လိုက်ကာဖွင့်ချ...ရှမ်းကလေးတစ်ဦးထဲလိုက်ကာအပြင်သို့ထွက်လာ.....
ရှမ်းကလေး။ ။ချစ်သောပရိတ်သတ်အပေါင်းတို့ကိုမင်္ဂလာပါလို့ဦးစွာနှုတ်ဆက်ပါရစေခင်ဗျား...
တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင်ကိုယခုသောကြာနေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား
(၃)ဦးဖြစ်တဲ့ချင်းလူမျိုးကိုချင်းအသက်(၂၀)နှင့်ဗမာလူမျိုးဖြစ်သောကိုကံသာခေါ်အသက်
(၂၁)နှစ်နှင့်ကျွန်တော်မောင်ရှမ်းကလေးအသက်(၁၈)နှစ်တို့ကစတင်ဦးဆောင်ပြီးဖွဲ့စည်း
လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျား။ကျွန်တော်တို့တိုင်းရင်းသားအငြိမ့်သဘင်သည်ယခုနှစ်မှစပြီး
ဖွင့်လှစ်ပါသောကြောင့်သော်လည်းကောင်း၊အဖွဲ့အနေဖြင့်ငွေကြေးမလုံလောက်သော
ကြောင့်သော်လည်းကောင်း...ပရိပ်သတ်များအားကပြဖျော်ဖြေပေးမည့်မင်းသမီးကို
မငှားနိုင်ကြောင်းကိုလည်းတဆက်တည်းအသိပေးပါသည်ခင်ဗျား....နောက်ရှေ့ဆက်
သွားမယ့်ခရီးစဉ်မှာလည်းတိုင်းရင်းသားစုံစုံလင်ရှိသွားအောင်လည်းထပ်ပြီးကြိုးစားသွား
မည်ဖြစ်ကြောင်းကိုလည်းတိုင်းရင်းသားအငြိမ့်သတင်ကိုစတင်တည်ထောင်တဲ့ကျွန်တော်
တို့သုံးဦးကကတိပေးပါတယ်ခင်ဗျား။ကဲကျွန်တော့်ရဲ့အကိုကြီးတွေဖြစ်တဲ့ကိုကံသာတို့ကို
ချင်းတို့ကဇာတ်စင်ရှေ့ထွက်ဖို့ခြေထောက်တွေယားလို့ကုတ်သံတွေတောင်ကြားနေရပြီ
ခင်ဗျား...ကိုကံသာနဲ့ကိုချင်းကိုကျွန်တော်ခေါ်လိုက်တော့ပါမယ်ခင်ဗျား...အရပ်ရှည်ပြီး
ကလန်ကလားနဲ့ကိုကံသာနဲ့အချင်းချင်းရန်မဖြစ်တဲ့ကိုချင်းတို့ရေခင်ဗျားတို့ကိုပရိတ်သတ်
တွေကမျော်နေပြီးတဲ့ဗျာ...ထွက်လာကြတော့လေဗျာ...
(ကိုကံသာနှင့်ကိုချင်းတို့ လိုက်ကာနောက်မှထွက်လာ)
ရှမ်းကလေး။ ။ဟော...အရပ်အရှည်နဲ့ ထွက်လာတဲ့ အမျိုးသားလေးက ကိုကံသာဟုတ်
တယ်နော်....
ကိုကံသာ။ ။ ဟုတ်ပညီလေးမောင်ရှမ်းရေ...နေကောင်းလို့...မင်းမမကော..လှရဲ့လား...
ရှမ်းကလေး။ ။ ဘာဗျ...မမဟုတ်လား...မမတော့မရဘူးဗျ...ဘဘတော့ရမယ်..
ကိုကံသာ။ ။ ဘဘကငါဘာလုပ်ရမလဲ...
ရှမ်းကလေး။ ။ ဟောဟိုမှာတတွတ်တွတ်နဲ့တစ်ယောက်ထဲရည်ရွတ်ပြီးထွက်လာတဲ့မပိန်မ၀တဲ့အကိုကြီး
ကကိုချင်းလားဗျ.
ကိုချင်း။ ။ ဟုတ်တယ်ဟေးး... မောင်ရှမ်းရေ...
ရှမ်းကလေး။ ။ ကိုတို့ရေ...ဒီနှစ်ဒီခါမှာတိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင်ကိုစဖွင့်လိုက်တဲ့အထိမ်းအမှတ်အနေနဲ့ကိုတို့က
တစ်ယောက်ကို နှုတ်ဆက်စကားလေးအနေနဲ့ပြေားပေးပါဦးလားဗျာ...
ကိုကံသာ။ ။ အော..မောင်ရှမ်းရေ...မင်းပြောမှပဲငါသတိရတယ်...ပြောရမပေါ့ကွာ...
ကဲကဲကဲ...နှစ်သစ် (၂၀၀၈)မှာ
အောဒီနှစ်သစ်(၂၀၀၈)မှာ
စည်းစည်းလုံးလုံး ညီညွတ်ခြင်းဆိုတဲ့
စကားများကို ရင်မှာပိုက်လျှက်
ချင်း၊ ဗမာ၊ ရှမ်းဖြစ်တဲ့ ကျွန်တော်တို့ (၃)ဦးက
တိုင်းရင်းသားအငြိမ့်သဘင်ဆိုတဲ့
အော်တိုင်းရင်းသားအငြိမ့်သဘင်ဆိုတဲ့
ဒီအငြိမ့်သဘင်ကြီးကို... ဒီအငြိမ့်သဘင်ကြီးကို
စုပေါင်းပြီး ဖွဲ့စည်းလိုက်ခြင်းကြောင့်
လာရောက်အားပေးတဲ့ ပြည်သူလူထုတတွေ
ပျော်ရွင်နိုင်ကြပါစေလို့ ဆုတောင်းရင်း
နှုတ်ဆက်ပါရစေလားခင်ဗျား......
ရှမ်းကလေး။ ။ ကဲကိုချင်းရေ...
ကိုချင်း။ ။ ကဲလာပြီဟေ့...
နေရာတကာမှာ ငါမပါရင်မပြီး
ဖြူစင်တဲ့နှလုံးသားကိုပိုင်ဆိုင်တဲ့ငါ
ရဲ့ရင့်ပြီး.. အောင်မြင်တဲ့လူဖြစ်ချင်တဲ့ငါ
လူအပေါင်းတို့ကို ပျော်ရွင်အောင်ဖြည့်ဆည်းပေးဖို့
ဘုရားသခင်က လွတ်ပေးခဲ့တဲ့ငါ
တိုင်းရင်းသားအငြိမ့်သဘင်ဆိုတဲ့ ဒီအငြိမ့်သဘင်ကြီးမှာ
အမှန်အကန်တွေကို ဟာသလိုငါတို့ပြော
သူတို့ရဲ့မဟုတ်တရားတွေကို ဖော်ထုတ်
တိုင်းရင်းသားတွေအချင်းချင်းစည်းလုံးညီညွတ်ကြဖို့
ဒီဇာတ်စင်ရှေ့ကနေငါတိုက်တွန်းရင်းနဲ့
နှုတ်ခွန်းဆက်ပါရစေလား ပရိတ်သတ်တို့ရေ...
ရှမ်းကလေး။ ။ကဲကိုတို့ရေ...ကျွန်တော်ကရှမ်း၊ကိုကံသာကဗမာလူမျိုး၊ကိုချင်းဆိုတော့
ချင်းလူမျိုး
ကိုကံသာ။ ။ အေ..အဲ့ဒီတော့ဘာဖြစ်လဲမောင်ရှမ်းရေ...
ရှမ်းကလေး။ ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင် လူမျိုး(၈)မျိုးရှိတယ်မဟုတ်လားကိုယ်တို့ရေ..
ကိုချင်း။ ။ အေးလေ..အဲ့လောက်ရှိတာ သူငယ်တန်းကလေးပေါက်စတောင်သိတာပဲ
ရှမ်းကလေး။ ။ဟုတ်ပါတယ်ဗျ...အဲ့လိုရှိတဲ့နေရာမှာကျွန်တော်တို့တိုင်းရင်းသားအငြိမ့်
သဘင်ကြီးကတိုင်းရင်းသားလည်းမစုံသေးတော့၊ကချင်.ကယား.ကရင်.မွန်.ရခိုင်.ဆိုတဲ့
တိုင်းရင်းသားတွေထပ်ပြီး တော့စုရဦးမယ်မဟုတ်လားကိုတို့ရေ
ကိုကံသာ ။ ။ဒါလဲမှန်တာပဲညီလေးရေ
ကိုချင်း ။ ။ထပ်စုတာတော့ထပ်စုတာပေါ့ကွာ...ဒါတွေကနောက်မှတိုင်ပင်တာပေါ့ကွာ
ရှမ်းကလေး။ ။ကဲဒါဆိုကျွန်တော်တို့ဘာတွေစီစဉ်ထားသလဲဆိုတာတွေကိုအခုချိန်ကစပြီး
ပရိတ်သတ်တွေကိုတင်ပြလိုက်ရအောင်လားကိုတို့ရေ...
ကိုကံသာ။ ။ကောင်းတယ်ညီလေးရေ...
ကိုချင်း ။ ။ ဟေ့ကောင်တွေဒီမှာလာတိုးတိုးလေးငါပြောပြမယ်မင်းတို့ကို
ကိုကံသာ။ ။ဘာပြောမှာတုန်း
ကိုချင်း ။ ။အခုငါတို့ဗိုလ်ချူပ်တွေလက်ထက်မှာမြန်မာနိုင်ငံကနိုင်ငံတကာမှာအဆင်းရဲဆုံးလို့
ပြောနေကြတယ်ကွ..
ရှမ်းကလေး။ ။အဲ့ဒါတော့အကိုစော်ကားတာပဲ..ကျွန်တော်တို့မြန်မာနိုင်ငံကိုအကိုစော်ကားတာပဲ...
ကိုကံသာ။ ။ဟုတ်တယ်ကွာမောင်ချင်း...မင်းကမြန်မာနေပြီးမြန်မာကိုနှိမ်တယ်ဟုတ်လား...
ကိုချင်း ။ ။ ကဲပြောစမ်းပါဦး...မြန်မာနိုင်ငံကြီးဘာတွေတိုးတက်နေလဲဆိုတာ...
ရှမ်းကလေး။ ။ ကျွန်တော်ပြောပြမယ်..အရင်တုန်းကမြန်မာနိုင်ငံမှာလျှပ်စစ်နဲ့ထမင်းချက်လို့ရ
တဲ့ပေါင်းအိုးဆိုတာမရှိဘူး...အခြားနိုင်ငံတွေမှာပဲရှိတာ...ဟောခုကြည့်..ကျွန်တော်
တို့ဗိုလ်ချူပ်တွေခေတ်ရောက်တော့ပေါင်းအိုးတွေထုပ်တဲ့စက်ရုံတွေဆိုတာရှိလာတယ်..
ကိုကံသာ။ ။ အေး....ပြောလိုက်စမ်းမောင်ရှမ်း...
ရှမ်းကလေး။ ။ တရက်ဗျာ..ကျွန်တော်လည်း..ပေါင်းအိုးရောင်းတဲ့ဆိုင်ကိုသွား
ကိုချင်း ။ ။ မင်းလည်းပေါင်းအိုးသွားဝယ်တာပေါ့...
ရှမ်းကလေး။ ။ မဟုတ်သေးဘူးဗျ...အဲ့ဒီနေ့က...ဒီတိုင်းသွားကြည့်တာ..
အဲ့ဒါနဲ့ကျွန်တော်လည်းဆိုင်ထဲဝင်သွား.. ဟာဗျာထမင်းပေါင်းအိုးတွေတန်း
စီနေတာဗျာ..အဆင့်လိုက်အဆင့်လိုက်ဝယ်ချင်စရာလေးတွေ... ကျွန်တော်လည်း
တံဆိပ်တွေ လိုက်ကြည့်...
ကိုကံသာ။ ။ အဲ့ဒါနဲ့မင်းလဲဝယ်လိုက်တာပေါ့နော်...
ရှမ်းကလေး။ ။ ကျွန်တော်လည်းဝယ်တော့ဝယ်ချင်တာပေါ့ဗျာ...ဒါပေမဲ့ကျွန်တော်က
စည်းကမ်းကြီးတယ်ဗျ...အခုလာတာက၀ယ်ဖို့လာတာမဟုတ်ဘူးလေ...ဒါကြောင့်
ကျွန်တော်လည်းဈေးမေးကြည့်ရင်းနဲ့နောက်မှလာဝယ်တော့မယ်ဆိုပြီးဆိုင်ရှင်
ကိုပြောပြီးပြန်ထွက်လာ...ပြီးတော့နောက်တပါတ်ထပ်ပြီးသွားတာ..ဆိုင်ရှင်ကသာ
ပြောင်းသွားသာ..ပေါင်းအိုးတွေကမပြောင်းသွားဘူးဗျ.. အဟောင်းကအဟောင်း
အတိုင်းပဲ..ရှိနေတယ်...
ကိုကံသာ။ ။ ဆက်ပါဦး။...
ရှမ်းကလေး။ ။ ဒါနဲ့ကျွန်တော်လည်းဆိုင်မှာအလုပ်လုပ်တဲ့ကောင်လေးတစ်ယောက်ကိုမေးတာ
ပေါ့..“ဒီမှာဗျ..ဘာဖြစ်လို့အိုးတွေကသူများတွေလာမ၀ယ်ကြတာလဲလို့...ကောင်လေးကဘာပြန်
ပြောတယ်ထင်တုန်း...
ကိုချင်း ။ ။ ဘာပြန်ပြောတုန်း...
ရှမ်းကလေး။ ။ဒီပေါင်းအိုးဝယ်ပြီးအိမ်မှာထမင်းပြန်ချက်စားရင်မနပ်တဲ့
ထမင်းပဲစားရလို့တဲ့ဗျာ...
ကိုကံသာ။ ။ အဲ့လောက်ထိတိုးတက်တာ
ကိုချင်း ။ ။ ဘာဖြစ်လို့လဲဟ...
ကိုကံသာ။ ။ အောဒီလအကလည်းတစ်မှောက်...မီးကပျက်လိုက်လာလိုက်လို့ပေါ့ကွ
ကိုချင်း ။ ။ ခင်ဗျားကျွန်တော့်ကိုအဲ့လိုမပြောပါနဲ့.ကျွန်တော်ရင်နာတယ်..ရင်ပါမကဘူး
အသည်းပါနာတယ်ဗျ..
ရှမ်းကလေး။ ။ ဘာဖြစ်လို့လဲ ကိုချင်းရ
ကိုချင်း ။ ။ မီးကငါတို့ရွာမှာမှတစ်ခါမှမလာတာ...
ငါတို့ဗိုလ်ချူပ်တွေခေတ်မှာကွာ ဘယ်လောက်တိုးတက်လည်းဆိုတာငါပြောပြမယ်မင်းတို့ကို...
ကိုချင်း ။ ။ လုပ်ပါဦးကိုကံသာရ....
ကိုကံသာ။။ဒီလိုကွာအရင်တုန်းကမီးရထားဘူတာတွေမှာဟော်တယ်တွေဆိုတာမရှိဘူး...ငါတို့ ဗိုလ်ချူပ်တွေခေတ် လည်းရောက်ရော...ဟာ...မီးရထားဘေးမှာဟော်တယ်တွေတန်းစီနေတာ..
ရှမ်းကလေး။ ။ ဟာအဲ့လောက်တောင်ခေတ်မှီတာ...
ကိုကံသာ။ ။ ငါလဲ..တနေ့မီးရထားဘူတာကိုသွား..
ကိုချင်း ။ ။ ဘာလဲခင်ဗျားက ဘယ်သွားမလို့လဲ
ကိုကံသာ။ ။ ဘယ်မှာမသွားပါဘူးဗျာ...ဟိုဟိုဒီဒီပေါ့...
ရှမ်းကလေး။ ။ ခုဏကစကားကိုပြန်ဆက်ပါဦး.။
ကိုကံသာ။ ။ အေးပြန်ဆက်ရရင်...ငါလည်းဘူတာကိုသွား..ဘူတာကောင်တာက...အပိုမလေး
ကိုမေးတာပေါ့
ကိုချင်း ။ ။ ဘယ်ကလာအပိုမရမလဲဗျ... အပျိုမလို့ပီအောင်ပြောစမ်းပါ
ကိုကံသာ။ ။ ဟင်း...သူကမီးရထားဈေးနှူန်းတွေကို...ပိုပိုပြီး..အမြဲပြောနေကျကိုး...
ရှမ်းကလေး။ ။ အေးဘာဟုတ်ပါပြီ...ခင်ဗျားဟာမပြီးနိုင်တော့ဘူး...
ကိုကံသာ။ ။အေးဘာ..မင်းကလည်းစိတ်လောလိုက်တာ...ငါလည်းကောင်တာကိုသွား..မီးရထား
ဈေးနှုန်းတွေကိုမေးပြီး အပြင်ကိုပြန်ထွက်အလာကွာ... ဘူတာဘေးနားကဟော်တယ်တွေကွာ
လူတွေပြည့်နေတာရက်စက်တယ်...အဲ့ဒါနဲ့ငါလည်းဘေးနားကလူတစ်ယောက်ကိုမေးကြည့်တာ..
“အကိုလို့...ဘာလို့မီးရထားဘူတာမှာဟော်တယ်တွေဆောက်ထားသလဲလို့မေးတာ..
သူကဘာပြန်ပြောတယ်ထင်တုန်း..”
ကိုချင်း ။ ။ သူကဘာပြန်ပြောတုန်း....
ကိုကံသာ။ ။အော်ဒါလား...မီးရထားနေရာမလောက်တာရယ်...မီးရထားကနောက်ကျပြီး
ဝင်တာကြောင့်...မီးရထားမလာခင်...အိပ်ပြီးစောင့်ရအောင်လို့တဲ့...
ကိုချင်း ။ ။ အဲ့လောက်မြန်တဲ့မီးရထား..ဘယ်မှာရှိသေးလို့လဲ။
ရှမ်းကလေး။ ။ဒါနဲ့အကိုလည်း...မီးရထားဘူတာဘေးနားကဟော်တယ်လေးမှာ
ငြိမ့်ခဲ့တာပေါ့နော်
ကိုကံသာ။ ။ ဘယ်ကလာကွာ...မီးရထားဘူတာမှာငါမငြိမ့်ရတဲ့အပြင်...ဘူတာကောင်
တာကအပိုမက ငါ့ကိုတိုးတိုးလေးလာပြောသွားတာ
ကိုချင်း ။ ။ ခင်ဗျားကိုဘာပြောတုန်း
ကိုကံသာ။ ။ ကောင်တာမှာတစ်ခါမေးရင် (၅၀၀)ပေးရမယ်ဆိုပါလား...
ရှမ်းကလေး
2 comments:
ဟား ..ဟား.. ဟား
အမှန်တွေတယ်ပြောကြသကိုး...
လာဖတ်သွားပါတယ်.. ရီလဲရီသွားတယ်...
မှန်တိုင်းလဲမကောင်းဘူးတဲ့
ဒါပေမယ့် အမှန်ဟာအမှန်ပဲလေ
ဘယ်သူငြင်းလို့ရမှာလဲ
လာပြီးရီသွားတယ်
ဥာဏ်ကောင်းတဲ့ ရှမ်းလေးရေ
ဒီထက် ဒီထက် မကသော စာများကိုရေးနိုင်ပါစေနော်
အမြဲအားပေးနေတယ်ကွ
Post a Comment