Monday, January 21, 2008

တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင် (အပိုင်း (၁))


လိုက်ကာဖွင့်ချ...ရှမ်းကလေးတစ်ဦးထဲလိုက်ကာအပြင်သို့ထွက်လာ.....

ရှမ်းကလေး။ ။ချစ်သောပရိတ်သတ်အပေါင်းတို့ကိုမင်္ဂလာပါလို့ဦးစွာနှုတ်ဆက်ပါရစေခင်ဗျား...
တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင်ကိုယခုသောကြာနေ့တွင်စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသား
(၃)ဦးဖြစ်တဲ့ချင်းလူမျိုးကိုချင်းအသက်(၂၀)နှင့်ဗမာလူမျိုးဖြစ်သောကိုကံသာခေါ်အသက်
(၂၁)နှစ်နှင့်ကျွန်တော်မောင်ရှမ်းကလေးအသက်(၁၈)နှစ်တို့ကစတင်ဦးဆောင်ပြီးဖွဲ့စည်း
လိုက်ခြင်းဖြစ်ပါတယ်ခင်ဗျား။ကျွန်တော်တို့တိုင်းရင်းသားအငြိမ့်သဘင်သည်ယခုနှစ်မှစပြီး
ဖွင့်လှစ်ပါသောကြောင့်သော်လည်းကောင်း၊အဖွဲ့အနေဖြင့်ငွေကြေးမလုံလောက်သော
ကြောင့်သော်လည်းကောင်း...ပရိပ်သတ်များအားကပြဖျော်ဖြေပေးမည့်မင်းသမီးကို
မငှားနိုင်ကြောင်းကိုလည်းတဆက်တည်းအသိပေးပါသည်ခင်ဗျား....နောက်ရှေ့ဆက်
သွားမယ့်ခရီးစဉ်မှာလည်းတိုင်းရင်းသားစုံစုံလင်ရှိသွားအောင်လည်းထပ်ပြီးကြိုးစားသွား
မည်ဖြစ်ကြောင်းကိုလည်းတိုင်းရင်းသားအငြိမ့်သတင်ကိုစတင်တည်ထောင်တဲ့ကျွန်တော်
တို့သုံးဦးကကတိပေးပါတယ်ခင်ဗျား။ကဲကျွန်တော့်ရဲ့အကိုကြီးတွေဖြစ်တဲ့ကိုကံသာတို့ကို
ချင်းတို့ကဇာတ်စင်ရှေ့ထွက်ဖို့ခြေထောက်တွေယားလို့ကုတ်သံတွေတောင်ကြားနေရပြီ
ခင်ဗျား...ကိုကံသာနဲ့ကိုချင်းကိုကျွန်တော်ခေါ်လိုက်တော့ပါမယ်ခင်ဗျား...အရပ်ရှည်ပြီး
ကလန်ကလားနဲ့ကိုကံသာနဲ့အချင်းချင်းရန်မဖြစ်တဲ့ကိုချင်းတို့ရေခင်ဗျားတို့ကိုပရိတ်သတ်
တွေကမျော်နေပြီးတဲ့ဗျာ...ထွက်လာကြတော့လေဗျာ...

(ကိုကံသာနှင့်ကိုချင်းတို့ လိုက်ကာနောက်မှထွက်လာ)

ရှမ်းကလေး ။ဟော...အရပ်အရှည်နဲ့ ထွက်လာတဲ့ အမျိုးသားလေးက ကိုကံသာဟုတ်
တယ်နော်....

ကိုကံသာ ။ ဟုတ်ပညီလေးမောင်ရှမ်းရေ...နေကောင်းလို့...မင်းမမကော..လှရဲ့လား...

ရှမ်းကလေး ။ ဘာဗျ...မမဟုတ်လား...မမတော့မရဘူးဗျ...ဘဘတော့ရမယ်..

ကိုကံသာ ။ ဘဘကငါဘာလုပ်ရမလဲ...

ရှမ်းကလေး ။ ဟောဟိုမှာတတွတ်တွတ်နဲ့တစ်ယောက်ထဲရည်ရွတ်ပြီးထွက်လာတဲ့မပိန်မ၀တဲ့အကိုကြီး
ကကိုချင်းလားဗျ.

ကိုချင်း။ ။ ဟုတ်တယ်ဟေးး... မောင်ရှမ်းရေ...

ရှမ်းကလေး ။ ကိုတို့ရေ...ဒီနှစ်ဒီခါမှာတိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင်ကိုစဖွင့်လိုက်တဲ့အထိမ်းအမှတ်အနေနဲ့ကိုတို့က
တစ်ယောက်ကို နှုတ်ဆက်စကားလေးအနေနဲ့ပြေားပေးပါဦးလားဗျာ...

ကိုကံသာ ။ အော..မောင်ရှမ်းရေ...မင်းပြောမှပဲငါသတိရတယ်...ပြောရမပေါ့ကွာ...

ကဲကဲကဲ...နှစ်သစ် (၂၀၀၈)မှာ

အောဒီနှစ်သစ်(၂၀၀၈)မှာ

စည်းစည်းလုံးလုံး ညီညွတ်ခြင်းဆိုတဲ့

စကားများကို ရင်မှာပိုက်လျှက်

ချင်း၊ ဗမာ၊ ရှမ်းဖြစ်တဲ့ ကျွန်တော်တို့ (၃)ဦးက

တိုင်းရင်းသားအငြိမ့်သဘင်ဆိုတဲ့

အော်တိုင်းရင်းသားအငြိမ့်သဘင်ဆိုတဲ့

ဒီအငြိမ့်သဘင်ကြီးကို... ဒီအငြိမ့်သဘင်ကြီးကို

စုပေါင်းပြီး ဖွဲ့စည်းလိုက်ခြင်းကြောင့်

လာရောက်အားပေးတဲ့ ပြည်သူလူထုတတွေ

ပျော်ရွင်နိုင်ကြပါစေလို့ ဆုတောင်းရင်း

နှုတ်ဆက်ပါရစေလားခင်ဗျား......

ရှမ်းကလေး ။ ကဲကိုချင်းရေ...

ကိုချင်း ။ ကဲလာပြီဟေ့...

နေရာတကာမှာ ငါမပါရင်မပြီး

ဖြူစင်တဲ့နှလုံးသားကိုပိုင်ဆိုင်တဲ့ငါ

ရဲ့ရင့်ပြီး.. အောင်မြင်တဲ့လူဖြစ်ချင်တဲ့ငါ

လူအပေါင်းတို့ကို ပျော်ရွင်အောင်ဖြည့်ဆည်းပေးဖို့

ဘုရားသခင်က လွတ်ပေးခဲ့တဲ့ငါ

တိုင်းရင်းသားအငြိမ့်သဘင်ဆိုတဲ့ ဒီအငြိမ့်သဘင်ကြီးမှာ

အမှန်အကန်တွေကို ဟာသလိုငါတို့ပြော

သူတို့ရဲ့မဟုတ်တရားတွေကို ဖော်ထုတ်

တိုင်းရင်းသားတွေအချင်းချင်းစည်းလုံးညီညွတ်ကြဖို့

ဒီဇာတ်စင်ရှေ့ကနေငါတိုက်တွန်းရင်းနဲ့

နှုတ်ခွန်းဆက်ပါရစေလား ပရိတ်သတ်တို့ရေ...

ရှမ်းကလေး ။ကဲကိုတို့ရေ...ကျွန်တော်ကရှမ်း၊ကိုကံသာကဗမာလူမျိုး၊ကိုချင်းဆိုတော့
ချင်းလူမျိုး

ကိုကံသာ ။ အေ..အဲ့ဒီတော့ဘာဖြစ်လဲမောင်ရှမ်းရေ...

ရှမ်းကလေး ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုရင် လူမျိုး(၈)မျိုးရှိတယ်မဟုတ်လားကိုယ်တို့ရေ..

ကိုချင်း ။ အေးလေ..အဲ့လောက်ရှိတာ သူငယ်တန်းကလေးပေါက်စတောင်သိတာပဲ

ရှမ်းကလေး ။ဟုတ်ပါတယ်ဗျ...အဲ့လိုရှိတဲ့နေရာမှာကျွန်တော်တို့တိုင်းရင်းသားအငြိမ့်
သဘင်ကြီးကတိုင်းရင်းသားလည်းမစုံသေးတော့၊ကချင်.ကယား.ကရင်.မွန်.ရခိုင်.ဆိုတဲ့
တိုင်းရင်းသားတွေထပ်ပြီး တော့စုရဦးမယ်မဟုတ်လားကိုတို့ရေ

ကိုကံသာ ။ဒါလဲမှန်တာပဲညီလေးရေ

ကိုချင်း ။ထပ်စုတာတော့ထပ်စုတာပေါ့ကွာ...ဒါတွေကနောက်မှတိုင်ပင်တာပေါ့ကွာ

ရှမ်းကလေး ။ကဲဒါဆိုကျွန်တော်တို့ဘာတွေစီစဉ်ထားသလဲဆိုတာတွေကိုအခုချိန်ကစပြီး
ပရိတ်သတ်တွေကိုတင်ပြလိုက်ရအောင်လားကိုတို့ရေ...

ကိုကံသာ ။ကောင်းတယ်ညီလေးရေ...

ကိုချင်း ။ ဟေ့ကောင်တွေဒီမှာလာတိုးတိုးလေးငါပြောပြမယ်မင်းတို့ကို

ကိုကံသာ ။ဘာပြောမှာတုန်း

ကိုချင်း ။အခုငါတို့ဗိုလ်ချူပ်တွေလက်ထက်မှာမြန်မာနိုင်ငံကနိုင်ငံတကာမှာအဆင်းရဲဆုံးလို့
ပြောနေကြတယ်ကွ..

ရှမ်းကလေး။ ။အဲ့ဒါတော့အကိုစော်ကားတာပဲ..ကျွန်တော်တို့မြန်မာနိုင်ငံကိုအကိုစော်ကားတာပဲ...

ကိုကံသာ ။ဟုတ်တယ်ကွာမောင်ချင်း...မင်းကမြန်မာနေပြီးမြန်မာကိုနှိမ်တယ်ဟုတ်လား...

ကိုချင်း ။ ကဲပြောစမ်းပါဦး...မြန်မာနိုင်ငံကြီးဘာတွေတိုးတက်နေလဲဆိုတာ...

ရှမ်းကလေး။ ။ ကျွန်တော်ပြောပြမယ်..အရင်တုန်းကမြန်မာနိုင်ငံမှာလျှပ်စစ်နဲ့ထမင်းချက်လို့ရ
တဲ့ပေါင်းအိုးဆိုတာမရှိဘူး...အခြားနိုင်ငံတွေမှာပဲရှိတာ...ဟောခုကြည့်..ကျွန်တော်
တို့ဗိုလ်ချူပ်တွေခေတ်ရောက်တော့ပေါင်းအိုးတွေထုပ်တဲ့စက်ရုံတွေဆိုတာရှိလာတယ်..

ကိုကံသာ ။ အေး....ပြောလိုက်စမ်းမောင်ရှမ်း...

ရှမ်းကလေး ။ တရက်ဗျာ..ကျွန်တော်လည်း..ပေါင်းအိုးရောင်းတဲ့ဆိုင်ကိုသွား

ကိုချင်း ။ မင်းလည်းပေါင်းအိုးသွားဝယ်တာပေါ့...

ရှမ်းကလေး ။ မဟုတ်သေးဘူးဗျ...အဲ့ဒီနေ့က...ဒီတိုင်းသွားကြည့်တာ..
အဲ့ဒါနဲ့ကျွန်တော်လည်းဆိုင်ထဲဝင်သွား.. ဟာဗျာထမင်းပေါင်းအိုးတွေတန်း
စီနေတာဗျာ..အဆင့်လိုက်အဆင့်လိုက်ဝယ်ချင်စရာလေးတွေ... ကျွန်တော်လည်း
တံဆိပ်တွေ လိုက်ကြည့်...

ကိုကံသာ ။ အဲ့ဒါနဲ့မင်းလဲဝယ်လိုက်တာပေါ့နော်...

ရှမ်းကလေး ။ ကျွန်တော်လည်းဝယ်တော့ဝယ်ချင်တာပေါ့ဗျာ...ဒါပေမဲ့ကျွန်တော်က
စည်းကမ်းကြီးတယ်ဗျ...အခုလာတာက၀ယ်ဖို့လာတာမဟုတ်ဘူးလေ...ဒါကြောင့်
ကျွန်တော်လည်းဈေးမေးကြည့်ရင်းနဲ့နောက်မှလာဝယ်တော့မယ်ဆိုပြီးဆိုင်ရှင်
ကိုပြောပြီးပြန်ထွက်လာ...ပြီးတော့နောက်တပါတ်ထပ်ပြီးသွားတာ..ဆိုင်ရှင်ကသာ
ပြောင်းသွားသာ..ပေါင်းအိုးတွေကမပြောင်းသွားဘူးဗျ.. အဟောင်းကအဟောင်း
အတိုင်းပဲ..ရှိနေတယ်...

ကိုကံသာ ။ ဆက်ပါဦး။...

ရှမ်းကလေး ။ ဒါနဲ့ကျွန်တော်လည်းဆိုင်မှာအလုပ်လုပ်တဲ့ကောင်လေးတစ်ယောက်ကိုမေးတာ
ပေါ့..“ဒီမှာဗျ..ဘာဖြစ်လို့အိုးတွေကသူများတွေလာမ၀ယ်ကြတာလဲလို့...ကောင်လေးကဘာပြန်
ပြောတယ်ထင်တုန်း...

ကိုချင်း ။ ဘာပြန်ပြောတုန်း...

ရှမ်းကလေး ။ဒီပေါင်းအိုးဝယ်ပြီးအိမ်မှာထမင်းပြန်ချက်စားရင်မနပ်တဲ့
ထမင်းပဲစားရလို့တဲ့ဗျာ...

ကိုကံသာ ။ အဲ့လောက်ထိတိုးတက်တာ

ကိုချင်း ။ ဘာဖြစ်လို့လဲဟ...

ကိုကံသာ ။ အောဒီလအကလည်းတစ်မှောက်...မီးကပျက်လိုက်လာလိုက်လို့ပေါ့ကွ

ကိုချင်း ။ ခင်ဗျားကျွန်တော့်ကိုအဲ့လိုမပြောပါနဲ့.ကျွန်တော်ရင်နာတယ်..ရင်ပါမကဘူး
အသည်းပါနာတယ်ဗျ..

ရှမ်းကလေး ။ ဘာဖြစ်လို့လဲ ကိုချင်းရ

ကိုချင်း ။ မီးကငါတို့ရွာမှာမှတစ်ခါမှမလာတာ...

ကိုကံသာ ။ ဟာ..ရှမ်းကလေးဒါတော့မင်းကငါတို့ဗိုလ်ချူပ်တွေကိုစော်ကားတာကွာ...
ငါတို့ဗိုလ်ချူပ်တွေခေတ်မှာကွာ ဘယ်လောက်တိုးတက်လည်းဆိုတာငါပြောပြမယ်မင်းတို့ကို...

ကိုချင်း ။ လုပ်ပါဦးကိုကံသာရ....

ကိုကံသာ။ဒီလိုကွာအရင်တုန်းကမီးရထားဘူတာတွေမှာဟော်တယ်တွေဆိုတာမရှိဘူး...ငါတို့ ဗိုလ်ချူပ်တွေခေတ် လည်းရောက်ရော...ဟာ...မီးရထားဘေးမှာဟော်တယ်တွေတန်းစီနေတာ..

ရှမ်းကလေး ။ ဟာအဲ့လောက်တောင်ခေတ်မှီတာ...

ကိုကံသာ ။ ငါလဲ..တနေ့မီးရထားဘူတာကိုသွား..

ကိုချင်း ။ ဘာလဲခင်ဗျားက ဘယ်သွားမလို့လဲ

ကိုကံသာ ။ ဘယ်မှာမသွားပါဘူးဗျာ...ဟိုဟိုဒီဒီပေါ့...

ရှမ်းကလေး ။ ခုဏကစကားကိုပြန်ဆက်ပါဦး.။

ကိုကံသာ ။ အေးပြန်ဆက်ရရင်...ငါလည်းဘူတာကိုသွား..ဘူတာကောင်တာက...အပိုမလေး
ကိုမေးတာပေါ့

ကိုချင်း ။ ဘယ်ကလာအပိုမရမလဲဗျ... အပျိုမလို့ပီအောင်ပြောစမ်းပါ

ကိုကံသာ ။ ဟင်း...သူကမီးရထားဈေးနှူန်းတွေကို...ပိုပိုပြီး..အမြဲပြောနေကျကိုး...

ရှမ်းကလေး ။ အေးဘာဟုတ်ပါပြီ...ခင်ဗျားဟာမပြီးနိုင်တော့ဘူး...

ကိုကံသာ ။အေးဘာ..မင်းကလည်းစိတ်လောလိုက်တာ...ငါလည်းကောင်တာကိုသွား..မီးရထား
ဈေးနှုန်းတွေကိုမေးပြီး အပြင်ကိုပြန်ထွက်အလာကွာ... ဘူတာဘေးနားကဟော်တယ်တွေကွာ
လူတွေပြည့်နေတာရက်စက်တယ်...အဲ့ဒါနဲ့ငါလည်းဘေးနားကလူတစ်ယောက်ကိုမေးကြည့်တာ..
အကိုလို့...ဘာလို့မီးရထားဘူတာမှာဟော်တယ်တွေဆောက်ထားသလဲလို့မေးတာ..
သူကဘာပြန်ပြောတယ်ထင်တုန်း..”

ကိုချင်း ။ သူကဘာပြန်ပြောတုန်း....

ကိုကံသာ ။အော်ဒါလား...မီးရထားနေရာမလောက်တာရယ်...မီးရထားကနောက်ကျပြီး
ဝင်တာကြောင့်...မီးရထားမလာခင်...အိပ်ပြီးစောင့်ရအောင်လို့တဲ့...

ကိုချင်း ။ အဲ့လောက်မြန်တဲ့မီးရထား..ဘယ်မှာရှိသေးလို့လဲ။

ရှမ်းကလေး ။ဒါနဲ့အကိုလည်း...မီးရထားဘူတာဘေးနားကဟော်တယ်လေးမှာ
ငြိမ့်ခဲ့တာပေါ့နော်

ကိုကံသာ ။ ဘယ်ကလာကွာ...မီးရထားဘူတာမှာငါမငြိမ့်ရတဲ့အပြင်...ဘူတာကောင်
တာကအပိုမက ငါ့ကိုတိုးတိုးလေးလာပြောသွားတာ

ကိုချင်း ။ ခင်ဗျားကိုဘာပြောတုန်း

ကိုကံသာ ။ ကောင်တာမှာတစ်ခါမေးရင် (၅၀၀)ပေးရမယ်ဆိုပါလား...

ရှမ်းကလေး

သတင်းလေးတစ်ပုဒ်

တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင် (အပိုင်း (၁))ကိုမကြာခင်တင်ပါတော့မည်ခင်ဗျား



ရှမ်းကလေး

Friday, January 18, 2008

နှစ်လင်မယား


ဟိုးလွန်ခဲ့တဲ့(၁)နှစ်သာသာအချိန်ကလေးတုန်းက၀ယ်နအဖစစ်အစိုးရ
သန်းရွေရဲ့သမီးတသိုက်ရဲ့အလုပ်တွေကိုသိမ်းကြုံးလုပ်ဖို့ဆိုပြီးဒေါ်ကြိုင်
ကြိုင်တစ်ယောက်မိအေးလို့ခေါ်တဲ့တောသူမလေးကိုအလုပ်ခေါ်ခိုင်း
လိုက်သတဲ့။ဒီလိုခေါ်ခိုင်းရတဲ့အကြောင်းအရင်းကလည်းယတျာချေ
တာတဲ့ဗျာ။ဗေဒင်ဆရာကတောသူမလေးတစ်ယောက်ကိုအိမ်မှာအိမ်
ဖော်လုပ်ခိုင်းရမယ်ဆိုပြီးပြောထားသတဲ့။တောသူမလေးမိအေးဟာ
စကားကလည်းမပီ၊အရမ်းလည်းကြောက်လန့်တတ်သတဲ့။ဒါကိုဒေါ်
ကြိုင်ကြိုင်နဲ့သူ့ရဲ့ယောင်းရင်းအပေါင်းအပါတတွေမသိကြဘူးတဲ့။ဒီလို
နဲ့ဒေါ်ကြိုင်ကြိုင်လည်းတောသူမိအေးကိုအိမ်မှာခေါ်နေပြီးသမီးတော်
တွေရဲ့စေခိုင်းတာမှန်သမျှကိုလုပ်ခိုင်းသတဲ့။တောသူမိအေးကိုဒေါ်ကြိုင်
ကြိုင်ကစကားတစ်ခွန်းကိုအထူးစပါယ်ရှယ်သင်ပေးရသတဲ့။အဲ့ဒီစကား
တစ်ခွန်းကတော့သမီးတော်တွေရဲ့ရှေ့ရောက်ရင်အရှင်ဘုရားလို့ထူးရမဲ့
အချက်ရယ်.သမီးတော့တွေကအလုပ်ခေါ်ခိုင်းရင်အရှင်ဘုရားလို့ပဲထူး
ရမယ်တဲ့။တောသူမိအေးလည်းဒီသင်ကြားချက်ကိုအသေအချာလိုက်
လံမှတ်တာပေါ့။ဒါနဲ့တောသူမိအေးသန်းရွေရဲ့အကြီးဆုံးသမီးတော်ရဲ့အ
လုပ်ကိုလုပ်ကိုင်ရသတဲ့။မိအေးသမီးတော်ရှေ့ရောက်တော့သမီးတော်
ဟာသူ့ရဲ့မလှပတဲ့မျက်နှာပြင်ကိုမသာကိုမိတ်ကပ်လိမ်းပေးတဲ့အတိုင်းမိတ်
ကပ်တွေလိမ်းထားသတဲ့။ရုပ်ကမလှပပါဘူးဆိုမှစိတ်ကပုတ်တော့တစ်ချိန်
တစ်ခါမှသူ့ရဲ့မျက်နှာပြင်ဟာအပြုံးရိပ်သန်းတယ်လို့ကိုမရှိဘူးတဲ့။မိအေး
လည်းဒီလိုရုပ်ကိုတွေ့တော့နဲနဲကြောက်လန့်လာသတဲ့။ဒီလိုကြောက်နေပါ
တယ်ဆိုမှသမီးတော်ရုပ်ဆိုးလေးက“ခြေထောက်လာတိုက်ပေးစမ်း”ဆိုပြီး
အသံကိုလေးဖြူလိုကျယ်လောင်စွာအော်ဟစ်ကာခိုင်းစေသတဲ့။ဒီလိုခေါ်
ခိုင်းတော့မိအေးခင်မျာလန့်ပြီးအရှင်ဘုရားလို့မထူးမိတော့ပဲ
“နှစ်လင်မယား”
လို့ပြောလိုက်မိသတဲ့ကွယ်။


ရှမ်းကလေး

Thursday, January 17, 2008

တောင်ကုတ် ဆန္ဒပြပွဲ ပျက်ပြား

တောင်ကုတ် ဆန္ဒပြပွဲ ပျက်ပြားသတင်းကို http://burmese.dvb.no/news.php?id=3529 တွင်သွားကြည့်နိုင်ပါသည်။

Wednesday, January 16, 2008

ကျွန်တော်ပြောတဲ့ ဘလော့ဂါ၊ ဘလော့နှင့် ကိုရွေသွေးတို့ရဲ့အဖွဲ့ (ဇာတ်သိမ်းပိုင်း)

ရှမ်းကလေး။ ။ လာပါပြီ...ကိုမာန်လှိုင်းငယ်..ဒီဘလော့ဂါမှကျွန်တော့်ဆရာစစ်စစ်.. ဘလော့စလုပ်ပေးတာ.. ဒီအကိုပဲ...

ကိုငပျော့။ ။ မင်းလဲသူများလုပ်ပေးလို့ရတာပေါ့...

ရှမ်းကလေး။ ။ ဒါပေါ့...ကိုပျော့တို့လို..မလုပ်တာထက်စာရင်တော့...ပိုကောင်းတာပေါ့...

ကိုရွေသွေး။ ။ ဒါဆိုမာန်လှိုင်းငယ်နဲ့ငါတွေ့ချင်တယ်ကွာ...ရမလာမောင်ရှမ်း...

ရှမ်းကလေး။ ။ မရဘူးဗျ...ဒီအကိုကသိပ်ဒေါသကြီးတတ်တာ...

ကိုရွေသွေး။ ။ ဟေ..ဟုတ်လား...ဒါနဲ့မင်းနဲ့ကျဘယ်လိုတည့်တာလဲ..

ကိုသံခဲ။ ။ ညီမပေးထားလို့နေမှာပေါ့...

ရှမ်းကလေး။ ။ မဟုတ်ပါဘူးဗျာ..သူ့ညီမကကျွန်တော့်ကိုကြိုက်နေတာ..ဗျ

(ကိုမာန်လှိုင်းငယ်ရေစိတ်မဆိုးကြေး..)

ကိုရွေသွေး။ ။ ဟေဟုတ်လား..သူ့ညီမအပိုမရှိဘူးလား...

ကိုငပျော့။ ။ အဟောင်းကမပျက်သေးဘူး...အသစ်ကထပ်ယူအုံးမလို့လား.... ခင်ဗျားနာမည်ကိုရွေသွေးလို့မခေါ်ချင်တော့ဘူး

ကိုသံခဲ။ ။ ဘယ်လိုခေါ်မလို့လဲဗျ...

ကိုငပျော့။ ။ ဆော်တွေးလို့ပဲခေါ်လိုက်ချင်တယ်... အားအားရှိမိန်းကလေးသံကြားရင် အငြိမ်မနေနိုင်ဘူး...

ရှမ်းကလေး။ ။ ရှိတယ်ဗျ...

ကိုရွေသွေး။ ဟေ..ဟုတ်လား..

ရှမ်းကလေး။ ။ သူ့ညီမကျွန်တော့...

ကိုရွေသွေး။ ။ မင်းရဲ့ဘာလဲ

ရှမ်းကလေး။ ။ ကျွန်တော့်ရဲ့သူငယ်ချင်း....

ကိုငပျော့။ ။ ကိုရွေသွေး...ခင်ဗျားတို့နှစ်ယောက်ဘလော့လုပ်တာလား... ကောင်မလေးတွေအကြောင်းပြောတာလား...

ကိုရွေသွေး။ ။ နှစ်ခုစလုံးပဲ....

ရှမ်းကလေး။ ။ ကဲ...နောက်ဘလော့ဆရာကြီးတစ်ယောက်အကြောင်းသွားရအောင်ဗျာ....

ကိုရွေသွေး။ ။ အိုကေ...လက်ဂိုး.(စ်)

ကိုသံခဲ။ ။ စတွေးစင်တယ်ဗျာ...

ရှမ်းကလေး။ ။ နောက်တိုတိုဘလော့ကတော့... စပ်မိစပ်ရာတဲ့ဗျာ... ဒီဘလော့ကိုကျွန်တော်ကတော့ ဦးစပ်လို့ပဲကိုခေါ်တယ်...မြင်ရင်စပ်လို့မဟုတ်ဘူးနော်... ဟိဟိ...သတိရတုန်းပြောရဦးမယ်... ဒီဦးစပ်ကချမ်းသာတယ်တဲ့ဗျ.... ညီမတွေကော.. သူမတွေကော.. ငွေတွေကော ထိုင်စားမကုန်ဘူးတဲ့..

ကိုရွေသွေး။ ။ အော်...ဟုတ်လား.....

ရှမ်းကလေး။ ။ ကျွန်တော်ခင်ဗျားကို ဦးစပ်ရဲ့အကြောင်းနည်းနည်းပြောပြမယ်

ကိုရွေသွေး။ ။ လုပ်စမ်းပါဦးဟ....

ရှမ်းကလေး။ ။ ဒီဦးစပ်ဆိုတဲ့လူကြီးက...ကော်ဖီကိုအရမ်းကြိုက်တာ.. ကော်ဖီတောင်မှာရိုး ရိုးမဟုတ်ဘူးဗျ... ဘလက်ကော်ဖီ..ဘလက်ကော်ဖီ..မနက်အိပ်ရာထလိုက်တာနဲ့ ကော်ဖီတမ်း ရှာတာ... ကော်ဖီမတွေ့ရင်ရည်းစားပျောက်သလိုပဲ...

ကိုရွေသွေး။ ။ ဟေဟုတ်လား...ဒါဆိုဘလော့လုပ်ဖို့သူ့ကိုဖားရမယ်... ဘလက်နဲ့

ရှမ်းကလေး။ ။ ခင်ဗျားဘယ်လောက်ဖားဖားရမှာမဟုတ်ဘူးဗျ...တခါကကျွန်တော်ဈေးထဲ သွားတုံးဗျာ... သူ့ကိုသွားလည်ရအောင်ဆိုလို့ ဖုန်းခေါ်လိုက်တာ... သူ့အိမ်မှာနေတဲ့မိန်းက လေးတစ်ယောက်ဖုန်းလာကိုင်တယ်ဗျာ..

ကိုသံခဲ။ ။ ပွတာပဲ

ရှမ်းကလေး။ ။ မပွဲနဲ့ဦးဗျ.. ကျွန်တော်လည်းဖုန်းလာကိုင်ပြီဆိုတော့မေးစရာရှိတာမေးရတာ ပေါ့. ကောင်မလေးဆိုတော့ ကျွန်တော်လည်း နဲနဲရှိန်သွားတာပေါ့.. ကိုခင်တာက ယောက်ကျားကြီးကို..

ကိုငပျော့။ ။ ဒါပေါ့...

ရှမ်းကလေး။ ။ ကျွန်တော်လည်း ယဉ်ယဉ်ကျေးနဲ့ အောဟုတ်ကဲ့ ကျွန်တော်ရှမ်းကလေးပါ.. ဦးစပ်နဲ့စကားပြောချင်လို့ပါလို့ စကားကိုအတတ်နိုင်ဆုံးချိုချိုသာသာနဲ့ပြောပါတယ်...

ကိုရွေသွေး။ ။ ဟိုဘက်ကဘာပြန်ပြောတုန်း..

ရှမ်းကလေး။ ။ လိပ်ပြာလွင့်မတတ်ပဲဗျာ

ကိုငပျော့။ ။ ဘာဖြစ်လို့လဲ..

ရှမ်းကလေး။ ။ ဖုန်းကိုင်တဲ့မိန်ကလေးပြောတာဒီလိုဗျ... ဘယ်ကရှမ်းကလေးလည်တဲ့.. ရှမ်းကလေးလည်းမသိဘူး...ကယားကလေးလည်းမသိဘူးတဲ့ ဦးစပ်လည်းမသိဘူးတဲ့..ဒီမှာစပ်တဲ့ဟာဆိုလို့ငရုပ်သီးတောင်မရောင်းဘူးတဲ့ဗျာ...

ကိုငပျော့။ ။ အဲ့ဒီတော့မင်းကပြန်ဆဲရောလား...

ရှမ်းကလေး။ ။ ဟာဗျာခင်ဗျားကလည်းဘယ်လိုပြောလိုက်တာလဲ ကျွန်တော်တို့မြန်မာလူမျိုးတွေဆိုတာယဉ်ကျေးပါတယ်ဗျ. မသိတော့လည်းသိအောင်သေချာရှင်းပြရတာပေါ့.. ကျွန်တော်ကဒီလိုပြောလိုက်တော့..

ကိုရွေသွေး။ ။ ဘယ်လိုတုန်း

ရှမ်းကလေး။ ။ အော..ကျွန်တော်ဘလော့မှဈေးရောင်းစားနေတဲ့ရှမ်းကလေး...အဲဟုတ်ပါဝူး.. ဘလော့မှာမတတ်တတ်စာရေးနေတဲ့ရှမ်းကလေးပါ..ကျွန်တော်ဦးစပ်လို့ခေါ်တဲ့ဦးသကြန်နဲ့ စကားပြောချင်လို့ပါလို့ အချိုသာဆုံးပြန်ပြောတာပေါ့...

ကိုသံခဲ။ ။ သူကဘာပြန်ပြောတုန်း.

ရှမ်းကလေး။ ။ သူလည်းကျွန်တော့်လိုမောင်လူယဉ်ကျေးကို ယဉ်ကျေးစွာနဲ့ပဲပြန်ပြောပါတယ်...

ကိုငပျော့။ ။ ဘယ်လိုပြန်ပြောတာလဲ

ရှမ်းကလေး။ ။ အောကျမက ဘယ်ကခွေးသူခိုးမှန်းမသိလို့ပါ...ရှင်ကမြန်မာလိုပြောတော့ .ကျွန်မလည်းကြောင်သွားတာပေါ့..ရှင်ထိုင်းစကားမပြောတတ်ဘူးလား..တဲ့. .ကျွန်တော့်ကိုအဲ့လိုမေးတော့..

ကိုသံခဲ။ ။ မြန်မာပါဆိုမှထိုင်းစကားဘယ်တတ်မလဲနော်....

ရှမ်းကလေး။ ။ဟာခင်ဗျားကလည်းကျွန်တော်ထိုင်းစကားတတ်ပါတယ်ဗျာ..ထမင်းစားရေ သေက်လောက်တော့. ဒါနဲ့ကျွန်တော်လည်း ကျွန်တော်ထိုင်းစကားကိုသူများတွေလောက်တော့ပြောတတ်ပါတယ်...လို့ပြန်ပြောတာပေါ့

ပြီးတော့ကျွန်တော်လည်း ဦးစပ်ရှိလားလို့မေးတာပေါ့

ကိုရွေသွေး။ ။ သူကဘာပြန်ဖြေတုန်း။

ရှမ်းကလေး။ ။ ဦးဦးကော်ဖီသောက်နေတယ်တဲ့...သူကထိုင်းနဲ့ဖြေသွားတာဗျ

ကိုရွေသွေး။ ။ ပြီးတော့ရော

ရှမ်းကလေး။ ။ ကျွန်တော်လည်း သူ့နဲ့ပြောလို့ရမလားလို့အားကျမခံ အင်္ဂလိပ်လိုပြန်မေးတာပေါ့...

ကိုသံခဲ။ ။ ဘယ်လိုမေးတာတုန်း

ရှမ်းကလေး။ ။ I love you with all my heart အဲဟုတ်ပါဘူးဗျာကိုရွေသွေးနဲ့လိုက်ယောက်ပြန်ပြီ...Can I talking with him? လိုမေးတာပေါ့..

ကိုငပျော့။ ။ သူကဘာပြန်ပြောတုန်း...

ရှမ်းကလေး။ ။ သူကလည်း ထိုင်းလို“ရပါတယ်ရှင်...လိုပြောတာပေါ”ဒါနဲ့ဦးစပ်လာကိုတာလန့်တောင်လန့်တယ်.

ကိုရွေသွေး။ ။ ဘယ်လိုလန့်တာတုန်း.....

ရှမ်းကလေး။ ။ ပထမဆုံးသူလာကိုင်တော့စမေးတာ...

ကိုသံခဲ။ ။ ဘယ်လိုမေးတာတုန်း

ရှမ်းကလေး။ ။ ဘလက်သောက်မလားတဲ့...အဲဟုတ်ပါဘူးဗျာယောငိကိုပြီ..ဘယ်သူတုန်းဟ တဲ့ခတ်မာမာပဲ...သူ့သူမနဲ့စကားကြာကြာပြောနေလို့နဲ့ထင်တယ်..သ၀န်တိုတာ..ကျွန်တော် လည်းကျွန်တော်ရှမ်းကလေးပါ.. အခုကျွန်တော်ဈေးထဲမှာပါ...အကို့ဆိုင်ဘယ်မှာလဲလို့ မေးတာပေါ့.. ဆိုင်ရောက်ရင်မုန့်စားရမှာကိုး..

ကိုငပျော့။ ။ ငတ်တာငါ့နဲ့အတူတူပဲ...

ကိုရွေသွေး။ ။ သူကမင်းကိုဘာပြန်ပြောတုန်း...

ရှမ်းကလေး။ ။ သူပြောတာကို..ကျွန်တော်သိပ်မကြားရဘူးဗျ..သိတယ်မဟုတ်လားဈေးဆို တော့လူတွေအရမ်းများတာကို... ကျွန်တော်လည်းဘူးခံပြီးပဲငြင်းတာပေါ့....ရှေးစကားပုံတောင်ရှိသေးတာပဲ ဘူးတစ်လုံးဆောင်အိုတောင်မဆင်းရဲတဲ့....

ကိုရွေသွေး။ ။ ဒါနဲ့သူလည်းမင်းကိုလမ်းပြပေးတာပေါ့...

ရှမ်းကလေး။ ။ မဟုတ်ဘူးဗျ..သူပြောသွားတာခတ်ပြတ်ပြတ်ပဲ...အေးမသိရင်မလာ တော့နဲ့ကွာတဲ့....

ကိုသံခဲ။ ။ ဒါနဲ့မင်းလည်းသူ့ညီမလေးနဲ့မတွေ့ရတော့ဘူးပေါ့နော်...

ရှမ်းကလေး။ ။ဟာကိုသံခဲကလည်းဗျာ...ကျွန်တော်ကသူ့ညီမတွေ့ဖို့သွားတာမှမဟုတ်တာ...

(မှတ်ချက်။ ။ ဦစပ်ရေစိတ်မဆိုးကြေးဗျို့)

ဒီလောက်နဲ့ဇာတ်သိမ်းပါရစေခင်ဗျား

သွေးချိုရင်ဒွေးတောင်ငိုတယ်

တနေ့သောညနေခင်းအချိန်ခါဝယ်ကိုပေါက်ကျိုင်းဟုခေါ်သောတောသားတစ်ယောက်နှင့် ရန်ကုန်ဆိုတဲ့မြို့ကြီးကအလည်လာတဲ့ ကိုနောင်နောင်တို့တတွေဟာထမင်းအထူစားကြသတဲ့။ ကိုပေါက်ကျိုးထမင်းစားနေရင်းငပိရည်နဲ့တို့စားဖို့တမာကိုချွေပြီးစားသတဲ့။ ကိုပေါက်ကျိုးလည်း တမာအချို့တွေကို မြို့သားနောင်နောက်ကိုကျွေးသတဲ့။

“ရော့စား တမာသွေးအားကောင်းတယ်”လို့ပါးစပ်ကလည်းပြောလက်ကလည်းရွေ့တာပေါ့...

ကိုနောင်နောင်က“အာမစားဘူးဗျာ..တမာကခါးတယ်ဗျ”

ပေါက်ကျိုင်း“ခါးတော့....တခြားသွေးတွေလာမရောတော့ဘူးပေါ့ကွာ... အဲ့ဒါဆို...မင်းသွေးလည်းမညစ်ပတ်တော့ဘူးပေါ့”

နောက်ဆုံးကိုနောင်နောင်ဘာပြောလိုက်တာကတော့ “မကောင်းဘူးဗျ..သွေးခါးရင်ကောင်မလေးတွေမကြိုက်ဘူးဗျ.. သွေးချိုရင် ဒွေးတောင်ငိုတယ်ဆိုပဲ”


ရှမ်းကလေး

Tuesday, January 15, 2008

မြန်မာအမျိုးသမီး၏ဆွဲကြိုးဖြတ်သူ ထိုင်းအမျိုးသားကို ထိုင်းရဲက ဖမ်းဆီးမိ

NEJ/ ၁၅ ဇန်န၀ါရီ ၂၀၀၈
line


တရားခံ နိုင်ပရာထေ့ ကန်ထ၀ုန်းအား ထိုင်းရဲများက ဖမ်းဆီးလာစဉ်

မြန်မာဖြစ်စေ ထိုင်းဖြစ်စေ ပြစ်မှုကျူးလွန်လျှင် မည်သူမဆို ဥပဒေအရ အရေးယူခြင်း ခံရမည်ဟု မဲဆောက်ရဲမင်းကြီးက ပြောကြားသည်။

ယမန်နေ့ညနေ (၅)နာရီက မဲဆောက်ဈေးတွင် ဈေးဝယ်နေသည့် မစန်းထံမှ ရွှေဆွဲကြိုးနှစ်ကျပ် သားကို မော်တော်ဆိုင်ကယ်ဖြင့် ဖြတ်ဆွဲသွားသည့် ထိုင်းလူမျိုး နိုင်ပရာထေ့ ကန်ထ၀ုန်းအား မဲဆောက်ရဲက နာရီပိုင်းအတွင်း ဖမ်းဆီးလိုက်သည်။

နိုင်ပရာထေ့သည် မြန်မာနိုင်ငံသားများထံမှ ရွှေဆွဲကြိုးများကိုသာ ဖြတ်သည်ဟု မဲဆောက်ရဲစခန်း တွင် ထွက်ဆိုခဲ့ပြီး “မြန်မာတွေကိုဖြတ်တာက ရဲကိုမတိုင်ရဲဘူး။ ပြဿနာလည်း သိပ်မဖြစ်နိုင်ဘူး ထင်လို့ လုပ်တာပါ” ဟုပြောသည်။

မဲဆောက်ရဲမင်းကြီး ရဲဗိုလ်မှူးကြီး ဖတ်စ၀ပ်တင်ကျွိက “ဗမာဆိုပြီးတော့ ဥပဒေမဲ့ လုပ်ချင်သလို လုပ်လို့ မရပါဘူး။ ဗမာဖြစ်ဖြစ် ထိုင်းဖြစ်ဖြစ် ပြစ်မှုကျူးလွန်ရင်တော့ ဥပဒေအရအရေးယူခံရမယ်” ဟုဒေသခံသတင်းထောက်များအား ပြောသည်။

ပြီးခဲ့သည့်သီတင်းပတ်၌ မဲဆောက်မြို့လယ်ရှိ ၀ပ်ချွန်းဖူးကီလီ ထိုင်းဘုန်းတော်ကြီးကျောင်းဝင်း
ထဲတွင် ဘုရားဖူးနေသည့် ရန်ကုန်မြို့မှ မြန်မာကုန်သည်အမျိုးသမီးတဦးထံမှလည်း ရွှေဆွဲကြိုး
နှစ်ကျပ်သား ဖြတ်ပြေးခဲ့သူမှာ ၎င်းပင်ဖြစ်သည်ဟု နိုင်ပရာထေ့က ဖြောင့်ချက်ပေးခဲ့သည်။

ယမန်နေ့ညက ဆွဲကြိုးဖြတ်ယူခြင်းခံရသည့် မစန်းအား မဲဆောက်ရဲက ဆွဲကြိုးပြန်ပေးခဲ့ကြောင်း ၎င်း၏ခင်ပွန်းဖြစ်သူက ပြောသည်။

ထိုင်းနိုင်ငံအတွင်း မည်သူမဆို လုယက်မှုကျူးလွန်ပါက (၃) နှစ်ထက်မပိုသည့်ထောင်ဒဏ်နှင့်
ဘတ် (၆) ထောင်ထက်မပိုသည့်ဒဏ်ငွေကို တပေါင်းတည်းပြစ်ဒဏ်ကျခံရမည်ဟု ထိုင်းနိုင်ငံ ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

Monday, January 14, 2008

ခွင့်ပန်ခြင်း

ရှမ်းကလေးဘလော့ကိုင်တွယ်ခြင်းကို ခဏတာနားဦးမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်ခင်ဗျား.....

အားလုံးသောညီအကို၊ မိတ်ဆွေ၊ သူငယ်ချင်းတို့အားချစ်ခင်လေးစာလျက်၊

ရှမ်းကလေး