Thursday, March 20, 2008

တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင် (အပိုင်း-၉)

ကိုချင်း။ ။ မင်္ဂလာရှိတဲ့ ညခင်းချိန်ခါ သာယာကာ ပျော်ရွင်ဖွယ်ရာ နေ့ကလေးပါ ညီလေးကိုကြီးတို့ရေ၊
ရှမ်းကလေး။ ။ ဟုတ်ပါ့ဗျာ.. ကိုချင်းရေ၊ ကြယ်တွေလတွေစုံလို့၊ လကြီးကထိန်ထိန်သာ၊ နေလုံးကြီးကလည်း ထိန်ထိန်လင်းလို့၊ ၀င်းပပြောင်လက်နေပြီတကား
ကိုချင်း ရှမ်းကလေးခေါင်းအား ထရိုက်
ကိုချင်း။ ။ မင်းကလည်း လုပ်ပြီ... အစပဲရှိသေးတယ်

ကိုကံသာ။ ။ ဟေ့ဟေ့... ဟေ့ကောင်တွေ၊ ရှောက်ပြီး မင်္ဂလာရှိတယ်လို့ သွားမပြောနဲ့ဦး
ရှမ်းကလေး။ ။ ဘာဖြစ်လို့လဲဗျ

ကိုကံသာ။ ။ သတင်းဆိုးပြောပြမလို့ပေါ့ကွ
ကိုချင်း ။ ။ လုပ်ပြီ..၊ မင်္ဂလာရှိတဲ့ သတင်းလေးကြားရမလားလို့.. စတာနဲ့လုပ်ပြီ
ရှမ်းကလေး။ ။ ဒါဆို ဘာသတင်းတုန်း
ကိုကံသာ။ ။ ဟိုဟာလေကွာ... အကျယ်ချူပ် ခံနေရတဲ့ နအဖစစ်ဗိုလ်ဟောင်းကြီး ခင်ညွန့်ကို နအဖစစ်ဗိုလ်ချူပ်ကြီးတွေက ပြန်လွတ်လိုက်ပြီိဆိုပဲ။
ကိုချင်း ။ ။ ဟေးပျော်လိုက်တာ..၊ ပျော်လိုက်တာ...
ကိုကံသာ။ ။ ခင်ညွန့်လွတ်လာတာ နင့်အဖေ လွတ်လာတာမို့လို့ အဲ့လောက်တောင် ပျော်ရလားဟ
ရှမ်းကလေး။ ။ ဟုတ်ပါ့ဗျာ.. အဲ့လောက်ဆိုးတဲ့ စစ်ဗိုလ်ချူပ်ဟောင်းကြီး လွတ်လာတာ သူမို့လို့ပျော်တယ်တဲ့၊ တသက်တကျွန်း ကျခံထားရတဲ့ ထောင်သားတစ်ယောက် ပြန်လွတ်ရင်တောင် သူ့ကိုပြန်လွတ်တာထက် တန်ဖိုးရှိသေးတယ်
ကိုချင်း။ ။ ဟာ မင်းတို့ ဘာသိလို့လဲ ငါ့အကိုတစ်ယောက်က ထောင့်လှမ်းရေးမှာ (၂) ပွင့်၊ ငါ့အကိုနာမည်က ဖင်ညွန့် မင်းတို့ ကြားဖူးလို့လား
ရှမ်းကလေး။ ။ ဒီမှာကိုချင်း ဖင်ညွန့်တွေ ခင်ညွန့်တွေ လာလုပ်မနေနဲ့ အားလုံးဖင်ကျွတ်သွားမယ်
ကိုချင်း။ ။ မင်းဟာ ဘာမှလည်း ဆိုင်ဘူး
ကိုကံသာ။ ။ ဟား မင်းတို့ကို ငါပြောပြရဦးမယ် ဗိုလ်ချူပ်ခင်ညွန့် လွတ်လာပြီဆိုလို့ မပြီးသေးဘူး သတင်းက နောက်တစ်ခု ရှိသေးတယ်
ရှမ်းကလေး။ ။ ဘာပြောမှာတုန်း
ကိုကံသာ။ ။ အခုငါတို့ မြန်မာနိုင်ငံမှာ ကျူရှင် နောက်တခု ထပ်တိုးလာပြီကွ
ကိုချင်း ။ ။ ခင်ဗျားဟာကလည်း ကျူရှင်တိုးလာတာ ကျွန်တော်တို့က ဘာလုပ်ရမလဲဗျ
ရှမ်းကလေး။ ။ ဟုတ်ပါ့ဗျာ.. ဘာလဲ ကိုကံသာက အိုကြီးအိုမနဲ့ ကျူပ်ရှင်သွားမလို့လား
ကိုကံသာ။ ။ ဟာ မင်းတို့ကလည်း ဒီကျူရှင်က အလားကားသင်ပေးတာ အသက်ကြီးတဲ့ လူတွေ မခေါ်ဘူးကွ.၊ လူငယ်လူရွယ်လေးတွေပဲ ခေါ်တာ
ကိုချင်း။ ။ ဟေဟုတ်လား..။ ဒါဆို သားသားက အခုမှ (၅)နှစ်
ကိုကံသာ။ ။ အေးပါဆိုနေမှ ပိုက်ဆံပေးစရာမလိုဘူးနော်
ရှမ်းကလေး။ ။ ဟား ဟုတ်လားဗျ ကိုကံသာရ၊ ဒါဆိုရင်တော့ ကျွန်တော်မယုံတော့ဘူးဗျာ..
ကိုချင်း။ ။ ဒါနဲ့ ခင်ဗျားကျူရှင်က ဘာကျူရှင်တုန်းဗျ၊ ပြီးတော့ ဘာတွေသင်တုန်း
ကိုကံသာ။ ။ ဗိုလ်လောင်းကျူရှင်လေကွာ
ရှမ်းကလေး။ ။ ရှောက်ပြော... ခင်ဗျားဟာ ဟုတ်လဲဟုတ်ဘူး
ကိုချင်း။ ။ ကိုကံသာ.။ ခင်ဗျားပြောတဲ့ ဗိုလ်လောင်းကျူရှင်က ဗိုလ်ကြီးတွေက သင်မဲ့သူတွေကို ပြည်သူလူထုတွေဆီကို ဘယ်လိုအနိုင်ကျင့်ရမလဲ ဘယ်လိုအမြတ်စားရမလဲ ဆိုတာတွေ သင်ပေးမှာပေါ့နော်။
ကိုကံသာ။ ။ ဟေ့ကောင်..၊ ဗိုလ်လောင်းကျူရှင်ဆိုမှတော့ ရှေ့တန်းမှာ ဘယ်လိုစစ်တိုက်ရမလဲ ဘယ်လို လုပ်ရမလဲ၊ အဲ့ဒါတွေသင်မှာပေါ့
ရှမ်းကလေး။ ။ ဟာကိုချင်း အဲ့ဒီတင်ပေးမဲ့ ဗိုလ်ချူပ်၊ ဗိုလ်ကြီးတွေက လဒ်စားနည်းတွေ သင်ပေးမလားဗျ ခင်ဗျားဘာတုန်း
ကိုကံသာ။ ။ အေးလေ ရှမ်းကလေးတောင်သိသေးတယ်
ရှမ်းကလေး။ ။ သူတို့က မသင်ပေးဘူး...၊ သူတို့ကိုယ်တိုင်ပဲ အဲ့ဒီ လဒ်စားတာတွေလုပ်တာ..၊ ထပ်သင်ပေးရင် မလောက်မှာကြောက်လို့တဲ့
ကိုချင်း။ ။ ဟာကိုကံသာ...၊ ဒါဆိုဗိုလ်လောင်းကျူရှင်တော့ မဟုတ်ဘူးဗျ..
ကိုကံသာ။ ။ ဘာကျူရှင်တုန်း
ကိုချင်း။ ။ တပ်သားကျူရှင်
ရှမ်းကလေး။ ။ ဟားခင်ဗျားဟာကလည်း မဟုတ်ပါဘူးဗျာ.. ကျောင်းမှာဆို သူငယ်တန်းတောင် သူများကျူရှင်မပေးဘူး..၊ ဘာလို့ တပ်သားတွေ ကျူရှင်ယူရမလဲ
ကိုချင်း။ ။ မင်းဘဲစဉ်းစားကြည့်လေ ဗိုလ်လောင်းကျူရှင်ဆို ဗိုလ်လောင်းတွေပဲ စစ်တိုက်ရ မှာပေါ့၊ တပ်သားတွေ ဘယ်တိုက်ရမလဲ။ အခုငါတွေ့တာကတော့ ဗိုလ်တွေက အိပ်နေပြီး တပ်သားတွေက ကြိတ်နေရတာပဲ တွေ့နေရတာ...
ကိုကံသာ။ ။ ရှောက်ပြောတော့မယ်
ရှမ်းကလေး။ ။ ကဲကဲ အကိုတို့ရေ... ကျွန်တော်တို့တင်ပဲ ဖျော်ဖြေလို့လဲ တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင်ကြီးက ပြီးပြည့်စုံမှာ မဟုတ်သေးဘူး
ကိုကံသာ။ ။ ဟုတ်တာပေါ့ကွာ...
ကိုချင်း။ ။ အေးပေါ့ ဟုတ်တာပေါ့ကွာ... မင်းသမီးလေးလည်း အလှည့်ပေးဦးမှပေါ့
ကိုကံသာ။ ။ ကဲမောင်ရှမ်းရေ မင်းသမီး ချောရတနာလေးကို ခေါ်လိုက်ပါဦးကွ
ရှမ်းကလေး။ ။ ကျွန်တော်က ခေါ်ရမယ်
ကိုချင်း ။ ။ မင်းကမခေါ်ဘူးလား
ရှမ်းကလေး။ ။ ခေါ်မှာပေါ့
ကိုကံသာ။ ။ ခေါ်ကွာ
ရှမ်းကလေး။ ။ ကဲ အလှသကာတို့ရဲ့ ထိတ်ခေါင်
ပန်းတကာက တင်းစားထားတဲ့ ရှင်ဘုရင်မလေး
လူတကာက ချစ်မြတ်နိုးတယ်ဆိုတဲ့ ချောရတနာလေး
ရှမ်းကလေးကိုချစ်တဲ့ ချောရတနာလေး
ပရိတ်သတ်တွေကို ဖျော်ဖြေရလေအောင်
မော်ဒယ်ကေလေးနဲ့ ထွက်လာစေသတည်း...
ကိုချင်း ရှမ်းကလေးခေါင်းအား ပြေးရိုက်
ကိုချင်း။ ။ မင်းဟာ လျှောင်ပြောတော့မယ် ဟိုမှာကြည့် ရတနာလေး ရှက်သွားပြီတွေ့လား လာရတာနာလည်း ရတာနာလေး ရှက်သွားတာ သူများမတွေအောင် ကိုချင်းရင်ခွင်ထဲမှာ ငုံ့ပြီးပုန်းနေ
ကိုကံသာ။ ။ မင်းဟာ ဘာမှလည်း မဆိုင်ဘူး..
မင်းသမီး။ ။ အကိုတို့ရေ.. ရတနာက ပရိတ်သတ်ကြီးကို ဖျော်ဖြေရမယ် မဟုတ်ပါပေဘူးလားရှင်..
ကိုကံသာ။ ။ ဟုတ်တာပေါ့ ငါ့ညီမရေ..
ကိုချင်း။ ။ ဒါနဲ့ ငါ့ညီမက ဘာသီချင်းနဲ့ ပရိတ်သတ်ကြီးကို ဖျော်ဖြေမှာလဲဟင်
ရတနာ။ ။ ဒီတခါမှာတော့ ညီမက အဆိုရှင် ဒေါ်မာမာအေး သီဆိုထားတဲ့ အသဲနာကမ္ဘာမကျေ ဆိုတဲ့သီချင်းနဲ့ စစ်အာဏာရှင်ဆိုးကြီးရဲ့ ဖိနှိမ်မှုတွေကို ပြည်သူလူထုတွေနဲ့ နိုင်ငံတကာကပါ မမေ့ပျောက်ရလေအောင် သီဆိုပြီး ကပြဖျော်ဖြေဖို့ ဆုံးဖြတ်ထားပါတယ် အကိုတို့ရေ..။
ရှမ်းကလေး။ ။ ကဲညီမလေးရတနာ မင်းတတ်နိုင်သလောက် ကိုယ့်တိုင်းပြည်အတွက် ကြိုးစားပေးတဲ့အတွက် တို့ဖက်က အလွန်ပဲ ၀မ်းသာပါတယ်ကွာ.. ကဲကဲကဲ စလိုက်ကြရအောင်

မှတ်ချက်။ ။ အားလုံးသော စာဖတ်ပရိပ်သတ်များ အသဲနာ ကမ္ဘာမကျေ သီချင်းအား ကြားဖူးကြမယ် ထင်ပါတယ်။

ပြီးပါပြီ

ရှမ်းကလေး

0 comments: