Monday, February 4, 2008

တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင် (အပိုင်း-၅)

ကိုကံသာ ။ မင်္ဂလာပါ ညီလေးတို့ရေ

ကိုချင်း ။ မင်္ဂလာပါခင်ဗျား

ရှမ်းကလေး။ ။ မာကလာပင်ပါခင်ဗျား

ကိုကံသာ။ ။ နင့်အမေက လွား မာကလာပင်၊ ဘာတုန်း။ စကားအကောင်း ပြောနေတာ

ရှမ်းကလေး။ ။ ကျွန်တော့်အမေက လွား မဟုတ်ပါဘူးဗျာ၊ ကိုကံသာကလည်း

ကိုချင်း ။ လွားဆိုတာ ဘာတုန်း

ရှမ်းကလေး။ ။ လွားဆိုတာ ရှမ်းလိုဗျ

ကိုကံသာ။ ။ မင်းအဲ့ဒီလောက်တောင် ညံ့ရလားကွ မောင်ချင်းရ ရှမ်းကလေးနဲ့ ဒီလောက် အငြိမ့်ကလာတာ

ကိုချင်း ။ အကိုက သိလို့လားတဲ့

ကိုကံသာ။ ။ ဒီလောက်တော့ အပျော့ပါကွ၊ အတိတ်နဲ့ပေးပြီး မင်းဥာဏ် ဘယ်လောက်ကောင်း သလဲဆိုတာ ငါစမ်းဦးမယ်

ကိုချင်း ။ ဟာအကိုကလည်း အတိတ် ဘယ်ကောင်းမလဲဗျ. အနာဂတ်ဆိုရင် မဆိုးဘူးဗျ

ကိုကံသာ။ ။ ဟဲ့လဒရဲ့ အဲ့ဒီအတိတ်တို့၊ အနာဂတ်တို့ ပြောတာ မဟုတ်ဘူးကွ၊

ကိုချင်း ။ ဒါဆိုဘာတုန်း

ကိုကံသာ။ ။ အတိတ်ဆိုတာ ဗေဒင်ဆရာတို့က နှလုံးထီသို့ သုံးလုံးချဲသို့ ပေါက်အောင်လို့ဆိုပြီး အတိတ် ပေးတာလေကွာ

ကိုကံသာ။ ။ အော.. အဲ့လိုလား၊ ပေးလေခင်ဗျားညီမ

ကိုကံသာ။ ။ အေးရော့ယူ.. ပြီးရင်ငါ့ကိုပြန်လာ ပေးနော်.. ဟာ မင်းကလည်း ဘာတွေလျှောက်ပြောနေလဲမသိဘူး၊ ကဲ.. မင်းကိုအတိတ်စိမ်း ပေးရမယ်ဆိုရင် သူဆွဲငါဆွဲလို့ ပြောလို့ရတယ်

ကိုချင်း ။ သူဆွဲငါဆွဲဟုတ်လား

ရှမ်းကလေး။ ။ ဟုတ်တယ် အဲ့ဒါပဲ

ကိုချင်း ။ ဟာ.. ဒါဆိုငါသိပြီ

ကိုကံသာ။ ။ ဒါကြောင့် ငါ့ညီက တော်တယ်ပြောတာပေါ့၊ ကဲဒါဆိုဘာတုန်းပြော

ကိုချင်း ။ ငါတို့ မြန်မာပြည်က တပ်ကြပ်ကြီးတို့ စစ်ဗိုလ်တို့ တစ်အုပ်စု တအုပ်စုလေ သူဆွဲငါဆွဲဆိုတာ

ကိုကံသာ။ ။ နင်ဘိုးအေ.. နင့်လက်ထက်ကျမှပဲ သူဆွဲငါဆွဲတောင် နအဖ စစ်တပ်ဖြစ်သွားတယ်

ရှမ်းကလေး။ ။ ဟုတ်ပါ့ဗျာ၊ သူနဲ့ကျမ မြန်မာစကားပုံတောင် ပျက်ရတယ်

ကိုချင်း ။ ဟာဗျာ ခင်ဗျားတို့ မစဉ်းစားပဲမပြောနဲ့ဗျ၊ ကျွန်တော်ဆိုတဲ့ ကောင်က အကြောင်းအရင်း မရှိရင်မပြောဘူး၊ သက်သေ အခိုင်အလုံ မရှိရင် စကားကို ယောင်လို့တောင် မပြောဘူးဗျ

ကိုကံသာ။ ။ လာကလာသေးတယ် ဒါဆို သက်သေပြလေ

ကိုချင်း ။ ကဲဗျာ.. နအဖစစ်သားတွေ မိန်းကလေး တစ်ယောက်တွေ့ရင် ဟိုလူဆွဲလိုက် ဒီလူဆွဲလိုက် မတရား မလုပ်ဘူးလားဗျ၊ အဲ့ဒါသူဆွဲငါဆွဲ မဟုတ်လို့ ဘာတုန်း

ရှမ်းကလေး။ ။ ဟော.. ဒါလည်းမမှားဘူးဗျ ကိုချင်းညီမဆို ထိပ်ဆုံးကပဲ

ကိုချင်း ။ ဒါဆိုမင်းညီမက ဒုတိယပေါ့

ကိုကံသာ။ ။ ဟေး...

ကိုချင်း ။ ဘာဖြစ်တာတုန်း

ကိုကံသာ။ ။ ငါ့ညီမက တတိယ

ရှမ်းကလေး။ ။ ကိုယ့်ညီမတွေကို ပေးစားနေကြတယ် ဟုတ်လား..

ကိုကံသာ။ ။ ရှမ်းလိုပြောတဲ့ လွားဆိုတာ အဲ့ဒါကိုပြောတာမဟုတ်ဘူးကွ၊ လွားဆိုတာ လွှလို့ခေါ်တယ် ထင်းတုံးတွေကို ဖြတ်ရင် လွှကိုဆွဲပြီး သူဆွဲငါဆွဲ ပြီးဖြတ်တာလေကွာ

ကိုချင်း ။ ဟာ အကိုကလည်း သူဆွဲငါဆွဲ မဟုတ်ပါဘူးဗျ

ရှမ်းကလေး။ ။ ဒါဆိုဘာတုန်း ဂျီးကများသေးတယ်

ကိုချင်း ။ သူတွန်းငါတွန်း ပါဗျ

ကိုကံသာ။ ။ ဟာမောင်ချင်း

ကိုချင်း ။ ဘာတုန်း

ကိုကံသာ။ ။ ငါမနေ့က အိမ်မက်တစ်ခု မက်တယ်ကွ

ကိုချင်း ။ ဘာလုပ်ရမတုံး

ကိုကံသာ။ ။ မင်းနားမထောင် ချင်ဘူးလား

ကိုချင်း ။ ကောင်မလေးတွေ ပါလို့လား

ရှမ်းကလေး။ ။ ခင်ဗျားကလည်း အားအားရှိ ကောင်မလေးပဲ ပြောနေတယ်

ကိုကံသာ။ ။ ကောင်မလေးတော့ မပါဘူး ရှမ်းကလေးပဲပါတာ

ကိုချင်း ။ ဘယ်လို မက်တာတုန်း

ရှမ်းကလေး။ ။ ဟာအကို့ ညီမကော ပါလား

ကိုကံသာ။ ။ ငါ့ညီမ မပါဘူး၊ တူမလည်းမပါဘူး၊ ဒေါ်ဂျီးလည်း မပါဘူး.. အဖွား

ကိုချင်း ။ တော်တော်တော်.. ခဏနေ မြေးတွေ၊ မြစ်တွေ ပါလာဦးမယ် ခင်ဗျားအိမ်မက်သာပြောတော့

ကိုကံသာ။ ။ ဖြစ်ပုံက ဒီလိုကွ၊ ငါနဲ့မင်းနဲ့ စင်္ကာပူကို ခရီးထွက်တယ်တဲ့

ရှမ်းကလေး။ ။ ဟာ.. ကျွန်တော်က မလေးရှားကို သွားချင်တာ

ကိုကံသာ။ ။ အိမ်မက်ကွ၊ အိမ်မက်၊ ငါနဲ့မင်းလည်း စင်္ကာပူကို ဟို.. အဲပုဂံနဲ့ ခရီးထွက်တာကွ၊

ကိုချင်း ။ ဟာ .. အကိုကလည်း ကျွန်တော် သတင်းကြားတာ အဲပုဂံလေယဉ်က စင်္ကာပူတောင် မသွားနိုင်သေးဘူးဆို

ကိုကံသာ။ ။ နင့်မေဂျီးတော် လိုမှပဲ အိမ်မက်ဆိုမှ...၊

ရှမ်းကလေး။ ။ ပြီးတော့ရော. ဆက်ပြောလေဗျာ.. အဲပုဂံဆိုတော့ ချောချောလေးတွေ ပါမှာပေါ့ ဒါနဲ့ပဲ ကျွန်တော်နဲ့ ကိုကံသာ လည်း ချော်ချော်လေးတွေနဲ့ အီစီကလီ

ကိုကံသာ။ ။ ဟေ့ကောင် ဘာတွေ လျှောက်ပြောနေလဲကွ၊ မင်းနဲ့ငါနဲ့ ခရီးလည်းထွက်ရောက် လမ်းတစ်ဝက်ရောက်တော့ လေယဉ်က အခြေအနေ မကောင်းဘူးတဲ့ကွ၊ ဒါနဲ့မင်းနဲ့ငါလည်း လေယဉ်ပေါ်ကနေခုန်ချ လိုက်ကြသတဲ့ကွာ..

ကိုချင်း ။ ဟာ.. အဲ့လိုခုန်ချတော့ အကိုတို့ မသေဘူးလား

ကိုကံသာ။ ။ နင့်မေဂျီးတော် ငါ့ကိုဘာဖြစ် သွားသေးလည်း မမေးဘူး၊ မသေဘူးလားလို့ ထိပ်ဆုံးကမေးတယ်

ကိုချင်း ။ ဒါမှ အကို့ညီမနဲ့ ကျွန်တော်နဲ့ အီစီကလီ လုပ်လို့ရမှာပေါ့

ရှမ်းကလေး။ ။ အဲ့လောက်တော့ မသေနိုင်ပါဘူးဗျာ.. ကျွန်တော်နဲ့ ကိုကံသာက ဒီထက်မြင့်တဲ့ စတော်ဘယ်ရီ ပင်ပေါ်ကနေ တောင် ခုန်ချလာခဲ့တာ

ကိုကံသာ။ ။ ရှမ်းကလေး.. မင်းကလည်း စတော်ဘယ်ရီပင် မဟုတ်ပါဘူးကွာ.. ကန်စွန်းပင်ပေါ်ကပါကွ

ကိုချင်း ။ တော်တော်မြင့်တာ

ကိုကံသာ။ ။ ဟာခုဏကဟာ မပြီးသေးဘူးကွ..၊ ငါနဲ့ရှမ်းကလေးလည်း လေယဉ်ပေါ်က ခုန်ချတော့ ကံကောင်းချင် တော့ကွာ ငါကလိမ္မော်ရည် ဖျော်ထားတဲ့ တွင်းကြီးထဲကို ပြုတ်ကျသွားတယ် ဗလုန်းဆိုပြီးတော့

ကိုချင်း ။ ဟား... တော်သေးတာပေါ့ မသေကောင်း မပျောက်ကောင်း

ရှမ်းကလေး။ ။ ကျွန်တော်ကရော

ကိုကံသာ။ ။ စိတ်တော့မကောင်း ပါဘူးကွာ မင်းက အိမ်သာကျွန်းထဲကို ပြုတ်ကျသွားတယ်ကွ.. အဲ့ဒီအချိန်မှာပဲ ငါလည်း လန့်နိုးလာတာပဲ

ရှမ်းကလေးတစ်ယောက် မျက်နှာပေါ်မှာ ဒေါသတွေထွက်နေ

ကိုချင်း ။ သနားစရာ ရှမ်းကလေးပါလား

ကိုချင်းလည်းပြောပြီးရော ရှမ်းကလေးလည်း ဒေါသမျက်နှာကို လျှော့ချပြီး

ရှမ်းကလေး။ ။ ဟာ.. ကိုကံသာလန့်နိုးသွားတော့၊ ကျွန်တော်က အဲ့ဒီအိမ်မက်ကိုပဲ အဆုံးထိဆက်မက်တယ်ဗျ

ကိုကံသာ။ ။ ဟေဟုတ်လား၊ ဘယ်လိုမက်တုန်း....

ရှမ်းကလေး။ ။ ကျွန်တော်လည်း အိမ်သာကျွန်းထဲကို ပြန်တက်လာတော့၊ အကိုနဲ့ကျွန်တော်က တစ်ယောက်ကိုတစ်ယောက် လျှာနဲ့ လျက်ကြသတဲ့

ကိုကံသာ။ ။ ထွီး... ဒါကြောင့်ငါလျှာ ချိုနေတာ.. ဟာ..မင်းကလည်း လျှောက်ပြောတော့မယ်

ကိုချင်း ။ တော်တော်ချိုတယ်နော်..

ကိုကံသာ။ ။ ဟာ.. မောင်ချင်း.. မင်းခုဏက ငါ့ညီမကို တစ်ခုပြော သွားတယ်နော်

ကိုချင်း ။ ဘာဖြစ်လို့လဲ

ကိုကံသာ။ ။ ဟာငါ့ညီမကို ငါဘယ်လောက်ချစ်တယ် ဆိုတာ မင်းတို့သိ တယ်မဟုတ်လား

ရှမ်းကလေး။ ။ ဟာအကိုကလည်း အကို့ညီမကို ကျွန်တော်ချစ်သလောက် အကိုချစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်ဗျ

ကိုကံသာ။ ။ အေ.. အခုငါ့ညီမကို မင်းလို မဟုတ်သရုပ်ကောင် ယူမှာကြောက်လို့ ငါယောကျာင်္း ပေးစားလိုက်ပြီကွ..

ကိုချင်း ။ ဟေ.. ဟုတ်လား ဘယ်သူနဲ့တုန်း

ကိုကံသာ။ ။ ယောကျာင်္းပေးစားပြီး တစ်ပတ် နှစ်ပတ်လည်းကြာရော ငါ့အိမ်ကိုပေါက်ချလာပြီး ဘာလာပြော တယ်ထင်တုန်း

ရှမ်းကလေး။ ။ ဘာလာပြောသွားတုန်း...

ကိုကံသာ။ ။ ငါ့ညီမကလေ အကိုတဲ့ ညီမအပျို ဘ၀တုန်းက ညီမကိုလိုက်ကြိုက်တဲ့ လူတွေအများကြီးပဲတဲ့

ကိုချင်း ။ အေးလေ ဟုတ်တာပဲ ကျွန်တော် တောင်ပါတာပဲ

ရှမ်းကလေး။ ။ အရေးထဲ သူက အဆစ်ပါလိုက် သေးတယ်.. ခင်ဗျားညီမက ဘာတွေဆက်ပြော သေးတုန်း

ကိုကံသာ။ ။ အဲ့လိုကြိုက်တဲ့ လူတွေအများကြီး ရှိရဲ့သားနဲ့ ဘာလို့အကိုက သူ့တစ်ယောက်ထဲကို ငါ့ညီမစကား မဆုံးသေးဘူး. ငါလည်းဖြတ်ပြီးတော့

ကိုချင်း ။ ပါးရိုက်လိုက်တာလား

ကိုကံသာ။ ။ အေးဟုတ်တယ်.. ဖြန်းကနဲ.. အဲ့ဟုတ်ပါဘူး.. မင်းကလည်း ငါ့ညီမကို ငါပိုးမွားလေးလို ထားတာ ဘာလို့ ရိုက်ရမလဲကွ

ကိုချင်း ။ ဒါဆို ဖြတ်ပြီးတော့ ဘာလုပ်တာတုန်း

ကိုကံသာ။ ။ ဖြတ်ပြီးတော့ ပြောတာပေါ့ ငါ့ညီမကို ဒီကောင်က ဘာလုပ်လဲပြော၊ နင်ယူသွားတဲ့ ကောင်က နင့်ကိုမချစ်လို့လား. တွေ့မယ် ငါနဲ့တွေ့မယ်

ရှမ်းကလေး။ ။ သူက ဘာပြန်ပြောတုန်း

ကိုကံသာ။ ။ ဟာ.. မဟုတ်ပါဘူးတဲ့ အကိုကလည်း . ညီမအပျို ဘ၀တုန်းက ညီမကိုကြိုက်တဲ့လူ အဲ့လောက်တောင် များရဲ့သားနဲ့ ဘာလို့အကိုက ညီမကို သူ့တစ်ယောက်ထဲပဲ ပေးစားသလဲတဲ့။ ဘာလို့ အကုန်လုံးနဲ့ မပေးစားတာလည်းတဲ့ ညီမလည်း တစ်ယောက်ထဲနဲ့ ပျင်းတာပေါ့တဲ့

ကိုချင်း ။ အကို့ညီမကတော့ လင်တရှူးပဲ

ကိုကံသာ။ ။ သူနောက်ဆုံး တစ်ခွန်း ထပ်ပြောသွားသေးတယ်ကွ

ရှမ်းကလေး။ ။ ဘာပြောတာတုန်း

ကိုကံသာ။ ။ ဘာလဲ အကိုက ညီမကို မနာလိုလို့လားတဲ့

ကိုကံသာရဲ့ ညီမစကားကြောင့် ကျွန်တော်နဲ့ ကိုချင်းလည်း ဇာတ်စင်နောက်တို့ ပြေးသွားကာ တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင် အပိုင်း(၅)ကိုလည်း ဒီတွင်ပဲရပ်နားလိုက်ပါတယ်ခင်ဗျား...

ရှမ်းကလေး

Sunday, February 3, 2008

အောင်ပွဲ

လူတစ်ယောက်ဟာ
ကိုယ့်ကိုကိုယ် အောင်မြင်တယ်လို့ထင်ရင်
အဲ့ဒါ အောင်ပွဲပဲ..

အောင်ပွဲဆိုတာ နေရမရွေး
ဒေသမရွေး ဖြစ်ပျက်နေတဲ့
သဘာဝရဲ့ သဘောတရားပဲ...

ငါတို့တတွေလည်း
မကြာခင် အောင်ပွဲမရဘူးလို့
ဘယ်သူတွေက ပြောနိုင်လို့လဲ?

ရှမ်းကလေး

လက်ခံအုံးမှာလားဟင်?

သစ်ပင်လေးတစ်ပင်က သစ်ရွက်လေးတွေဟာ
လေတိုက်တဲ့အတွက်ကြောင့် မြေခရတယ်..

ငါ့ကိုယ်ပေါ်က နှလုံးသားလေးဟာလည်း
သူလေးအတွက်ကြောင့် ကြွေကျရတယ်..

တေးသံချိုသာတဲ့ ငှက်ကလေးတကောင်ရဲ့
သံစဉ်ချိုလေးတွေကို တောလိုက်တယောက်က
ရက်ရက်စက်စက် သတ်ပစ်ခဲ့တယ်...

ဖြူဖြူစင်စင် အရောင်တွေမဆိုးထားတဲ့
ငါ့နှလုံးသားကို သူလေးက
အမုန်းတွေပေးပြီး အရည်နှောက်နှောက်တွေ
ထည့်သွားပေးခဲ့တယ်...

အ၀ါရောင် လိမ္မော်ရည်ထဲကို
ခါးစေတဲ့ အရာလေးတခု
ကျသွားရသလို...

ငါ့ဘ၀ထဲကိုလည်း ခါးတီးစေတဲ့ အရာတခု
သူလေးက ထည့်သွားပေးခဲ့တယ်

အရည်နှောက်နှောက် ခါးတီးကြွေကျနေတဲ့
ငါ့နှလုံးသားလေးကို ဘယ်သူများလာပြီးတော့
လက်ခံအုံးမှာလဲနော်...........

ရှမ်းကလေး

Thursday, January 31, 2008

တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင် (အပိုင်း-၄)

ကိုချင်း ။ ကြွရောက်လာကြတဲ့ ဧည့်ပရိပ်သပ် အပေါင်းတို့ ရန်သူမျိုး (၃)ပါးကလည်း လွတ်မြောက် နိုင်ကြပြီး နောင်ဘ၀မှာလည်း ပျော်ရွင်နိုင်ကြ ပါစေခင်ဗျား

ကိုကံသာ ။ ခင်ဗျားစကားက ဘာလဲဗျ.. နောင်ဘ၀မှာ ပျော်ရွင်ရမှာလား ဒီဘ၀ကော

ကိုချင်း ။ ကိုယ့်အတွေ့းနဲ့ ကိုယ်ပဲလေ

ရှမ်းကလေး ။ ကျွန်တော် ချစ်လှစွာသော ဧည့်ပရိပ်သတ် အပေါင်းတို့ခင်ဗျား ကျွန်တော်တို့ တိုင်းရင်းသား (၃)ဦးဟာ သစ်လွင်လှပ ပါတယ်ဆိုတဲ့ ယူနီဖောင်းတွေကို မ၀တ်ဆင်နိုင်ပေမဲ့ ဖြူစင်သန့်ရှင်း လှပါတယ်ဆိုတဲ့ စိတ်ရင်းတွေကိုတော့ ပိုင်ဆိုင်တယ် ဆိုတာ အသိပေးရင်း နှုတ်ခွန်းဆက် ပါရစေခင်ဗျား။

ကိုကံသာ ။ ရက်ကလေးတွေ ကလည်း ညောင်းလားပြီး၊ လကလေးတွေ ကလည်း ပြောင်းလာနေပေမဲ့ ဘ၀ကလေးတွေ ကတော့ ဒုံရင်းဒုံရင်း ပါပဲခင်ဗျား ပရိပ်သတ်တို့ရေ၊ ဘ၀က ဓမြမဟုတ်ပေမဲ့ အကက အလှဖြစ်တယ် ဆိုတာ ပရိပ်သတ်တို့ ယုံကြည်မှာပါ၊ ရွန်းမြ လက်ပနေတဲ့ မျက်လုံး အစုံတွေနဲ့ ညိုစစနှင့် ကျွန်တော်တို့ရဲ့ အလှသဘင်ကြီးကို စတင်ပြီဖြစ်ကြောင်း ကြေညာအပ်ပါသည်။

ရှမ်းကလေး ။ အကိုတို့ကို ကျွန်တော် တစ်ခုမေးမယ်ဗျာ

ကိုချင်း ။ မင်းက ဘာမေးမလဲကွ

ရှမ်းကလေး ။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေဟာ ဘုရား၊တရား၊ သံဃာ တွေကိုရိုသေ ကိုင်းရှိုင်းတယ် ဆိုတာ အကိုတို့ယုံလား

ကိုကံသာ ။ ဟာ မင်းဘယ်လို ပြောလိုက်တာလဲ၊ ယုံတာပေါ့ကွာ

ရှမ်းကလေး ။ ဒါဆိုအကိုတို့ကို တစ်ခုမေးမယ်

ကိုချင်း ။ မေးစေဗျာ

ရှမ်းကလေး ။ ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားတွေဟာ ဒုက္ခတစုံတရာ ကျရောင်ရင် အမြဲတမ်း လက်အုပ်ချီပြီး ဘုရားကိုတလေ့ ရှိတယ်

ကိုကံသာ ။ အေးအဲ့ဒီတော့

ရှမ်းကလေး ။ ဒီလိုဘုရား တလိုက်တဲ့ အချိန်မှာ ဘုရားက မစတာလဲရှိတယ်၊ မမစတာလဲ ရှိမယ်၊ နောက်တစ်ချက်က ဒုက္ခရောက်နေ သူဟာ လူတစ်ယောက်က ဖမ်းဆီးနှိမ်စက် တယ်ပဲထား၊ ဖမ်းဆီးနှိမ်စက် ခံနေရတဲ့ သူဟာ အဲ့ဒီအချိန်မှာပဲ ဘုရားကို တလိုက်တော့ ဖမ်းဆီးထားတဲ့ လူကလည်း သြောဒီလူ ဘုရားတရား နဲ့ပါလားဆိုပြီး လွတ်ပေးချင်လည်း လွတ်ပေးတယ်ဗျာ.

ကိုချင်း ။ အေ.. အဲ့ဒီတော့ ဘာဖြစ်လဲကွာ

ရှမ်းကလေး ။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားတွေ သူတို့ဒုက္ခ ရောက်နေချိန်မှာ ဘုရားကိုတောင် မတချင်တဲ့ ဒုက္ခ(၂) ခုရှိတယ်

ကိုကံသာ ။ ဘာဘာဘာ.. ငါတို့မြန်မာ ပြည်သူပြည်သား တွေဟာ၊ အဲ့ဒီပြဿနာ (၂)ခုကြုံ လာရင် ဘုရားမတ ချင်လောက်အောင် ကိုဖြစ်တယ် ဟုတ်လား

ရှမ်းကလေး ။ ဟုတ်တယ်

ကိုချင်း ။ ဟာ.. မင်းဟာကလည်း ရှုပ်လိုက်တာကွာ. ဒါဆိုအဲ့ဒီ ပြဿနာ(၂)ခုက ဘာလဲကွာ

ရှမ်းကလေး။ ။ ပထမတစ်ခုက ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားတွေဟာ နအဖ စစ်အစိုးရရဲ့ ဘက်တော်သားတွေ ဖမ်းဆီးခြင်းကို ခံရရင် ဘယ်တော့မှ ဘုရားမတ ကြတော့ဘူး။

ကိုချင်း ။ မင်းဟာက မဟုတ်တာကွာ.

ရှမ်းကလေး။ ။ ခင်ဗျားပဲ စဉ်းစားကြည့်လေ ဘယ်လိုလို့ ဘုရားတချင် မလဲဗျ. စက်တင်ဘာ အရေးခင်းတုန်းက ဘုရားသားတော် သံဃာတော်တွေကို ဓါတ်တိုင်တွေမှာ ချည်ပြီးရိုက်တာ ခင်ဗျားက ဘုရားတချင် သေးလို့လား..

ကိုကံသာ ။ အေးကွ.. ဒါတော့ ငါထောက်ခံတယ်. ဒုတိယ တစ်ခုကကော.

ရှမ်းကလေး ။ ဒုတိယ ပြဿနာ တစ်ခုကတော့ ထိုင်းနိုင်ငံမှာ နေတဲ့ လက်မှတ်မရှိတဲ့ မြန်မာပြည်သူ ပြည်သားတွေပဲ ဆိုပါတော့။

ကိုချင်း ။ မင်းဟာ ဗမာပြည်သားနဲ့ ထိုင်းက ဘာဆိုင်လို့လဲဟ

ရှမ်းကလေး ။ ဆုံးအောင် နားထောင်ပါဦးဗျ. ဒီလိုဗျ မြန်မာနိုင်ငံသား တစ်ယောက်ကို ထိုင်းရဲတစ်ဦးက လမ်းတစ်နေရာမှာ ဖမ်းဆီးမိတယ် ဆိုပါတော့.. အဲ့လိုဖမ်းဆီး ခံရတဲ့ မြန်မာနိုင်ငံသားဟာ ဘယ်တော့မှ ဘုရားမတ တော့ဘူးဗျ.

ကိုကံသာ ။ ဟာမင်းဟာ မဟုတ်ပါဘူးကွ

ကိုချင်း ။ ဟုတ်တယ်ကွာ.. ဒီကောင်ဘာတွေ ရှောက်ပြော နေလဲသိဘူး

ရှမ်းကလေး ။ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ ထိုင်းနိုင်ငံက ပြည်သူပြည်သား တွေဟာ တစ်ယောက်နဲ့ တစ်ယောက် တွေ့ကျရင် လက်အုပ်ချီပြီး နှုတ်ဆက်ကြတယ် မဟုတ်လား

ကိုချင်း ။ အေး.. အဲ့ဒီတော့ ဘာဖြစ်လဲ

ရှမ်းကလေး။ ။ အဲ့ဒါဆို အဖမ်းခံရတဲ့ မြန်မာနိုင်ငံ သားက ရဲသားရှေ့မှာ လက်အုပ်ချီပြီး ဘုရားသွားတရင် ဟိုရဲသားက ဟာဒီကောင် ငါ့ကို ဖားတယ်ဆိုပြီး ဒါဏ်ငွေတောင် ပိုကြီးသွားအုံးမယ်ဗျ။

ကိုကံသာ ။ ဟေ.. ဒါလဲဟုတ်သားပဲ

ကိုကံသာ ။ မင်းတို့ကို ငါပြောပြရဦးမယ်ကွ

ရှမ်းကလေး ။ ဘာပြောမှာတုန်း

ကိုကံသာ ။ မနေ့တနေ့က တွေ့ခဲ့တဲ့ ငါ့ချစ်သူအကြောင်း ပြောမလို့ကွ

ကိုချင်း ။ ဟား... အဲ့ဒါဆို စိတ်ဝင်စားပြီးသားပဲ

ကိုကံသာ ။ ငါငါ့ချစ်သူကိုကွာ ရည်းစားစကားပြောတာ ကဗျာလေးနဲ့ကွ ဟားကွာ မပြောချင်ဘူး ငါ့ချစ်သူက ပြေးပြီးတော့

ရှမ်းကလေး ။ ပါးရိုက်တာလား

ကိုကံသာ။ ။ ဖွ.. လွဲပါစေ. ဖယ်ပါစေ. ဘယ်လာက ပါးရိုက်ရမလဲကွ ငါ့ဆိုကို ပြေးလာပြီး ဒါကြောင့် ကိုကံသာကို ကြိုက်တာတဲ့.. ဘယ်ရမလဲ နာမည်ကိုက ကံသာလေကွာ

ကိုချင်း ။ ဟား.. လေးစားလောက် ပါတယ်ဗျာ .. ဒါနဲ့ကိုကြီးက ဘယ်လို ကဗျာလေးနဲ့ ချစ်စကား ဆိုလိုက်တာတုန်း

ကိုကံသာ။ ။ ဒီလိုကွာ

ချစ်သူရယ်

ကြွက်တွေအကုန်ချက်ပြီး

ချစ်ခင်စံမက်ရတဲ့

မောင့်ဘ၀ဟာ

ငပိနယ်စားပြီး

အလွမ်းသယ်သွားရတဲ့

ဟိုနံနက်ပင်ထက်က

ချိုးငှက်ရှင်တစ်ကောင်လို

ပင်မြက်မြေဇာပင်များနဲ့

ရှင်လျက်သေတာလားလို့တောင်

တင်စားမိပါတယ် ချစ်သူရယ်

ရှမ်းကလေး။ ။ ထွီး.. အကောင်းပြောတာ မှတ်လို့နားထောင်တာ

ကိုချင်း ။ ဟုတ်ပါ့ကွာ.. သူ့ကိုဆရာ တင်ခါမှ ကိုယ့်ပါးကိုတောင် ဘယ်သွားထားရမှန်း မသိတော့ဘူး

ကိုကံသာ။ ။ ဘယ်မှသွားမထားနဲ့ ရေးဝေးမှာသွားထား

ကိုချင်း ။ ဟာ.. ကိုကံသာ ချစ်သူရှိတော့ ငါလဲ အားကျမခံ ကောင်မလေး တစ်ယောက်ကို ရီးစားစကား လိုက်ပြောတာပေါ့

ရှမ်းကလေး။ ။ အဆင်ပြေလား

ကိုချင်း ။ မင်းကလည်း ငါ့အဆင်မပြောတာ ဘယ်နှစ်ခါ ရှိလို့လဲကွ

ကိုကံသာ။ ။ မင်းကောင်မလေးက မင်းကိုအဖြေ တစ်ခါထဲပေးလား

ကိုချင်း ။ ဟာ.. ကိုကံသာ ကလည်းဗျာ.. ကျွန်တော်တို့ မြန်မာအမျိုး သမီးတွေဟာ ချက်ချင်းတော့ ဘယ်အဖြေ ပြန်ပေးမလဲဗျ.. ဒါပေမဲ့ ကျွန်တော်က မရမက တောင်းလာတော့

ကိုကံသာ။ ။ မင်းကိုပေးလိုက်တယ်ပေါ့

ကိုချင်း ။ သူကပြောတယ် ဖေဖော်ဝါရီလ (၂၉)ရက်နေ့ ကျရင်အဖြေ ပေးမယ်တဲ့

ကိုကံသာ။ ။ အော.

ကိုချင်း ။ မပြီးသေးဘူး သူကဆက်ပြော သေးတယ်.. ဒါတောင်စောသေး တယ်တဲ့.. ဖေဖော်ဝါရီလ ၃၁ ရက်နေ့က မီးမွေးနေ့တဲ့ အဲ့ဒါကြောင့် ကိုယ်နဲ့မီးက မီးမွေးနေ့မှာ အတူပျော် ရအောင်လို့ဆိုပြီး စောပြီးအဖြေ ပေးသာတဲ့

ရှမ်းကလေး။ ။ အော.. ကိုချင်း ကောင်မလေး သိပ်ပြီးတော့ ဦးနှောက်မကောင်း ရှာပဲကိုး..

ကိုချင်း ။ ဟာ.. ရှမ်းကလေး ခုဏက ကိုကံသာ ကောင်မလေး အကြောင်းက မပြီးသေးဘူးကွ

ရှမ်းကလေး။ ။ ဟုတ်တယ်ဗျ .. ဒါနဲ့ကိုကံသာရဲ့ ကောင်မလေး နာမည်လေးက ဘယ်လိုလဲဗျ

ကိုကံသာ။ ။ ငါပြောလို့ ဘယ်ဖြစ်မလဲဗျ မင်းတို့ကိုယ့်ကို မှန်းကြည့်ပေါ့ကွ

ကိုချင်း ။ ခင်ဗျားရည်းစားက ဘယ်မှာနေတာလည်း

ကိုကံသာ။ ။ နေပြည်တော်မှာ

ရှမ်းကလေး။ ။ စစ်ဗိုလ်ချူပ် တွေနဲ့နီးစပ်လား

ကိုကံသာ။ ။ အေးကွ

ကိုချင်း ။ ဟာ.. ဒါဆိုရပြီ ခင်ဗျားရည်းစား နာမည်က ခေါသန္တာ ထောဂန်ဗာရော့ရွေ

ကိုကံသာ။ ။ ဟေ့ကောင်.. မင်းကိုငါ တသက်လုံး မကျေဘူး

ရှမ်းကလေး။ ။ ဘာဖြစ်လို့လဲဗျ

ကိုကံသာ။ ။ မင်းကြည့်ပါဦး ငါ့ရီးစား နာမည်က ဘာနာမည်မှန်းကို မသိဘူး..

ကိုချင်း ။ ကျွန်တော်လည်း ထင်ရာပြောတာ ပဲဗျ ပြီးတော့ ဗိုလ်ချူပ် အသိုင်းအ၀ိုင်းက ဆိုတော့ ကျွန်တော်လည်း ကိုကံသာ့ ရီးစားက ဗိုလ်ချူပ်သန်းရွေရဲ့ သမီးသန္တာရွေ လို့ထင်တာပေါ့

ကိုကံသာ။ ။ အေးအေး. ထားလိုက်ပါတော့ ဒီတစ်ခါ ခွင့်လွတ်လိုက်မယ်.. သန္တာရွေကပဲ ငါ့ရည်းစားထား မင်းက ဘယ်လိုလို့ ဒီနာမည် ပေးရတာလဲ

ရှမ်းကလေး။ ။ အေးဗျာ.. ဟုတ်တယ်ဗျ ခင်ဗျားနာမည်က အထူးအဆန်းကြီးပဲ

ကိုချင်း ။ ဒါများ အထူးအဆန်းလုပ်လို့ကွာ ဒီလိုကွာ ဗိုလ်ချူပ်မှူးကြီး သန်းရွေဆီမှာ သမီးသန္တာရွေ ဆိုတာ ရှိတယ်မဟုတ်လား

ကိုကံသာ။ ။ အေးလေ ငါလဲသိသားပဲ

ကိုချင်း ။ ဒီလိုကွာ ငါတို့ဗိုလ်ချူပ်ကြီးက ဂန်ဗာရီ သူ့ဆီကို လာရင် ရွေတွေပေးပြီး ပြန်ခိုင်းရတော့ သူကထောထောပြီး ပြန်သွားတယ်လေ ပြီးတော့ ငါတို့ဗိုလ်ချူပ် သမီးသန္တာရွေ ကလည်း ခေါခေါဆိုတော့ ကာရန်လေး လိုက်သွားအောင် ခေါသန္တာ ထောဂန်ရော့ရွေ ဆိုပြီး ငါကနာမည် အသစ်လေး ပေးလိုက်တာ ပါကွာ

ကိုချင်းရဲ့ စကားလည်း ဆုံးရောကျွန်တော်နဲ့ ကိုကံသာလည်း ပါးစပ် အဟောင်းသားနဲ့ ဇာတ်စင်ပေါ်မှာ ကျန်ရစ်ခဲ့ပြီး ကိုချင်းကတော့ ဇာတ်စင်နောက်ကို ၀င်သွား လိုက်တာကြောင့် တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင် အပိုင်း(၄)ကို သည်တွင်ပဲ ရပ်နားလိုက်ပါတယ် ခင်ဗျား..

ရှမ်းကလေး

Tuesday, January 29, 2008

တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင် (အပိုင်း-၃)

မင်္ဂလာရှိသော ညနေခင်းအချိန်ခါဝယ်

သာယာလှပ မျက်နှာလေးများကို

ကိုယ်စီပိုက်လို့ ရှမ်းကလေးကျွန်တော်

ကိုချင်းနေမင်းနဲ့ အသံသာကိုကံသာတို့

သာယာလှပတဲ့ ဇာတ်စင်ပေါ်သို့

မော်ဒယ်ခြေလမ်းလေးများ အလား

လျှောက်လမ်းလာက...

ကိုကံသာ ။ မင်္ဂလာပါညီးလေးတို့ရေ...

ရှမ်းကလေး ။ မင်္ဂလာပါကိုတို့ရေ

ကိုချင်း ။ မင်္ဂလာပါညီ၊ အကိုတို့ရေ

ကိုကံသာ ။ ဆက်လက်ဆင်နွဲ ရပြန်ပြီ မဟုတ်ပေဘူးလား ညီလေးတို့ရေ

ကိုချင်း ။ ဘာတွေဆင်နွဲတာလဲ ခင်ဗျ

ရှမ်းကလေး ။ အော.. ကိုချင်းကလည်း အရိပ်ပြတာ အကောင် မမြင်ပဲကို ကိုကံသာ ပြောတာက တိုင်းရင်းသား တို့ရဲ့ အငြိမ့်သဘင် အပိုင်း(၃) ကိုပြောတာဗျ

ကိုချင်း ။ အေးလေ.. အဲ့လိုရှင်းရှင်းပြောစမ်းပါ

ကိုကံသာ ။ ဟုတ်ပါတယ် ကိုချင်းရေ

ကိုချင်း ။ ကိုတို့ရေ ကျွန်တော် စာတွေဖတ်ရင်းနဲ့ အဆိုအမိန့် တစ်ခုကို ဖတ်ရတာ အရမ်းကောင်းတယ်ဗျာ.

ရှမ်းကလေး။ ။ ဘယ်လို အဆိုအမိန့်တုန်း

ကိုချင်း ။ ဒီလိုကွ

“မိဘကို

စွမ်းဆောင်နိုင်ပါလျက်

မလုပ်ကျွေးဘဲ

တမင်ပစ်ထားရင်

ကြွေးလည်းတင်တယ်

လူယုတ်မာလည်း

ဖြစ်တယ်တဲ့”

ကိုကံသာ ။ ကောင်းလိုက်တဲ့ အဆိုအမိန့်၊ မှန်လိုက်တဲ့ အဆိုအမိန့်

ရှမ်းကလေး ။ အဲ့ဒီတော့ ကိုချင်းက ဘာပြောချင်လို့လဲ

ကိုချင်း ။ အဲ့ဒီတော့ ဒီအဆိုအမိန်နဲ့ အတူငါက တစ်မျိုး ပြန်ပြောင်းရင် ကောင်းမလားလို့

ကိုကံသာ ။ ဘယ်လိုပြောင်းမှာတုန်း

ကိုချင် ။ ဒီလိုဗျာ..

စစ်ဗိုလ်ချူပ်တွေ

ကောက်ကျစ်နေသည်ကို

သိနေပါလျက်နဲ့

အောင့်ကာနမ်းနေသူများသာ

အမြင်မှန်ပြန်ရလာရင်

ငါတို့မြန်မာနိုင်ငံကြီးဟာ

အာဏာရှူးတွေ လက်ထဲက

လွတ်မြောက်လာမည်မှာ

ဧကန်မလွဲပါကွာ”

ရှမ်းကလေး ။ ကောင်းပါတယ်ဗျာ

ကိုကံသာ ။ ကိုချင်းက ဒီလိုလေး ထွင်တော့ ကျွန်တော့ကလည်း ဟိုလိုထွင် လိုက်အုံးမယ်ဗျာ

ကိုချင်း ။ ဘယ်လို ထွင်မှာလဲဗျ

ကိုကံသာ ။ ဒီလိုဗျာ

အာရင်ဘက်က ပြောတယ်

နာ နာခံစားတတ်မှ ခံစားမှ

ရှူးရှူးမှူးမှူး ကိုဖြစ်နေမှ

ကြီးမြတ်တဲ့ အနုပညာလို့

မှူးမုံမှိုင်းဝေစေတဲ့ ဓာတ်ပုံမော်ဒယ်မလေးရယ်

ကြီးတောင်ကြီးမားကျမှ အသဲကွဲတဲ့ရောဂါတဲ့

သန်းပေါင်းများစွာသော ချစ်တတ်သူများ

ရွေအတိချထားသောလက်များဖြင့် လက်ခုတ်တီး၍ရယ်ပါ။” တဲ့ဗျာ

ကိုချင်း ။ ဟာကိုကံသာ ဘယ်ဆိုးလို့လဲဗျ ဒီလောက်ထိ အဆင့်တောင် ရောက်နေပါလား

ကိုကံသာ ။ ဘာဖြစ်လို့လဲ ကိုချင်းရ

ကိုချင်း ။ ကဗျာလေးက တော်တော် ကောင်းတာပဲ အကိုစပ်ထား တာလားဗျ

ရှမ်းကလေး ။ ဟုတ်နေအုံးမယ် အားကြီးကြီး...

ကိုချင်း ။ ဟာ.. မဟုတ်ဘူးလားဗျ ကျွန်တော်ထင်တာ ကိုကံသာစပ်ထား သာလားလို့

ကိုကံသာ ။ ဟုတ်တော့ မဟုတ်ဘူး ဒါပေမဲ့ တူအောင်တော့ လုပ်ပြမယ်

ရှမ်းကလေး ။ ဟာ.. အဲ့လိုတော့ မလုပ်နဲ့ဗျ ခဏနေ ဒီလိုဇာတ်ပေါ်မှာ အငြိမ့်မကရပဲ သံတိုင်တွေကြားက အခန်းထောင့်လေးမှာ မှေးကို လက်ကလေး ထောက်ပြီး စဉ်းစားခန်း ၀င်နေရဦးမယ်

ကိုချင်း ။ ဘာဖြစ်လို့လဲ ရှမ်းကလေးရ

ရှမ်းကလေး ။ အော.. ကိုချင်းက သတင်းမှ မread ပဲကိုးဗျ

ကိုချင်း ။ ဘယ်လိုလဲကွ မင်းပြောတာ မြန်မာစကားလား

ရှမ်းကလေး ။ မဟုတ်ဘူး အင်္ဂလိပ်လိုပြောတာ

ကိုကံသာ ။ မောင်ရှမ်းရာ မြန်မာစကားတောင် ငါသင်ပေးလို့ ရတဲ့ ကိုချင်းကို မင်းက အင်္ဂလိပ်စကား သွားပြောတော့ ဟိုကောင် နားရှုတ်သွား တာပေါ့ကွ. ရှင်းရှင်းလေး ပြောပြလိုက်စမ်းပါကွာ..

ရှမ်းကလေး ။ အော.. ရပါတယ် ကိုကံသာရေ ဒီလိုဗျ ကိုချင်းရ ကိုချင်း ဒီကဗျာကို သေချာဖတ်ကြည့် ထိတ်ဆုံးစာလုံးတွေ ကိုပဲ ဖတ်ကြည့်ပါလား

ဒီလိုနဲ့ ကိုချင်းတစ်ယောက် ကဗျာရဲ့ထိပ်ဆုံး စာလုံးတွေကို ဖတ်ကြည့်ရာ..

ကိုချင်း ။ အော.. ဒီလိုလား ဒါနဲ့ထားလိုက်ပါဦး ကိုကံသာက ဘယ်လိုလုပ်မှာတုန်း

ကိုကံသာ ။ လာမယ်လေဗျာ. ဒီမှာကြည့်

“သန်းပေါင်းများစွာ

ရွေငွေတွေပိုင်ဆိုင်တဲ့

မြေးလေးကျွန်တော့်ကို

ဖိုးဖိုးကပြောတယ်

လဟာပြင် ဇာတ်စင်ပေါ်မှာ

ပြည့်ပြည့်စုံစုံ အဖိုးခမပေးပဲ

စောက်ငနဲသား အာဏာရှူးတသိုက်နဲ့

ရှူးသွပ်ခြင်း ဆိုတာတွေကို ကပြရအောင်လေတဲ့”

ရှမ်းကလေး။ ။ ဟား.. တော်တော် မိုက်တယ်ဗျ. လေးစားလောက်ပါတယ်

ကိုကံသာ ။ ဒီလိုဖြစ်ရမယ်လေ.. ကံသာမသန်မာရင် သူများ ကန်သွားမှာပေါ့

ကိုချင်း ။ ဘာမိုက်တာတုန်း ဘာမှမမိုက်ဘူး

ကိုကံသာ ။ မိုက်တာပေါ့ ခင်ဗျား ခုဏက ကဗျာလေးလိုပဲ ထိပ်ဆုံးစာလုံးတွေကို ဖတ်ကြည့်ပါလား

ကိုချင်း ။ ကျွန်တော်သိပါတယ် ဒါပေမဲ့ ကျွန်တော်က ကျွန်တော်တို့ စစ်ဗိုလ်ချူပ်တွေကို အဲ့လိုပြောတာ မကြိုက်ဘူးဗျာ

ရှမ်းကလေး ။ အော.အော် လူ့ဘ၀ လူ့ဘ၀ လောကမှာလည်း ဆန့်ကျင်ဘက်က အမြဲတမ်း ရှိနေတာပဲနော်

ကိုကံသာ ။ ဒါဆို အကယ်၍ ဗိုလ်ချူပ်မှူးကြီး သန်းရွေ အခုလို ဇာတ်စင်ပေါ်မှာ အငြိမ့်တက်ကရင် ခင်ဗျားက သွားကြည့်မှာလား

ကိုချင်း ။ ဟားး ခင်ဗျားဘယ်လို ပြောလိုက်တာလဲ သွားကြည့်မှာပေါ့ သွားကြည့်ရင်း ပန်းကုံး

စကားမဆုံးသေး ရှမ်းကလေးဝင်ပြော

ရှမ်းကလေး ။ ဘာဗျ ခင်ဗျားက ဗိုလ်ချူပ်ကြီးကို ပန်းကုံးတောင် တက်စွပ်အုံးမှာ

ကိုချင်း ။ ငါ့ကိုငါ ပန်းကုံးစွပ်ပြီး ဇာတ်စင်ပေါ် တက်လာတဲ့ ဗိုလ်ချူပ်ကြီးကို ခဲနဲ့ပစ်မလို့ ပါကွာ..

ကိုကံသာ ။ အော အဲ့လိုချစ်တာ

ကိုချင်း ။ တော်သေးတယ် ခဲကယ်ပေလို့ပေါ့

ရှမ်းကလေး ။ အကိုတို့က တစ်ယောက်ပြီး တစ်ယောက် ကျွန်တော်တို့ ဗိုလ်ချူပ်တွေ လက်ထက်မှာ ရှိနေတဲ့ တိုင်းပြည်ကို ချီးမွမ်းနေမှတော့ ကျွန်တော်လည်း မနေနိုင်တော့ဘူးဗျ

ကိုချင်း ။ နားနဲ့ကြားပါရစေခင်ဗျား

ကိုကံသာ ။ နားနဲ့မကြားလို့ ဖင်နဲ့ကြားချင်သေး လို့လာ

ရှမ်းကလေး ။ လာပြီဟေ့

ခေတ်ပြိုင် ဟစ်တိုင်

လူ့မှတ်တိုင်

ကြေးမုံလူလိမ်စား

VOB/ VOA အမှန်တွေတင်

မြန်မာတိုင်း(မ်) အမှားတွေများ

ခေတ်လူငယ် မျက်နှာမှာကွယ်

ကလိမ်ကကျစ်တွေရယ်

BBC ကအမှန်တွေကွယ်

DVB/NMG တကယ်စစ်သည်

လျပ်တပြက်က အတုတွေရိုက်

အခုအခါမှာတော့ ကျော်ဆန်းခင်မျာ ခေါင်းတွေကိုက်

ကိုကံသာ ။ နာ ကြောက်တယ်နော်

ကိုချင်း ။ ရှမ်းကလေးနော်

ကိုကံသာနဲ့ ကိုချင်းတို့ စကားမပြောခင် ကတည်းက ကျွန်တော် မောင်ရှမ်းလေးလည်း လွတ်ရာ ကျွတ်ရာသို့ ရောက်နေပြီ ဖြစ်ကြောင်း အသိပေးရင်း တိုင်းရင်းသားတို့ အငြိမ့်သဘင် အပိုင်း(၃)ကို ဒီတွင်ပဲ နားလိုက် ပါရစေခင်ဗျား..

ရှမ်းကလေး