Saturday, November 24, 2007

“ငါမင်းကိုလက်ခံပါသေးတယ်”

သွားပါ.... မင်းကြိုက်တဲ့နေရာကို
မင်းပျော်တဲ့နေရာကို ဆန္ဒရှိသလောက်
နေထိုင်ခဲ့ပါ။
နောင်တစ်ချိန်မှာ မင်းမပျော်ခဲ့ရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။

ယူသွားပါ....ငါ့မှာရှိသမျှ
စည်းစိမ်ဥစ္စာတွေကို
အကုန်ယူသွားပါ။
နောင်တစ်ချိန်မှာ ဒါတွေမင်းကုန်သွားခဲ့ရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။

ပြောသွားပါ...ငါ့မကောင်းကြောင်းတွေကို
လူတွေရဲ့ရှေ့မှောက်မှာ
မင်းဝအောင် ပြောသွားပါ
နောင်တစ်ချိန်မှာ မင်းမပြောချင်တော့ဘူးဆိုရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။

တွဲသွားပါ...မင်းကြိုက်တဲ့လူတွေကို
မင်းစိတ်တိုင်းကြ တွဲသွားပါ။
နောင်တစ်ချိန် မင်းတွဲလို့ဝသွားပြီဆိုရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။

ထိုးခိုင်းလိုက်ပါ...မင်းရဲ့လူယုံတော်တွေနဲ့
ငါ့ပါးတစ်ဖက် ရွဲ့စောင်းသွားအောင်
ထိုးခိုင်းလိုက်ပါ။
အကယ်၍ မင်းကျေနပ်ပြီဆိုရင်
ပြန်လာခဲ့ပါ ငါ့ဆီကို
ငါမင်းကိုလက်ခံပါသေးတယ်။


ရှမ်းကလေး

1 comments:

Kaung Kin Ko said...

ခွင့်လွှတ်နိုင်လှချည်လားဗျ။ အပြင်မှာကော။ :-D