မင်္ဂလာရှိသော ညနေခင်းအချိန်ခါဝယ်
သာယာလှပ မျက်နှာလေးများကို
ကိုယ်စီပိုက်လို့ ရှမ်းကလေးကျွန်တော်
ကိုချင်းနေမင်းနဲ့ အသံသာကိုကံသာတို့
သာယာလှပတဲ့ ဇာတ်စင်ပေါ်သို့
မော်ဒယ်ခြေလမ်းလေးများ အလား
လျှောက်လမ်းလာက...
ကိုကံသာ။ ။ မင်္ဂလာပါညီးလေးတို့ရေ...
ရှမ်းကလေး။ ။ မင်္ဂလာပါကိုတို့ရေ
ကိုချင်း ။ ။ မင်္ဂလာပါညီ၊ အကိုတို့ရေ
ကိုကံသာ။ ။ ဆက်လက်ဆင်နွဲ ရပြန်ပြီ မဟုတ်ပေဘူးလား ညီလေးတို့ရေ
ကိုချင်း ။ ။ ဘာတွေဆင်နွဲတာလဲ ခင်ဗျ
ရှမ်းကလေး။ ။ အော.. ကိုချင်းကလည်း အရိပ်ပြတာ အကောင် မမြင်ပဲကို ကိုကံသာ ပြောတာက တိုင်းရင်းသား တို့ရဲ့ အငြိမ့်သဘင် အပိုင်း(၃) ကိုပြောတာဗျ
ကိုချင်း ။ ။ အေးလေ.. အဲ့လိုရှင်းရှင်းပြောစမ်းပါ
ကိုကံသာ။ ။ ဟုတ်ပါတယ် ကိုချင်းရေ
ကိုချင်း ။ ။ ကိုတို့ရေ ကျွန်တော် စာတွေဖတ်ရင်းနဲ့ အဆိုအမိန့် တစ်ခုကို ဖတ်ရတာ အရမ်းကောင်းတယ်ဗျာ.
ရှမ်းကလေး။ ။ ဘယ်လို အဆိုအမိန့်တုန်း
ကိုချင်း ။ ။ ဒီလိုကွ
“မိဘကို
စွမ်းဆောင်နိုင်ပါလျက်
မလုပ်ကျွေးဘဲ
တမင်ပစ်ထားရင်
ကြွေးလည်းတင်တယ်
လူယုတ်မာလည်း
ဖြစ်တယ်တဲ့”
ကိုကံသာ။ ။ ကောင်းလိုက်တဲ့ အဆိုအမိန့်၊ မှန်လိုက်တဲ့ အဆိုအမိန့်
ရှမ်းကလေး။ ။ အဲ့ဒီတော့ ကိုချင်းက ဘာပြောချင်လို့လဲ
ကိုချင်း ။ ။ အဲ့ဒီတော့ ဒီအဆိုအမိန်နဲ့ အတူငါက တစ်မျိုး ပြန်ပြောင်းရင် ကောင်းမလားလို့
ကိုကံသာ။ ။ ဘယ်လိုပြောင်းမှာတုန်း
ကိုချင်း ။ ။ ဒီလိုဗျာ..
စစ်ဗိုလ်ချူပ်တွေ
ကောက်ကျစ်နေသည်ကို
သိနေပါလျက်နဲ့
အောင့်ကာနမ်းနေသူများသာ
အမြင်မှန်ပြန်ရလာရင်
ငါတို့မြန်မာနိုင်ငံကြီးဟာ
အာဏာရှူးတွေ လက်ထဲက
လွတ်မြောက်လာမည်မှာ
ဧကန်မလွဲပါကွာ”
ရှမ်းကလေး။ ။ ကောင်းပါတယ်ဗျာ
ကိုကံသာ။ ။ ကိုချင်းက ဒီလိုလေး ထွင်တော့ ကျွန်တော့ကလည်း ဟိုလိုထွင် လိုက်အုံးမယ်ဗျာ
ကိုချင်း ။ ။ ဘယ်လို ထွင်မှာလဲဗျ
ကိုကံသာ။ ။ ဒီလိုဗျာ
အာရင်ဘက်က ပြောတယ်
နာ နာခံစားတတ်မှ ခံစားမှ
ရှူးရှူးမှူးမှူး ကိုဖြစ်နေမှ
ကြီးမြတ်တဲ့ အနုပညာလို့
မှူးမုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရယ်
ကြီးတောင်ကြီးမားကျမှ အသဲကွဲတဲ့ရောဂါတဲ့
သန်းပေါင်းများစွာသော ချစ်တတ်သူများ
ရွေအတိချထားသောလက်များဖြင့် လက်ခုတ်တီး၍ရယ်ပါ။” တဲ့ဗျာ
ကိုချင်း ။ ။ ဟာကိုကံသာ ဘယ်ဆိုးလို့လဲဗျ ဒီလောက်ထိ အဆင့်တောင် ရောက်နေပါလား
ကိုကံသာ။ ။ ဘာဖြစ်လို့လဲ ကိုချင်းရ
ကိုချင်း ။ ။ ကဗျာလေးက တော်တော် ကောင်းတာပဲ အကိုစပ်ထား တာလားဗျ
ရှမ်းကလေး။ ။ ဟုတ်နေအုံးမယ် အားကြီးကြီး...
ကိုချင်း ။ ။ ဟာ.. မဟုတ်ဘူးလားဗျ ကျွန်တော်ထင်တာ ကိုကံသာစပ်ထား သာလားလို့
ကိုကံသာ။ ။ ဟုတ်တော့ မဟုတ်ဘူး ဒါပေမဲ့ တူအောင်တော့ လုပ်ပြမယ်
ရှမ်းကလေး။ ။ ဟာ.. အဲ့လိုတော့ မလုပ်နဲ့ဗျ ခဏနေ ဒီလိုဇာတ်ပေါ်မှာ အငြိမ့်မကရပဲ သံတိုင်တွေကြားက အခန်းထောင့်လေးမှာ မှေးကို လက်ကလေး ထောက်ပြီး စဉ်းစားခန်း ၀င်နေရဦးမယ်
ကိုချင်း ။ ။ ဘာဖြစ်လို့လဲ ရှမ်းကလေးရ
ရှမ်းကလေး။ ။ အော.. ကိုချင်းက သတင်းမှ မread ပဲကိုးဗျ
ကိုချင်း ။ ။ ဘယ်လိုလဲကွ မင်းပြောတာ မြန်မာစကားလား
ရှမ်းကလေး။ ။ မဟုတ်ဘူး အင်္ဂလိပ်လိုပြောတာ
ကိုကံသာ။ ။ မောင်ရှမ်းရာ မြန်မာစကားတောင် ငါသင်ပေးလို့ ရတဲ့ ကိုချင်းကို မင်းက အင်္ဂလိပ်စကား သွားပြောတော့ ဟိုကောင် နားရှုတ်သွား တာပေါ့ကွ. ရှင်းရှင်းလေး ပြောပြလိုက်စမ်းပါကွာ..
ရှမ်းကလေး။ ။ အော.. ရပါတယ် ကိုကံသာရေ ဒီလိုဗျ ကိုချင်းရ ကိုချင်း ဒီကဗျာကို သေချာဖတ်ကြည့် ထိတ်ဆုံးစာလုံးတွေ ကိုပဲ ဖတ်ကြည့်ပါလား
ဒီလိုနဲ့ ကိုချင်းတစ်ယောက် ကဗျာရဲ့ထိပ်ဆုံး စာလုံးတွေကို ဖတ်ကြည့်ရာ..
ကိုချင်း ။ ။ အော.. ဒီလိုလား ဒါနဲ့ထားလိုက်ပါဦး ကိုကံသာက ဘယ်လိုလုပ်မှာတုန်း
ကိုကံသာ။ ။ လာမယ်လေဗျာ. ဒီမှာကြည့်
“သန်းပေါင်းများစွာ
ရွေငွေတွေပိုင်ဆိုင်တဲ့
မြေးလေးကျွန်တော့်ကို
ဖိုးဖိုးကပြောတယ်
လဟာပြင် ဇာတ်စင်ပေါ်မှာ
ပြည့်ပြည့်စုံစုံ အဖိုးခမပေးပဲ
စောက်ငနဲသား အာဏာရှူးတသိုက်နဲ့
ရှူးသွပ်ခြင်း ဆိုတာတွေကို ကပြရအောင်လေတဲ့”
ရှမ်းကလေး။ ။ ဟား.. တော်တော် မိုက်တယ်ဗျ. လေးစားလောက်ပါတယ်
ကိုကံသာ။ ။ ဒီလိုဖြစ်ရမယ်လေ.. ကံသာမသန်မာရင် သူများ ကန်သွားမှာပေါ့
ကိုချင်း ။ ။ ဘာမိုက်တာတုန်း ဘာမှမမိုက်ဘူး
ကိုကံသာ။ ။ မိုက်တာပေါ့ ခင်ဗျား ခုဏက ကဗျာလေးလိုပဲ ထိပ်ဆုံးစာလုံးတွေကို ဖတ်ကြည့်ပါလား
ကိုချင်း ။ ။ ကျွန်တော်သိပါတယ် ဒါပေမဲ့ ကျွန်တော်က ကျွန်တော်တို့ စစ်ဗိုလ်ချူပ်တွေကို အဲ့လိုပြောတာ မကြိုက်ဘူးဗျာ
ရှမ်းကလေး။ ။ အော.အော် လူ့ဘ၀ လူ့ဘ၀ လောကမှာလည်း ဆန့်ကျင်ဘက်က အမြဲတမ်း ရှိနေတာပဲနော်
ကိုကံသာ။ ။ ဒါဆို အကယ်၍ ဗိုလ်ချူပ်မှူးကြီး သန်းရွေ အခုလို ဇာတ်စင်ပေါ်မှာ အငြိမ့်တက်ကရင် ခင်ဗျားက သွားကြည့်မှာလား
ကိုချင်း ။ ။ ဟားး ခင်ဗျားဘယ်လို ပြောလိုက်တာလဲ သွားကြည့်မှာပေါ့ သွားကြည့်ရင်း ပန်းကုံး
စကားမဆုံးသေး ရှမ်းကလေးဝင်ပြော
ရှမ်းကလေး။ ။ ဘာဗျ ခင်ဗျားက ဗိုလ်ချူပ်ကြီးကို ပန်းကုံးတောင် တက်စွပ်အုံးမှာ
ကိုချင်း ။ ။ ငါ့ကိုငါ ပန်းကုံးစွပ်ပြီး ဇာတ်စင်ပေါ် တက်လာတဲ့ ဗိုလ်ချူပ်ကြီးကို ခဲနဲ့ပစ်မလို့ ပါကွာ..
ကိုကံသာ။ ။ အော အဲ့လိုချစ်တာ
ကိုချင်း ။ ။ တော်သေးတယ် ခဲကယ်ပေလို့ပေါ့
ရှမ်းကလေး။ ။ အကိုတို့က တစ်ယောက်ပြီး တစ်ယောက် ကျွန်တော်တို့ ဗိုလ်ချူပ်တွေ လက်ထက်မှာ ရှိနေတဲ့ တိုင်းပြည်ကို ချီးမွမ်းနေမှတော့ ကျွန်တော်လည်း မနေနိုင်တော့ဘူးဗျ
ကိုချင်း ။ ။ နားနဲ့ကြားပါရစေခင်ဗျား
ကိုကံသာ။ ။ နားနဲ့မကြားလို့ ဖင်နဲ့ကြားချင်သေး လို့လာ
ရှမ်းကလေး။ ။ လာပြီဟေ့
ခေတ်ပြိုင် ဟစ်တိုင်
လူ့မှတ်တိုင်
ကြေးမုံလူလိမ်စား
VOB/ VOA အမှန်တွေတင်
မြန်မာတိုင်း(မ်) အမှားတွေများ
ခေတ်လူငယ် မျက်နှာမှာကွယ်
ကလိမ်ကကျစ်တွေရယ်
BBC ကအမှန်တွေကွယ်
DVB/NMG တကယ်စစ်သည်
လျပ်တပြက်က အတုတွေရိုက်
အခုအခါမှာတော့ ကျော်ဆန်းခင်မျာ ခေါင်းတွေကိုက်
ကိုကံသာ။ ။ နာ ကြောက်တယ်နော်
ကိုချင်း ။ ။ ရှမ်းကလေးနော်
ကိုကံသာနဲ့ ကိုချင်းတို့ စကားမပြောခင် ကတည်းက ကျွန်တော် မောင်ရှမ်းလေးလည်း လွတ်ရာ ကျွတ်ရာသို့ ရောက်နေပြီ ဖြစ်ကြောင်း အသိပေးရင်း တိုင်းရင်းသားတို့ အငြိမ့်သဘင် အပိုင်း(၃)ကို ဒီတွင်ပဲ နားလိုက် ပါရစေခင်ဗျား..
ရှမ်းကလေး
2 comments:
“သန်းပေါင်းများစွာ
ရွေငွေတွေပိုင်ဆိုင်တဲ့
မြေးလေးကျွန်တော့်ကို
ဖိုးဖိုးကပြောတယ်
လဟာပြင် ဇာတ်စင်ပေါ်မှာ
ပြည့်ပြည့်စုံစုံ အဖိုးခမပေးပဲ
စောက်ငနဲသား အာဏာရှူးတသိုက်နဲ့
ရှူးသွပ်ခြင်း ဆိုတာတွေကို ကပြရအောင်လေတဲ့”
ဒီအပိုဒ် အကြိုက်ဆုံးပဲ
ဟာသ ဆိုပေမဲ. တကယ်. အမှန်တွေဆိုတော. ဖက်ရတာအရသာရှိတယ်..ကိုရှမ်းကလေးရေ... ဆက်ရေးနော်..အားပေးတယ် ။ သူများကို ရီအောင်လုပ်နိုင်တာနည်းတဲ. ကုသိုလ်မဟုတ်ဘူး ။ အဲ.လိုဘဲ သူများနဲ.အတူရီမောနိုင်ပါစေ။
Post a Comment