Thursday, December 27, 2007

မခိုင်ခန့်သောဇာတ်စင်နှင့် ပညာမရှိသောလူငယ်များ

မိတ်ဆွေတို့ပျော်ရွင်အောင်ရီရအောင်လို့လျှောက်ရေးထားတာ။ အားလုံးပျော်ရွင်နိုင်ကြစေခင်ဗျား

ကိုငပျော့။ ။ မင်္ဂလာရှိသောနံနက်ခင်းပါ ကိုကျောက်ခဲရေ့။

ကိုသံခဲ။ ။ ခင်ဗျားကလည်းပြောတော့မယ် ကိုသံခဲပါဗျ။

ကိုငပျော့။ ။ အော..ဟုတ်ကဲ့မှားသွားလို့ပါ ကိုကျောက်ခဲ ဟဲဟုတ်ပါဘူး ကိုသံခဲရေ့။ “တစ်ခါတစ်လေမှာ စိတ်တွေက
ဂယောင်ချောက်ခြား သေနတ်သံများကြားသလားလို့”

ကိုသံခဲ၊။ ။ ထားလိုက်ပါတော့ ကိုငပျော့ရ ။ ခုချိန်မှာ သေနတ်တို့ နံနတ်တို့မပြောနဲ့ဗျာ။

ကိုငပျော့။ ။ ဟို...ဘာဖြစ်လို့လဲကိုသံခဲရ။

ကိုသံခဲ။ ။ အခုခေတ်မှာ သေနတ်လို့ပြောရင် တကယ်သေသတဲ့ဗျာ။

ကိုငပျော့။ ။ အကြောင်းအရင်းလေး ရှင်းပြပါဦးဗျ။

ကိုသံခဲ။ ။ ရှင်းရင်ရှူပ်။ ရှူတ်ရင်အလုပ်ထုတ်ခံရမယ်။ အခုတော့ရှင်းတော့ဘူးဗျာ။

ကိုသံခဲနှင့် ကိုငပျော့စကားပြောချိန်တွင် ကိုရွေသွေးဝင်ရောက်လာ။

ကိုရွေသွေး။ ။ မရှင်းနဲ့ခင်ဗျားရဲ့ အကြွေးရှင်တွေက ရဲနဲ့ဖမ်းခိုင်းလိုက်မယ်။

ကိုသံခဲ။ ။ ဟာဘယ်မှာလည်းရဲ။ ဘယ်မှာလည်း။ ဟာမင်းကလည်းအရေးထဲ လာရှူတ်သွားသေးတယ်။

ကိုငပျော့။ ။ ကဲ...ကိုရွေသေးလည်းရောက်လို့လာပြီ ကိုသံခဲရေ။ ဒါဆိုကျွန်တော်တို့ ရဲ့ အစီအစဉ်လေးကိုစလို့ရပြီထင်တာပဲ။

ကိုသံခဲ။ ။ မှန်လိုက်လေ.. ကိုငပျော့ရေ။ ဒါနဲ့နေစမ်းပါဦး ကျွန်တော်တို့က ဘာအစီအစဉ်ကိုစရ...

စကားမဆုံးသေးခင် ကိုသံခဲခေါင်းပေါ်တို့ သံခဲတစ်ခဲ()အောဟုတ်ပါဘူး။ အရာတစ်ခုကြလာ
ဗျိန်း...ဗျိန်း...ဗျိန်း...

ကိုငပျော့။ ။ ခင်ဗျားကလည်းလုပ်လိုက်မှဖြင့် အခုခင်ဗျားဘယ်ရောက်နေလည်း။

ကိုသံခဲ။ ။ ရွဲ့စောင်းနေတဲ့ဇာတ်စင်ပေါ်။

ကိုငပျော့။ ။ ခင်ဗျားရဲ့အနောက်မှာ ဘာတွေရေးထားသေးလည်း။

ကိုသံခဲ။ ။ ၁၄၊ ၁၀၊ ၂၀၀၇

ဗျိန်း...ဗျိန်း....ဗျိန်း....

ကိုသံခဲ။ ။ ဘာလုပ်တာလဲဗျ။

ကိုငပျော့။ ။ ခင်ဗျားကိုရက်စွဲတွေကြည့်ခိုင်းတာမဟုတ်ဘူး။

ကိုသံခဲ။ ။ ရက်စွဲမကြည့်ခိုင်းလို့ ခင်ဗျားဂျီးဒေါ်ကိုကြည့်ခိုင်းတာလား။

ကိုငပျော့။ ။ အရေးထဲ ဖွတ်ကကြောင်လိုက်သေးတယ်။

ကိုရွေသွေး။ ။ ကဲ...ကဲ...ကဲ.. တော်ကြပါတော့ဗျာ။ အခုကျွန်တော်တိုဇာတ်စင်ပေါ်ရောက်နေရခြင်းအကြောင်းအရင်း ကတော့ အမျိုးသားနေ့အကြောင်းကို ဘယ်လောက်သိသလဲဆိုတာ လူငယ်တွေကို မေးခွန်းမေးမလို့ မဟုတ်ပေဘူးလား ကိုငပျော့ရေ။

ကိုငပျော့။ ။ မှန်လိုက်လေကိုရွေသွေးရေ။

ကိုသံခဲ။ ။အော..အော

ကိုငပျော့။ ။ အခုမှမအော်နဲ့။ သူများအကြွေးယူပြီးပြန်ဆပ်ရတယ်ဗျ။

ကိုသံခဲ။ ။ မင်းကလဲ လုပ်လိုက်ရင်တလွဲ။ ပြောလိုက်ရင်တစ်ခြား။ ငါအောလို့ပြောတာက မင်းဂျီးဒေါ်ကိုတွေ့လို့မဟုတ် ဘူးကွ။
ကိုငပျော့။ ။ အားအားရှိဒီဂျီးဒေါ်ကိုပဲလာလာပြောနေ။

ကိုသံခဲ။ ။ ကဲကိုရွေသွေးရေ အစီအစဉ်လေးစလိုက်ကြအောင်ဗျို့။

ကိုရွေသွေး။ ။ ကြွရောက်လာကြတော့ ပရိတ်သပ်များခင်ဗျား။ အခုချိန်ကစပြီး ကျွန်တော်တို့ရဲ့ တက်သစ်စ မြန်မာလူငယ်လေး(3) ယောက်ကိုအမျိုးသားနေ့ဘယ်လောက်သိကြောင်းကို အင်တာဖူးလုပ်ပါမယ်ခင်ဗျား။

ကိုသံခဲ။ ။ တွေ့ဆုံမေးမြန်းမယ်ဆိုပြီးရော.. ဘယ်နဲ့ကြောင့်ဘိုလိုမုတ်ရတာလည်းဗျ။

ကိုရွေသွေး။ ။ ဒီခေတ်ကဗိုလ်ခေတ်လေဗျာ။

ကိုငပျော့။ ။ ကဲကဲကဲ ကိုသဲခဲနဲ့ကိုရွေသွေးရေ။ အမျိုးသားနေ့ဆိုဘယ်လိုပေါ်ထွန်းလာသလဲလို့ ဖြေဖို့လူငယ်တွေက
လည်း ပါးစပ်တွေယားလို့ ကုတ်နေကြသတဲ့အဲဟုတ်ပါဝူး အရမ်းပဲဖြေချင်နေပြီတဲ့ဗျ

ကိုရွေသွေး။ ။ ကဲ ဒါဆိုလဲလုပ်လိုက်လေ။ ကဲ ဟိုဖြေရမဲ့ညီလေး(၃)ယောက်တို့ရေ ဇာတ်စင်ရှေ့တို့ထွက်လာကြ..

ကိုရွေသွေးစကားမဆုံးမီ ကိုယ်လုံးကိုထည် အရမ်းဝသောလူငယ်တစ်ဦး ဇာတ်စင်ရှေ့တို့ထွက်လာ

ကိုသံခဲ။ ။ ဟိုး...ဟိုး...နေဦး။

ကိုငါပျော့။ ။ ခင်ဗျားညီမမလာသေးလို့လား။ ဘယ်သူ့ကိုစောင့်မလို့လဲဗျ။

ကိုသံခဲ။ ။ အရေးထဲဘူးကထ။ မဟုတ်ဘူးဗျ။ ကျွန်တော်ဆင်းတော့မလို့

ကိုငပျော့။ ။ ခင်ဗျားကဘယ်သွားမလို့လဲ။ လူငယ်လေးတွေကိုမေးခွန်းမေးရဦးမယ်လေဗျာ။

ကိုသံခဲ။ ။ ခင်ဗျားတို့ဆောက်ထားတဲ့ဇာတ်စင်ကိုလည်းပြန်ကြည့်ဦး။ ပြီးတော့ခင်ဗျားတို့မေးမဲ့ လူငယ်ကလေး ကိုလည်းပြန်ကြည့်ဦး။ ဒါတောင်မှတစ်ယောက်ပဲထွက်လာသေးတယ်။ (၃)ယောက်များဆိုရင်တော့....

ကိုရွေသွေး။ ။ ရပါတယ်ဗျာ။ နောက်ထပ်ထွက်လာမဲ့လူငယ်လေးတွေကိုလည်းစောင့်ကြည့်ပါဦး။

ကိုရွေသွေးစကားဆုံးခြင်းမှာပင် ပိန်လီသောလူငယ်နှစ်ဦးထွက်လာ။

ကိုသံခဲ။ ။ အော်....ဒီလိုကိုး။

ကိုငပျော့။ ။ ဒါကြောင့်...ခင်ဗျားကိုပြောတာ...စောင့်ပါစောင့်ပါ

ကိုသံခဲ။ ။ အခုမှသူက ၂နှစ်ခွဲ။ ကျွန်တော်က ၂၅နှစ် ဘယ်လိုလို့သွားစောင့်ရမလဲဗျ။

ကိုငပျော့။ ။ ခင်ဗျားကဘယ်သူ့ကိုစောင့်သတုန်းဗျ။

ကိုသံခဲ။ ။ လမ်းထိတ်က သူကြီးရဲ့သမီး ငယ်လေးလေ

ကိုငပျော့။ ။ ခင်ဗျားကလည်းတစ်မှောက်။ ခင်ဗျားကိုပြောတာ အလုပ်တစ်ခုလုပ်ရင် ပြီးအောင်စောင့်ပါလို့ ပြောတာ။
ခင်ဗျားကို မိန်းမယူဖို့စောင့်ခိုင်းတာမဟုတ်ဘူး။ စောင့်လည်းမစောင့်နဲ့။ ရမဲ့လူမျိုးမဟုတ်ဘူး။

ကိုရွေသွေး။ ။ ကဲကိုတို့နှစ်ယောက်ရေ။ ဖြစ်စရာရှိရင်လည်းနောက်မှဖြစ်။ ပြောစရာရှိရင်လည်းနောက်မှပြော။
အခုလောလောဆယ် ညီသုံးယောက်လည်း စောင့်ရလို့ အဖြေတွေတောင်မေ့ကုန်ပြီလားမသိဘူး။

ကိုသံခဲ။ ။ ကဲ..ကဲ...ကဲ..မင်္ဂလာပါညီငယ်တို့ရေ။

လူငယ်သုံးဦးကတစ်ပြိုင်နက်
။ ။ မာကလင်ပါဘကြီးတို့ရေ။

ကိုသံခဲ။ ။ သွားပါပြီ...လာတာနဲ့ပြောင်းပြန်လူသားတွေ။

ကိုငပျော့။ ။ ကဲညီလေးတို့ရေ...ပထမဦးဆုံးညီလေးတို့ကို ဗျူးမှာက အမျိုးသားနေ့ဘယ်လိုပေါ်ထွန်းရသလဲဆိုတာ ပြောကြပါဦး။

ပိန်လီလီပထမလူငယ်တစ်ဦး
“ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာဖွင့်လှစ်တဲ့ အမျိုးသားနေ့မှာ အစည်းအဝေးပွဲမှာဆိုရင် အစည်းအဝေးသွားတက်ရတဲ့အတွေ့အကြုံနဲ့ပြောရမယ်ဆိုရင်တော့ အမျိုးသားနေ့ဟာ ယောကျာင်္းတစ်ယောက်နဲ့ မိန်းမတစ်ယောက်ယူလိုက်တယ်ဗျာ။ ပြီးတော့ ယောကျာင်္လေးမွေးလာတယ်။ အဲဒီကလေးမွေးလာတဲ့နေ့ကိုအမျိုးသားနေ့လို့ခေါ်တယ်။ ဒါပါပဲသိပ်မဆန်းပါဘူး။ ဦးလေးတို့မသိရင်ပြောပေါ့။ ကျွန်တော်သင်ပေးမှာပေါ့။

ကိုသံခဲ။ ။ မင်းပြောမှလား။ ဒါတော့ငါလည်းသိတာပေါ့။

လူငယ်။ ။ သိရင်ဘာလို့မေးတာလည်း။

ကိုရွေသွေး။ ။ ကဲကိုသံခဲရေ၊ ကလေးနဲ့ဖက်ပြီးရန်မဖြစ်ပါနဲ့ဗျာ

ကိုရွေသွေး။ ။ ကဲနောက်ထပ်ညီလေးတစ်ယောက်ကောဖြေစမ်းပါဦး။

ဒုတိယလူငယ်။ ။ ကျွန်တော်ကတော့ သင်တန်းသိပ်တက်လေ့မရှိဘူးဗျ။ ဒါပေမဲ့ ကျွန်တော်အဖေက ကျွန်တော့်ကို အမြဲတမ်း ပြောဖူးတယ်။ အမျိုးသားနေ့ဟာ အဲ့ဒီယောက်ကျားတစ်ယောက်က မိန်းမမယူပဲ သေသွားရင် အဲ့ဒီသေသွားတဲ့ နေ့ဟာ အမျိုးသားနေ့ပဲလို့ ပြောဖူးတယ်၊

ကိုငပျော့။ ။ ဒါနဲ့ညီလေးအဖေက ဘယ်ကလည်း။

ဒုတိယလူငယ်။ ။ ကျွန်တော့်အဖေကငယ်ငယ်ကတည်းက မိန်းမ(၅)ယောက်ယူပြီး မရှာကြွေးနိုင်တော့လို့ စစ်ထဲဝင်သွားတာ မိန်းမ(၃)ယောက်နဲ့ ငြိမ့်နေတယ်တဲ့၊

ကိုငပျော့။ ။ ညီ့အဖေကိုတော့လက်လံတယ်။

ကိုသံခဲ။ ။ ပုဆိုးလန်ပါဗျ။

ကိုရွေသွေး။ ။ ကဲညီလေးပိန်ပိန်လေးအဲဟုတ်ပါဝူး ၀ဖီးနေတဲ့ညီငယ်လေးဖြေပါဦး။ အမျိုးသားနေ့ဆိုတာလေးကို၊

ဝသောညီငယ်။ ။ အဟမ်းဟမ်း

ကိုငပျော့။ ။ မှန်ချိုယူအုံးမလား။

ဝသောညီငယ်။ ။ အရေးထဲ..ကြော်ညာက၀င်သေးတယ်။ ကျွန်တော်ကလူဝတစ်ယောက်ဆိုတော့ အမျိုးသားနေ့အခမ်း
အနားကိုသိပ်မတက်ဖြစ်ပါဘူးဗျာ။ အဲကျွန်တော်အမျိုးသားနေ့ဘာကြောင့်ဖြစ်ပေါ်လာရတာလဲဆိုတာကိုတော့ သူများနဲ့ မတူကွဲပြားအောင်ပြောရမယ်ဆိုရင်တော့ အမျိုးသားနေ့ဟာ အမျိုးသားနေပဲပေါ့ဗျာ။ နိုဝင်ဘာလ ၁၄ ရက်နေ့လေ မသိကြ ဘူးလား။ ဦးဦးတို့မှတ်ထား။ မသိရင် google မှာရှာ။ နောက်တစ်ခါဒီလိုဇာတ်စင်စုတ်ပေါ်မခေါ်နဲ့။ ”ဆိုပြီး ၀သောလူငယ် ဇါတ်စင်ပေါ်ကနေခုဆင်းလိုက်တာ ကိုရွေသွေး၊ ကိုငပျော့နဲ့ ကိုသံခဲတို့ တီးတိုးပြောလိုက်တာကတော့ တော်တော် ပညာရှိတဲ့ လူငယ်တွေပဲကွ။ ငါတို့မြန်မာနိုင်ငံအတွက်တော့အားကိုးရဦးမယ်။ နောက်ဆုံးသူတို့သုံးဦးပြောလိုက်တာကတော့
“ငါတို့စင်ပျိုတော့မယ်ကွ”တဲ့၊
ရှမ်းကလေး

2 comments:

မောင်လိမ်မာ said...

ခိုက်တယ်ဗျို့ကိုရှမ်းရေ.....ဆက်လုပ်..လိမ်မာအမြဲအားပေးနေမယ်။

Sophie said...

အစ်ကိုရေ . . .ကောင်းတယ်ဗျို့။ များများရေးနော်