တိတ်ဆိတ်ည မိုးကောင်းကင်အောက်မှာ ကြယ်တွေလတွေ စုံညီစွာ ပွင့်ဖူးဝေဆာလို့ ဟော..လူ့ပြည်ကို လှမ်းကြည့်လိုက်တော့ အချစ်ကံမပါ ကိုကံသာရယ်၊ အမုန်းတွေ စစ်စစ်နဲ့ ကိုချစ်ချင်း အဲ့ဟုတ်ပါဝူး ကိုချင်းနဲ့ နှလုံးသား နုနုထွတ်ထွတ်လေး ကျွန်တော်မောင်ရှမ်းကလေး တို့တတွေဟာလည်း လဟာပြင် ဇာတ်စင်ပေါ်သို့ အပြေးကလေးသား နေရာယူကာ ...
ကိုကံသာ။ ။ တစ်နှစ်မှာ တခါ
ပွင့်ဖူးဝေဆာ
ပိတောက်ပန်းရယ်လို့
ဘ၀မှာတခါ
ချစ်ပန်းဆင်ခဲ့တဲ့
ကျွန်တော့် နှလုံးသားရယ်လို့
ကိုချင်း ။ ။ အော.. သူက နှလုံးရောဂါနဲ့ ဆုံးသွားတာလား..
ကိုကံသာ။ ။ အေး.. ကျောက်ကပ်နဲ့ပါ ရောဂါတွေပြန့်ပြီးတော့.. ဟာဟေ့ကောင် ဘာနှလုံးရောဂါလည်း နင့်မေဂျီးတော် နှလုံးရောဂါလား
ကိုချင်း ။ ။ ဟာအကိုကလည်း သူများ နောက်လို့ချစ်တာကို
ရှမ်းကလေး။ ။ ချစ်လို့နောက်တာဟဲ့.. စကားကိုပြောင်းတိပြောင်းပြန် ပြောတယ်
ကိုချင်း ။ ။ အော.. မှားသွားလို့ ချစ်လို့နောက်တာကို မဆူရဘူးလေ
ရှမ်းကလေး။ ။ ကဲ... ကဲကဲ အကိုတို့ရေ
ကိုကံသာ။ ။ နားဆင်လျက်ပါ ခင်ဗျား
ရှမ်းကလေး။ ။ အချိန်နဲ့ ဒီရေဟာ လူကိုမစောင့်တဲ့ ရှေးစကားပုံက မှန်လိုက်လေခြင်း ပါပဲခင်ဗျား
ကိုကံသာ။ ။ ဟုတ်ပါတယ် မောင်ရှမ်းရေ
ကိုချင်း ။ ။ ဟာ.. မောင်ရှမ်းမင်းကလည်း ဒီလေးတော့ ငါမသိဘူး အားချိန်က ငါ့ကိုစောင့်ပါတယ်ကွ
ရှမ်းကလေး။ ။ ခင်ဗျားက ဘယ်အချိန်ကို ပြောတာလည်းဗျ
ကိုချင်း ။ ။ ငါ့သူငယ်ချင်း အားချိန်တို့ အားပေါင်တို့ တရုတ်လူမျိုးတွေလေ
ကိုကံသာ။ ။ နင့်မေဂျီးတော် ပြောလိုက်ရင် စောက်တလွဲတွေပဲ၊ ဘယ်တော့မှ မှန်တယ်လို့ကို မရှိဘူး၊ ငါတို့ပြောတာ နင့်အမေလင် နအဖစစ်အစိုးရတွေ ကိုးကွယ်နေတဲ့ တရုတ်အမျိုးတွေ မဟုတ်ဘူးကွ
ကိုချင်း ။ ။ ဟာ.. အကိုတို့ကလည်း ကျွန်တော့်အမေလင် ဗိုလ်ချူပ်ကြီးတွေက နတ်ရုပ်တရုပ်ထဲ ကိုးကွယ်နေတာ မဟုတ်ဘူးဗျ
ရှမ်းကလေး။ ။ ဘယ်နှစ်ရုပ်ကိုးကွယ်လို့လဲ
ကိုချင်း ။ ။ ဒေါ်ကြိုင်ကြိုင် ရုပ်တွေကိုလည်း ဘုရားစင်ပေါ် တင်ပြီး ကိုးကွယ်တယ်ဆိုပဲ
ကိုကံသာ။ ။ ပြောလေ လွဲလေပါလား ဒီကောင်၊ တရုတ်ဆိုတာ ချိုန်းနားကိုပြောတာကွ
ကိုချင်း ။ ။ ဟား ခင်ဗျားချိုင်းကြီး မနမ်းချင်ပါဘူးဗျာ အဲ့လောက်နံတာ၊ ခဏနေတက်လာမဲ့ မင်းသမီး ချိုင်းဆိုမဆိုးပါဘူး
ကိုချင်း စကားပြောပြီး ဆုံးပြီးသွားသော အခါ ကိုချင်းခေါင်းပေါ်သို့ ရှမ်းကလေးက လာပြီး လင်ဗန်းနှင့်ချ
ဂွမ်းဂွမ်းဂွမ်း
ရှမ်ကလေး။ ။ ခင်ဗျားကတော့လေ ပြောလေဝေးလေပဲ၊ ချိုင်းနားဆိုတာ ခင်ဗျားပြောတဲ့ ဟောဒီချိုင်းမဟုတ်ဘူးဗျ တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ပြောတာနားလည်လား
ကိုချင်း ။ ။ ရှမ်းကလေး မင်းငါ့ကို ချိုင်းမပြပဲ ပြောလို့လဲ ရပါတယ်ကွာ၊ အခုမှ ခေါင်းမူးတော့တယ်
ကိုကံသာ။ ။ ကဲ ညီလေးတို့ရေ
ရှမ်းကလေး။ ။ ပြောပါအကို အကို့စကားကို နေကွယ်မကျ နားထောင်ပါ့မယ်ဗျာ
ကိုကံသာ။ ။ ဘာလည်းကွ နေကွယ်မကျ ငါတစ်ခါမှမကြားဖူးဘူး မြေ၀ယ်မကျနားထောင်မယ် ပြောစမ်းပါ
ကိုချင်း ။ ။ ဒါကြောင့် အကိုတို့လို့ အသက်ကြီးတဲ့ လူတွေ နည်းပညာ မလေ့လာတာပြောတာပေါ့
ရှမ်းကလေး။ ။ ဟုတ်တယ် ပြောလိုက်စမ်း ကိုချင်း
ကိုချင်း ။ ။ ဒါနဲ့ ရှမ်းကလေး မင်းပြောတဲ့ အဓိပ္ပယ်လေးကို ရှင်းစမ်းပါဦး
ရှမ်းကလေး။ ။ အော မြေ၀ယ်မကျဆိုတာ ကိုကံသာ ပြောတဲ့စကားကို မြေကြီးပေါ်မကျခင် ကျွန်တော်က နားထောင်ပါ့မယ်လို့ ပြောတာ၊
ကိုချင်း ။ ။ အဲ့ဒါငါသိတယ် ငါပြောတယ် နေကွယ်မကျ
ရှမ်းကလေး။ ။ အော.. နေကွယ်မကျဆိုတာက ကိုကံသာနေကွယ်လို့ မသေခင် ကိုကံသာ့စကားကို နားထောင်ပါ့မယ်လို့ ပြောတာပါဗျာ.
ကိုချင်း ။ ။ ဒီတခေါက် အငြိမ့်စင်ပေါ် တက်ရတာ ကျွန်တော် အပျော်ဆုံးပဲဗျာ
ကိုကံသာ။ ။ မင်းဂျီးတော်က ဒီနေ့မှ အငြိမ့်လာကြည့်လို့လား
ကိုချင်း ။ ။ ခင်ဗျားကလည်း လျှောက်ပြောတော့မယ် အခုကျွန်တော်တို့မှာ အငြိမ့်မင်းသမီး ရှိပြီလေဗျာ
ကိုကံသာ။ ။ ဟာ.. ဟုတ်တယ်ကွ ငါ့မေ့တော့မလို့ ကဲမောင်ရှမ်းကလေးရေ မင်းသမီးလေး ချောလေးကို ခေါ်တော်မူလိုက် ပါဦးကွ
ရှမ်းကလေး။ ။ ဟာအကိုကလည်းဗျာ
ကိုချင်း ။ ။ ဘာလဲမင်းမခေါ်ဘူးလား
ရှမ်းကလေး။ ။ ဟာမဟုတ်တာ ခေါ်မှာပေါ့ ခေါ်မယ်ခေါ်မယ် ကဲလာပြီ
“အသားလေးက ရွေလိုချောအိ
အသံကလေးက ချိုသာပါဘိ
ရုပ်ကလေးက ရတနာရယ်လို့
ဟော ညီမလေး ချောရတနာရေ
တိုင်းရင်းသား အငြိမ့်သဘင်လေး
လိုက်ဖက်စုံညီသွားအောင်
ပရိတ်သတ်ရှေ့သို့
ကိုယ်ရောင်ပြစေသတည်း”
မခို့တရို့လေး လှမ်းထွက်လာသော မင်းသမီးချောလေး ရပ်ဖို့နေရာအတွက် ကိုကံသာ၊ ကိုချင်း၊ ကျွန်တော် မောင်ရှမ်းကလေး နေရာကို လုပြီးပေးကြ။
မင်းသမီး။ ။ အသက်ကြီးဆုံးက ကိုကံသာလားဟင်
ကိုကံသာ။ ။ အပြောကြွယ်လှတဲ့ ချောရတနာ၊ ဒီမှာကိုယ်ပြောပြမယ်၊ လူတကာကို ရီစရာပြောတာ ကံသာပါ၊
ကံသာအသံမမာရင် ဘယ်ရမတုန်း၊ ဒါပေမဲ့ မင်းရဲ့အလှတရားက ငါ့ရဲ့ဘ၀တပါးကို ဖမ်းစားခဲ့တယ်၊
ဒါကြောင့် မင်းကိုကိုယ်ချစ်တယ်၊
ကိုချင်း ။ ။ ဟား... ကိုကံသာတို့က မိတယ်ဗျာ.. ဖိနပ်ခိုးမှုနဲ့
ကိုကံသာ။ ။ အေးကွာ.. ဖိနပ်ခိုးတာ တစ်ခါမှမမိဖူးဘူး ဒီတစ်ခါမှ မိတာ၊ ဟာဒီကောင် ဘာတွေလျှောက်ပြော နေတာလဲ နင့်အဘဖိနပ်ခိုးမှုလား
ကိုချင်း ။ ။ ဒါကြောင့် ကျွန်တော့် အဘရဲ့ ဖိနပ်တစ်ဖက် ပျောက်နေတာ
မင်းသမီး ။ ။ ဒီဖက်က ကိုရှမ်းကလေးလားရှင့်
ရှမ်းကလေး။ ။ သြော ရတနာ၊ ရတနာ၊ ကိုယ်မင်းကို ချစ်လွန်းလို့ ရတနာလို့ပဲ ခေါ်လိုက်မယ်နော်၊ မင်းနဲ့ကိုယ် မယ်ဟောင်ဆောင်မှာ မင်္ဂလာဆောင်မယ်ဆိုပြီး ဘန်ကောက်မှာ မင်းက ပုဂံကောက်ခဲ့တယ်၊ နားဆွယ်မှာ ကိုယ်အလွမ်းသယ်ပြီး၊ ချိန်းမိုင်က ဂိမ်းဆိုင်မှာ မင်းကိုကိုယ် လိုက်ရှာခဲ့သေးတယ်၊ မယ်စရိန်းမှာ ထပ်ချိန်းပြီး၊ မယ်ဆောက်မှာ မင်းနဲ့အတူ ခဲတွေကောက်ခဲ့ သေးတယ်၊ လူစုံအောင် ဆိုပြီး ဒဂုံမှာ မင်းငါ့ကို၊ မင်းငါ့ကို...
ကိုချင်း ။ ။ ဒဂုံမှာ ဘာဖြစ်တာတုံး
ရှမ်းကလေး။ ။ လူရိုက်ပွဲ
ကိုချင်း ။ ။ အေး တစ်ခါထဲအေးရော
ကိုကံသာ။ ။ မင်းချိန်းမိုင်က ဂိမ်းဆိုင်မှာ သူ့ကို တွေ့ခဲ့သေးလား
ရှမ်းကလေး။ ။ အခုမှတွေ့တာ
ကိုချင်း ။ ။ ဟဲဟဲ.. ဟိဟိ
ကိုကံသာ။ ။ ဘယ်လိုဖြစ်နေတာလဲ နင့်ကို ခေါ်သေးလို့လားတဲ့
ကိုချင်း ။ ။ သားသားကလေ မခေါ်ခင်ကတည်းက ထူးချင်နေတာ
မင်းသမီး ။ ။ ဒါဆို ခေါ်တော့ဘူး
ကိုချင်း ။ ။ ခေါ်ပါဆို
မင်းသမီး ။ ။ ကိုချင်းရေ
ကိုချင်း ။ ။ ဘာရတနာ၊ မင်းက ကိုယ့်ကို ချစ်တယ်လို့ ပြောလာတယ်ဆိုတော့ မချစ်ပြန်ရင်လည်း ကိုချင်းတို့ စိမ်းကား ကျလွန်းမနေဘူးလားလို့ တွေးမိတော့ အားနာနာနဲ့ ပြန်ချစ်လိုက်မယ်ကွာ..
ရှမ်းကလေး။ ။ ခင်ဗျားကို ဘယ်သူမှ ချစ်တယ်လို့ မပြောသေးဘူး
မင်းသမီး ။ ။ အကိုတို့ရေ
ကိုချင်း ။ ။ ပြောညီမလေး ရတနာရေ
မင်းသမီး ။ ။ သမီးကလေ အငြိမ့်ကို ဟိုလွန်ခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက စိတ်ဝင်စားခဲ့တာ
ကိုကံသာ။ ။ အော သမီးက ဆိတ်ပဲဝင်စားတာလား၊ နွားကောမပါဘူးလား
ကိုချင်းနှင့်ရှမ်းကလေး ကိုကံသာ ခေါင်းအား လင်ဗန်းနဲ့ပြေးထု။
ရှမ်းကလေး။ ။ ပြောပါဦး ညီမလေးရေ
မင်းသမီး ။ ။ ဒါကြောင့် သမီးက အကိုတို့ဆီမှာ လာပြီးကရတာပေါ့၊ ပြီးတော့ ပထမဆုံးကရတာဆိုတော့ သမီးက သီချင်းလေးနဲ့ ကပြဖျော်ဖြေပါ့မယ် ဦးဦးတို့ရေ
ရှမ်းကလေး။ ။ ကဲ.. မင်းသမီးရဲ့ ချိုသာတဲ့ သံစဉ်လေးကို ပရိပ်သတ်ရှေ့တို့ ဖော်ထုပ်ပေးလိုက် ရအောင်လား..
ကိုချင်း ။ ။ ဒီမယ်ရတနာ
ကိုချင်းက ဒွေးလေသံနှင့် ခါးလေးထောက်ကာ မင်းသမီးထံတို့ တချက်ကြည့်ပြီး ခေါ်လိုက်သည်။
မင်းသမီး ။ ။ ရှင်.. ဦးချင်း
ကိုချင်း ။ ။ မင်းကိုယ့်ကိုယ်ကို သမီးလို့မပြောပါနဲ့ ကိုယ်နဲ့မင်းလက်ထက်လို့ လူတွေက မေးရင် ဘယ်လိုလုပ်မလဲ၊
ကိုကံသာ။ ။ ဒီရုပ်ကြီးက..
ရှမ်းကလေး။ ။ ဟာ ငါတို့အကိုရုပ်က နုသေးပါတယ်
ကိုချင်း ။ ။ ပြောလိုက်စမ်းညီလေး
ရှမ်းကလေး။ ။ မင်းသမီး နောက်ကျရင် လုံးဝ ဦးလို့မခေါ်နဲ့ကြားလား အဖိုးလို့ခေါ်
ကိုချင်း ။ ။ အေး မြေးလေးရတနာ နင့်အဖွားကောနေကောင်းလား၊ ဟာဟုတ်ပါဘူး ငါအဲ့လောက်ထ မအိုသေးပါဘူးကွ
ကိုကံသာ။ ။ ကဲညီလေးတို့ရေ ကိုယ်တို့အလှည့်ကတော့ ပြီးနေပါပြီ မင်းသမီးရဲ့ အလှဟန်လေးကို အကဟန်လေးနဲ့ ပေါင်းစပ်ကာ မင်းသမီးချောရတနာလေးရဲ့ လှပါတယ်ဆိုတဲ့ အကလေးကို ဝေငှပေးလိုက် ပါရစေလား
ရှမ်းကလေး။ ။ ကဲသမီးရေ၊ အဲ့ဟုတ်ပါဝူး ညီမလေးရေ ပရိပ်သတ်တို့ကို ညီမလေးရဲ့ အတတ်ပညာလေးနဲ့ ဖျော်ဖြေပေးလိုက်ပါဦးလား
ရှမ်းကလေးပြောပြီးစဉ်မှာပဲ မင်းသမီးလေးက အောက်ပါသီချင်းကို သီဆိုကာ အကများစွာနှင့် ကပြလိုက်လေသတည်း။
မှတ်ချက်။ ။သီချင်းအား တွံတေးသိန်းတန် သီဆိုထားသော သားရှင်ပြုအလှူပွဲ တီးလုံးကို ယူပြီး စပ်ဆိုထားပါသည်။
သီချင်းခေါင်းစဉ် -- ဒီမိုကရေစီရဖို့ ကြိုးစားစို့
ပထမအပိုက်။ ။ မြန်မာပြည်ဒီမိုကရေစီ ရဖို့ကွယ် ငါတို့ကြိုးစားမယ်... ပြတ်သားစွာ တော်လှန်ဖို့ စစ်အစိုးရကိုဖြုတ်... အနုပညာသည်က တော်တော်ပိုင် ကလောင်လက်နက်နဲ့ တိုက်ထုတ်မယ်. တိုင်းပြည်ချစ်စိတ်ကို ငါတို့မွေးလို့ ငြိမ်းချမ်းရေးနဲ့ တိုက်ခိုက်စို့..
ဒုတိယအပိုက်။ ။ မြန်မာပြည်ဒီမိုကရေစီ ရဖို့ကွယ် ငါတို့ကြိုးစားမယ်... ပြတ်သားစွာ တော်လှန်ဖို့ စစ်အစိုးရကိုဖြုတ်... အနုပညာသည်က တော်တော်ပိုင် ကလောင်လက်နက်နဲ့ တိုက်ထုတ်မယ်. တိုင်းပြည်ချစ်စိတ်ကို ငါတို့မွေးလို့ ငြိမ်းချမ်းရေးနဲ့ တိုက်ခိုက်စို့..
တတိယအပိုက်။ ။ ဒီမိုကရေစီရရင်ပဲကွယ်.. တိုင်းရင်းသားတွေစည်းလုံးဖို့ တို့တတွေ တိုက်တွန်းစို့.. လူအများနဲ့ပေါ့ကွယ်.. ကြင်နာရိုင်းပင်း ၀ိုင်းဝန်းလုပ်ဆောင် တို့များတိုင်းရင်းသား စုပေါင်းကြမယ် ဒါမှမြန်မာ့ဇာတိသွေး မြန်မာ့အားမာန်ပေါ့ကွယ်.. မင်္ဂလာရှိတဲ့တိုင်းပြည်ကြီးက တူညီစွာရယ် ဟောတူညီစွာရယ် ကမ္ဘာ့အလယ်တွင် လွန်တင့်တယ် ဂုဏ်သရေရှိလှတယ် ပြန်ရချိန်မို့ ပြန်ရတယ်... သွေးစည်းညီညွတ်လို့ ပြန်ရတယ်.. နိုင်ငံတော်အလံတလူလူလွင့်. ကျွန်တော်တို့မြန်မာနိုင်ငံအောင်ပွဲမှာ သံဃာတော်တွေကို သင်္ဃန်းကပ်လို့ကွယ် အလှူတွေလုပ်ကြမယ် တိုင်းရင်းသားတွေအကုန်လုံး စည်းလုံးညီညွတ်လို့မဆုံး.. အာဏာသိမ်းပိုက်ထားတဲ့ ငနဲတွေ တို့ပြည်က ဖယ်ထုတ်လေ.. ဥပဒေပေါ်မှာ ဘယ်သူ့မှမရှိဖို့ ငါတို့ကိုယ်တိုင် ကြိုးစားစို့....
သီချင်းလဲဆုံးရော မင်းသမီးလည်း ပိတ်ကားနောက်သို့ ထွက်ခွာသွားလေသတည်း။
ကိုကံသာ။ ။ လာလာလာ.. ဒီမှာလာကြ တအုပ်မှ (၁၀၀၀၀) အဲ့ဟုတ်ပါဝူး တစ်အုပ်မှ (၅၀၀)ထဲ
ရှမ်းကလေး။ ။ ဘာလုပ်နေတာလည်း
ကိုကံသာ။ ။ မဂ္ဂဇင်း ရောင်းနေတာ .. လာဝယ်ကြနော် တစ်အုပ်မှ (၅၀၀) ငှားလည်းငှားတယ်
ကိုချင်း ။ ။ ဒါဆိုငှားမှ စပယ်ဖြူရှိလားဟေ့
ကိုကံသာ။ ။ စံပယ်ဖြူတော့ မရှိတော့ဘူး သူများငှားသွားလို့
ရှမ်းကလေး။ ။ စံပယ်ဖြူကတော့ စစ်တော့မှာ မဟုတ်ဘူး၊ သူများငှားရာ လိုက်နေရင်
ကိုချင်း ။ ။ ဒါဆို အင်အားကောရှိလား
ကိုကံသာ ရောင်းချင်ဇောနဲ့ အေးရှိတယ်ဟ
ကိုချင်း ။ ။ (၇)ရက်ပဲပေးစမ်းပါ
ကိုကံသာ။ ။ ဘာ.. ဘာ.. ဘာ မင်းကငါ့ကို ဘာထင်နေလဲ၊ ဟင်းဟင်း စကားကို အကောင်းပြောစမ်း
ကိုချင်း ။ ။ (၇)ရက် သတင်းဂျာနယ်ကို ပြောတာပါဗျ
ကိုကံသာ။ ။ တော်ပြီကွာ ဘာမှလည်း မရှိဘူး၊ ဘာမှလည်း မရောင်းဘူး သွားသွား
ကိုကံသာရဲ့ မရိုမသေမောင်းထုတ်မှုကြောင့် ကျွန်တော်နဲ့ ကိုချင်းလည်း ဇာတ်စင်နောက်သို့ ကွယ်ပျောက်သွားပါ သောကြောင့် တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင် အပိုင်း(၆)ကို လည်းဒီမှာတွင်ပင် ရပ်နားလိုက်ပါတယ်ခင်ဗျား။
ရှမ်းကလေး
0 comments:
Post a Comment