Sunday, August 26, 2012

ีDon't look for yourself, just thinking what you should do

ကိုယ့်ရပ်ရွာ ဒေသကို ခွဲခွာပြီး တိုင်းတပါးနိုင်ငံရပ်ခြားကို ထွက်လာခဲ့တာလည်း နှစ်ပေါင်းကြာညောင်းခဲ့လေပြီလေ။ ကိုယ့်နိုင်ငံမှာ ရှာဖွေစားသောက်ဖို့ ခက်ခဲတဲ့ ဘ၀ကို ပိုင်ဆိုင်သူမို့ တပြည်ခြားဖြစ်တဲ့ ထိုင်းနိုင်ငံကို ရောက်ရှာနေထိုင်လုပ်ကိုင်စားသောက်နေတာ ခုဆိုရင် နှစ်ပေါင်းလည်းမနည်းတော့ပေ။ တစ်နေ့လုပ်တစ်နေ့စားသမားပီပီမို့ တစ်နေ့တစ်နေ့ ဘာကိုမှ မတွေးမိခဲ့။ ကိုယ့်ရပ်ကိုယ့်ရွာမှာ နေစဉ်အခါက မိဘတွေရဲ့ ငွေကြေးထောက်ပံ့ပေးမှူကြောင့် ၁၀ တန်းဆိုတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကြီးကိုတော့ တစ်နှစ်ထဲနဲ့ အောင်မြင်ခဲ့ဖူးသည်။ ဘယ်လောက်နှစ်ပေါင်းများစွာ နိုင်ငံရပ်ခြားမှာ နေပါစေ ကိုယ့်စိတ်ထဲမှာ ငါဟာဗမာပါဆိုတဲ့ စိတ်က လုံးဝပျောက်မသွား။ ကိုယ့်နိုင်ငံကို ချစ်တယ်။ ကိုယ့်လူမျိုးကိုချစ်တယ်။ ကိုယ့်နိုင်ငံမှာ ဖြစ်နေသမျှ သတင်းမှားသည်ဖြစ်စေ၊ သတင်းမှန်သည်ဖြစ်စေ နေ့စဉ်သွားရောက်ဖတ်ရှူဖြစ်သည်။ ဒါပေမဲ့ နိုင်ငံရေးမလုပ်။ လုပ်ဖို့စိတ်လည်းမပါ။ သတင်းဖတ်ပြီးတိုင်း စိတ်ထဲမှာ ခံစားမိသည်။ သတင်းကောင်းက သတင်းဆိုးထက် အမြဲစလို နည်းလေ့ရှိသည်။ ဒါကလည်း မဆန်း။ မှတ်မိပါသေးသည်။ ၂၀၀၇ ပတ်ဝန်းကျင်တုန်းကလောက်ပေါ့။ စက်တင်ဘာအရေးခင်း။ အဲ့တုန်းက သတင်းတွေကို ဖတ်ဖြစ်တယ်။ နေ့တိုင်းလိုလိုပေါ့။ ရှင်းရှင်းပြောရရင် အဲ့ဒီတုန်းက ဘယ်လူသားမဆို စစ်ယူနီဖောင်းဝတ်ဆင်ထားပြီး အများသူငါ လေးစားရိုသေတဲ့ ဘုန်းကြီးတွေကို သေနတ်နဲ့ချိန်ရွယ်ကာ ပစ်ဖို့အဆင်သင့်ဖြစ်နေတဲ့ မြန်မာစစ်သားတွေကို သေမလောက်မုန်းမိမယ်လို့ ထင်မိပါတယ်။ ကိုယ်ကိုယ်တိုင်ကလည်း မုန်းတယ်။ နာကြဉ်းတယ်။ အဲ့ဒီတုန်းကလည်း ကိုယ့်နိုင်ငံကို အုပ်ချူပ်နေတဲ့ မည်သူကိုမဆို သေမလောက်အောင် မုန်းမိတယ်။ ကိုယ်တတ်နိုင်တစ်လောက် ကိုယ်ခံစားမိသလောက် စာတွေရေးပြီး ဘလော့ပေါ်မှာ ကိုယ့်ရဲ့ နာကြဉ်းချက်တွေကို ဖလှယ်ခဲ့ဖူးတယ်။ နှစ်တွေလည်း ပြောင်းလဲလို့ ကြာငြောင်းခဲ့ပြီလေ။ အခုတော့ ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေးက အရာရာပြောင်းလဲခဲ့ပြီ။ ဒါပေမဲ့ အကောင်းဖက်တော့ ဟုတ်မယ်မထင်။ ပို၍မဆိုးလာသည့်တိုင်အောင် ဘယ်တော့ ကောင်းလာမလဲဆိုတာကိုပဲ ထိုင်တွေးနေခဲ့မိတယ်။ ဒါတွေက ပြည်သူလူထု တစ်ယောက်ရဲ့ ကိုယ့်နိုင်ငံပေါ် တွေးသင့်တဲ့ အတွေးတစ်ခုပါ။ ဒါပေမဲ့ ကိုယ့်ရဲ့နိုင်ငံ ဘာတွေဘယ်လိုပဲ ပြောင်းလဲနေပါစေ ရှမ်းကလေးရဲ့ အသိစိတ်ထဲမှာ အမြဲတမ်း တည်ရှိနေတာက ကျွန်တော်တို့ရဲ့ မွေးကျေးဇူးဖခင် ဗိုလ်ချူပ်အောင်ဆန်းကို ဘယ်တော့မှ မမေ့ဘူးဆိုတာပါပဲ။ ဒီနေရာမှာ ကျွန်တော်အတွေ့အကြုံတစ်ခုပြောချင်တယ်နော်။ တိုင်းတပါးမှာ ရောက်နေတဲ့ ရှင်းရှင်းပြောရရင် နိုင်ငံရေးလုပ်နေတဲ့ လူအချို့တွေ ဥပမာလေးတွေပေါ့ သူတို့တွေ အတွေးထဲမှာ ငါငါ့နိုင်ငံကို စစ်အာဏာရှင်ဘ၀က လွတ်မြောက်အောင် လုပ်မယ်ဆိုတဲ့ အတွေးပဲရှိတယ်။ ဒါပေမဲ့ ငါ့နိုင်ငံကို တိုးတက်အောင် လုပ်မယ်ဆိုတဲ့ အတွေးကတော့ လူတိုင်းလိုမတွေးချင်ကြဘူးလို့ ထင်မိပါတယ်။   ဒါက ကျွန်တော်မောင်ရှမ်းကလေး ဘယ်သူ့ကိုမှ အမြင်ကပ်လို့ ဘယ်သူ့ကိုမှ အလိုမကျလို့ ရေးခြင်းမဟုတ်ပါဘူး။ ရှမ်းကလေးရဲ့ အတွေးထဲမှာ အမြဲတမ်းလိုလို ထင်ပေါ်လာလို့ စာအဖြစ်ရေးချရတာပါ။ လူတိုင်းမှာ လောဘနဲ့တော့ မကင်းကြပါဘူး။ ဒါပေမဲ့ ကိုယ့်ရဲ့လောဘကိုယ် ဦးစားပေးပြီး ကိုယ့်နိုင်ငံ ပျက်စီးရာ ပျက်စီးကြောင်းကိုတော့ မလုပ်မိကြပါစေနဲ့လို့ ရှမ်ကလေးမှ မေတ္တာရပ်ခံပါတယ်။ ရှမ်းကလေး တော်လို့တတ်လို့ ရေးပြတာမဟုတ်ပါဘူး။ ကိုယ့်အတတ်နဲ့ ကိုယ်မစူးကြအောင်လို့ ရှမ်းကလေး အနေနဲ့ တစ်ထောင့်တစ်နေရာက ထောက်ပြတာပါ။                             

ရှမ်ကလေးရဲ့ လက်ရာလေးတွေပါ (at Mae Hong Son)










Type your summary here. Type the rest of your post here.

Saturday, August 25, 2012

ရှမ်းကလေး စာပြန်ရေးတော့မယ်နော် အငြိမ့်တွေစောင့်မျော်ကြပါဗျို့ (Shankalay comeback again to Blogspot)


လောကကြီးမှာ ကိုယ်ဖြစ်တာနဲ့ ဖြစ်နေတာ မတိုက်ဆိုင်ဘူးဆိုရင် သင်စိတ်ထဲမှာ ဘယ်လိုဖြစ်နေမှာလည်း။

ကျွန်တော်မောင်ရှမ်းကလေးတစ်ယောက် အင်မတန်ဖြစ်ချင်တာက စာရေးဆရာတစ်ယောက်၊ ပိုပြီးဖြစ်ချင်တာက ဘောလုံးသမားတစ်ယောက်။ နေ့တိုင်းလည်းဘောလုံးကန်ဖြစ်တယ်။ စာကတော့ နေ့တိုင်းမရေးဖြစ်ဘူးဗျ။ လူတစ်ယောက်ဟာ အလုပ်တစ်ခုကိုလုပ်ပြီဆိုရင် နောက်ထပ်အလုပ်တစ်ခုကို ပိုပြီးမလုပ်ချင်ကြတော့ဘူး။ ကျွန်တော်လည်း အဲ့ဒီလိုပဲ။ ကျွန်တော်အနေနဲ့ပြောရရင်တော့ တော်တော် မကောင်းတဲ့အကျင့်တစ်ခုပေါ့ဗျာ။ လုပ်ချင်စိတ်တော့ရှိတယ်။ ဒါပေမဲ့ ဖြစ်မြောက်အောင် မလုပ်ချင်ဘူး။
ဒါပေမဲ့ ကျွန်တော်က နေ့တိုင်းအလုပ်ပင်ပင်ပန်းပန်းလုပ်ရတယ်ဗျ။ အလုပ်လုပ်လို့ပင်ပန်းတယ်ဆိုမှ ကိုယ်ဝါသနာပါတဲ့ တစ်နေ့သာအမောပြေစေနိုင်ဖို့ ဘောလုံးကန်တဲ့ အလုပ်ကိုလည်း မမေ့နိုင်ဘူးဖြစ်နေတယ်။ ညနေတိုင်းမှာ ဘောလုံးမကန်ရင် နေလို့ကို မပျော်ဘူးဖြစ်နေတယ်။ ဟောဘောလုံးကန်လို့ပြန်လာတော့ ၇း၀၀ နာရီတောင်ထိုးပေါ့။ ရေမိုးချိုး။ ထမင်းစားမယ်မထင်နဲ့။ ကွန်ပျူတာကို မြန်မြန်ဖွင့်။ ဖေ့ဘွတ်ကို တန်းဝင်တာ။ ဖေ့ဘွတ်ကို အဲ့လောက်ရူးတာ။ ကဗျာဖြစ်ဖြစ်၊ ဆောင်းပါးဖြစ်ဖြစ် တခုခုရေးမယ်လို့ကြံလိုက်တိုင်း အတွေးက မပေါ်ဘူးဖြစ်နေတာ။ အဲ့ဒါနဲ့ စာဆိုဘာစာမှကို မရေးဖြစ်တော့ဘူး။ လူတစ်ဦးတစ်ယောက်က ဖြစ်ချင်တာ မဖြစ်ရရင် အလိုလိုနေရင်းစိတ်အရမ်းညစ်တယ်ဗျ။ ဒီနေ့တော့ ကျွန်တော် အမျိုးမျိုးအဖုံဖုံ ပြန်လည်စဉ်းစားသုံးသပ်ကြည့်တယ်။ ငါဖြစ်ချင်တာကို ငါဖြစ်အောင်လုပ်မယ်လို့။ ဘောလုံးသမားတစ်ယောက်အနေနဲ့ကတော့ ကျွန်တော့်ကိုကျွန်တော်ယုံကြည်တယ်။ ကြွားတာတော့မဟုတ်ဘူး။ ဒီမယ်ဟောင်ဆောင်မှာ ဘောလုံးကန်တဲ့သူတိုင်း ကျွန်တော့်ကို မသိဘူးမရှိဘူး။ ကိုယ့်ကိုယ်ကိုလည်းဂုဏ်ယူတယ်ဗျာ။ ကျွန်တော်လို ဘာလက်မှတ်မှမရှိတဲ့ မြန်မာတစ်ယောက်အနေနဲ့ ထိုင်းလူတွေအနေနဲ့ ကျွန်တော်တော်ကြောင်း အသိအမှတ်ပြုတယ်ဆိုတော့လေ။ မယ်ဟောင်ဆောင်မှာရှိတဲ့ ဘယ်ဘောလုံးအသင်းမဆို ကျွန်တော့်ကို ခေါ်ကန်တယ်။ နောက်အပတ်ဆိုရင်လည်း သွားပြိုင်ရမယ်။ှဆီးမီးဖိုင်နယ်ပေါ့ဗျာ။ တွေ့မဲ့အသင်းနိုင်ရင် ဗိုက်လုပွဲတက်ရမယ်ဗျ။ ကဲဘောလုံးသမားအနေနဲ့ကတော့ ဘာမှ အားမရစရာအကြောင်းမရှိဘူး။ ဒါပေမဲ့ စာရေးဆရာဖြစ်ချင်တဲ့ သူတစ်ယောက်အနေနဲ့ကတော့ ကျွန်တော်တော်တော်လေးကို အားမရဘူး။ အရင်တုန်းကဆို ခေါင်းစဉ်တခုတွေးလိုက်တာနဲ့ ကွင်းဆက်တွေက အလိုလို ပေါ်လာတယ်။ ခုကျတော့ အဲ့လိုမဟုတ်ဘူးဗျ။ လူကပဲအသက်ကြီးလာလို့လား။ ဒါမှမဟုတ် စာရေးတဲ့ အတတ်ပညာ ပါရမီမရှိလို့ပဲလားမသိဘူးဗျ။ ဒါပေမဲ့ ကျွန်တော်ဒီနေ့ကစပြီး အားလုံးကိုကတိပေးပါတယ်။ တစ်နေ့မှာ စာတစ်ပုဒ်ဖြစ်ဖြစ် ရောက်အောင်ပို့မယ်။ ကျွန်တော်နေတဲ့ တည်နေရရပ်ဝန်းရဲ့ အဖြစ်အပြတ်လေးတွေပေါ့ဗျာ။ ဒါဟာကျွန်တော့်ရဲ့ပျော်ရွင်မှူုတစ်ခုဆိုတာ စာဖတ်သူအားလုံးကို အသိပေးစေချင်ပါတယ်ခင်ဗျား။

အချစ်မရှိသူ


လူတွေကပြောတယ်
ငါက အချစ်မရှိတဲ့လူတဲ့
လူတွေကပြောတယ်
ငါက အကြင်နာတရားမရှိဘူးတဲ့
လူတွေကပြောတဲ့
ငါက အသည်းနှလုံးမဲ့တဲ့လူသား
ကဲပြန်ပြောမယ်နော်
အချစ်ဆိုတာ ကိုင်ဆုပ်လို့လည်းမရဘူး
ဘာလို့ရှိရမှာလည်း
အကြင်နာတရားဆိုတာကလည်း
ဘယ်သူ့ကိုပေးရမှာလည်း
ရှာမှမတွေ့တာ
အသဲနှစ်လုံးမရှိဘူးလို့ မပြောနဲ့လေ
ကျွန်တော့်ရင့်ဘတ်ကို သူခွဲကြည့်ဖူးလို့လား…….

Monday, June 6, 2011

(အထီးကျန်နှလုံးသား)

တမှိုင်မှိုင်ကာတွေး ထိုင်ကာငေးလျှက်

မျော်မှန်းမိသည် ချစ်တဲ့သူဆီ

တပြည်တခြား ဝေးကွာနေလည်း

မျော်မှန်းမိသည် ချစ်တဲ့သူဆီ

မနက်လင်းလို့ မျက်လုံးပွင့်လည်း

မျော်မှန်းမိသည် ချစ်တဲ့သူဆီ

ချစ်သောသူနှင့် ဝေးကွာနေ၍

လွမ်းဆွေးမှုကို ထွေးပိုက်ရစ်ကာ

နှလုံးသား အထီးကျန်နေပါတော့သည်။

ရှမ်းကလေး

Sunday, March 13, 2011

အချစ်စစ်ဆိုတာ (ဒုတိယပိုင်း)

(ဟေ့ကောင်စိုးစိုး ဘာတွေစဉ်းစားနေတာလည်း) ဟု သူငယ်ချင်းရဲ့ အော်မေးသံကြောင့် သူရုတ်တရက် အတွေးပျက် သွားသည်။

(ဘာမှ မဟုတ်ပါဘူးကွာ ငါအိမ်အကြောင်းစဉ်းစားနေတာ)

(ဘာလည်း အိမ်ပြန်ချင်နေပြီလား၊ ဒါမှမဟုတ် မင်းငယ်ကြင်ဖော်ကို သတိရနေတယ် ထင်တယ်)

(အေးပေါ့ကွာ၊ မင်းတို့က ဒီမှာ အိမ်ထောင်စုနဲ့အတူနေရတော့ ဘယ်အပူပင်ရှိမှာလည်း)

(မင်းကောဘာအပူအပင်တွေ ရှိနေလို့လဲကွ)

(ဘာမှတော့ မရှိဘူးပေါ့ကွာ၊ ဒါပေမဲ့ ငါအိမ်နဲ့ရွာကို အရမ်းသတိရတယ်ကွာ၊ လစာလည်းမထွက်သေးဘူး၊ လစာထွက်ရင် ငါပြန်တော့မယ်ကွာ)

(မင်းပြန်ရင် ငါလည်းလိုက်ပြန်မယ်၊ အဖော်ရတာပေါ့)

(ပြန်လေ)

မင်းနဲ့နီးချင်ပြီ++++ချစ်ခွင့်ရချင်ပြီ++++++

(ဟေ့ကောင် မင်းဖုန်းလာနေတယ်)

(ဘယ်သူလည်း ကိုင်လိုက်လေ)

(ကျော် မင်းဆော်ကွ ငါပြောလိုက်ရမှာလား)

(ပြောလိုက်လေ၊ ငါအိမ်နေတယ်လို့)

(အေး ဟဲလို)

(ကျော်လား)

(မဟုတ်ဘူးခင်ဗျ ကျွန်တော်အိုက်စိုးပါဗျ)

(ကိုကျော်ကော ကိုစိုး)

(ကျော်အိပ်နေတယ် နိုးပေးရမှာလား)

(အင်းနိုးပေးလေ ခဏလောက်)

(အေးအေး ခဏစောင့်နော် နောင့်၊ ဟေ့ကောင် အိုက်ကျော် မင်းဆော်က စကားပြောချင်လို့တဲ့)

(ဟားကွာ တော်တော်ရှုတ်တာပဲ.. ဟဲလိုနောင့် ဘာလုပ်မှာလည်း)

(ဘာမှာမလုပ်ပါဘူး ဘာလုပ်နေလည်းလို့ ဖုန်းဆက်ကြည့်တာ)

(သူများအလုပ်လုပ်လို့ပင်ပန်းတယ်ဆိုမှ နေ့လည်ကြောင်တောင် ဘာလို့ဖုန်းဆက်လာတာလည်း)

(ကိုကျော်က အဲ့လိုပဲ၊ သတိရလို့ဖုန်းဆက်တဲ့ဟာကို)

(အေးပါ သိပါတယ်နောင့်ရယ်၊ ကိုယ်လည်းနောင့်ကို သတိရပါတယ်၊ ညမှ ပြန်ဆက်တော့မယ်နော်)

(ဆက်နဲ့ ဒါပဲ)

(ဖုန်းချသွားပြီ ကောင်းတယ်… မိန်းမတွေဟာလေ ရှုပ်ကိုရှုပ်တယ်)

(မင်းတို့ နှင်ယောက်ကလည်း မမြဲတမ်း စိတ်ကောက်နေကြတာပဲ)

(ငါတို့က ညချစ်သူရည်းစားတွေကွ၊ ညဆို သိပ်ချစ်ကြတာ)

(အေးပါ ဟုတ်ပါတယ်၊ မင်းရုပ်ကိုကြည့်တာနဲ့ ငါသိပါတယ်)

(စိုးမင်းကော၊ ထိုင်းနိုင်ငံမှာ ရည်းစားတစ်ယောက်လောက်ထားဖို့ မစိတ်ကူးဘူးလား)

(တော်ပါကွာ၊ ငါချို့ကို မဖောက်ပြန်ချင်ဘူး၊ ပြီးတော့ ငါ့လို တစ်ကောင်ကြွက်ကို ဘယ်သူက လာကြိုက်မှာလည်းကွ)

(မင်းရှောက်မပြောနဲ့ ဟွေလိုက နွေနောင်း မင်းကို အခုတလော တရားရောတယ်နော်)

(မလုပ်ပါနဲ့ကွာ ခဏနေ နွေနောင်ဒးကြားရင် ငါ့ကို စကားမပြောပဲ နေဦးမယ်)

(ကြားလည်းကောင်းတာပေါ့ကွာ၊ ပွင့်ပွင့်လင်းလင်း ဖြစ်သွားတာပေါ့ ဟားဟားဟား…)

Friday, February 18, 2011

အချစ်စစ်ဆိုတာ (ပထမပိုင်း)

ဒီကနေ့ မနဂိုနေ့တွေထက် နေပူလွန်းသည်။ လေညင်းကလေးတွေ တဖြည်းဖြည်းတိုက်နေမှုကြောင့်သာ နေပူဒါဏ်ကို သူခံနိုင်ခြင်းပင်ဖြစ်ပေမည်။ သူ့အလုပ်က ချောချောမွေ့မွေ့ လုပ်ရသည့် အလုပ်မဟုတ်။ နားနားနေနေ လုပ်လည်းမရ။ သူ့အလုပ်က ကြမ်းတမ်းသည်။ တစ်ရက်လုပ်မှ ဘတ်ငွေ ၁၅၀ သာ ရတယ်။ သူ့အလုပ်က ပန်းရံအလုပ်။ ထိုင်းနိုင်ငံမှာကတော့ သူ့အတွက်ကတော့ ဒီလိုအလုပ်သာရှိသည်။ သူသာလျှင် ဒီလို ပန်းရံအလုပ်မျိုးကို တဦးတည်းလုပ်ရသည်မဟုတ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား အများစုကလည်း ဒီလိုအလုပ်မျိုးကို လုပ်ကိုင်ကြရသည်။ မိမိနိုင်ငံတွင်နေစဉ်အခါက အေးအေးဆေးဆေး လုပ်ကိုင်စားသောက် နေထိုင်ကြရပေမဲ့ အခြင်းတိုင်းတပါးကို အထင်ကြီးခဲ့မှုက တစ်ကြောင်း ပတ်ဝန်းကျင်ရဲ့ တိုက်တွန်းမှုကတစ်ကြောင်း သူထိုင်းနိုင်ငံကို ၂၀၀၄ အောက်တိုဘာလ လောက်က ရောက်ရှိခဲ့သည်။ သူနှင့်နီး စပ်တဲ့ မိတ်ဆွေတဦးရဲ့ ကူညီပံ့ပိုးမှုကြောင့် ထိုင်းနိုင်ငံကို ဟွေပုန်လောင်းဟုခေါ်သော နယ်စပ်လမ်းကတဆင့် ရောက်ရှိခဲ့သည်။
၁၆ရက်နေ့ ၁၀ လပိုင်း
“စိုးစိုး မနက်ဖြန်စောစော သံလွင်မှာ သွားစောင့်မယ်နော်” လို့ဦးလေး တင်ကြည်လောပြောတော့ မသွားဖူးတဲ့ နေရာ သွားဖူးတော့မှာမို့ စိုးစိုးတစ်ယောက်ပျော်နေသည်။ ဒီနေ့သူငယ်ချင်းတွေနဲ့လည်း ချိန်းထားသည် မဟုတ်လား။ စိုးစိုး သူငယ်ချင်းတွေဆီ သွားဖို့ပြင်နေသည်။
“သားစိုးစိုး မနက်ဖြန် အစောကြီးထရမယ်နော်”
“ဟုတ်ကဲ့ပါ အမေကလည်း”
“အရက်လည်းမသောက်ခဲ့နဲ့ဦးနော်”
“ဟာအမကလည်းဗျာ ကျွန်တော့်ကို အရက်သမားများ ထင်နေလား မသိဘူး”
“ဟုတ်တယ်သမီးကလည်း သားကမနက်ဖြန်ခရီးထွက်တော့မှာ စိတ်အနှောက်အယှက်ဖြစ်အောင် မပြောပါနဲ့”
“အမေကလည်း ဘာသိလို့လည်း အခုသူ သူ့သူငယ်ချင်းတွေဆီသွားမှာ”
“အမကလည်းဗျာ ကျွန်တော်သူငယ်ချင်းတွေဆီ သွားတိုင်း အရက်သောက်ရမှာတဲ့လားဗျာ”

“ကဲကဲ တော်ကြတော့ တော်ကြတော့ သားလည်းသွားစရာရှိတာ သွား၊ ပြီးရင် စောစောပြန်လာခဲ့၊ မိငယ်က လည်းတော်တော့ နင်တို့မှာ ဒီမောင်နှမနှစ်ယောက်ပဲရှိတာကို၊ ပြီးတော့နင့်မောင်လေးကို နင်မနက်ဖြန် တွေ့ချင်လည်းတွေ့ရတော့မှာမဟုတ်ဘူး”
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“ချိုဒီနေ့ လအရမ်းသာတယ်နော်”
“ဟာကိုစိုးကလည်း မနက်ဖြန်ကြရင် လပြည့်ပဲကို သာမှာပေါ့”
“ကိုစိုးချို့ကို ခွဲပြီးမသွားချင်ဘူးကွာ၊ ကိုယ်ချို့နဲ့ အတူတူ အမြဲတမ်း နေချင်တယ်သိလား”
“အပိုတွေ ကိုစိုး ချို့ကို ချစ်ရင် ချို့ကိုပြစ်ပြီး ထိုင်းနိုင်ငံကို ဘယ်သွားမှာလည်း”
“ဟောကြည့် သူဘဲအစက ပြောတော့ ကိုစိုးသွားချင်ရင်သွားဆို၊ ချိုကိုစိုး ထာဝရအမြဲတမ်း စောင့်နေမယ်ဆို”
“ကိုစိုးရဲ အခုချို့ ကိုစိုးနဲ့ မခွဲချင်တော့ဘူးသိလား”
“ကိုလည်းဘယ်ခွဲချင်မှာလည်း ချိုရယ်၊ အခြေအနေက ဒီလိုပေးလာတော့ ကိုယ်တို့ ခဏခွဲကြမယ်နော်၊ ကိုစိုးအတတ်နိုင်ဆုံး အမြန်ပြန်လာခဲ့မယ်နော်”
ချစ်သူရဲ့ ပါးပြင်ပေါ်က မျက်ရည်စများကို စိုးစိုး လက်ဖြင့် အသာအယာ သုပ်ယူပေးလိုက်ကာ
“မငိုတော့နဲ့ကွာ ချို၊ ကိုချို့နဲ့မခွဲခွာခင်လေး တညသာမှာ ပျော်ပျော်ရွင်ရွင်၊ ကြည်ကြည်နူးနူးနဲ့ ချို့ဘေးမှာ နေသွားချင်တယ်ကွာ”
“ဟုတ် ချိုမငိုတော့ဘူးနော်”
မျက်ရည်စများကိုသုတ်ကာ ပြုံးပြလာသော ချစ်သူရဲ့ မျက်နှာလေးက ၀န်းပနေလေသည်။

“သားပြန်လာပြီလား”
“ဟုတ်”
“အ၀တ်အစားတွေကော အားလုံးအဆင်သင့်ဖြစ်ပြီလား၊ သွားတိုက်ဆေးတို့၊ သွားတိုက်တံတို့ကော ထည့်ပြီး ပြီလား”
“ဟုတ်ကဲ့ အမေ”
“ယိုးဒယားမှာ အလုပ်သွားလုပ်တယ်ဆိုတာ လွယ်တာမဟုတ်ဘူး၊ မသွားပါနဲ့လို့ ပြောတာလည်း မရ၊ ဘယ်သွား သွား ဘုရားတရားကို မမေ့နဲ့နော် သိလား”
“ဟုတ်ကဲ့”
“ဟိုမှာအလုပ်သွားလုပ်ရင်လည်း သေသေချာချာ သွားလုပ်၊ အရက်တွေလည်း မသောက်စားနဲ့ မူးယစ်ဆေးဝါး မသုံးစွဲနဲ့၊ မကောင်းတဲ့ လူနဲ့ မပေါင်းနဲ့၊ နင့်ဦးလေး စကားကိုလည်း နားထောင်၊ ပိုက်ဆံမစုမိသေးရင်လည်း အမေတို့ကို မပို့ပေးနဲ့ သားအတွက်ပဲ လောက်အောင်သုံး၊ အမေတို့ အတွက် ဘာမှမပူနဲ့”
“ဟုတ်ကဲ့”
အမေ့ကို ဟုတ်ကဲ့ဟုသာ ပြောရသည်။ သူ့ရင်ထဲမှာ ၀မ်းနည်းနေသည်။ မိဘနဲ့ ခွဲခြင်းဒုက၊ ချစ်သူနှင့် ခွဲရခြင်း ဒုက ကို မနက်ဖြန် ရင်ဆိုင်ရတော့မည်။ ဒီညမှာမှ သူဘယ်လိုဖြစ်နေသည်မသိ။ ရင်ထဲမှာ အလိုလို ၀မ်းနည်းနေ သလိုလို စိတ်ထဲက ခံစားနေရသည်။ အမေမသိအောင် ကြိတ်ပြီး မျက်ရည်ကျနေသည်။ ဟိုအရင်က ပြောခဲ့သော အမေ့ရဲ့စကားကို ပြန်ပြီး အောက်မေ့သတိရနေမိသည်။
“သားရယ် အမေလည်း အသက်ကြီးပြီ၊ နင်လည်းအမေနဲ့နေပါလား၊ အမေတို့လည်း အဆင်ပြေနေတာပဲကို။ အမေတို့မှာလည်း ဒီမိသားစု (၃)ယောက်ပဲရှိတာကို”
“ဟာအမေကလည်း မသွားရင် မသိတဲ့၊ မရောက်ဖူးတဲ့နေရာ ရောက်ခွင့် ကြုံတုန်းသွားရမှာ၊ သားသွားချင်တယ် ဗျာ” လို့ဆိုပြီး အမေ့ကို ငြင်းခဲ့ဖူးသေးတယ်။ အခုတော့ အဲဒါတွေကို တွေးပြီး အမေနဲ့ခွဲခွာရမှာမို့ စိတ်ထဲမှာ ၀မ်းနည်းမိသလိုလို။ တဖက်က တွေးပြန်ရင်လည်း ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့သူတွေကိုကြည့် ငွေထုတ်ပိုက်ပြီး ပြန်လာတဲ့လူတွေ မနည်းဘူးတွေ့လား ဆိုတဲ့ ဦးလေးရဲ့ စကားကိုတွေးပြီး ဖြေသိမ်းခဲ့ရပေါင်း များလည်း များပြီလေ။ ဒီလိုနဲ့ ထိုင်းနိုင်ကို သူေ၇ာက်ခဲ့ရတာပေါ့။