Thursday, November 22, 2007

“တောင်းပန်ပါတယ်”

မလာခဲ့ပါနဲ့ 
မင်းခြေလှမ်းများရဲ့
ညှို့အားပြင်း စွမ်းအင်ထဲ
ငါတစ်ယောက်တည်း အခါခါသေဆုံး....။

ပြုံးမပြပါနဲ့ 
မင်းသိမ်းပိုက်ထားတဲ့
ငါရဲ့တစ်နေ့ တာအချိန်လေး
ပြောင်းဆန်သွားရင် ဒုက္ခပဲ...။

နှုတ်မဆက်ပါနဲ့ 
အဝေးကမြင်ရရုံနဲ့ 
ရင်ခုန်လွန်းတဲ့ ငါ့နှလုံးသား
မင်းစကားသံကြားရင်
အပြင်ကို ခုန်ထွက်လာမှာစိုးလို့ ပါ...။

ရှမ်းကလေး





2 comments:

မေပျို said...

မလာပါနဲ့တဲ့။ ဖတ်ဖတ်ချင်းလန့်သွားတာပဲ။ နှင်များ ထုတ်သလားလို့ ခေါင်းစဉ်ကြည့်လိုက်တော့လည်း တောင်းပန်ပါတယ်တဲ့။ ဟဲဟဲ နောက်တာနော်။ ရှမ်းကလေးက ကဗျာရေးလည်း တော်ပါပေတယ်။

Chaos said...

ကဗျာလေးကောင်းတ ယ်ရှင်
တကယ်ပြောတာပါ