Friday, January 4, 2008

ကြောက်တယ်ဗျာ... ဒီစကားတစ်ခွန်းကို

ချစ်သူ...မင်းတောင်းတတဲ့အချိန်တိုင်းမှာ
ကိုယ်...မင်းဆီကို တေဇလေယဉ်ပျံလိုပဲ အလျင်အမြန် ပျံပြီးလာခဲ့တယ်...

ချစ်သူ...မင်းလိုအပ်သမျ..အရာအားလုံးကို
သန်းရွေက..သူ့မြေးလေးဖိုးလပြည့်ကိုအလိုလိုက်သလို...
ကိုယ်ကလည်း...မင်းကိုတတ်နိုင်သမျဖြည့်ဆည်းပေးခဲ့တယ်..

ချစ်သူ...မင်းကလည်းကြိုင်ကြိုင်လို..အိုဟောင်းခေတ်နောက်ကျတဲ့
အောက်လမ်းဆရာတွေကို တွေ့မြင်ချင်တယ်ဆိုရင်တောင်မှ
ကိုယ်မြန်မာပြည်ကြီးကို...Air Bagan ဆိုတဲ့လေယဉ်ကိုစီးပြီး
အောက်လမ်းဆရာကို...အရခေါ်ပေးခဲ့တယ်...

ချစ်သူ...မင်းအတွက်
ကိုယ်အရာအားလုံး...ဖြည့်ဆီးပေးခဲ့တယ်...

ချစ်သူ...မင်းကကိုယ့်ကိုမုန်းတယ်လို့.. ဆိုလာမယ်ဆိုရင်တော့...
ကိုယ်တယောက်... ဒီစကားတစ်ခွန်းကိုတော့
မလိုက်လျှောပါရ စေနဲ့ကွာ...

ရှမ်းကလေး

0 comments: