Sunday, December 30, 2007

နှစ်သစ်ကိုကြိုဆိုခြင်း

နှစ်သစ်မှာ ပျော်ရွင်ခြင်းတွေ၊ ကံကောင်းခြင်းတွေကိုယူဆောင်နိုင်ကြပါ စေလို့ ကျွန်တော် မောင်ရှမ်းကလေးနေပြီးတော့ အားလုံးသော ဘလော့ညီအကိုတွေနဲ့ ဘလော့ဂါညီအမတွေကို သော်လည်းကောင်း၊ အားလုံးသောကမ္ဘာပေါ်ရှိလူသားအားလုံးသာမက ဂြိုလ်တွေမှာရှိတဲ့ ဂြိုလ်သားတွေပါ ယူဆောင်နိုင်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျား။ နှစ်ဟောင်းက အညစ်အကြေး၊ မကောင်းသော အရာမှန်သမျှ နှစ်ဟောင်းမှာပဲ ကျန်နိုင်စေပြီး ဤ (၂၀၀၈) ဆိုသော နှစ်သစ်ကြီးထံသို့ ယူဆောင်လာနိုင်ခြင်း မရှိကြပါစေနဲ့လို့ ရှမ်းကလေးမှ ဆုမွန် ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျား။ ပြီးတော့ ဤ(၂၀၀၈)ဆိုသော နှစ်သစ်ကြီးမှာ ချစ်ခင်ပေါင်းသင်းနေထိုင်နေကြသော ချစ်သူရည်းစားများကလည်း သက်ပေါင်းရာကျော် ရှည်ကြာစွာပေါင်းနိုင်ကြစေပြီး၊ ရည်းစားချစ်သူမရှိတဲ့ လေးစားချစ်ခင်ရပါတဲ့ ညီအကို၊ ညီအမ တွေကလည်း ကိုယ်ချစ်တဲ့ သူတွေနဲ့ ချစ်သူဖြစ်နိုင်ကြစေပြီး သက်ပေါင်းထောင်ကျော် ကြာရှည်စွာ ပေါင်းသင်းနေထိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း နှစ်သစ်ဆိုတဲ့ ဤ(၂၀၀၈) ခုနှစ်ကြီးကို ဒီလောက်နှင့်သာ ကြိုဆိုနှုတ်ဆက်ပါရစေခင်ဗျား။
ရှမ်းကလေးကိုလည်းဆုတောင်းပေးကြဦးနော်။

ရှမ်းကလေး

0 comments: