Monday, February 4, 2008

တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင် (အပိုင်း-၅)

ကိုကံသာ ။ မင်္ဂလာပါ ညီလေးတို့ရေ

ကိုချင်း ။ မင်္ဂလာပါခင်ဗျား

ရှမ်းကလေး။ ။ မာကလာပင်ပါခင်ဗျား

ကိုကံသာ။ ။ နင့်အမေက လွား မာကလာပင်၊ ဘာတုန်း။ စကားအကောင်း ပြောနေတာ

ရှမ်းကလေး။ ။ ကျွန်တော့်အမေက လွား မဟုတ်ပါဘူးဗျာ၊ ကိုကံသာကလည်း

ကိုချင်း ။ လွားဆိုတာ ဘာတုန်း

ရှမ်းကလေး။ ။ လွားဆိုတာ ရှမ်းလိုဗျ

ကိုကံသာ။ ။ မင်းအဲ့ဒီလောက်တောင် ညံ့ရလားကွ မောင်ချင်းရ ရှမ်းကလေးနဲ့ ဒီလောက် အငြိမ့်ကလာတာ

ကိုချင်း ။ အကိုက သိလို့လားတဲ့

ကိုကံသာ။ ။ ဒီလောက်တော့ အပျော့ပါကွ၊ အတိတ်နဲ့ပေးပြီး မင်းဥာဏ် ဘယ်လောက်ကောင်း သလဲဆိုတာ ငါစမ်းဦးမယ်

ကိုချင်း ။ ဟာအကိုကလည်း အတိတ် ဘယ်ကောင်းမလဲဗျ. အနာဂတ်ဆိုရင် မဆိုးဘူးဗျ

ကိုကံသာ။ ။ ဟဲ့လဒရဲ့ အဲ့ဒီအတိတ်တို့၊ အနာဂတ်တို့ ပြောတာ မဟုတ်ဘူးကွ၊

ကိုချင်း ။ ဒါဆိုဘာတုန်း

ကိုကံသာ။ ။ အတိတ်ဆိုတာ ဗေဒင်ဆရာတို့က နှလုံးထီသို့ သုံးလုံးချဲသို့ ပေါက်အောင်လို့ဆိုပြီး အတိတ် ပေးတာလေကွာ

ကိုကံသာ။ ။ အော.. အဲ့လိုလား၊ ပေးလေခင်ဗျားညီမ

ကိုကံသာ။ ။ အေးရော့ယူ.. ပြီးရင်ငါ့ကိုပြန်လာ ပေးနော်.. ဟာ မင်းကလည်း ဘာတွေလျှောက်ပြောနေလဲမသိဘူး၊ ကဲ.. မင်းကိုအတိတ်စိမ်း ပေးရမယ်ဆိုရင် သူဆွဲငါဆွဲလို့ ပြောလို့ရတယ်

ကိုချင်း ။ သူဆွဲငါဆွဲဟုတ်လား

ရှမ်းကလေး။ ။ ဟုတ်တယ် အဲ့ဒါပဲ

ကိုချင်း ။ ဟာ.. ဒါဆိုငါသိပြီ

ကိုကံသာ။ ။ ဒါကြောင့် ငါ့ညီက တော်တယ်ပြောတာပေါ့၊ ကဲဒါဆိုဘာတုန်းပြော

ကိုချင်း ။ ငါတို့ မြန်မာပြည်က တပ်ကြပ်ကြီးတို့ စစ်ဗိုလ်တို့ တစ်အုပ်စု တအုပ်စုလေ သူဆွဲငါဆွဲဆိုတာ

ကိုကံသာ။ ။ နင်ဘိုးအေ.. နင့်လက်ထက်ကျမှပဲ သူဆွဲငါဆွဲတောင် နအဖ စစ်တပ်ဖြစ်သွားတယ်

ရှမ်းကလေး။ ။ ဟုတ်ပါ့ဗျာ၊ သူနဲ့ကျမ မြန်မာစကားပုံတောင် ပျက်ရတယ်

ကိုချင်း ။ ဟာဗျာ ခင်ဗျားတို့ မစဉ်းစားပဲမပြောနဲ့ဗျ၊ ကျွန်တော်ဆိုတဲ့ ကောင်က အကြောင်းအရင်း မရှိရင်မပြောဘူး၊ သက်သေ အခိုင်အလုံ မရှိရင် စကားကို ယောင်လို့တောင် မပြောဘူးဗျ

ကိုကံသာ။ ။ လာကလာသေးတယ် ဒါဆို သက်သေပြလေ

ကိုချင်း ။ ကဲဗျာ.. နအဖစစ်သားတွေ မိန်းကလေး တစ်ယောက်တွေ့ရင် ဟိုလူဆွဲလိုက် ဒီလူဆွဲလိုက် မတရား မလုပ်ဘူးလားဗျ၊ အဲ့ဒါသူဆွဲငါဆွဲ မဟုတ်လို့ ဘာတုန်း

ရှမ်းကလေး။ ။ ဟော.. ဒါလည်းမမှားဘူးဗျ ကိုချင်းညီမဆို ထိပ်ဆုံးကပဲ

ကိုချင်း ။ ဒါဆိုမင်းညီမက ဒုတိယပေါ့

ကိုကံသာ။ ။ ဟေး...

ကိုချင်း ။ ဘာဖြစ်တာတုန်း

ကိုကံသာ။ ။ ငါ့ညီမက တတိယ

ရှမ်းကလေး။ ။ ကိုယ့်ညီမတွေကို ပေးစားနေကြတယ် ဟုတ်လား..

ကိုကံသာ။ ။ ရှမ်းလိုပြောတဲ့ လွားဆိုတာ အဲ့ဒါကိုပြောတာမဟုတ်ဘူးကွ၊ လွားဆိုတာ လွှလို့ခေါ်တယ် ထင်းတုံးတွေကို ဖြတ်ရင် လွှကိုဆွဲပြီး သူဆွဲငါဆွဲ ပြီးဖြတ်တာလေကွာ

ကိုချင်း ။ ဟာ အကိုကလည်း သူဆွဲငါဆွဲ မဟုတ်ပါဘူးဗျ

ရှမ်းကလေး။ ။ ဒါဆိုဘာတုန်း ဂျီးကများသေးတယ်

ကိုချင်း ။ သူတွန်းငါတွန်း ပါဗျ

ကိုကံသာ။ ။ ဟာမောင်ချင်း

ကိုချင်း ။ ဘာတုန်း

ကိုကံသာ။ ။ ငါမနေ့က အိမ်မက်တစ်ခု မက်တယ်ကွ

ကိုချင်း ။ ဘာလုပ်ရမတုံး

ကိုကံသာ။ ။ မင်းနားမထောင် ချင်ဘူးလား

ကိုချင်း ။ ကောင်မလေးတွေ ပါလို့လား

ရှမ်းကလေး။ ။ ခင်ဗျားကလည်း အားအားရှိ ကောင်မလေးပဲ ပြောနေတယ်

ကိုကံသာ။ ။ ကောင်မလေးတော့ မပါဘူး ရှမ်းကလေးပဲပါတာ

ကိုချင်း ။ ဘယ်လို မက်တာတုန်း

ရှမ်းကလေး။ ။ ဟာအကို့ ညီမကော ပါလား

ကိုကံသာ။ ။ ငါ့ညီမ မပါဘူး၊ တူမလည်းမပါဘူး၊ ဒေါ်ဂျီးလည်း မပါဘူး.. အဖွား

ကိုချင်း ။ တော်တော်တော်.. ခဏနေ မြေးတွေ၊ မြစ်တွေ ပါလာဦးမယ် ခင်ဗျားအိမ်မက်သာပြောတော့

ကိုကံသာ။ ။ ဖြစ်ပုံက ဒီလိုကွ၊ ငါနဲ့မင်းနဲ့ စင်္ကာပူကို ခရီးထွက်တယ်တဲ့

ရှမ်းကလေး။ ။ ဟာ.. ကျွန်တော်က မလေးရှားကို သွားချင်တာ

ကိုကံသာ။ ။ အိမ်မက်ကွ၊ အိမ်မက်၊ ငါနဲ့မင်းလည်း စင်္ကာပူကို ဟို.. အဲပုဂံနဲ့ ခရီးထွက်တာကွ၊

ကိုချင်း ။ ဟာ .. အကိုကလည်း ကျွန်တော် သတင်းကြားတာ အဲပုဂံလေယဉ်က စင်္ကာပူတောင် မသွားနိုင်သေးဘူးဆို

ကိုကံသာ။ ။ နင့်မေဂျီးတော် လိုမှပဲ အိမ်မက်ဆိုမှ...၊

ရှမ်းကလေး။ ။ ပြီးတော့ရော. ဆက်ပြောလေဗျာ.. အဲပုဂံဆိုတော့ ချောချောလေးတွေ ပါမှာပေါ့ ဒါနဲ့ပဲ ကျွန်တော်နဲ့ ကိုကံသာ လည်း ချော်ချော်လေးတွေနဲ့ အီစီကလီ

ကိုကံသာ။ ။ ဟေ့ကောင် ဘာတွေ လျှောက်ပြောနေလဲကွ၊ မင်းနဲ့ငါနဲ့ ခရီးလည်းထွက်ရောက် လမ်းတစ်ဝက်ရောက်တော့ လေယဉ်က အခြေအနေ မကောင်းဘူးတဲ့ကွ၊ ဒါနဲ့မင်းနဲ့ငါလည်း လေယဉ်ပေါ်ကနေခုန်ချ လိုက်ကြသတဲ့ကွာ..

ကိုချင်း ။ ဟာ.. အဲ့လိုခုန်ချတော့ အကိုတို့ မသေဘူးလား

ကိုကံသာ။ ။ နင့်မေဂျီးတော် ငါ့ကိုဘာဖြစ် သွားသေးလည်း မမေးဘူး၊ မသေဘူးလားလို့ ထိပ်ဆုံးကမေးတယ်

ကိုချင်း ။ ဒါမှ အကို့ညီမနဲ့ ကျွန်တော်နဲ့ အီစီကလီ လုပ်လို့ရမှာပေါ့

ရှမ်းကလေး။ ။ အဲ့လောက်တော့ မသေနိုင်ပါဘူးဗျာ.. ကျွန်တော်နဲ့ ကိုကံသာက ဒီထက်မြင့်တဲ့ စတော်ဘယ်ရီ ပင်ပေါ်ကနေ တောင် ခုန်ချလာခဲ့တာ

ကိုကံသာ။ ။ ရှမ်းကလေး.. မင်းကလည်း စတော်ဘယ်ရီပင် မဟုတ်ပါဘူးကွာ.. ကန်စွန်းပင်ပေါ်ကပါကွ

ကိုချင်း ။ တော်တော်မြင့်တာ

ကိုကံသာ။ ။ ဟာခုဏကဟာ မပြီးသေးဘူးကွ..၊ ငါနဲ့ရှမ်းကလေးလည်း လေယဉ်ပေါ်က ခုန်ချတော့ ကံကောင်းချင် တော့ကွာ ငါကလိမ္မော်ရည် ဖျော်ထားတဲ့ တွင်းကြီးထဲကို ပြုတ်ကျသွားတယ် ဗလုန်းဆိုပြီးတော့

ကိုချင်း ။ ဟား... တော်သေးတာပေါ့ မသေကောင်း မပျောက်ကောင်း

ရှမ်းကလေး။ ။ ကျွန်တော်ကရော

ကိုကံသာ။ ။ စိတ်တော့မကောင်း ပါဘူးကွာ မင်းက အိမ်သာကျွန်းထဲကို ပြုတ်ကျသွားတယ်ကွ.. အဲ့ဒီအချိန်မှာပဲ ငါလည်း လန့်နိုးလာတာပဲ

ရှမ်းကလေးတစ်ယောက် မျက်နှာပေါ်မှာ ဒေါသတွေထွက်နေ

ကိုချင်း ။ သနားစရာ ရှမ်းကလေးပါလား

ကိုချင်းလည်းပြောပြီးရော ရှမ်းကလေးလည်း ဒေါသမျက်နှာကို လျှော့ချပြီး

ရှမ်းကလေး။ ။ ဟာ.. ကိုကံသာလန့်နိုးသွားတော့၊ ကျွန်တော်က အဲ့ဒီအိမ်မက်ကိုပဲ အဆုံးထိဆက်မက်တယ်ဗျ

ကိုကံသာ။ ။ ဟေဟုတ်လား၊ ဘယ်လိုမက်တုန်း....

ရှမ်းကလေး။ ။ ကျွန်တော်လည်း အိမ်သာကျွန်းထဲကို ပြန်တက်လာတော့၊ အကိုနဲ့ကျွန်တော်က တစ်ယောက်ကိုတစ်ယောက် လျှာနဲ့ လျက်ကြသတဲ့

ကိုကံသာ။ ။ ထွီး... ဒါကြောင့်ငါလျှာ ချိုနေတာ.. ဟာ..မင်းကလည်း လျှောက်ပြောတော့မယ်

ကိုချင်း ။ တော်တော်ချိုတယ်နော်..

ကိုကံသာ။ ။ ဟာ.. မောင်ချင်း.. မင်းခုဏက ငါ့ညီမကို တစ်ခုပြော သွားတယ်နော်

ကိုချင်း ။ ဘာဖြစ်လို့လဲ

ကိုကံသာ။ ။ ဟာငါ့ညီမကို ငါဘယ်လောက်ချစ်တယ် ဆိုတာ မင်းတို့သိ တယ်မဟုတ်လား

ရှမ်းကလေး။ ။ ဟာအကိုကလည်း အကို့ညီမကို ကျွန်တော်ချစ်သလောက် အကိုချစ်တယ်ဆိုတာ ကျွန်တော်သိပါတယ်ဗျ

ကိုကံသာ။ ။ အေ.. အခုငါ့ညီမကို မင်းလို မဟုတ်သရုပ်ကောင် ယူမှာကြောက်လို့ ငါယောကျာင်္း ပေးစားလိုက်ပြီကွ..

ကိုချင်း ။ ဟေ.. ဟုတ်လား ဘယ်သူနဲ့တုန်း

ကိုကံသာ။ ။ ယောကျာင်္းပေးစားပြီး တစ်ပတ် နှစ်ပတ်လည်းကြာရော ငါ့အိမ်ကိုပေါက်ချလာပြီး ဘာလာပြော တယ်ထင်တုန်း

ရှမ်းကလေး။ ။ ဘာလာပြောသွားတုန်း...

ကိုကံသာ။ ။ ငါ့ညီမကလေ အကိုတဲ့ ညီမအပျို ဘ၀တုန်းက ညီမကိုလိုက်ကြိုက်တဲ့ လူတွေအများကြီးပဲတဲ့

ကိုချင်း ။ အေးလေ ဟုတ်တာပဲ ကျွန်တော် တောင်ပါတာပဲ

ရှမ်းကလေး။ ။ အရေးထဲ သူက အဆစ်ပါလိုက် သေးတယ်.. ခင်ဗျားညီမက ဘာတွေဆက်ပြော သေးတုန်း

ကိုကံသာ။ ။ အဲ့လိုကြိုက်တဲ့ လူတွေအများကြီး ရှိရဲ့သားနဲ့ ဘာလို့အကိုက သူ့တစ်ယောက်ထဲကို ငါ့ညီမစကား မဆုံးသေးဘူး. ငါလည်းဖြတ်ပြီးတော့

ကိုချင်း ။ ပါးရိုက်လိုက်တာလား

ကိုကံသာ။ ။ အေးဟုတ်တယ်.. ဖြန်းကနဲ.. အဲ့ဟုတ်ပါဘူး.. မင်းကလည်း ငါ့ညီမကို ငါပိုးမွားလေးလို ထားတာ ဘာလို့ ရိုက်ရမလဲကွ

ကိုချင်း ။ ဒါဆို ဖြတ်ပြီးတော့ ဘာလုပ်တာတုန်း

ကိုကံသာ။ ။ ဖြတ်ပြီးတော့ ပြောတာပေါ့ ငါ့ညီမကို ဒီကောင်က ဘာလုပ်လဲပြော၊ နင်ယူသွားတဲ့ ကောင်က နင့်ကိုမချစ်လို့လား. တွေ့မယ် ငါနဲ့တွေ့မယ်

ရှမ်းကလေး။ ။ သူက ဘာပြန်ပြောတုန်း

ကိုကံသာ။ ။ ဟာ.. မဟုတ်ပါဘူးတဲ့ အကိုကလည်း . ညီမအပျို ဘ၀တုန်းက ညီမကိုကြိုက်တဲ့လူ အဲ့လောက်တောင် များရဲ့သားနဲ့ ဘာလို့အကိုက ညီမကို သူ့တစ်ယောက်ထဲပဲ ပေးစားသလဲတဲ့။ ဘာလို့ အကုန်လုံးနဲ့ မပေးစားတာလည်းတဲ့ ညီမလည်း တစ်ယောက်ထဲနဲ့ ပျင်းတာပေါ့တဲ့

ကိုချင်း ။ အကို့ညီမကတော့ လင်တရှူးပဲ

ကိုကံသာ။ ။ သူနောက်ဆုံး တစ်ခွန်း ထပ်ပြောသွားသေးတယ်ကွ

ရှမ်းကလေး။ ။ ဘာပြောတာတုန်း

ကိုကံသာ။ ။ ဘာလဲ အကိုက ညီမကို မနာလိုလို့လားတဲ့

ကိုကံသာရဲ့ ညီမစကားကြောင့် ကျွန်တော်နဲ့ ကိုချင်းလည်း ဇာတ်စင်နောက်တို့ ပြေးသွားကာ တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင် အပိုင်း(၅)ကိုလည်း ဒီတွင်ပဲရပ်နားလိုက်ပါတယ်ခင်ဗျား...

ရှမ်းကလေး

1 comments:

လင်းလက်ကြယ်စင် said...

ရီစရာရေးတတ်တဲ့ ရှမ်းကလေး တော်ပါပေတယ်။ အငြိမ့်ကိုသေချာလာဖတ်သွားတယ်နော် :)