်ခြင်းကြောင့်လည်းကောင်း စသော အတွေးရပ်ဝန်းတွင်ပင်သာ မိမိတို့၏ ဘ၀ကို နစ်မြုပ်ကြတတ်ပါသည်။ ထိုသို့ထိုသို့သော မိမိတို့၏ဘ၀ အနာဂတ် ခရီးလမ်းကို မြန်မာနိုင်ငံတွင် နေထိုင်လျှက်ရှိသော လူငယ်များက တွေးတောနိုင်ပြီး လုပ်ကိုင်အကောင်အထည် ဖော်နိုင်သော်ငြားလည်း တွေးတောနိုင်ပြီး အကောင်အထည် မဖော်နိုင်သူများကား နအဖစစ်တပ်ထဲတွင် အသက်မပြည့်သော တပ်သားရဲဘော်လေးများသာ သာမက တပ်ကြပ်ကြီးတချို့ အရာခံဗိုလ်တချို့ဆိုလျှင် မမှားနိုင်ပေ။ သို့သော် နအဖအလိုတော်ကျ ဖြတ်လမ်းနည်းများ၊ လူသတ်နည်းများဖြင့် အောင်မြင်ချင်လျှင်တော့ စိုးရိမ်စရာမလိုပေ။ “သူခိုးသေဖော်ညှိ” ဟူသော စကားပုံနှင့်အညီ နအဖစစ်ဗိုလ်ချူပ် အကြီးအကဲများက မဟုတ်တာဆိုလျှင် ညှိနှိုင်းတိုင်ပင်ဖို့ အဆင်သင့်ပင် စောင့်နေပါသည်။ ဘုရားဟောထားသော အမှန်တရား နည်းလမ်းများဖြင့် ကြီးပွားတိုးတက်ချင်လျှင်တော့ နအဖစစ်တပ်အတွင်းတွင် ကြိုးစားလျှင်တော့ “ခဲလေသမျှ သဲရေကျ” ဘ၀တွင်သာ ရောက်ပေလိမ့်မည်။ ထို့ကြောင့်လည်း ကျွန်တော်က “အနာဂတ်မဲ့သော နအဖစစ်တပ်တွင်းရှိ တပ်သားလေးများ” ဟူ၍ပင် ခေါင်းစဉ်ပေးပြီး ဆောင်းပါးတစ်ပုဒ် ထက်ရေးချင်ပါသေးသည်။
နအဖတပ်သား ရဲဘော်လေးများ၏ နေထိုင်ရပုံ၊ အဘယ်သို့အဘယ်ပုံ လုပ်ကိုင်စားသောက်ရပုံ၊ နအဖစစ်ဗိုလ်ချူပ်များက အသက်မပြည့်သော ကလေးငယ်ယောကျာင်္းလေးများအား ဘယ်သို့ဘယ်ပုံ ဖြားယောင်းသွေးဆောင် ခေါ်ယူပုံတို့ကို ရေးရလျှင်တော့ မကုန်နိုင်တော့ပေ။ ထို့ကြောင့် မိမိတွေ့မြင်ခဲ့ဖူးသော၊ မိမိကြားသိခဲ့ဖူးသော နအဖတပ်အတွင်းရှိ စစ်သားရဲဘော်လေးများ၏ အကြောင်းတချို့ တစိတ်တဒေသကိုသာ ရေးသားဖော်ပြပါမည်။
မြန်မာပတပ်မတောင်အတွင်းမှာ အရွယ်မရောက်သေးတဲ့ ခလေးစစ်သားတွေများနေလို့ ရှေ့တန်းကို စစ်တိုက်ထွက်တာမဟုတ်ပဲ ခလေးထိန်းထွက်လာတာပါလို့ ၂၀၀၁ ခုနှစ် အောက်တိုင်ဘာလက ရှေ့တန်း ခမရ (၅၉၈) ခွဲ (၂)မှာ ထွက်ပြေးလာခဲ့တဲ့ နအဖတပ်ကြပ်ကြီးတဦးက ပြောပြခဲ့ပါတယ်။ တိုက်ပွဲဖြစ်ရင် ခံပစ်နိုင်ဖို့ နေနေသာသာ ခလေးတွေ ထွက်မပြေးအောင် မနည်းထိန်းနေရတယ်လို့လည်း သူက ပြောပြပါတယ်။ ရှေ့တန်းထွက်ရာမှာလည်း တောင်မတက်နိုင်လို့ ထိုင်ငိုနေတဲ့ ကလေးစစ်သားတွေ ရှိသလို၊ ထွက်ပြေးသူတွေနဲ့ သတ်သေသူတွေလည်း တပ်တိုင်းလိုလိုမှာ ရှိနေတယ်လို့ ဆိုပါတယ်။ ညဖက်ကင်းစောင့် ခိုင်းရင်လည်း ကလေးပီပီ သရဲကြောက်လို့ မစောင့်ရဲဘူး ဆိုတာကြောင့် သူကိုယ်တိုင် “မင်းတို့ပြေးရင် ငါ့ကိုလည်း ချန်မထားခဲ့ပါနဲ့” လို့ဆိုပြီး ထုတ်ဖော်ဝန်ခံထားကြောင်းကို ကြည့်လျှင် နအဖစစ်ဗိုလ်ချူပ်များ မည်မျှ ယုတ်မာသည်ကို တစိတ်တဒေသ အားဖြင့် ပေါ်လွင်စေပါသည်။ အပေါ်တွင် တပ်ကြပ်ကြီး တဦး၏ ၀န်ခံထားချက်ကို ကြည့်လိုက်ပါလျှင်လည်း နအဖစစ်တပ် ရဲဘော်ကလေးများ၏ ဘ၀အနာဂတ်သည် မည်မျှပင် ဆင်းရဲမွတ်သိတ်သည်ကို တွေ့ရှိကြရပေမည်။
ကျွန်တော်ကိုယ်တွေ့ ကြုံဖူးသော နအဖတပ်သား ရဲဘော်ကလေးများကား ဆိုးသွမ်းခိုးဝှက်သော တပ်သားကလေးများဟုပင် ပြောရပေမည်။ ဤသည်မှာလည်း မထူးဆန်းပေ။ သူတို့အထက်ကပေးသော လစာမှ မငတ်လောက်၍သာ ဖြစ်ပါတော့သည်။ ဤတချက်တချက်ကြောင့်ပင်လျှင် နအဖစစ်တပ်တွင်းရှိ တပ်သူတပ်သားများသည်လည်း အကျင့်ပျက် ကြသည်မှာ မဆန်းလှပေ။ ထို့နောက် လာဘ်စားခြင်းဟူသော မကောင်းမှုက နောက်မှ လိုက်ပါလာသည်။ သို့သော် ကျွန်တော်တွေ့ကြုံသော နအဖစစ်တပ်တွင်းရှိ ရဲဘော်တပ်သားများက လာဘ်မစားပါ။ ခိုးစားပါသည်။ အဘယ်ကြောင့်ဆိုသည်မှာ ကျွန်တော်နေထိုင်ရာ ရွာကလေးတနေရာသည် လာဘ်စား၍ မရခြင်းကြောင့် တစ်ကြောင်း၊ အထက်အရာရှိ တချို့ ယူထားသော အမျိုးသမီးကလည်း မိမိတို့ ရွာသူများ ဖြစ်နေခြင်းကြောင့် တစ်ကြောင်း၊ ပြီးတော့ ကျွန်တော်တို့ ရွာတွင်နေထိုင်သော ရွာသူရွာသားများသည် စိုက်ပျိုးရေးအလုပ်ကိုသာလုပ်ပြီး တခြားမြို့များလို ငွေများကိုင်ဆောင်နိုင်သော အလုပ်၊ မှောင်ခိုအလုပ် စသော နအဖစစ်ဗိုလ်မှူးများ၊ စစ်ဗိုလ်ချူပ်များ၊ စစ်ဗိုလ်ကြီးများ၊ လက်နက်ချငြိမ်းချမ်းရေး ယူသွားသော UWSA ခေါ် ၀တပ်များ လုပ်ကိုင်နေသည့် မူးယစ်ဆေးဝါး များကိုလည်း ကျွန်တော်တို့ရွာဘက်တွင် မရှိ၍ နအဖ တပ်ကြပ်ကြီးများ၊ ဗိုလ်ကြီးများ၊ ဗိုလ်မှူးများ၊ ဗိုလ်ချူပ်များကလည်း ရွာသူရွာသားများအား အတင်းအကြပ် လာဘ်စားမှုကို မဖန်တီးနိုင်၍ ဖြစ်ပါလိမ့်မည်။ ထိုသို့လာဘ်စားမှုကြီးကို မတရား ဖန်တီးလာမယ်ဆိုရင်လည်း “မှန်းချက်နဲ့ နှမ်းထွက်မကိုက်”ဆိုသလို သူတို့ပြစ်မှုကို သူတို့ ပြန်ဖော်သလို ဖြစ်မည်ကို စိုးရိမ်ခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေကာမူ နအဖစစ်တပ်တွင်းရှိ တပ်ကြပ်ကြီးအချို့၊ စစ်ဗိုလ်ကြီးအချို့၊ စစ်ဗိုလ်မှူးအချို့က ထိုသို့သော လာဘ်စားမှုကြောင့် မည်မျှပင် ချမ်းသာစေကာမူ လက်အောက်ငယ် တပ်သားရဲဘော်လေးများကား အစာငတ်ကာ သူခိုးဘ၀သို့ ရောက်ကြရပါသည်။ ပြည်သူလူထု စိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များ၊ ငရုတ်သီး အစရှိသော အရာများကို တောင်းစားလျှင် ရပါလျှက်နှင့် ခိုးယူစားသောက်ကြပါသည်။ ဤသည်မှာ ကျွန်တော့်ကိုယ်တွေ့ အတွေ့အကြုံများပင် ဖြစ်ပါတော့သည်။ မည်သို့ပင် တပ်သားများက ပြည်သူလူထုစိုက်ပျိုးထားသော ဟင်းသီးဟင်းရွက်များက ခိုးစားစေကာမူ အထက်အရာရှိများက အပစ်မယူတတ်ကြပေ။ ဤသည်ကို ကြည့်ပြီး ကျွန်တော့်မှာ အလွန်အမင်း အံ့သြရပါသည်။ သို့သော် ယခုမူကား မအံ့သြတော့ပါ။ အဘယ်ကြောင့် မအံ့သြသည်ကိုလည်း ရှင်းပြရန် မလိုဟု ကျွန်တော်ထင်မိပါသည်။
အကယ်၍ နအဖစစ်အာဏာရှင် ဗိုလ်ချူပ်များဖြစ်သော ဗိုလ်ချူပ်မှူးကြီးသန်းရွေ၊ ဗိုလ်ချူပ်မောင်အေး၊ ဗိုလ်ချူပ်သိန်းစိန်၊ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချူပ်ကျော်ဆန်းတို့က မှန်ကန်သော လုပ်ဆောင်မှုများ မလုပ်ဆောင်လျှင်၊ အာဏာကိုသာ အဖေသဖွယ် တွက်ကပ်ခံစားလိုလျှင်၊ မှန်ကန်သော အရာများကို အတင်းအကန်ငြင်းဆိုနေလျှင်၊ မိမိတို့၏ စီးပွားရေးတခုတည်းကိုသာ ကြည့်ပြီး မိမိတို့၏ လက်အောက်ငယ်သားများကို မငှဲ့လျှင် မြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထုများပင် သာမက ပြည်ပရှိမြန်မာလူမျိုးများ နိုင်ငံအရပ်ရပ်မှ လူသားများက ဗိုလ်ချူပ်မှူးကြီးသန်းရွေ ဦးဆောင်၍ နအဖစစ်တပ်အတွင်း တာဝန်ထမ်းဆောင်နေသော အသက်မပြည့် တပ်သားများတင်မကပဲ တပ်ကြပ်၊ စစ်ဗိုလ်၊ ဗိုလ်မှူးတို့၏ ဘ၀အနာဂတ်သည် “စစ်ထဲဝင်လို့ သူခိုးဖြစ်သူများ” ဆိုပြီး နေ့စဉ်မပြက် အစဉ်အဆက် ပြောဆိုနေကြမည် ဖြစ်ပါကြောင်း ကျွန်တော့်၏ ထင်မြင်ချက်များကို ဝေငှအပ်ပါသည်။
ရှမ်းကလေး
Wednesday, February 27, 2008
ဒိုင်ယာရီထဲက အတိတ်ကအကြောင်း (ဒုတိယပိုင်း)
“အေးကွ.. လာတော့လာပါ့မလားလို့ စောင့်လိုက်ရတာ”
“ဟေ့ကောင် ရှုးတိုးတိုး”
“အေးပါကွာ ငါသိပါတယ်”
ကားပေါ်မှ ဆင်းလာသော ဗိုလ်ချူပ်ကြီး မောင်ဗိုလ်ဆိုသည်မှာ ကိုယ်လုံးက ၀၀၊ ထိပ်ကပြောင်ပြောင် သူ၏ဘေးတွင်လည်း လက်နက်ကိုင် တပ်သားများက အပြည့်ခြံရံလျှက်.......
ထိုအချိန်မှာပဲ ကျောင်းသူကျောင်းသားတွေ လက်အုပ်ချီကာ ဗိုလ်ချူပ်ကြီးမောင်ဗိုလ်အား
“မင်္ဂလာပါ ဘဘကြီး” ကျောင်းသူကျောင်းသားများက ထိုသို့ပြုမူခြင်းကို ဝေဖြိုးက
“လူလူခြင်းကွာ..၊ လက်အုပ်ချီစရာလိုသေးလို့လား၊ လက်ပိုက်ပြီး နှုတ်ဆက်ရင်လည်း ရတာပဲ”
“ဟေ့ကောင် တိုးတိုး”ဟု သူက ပြောသော်လည်းပဲ သူ၏ စိတ်ထဲမူတွင် ယခုလို လုပ်ရခြင်းအား မနှစ်သက်မိသည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။
xxxxxxxxxx xxxxxxxxxxx xxxxxxxxxxxxxxx xxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxx
တနင်္ဂလာနေ့ မနက် ၇း၀၀ ခန်အချိန်ခါတွင်၊ ကြီးမားလှသော ညောင်ပင်အောက်တွင်မူ ကျောင်းသားတစု စုပေါင်းထိုင်ကာ စကားစမြည် ပြောဆိုနေကြသည်။ ကျောင်းတော့မတက်သေး...၊ ဒီနေ့ တနင်္ဂလာနေ့ ကျောင်းအုပ်ဆရာမကြီးက မိန့်ခွန်းဟောဦးမည်.၊ နိုင်ငံတော်သီချင်းဆိုရ ပေဦးမည်။
“ဟေ့ကောင့် ငဖြိုး သွားမယ်ကွာ”
“ဘယ်လဲကွ ဇွဲရ”
“တန်းသွားစီတော့မယ်လေကွာ”
“အခုမှ (၇)နာရီ အစောကြီးရှိပါသေးတယ်ကွာ”
“လာပါဆိုမှပဲ မင်းကလည်း”
“ခဏကွာ.. အခန်းထဲမှာ လွယ်အိပ်သွားထားလိုက်ဦးမယ်”
“မင်းကလည်း လွယ်ခဲ့ပါကွ”
“ဟေ့ကောင်လေးတယ်ကွ.. မင်းလွယ်မလား လွယ်အိပ်ထဲမှာ တုတ်ပါတယ်ကွ”
“မင်းကလည်း တုတ်မယူလာလဲ ရပါတယ်ကွာ” ဟုတ်တယ် သည်ကောင်က လွယ်အိပ်ထဲမှာ တုတ်အမြဲထည့်ထားတတ်သည်။ အကျင့်ပါနေခြင်းဖြစ်သည်။ ကြောက်တာကတော့ သူမကြောက်။ သူ့ကို နဲနဲမှ ဘယ်သူ့မှ မထိရဲ။ ထိလိုက်ကြည့်ပါလား.. မီးပွင့်သွားမယ်။ ဒါပေမဲ့ ဒီကောင်ကလည်း သူများကို ရန်မစပါ။ သူ့ကို ရန်စချင်နေတဲ့လူတွေကတော့ ငပုတို့ အုပ်စုပေါ့ဗျာ..။
“ဒါဆိုလဲ မြန်မြန်သွားကွာ” ဖြိုးဝေ စာသင်ခန်းဘက်သို့ လှည့်သွားကာ အခန်းထဲသို့ ၀င်သွားပြီး လွယ်အိပ်သွားထားလိုက်သည်။ သူတို့နှစ်ယောက် ကျောင်းအုပ်ဆရာမကြီး မိန့်ခွန်းပြောရာ ဘောလုံးကွင်းကြီးဘက်သို့ သွားလိုက်ပါတော့သည်။
xxxxxxxxxx xxxxxxxxxxx xxxxxxxxxxxxxxx xxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxx
အချိန်ကား မနက် (၈း၀၀)...၊ ကျောင်းခန်းတံခါးကြီး ဖွင့်လိုက်သည်နှင့်တပြိုင်နက် ချောမောလှပလှသော မင်းသမီးလေး တယောက်အလား မိန်းကလေးတစ်ယောက်နှင့် သူ့ဘေးတွင် အဖော်တယောက်ပါလာသည်။ ထိုသူ မိန်းကလေးနှစ်ဦး ကိုယ့်ထိုင်ခုံရှိရာသို့ ကိုယ်သွားထိုင်ကာ
“ဟဲ့ စန္ဒီ ငါတို့ခုံမှာ ဘယ်သူ့လွယ်အိတ် ကြီးလဲမသိဘူးဟ“
“ဟင်ဟုတ်လား” ဟူ၍ပြန်ပြောလိုက်သူကား ချောမောလှပသော မိန်းကလေး တစ်ဦးပင်ဖြစ်ပါတော့သည်။
“လွယ်အိပ်ကတော့ ယောက်ကျားလေး လွယ်အိပ်ပဲဟ”
“အေး ဖွင့်ကြည့်လေဟာ မာယာကလည်း”... အော.. အော နောက်ထပ် မိန်းကလေး၏ အမည်ကား မာယာတဲ့။...
“အေး... အေး”
“ဟင်... ဟာ...” လွယ်အိပ်ကို ဖွင့်ကြည့်လိုက်တော့ မိန်းကလေး နှစ်ဦးမှ အမဋိတ် သံများ ထွက်ပေါ်လာကာ
“ဟဲ ဒုတ်ကြီး ဘယ်သူကျောင်းယူလာတုန်း” မှန်ပေသည်။ တုတ်တချောင်းကို သေချာစွာ ရေပေါ်ထိုးတား၊ ပေါလစ်သုတ်ထားသည်။ ကိုင်ချင်စဖွယ် တုတ်တချောင်းပေတည်း။
“ဟုတ်တယ်နော် လာစန္ဒီ ဆရာမကို သွားအပ်လိုက်မယ်”
“အေး သွားမယ်”
ကျောင်းသူလေးနှစ်ယောက်ကား မိမိတို့၏ လွယ်အိတ်ကိုပင် မချသေးပဲ လှပချောမွေ့သော တုတ်ကြီးကို ကိုင်ကာ.. တုတ်ထည့်ထားခဲ့သော လွယ်အိတ်ကိုတောင် ဖွင့်မကြည့်ပဲ ဆရာမ ရုံးခန်းဘက်သို့ ထွက်သွားလေသတည်း။
xxxxxxxxxx xxxxxxxxxxx xxxxxxxxxxxxxxx xxxxxxxxxxxxxxxx xxxxxxxxxxxxxxxxx xxxxxxxxxxxxx
“အခန်းထဲသွားမယ်ကွာ ငဖြိုး” ဟု သာယာကြည်လင် ပြတ်သားသော အသံတသံ ထွက်ပေါ်လာသည်။
“အေး go မယ်”
သူတို့နှစ်ယောက် ကျောင်းခန်းရှိရာဘက်သို့ ထွက်လာကာ ကျောင်းခန်းထဲသို့ဝင်ပြီး သူတို့ ထိုင်နေကျ စားပွဲခုံသို့ တန်းတန်းမတ်မတ် သွားလိုက်ကြသည်။ သို့သော်ဝေဖြိုးမူကား သူ့နောက်မှ မလိုက်လာဘဲ ခေတ္တခဏရပ်ကာ ခုံတခုံတွင် ရပ်လိုက်သည်။
“ဟာ ဟေ့ကောင် ဇွဲ ငါ့လွယ်အိတ်မတွေ့ တော့ဘူးကွ”
“မင်းက ဘယ်မှာသွားထား ထားတာလဲကွ”
“ငါဒီမှာခဏထားခဲ့တာ”
“ဟာမင်းကလည်း ကိုယ့်ခုံမှာလာထားတာ မဟုတ်ဘူး နီးနီးလေးကို”
“ဒုက္ခပဲကွာ... အဲ့ဒီထဲမှာ ဒုတ်ပါသွားတယ်ကွ”
“ဆရာမနားရောက်ရင်တော့ ဒုက္ခ.. ဟာဟေ့ကောင် ဟိုမှာ ဆရာမှ ဒေါ်နန်းနွဲ့လာနေပြီကွ” သူပြောလိုက်စဉ်မှာပင် လွယ်အိတ်တလုံးကို ကိုင်ဆောင်လာသော ဆရာမတစ်ယောက်နှင့် ထိုဆရာမနောက် လိုက်ပါလာသူကား မိန်းကလေးနှစ်ဦးပင်ဖြစ်သည်။
“ဝေဖြိုး ဒါနင့်လွယ်အိတ် မဟုတ်လား” ဟု ဆရာမဖြစ်သူက ဝေဖြိုးဘက်လှည့်ကာ ခတ်မာမာပြောဆိုလိုက်သည်။
“ဟုတ်ကဲ့ ဆရာမ”ဟု ဝေဖြိုးက ပြောလိုက်သည်။
“မင်း ဘာလို့ သည်ဒုတ်ကို ကျောင်းယူလာရသလဲ”ဟု ဆရာမဖြစ်သူ ပြောဆိုရင်း လွယ်အိတ်ထဲမှ ဒုတ်ကို ထုတ်လိုက်သည်။
“အော... ဒါလားဆရာမ.. ဟိုဟာလေ..၊ အဖေက ဒီနေ့ ဒီဒုတ်ကို ရေပေါ်သွားထိုးထား ခိုင်းတာ၊ အဲ့ဒါ ကျောင်းလာရင်းနဲ့ လက်သမားဆီမှာ ၀င်ယူလာခဲ့တာ” ဟု ဝေဖြိုးက ပြောလိုက်သည်။
“မင်းအဖေဒုတ်ယူတာ ကျောင်းလာတဲ့အချိန်မှ သွားယူရလား”
“ဟာ ဆရာမကလည်း အဖေက အခုသွားယူဆိုလို့ သွားယူရတာ..၊ ပြီးတော့ သွားယူပြီး အိမ်ပြန်လာပို့လို့ပြောတယ်၊ ကျွန်တော်လည်း သွားယူတာပဲ၊ အိမ်သွားပြန်ပို့မယ်ကြံတော့ ဆိုင်ကယ်ဘီးပေါက်သွားတယ် ဆရာမ” ဟုဝေဖြိုးက ကလိမ်ကျစ်ပြောလိုက်သည်။ လိမ်မှရမည်။ မလိမ်လျှင် ဒီကောင်မလွယ်။
“ဒါဆို မင်းဘာဖြစ်လို့ မင်းလွယ်အိတ်ကို ဒီမိန်းကလေးတွေ ခုံမှာ သွားထားတာလည်း”
“ဟာ ဆရာမကလည်း ဒါက အကြောင်းအရင်းရှိတယ်ဗျ..၊ ကျွန်တော်ဆိုင်ကယ်ဘီး သွားဖာပြီးပြန်လာတော့ ကျောင်းအုပ်ဆရာမကြီးက မိန့်ခွန်းတွေ ဟောနေပြီ၊ ဒါနဲ့ ကျွန်တော်လည်း အခန်းထဲကို ခတ်မြန်မြန် ၀င်လာပြီး ထားသွားတာ”
“မင်းငါ့ကို မလိမ်နဲ့နော်”
“မလိမ်ပါဘူး ဆရာမရယ်” ဆိုပြီး ဝေဖြိုးက ဆရာမနောက်မှ မိန်းကလေးတွေကို မကျေမနပ်ကြည့်လိုက်သည်။ မိန်းကလေးတွေက ခတ်စွာစွာရယ်။
“အေး မင်းနောက်တခါ မယူလာနဲ့ ကြားလား၊ နောက်တခါယူလာလို့ကတော့ ငါ့နဲ့ တွေ့ပြီမှတ်”ဟု ပြောဆိုကာ ဆရာမဒေါ်နန်းနွဲ့ အခန်းထဲမှ ထွက်ခွာသွားလိုက်သည်။ ကျန်ခဲ့သော မိန်းကလေး နှစ်ယောက်ကား ၎င်းတို့ခုံတွင် ထိုင်လိုက်ကြသည်။
ဝေဖြိုး၏ ပါးစပ်မှလည်း “တော်တော် ဆိုးတဲ့ မိန်းမတွေ”ဟု ခတ်ကျယ်ကျယ်ပြောဆိုလိုက်သည်။ ထိုအခါ မာယာဟုခေါ်သော မိန်းကလေးကား “ဘာပြောတယ်”ဟု ခတ်ကျယ်ကျယ်ပြောလာလေသည်။ ဝေဖြိုးကလည်း မိန်းမတွေနှင့်တော့ ရန်ထဖြစ်လေ့မရှိ။ သို့သော် ဤမိန်းကလေးနှင့်မှ သူက စကားပြိုင်ပြောပစ်ချင်သည်။
“နားလေးနေလား”
“ငဖြိုးသွားမပြောပါနဲ့ကွ” “မာယာရယ် သွားမပြောပါနဲ့ဟာ”ဟူသော ဖြည်းညင်းညင်း စကားသံနှစ်ခုကား တပြိုင်နက် ပေါ်ထွက်လာသည်။ ဤသို့ပြောဆိုသူကား ဇွဲရန်နိုင်နှင့် စန္ဒီဟူသော မိန်းကလေးပင်တည်း။
ဇာတ်သိမ်းပိုင်းအား ဆက်လက်စောင့်မျော်ပါရန်။
ရှမ်းကလေး
Tuesday, February 26, 2008
တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင် (အပိုင်း-၈)
ကိုကံသာ။ ။ မင်္ဂလာကျက်သရေ အပေါင်းနဲ့ ပြည့်စုံတဲ့ ညခင်းလေးပါပဲ ညီလေးတို့ရေ။
ရှမ်းကလေး။ ။ ဟုတ်ကဲ့ပါခင်ဗျား၊ အခုလို မင်္ဂလာရှိတဲ့ ညလေးတညမှာ ရီစရာတွေကို ပြောလို့ ရယ်မောရအောင်လား အကိုတို့ရေ။
ကိုချင်း ။ ။ နေဦးနေဦး အခုတိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင်ကြီးဟာ အပိုင်း(၈) ရောက်ပြီမဟုတ်လားဟ
ရှမ်းကလေး။ ။ ဟုတ်တာပေါ့ ကိုချင်းရ
ကိုကံသာ။ ။ မင်းကဘာလဲ အခန်းရှစ်မှာ အနမ်းပစ်ချင်လို့လား
ကိုချင်း ။ ။ ခင်ဗျား ညီမနဲ့ဆို မဆိုးဘူး
ရှမ်းကလေး။ ။ ကိုကံသာကလည်း ပြောတော့မယ် ကိုချင်းက အခန်းရှစ်မှာ အနမ်းမပစ်ရဘူးဗျ
ကိုချင်း ။ ။ ဘာပစ်ရမှာတုန်း
ရှမ်းကလေး။ ။ မိန်းမ
ကိုချင်း ။ ။ နင့်မေဂျီးတော် မိန်းမလား
ကိုကံသာ။ ။ ဟာ မောင်ချင်း မင်းအဲ့ဒါတော့ ရှမ်းကလေးကို မလေးစားတာပဲကွ၊ ဒီလို ဆဲတာ ငါလုံးဝါလက်မခံဘူး
ရှမ်းကလေး ငိုမဲ့ငိုမဲ့ သံနဲ့
ရှမ်းကလေး။ ။ ဟုတ်တယ်ဗျာ.. သူ့အမတောင် ကျွန်တော့်ကို မဆဲဘူး၊ ပြောလိုက်စမ်း ကိုကံသာ။
ကိုကံသာ။ ။ ငါတို့မြန်မာနိုင်ငံမှာ စကားပုံတခုရှိတယ်ကွ၊ ဘာတဲ့လဲ၊ ကြီးသူကို ရိုသေ၊ ရွယ်သူကိုလေးစား၊ ငယ်သူကိုသနားတဲ့၊ မင်းက ရှမ်းကလေးကို သနားရမှာ
ကိုချင်း ။ ။ ဟာ... အကိုတို့ ခေတ်အောက်တယ်ဆိုတာ အဲ့ဒါပြောတာပေါ့၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီစကားပုံတွေက မမှန်တော့ဘူးဗျ၊ အခုက News လေးတွေ၊ News.. News
ကိုကံသာ။ ။ ဘာ News တုန်း
ကိုချင်း ။ ။ မှတ်ထာား မသိရင်ပြောပြမယ်၊ အခုက ကြီးသူကိုကပ်ဖား၊ ရွယ်သူကိုချောက်ချား၊ ငယ်သူကို လာဘ်စားဗျ
ကိုကံသာ ကိုချင်းခေါင်းကို ပြေးရိုက်
ဂွမ်းဂွမ်းဂွမ်း
ကိုကံသာ။ ။ နင့်မေဂျီးတော် ပြောလိုက်ရင် တခုမှမကောင်းဘူး
ကိုချင်း ။ ။ အောကိုကံသာ ကိုကံသာ၊ လူ့ဘ၀မှာ ကျွန်တော့်ထက် အသက်ဆိုးရှည်ပြီး ငှက်ဆိုးတကောင်လောက်တောင် အသိဥာဏ်မရှိပါလားနော်။
ရှမ်းကလေး။ ။ လာက လာသေးတယ်၊ ကဲရှင်းစမ်းပါဦး ကြီးသူကိုကပ်ဖား
ကိုချင်း ။ ။ အော.. ရှမ်းကလေး ရှမ်းကလေး မင်းက ကိုယ့်ထက်အသက်ငယ်တယ်ဆိုတော့ ငှက်ငယ်တစ်ကောင်လို အသက်ကယ်ပေးလိုက်မယ်နော်..
ကိုကံသာ။ ။ ပြောစရာ ရှိတာပြောစမ်းပါ
ကိုချင်း ။ ။ ဒီလိုဗျား.. ကြီးသူကိုကပ်ဖားဆိုတာက ဟော ကျွန်တော်တို့ မြန်မာနိုင်ငံကြီးကိုကြည့် ရုံးဌာနအသီးတွေမှာဗျာ.. ရုံးအုပ်ကြီးကို ရုံးစာရေးလေးက ကပ်မဖားရဘူးလား၊ ကပ်မဖားရင် ရာထူးပြုတ်သွားမှာပေါ့
ရှမ်းကလေး။ ။ လာပြန်ပြီ ဒီမြန်မာနိုင်ငံ တခါမှကို မလွတ်ဘူး တော်တော်ချစ်တာ
ကိုချင်း ။ ။ ငါက ဟုတ်တာပြောတာကို
ကိုကံသာ။ ။ ကဲဒါဆို ရွယ်သူကိုချောက်ချားဆိုရင်ကော
ကိုချင်း ။ ။ ဒါလည်း လွယ်ပါတယ်၊ ဦးနှောက်ရှိရင်ပေါ့၊ ဟော.. ဗိုလ်ချူပ်ကြီးတွေကိုပဲကြည့် သူတို့နဲ့ ရွယ်သူတွေကိုဆိုရင် စိတ်ချောက်ချားအောင် လုပ်တာမဟုတ်ဘူးလား၊ စိတ်ချောက်ချားအောင်လုပ်လို့ ခင်ညွန့်တောင် ဖင်ဝပ်နေရပြီလေဗျာ၊ ဘယ်အချိန်ကျရင် မောင်အေးတောင် ထောင်ဆေးနေရမလဲ မသိဘူး။
ရှမ်းကလေး။ ။ ကိုချင်း ကျွန်တော်မပါဘူးနော်
ကိုကံသာ။ ။ မင်းမပါမှန်းငါသိပါတယ် မင်းက သူ့သမက်မှ မဟုတ်တာ၊ ထားလိုက်ပါတော့ ဒါဆို ငယ်သူကိုလာတ်စားဆိုရင်ရော
ကိုချင်း ။ ။ ပြောရတာအာညောင်းလာပြီဗျ၊ နဲနဲပါးပါး ကိုယ့်ကိုကိုယ် တွေးယူကြပါဦးဗျ.. ရွယ်သူကိုလာဘ်စား ဆိုတာက၊ ဟော.. ရုံးဌာနတွေကိုပဲကြည့် ရုံးအုပ်ကြီးက ရုံးစာရေးလေးတွေကို လာဘ်စားပါမှ ရုံးစာရေးလေးတွေ ရာထူးမြဲမှာမဟုတ်လား
ရှမ်းကလေး။ ။ မှတ်သားလောက်ပါပေတယ်
ကိုကံသာ။ ။ ဟာမောင်ချင်း၊ မင်းအဲ့လိုပြောတော့ ငါကလည်း မနေသာ
ကိုချင်း ။ ။ အကို မနေသာရင် သပြေရွာက ညီမနဲ့ ကျွန်တော့်ကို ပေးစားပါလား
ရှမ်းကလေး။ ။ လာပြန်ပြီ ဒီမိန်းမ ယူလို့ကို မကုန်နိုင်သေးဘူး၊ ကိုကံသာက ဘာပြောမှာတုန်း
ကိုကံသာ။ ။ ဒီလိုကွာ အရင်တုန်းက ငါတို့ကျောင်းသားအရွယ် ပညာသင်တုန်းကပေါ့
ကိုချင်း ။ ။ အော.. သိပြီသိပြီ
ကိုကံသာ။ ။ ဘာသိတာတုန်း
ကိုချင်း ။ ။ ကိုကံသာ ကျောင်းသားအရွယ်တုန်းက စာမရလို့ ကျောင်းအုပ်ဆရာကြီးကို ကပ်ဖားသာပေါ့
ကိုကံသာ။ ။ အေးကွာ... ကပ်ဖားသာ ငါ့ညီမတောင် အဆစ်ပါလိုက်သေးတယ်.. ဟာဟေ့ကောင် ဘာတွေလျှောက်ပြောနေတာတုန်း.. မင်းကလည်း ဆရာ့၊ ဆရာမတွေဆိုတာ မစော်ကားကောင်းဘူး..
ရှမ်းကလး။ ။ ဒါဆိုဘာတုန်း
ကိုကံသာ။ ။ အော.. ပြောမလို့ မေ့နေတာ... ဒီလိုကွာ ငါတို့ကျောင်းသားဘ၀တုန်းက ဆန္ဒဆင်မင်း ဆိုတဲ့ ပုံပြင်လေးကို သင်ဖူးတယ်မဟုတ်လား
ကိုချင်း ။ ။ ကျွန်တော်ကတော့ မသင်ဖူးဘူး
ကိုကံသာ။ ။ ဟေ ဟုတ်လား မင်းတကယ်မသင်ဖူးဘူးလား
ကိုချင်း ။ ။ မသင်ဖူးပါဘူးဆို
ကိုကံသာ။ ။ ဧကံန မင်းစာမလေ့လာဘူးထင်တယ်
ကိုချင်း ။ ။ မဟုတ်ဘူးဗျ ကျွန်တော် ငယ်ငယ်တုန်းက စာကြိုးစားတာ ရက်စက်တယ်
ရှမ်းကလေး။ ။ ဒါဆို ဘာလို့မသင်ဖူးတာလဲ
ကိုချင်း ။ ။ ဒုတိယတန်းကတည်းက ကျောင်းထွက်လာလို့
ကိုချင်းခေါင်းအား ရှမ်းကလေးနှင့် ကိုကံသာ ပြေးရိုက်
ကိုကံသာ။ ။ နင့်မေဂျီးဒေါ် (၅)တန်းလောက်ဆို တော်သေးတယ်
ရှမ်းကလေး။ ။ ဆန္ဒဆင်မင်းက ဘာဖြစ်တာတုန်း ဆက်ပြောလေဗျာ
ကိုကံသာ။ ။ အေး.. အေး.. အေး ပြောမယ် ဆိုကွာ.. ဆန္ဒဆင်မင်း ဇာတ်တော်ထဲက မုဆိုးကြီးပြောသွားတာ မင်းတို့မှတ်မိလား
ရှမ်းကလေး။ ။ ဟာမှတ်မိတာပေါ့ဗျာ.. ရှမ်းကလေးက အဲ့လိုဇာတ်တွေဆို တအားကြိုက်တာ ကြိုက်လွန်းလို့ ဒီမှာတောင်လာကနေတာကိုး
ကိုချင်း ။ ။ မုဆိုးက ဘာပြောသွားတုန်း
ရှမ်းကလေး။ ။ မုဆိုးက ပြောသွားတာ.. ကျွန်တော်မုဆိုးပါတဲ့
ကိုကံသာ ရှမ်းကလေးခေါင်းကို ပြေးရိုက်
ကိုကံသာ။ ။ မင်းဟာ မုဆိုးပါဆိုမှ မုဆိုးပေါ့ကွ
ကိုချင်း ။ ။ ဟာ ရှမ်းကလေး ငါထင်တာ မင်းတကယ်သိလားလို့ သိလည်းမသိဘူး မုဆိုးပြောသွားတာ ဒီလိုကွ
ကိုကံသာ။ ။ ဘယ်လိုတုန်း
ကိုချင်း ။ ။ မုဆိုးက နောင်ဘ၀ကျရင် ကျွန်တော် တောကောင်တွေကို မသတ်တော့ ပါဘူးတဲ့၊
ကိုချင်းခေါင်းအား ရှမ်းကလေးနှင့် ကိုကံသာ နှစ်ယောက်သား ပြေးထု။
ကိုကံသာ။ ။ ငါထင်တာ မင်းတို့သိလားလို့ ဘာမှလည်း မသိကြဘူး...
ကိုချင်း ။ ။ ဒါဆို မုဆိုးက ဘယ်လိုပြောတာတုန်း
ကိုကံသာ။ ။ ဒီလိုကွ အစွယ်ကိုလိုသူ မိဘုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်..
ရှမ်းကလေး။ ။ ကျွန်တော်ပြောမလို့ဟာကို..၊ ဟုတ်ပါပြီ အဲ့ဒီတော့ ဘာဖြစ်လဲဗျ
ကိုကံသာ။ ။ မောင်ချင်းက စကားပုံကို ခေတ်နဲ့အညီလုပ်တော့ ငါလည်း ခေတ်နောက်ကို လိုက်ရတော့မှာပေါ့ကွ
ကိုချင်း ။ ။ ဘယ်လိုလိုက်မှာတုန်း
ကိုကံသာ။ ။ ဒီလိုကွာ... “အာဏာလိုသူ စစ်အုပ်စု၊ စေခိုင်းသူ ဒေါ်ကြိုင်ကြိုင်၊ လေးကိုင်သူ ကြံ့ဖွံနှင့်စွမ်းအားရှင်များ” ကဲ ခေတ်နဲ့မညီဘူးလား
ကိုချင်း ။ ။ ဟာကိုကံသာကလည်း... ဟုတ်တာတွေ ပြောနေပြန်ပြီ
ရှမ်းကလေး။ ။ ဟေး.. ဟေးး
ကိုကံသာ။ ။ ဘာဖြစ်တာတုန်း
ရှမ်းကလေး။ ။ မှန်တာတွေပြောနေလို့ ရီပြီးအော်နေတာ
ကိုကံသာ။ ။ ကဲကဲကဲ မင်းသမီးခေါ်မယ်ဟေ့ စာလေးနဲ့ခေါ်မယ်ဟေ့
ရှမ်းကလေး။ ။ ဟာအကိုကလည်း စာကလေးနဲ့ မခေါ်ပါနဲ့ ကြက်တူရွေးနဲ့ ခေါ်ပါ အသံပိုကောင်းတာပေါ့
ကိုကံသာ။ ။ ဟေ့ကောင် စာနဲ့ ကဗျာလေးနဲ့ ခေါ်မယ်ပြောတာ မင်းသမီးကို တရိစ္ဆာန်နဲ့ ခေါ်ရမလားကွ
ရှမ်းကလေး။ ။ ဒါဆိုလဲခေါ်ဗျာ
ကိုကံသာ။ ။ ပါးပေါ်မှာ သနပ်ခါးက အဖွေးသား
ပါးကွက်ကြားကို ထူထူလိမ်းလို့
ဆံနွယ်လေးက ငွေလိုပျော့အိ
ချောလိုက်ပါဘိ
မျက်လုံးကလေးက ရွန်းရွန်းဝေ
မြင်သူတကာ စွဲမက်စေ
အသံလေးက ချိုသာတယ်ဗျ
အဲ့ဒါ ချောရတနာဗျ
ကိုကံသာက ခေါ်လိုက်တဲ့ မင်းသမီး ချောရတနာလေးက အသားလေးက ဖြူပါတယ်ဆိုမှ အဖြူရောင် ၀တ်စုံလေးကို ၀တ်ထားတော့ ဘာမှကို မမြင်ရဘူး။ ဟဲဟဲနောက်တာ
မင်းသမီးက ပရိပ်သတ်တွေကို ရှိခိုးဦးချကာ
မင်းသမီး။ ။ သမီးကို ချီးကျူးတာက ကိုကံသာလားရှင့်
ကိုကံသာ။ ။ လူငယ်တစ်ယောက်က ကောင်မလေးတစ်ယောက်ကို ချစ်တာအပြစ်လား အတိတ်ကိုမေ့ပြီးတော့ ငါဘာကောင်လဲဆိုတာကိုမေ့ထား မင်းလဲသိမယ် မင်းအနားမှာ ငါအမြဲရှိမယ်.. ကောင်ကလေးတွေဝိုင်းဝိုင်းလည်နေတာကို ငါအမြဲကြည့်တယ် ဆံပင်ရှည်ထားပါလို့ ခဏခဏ ကျွန်တော်ပြောဖူးတယ်.. ပြောထားတဲ့စကားအတိုင်း ထားပေးပါတယ်မမောဘူးရယ် ယောင်လို့တောင် မူးယစ်ဆေးတွေ မသုံးပါနဲ့လို့ သူကသတိပေးတယ် ငါ့ကိုလည်းစိုးရိမ်နေသလို မင်းဆီမှာ ဘယ်သူရှိသေးလဲ.. လိုအပ်သမျှ ဖုန်းဆက်လိုက် မင်းအတွက်ဆို ကူညီပေးမယ်... ရတနာလေးရယ်
ကိုချင်း ။ ။ ဟာကိုကံသာက မိုက်တယ်ဗျာ.... ဒါနဲ့အဲ့ဒီသီချင်းခေါင်းစဉ်က ဘာတုန်းဗျ
ရှမ်းကလေး။ ။ ယောကျာင်္းလေး
ကိုကံသာ ရှမ်းကလေးခေါင်းအား လှမ်းထု။
ကိုကံသာ။ ။ ဟေ့ကောင် မိန်းကလေးကွ
ကိုချင်း ။ ။ ဟာ ရှမ်းကလေးက ယောကျာင်္လေးပါဗျာ
ကိုကံသာ။ ။ ငါပြောတာ သီချင်းခေါင်းစဉ်
ကိုချင်း ။ ။ ဒါဆို ဘယ်သူဆိုထားတာတုန်း
ရှမ်းကလေး။ ။ တပ်ကြပ်ကြီး
ကိုကံသာ ရှမ်းကလေးခေါင်းအား လင်ဗန်းနှင့် ထပ်ထု
ကိုကံသာ။ ။ ပြောလိုက်ရင် တလွဲတွေပဲ ရဲလေးကွ ရဲလေးကွ
ရှမ်းကလေး။ ။ ငါလည်း တပ်ကြပ်ကြီးဖြစ်ချင်တာပေါ့တဲ့
မင်းသမီး။ ။ ဒီဖက်က ကိုရှမ်းကလေးလားရှင့်
ရှမ်းကလေး။ ။ ဘုရားမကြိုက် တရားမကြိုက် မဟုတ်တာမမှန်တာ မလုပ်ကြပါနဲ့၊ လိမ်နေတဲ့သူတွေမျက်လုံး ကျွန်တော်သိတယ် ကျွန်တော်တွေ့တယ်၊ ညာနေတဲ့သူတွေ ပါးစပ်ကျွန်တော်တွေ့တယ် ကျွန်တော်သိတယ်..
ကိုချင်း ။ ။ ဒါက ဘာသီချင်းတုန်း
ရှမ်းကလေး။ ။ ဟစ်ဟော့၊ ဟစ်ဟော့
ကိုချင်း ။ ။ စထွေးစင်တယ်ကွ
ကိုကံသာ။ ။ အဲ့ဒီသီချင်းက ဘယ်သူဆိုထားတာတုန်း
ရှမ်းကလေး။ ။ အဖေဆိုး
ကိုချင်း ။ ။ ဟေ့ကောင့် သားစိုးဘာကွ
ရှမ်းကလေး။ ။ သားချည်းပဲဆိုးလို့ ဘယ်ရမလဲကွ၊ အဖေလဲဆိုးချင်တာပေါ့လို့
မင်းသမီး။ ။ ကိုချင်းလားရှင့်
ကိုချင်း ။ ။ တို့ကတော့ ရိုးရိုးပဲဟေ့ “မင်းလေးရဲ့အကြောင်း မသိဘဲနဲ့ ချစ်လိုက်မိပြီ၊ သူများတွေထက်ထူးလို့ အောမင်းလေးငါ့ကိုညို့ယူ၊ စွဲမက်ဖို့ကောင်းတယ် ခြေလမ်းလေးလည်းလှတယ် ရတနာ...
ကိုကံသာ။ ။ မိုက်တယ်ကွာ... မောင်ချင်းတို့ကတော့ ဒါနဲ့ သီချင်းခေါင်းစဉ်က ဘာတုန်း
ရှမ်းကလေး။ ။ ငါလည်းနားလည်
ကိုချင်း ။ ။ ဟေ့ကောင် ငါဆိုတဲ့ သီချင်းကို မဖျက်နဲ့ကွာ
ရှမ်းကလေး။ ။ အောင်းမယ် ဘာခင်ဗျားဆိုထားတာတုန်း... ဒါဆိုခင်ဗျားသိလို့လား သီချင်းခေါင်းစဉ်
ကိုချင်း ။ ။ မင်းလေးနားလည်ကွ
ရှမ်းကလေး။ ။ သူချည်းနားလည်လို့ ဘယ်ရမလဲဗျ.၊ ကျွန်တော်လည်း နားလည်မှပေါ့
ကိုကံသာ။ ။ ဘယ်သူကဆိုထားတာတုန်း
ရှမ်းကလေး။ ။ ဟိုဘာလဲ ရေရေပျော်ရဲ့ ယောက်ကျားလေ
ကိုချင်း ။ ။ ငါသီးမခံတော့ဘူးနော် ဟေ့ကောင်
ရှမ်းကလေး။ ။ အကိုတီးမခံရင် ငြိမ်ငြိမ်ခံပေါ့ဗျ
ကိုချင်း ။ ။ ရေရေပျော်မဟုတ်ဘူး မီးမီးခဲကွ.. ချစ်တုန်းလေး
ရှမ်းကလေး။ ။ အော မီးတွေပဲခဲလို့ရှိရင် ပူမှာပေါ့ဗျာ.. ရေလေးဘာလေးပေးပျော်တာပေါ့
ကိုကံသာ။ ။ သူ့ယောက်ကျားက ဘယ်သူတုန်း
ကိုချင်း ။ ။ ထူးအယ်လ်လင်း
ရှမ်းကလေး။ ။ ကဲကဲ တော်ပြီတော်ပြီ..။ မင်းသမီးကိုလည်း အလှည့်ပေးလိုက်ကြပါဦးဗျ
ကိုကံသာ။ ။ ဟုတ်တယ် မင်းသမီးကို အလှည့်ပေးကြဦး မင်းသမီးက ငိုတော့မယ်
မှတ်ချက်။ ။ အားလုံးကို တောင်းပန်ပါတယ်..၊ သီးချင်းမစပ်ရသေးလို့ပါ။
ထိုအချိန်မှာပဲ မင်းသမီးလေးက သူတတ်သမျှ အကလေးနဲ့ ပရိတ်သတ်တို့အား ဖျော်ဖြေလိုက်ပါသည်။
တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင်အပိုင်း (၈) ကိုသည်တွင်ပဲ ရပ်နားလိုက်ပါသည်ခင်ဗျား...။။
ချစ်ခင်လေးစားလျှက်
ရှမ်းကလေး
Sunday, February 24, 2008
“ဒိုင်ယာရီထဲက အတိတ်ကအကြောင်း” “ပထမပိုင်း”
အမည်------ဇွဲရန်နိုင်
အသက်----27နှစ်
ဟုတ်ပါပေသည်... ဤလူ၏ အမည်ကား ဇွဲရန်နိုင်။ အရပ်က အနည်းငယ်ရှည်ပြီး ဆံပင်ကို အလယ်ခွဲထားကာ ကြည့်ကောင်းသော အမျိုးသား တစ်ယောက်လို့ ဆိုရပေမည်။ မိုးများရွာသွန်းနေသည့် လမ်းမကြီးပေါ်တွင် ကားများသွားလာ လှုပ်ရှားနေမှုကို နှစ်ထပ်တိုက်ပေါ်က သူ့ရဲ့အခန်းငယ် ပြတင်းပေါက်ကနေ တဆင့် ငေးမောကြည့်နေပေသည်။ သူနေထိုင်ရာအရပ်ကား ထိုင်းနိုင်ငံတွင်ဖြစ်သော်လည်း မြန်မာနိုင်ငံသားများ အများအပြားနေထိုင်ရာ မယ်ဆောက်မြို့၏ တနေရာတွင် ဖြစ်ပါပေသည်။ နှစ်ထပ်တိုက်ဆို၍ သူ့အိမ်တော့ မဟုတ်။ အခန်းငှားပြီးနေခြင်းဖြစ်သည်။ မယ်ဆောက်တွင် သူ့ဘ၀ရှင်သန်ရေးအတွက် စီးပွားရေး အလုပ်တခုကို လုပ်ကိုင်လျှက်ရှိပြီး တဖက်တွင်လည်း မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် တဖက်တလမ်းမှ သူကြိုးစားနေသည် မဟုတ်ပါလား။ စီးပွားရေးလုပ်ငန်း ဆိုသည်မှာကား အခြားမဟုတ်။ စတိုးဆိုင်တခုတွင် သူဈေးရောင်းနေသည်။ ထို့ကြောင့်လည်း (၂)ထပ်တိုက်ပေါ်တွင်ရှိသော သူယခုလက်ရှိ နေထိုင်ရာ အခန်းငယ်ကလေးကို ငှားရမ်းနိုင်ခြင်းပင် ဖြစ်ပါတော့သည်။ ဤအခန်းငယ်ကလေးအား သူကြိုက်နှစ်သက် ၍လည်း ဖြစ်ပါသည်။ ထိုင်းဘာသာ စကားကို အချိန်ရှိသမျှ သူလေ့လာ၍ အနည်းအကျဉ်းတော့ ပြောတတ်ပါသည်။ သူမယ်ဆောက်သို့ ရောက်ရှိခဲ့သည်မှာလည်း ကြာခဲ့ပြီ မဟုတ်ပါလား။ သူ၏အသက် (22)နှစ်ခန့်ကပင် သူမွေးဖွားရာနေရာ မြန်မာနိုင်ငံကြီးကို စွန့်ခွာကာ အခြားတိုင်းတပါးသို့ ထွက်လာခဲ့သည် မဟုတ်ပါလား။ ယခုဆိုလျှင်ပင် သူ၏အသက်မှာ (27)နှစ် တင်းတင်းပင် ပြည့်ပါတော့မည်။ မယ်ဆောက်လမ်းမကြီးပေါ်မှ အဆက်မပြတ် လှုပ်ရှားသွားလာနေသော ကားများကို ရပ်ကြည့်ရာမှ သူခေတ္တရပ်ကာ ပြတင်းပေါက်ပိတ်ပြီး အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ ထို့နောက် သူအိပ်နေကျ ကုတင်ပေါ်သို့ ကိုယ်ကိုပစ်လှဲလိုက်သည်။ ကုတင်ပေါ်သို့ သူ့ကိုယ်ပစ်လှဲကျသွားပေမဲ့ သူ့ရဲ့ ညာဖက်လက်တစ်ဖက်ကား အလိုလို စာအုပ်များတင်ထားသော စားပွဲပေါ်သို့ ရောက်ရှိသွားပေရာ ဒိုင်ယာရီစာအုပ် တစ်အုပ်အား ထိတွေ့ကာ ယူဆောင်လိုက်ပါတော့သည်။ ဒီနေ့မှပင် ဒိုင်ယာရီစာအုပ်လေးအား သူကိုင်ဆွဲခြင်းမဟုတ်။ နေ့တိုင်းလိုလို ထိုဒိုင်ယာရီစာအုပ်လေးအား ဖတ်ဖြစ်သည်မှာ သူမယ်ဆောက်မြို့ကို စရောက်ကတည်းကပင် ဖြစ်ပါသည်။ သို့သော် သူဒိုင်ယာရီမရေးဖြစ်ခဲ့သည်ကား (၅)နှစ်မျှပင် ကြာညောင်းခဲ့ပေပြီ။ သူဒိုင်ယာရီစာအုပ်ရဲ့ မျက်နှာဖုံးလေးအား စမလှန်ခင်တွင် သူ၏ဦးနှောက်ထဲတွင် နာမည်တခုအား ဖြတ်ကနဲ ကြားလိုက်သလိုပင် ခံစားလိုက်ရသည်။ ဤနာမည်ကား စန္ဒီပင် ဖြစ်ပါတော့သည်။ ဟုတ်ပါသည် စန္ဒီကား မိန်းကလေး တစ်ယောက်၏ အမည်ပင်ဖြစ်ပါသည်။ စန္ဒီဆိုသော မိန်းကလေး တဦးမှာ သူတက္ကသိုလ် ကျောင်းသားဘ၀တုန်းက သူ့ရဲ့ ပထမဦးဆုံး ချစ်သူလို့ ပြောနိုင်သလို၊ သူ့ဘ၀တွင် နောက်ဆုံးသော ချစ်သူရည်းစားလို့လဲ ပြောနိုင်ပါသည်။ သူ့ရဲ့ အတွေးတိုင်းကား ဤစန္ဒီဟူသော မိန်းကလေး၏ နာမည်ကား အမြဲတမ်း စူးစိုက်နစ်ဝင်နေသည်။ သို့သော် ဤစန္ဒီဆိုသော အမျိုးသမီးအား ခွဲခွာခဲ့သည်မှာ ယခုရက်နှင့်ဆိုလျှင် (5)နှစ်နဲ့ (၅)လပြည့်ဖို့ ၁ ရက်သာလိုပါတော့သည်။ မခွဲခွာချင်ပဲ ခွဲခွာခဲ့သော ချစ်သူတစ်ယောက်အား သူ့အဖို့ အလွန်မှ ခံပြင်းလှပါသည်။ အထင်လွဲမှားမှု တခုကြောင့် ခွဲခွာရသောကြောင့်ပင် သူ့မှာပိုပြီး ခံပြင်းရပါသည်။ ဒါပဲလေ ကံတရား။ ဘယ်ဗေဒင်ဆရာမှ ဟောတမ်းမထုတ်နိုင်တာပဲ ဟူသော အတွေးမျိုးကိုသာ စိတ်ထဲသွင်းကာ သူဖြေသိမ့်လာခဲ့သည်မှာလည်း ယခုထက်ထိပင်ဖြစ်ပါတော့သည်။ စန္ဒီဆိုသော ချစ်သူအားလည်း သူကိုယ်တိုင်ပင် စခွဲခဲ့သည် မဟုတ်ပါလား။
သူအတိတ်က ရေးသားထားသော ဒိုင်ယာရီစာအုပ်ထဲက အကြောင်းအရာများအား ပြန်လှန်ကြည့်ရမည်ဆိုလျှင်....
“စန္ဒီ” ဟူသော နာမည်းကား စာအုပ်လေးရဲ့ ညာဘက်ထောင့်တွင် နက်ပြာရောင် မင်ကလေးဖြင့် ရေးသားသည်မှာ အထင်းသား ပေါ်လွင်နေပါသည်။
......နေပြင်းပြင်းပူလျှက် ရှိနေပါသည်။ နေရားကား မြန်မာနိုင်ငံတွင် ထူးဆန်းစွာ အေးချမ်းသော တောင်ကြီးမြို့က အထက(၂) ကျောင်းတွင်ပင် ဖြစ်ပါတော့သည်။ တောင်ကြီးဟူသော မြို့ကလေးသည် အေးချမ်းပါသည်ဟု ဆိုသော်လည်း နေ့လည်တွင်မူကား နေကျဲကျဲပူလျှက်ရှိနေပေသည်။ သို့သော် အသက် (17)နှစ် ပတ်ဝန်းကျင်ရှိ ကျောင်းသားကျောင်းသူများ အယောက် (၅၀)ခန့်ကား နေပူကျဲသဲထဲတွင် ကျောင်းဝတ်စုံကို ကိုယ်စီဝတ်ဆင်လျှက် လက်ကလေးပိုက်ကာ တယောက်ယောက်ကို စောင့်နေကြရသည်။ ဤသို့စောင့်နေရသောသူကား အခြားသူမဟုတ်။ မြန်မာနိုင်ငံ အကြီးအကဲ ဗိုလ်ချူပ်ကြီး မောင်ဗိုလ်လာရောက် လည်ပါတ်သည်ဟုဆိုသည်။ နေပူကျဲသဲတွင် ရပ်စောင့်နေသော ကျောင်းသားကျောင်းသူ အယောက် (၅၀)ထဲတွင် စကားသံများကား တယောက်တပေါက် ထွက်နေကြသည်။
“ဒီလောက်နေပူတာကွာ၊ နေရိပ်ထဲ ရပ်စောင့်ခိုင်းလဲ ရတာပဲ”ဟူသော ရှမ်းသံခတ်ဝဲ၀ဲ အသံကား ထွက်ပေါ်လာသည်။
“အေးလေ ဟုတ်တယ်ကွာ” ဟူသော တချို့သော ကျောင်းသားများက ပြောဆိုလာသော်လည်း ဆရာဆရာမနှင့် နီးနီးနေသော ကျောင်းသူကျောင်းသားများကာ အသံပင်မထွက်။
“စကားမပြောကြနဲ့၊ သိပ်သိပ်နေကြနော်” ဟူသော ဟိန်းဟောက်သံနှင့်အတူ စကားသံတခုကား ကျောင်းသားများအား ငြိမ်ကျသွားစေသည်။ သို့သော် တီးတိုးတီးတိုး စကားပြောဆိုနေသော ကျောင်းသား (၂)ယောက်ကား...
“ဇွဲ မင်းမလစ်ချင်ဘူးလား”
“ဟာဟေ့ကောင့် မလစ်နဲ့ဦး ခဏနေ ငါတို့ လေ့ကျင့်ခန်းတွေ ပေးခံရဦးမယ်”
“ဘာလဲ မင်းက ကြောက်လို့လား၊ လာစမ်းပါ ဘယ်သူ့မ မတွေ့ဘူး”
“ငဖြိုး မင်း မဟုတ်တဲ့ နေရာမှာ သတ္တိမရှိချင် စမ်းပါနဲ့ကွာ”
“အခုက ဘယ်သူလာမှာလည်း ဒီလောက်တောင် စောင့်နေရတာကွာ ငါညောင်းလှပြီ”
“မသိဘူးကွာ.. ဗိုလ်ချူပ်မောင်ဗိုလ်လို့တော့ ပြောတာပဲ”
“ဟေ့ကောင် ရှုးတိုးတိုး ဟိုမှာ ဆရာကျောင်းလာပြီ”
မှန်သည် ထိုကျောင်းသားနှစ်ဦး စကားပြောနေရာ နေရာတည့်တည့်သို့ မျက်မှန်ခတ်ထူထူကြီးကို တပ်ဆင်ထားသော ကျောင်းဆရာတယောက် လာနေသည်။ စကားပြောနေသော ကျောင်းသားနှစ်ဦးကား ဇွဲအမည်ရှိသော ကျောင်းသားကား ဇွဲရန်နိုင်ဖြစ်ပြီး၊ ငဖြိုးခေါ် ကျောင်းသားကား ဝေဖြိုးပင်ဖြစ်ပါသည်။ သူတို့နှစ်ယောက်ကား တတွဲတွဲပင်ဖြစ်သည်။ တယောက်နှင့် စကြပြောင်ကြသော်လည်း စိတ်မဆိုးကျ။ သူငယ်ချင်းတွေဖြစ်ကြသည်။ တယောက်ကိုထိရင် တယောက်က ငြိမ်ငြိမ်မနေ။ ၀ိုင်းကူသည်။ ၀င်ကျဲသည်။
ဝေဖြိုးဟူသော သူငယ်လေးမှာ သူသိသလောက် ကြယ်နီအသိုင်းအ၀ိုင်းမှ ဖြစ်သည်။ ကြယ်နီဆိုသည်မှာ မြန်မာနိုင်ငံသို့ ငြိမ်းချမ်းရေးယူသော အဖွဲ့အစည်းများပင် ဖြစ်ပါသည်။ ဝေဖြိုးသည် ဤကျောင်းတွင် နာမည်ကြီးသည်။ စာတော်သည့်နေရာမဟုတ်။ ဆိုးတဲ့နေရာတွင်ဖြစ်သည်။ သို့သော် သူကငယ်တဲ့သူကို အနိုင်မကျင့်တတ်။ ခွေးအုပ်တစ်အုပ်က ခွေးတကောင်ကို လိုက်ကိုက်နေသည်ဆိုရင် အကိုက်ခံရသော ခွေးဘက်မှ ၀ိုင်းကူတတ်သော စေတနာသူ့မှာရှိသည်။ ထိုနည်းတူစွာ ကျောင်းသားတစ်ယောက်ကို အခြားကျောင်းသား နှစ်ယောက်သုံးယောက်က ဖြစ်စေ ၀ိုင်းရန်စလျှင် ကျောင်းသားတစ်ယောက်ဘက်မှ သူအမြဲပါသည်။ ဒီကောင်ပါလာလျှင် မည်သူမျှ ရန်မစရဲတော့။ ဇွဲရန်နိုင်ဟုခေါ်သော သူနှင့်ပင်လျှင် ဒီကောင်က ရန်ဖြစ်ရင်းနဲ့ပင် ခင်မင်ကြသည် မဟုတ်ပါလား။
ဒီကောင်နှင့်စတွေ့သည့် နေ့ကား စနေနေ့ အချိန်အခါ မနက်ခင်းလေးမှာပင် ဖြစ်ပါသည်။ မနက်(၇)နာရီတွင် စက်ဘီးတစ်စီးလေးနှင့် သူစီးထွက်လာခဲ့စဉ်က တောင်ကြီးလမ်းမကြီး တနေရာအရောက်တွင် သူနှင့်အသက် မသိမ်းမယိမ်း လူငယ် (၃)ဦးက ရှေ့တည့်တည့်မှ ဖြတ်ရှောက်လာကာ
“ဟေ့ကောင် ငဇွဲ ခဏနေဦးကွာ”ဟု ပါးစပ်မှလည်းပြော လက်ကလည်း သူ့ရဲ့စက်ဘီးလက်ကိုင်ကို ဆွဲကိုင်ထားလိုက်ကြသည်။
“ဘာလုပ်မလို့လဲကွ ငါသွားစရာရှိတယ်”ဟု သူအေးဆေးစွာပင် ပြန်ပြောလိုက်သည်။ အေးအေးဆေးဆေး ပြောမှ ဖြစ်မည်။ ဒီကောင်တွေက တွေ့သမျှလူတွေကို လိုက်ရန်စသည်။ သူ့ကို စပြီးစကားစပြောတဲ့ကောင်က အရပ်က ခတ်ပုပု၊ အသားကမည်းမည်း၊ နာမည်ကား မောင်ပုတဲ့။ နာမည်နှင့်လိုက်ပါပေသည်။ ပုပေမဲ့ ဒီကောင်က အဖွဲ့ခေါင်းဆောင်လို့ ပြောလို့ရသည်။ ကျန်တဲ့နှစ်ကောင်က မောင်အေးနှင့် မောင်ကျော်။ မောင်ပုရဲ့ နောက်လိုက်တပည့်တွေပင်။ မောင်ပုဆိုသူကား ဖခင်အားကိုးပြီး ထင်ရာကြဲနေတဲ့ကောင်။ သူ့ဖခင်ဆိုသူ ဦးကျော်မြင့်ဆိုသူကား ကြံ့ခိုင်ရေးဖွံဖြိုးရေးတွင် အတွင်းရေးမှူးဟု ဆိုသည်။
“ဟေ့ကောင် မင်းကို ကိုပုက မသွားနဲ့ဆို မသွားနဲ့ပေါ့ကွ” ဟု မောင်အေးဆိုသူက ပြောလာလေရာ.... သူစိတ်မရှည်တော့.. ၊ ဒါပေမဲ့ သီးတော့သီးခံရမယ်... ဒီကောင်တွေက သုံးယောက်..၊ ဒီကောင်တွေက လက်သံပြောင်တယ်..၊ တကယ်လုပ်မယ့်ကောင်တွေ...၊ အလားကားနေရင်း ကျောင်းတော့ မပျက်နိုင်ဘူး..၊ ဒါပေမဲ့ ဒီထက်ဆိုးလာရင်တော့....
“မင်းတို့က ဘာလုပ်မလို့လဲကွ”ဟု သူပြန်မေးလိုက်သည်။
“မင်းကိုခိုင်းမလို့”
“ဘာခိုင်းမလို့လဲ”
“ဒီနေ့ငါတို့ ကျောင်းကို လုပ်အားပေးမသွား ချင်ဘူးကွာ”
“မသွားချင်တော့ ငါက ဘာလုပ်ပေးရမလဲ”
“မင်းက ဆရာမကို ခွင့်တိုင်ပေး” ဒါတော့မဖြစ်နိုင်.. ခွင့်တိုင်ပေးလိုက်ရင် နေမကောင်းဘူးလို့ပဲ ခွင့်တိုင်မှရမည်..၊ အခုဒီကောင်တွေက ဘာမှမဖြစ်..၊ ဒီကောင်တွေ တခုခုလုပ်ရင် သူ့ခေါင်းပေါ် ဆွဲချခံရမည်ကား အရှုပ်ထုတ်၊
“မင်းအဖေနဲ့ တိုင်ခိုင်းပေါ့ကွ မင်းအဖေနဲ့ တိုင်ခိုင်းနေကြပဲ”
“ငါက ငါ့အဖေကို အားမကိုးချင်လို့ပေါ့ကွာ”
“ဒါဆိုလဲမင်းကိုယ့်ကို သွားတိုင်ပေါ့ကွ” ဟုပြောလိုက်သည်။ ဒီကောင်တွေ တမင်ညစ်နေမှန်း သူသိသည်။
“ငါကလည်း ဒီလိုမဖြစ်စလောက် အလုပ်ကို အစွမ်းမထုတ်ချင်ဘူးးကွာ”
“ဟာ ဒါတော့မင်းညစ်တာပဲကွ..”
“ကဲကွာ... မင်းသွားတိုင်မလား မတိုင်ဘူးလား”
“မတိုင်ဘူးကွာ” ခတ်ပြတ်ပြတ်သာ ပြောလိုက်လေသည်။
ထိုအခါ မောင်ပုဆိုသူကား “ဟေ့ကောင်တွေ ဒီကောင်က ငါခိုင်းတာကို ငြင်းနေတော့ ပညာလေး ဘာလေးပေးလိုက်ပါဦးကွာ” သူထင်တားတဲ့ အတိုင်းပင်၊ ဒီကောင်တွေ လုပ်ချင်တာ လုပ်လို့မရရင် လူအင်အားနဲ့ သုံးလာတော့မည်.။။ ထိုအချိန်ကား မောင်အေးဆိုသူနှင့် မောင်ကျော်ဆိုသူကား သူ့ကို တစ်ယောက် တစ်ဖက်မှ ၀ိုင်းလာကာ မောင်အေးဆိုသူက ညာဖက်လက်သီးနဲ့ သူ့ရဲ့မျက်နှာအား တအားထိုးချလိုက်သည်။ သူက သတိနှင့်နေသည့်သူမို့ ထိတော့မထိ။ ထိလိုက်ရင်တော့ မတွေးဝင့်စရာ။ သူစက်ဘီးပေါ်မှ ကမန်းကတန်း ဆင်းလိုက်သည်။ ဒီတိုင်းတော့ သူ့မှာမခံနိုင်။ ပြန်ချလျှင် ပြန်ချရမည်။ သူစက်ဘီးပေါ်က မဆင်းခင်ကတည်းက ထိုးဖို့စောင့်နေသူကား မောင်ကျော်။ သို့သော် မောင်ကျော်ဆိုသူ၏ ကိုယ်လုံးက ၀လွန်းနေ၍ အလှုပ်အရှားနှေးသည်။ ထို့ကြောင့် သူ့မှာသက်သာသည်ဟု ဆိုရမည်။ မောင်ကျော်၏ မျက်နှာတည့်တည့်အား သူကညာဘက်လက်သီးနှင့် ကျွေးလိုက်သည်။ ဟိုကောင် မျက်နှာပိတ်ပြီး ထိုင်ချရလောက်အောင် ဖြစ်သွားသည်။ မောင်အေးကား သူ့လူထိသွား၍ ကမန်းကတန်း ၀င်လာသည်။ မောင်အေးကား ဒီလိုပွဲမျိုး တွေ့နေကျမို့လို့ ထင်တယ်။ သွက်သည်။ သူ့ရဲ့ ပါးတဖက်က မောင်အေးရဲ့ လက်သီးတလုံးကို ထိထိမိမိကို စားလိုက်ရသည်။ သူလဲကျသွားသည်။ ထိုအခါ သူတို့ရဲ့ ခေါင်းဆောင် မောင်ပုဆိုသူကား သူလဲနေသည်ကို တွေ့ရာ ကမန်းကတန်း ပြေးဝင်လာကာ ခြေထောက်နှင့် နှစ်ချက်ဆင့်ကန်တာကို ခံလိုက်ရသည်။ မောင်အေးလည်း သူ့ဆရာနည်းတူ ကန်ဖို့ ပြင်လိုက်ရာ...
“ဟေ့ကောင်တွေ ရပ်လိုက်စမ်း”ဟူသော ခတ်ကျယ်ကျယ် အသံတခုကား သူ့ကို အားပေးလိုက်သလိုပင်။ မောင်အေးနှင့်မောင်ပု ဆရာတပည့်နှစ်ယောက် ဖြတ်ကနဲ လှည့်ကြည့်လိုက်သည်။ တပြိုက်နက်ထဲမှာပင် တုတ်တချောင်းကိုင်လာသော လူငယ်တစ်ယောက်ကို သူတို့တွေ့လိုက်၍ နောက်ကို နှစ်လှမ်းလောက် ဆုတ်လိုက်သည်။ ပြေးလာသူကား အခြားသူမဟုတ်။ ဝေဖြိုးဟုခေါ်သော လူငယ်တစ်ယောက်ပင် ဖြစ်ပါသည်။
“မင်းတို့က တအုပ်နဲ့ တယောက်ကို ၀ိုင်းအနိုင်ကျင့်နေတာပေါ့” ထိုအခါ မောင်ပုဆိုသူကား
“ဒါမင်းနဲ့ မဆိုင်ဘူးလေကွာ ဝေဖြိုး”
“ဟေ့ကောင် ငပု ငါ့ရှေ့မှာ မင်းတို့က ဘယ်သူ့ကိုမဆို ၀ိုင်းအနိုင်ကျင့်တာကို တွေ့ရင်တော့ ငါ့နဲ့ အကုန်ဆိုင်တယ်ကွ..၊ မင်းတို့ ဒီဝါးရင်းတုတ်စာမိပြီး ဆေးရုံပေါ်မှာ တပါတ်လောက် မအိပ်ချင်ရင်တော့ ငါ့ရှေ့က အမြန်ဆုံး ထွက်သွားရင် ကောင်းလိမ့်မယ်” ဟုဝေဖြိုးက ခတ်ပြက်ပြက် ပြောလိုက်လေရာ မောင်အေးဆိုသူကား
“လာ ကိုပု လစ်မယ်.၊ ဒီကောင်က တကယ်သွယ်မယ့်ကောင်”ဟု မောင်ပုလက်ကို ဆွဲကာ ထွက်သွားဖို့ပြင်နေစဉ်
“ဟေ့ကောင်တွေ မင်းတို့ ဘော်ဒါ ငကျော်ကို ငါ့ဝါးရင်းတုတ်မြည်းခိုင်းဖို့ ထားခဲ့တာလား တခါတည်းခေါ်သွား၊ ဒီနေ့ငါလူ သိပ်မရိုက်ချင်သေးဘူး”ဟု ဝေဖြိုးက ပြောလိုက်ခြင်းကြောင့် မောင်အေးက ငကျော်ကို ပြေးထူကာ ခေါ်သွားလေးသည်။ ငကျော်ဆိုသူအား သူက လက်သီးတလုံးကျွေးထား၍ မထနိုင်မထိုင်နိုင် ဖြစ်နေသည် မဟုတ်ပါလား။
“မင်းဘာဖြစ်သွားသေးလည်း”ဟု ဝေဖြိုးက သူ့ကို ဆွဲထူကာမေးလိုက်လေသည်။
“ဘာမှမဖြစ်ပါဘူး တချက်တော့ ကောင်းကောင်းကြီးထိသွားတယ်ကွ..၊ ကျေးဇူးပဲကွာ..၊ ဒါနဲ့ မင်းရဲ့ နာမည်က ဝေဖြိုးလား”
“အေးဟုတ်တယ်..၊ ငါ့နမည်ဝေဖြိုး၊ မင်းနမည်ကကော”
“ငါ့နည်မည်က ဇွဲရန်နိုင်..၊ သူငယ်ချင်းတွေကတော့ ငါ့ကို ဇွဲလို့ခေါ်တယ်”
“ဒီကောင်တွေက ဒီလိုပဲကွ..၊ သူများကို အနိုင်ကျင့်တာ ငါလုံးဝမကြိုက်ဘူး”
“ဘယ်လိုဘဲဖြစ်ဖြစ် ငါကတော့ မင်းကိုအရမ်းကျေးဇူး တင်တယ်ကွာ”
“ဒီလောက်လဲမဟုတ်ပါဘူးကွာ”
“ဒါနဲ့ မင်းက ဘယ်လမ်းမှာနေတာလည်းကွ”
“ငါက ဘုရင့်နောင်လမ်းမှာနေတာ၊ မင်းကော”
“ငါက ကျန်စစ်မင်းလမ်းမှာနေတာ” ဟု သူတို့နှစ်ယောက် အပြန်အလှန်မိတ်ဆက်ကြရင်း သူကစက်ဘီးကို ဆွဲကာ နှစ်ယောက်စလုံး လမ်းလျှောက်ထွက်လာကာ ကျောင်းသားတွေထိုင်နေကြ ကြံရည်ရောင်းတဲ့ဆိုင်တွင် ထိုင်ကာ...
“ဟာ ဇွဲ မင်းကို ဘယ်ကောင်သွယ်လိုက်တာလဲ” ဟုကြံရည်ဖျော်နေသူ သူ့ရဲ့သူငယ်ချင်း လင်းနိုင်ကာ မေးလာလေသည်။ တွေ့တဲ့လူတိုင်း ဒီလိုမေးမည်ဟု သူကိုယ်တိုင်က မျော်လင့်ထားသည် မဟုတ်ပါလား။ အဘယ်ကြောင့်ဆိုသော် သူ့အား မောင်ပုဖြစ်သူရဲ့ တပည့် မောင်အေးက လက်စွမ်းပြသွားခဲ့သည် မဟုတ်ပါလား။
“အေးကွာ.. မောင်ပုတို့အဖွဲ့ ငါ့ကို ရန်ရှာသွားတာ..၊ ဒီကဘော်ဒါဝင်ကယ်ပေလို့သာပေါ့”
“ဟာ ငဖြိုး... ”ဟု လင်းနိုင်ရဲ့ ပါးစပ်မှ နာမည်တခုကို အော်ခေါ်လိုက်ရာ
“ဟာ ငနိုင် မင်းဒီရောက်နေတယ် ဟုတ်လား”ဟု ဖြိုးဝေက ပြောလိုက်လေသည်။ အော.. သူတို့နှစ်ယောက်က သိနေကြတဲ့သူတွေကိုး။
“မင်းကံကောင်းတယ် ဇွဲ... ငဖြိုးနဲ့ တွေ့လို့ပေါ့ကွာ.. သို့မဟုတ်ရင်တော့ မင်းပါးနှစ်ဖက်စလုံး ရောင်ပြီသာမှတ်”
ပြီးတော့ လင်းနိုင်ကပဲ
“ဒီကောင်က ဒီနယ်တ၀ိုက်မှာ ကျွမ်းပြီးသားကွ..၊ မင်းက ဒီမှာနေတာ ကြာတာ ဘာမှမသိသေးဘူး”
“မင်းက သိလှချည်လားကွ”
“သိတာပေါ့ကွာ မင်းလိုအခန်းထဲမှာပဲ ပုန်းပြီးမှမနေတာ စနေနေ့မှ အပြင်ထွက်တဲ့ကောင် မဟုတ်ဘူးကွ”
“မင်းကလည်း ငါ့ကိုတွေ့ရင် ဖဲ့ဖို့ပဲစဉ်းစားနေတယ်”ဟု လင်းနိုင်အား သူပြန်ပြောလိုက်သည်။
“မင်းတို့ ကြံရည်သောက်မလား”
“အေးကွာ.. (၂)ခွက်ချကွာ... မင်းပါထိုင်မယ်ဆိုရင် သုံးခွက်ပေါ့”ဟု လင်းနိုင်အမေးကို သူပြန်ဖြေလိုက်သည်။ သူတို့သုံးဦးကြံရည်ကို တယောက်တခွက်စီသောက်ကာ လမ်းခွဲလိုက်ကြသည်။...
ဒုတိယပိုင်းကိုဆက်လျှက် ရှုစားပါရန်..
ရှမ်းကလေး
သတင်း
ချစ်ခင်လေးစားလျှက်
ရှမ်းကလေး
Friday, February 22, 2008
သတင်းလေးတစ်ပုဒ်
ချစ်ခင်လေးစားလျှက်
ရှမ်းကလေး
Thursday, February 21, 2008
သူတောင်းစားတော့မဟုတ်ပါ။ တောင်းတော့ တောင်းစားပါသည်။
တကယ်တော့ မိမိတို့ ချစ်ခင်လေးစားရပါသော ဗိုလ်ချူပ်အောင်ဆန်း တည်ထောင်ခဲ့သော တပ်မတော်ကြီးသည် ယခုအခါတွင် တပ်မတော်ကြီး၏ ထိပ်သီးခေါင်းဆောင် နေရာအသီးသီးကိုပါ မတရားယူထားပြီး မိမိတို့၏ လွတ်လပ်တဲ့ တိုင်းပြည်ကြီးကိုပါ မတရားအုပ်ချူပ် မင်းလုပ်နေသော စစ်အာဏာရှင်များသည် ၎င်းတို့အာဏာတည်တံ့ခိုင်မြဲရေးကိုသာ ရှေးရူပြီး မှန်ကန်သောသတင်းကိုပိတ်ပင် မမှန်သောသတင်းများကို လွင့်တင်ကာ ပြည်သူလူထုများအား လိမ်နေကြနေပါသည်ကို စာဖတ်သူတို့ သိရှိကြမည်လို့ ကျွန်ုပ်ထင်မိပါသည်။ နအဖစစ်အစိုးရတတွေဟာ သူတို့ရဲ့ လက်အောင်ငယ်သားအချို့ကို၎င်း၊ သူတို့ရဲ့ စီမံခန့်ခွဲခြင်းတွေကို ခံနေရတဲ့ ရုံးဝန်ထမ်းအချို့ကို၎င်း၊ ပြည်သူလူထု အချို့ကိုလည်းကောင်း လုပ်ကိုင်ကျွေးမွေး လှူဒါန်းသင့်မယ့်အစား၊ သူတို့ရဲ့ အကျိုးစီးပွားကို အထောက်အကူ ပြုသော လူတစ်စုကိုသာ မကျွေးချင်ပဲ ကျွေးနေတယ် မနမ်းချင်ပဲ နမ်းနေတယ်ဆိုတာ အထင်အရှားကြီး ပေါ်လွင်နေလှပါသည်။ စာရေးတယ်ဆိုတာ အကြောင်းအရင်းမရှိပဲ လူတစ်ဖက်သားကို တိုက်ခိုက်ရေးသား ခြင်းမရှိပါဘူး။ ကျွန်ုပ်သည်လည်း လူတစ်ဖက်သားကို တိုက်ခိုက်ပြီး ရေးသားနေခြင်းမဟုတ်။ ကျွန်ုပ်သည် အမှန်တရားများကို ရေးသားနေခြင်းဖြင့် လည်းကောင်း၊ ယခုလက်ရှိ မိမိတို့၏ မြန်မာပြည်သူ လူထုများ ဘ၀ပေါ်လွင်အောင် လည်းကောင်း ရေးသားခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်သည် အဓိပ္ပယ်မဲ့သော အကြောင်းအရာများကို ရေးသားနေခြင်းမဟုတ်။ ဤသည်ကိုလည်း အချို့သော လူများယုံနိုင်ခြင်းရှိခဲ့ပါသော်လည်း အချို့သော လူများသည်ကား မယုံပါဟူ၍လည်း ဝေဖန်လာကြမည်။ ဤဝေဖန်ချက်များကိုလည်း ကျွန်ုပ်အနေဖြင့် စိတ်မဆိုးပါ။ ကျေးဇူးတောင်တင်ပေဦးမည်။ ဟော... ကြာနေလို့ လေရှည်တယ်ဆိုပြီး ပြောနေကြဦးမယ်။
တကယ်တော့ ကျွန်ုပ်ပြောပြချင်သော အကြောင်းအရာကား နအဖစစ်အစိုးရတို့၏ ဌာနဆိုင်ရာ အသီးသီးတွင် တာဝန်ထမ်းဆောင်၍ လုပ်သက်စေ့ကာ ပင်စင်စား ဘ၀သို့ရောက်သွားကြသော အဖိုးအဖွား၊ ဦးလေးအန်တီတို့ အကြောင်းပင် ဖြစ်ပါသည်။ ထိုအဖိုးအဖွား ဦးလေးအန်တီတို့သည် ပင်စင်စားဘ၀ရောက်သွား၍ ပိုက်ဆံတွေ တပုံကြီးတော့ မ၀င်လာပါ။ အထင်တွေကြီးပြီး ငါတော့ မြန်မာနိုင်ငံမှာ ပင်စင်စားဘ၀ပဲ သွားလုပ်စားတော့မယ်ဆိုပြီး မစဉ်းစားလေနဲ့ဦး။ အခုမြန်မာနိုင်ငံက ပင်စင်စားဘ၀များကား ပေးတာက ၁ကျပ် ပြန်ပေးရတာက ၁၀ကျပ် ဘ၀ပေတည်း။ အချို့သော သားသမီးမရှိသော (သို့) လုပ်ကျွေးမည့်သူ မရှိသော အဖိုးအဖွားများပင်လျှင် လမ်းဘေးတွင် မိမိလုပ်နိုင်သလောက် အားအင်လေးများနှင့် တောင်းစားနေကြရသည်ကို အောက်တွင်ဖော်ပြထားသော ပုံလေးအားကြည့်လျှင် သိနိုင်ပါသည်။
ဤပုံအား ဤနေရာမှ ကူးယူဖော်ပြပါသည်။
အထက်ပါ ပုံအား ကြည့်လိုက်မည်ဆိုလျှင် မြန်မာနိုင်ငံ၏ ကောင်းမွန်လှသော ဧရာမလမ်းမကြီး တစ်နေရာပေါ်တွင် အိုမင်းလှသော အမယ်အိုနှစ်ယောက် တောင်းစားနေသည်ဟူသော သတင်းကို မြန်မာနိုင်ငံမှ သတင်းဌာနများက အဘယ်ကြောင့် မဖော်ထုတ်သနည်း ဟူ၍ပင် မေးကြည့်ချင်သေးသည်။ ကျွန်ုပ်ရေးရင်းနဲ့ မေးတဲ့ မေးခွန်းကလည်း များနေပြီ။ ဤအမယ်အိုနှစ်ယောက်ကား မြန်မာနိုင်ငံ၏ ပင်စင်စားဘ၀များပင် ဖြစ်ပါတော့သည်။ အချို့သော ပင်စင်စား ဘ၀တူ အဖိုးအဖွားများပင်လျှင် တောင်းစားသော သူတောင်းစား ဘ၀သို့မရောက်ချင်၍ မိမိတတ်သမျှ အလုပ်များကို ပြုလုပ်ကာ ဥပမာ- အလွယ်ကူဆုံးအလုပ် ခရေပန်းကလေးများကို သီကုံးကာ ရောင်းစားနေကြ ရပါသည်။ ထိုခရေပန်းများကို သီကုံးကာ ရောင်းစားနေရသူများသည်လည်း မည်သည့်အချိန်အခါတွင် တောင်းစားသော ဘ၀များသို့ ရောက်မည်ဆိုသည်ကိုမူ ခန့်မှန်း၍ မရနိုင်ပါချေ။ ယခုခေတ် ယခုခါတွင် ကမ္ဘာကြီး၌ ရှိသော် ကျွန်ုပ်တို့ မြန်မာနိုင်ငံကြီးတွင် တောင်းစား နေကြသော သူတောင်းစား များကိုပင်လျှင် သူတောင်းစားဟူ၍ပင် မခေါ်သင့်တော့ပေ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်ငယ်စဉ်က တွေ့ဖူးသော သူတောင်းစားများမှာ မသန်မာ၊ မထွားကျိုင်းသော လူများပင် ဖြစ်ပါသောကြောင့် ဖြစ်ပါသည်။ သို့သော် ယခုလက်ရှိ ကျွန်ုပ်တို့မြန်မာနိုင်ငံတွင် ရှိသော သူတောင်းစားများကား ကန်တော့ပါရဲ့ ပင်စင်စား အဖွားအဖိုးများပင် ဖြစ်နေပါသည်။ လူတစ်ယောက် ဆိုသည်မှာ ကိုယ့်လုပ်အားနှင့် ကိုယ်တော့ လုပ်ကိုင်စားသောက် ချင်ကြပါသည်။ မည်သူ့ကိုမျှ သွားပြီးတော့ အောက်ကျို့ခံပြီး မတောင်းစားချင်ကြပါ။ စာဖတ်သူတို့လည်း ထိုပိုဂ္ဂိုလ်မျိုးပင် ဖြစ်ကြမည်ဟု မျော်လင့်ပါသည်။ ထို့ကြောင့် သူတောင်းစား ဘ၀သို့ ကူးပြောင်းသွားသော ပင်စင်စား အဖိုးအဖွားများသည် သူတောင်းစားတော့မဟုတ်ပါ။ သို့သော်တောင်းတော့ တောင်းစားပါသည်ဟူသော ခံယူချက်ကို စိတ်ထဲတွင် မှတ်ယူထားကြမည်ဟု ကျွန်ုပ်ထင်မြင်မိ ပါကြောင်း သုံးသပ်ပြအပ်ပါသည်။
ရှမ်းကလေး
Tuesday, February 19, 2008
အဖကိုကာကွယ်ပေးတာလား(သို့မဟုတ်) တကယ်ပင်မသိလို့ပဲလား
ဘယ်လိုပဲ ဖြစ်နေပါစေ ဤဆောင်းပါးကို ရေးသားထားသော လူသည် အမှားများကို ရေးနေသည်ဟုသာ ဆောင်းပါးအဆုံးတွင် ကျွန်ုပ်ကိုယ် ကျွန်ုပ်မှတ်ချက်ချမိပါသည်။ သို့သော် စိတ်ထဲက မှတ်ချက်ချယုံလောက်နှင့် ကျွန်ုပ်မကျေနပ်နိုင်သေး။ အဘယ်ကြောင့်ဆိုသော် ဆောင်းပါးအစ စာကြောင်းရေ ၆ ကြောင်းမြောက်လောက်တွင် လတ်တလောတွင် အမည်မသိ လူသုံးဦးမှ ရက်ရက်စက်စက် လုပ်ကြံသွားခြင်းကြောင့် ဘ၀တပါးသို့ ကူးပြောင်းသွားသော ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာလားဖန်းအား ထိုဆောင်းပါးအားရေးသားသူက အပြစ်ရှာကာ ရေးသားသွားသည်ကို ကျွန်ုပ်ဖတ်ရှုရပါသည်။ ဤရေးသားချက်များသည် မမှန်တရားများကို ရေးသားထားသည်ဟု ဆိုသည်မှာ စာဖတ်သူတို့လည်း သိလိမ့်မည်လို့လည်း အကြွင်းမဲ့ ယုံကြည်မိပါသည်။ သို့သော်လည်း ထိုစာရေးသူမှာ ထိုမျှလောက်နှင့် မတော်နိုင်သေး။ သိပ်မကြာသေးခင် နိုဝင်ဘာလလောက်က နအဖစစ်အစိုးရတွေ ပိတ်ပင်ထားတဲ့ တရားတော် အကြောင်းကိုပါ အတိုက်အခံခေါင်းဆောင်များအား ရည်ရွယ်ကာ ဟောကြားထားသည်ဟုဆိုကာ အပြစ်ပုံချလိုက်သေးသည်။ ဤအကြောင်းအရာကား သီတဂူဆရာတော်ကြီး ဟောကြားတော်မူခဲ့သော “လူမိုက်တို့ရဲ့ သွားရာလမ်း” တရားသည် ဒီမိုကရေစီအရေး လှုပ်ရှားနေသော သူများနှင့် အတိုက်အခံ ခေါင်းဆောင်များကို လည်းကောင်း၊ KNU, SSA, KNPP အစရှိသော ခေါင်းဆောင်များကို လည်းကောင်း ရည်ညွန်းသည်ဟု မျက်စိမဖွင့် နားမဖွင့်ပဲ ရေးသားသွားသည်ကို ကြည့်ခြင်းအားဖြင့်လည်း ထိုဆောင်းပါးကို ရေးသားသောသူသည် လိမ်နေသည်၊ ညာနေသည်ဆိုသည်မှာ ဤသည်ကို ကြည့်ယုံနှင့်လည်း သိနိုင်ပါသည်။ ၎င်းရေးသားသွားသည်ကို ပြန်ကြည့်မယ်ဆိုလျှင် “ဒါတွေကို ကြိုမြင်လို့ ထင်ပါရဲ့။ သီတဂူဆရာတော်ကြီးက `လူမိုက်တို့ရဲ့သွားရာလမ်း´ တည့်တည့် ဟောကြားတော် မူခဲ့တာပါ။ ဒါကို မသိရှာကြတဲ့၊ မိုက်မဲလှတဲ့ သူများက နိုင်ငံတော်အကြီးအကဲတွေကို စော်စော်ကားကား ပြောဆိုဝေဖန် ကြပါသေးတယ်။ ဆရာတော် ဘုရားကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်ကြောင့် ကြိုတင်သိမြင့်လို့ သတိပေးဟောကြားတော်မူခဲ့ပေမယ့် လူမိုက်ကတော့ ကိုယ့်ကိုယ်ကို မိုက်မှန်းမသိတော့ ကြိုတင်မပြင်ဆင်နိုင်လိုက် ရှာဘူးပေါ့။ သြော် .. ဖဒိုမန်းရှာ၊ ဖဒိုမန်းရှာ။ သူလုပ်ခဲ့တဲ့ပြစ်မှုတွေ၊ အကုသိုလ်တွေက ဘ၀မခြား ချက်ချင်းလက်ငင်း အကျိုးပေးရှာပါလား။” ဟူ၍ဖြစ်သည်။ ထိုသူရေးသားထားသော အရာကို ကြည့်ခြင်းအားဖြင့် နအဖစစ်အုပ်စုရှေ့တွင် ဘယ်နှစ်ခါလောက် ထိုင်ရှိခိုးပြီးပြီလဲဆိုတာကိုတော့ ကျွန်ုပ်အထင်နှင့် မပြောလိုပေ။ နအဖစစ်အစိုးရက ထိုစာရေးသူအား ဆုငွေများ မည်မျှပေးသည်ကိုလည်း ကျွန်ုပ်မသိ။ စိတ်လည်းမ၀င်စားပေ။ ကျွန်ုပ်စိတ်ဝင်စားသော အကြောင်းအရာကား လူမိုက်တို့ရဲ့ သွားရာလမ်းကို ဟောသောတရားသည် မည်သူ့ကို ရည်ရွယ်ပြီး ဟောထားသည်ကို ကျွန်ုပ်ပို၍ စိတ်ဝင်စားပါသည်။ ထိုသူရေးသားထားသည်မှာ လူမိုက်တို့ရဲ့ သွားရာလမ်း တရားတော်သည် နအဖစစ်အစိုးရအား တော်လှန်တိုက်ခိုက် နေသူတွေကို ရည်ရွယ်ပြီး ရေးသားထားသည်ဟု ဆိုသည်။ ထိုဆောင်းပါးအား ရေးသူသည် ရန်ကုန်မှာနေပြီး (သို့) နေပြည်တော်က အခန်းကျဉ်းလေးထဲမှာ ခိုင်းတာလုပ်၊ ကျွေးတာစား၊ ခေါ်မှလာ မခေါ်ရင်မလာနဲ့ ဆိုတဲ့ အမိန့်တွေကို နာခံနေရတဲ့ လူတစ်ဦးလားလို့ပင် ကျွန်ုပ်ထင်မိပါသည်။ အဘယ်ကြောင့်ဆိုသော် သီတဂူဆရာတော် ဟောကြားသော လူမိုက်တို့ရဲ့ သွားရာလမ်း တရားတော်သည် နအဖစစ်အစိုးရတို့က ပိတ်ပင်ထားသည်ကို မဟုတ်ပါလား။ ထိုတရားတော်သည် အတိုက်အခံခေါင်းဆောင်များအား ရည်ရွယ်ပြီး ဟောကြားသည်ဟု ဆိုခဲ့သော် အဘယ်ကြောင့် ထိုတရားတော်ကို ပိတ်ပင်ခဲ့ပါသနည်းဟုပင် ထိုဆောင်းပါးကို ရေးသူကတဆင့် နအဖစစ်ဗိုလ်ချူပ်များအား မေးလိုက်ချင်ပါသေးသည်။ ထိုကြောင့် မိမိကိုယ်ကိုယ် မလုံ၍သာ ထိုကဲ့သို့ ပိတ်ပင်ခြင်းဖြစ်ပါသည် ဟူ၍လည်း မြန်မာနိုင်ငံ ပြည်သူလူထုများက မှတ်ချက်ချခဲ့ ကြသည် မဟုတ်ပါလား။ မဟုတ်တာတွေ မမှန်တာတွေကို နားထောင်နေရတဲ့ ပြည်သူလူထုတွေကို ဘုန်းတော်ကြီးများက အဖက်ဖက်မှ တရားချခြင်းဖြင့်လည်းကောင်း ပညာများပေးနေသည်ကို လိုက်လံတားဆီး ပိတ်ပင်နေသည်မှာ မည်သူမည်ဝါတို့ ဖြစ်နေသည်ကို စာဖတ်သူတို့ တွေး၍ပင် ကြည့်နိုင်ပါသေးသည်။ ထို့ကြောင့် လူမိုက်တို့ရဲ့ သွားရာလမ်း ခေါင်းစဉ်ကို ရေးသားထားသော ဆောင်းပါရှင် စူးရှမေတ္တာ ဆိုသူသည် တိုင်းရင်းသား အားလုံးတို့ လေးစားဖွယ်ကောင်းသော ခေါင်းဆောင်တဦးဖြစ်သူ ပဒိုမန်းရှာလားဖန်း ကွယ်လွန်သွားသည်ဆိုသည့် သတင်းကို ကြားကြားခြင်း ကမန်းကတန်း မဆင်မခြင် မျက်နှာလိုမျက်နှာရ ရေးသားခြင်းလည်း ဖြစ်နိုင်ပါသည်။ အားလုံးသော အမှန်တရားများကို ကြိတ်မှိတ်ဖျောက်ဖျက်ပြီး နအဖစစ်အစိုးရများက ရေးသားခိုင်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ထိုစာရေးသူသည် အမိလိုသဖွယ် အဖလိုသဖွယ် ကိုးကွယ်နေသော နအဖစစ်အာဏာရှင်တို့ကို မျက်နှာလို၊ မျက်နှာရမျိုးနဲ့ လူမိုက်တို့ရဲ့ သွားရာလမ်းဟူသော တရားတော်သည် မိမိတို့ကိုးကွယ်နေသော စစ်ဗိုလ်ချူပ်တွေကို မရည်ရွယ်ကြောင်း၊ အတိုက်အခံခေါင်းဆောင်များကိုသာ ရည်ရွယ်ခြင်းဖြစ်ကြောင်း မဟုတ်မမှန်ရေးသားသွားကာ အဖကိုကာကွယ် ပေးတာလား ဒါမှမဟုတ် တကယ်ပင်မသိတာလား လို့ပင် မေးလိုက်ချင်ပါသေးသည်။
ရှမ်းကလေး
မြန်မာနိုင်ငံနှင့်ဆိုင်သော သတင်းဌာနနှင့် အခြားကမ္ဘာနှင့် ဆိုင်သော သတင်းများ
ပြည်ပသတင်းဌာနများမှ သတင်းအထွေထွေများ
(၂) ပဒိုမန်းရှာ၏ ဈာပနအခမ်းအနား ကျင်းပ (ဆက်လက်ဖတ်ရှုပါရန်)
(၃) မြန်မာနေးရှင်း အယ်ဒီတာ အဖမ်းခံရ (ဆက်လက်ဖတ်ရှုပရန်)
(၄) ခေါင်းဆောင်များ ထပ်မံလုပ်ကြံခံရဖွယ်ရှိကြောင်း KNU ပြောဆို (ဆက်လက်ဖတ်ရှုပါရန်)
(၅) ရမ်ဘို ရုပ်ရှင် ဝေဖန်ချက် ဆောင်းပါး ဂျာနယ်များကို မထည့်မနေရ ထည့်ခိုင်းနေ (ဆက်လက်ဖတ်ရှုပါရန်)
(၆) ဒေါ်ကြိုင်ကြိုင် ကျန်းမာရေးဆိုးရွား ဟု သတင်းထွက်ပေါ်နေ (ဆက်လက်ဖတ်ရှုပါရန်)
(၇) မြန်မာဒုက္ခသည်အချို့ကို ဂျပန်နိုင်ငံက လက်ခံမည် (ဆက်လက်ဖတ်ရှုပါရန်)
ပြည်တွင်းသတင်းဌာနများမှ သတင်းအထွေထွေများ
(၁) Myanmar and Russian Heads of State, Heads of Government and Foreign Ministers exchange felicitations on occasion of Sixtieth Anniversary of Establishment of Diplomatic Relations between Myanmar and Russia (Read More)
(2) Prime Minister General Thein Sein inspects regional development tasks in Rakhine State People of Rakhine State to strive for development of the whole state making use of natural resources plus good opportunities created by the government (Read More)
(3) စင်္ကာပူပုဂ္ဂလိက ကျောင်းများရှိ ဒီပလိုမာသင်တန်းများသည် ကျောင်းပြီးသော်လည်း အလုပ်အတွက် အာမခံချက်မပေးနိုင် (ဆက်လက်ဖတ်ရှုပါရန်)
ပညာသင်နှစ်တွင် သင်ရိုးညွန်းတမ်းသစ်ဖြင့် သင်ကြားမည်
အခြေခံပညာအတက်တန်းအဆင့် န၀မတန်းနှင့် ဒသမတန်း ကျောင်းသုံးစာအုပ်များကို ၂၀၀၈-၂၀၀၉ ပညာသင်နှစ်မှစ၍.... ဆက်လက်ဖတ်ရှုပါရန်
Japan to Accept Burmese Refugees
Monday, February 18, 2008
Japan will accept a small number of the refugees from Burma now sheltering in Thailand, a rare move for a country known for keeping its gates tightly closed to asylum seekers, a newspaper reported on Monday.
Monday, February 18, 2008
တိုက်တွန်းနှိုးဆော်ချက်
သံဃာသတ်တဲ့စစ်အစိုးရ စီးပွားရေးသပိတ်ဝိုင်းမှောက်ကြ
လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မတီ
...... တိုက်တွန်းနှိုးဆော်ချက်……
စာအမှတ်- ၂/ ၂၀၀၈( S C M M ) ရက်စွဲ- ၁၈/ ၂/ ၂၀၀၈
ရဟန်းရှင်လူကျောင်းသားပြည်အပေါင်းတို့. . .
စစ်အာဏာရှင်စနစ်အောက်မှာ ပြည်သူလူထုကြီးဟာ တနေ့တခြား နင်းပြားဖြစ်ပြီး ဆင်းရဲတွင်း နက်သည်ထက်နက်လာနေပြီ။ ဒါပေမယ့်လက်တဆုပ်စာ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစုနဲ့ဆွေမျိုး အပေါင်းပါတွေကတော့သားစဉ်မြေးဆက်ထားစရာနေရာ မရှိလောက်အောင်ကို ချမ်းသာပြီးရင်း ချမ်းသာနေကြတယ်။ ဈေးကွက် စီးပွားရေးစနစ်ကို ကျင့်သုံးနေပါတယ်လို့ တကြော်ကြော် အော်ဟစ်နေပေမယ့် တကယ်တမ်းမှာတော့တိုင်းပြည်ရဲ့ စီးပွားရေးကို သူတို့တအုပ်စုကဘဲ လက်ဝါးကြီး အုပ်ချယ်လှယ် အမြတ်ထုတ်နေကြတယ်။ ခေါင်းရွက်ဗျက်ထိုး ဈေးသည်တွေကစလို့
အလတ်စားနဲ့ အသေးစားလုပ်ငန်းရှင်တွေ၊ စက်ရုံအလုပ်ရုံ ဌာနပေါင်းစုံက ၀န်ထမ်းပေါင်းစုံ ခမျာမှာတော့ ကောင်းရောင်းကောင်းဝယ် လုပ်စားလို့ မရလောက်အောင်ကို ဒဏ်ကြေးတွေ၊ အဓမ္မအလှုငွေ ကောက်ခံခြင်းတွေ၊ ကြီးလေးသောအခွန် အကောက်တွေနဲ့
အနှောက်အယှက် အမျိုးမျိုးပေးခံနေရတယ်။ တိုင်းပြည်ရဲ့ အချက်အခြာကြတဲ့ စီးပွားရေး လုပ်ငန်းကြီးတွေ၊ အကွက်အကွင်းကောင်းတဲ့ ရေမြေတောတောင် သယံဇာတ အားလုံးရဲ့ ကန်ထရိုက်တွေ၊ ပါမစ်တွေ၊ လိုင်စင်တွေ စတဲ့လုပ်ပိုင်ခွင့်တွေ အားလုံးကို စစ်ဗိုလ်ချုပ်ကြီးတွေက စကားလေးတစ်ခွန်း၊ လက်မှတ်လေးတချက် ထိုးရုံနဲ့ အငန်းမရ ၀ါးမျိုနိုင်ပြီး စားပိုးနင့်နေချိန်မှာ ငါတို့ပြည်သူလူထုက မနက်စာနဲ့ညစာ အနိုင်နိုင်စားရဖို့ နဖူးကချွေး ခြေမကြတဲ့အထိ မိုးလင်းမိုးချုပ် ကျွဲလိုနွားလို ရုန်းနေကြရတယ်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး ကိစ္စတွေမှာလည်း ငါတို့ပြည်သူ တွေခေါင်းမီးတောက်ရတယ်။ ချို့ချို့တဲ့တဲ့၊ အောက်ကျနောက်ကျ ခံရတယ်။ လူထုဆီက မဟားတရား ကောက်ခံထားတဲ့ အခွန်ငွေတွေ၊ တိုင်းပြည်ရဲ့ သယံဇာတနဲ့ သားငါးသီးနှံ ရောင်းရငွေတွေကို လူထုဘ၀ မြှင့်တင်ရေးတွေမှာ မသုံးဘဲ သူတို့အာဏာ တည်မြဲရေးအတွက် လူထုကို ဖိနှိပ်ဘို့၊ သတ်ဖြတ်ဖို့ စစ်ယန္တရားတိုးချဲ့တဲ့ ဘက်မှာ သုံးတယ်။ လူမြင်ကောင်းရုံ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဆည်တွေ၊ လမ်းတံတားတွေ ဆောက်ပြတယ်။ တကယ်တမ်းမှာ
ထိထိရောက်ရောက် ဘာသုံးကြလို့လဲ။ ပြည်သူတွေ ကိုယ့်စားရိတ်ကိုယ်ခံ နေရတာဘဲ မဟုတ်လား။ နောက်ဆုံးတော့ တိုင်းပြည်ရဲ့ ချို့တဲ့မှုကို မျောက်လိုပြစားပြီး နိုင်ငံတကာကရလာတဲ့ လူသားချင်းစာနာမှု အကူအညီတွေကို အာဏာပိုင် အဆင့်ဆင့်ဖြတ်စား၊ လာဘ်စားလုပ်နေတယ်။ အရိုးအရင်းလောက် ကျန်တာဘဲ အောက်ခြေလူထုဆီရောက်တယ်။ တိုင်းပြည်ရဲ့ ဆင်းရဲကျပ်တည်းမှု အကြောင်းပြောရင် နိုင်ငံတကာစီးပွားရေး ပိတ်ဆို့မှုတွေကို ချည်းလက်ညှိုးထိုး လွှဲချတယ်။ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရင်အကူအညီတွေပေးမယ်လို့ နိုင်ငံတကာက တဖွဖွပြောနေလဲလူထုငတ်ရင် ငတ်ပါစေဆိုပြီး အပြောင်းအလဲလုပ်ဖို့ ခေါင်းမာမာနဲ့ ငြင်းဆန်တယ်။ အရာရာကို သူတို့ချည်း ချုပ်ကိုင်ထားချင်တယ်။ အဲဒီ့လို
အခြေအနေမျိုးမှာ နိုင်ငံတကာ ရင်းနှီးမြှပ်နှံမှုတွေ၊ အထောက်အပံ့တွေဆိုတာ ဗိုလ်ချုပ်ကြီးတွေရဲ့ ဘဏ်စာရင်းမှာ ကိန်းဂဏန်းတွေသာ တိုးသွားမယ်။ ပြည်သူက ဒုံရင်းက ဒုံရင်းဘဲဖြစ်နေ လိမ့်မယ်။ အာဏာ အရှိန်အ၀ါမဲ့တဲ့ အရပ်သားတွေအပေါ်မှာ နိုင့်ထက်စီးနင်း လုပ်တာတွေ၊ မတရား ဗိုလ်ကျတာတွေဟာ ဗဟိုကနေ ရပ်ကွက်ကျေးရွာ အာဏာပိုင်တွေအထိ ထုံးတမ်းစဉ်လာလို ဖြစ်နေတယ်။ ငါတို့ကိုအကြောက်တရားနဲ့ ဖိနင်းထားပြီး ပုဒ်ထီး၊ ပုဒ်မအမျိုးမျိုးနဲ့ လွတ်လပ်ခွင့်ကို ထိပ်တုံးခတ်ထားတယ်။ ငါတို့ဒီအတိုင်းငြိမ်ခံနေလို့ကတော့ ငါတို့ရဲ့သားစဉ်မြေးဆက်ကို စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားစဉ်မြေးဆက်က ကျွန်ပြုအုပ်စိုးလိမ့်မယ်။ ငါတို့ကလေးတွေရဲ့ အနာဂတ်ကို ငါတို့မဖြစ်မနေ ထည့်တွက်ရတော့မယ်။ ဒါကြောင့်ငါတို့တုန့်ပြန်ကြမယ်။ မတရားမှုကို
တရားသောနည်းလမ်းနဲ့၊ အကြမ်းဖက်နှိပ်ကွပ်မှုကို အကြမ်းမဖက် ငြိမ်းချမ်းသော နည်းလမ်းနဲ့ တုန့်ပြန်ကြမယ်။ လူသတ်လက်နက်ကို လူထုအားနဲ့ခုခံကြမယ်။
….. အခုငါတို့န.အ.ဖ စစ်ဗိုလ်ချုပ်တွေကို စီးပွားရေးသပိတ်မှောက်မယ်…..
ဒါဟာ. . . . .
(၁). ဆုံးရှုံးသွားတဲ့၊ လုယူခံလိုက်ရတဲ့ ငါတို့ရဲ့စီးပွားဥစ္စာကို ငါတို့ကိုယ်တိုင် တရားနည်းလမ်းတကျ ပြန်လည်ရယူခြင်းဖြစ်တယ်။
(၂). ငါတို့အခွင့်အရေးနှင့် ရပိုင်ခွင့်ကို ခုခံကာကွယ်ခြင်းလဲဖြစ်တယ်။
(၃). မတရားဗိုလ်ကျတာကို လည်စင်းမခံဘဲ ငြိမ်းချမ်းစွာ စည်းကမ်းတကျ တုန့်ပြန်ခြင်းလဲဖြစ်တယ်။
(၄). ပြည်သူလူထုရဲ့ အသံတိတ် ဆန္ဒပြပွဲကြီးလဲဖြစ်တယ်။
(၅). သံဃာတော်တွေ၊ သီလရှင်တွေ၊ ကျောင်းသားတွေ နဲ့ငါတို့အရပ်သားတွေ၊ တိုင်းရင်းသား ညီအကိုတွေကို သတ်ဖြတ်၊ဖမ်းဆီး၊ နှိပ်စက်နေတာကို ဟန့်တားခြင်းလဲဖြစ်တယ်။
….. အားလုံးပါဝင်ဖို့လိုတယ်…..
ဒီနေ့ကာလမှာလူဖြစ်နေတဲ့၊ လူဖြစ်လျှက်နဲ့ လူ့အခွင့်အရေးဆုံးရှုံးနေတဲ့ လူတွေအားလုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်တယ်။ ငါတို့တတွေရဲ့ ပစ္စုပန်လူမှုဘ၀ လုံခြုံဖို့နဲ့ တို့ကလေးတွေရဲ့ အနာဂတ်ဘ၀ ရှင်သန်နိုင်ဖို့ အမျိုးသားရေး လှုပ်ရှားမှုလဲဖြစ်တယ်။ န.အ.ဖ စစ်အစိုးရအနေနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေ၊ လူထုရဲ့ အကျပ်အတည်းတွေကို ပြေလည်စေဘို့ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ညှိနှိုင်းဆွေးနွေး အဖြေရှာရမှာဖြစ်တယ်။ ဒီနည်းကသာ တိုင်းပြည်ကိုငြိမ်းချမ်းစေမယ်။ ဖွံ့ဖြိုးတိုးတက်စေနိုင်မယ်။
ငါတို့ရဲ့စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေးအကျပ်အတည်းတွေကို ဖြေရှင်းပေးနိုင်တဲ့ တိုင်းပြည်ကို တိုးတက်ပြောင်းလဲ စေနိုင်မယ့်စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲကို မစမခြင်း ငါတို့ရဲ့ စီးပွားရေးသပိတ်ကို ဆက်လက်ကိုင်စွဲထားမယ်။ ငါတို့မျှော်လင့်တဲ့ ရလာဒ်အတွက် ငါတို့လက်တွေကို ခိုင်ခိုင်မြဲမြဲတွဲပြီး ခြေလှမ်းတွေကို ရဲရဲရင့်ရင့် ရှေ့သို့ပြိုင်တူ လှမ်းကြမယ်။
လူထုလှုပ်ရှားမှုကြီးကြပ်ရေးကော်မတီ
၁. မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး
၂. တိုင်းရင်းသားလူငယ်များ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
၃. ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်
၎. ၈၈မျိုးဆက်ကျောင်းသားများ
၅. ငြိမ်းချမ်းရေးလိုလားသော မွတ်စလင်များ အစည်းအရုံး
၆. မျိုးဆက်သစ်လူငယ်များ အစည်းအရုံး ( Generation Wave )
၇. ရှေ့နေများသမဂ္ဂ
၈. ကဗျာဆရာများသမဂ္ဂ
၉. မျိုးဆက်သစ် သတင်းစာဆရာများသမဂ္ဂ
၁၀. လူထုလှုပ်ရှားမှု ဖော်ဆောင်ရေးကော်မတီ ( မန္တလေး)
၁၁. ရန်ကုန်တိုင်း လူထုလှုပ်ရှားမှုကော်မတီ
၁၂. စာပေနှင့်အနုပညာရှင်များအဖွဲ့
မြန်မာအပါအ၀င်မဲခေါင်ဒေသနိုင်ငံ များအတွင်း သီးသန့်ဗီဇာဖြင့် သွားလာနိုင်တော့မည်
၁၆၊ ဖေဖော်ဝါရီလ၊ ၂၀၀၈
ယခုအစောပိုင်းကထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် မဲခေါင်ဒေသခွဲနိုင်ငံများ၏ ဒေသ
တွင်းခရီးသွား လုပ်ငန်း အစည်းအဝေးအပြီးတွင် ၂၀၁၅ ခုနှစ်၌ မြန်မာ၊ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား
နှင့်တရုတ်တို့ပါဝင် သောမဲခေါင်ဒေသခွဲနိုင်ငံများ အကြားသီးသန့်ဗီဇာဖြင့် သွားရောက်နိုင်မည့် အစီအစဉ်တစ်ရပ်
ကို ထုတ်ပြန်ခဲ့ကြောင်း ဖနွမ်းပင်မှလာသော အွန်လိုင်းသတင်းတစ်ရပ်တွင်ဖော်ပြထားသည်။ မဲခေါင်ဒေသခွဲနိုင်ငံ
များ၏ခရီးသွားလုပ်ငန်းသည် တဖြည်းဖြည်းတိုးတက်လျက်ရှိပြီး လာမည့် ၂၀၁၅ခုနှစ်အရောက်တွင် ခရီးသွားအ
ရေအတွက် သန်း(၅၀)အထိရှိလာနိုင်သည်ဟုခန့်မှန်းထားကြောင်းယင်းသတင်းကဆိုကြောင်း၎င်းထံမှသိရသည်
ဟု၂၀၀၈ခုနှစ် ဖေဖေါ်ဝါရီ(၁၅)ရက်နေ့ထုတ် The Trust ဂျာနယ်တွင် ဖေါ်ပြထားပါသည်။
ပါကစ္စတန် မဲရုံများသို့ ဗုံးခွဲခြင်း၊ သေနတ်နှင့် ပစ်ခြင်းများ ဖြစ်ပွား
18/Feb/2008 |
|
ပါကစ္စတန် ရွေးကောက်ပွဲနေ့မတိုင်မီ တစ်ရက်အလိုဖြစ်သော တနင်္ဂနွေနေ့က မြို့တော်အစ္စလမ် (၁၈၊ ၂၊ ၂၀၀၈) ရက်နေ့၊ နံနက်(၉း၃၀) နာရီ။ ဦးမြင့်သိန်း |
Policeman urinates in central mosque in Maungdaw
Police! arrests five Burmese nationals
Wednesday, February 13, 2008
တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင် (အပိုင်း-၇)
ဇာတ်စင်ပေါ်က လိုက်ကာလေးက တဖြေးဖြေး ဆွဲဖွင့်လိုက်တဲ့ အချိန်မှာပဲ တိုင်းရင်းသားတို့ အငြိမ့်သဘင်၏ ၀ိုင်းတော်သားများ ဖြစ်တဲ့ ကိုကံသာ၊ ကိုချင်းနှင့် ကျွန်တော်မောင်ရှမ်းကလေး တို့ကို ပရိပ်သတ်တွေက လက်ခုတ်အပေါင်းနဲ့ ဆီးကြိုကြလေကာ....
ရှမ်းကလေး။ ။ မင်္ဂလာ အပေါင်းနှင့် ခညောင်းလို့ ကျန်းခန်းသာလို့ မာတော်မူရဲ့လား ကိုကံသာနဲ့ ကချင်းတို့ခင်ဗျား...
ကိုကံသာ။ ။ မင်းရဲ့ နှုတ်ဆက် သံလေးကို ကြားလိုက်တာနဲ့ ငါတို့ရဲ့ နားထဲမှာ ပီတိတွေ ဖြာရပြီတကား မောင်ရှမ်းရေ
ကိုချင်း ။ ။ ဟာ ဒါဆို ကျွန်တော်စပ်ထားတဲ့ ကဗျာလေးကို ကိုကံသာကြားသွားရင်တော့ဗျာ
ကိုကံသာ။ ။ ကြားပါရစေလား မောင်ချင်းရေ
ကိုချင်း ။ ။ အော.. ကိုကံသာ ကိုကံသာ
ခင်ဗျားလေဖြတ်ပြီး ခြေပြတ်သွားရင်တောင်မှ
ခင်ဗျားနောက် လိုက်ငိုမယ့်လူ မရှိလောက်ပါ။
အကယ်၍ ခင်ဗျားက Heart ရောဂါနဲ့
ဂန့်သွားရင်တောင်မှ
စိတ်မကောင်း ၀မ်းနည်းမဲ့သူ မရှိပါ။
ကိုကံသာ လင်ဗန်းဆွဲပြီး ကိုချင်းခေါင်းအား ပြေးထု။
ဂွမ်းဂွမ်းဂွမ်း....
ကိုကံသာ။ ။ နင်ပြောမှပဲ ငါ့အမျိုးတွေကို သတိရတော့တယ်
ရှမ်းကလေး။ ။ ခင်ဗျားအမျိုးကို သတိရတော့ ဘာလုပ်မှာလဲ
ကိုကံသာ။ ။ မောင်ချင်းကို ရိုက်ခိုင်းမလို့ပေါ့ကွာ၊ ငါ့ယောက်ဖ တစ်ယောက်က ကြံ့ဖွံ့မှာ အတွင်းရေးမှူးကွ၊ ငါ့ယောက်ဖတစ်ယောက်က စည်ပင်မှာ ဒုဥက္ကဌကွ.. ဟော နောက်တစ်ယောက်က
ရှမ်းကလေး။ ။ တော်ပြီဗျာ ယောက်ဖတွေကလည်း များလိုက်တာ..
ကိုချင်း ။ ။ ဒီကောင်တွေလောက်က ကိုချင်းတို့အပျော့ပဲ၊ လူရိုက်ပြီး ထောင်ထွက်လာတဲ့ ကောင်ကွ ဘာမှတ်တုံး။
ကိုကံသာ။ ။ ဟာ မင်းလူရိုက်တာလောက်တော့ ငါ့ယောက်ဖတွေ ရီတာပေါ့၊ ဒီကောင်တွေက လူတင်မဟုတ်ဘူး သံဃာတော်တွေကိုပါ ရိုက်တာ
ကိုချင်း ။ ။ ဟာ ဒါဆို ခင်ဗျား ယောက်ဖတွေ အခုလောက်ဆို ထောင်နန်းစံရနေပြီပေါ့နော်
ရှမ်းကလေး။ ။ ထောင်နန်းမစံခင် ငရဲနန်းတော့ စံရမှာသေချာတယ်
ကိုကံသာ။ ။ မင်းကလည်းကွာ အခုငါ့ယောက်ဖ ကြံ့ဖွံ့ဆိုရင် ဘွဲ့တွေပါတွေနဲ့၊ ဟော.. စည်ပင်က ယောက်ဖဆိုရင် ကားလေးနဲ့ တ၀ူးဝူးမောင်းနေတာ
ကိုချင်း ။ ။ ထွီး ငါလူရိုက်တာကြတော့ ထောင်ကျတယ်၊ ခင်ဗျားယောက်ဖက လူတင်မကဘူး ဘုရားသားတော်တွေကို ရိုက်တာကြတော့ ထောင်မကျဘူး..၊ ဒါဆိုဒီကောင်တွေ ရဲတွေဆီကို လဒ်ထိုးထားပြီ ထင်တယ်...
ကိုကံသာ။ ။ ဟာ.. မင်းဒါတော့ ငါတို့မြန်မာက ရဲကိုစော်ကားတာပဲ၊ ဘာလဲမင်းက ရဲဆိုရင် လဒ်ထိုးတိုင်း ထောင်မကျဘူးလို့ထင်လား
ရှမ်းကလေး။ ။ ဟုတ်တယ်ဗျာ.. ကိုချင်းဒါတော့ ခင်ဗျားက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့တွေကို စော်ကားတာပဲ
ကိုချင်း ။ ။ နောက်.. ငါပြောတာမဟုတ်လို့လား
ကိုကံသာ။ ။ မိုးပေါ်ကို ကြက်ခြေခတ် တက်ခတ်ထားသလို လုံးလုံးကို မှားတာပေါ့ကွာ
ကိုချင်း ။ ။ လာသေးတယ်၊ စကားပြောတာတောင်မှ မှားတယ်ဆိုပြီးပြီပေါ့၊ ဒါဆိုဘာလို့မှားလဲ
ကိုကံသာ။ ။ မင်းပြောတာ လဒ်ထိုးတယ်နော်
ကိုချင်း ။ ။ အေးလေဟုတ်တယ်လေ
ကိုကံသာ။ ။ ရဲတွေကို လဒ်မသွားထိုးနဲ့
ကိုချင်း ။ ။ ဘာသွားထိုးရမလဲ
ကိုကံသာ။ ။ ငွေပဲသွားထိုး... ချက်ချင်းလွတ်တယ်
ကိုကံသာခေါင်းအား ကိုချင်းနှင့် ရှမ်းကလေးတို့ လင်ဗန်းနှင့် ရိုက်ချ။
ကိုချင်း။ ။ ခုဏက ကိုကံသာပြောတာ သူ့ယောက်ဖက စည်ပင်မှာ ဒုဥက္ကဌနော်
ရှမ်းကလေး။ ။ အေးလေ အဲ့ဒါဘာဖြစ်လဲ
ကိုချင်း ။ ။ ဟာ ငါ့အကိုလည်း စည်ပင်မှာ နှစ်ပွင့်ကွ
ရှမ်းကလေး။ ။ ဟာဟုတ်လား
ကိုချင်း ။ ။ ဒါပေမဲ့ အခု တော့ အလုပ်ပြုတ်သွားပြီ
ကိုကံသာ။ ။ မင်းအကိုက အမှိုက်သွားမကြုံးပဲ ဘယ်သဝေသွားထိုးနေလို့တုန်း
ကိုချင်း ။ ။ အထက်က ထုတ်လိုက်တာ
ရှမ်ကလေး။ ။ ဘာအမှုနဲ့တုန်း
ကိုချင်း ။ ။ ငါ့အကိုကို အထက်က ရဟန်းသံဃာတော်တွေကို ဆွမ်းလောင်းတာတွေ
ရှမ်းကလေး။ ။ အေးလေ.. ကောင်းတာပဲဗျ ကုသိုလ်တောင်ရသေးတယ်
ကိုချင်း ။ ။ ဟေ့ကောင် စကားကိုဆုံးအောင်နားထောင်အုံး၊ ငါ့အကိုကို ဆွမ်းလောင်းတာတွေ မလုပ်ဖို့ အထက်က အမိန့်ပေးတာကွ
ကိုကံသာ။ ။ ဒါတော့ မင်းငါ့ယောက်ဖ အလုပ်လုပ်နေတဲ့ စည်ပင်ကို စော်ကားတာပဲကွ စည်ပင်ဆိုတာ ပြည်သူတွေ စွန့်ပစ်ထားတဲ့ အညစ်အကြေးတွေကို လွင့်ပစ်ပေးတာကွ ဘယ်လောက်ကျေးဇူးတင်ဖို့ ကောင်းလည်း သူတို့မှာ ဂုဏ်ပုဒ်တောင် ဆောင်ထားလိုက်သေးတယ်
ရှမ်းကလေး။ ။ ဟုတ်တယ် ပြောလိုက်စမ်း ကိုကံသာ။
ကိုကံသာ။ ။ ဒီလိုကွာ “မြို့တော်သူ မြို့တော်သား တွေအတွက် မွေးဖွားသည်မှ သေဆုံးသည်အထိ ဆောင်ရွက်ပေးဖို့က စည်ပင်သာယာတာဝန်” တဲ့
ရှမ်းကလေး။ ။ ကြည့်စမ်း ဘယ်လောက်ပြောင်မြောက်လိုက်တဲ့ ဆောင်ပုဒ်လေးလဲ
ကိုချင်း ။ ။ ကိုကံသာ မြို့တော်သူ မြို့တော်သားတွေပဲဆိုတော့ ရွာတောသူ၊ ရွာတောသားတွေ မပါဘူးပေါ့နော်။
ကိုကံသာ။ ။ ဟာမင်းကလည်း ပြောတော့မယ် မြန်မာပြည်မှာ ရွာဆိုတာမရှိရဘူးကွ အားလုံးက မြို့တွေပဲ
ရှမ်းကလေး။ ။ အားလုံးက မြို့တွေပဲ ဆိုတော့ မီးတွေထိန်ထိန်လင်းတော့မှာပဲ
ကိုကံသာ။ ။ ဒါပေါ့ကွ
ရှမ်းကလေး။ ။ ဖယောင်းတိုင်မီးပြောတာ
ကိုချင်း ။ ။ ဟာရှမ်းကလေး မင်းကလည်း ပြောတော့မယ် အခုဆိုရင် လျှပ်စစ်မီးတွေ နေ့ရောညပါ ထိန်ထိန်လင်းလို့
ကိုကံသာ။ ။ ဘယ်မှာတုန်း
ကိုချင်း ။ ။ ခွေးပြေးမှာလေ... အဲ့ဟုတ်ပါဝူး ကြပ်ပြေးမှာလေ
ရှမ်းကလေး။ ။ ခင်ဗျားတို့ စည်ပင်ကို မစော်ကားနဲ့ အခုခေတ်စည်ပင်က အရင်က စည်ပင်နဲ့ မတူတော့ဘူး
ကိုကံသာ။ ။ ဘာလို့တုန်း
ရှမ်းကလေး။ ။ အရင်က စည်ပင်က လွယ်ထွန်စက်တွေ ကားစုတ်လေးတွေနဲ့ပဲ အမှိုက်တွေ လိုက်ကောက်ရတာ ဟော အခုစည်ပင်ကြည့်
ကိုချင်း ။ ။ ဟား ဒါဆို ပါဂျဲရိုးတို့၊ ဟိုင်းလက်တို့၊ ဒိုင်နာအကောင်းစားတို့ပေါ့နော်
ရှမ်းကလေး။ ။ မဟုတ်ဘူး
ကိုကံသာ။ ။ ဒါဆို ဘာနဲ့ ကောက်တုန်း
ရှမ်းကလေး။ ။ လမ်းလျှောက်ပြီးကောက်တာ
ကိုချင်းတစ်ယောက် ရှမ်းကလေးအား လင်ဗန်းနှင့် ဆော်
ကိုချင်း ။ ။ မင်း လမ်းလျှောက်ပြီးကောက်ရင် ပြီးတော့မှာလား
ရှမ်းကလေး။ ။ ဟာကိုချင်းကလည်း အခုခေတ်က ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ဗျ ကမ္ဘာကြီးက ရွာသဖွယ် ကျင်းမြောင်းသွားပြီ၊
ကိုကံသာ။ ။ အေး အဲ့ဒီတော့
ရှမ်းကလေး။ ။ အဲ့ဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း ရွာသဖွယ်ကျင်းမြောင်းသွား ပြီပေါ့ဗျာ အဲ့ဒီတော့ ကျွန်တော်တို့ နိုင်ငံတော်အစိုးရက စည်ပင်ဝန်ထမ်းတွေကို “မင်းတို့ကောင်တွေတဲ့ အမှိုက်လိုက်ကောက်တယ် ဆိုတာကတဲ့ အိမ်တွေထဲကို ၀င်ပြီးကောက်ရင် ၀တ်ကျေတန်းကျေ ကျတာပေါ့ကွာတဲ့၊ အိမ်ထက်လိုက်ပြီးကောက်တဲ့ ပြီးရင်အိမ်ထဲမှာ ကလေးရှိတာမှန်သမျှ အကုန်ငါ့ဆီခေါ်လာခဲ့တဲ့။ ငါသူတို့ကို သေနတ်ပေးဆော့မယ်တဲ့
ကိုကံသာ။ ။ အဲ့ဒါ စစ်သားစုဆောင်းရေးဟာ လဒရဲ့
ကိုကံသာ။ ။ ဘာသတင်းတုန်း
ရှမ်းကလေး။ ။ ဒါဆို ဘယ်က သတင်းဌာနလည်း ပြောဦးမှပေါ့
ကိုကံသာ။ ။ တို့က မြန်မာအလင်း
ကိုချင်း ။ ။ တို့က MRTV-4
ရှမ်းကလေး။ ။ အော ဟုတ်လား ဒါဆို ကြေညာတော့
ကိုချင်း ။ ။ နားထောင်ဗျာ “ဗိုလ်ချူပ်မှူးကြီး သိန်းစိန်ဦးဆောင်သော ရုံးဝန်ထမ်းများသည် မိမိတို့အလုပ်လုပ်နေရာ ရုံးဌာနတွင် အလုပ်မလုပ်ကြပဲ ဘီယာဝိုင်းထောင်ကာ မြူးထူးပျော်ပါး ဆော့ကစကားနေကြပါသည်။
ကိုကံသာ။ ။ ဟေ့ကော
ကိုချင်း ။ ။ မပြီးသေးဘူး “ထိုစဉ် ဗိုလ်ချူပ်မောင်အေးက ရုတ်တရက် လာရောက်စစ်ဆေးသဖြင့် ဗိုလ်ချူပ်သိန်းစိန်တို့၏ ဘီယာဝိုင်းကို တွေ့သွားက မဆဲမဆိုပဲ သူ့လွယ်အိပ်ထဲမှ အရက်ပုလင်းကို ဆွဲထုတ်ကာ ထိုဝိုင်းတွင်ပင် တခါတည်း ၀င်ထိုင်လိုက်ပါသည်။ ထိုအချိန်မှာပင် တပ်မတော်၏ အကြီးဆုံးရာထူးကို ပိုင်ဆိုင်ထားသူ ဗိုလ်ချူပ်သန်းရွေကိုယ်တိုင် လာမြင်သွားပါသဖြင့် ထိပ်ဆုံးခုံမှပင် ၀င်ထိုင်ကာ ဘီယာတခွက်ကို မော့သောက်လိုက်ပါလေသတည်း။ (CCTV သတင်းဌာနမှ တင်ပြသွားပါသည် ခင်ဗျား)
ရှမ်းကလေး။ ။ ခင်ဗျားဟာ ဗိုလ်ချူပ်တွေ ဘယ်တော့ အလုပ်လုပ်မလဲဗျ
ကိုကံသာ။ ။ ဟာ.. နောက်သတင်းတခုကွ.. အခုပဲဝင်လာတာ
ကိုချင်း ။ ။ ဘာသတင်းတုန်း
ကိုကံသာ။ ။ ယနေ့နံနက် (၁၀)နာရီခန့်တွင် ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးမှ အတွင်းရေးမှူးဖြစ်သူ ဦးမြတ်ခိုင်နှင့်လူတစုက လူငယ်သုံးဦးအား ၀ါးရင်းတုန်နှင့် ရိုက်ခဲ့ရာ အရိုက်ခံရသူ လူငယ်သုံးဦးအား အင်းစိန်ထောင်သို့ ပို့လိုက်ကာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအတွင်းရေးမှူး ဦးမြတ်ခိုင်နှင့် အဖွဲ့ဝင်များအား ရန်ကုန် ပြည်သူ့ဆေးရုံသို့ ပို့လိုက်ရပါသည်
ကိုကံသာ လည်းဆုံးရော၊ အဲဟုတ်ပါဘူး.. ကိုကံသာ ပြောတာလည်းဆုံးရောက် ကိုချင်းနှင့်ရှမ်းကလေး တို့ ၀ါးရင်းတုတ်ကိုင်ကာ အဲ့မှားပြန်ပြီ လင်ဗန်းကိုင်ကာ ခေါင်းကို ရိုက်ချ။
ရှမ်းကလေး။ ။ ဘာလဲဗျ.. အရိုက်ခံရတဲ့ လူတွေခါကျတော့ ဆေးရုံမပို့ပဲနဲ့ ထောင်ထဲပို့တယ်၊ ရိုက်တဲ့လူတွေ ကျတော့ ဆေးရုံပို့တယ်
ကိုကံသာ။ ။ စိတ်ရောက်ဂါ ရနေလို့နေမှာပေါ့ကွာ
ကိုချင်း ။ ။ ဒါနဲ့ ဟိုလူငယ် (၃)ယောက်က ဘာဖြစ်လို့ ထောင်ထဲရောက်သွားတာလဲ ဆက်ဖတ်ဦးလေဗျာ
ကိုကံသာ။ ။ အရိုက်ခံရသူ လူငယ်သုံးဦးအား ထောင်ထဲပို့ရခြင်း၏ သက်သေ အထောက်အထားမှာ ထိုလူငယ်သုံးဦးသည် ကြံ့ဖွံ့အတွင်းရေးမှူး ဦးမြတ်ခိုင် ဦးဆောင်သော အဖွဲ့ဝင်များ၏ ရှေ့တွင် တည့်တည့်ဖြတ်လျှောက်သွားပါသော ကြောင့် လူရှေ့ဖြတ်လျှောက်မှုနှင့် တရားစွာဆိုကာ ထောင်အနှစ် (၂၀) ချလိုက်လေသတည်း။ ((CCTV သတင်းဌာနမှ တင်ပြသွားပါသည် ခင်ဗျား)
ကိုချင်း ။ ။ နင့်ဟာကလည်း ငါတို့မြန်မာပြည် သတင်းတောင် သူများသတင်းဌာနကို အားကိုးရလားကွ
ကိုကံသာ။ ။ အကျင့်ပါနေလို့ပါကွာ။
ရှမ်းကလေး။ ။ ကဲအကိုတို့ရေ.. ကျွန်တော်တို့တတွေလည်း ပါးစပ်ရွဲ့အောင် ကပြဖျော်ဖြေပြီးပြီ၊ ပရိတ်သတ်တွေ ရီလားမရီလားတော့ မသိဘူး။
ကိုကံသာ။ ။ ဟုတ်ပါတယ် မောင်ရှမ်းရေ
ကိုချင်း ။ ။ ငါခေါ်မယ်
ကိုကံသာ။ ။ ဒါမျိုးကျတော့ မြန်တယ်ဟုတ်လား
ကိုချင်း ။ ။ မင်းသမီးကို ခေါ်ရမယ်မဟုတ်လား ကိုတို့ရေ
ကိုကံသာ။ ။ ဟုတ်ပါပေတယ် မောင်ချင်းရေ
ကိုချင်း ။ ။ ကဲညီမလေး ရတနာရေ ညီမလေးက အဆိုအကလေးနဲ့ သက်သေပြဖို့ ထိုဆိုချက် အဲဟုတ်ပါဘူး ထွက်လာခဲ့ပါဦးလား
မင်းသမီး ချောရတနာ အပြာရောင် အငြိမ့်မင်းသမီး ၀တ်စုံလေးနှင့် ထွက်လာကာ
မင်းသမီး။ ။ ကျမ်းမာတော်မူ၍ ချမ်းသာကြပါစေလား ပရိပ်သတ်အပေါင်း ဘေးပါရဝေးကွာစေလို့ သူးဌေးသမျှ ချမ်းသာစေဖို့ သမီးလေး ရတနာ ဒီဇာတ်စင်ထက်က ဆုတော် တောင်းပေးလိုက်ပါတယ်ရှင့်
ရှမ်းကလေး။ ။ ကဲသမီးရေ သမီးရဲ့ ချိုသာလှတဲ့ အသံလေးကို သမီးရဲ့ ကော့ညွတ်အောင် ကတတ်တဲ့ လက်ကလေးနဲ့ ရောစပ်ကာ ပရိပ်သတ်တွေကို ဖျော်ဖြေရေးလေး ပေးလိုက်ပါလား သမီးရေ
Will try the best I can do, believe in my self

เป็นคนคนหนึ่งที่ ทำอาไรเเล้ว ต้องทำได้ดิที่สูด
Labels
- ၀တ္ထု (15)
- News (21)
- Thai News(ထိုင်းရွေးကောက်ပွဲနှင့်ဆိုင်သောသတင်း) (1)
- ကဗျာ (29)
- ကိုနေဘုန်းလတ် (1)
- ဓါတ်ပုံ (4)
- ပုံပြင် (2)
- မိတ်ဆက် (12)
- သတင်း၊ ဆောင်းပါး (1)
- သီချင်း (1)
- ဟာသ (25)
- အငြိမ့် (1)
- အခြားဘလော့မှ ကူးယူခြင်း (1)
- အခြားအကြောင်းအရာများ (1)
- အငြိမ့် (10)
- အားကစား (1)
- ဆောင်းပါး (19)
- နှုတ်ဆက်ခဲ့ခြင်း (1)