Sunday, December 30, 2007

နှစ်သစ်ကိုကြိုဆိုခြင်း

နှစ်သစ်မှာ ပျော်ရွင်ခြင်းတွေ၊ ကံကောင်းခြင်းတွေကိုယူဆောင်နိုင်ကြပါ စေလို့ ကျွန်တော် မောင်ရှမ်းကလေးနေပြီးတော့ အားလုံးသော ဘလော့ညီအကိုတွေနဲ့ ဘလော့ဂါညီအမတွေကို သော်လည်းကောင်း၊ အားလုံးသောကမ္ဘာပေါ်ရှိလူသားအားလုံးသာမက ဂြိုလ်တွေမှာရှိတဲ့ ဂြိုလ်သားတွေပါ ယူဆောင်နိုင်ကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျား။ နှစ်ဟောင်းက အညစ်အကြေး၊ မကောင်းသော အရာမှန်သမျှ နှစ်ဟောင်းမှာပဲ ကျန်နိုင်စေပြီး ဤ (၂၀၀၈) ဆိုသော နှစ်သစ်ကြီးထံသို့ ယူဆောင်လာနိုင်ခြင်း မရှိကြပါစေနဲ့လို့ ရှမ်းကလေးမှ ဆုမွန် ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျား။ ပြီးတော့ ဤ(၂၀၀၈)ဆိုသော နှစ်သစ်ကြီးမှာ ချစ်ခင်ပေါင်းသင်းနေထိုင်နေကြသော ချစ်သူရည်းစားများကလည်း သက်ပေါင်းရာကျော် ရှည်ကြာစွာပေါင်းနိုင်ကြစေပြီး၊ ရည်းစားချစ်သူမရှိတဲ့ လေးစားချစ်ခင်ရပါတဲ့ ညီအကို၊ ညီအမ တွေကလည်း ကိုယ်ချစ်တဲ့ သူတွေနဲ့ ချစ်သူဖြစ်နိုင်ကြစေပြီး သက်ပေါင်းထောင်ကျော် ကြာရှည်စွာ ပေါင်းသင်းနေထိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း နှစ်သစ်ဆိုတဲ့ ဤ(၂၀၀၈) ခုနှစ်ကြီးကို ဒီလောက်နှင့်သာ ကြိုဆိုနှုတ်ဆက်ပါရစေခင်ဗျား။
ရှမ်းကလေးကိုလည်းဆုတောင်းပေးကြဦးနော်။

ရှမ်းကလေး

Saturday, December 29, 2007

ကျေးဇူးကြီးမားလှသည့် ဆရာသမားများ

ဘုရား၊ တရား၊ သံဃာ
ဆရာ၊ မိဘဟူ၍
စာဆိုတွေရှိခဲ့ကြတယ်။

လူတယောက်ဟာ ကျောင်းသားအဖြစ်သို့
ရောက်ရှိလာလျှင် ဆရာဟူသော
မေတ္တာကြီးမားလှသည့်
ကျေးဇူးရှင်နှင့် ဧကန်မလွဲ
တွေ့ရပေမည် ဖြစ်ပါသည်။

တွေ့စဉ်ခိုက်ဝယ် ဆရာများက
ဆုံးမသွန်သင် ပညာသင်ပေးလျက်
တပည့်များကို ခွဲခြားဆက်ဆံ
မပြုမူပဲ မေတ္တာထားကာ
ပညာတွေကိုသင်ပေးခဲ့တယ်။

နေပူမရှောင် မိုးရွာမရှား
ကျောင်းသို့လာကာ
သူတို့သင်ယူလာခဲ့သမျှ
ပညာများကို တစ်လုံးမကျန်
တပည့်များကို ဝေမျှပေးခဲ့ကြတယ်။

အတန်းသင်စာမေးပွဲကြီး
နီးလာလျှင်လည်း
သူတို့တတ်နိုင်သမျှ တပည့်များကို
အိမ်တို့ခေါ်ကာ စာတွေကူကျက်ပေးခဲ့ကြတယ်။

အို...ကျေးဇူးကြီးမားလှသည့်
ဆရာသမားများကို ဤကဗျာတစ်ပဒ်နဲ့
ကန်တော့ပါရစေလား။

ရှမ်းကလေး

Thursday, December 27, 2007

မခိုင်ခန့်သောဇာတ်စင်နှင့် ပညာမရှိသောလူငယ်များ

မိတ်ဆွေတို့ပျော်ရွင်အောင်ရီရအောင်လို့လျှောက်ရေးထားတာ။ အားလုံးပျော်ရွင်နိုင်ကြစေခင်ဗျား

ကိုငပျော့။ ။ မင်္ဂလာရှိသောနံနက်ခင်းပါ ကိုကျောက်ခဲရေ့။

ကိုသံခဲ။ ။ ခင်ဗျားကလည်းပြောတော့မယ် ကိုသံခဲပါဗျ။

ကိုငပျော့။ ။ အော..ဟုတ်ကဲ့မှားသွားလို့ပါ ကိုကျောက်ခဲ ဟဲဟုတ်ပါဘူး ကိုသံခဲရေ့။ “တစ်ခါတစ်လေမှာ စိတ်တွေက
ဂယောင်ချောက်ခြား သေနတ်သံများကြားသလားလို့”

ကိုသံခဲ၊။ ။ ထားလိုက်ပါတော့ ကိုငပျော့ရ ။ ခုချိန်မှာ သေနတ်တို့ နံနတ်တို့မပြောနဲ့ဗျာ။

ကိုငပျော့။ ။ ဟို...ဘာဖြစ်လို့လဲကိုသံခဲရ။

ကိုသံခဲ။ ။ အခုခေတ်မှာ သေနတ်လို့ပြောရင် တကယ်သေသတဲ့ဗျာ။

ကိုငပျော့။ ။ အကြောင်းအရင်းလေး ရှင်းပြပါဦးဗျ။

ကိုသံခဲ။ ။ ရှင်းရင်ရှူပ်။ ရှူတ်ရင်အလုပ်ထုတ်ခံရမယ်။ အခုတော့ရှင်းတော့ဘူးဗျာ။

ကိုသံခဲနှင့် ကိုငပျော့စကားပြောချိန်တွင် ကိုရွေသွေးဝင်ရောက်လာ။

ကိုရွေသွေး။ ။ မရှင်းနဲ့ခင်ဗျားရဲ့ အကြွေးရှင်တွေက ရဲနဲ့ဖမ်းခိုင်းလိုက်မယ်။

ကိုသံခဲ။ ။ ဟာဘယ်မှာလည်းရဲ။ ဘယ်မှာလည်း။ ဟာမင်းကလည်းအရေးထဲ လာရှူတ်သွားသေးတယ်။

ကိုငပျော့။ ။ ကဲ...ကိုရွေသေးလည်းရောက်လို့လာပြီ ကိုသံခဲရေ။ ဒါဆိုကျွန်တော်တို့ ရဲ့ အစီအစဉ်လေးကိုစလို့ရပြီထင်တာပဲ။

ကိုသံခဲ။ ။ မှန်လိုက်လေ.. ကိုငပျော့ရေ။ ဒါနဲ့နေစမ်းပါဦး ကျွန်တော်တို့က ဘာအစီအစဉ်ကိုစရ...

စကားမဆုံးသေးခင် ကိုသံခဲခေါင်းပေါ်တို့ သံခဲတစ်ခဲ()အောဟုတ်ပါဘူး။ အရာတစ်ခုကြလာ
ဗျိန်း...ဗျိန်း...ဗျိန်း...

ကိုငပျော့။ ။ ခင်ဗျားကလည်းလုပ်လိုက်မှဖြင့် အခုခင်ဗျားဘယ်ရောက်နေလည်း။

ကိုသံခဲ။ ။ ရွဲ့စောင်းနေတဲ့ဇာတ်စင်ပေါ်။

ကိုငပျော့။ ။ ခင်ဗျားရဲ့အနောက်မှာ ဘာတွေရေးထားသေးလည်း။

ကိုသံခဲ။ ။ ၁၄၊ ၁၀၊ ၂၀၀၇

ဗျိန်း...ဗျိန်း....ဗျိန်း....

ကိုသံခဲ။ ။ ဘာလုပ်တာလဲဗျ။

ကိုငပျော့။ ။ ခင်ဗျားကိုရက်စွဲတွေကြည့်ခိုင်းတာမဟုတ်ဘူး။

ကိုသံခဲ။ ။ ရက်စွဲမကြည့်ခိုင်းလို့ ခင်ဗျားဂျီးဒေါ်ကိုကြည့်ခိုင်းတာလား။

ကိုငပျော့။ ။ အရေးထဲ ဖွတ်ကကြောင်လိုက်သေးတယ်။

ကိုရွေသွေး။ ။ ကဲ...ကဲ...ကဲ.. တော်ကြပါတော့ဗျာ။ အခုကျွန်တော်တိုဇာတ်စင်ပေါ်ရောက်နေရခြင်းအကြောင်းအရင်း ကတော့ အမျိုးသားနေ့အကြောင်းကို ဘယ်လောက်သိသလဲဆိုတာ လူငယ်တွေကို မေးခွန်းမေးမလို့ မဟုတ်ပေဘူးလား ကိုငပျော့ရေ။

ကိုငပျော့။ ။ မှန်လိုက်လေကိုရွေသွေးရေ။

ကိုသံခဲ။ ။အော..အော

ကိုငပျော့။ ။ အခုမှမအော်နဲ့။ သူများအကြွေးယူပြီးပြန်ဆပ်ရတယ်ဗျ။

ကိုသံခဲ။ ။ မင်းကလဲ လုပ်လိုက်ရင်တလွဲ။ ပြောလိုက်ရင်တစ်ခြား။ ငါအောလို့ပြောတာက မင်းဂျီးဒေါ်ကိုတွေ့လို့မဟုတ် ဘူးကွ။
ကိုငပျော့။ ။ အားအားရှိဒီဂျီးဒေါ်ကိုပဲလာလာပြောနေ။

ကိုသံခဲ။ ။ ကဲကိုရွေသွေးရေ အစီအစဉ်လေးစလိုက်ကြအောင်ဗျို့။

ကိုရွေသွေး။ ။ ကြွရောက်လာကြတော့ ပရိတ်သပ်များခင်ဗျား။ အခုချိန်ကစပြီး ကျွန်တော်တို့ရဲ့ တက်သစ်စ မြန်မာလူငယ်လေး(3) ယောက်ကိုအမျိုးသားနေ့ဘယ်လောက်သိကြောင်းကို အင်တာဖူးလုပ်ပါမယ်ခင်ဗျား။

ကိုသံခဲ။ ။ တွေ့ဆုံမေးမြန်းမယ်ဆိုပြီးရော.. ဘယ်နဲ့ကြောင့်ဘိုလိုမုတ်ရတာလည်းဗျ။

ကိုရွေသွေး။ ။ ဒီခေတ်ကဗိုလ်ခေတ်လေဗျာ။

ကိုငပျော့။ ။ ကဲကဲကဲ ကိုသဲခဲနဲ့ကိုရွေသွေးရေ။ အမျိုးသားနေ့ဆိုဘယ်လိုပေါ်ထွန်းလာသလဲလို့ ဖြေဖို့လူငယ်တွေက
လည်း ပါးစပ်တွေယားလို့ ကုတ်နေကြသတဲ့အဲဟုတ်ပါဝူး အရမ်းပဲဖြေချင်နေပြီတဲ့ဗျ

ကိုရွေသွေး။ ။ ကဲ ဒါဆိုလဲလုပ်လိုက်လေ။ ကဲ ဟိုဖြေရမဲ့ညီလေး(၃)ယောက်တို့ရေ ဇာတ်စင်ရှေ့တို့ထွက်လာကြ..

ကိုရွေသွေးစကားမဆုံးမီ ကိုယ်လုံးကိုထည် အရမ်းဝသောလူငယ်တစ်ဦး ဇာတ်စင်ရှေ့တို့ထွက်လာ

ကိုသံခဲ။ ။ ဟိုး...ဟိုး...နေဦး။

ကိုငါပျော့။ ။ ခင်ဗျားညီမမလာသေးလို့လား။ ဘယ်သူ့ကိုစောင့်မလို့လဲဗျ။

ကိုသံခဲ။ ။ အရေးထဲဘူးကထ။ မဟုတ်ဘူးဗျ။ ကျွန်တော်ဆင်းတော့မလို့

ကိုငပျော့။ ။ ခင်ဗျားကဘယ်သွားမလို့လဲ။ လူငယ်လေးတွေကိုမေးခွန်းမေးရဦးမယ်လေဗျာ။

ကိုသံခဲ။ ။ ခင်ဗျားတို့ဆောက်ထားတဲ့ဇာတ်စင်ကိုလည်းပြန်ကြည့်ဦး။ ပြီးတော့ခင်ဗျားတို့မေးမဲ့ လူငယ်ကလေး ကိုလည်းပြန်ကြည့်ဦး။ ဒါတောင်မှတစ်ယောက်ပဲထွက်လာသေးတယ်။ (၃)ယောက်များဆိုရင်တော့....

ကိုရွေသွေး။ ။ ရပါတယ်ဗျာ။ နောက်ထပ်ထွက်လာမဲ့လူငယ်လေးတွေကိုလည်းစောင့်ကြည့်ပါဦး။

ကိုရွေသွေးစကားဆုံးခြင်းမှာပင် ပိန်လီသောလူငယ်နှစ်ဦးထွက်လာ။

ကိုသံခဲ။ ။ အော်....ဒီလိုကိုး။

ကိုငပျော့။ ။ ဒါကြောင့်...ခင်ဗျားကိုပြောတာ...စောင့်ပါစောင့်ပါ

ကိုသံခဲ။ ။ အခုမှသူက ၂နှစ်ခွဲ။ ကျွန်တော်က ၂၅နှစ် ဘယ်လိုလို့သွားစောင့်ရမလဲဗျ။

ကိုငပျော့။ ။ ခင်ဗျားကဘယ်သူ့ကိုစောင့်သတုန်းဗျ။

ကိုသံခဲ။ ။ လမ်းထိတ်က သူကြီးရဲ့သမီး ငယ်လေးလေ

ကိုငပျော့။ ။ ခင်ဗျားကလည်းတစ်မှောက်။ ခင်ဗျားကိုပြောတာ အလုပ်တစ်ခုလုပ်ရင် ပြီးအောင်စောင့်ပါလို့ ပြောတာ။
ခင်ဗျားကို မိန်းမယူဖို့စောင့်ခိုင်းတာမဟုတ်ဘူး။ စောင့်လည်းမစောင့်နဲ့။ ရမဲ့လူမျိုးမဟုတ်ဘူး။

ကိုရွေသွေး။ ။ ကဲကိုတို့နှစ်ယောက်ရေ။ ဖြစ်စရာရှိရင်လည်းနောက်မှဖြစ်။ ပြောစရာရှိရင်လည်းနောက်မှပြော။
အခုလောလောဆယ် ညီသုံးယောက်လည်း စောင့်ရလို့ အဖြေတွေတောင်မေ့ကုန်ပြီလားမသိဘူး။

ကိုသံခဲ။ ။ ကဲ..ကဲ...ကဲ..မင်္ဂလာပါညီငယ်တို့ရေ။

လူငယ်သုံးဦးကတစ်ပြိုင်နက်
။ ။ မာကလင်ပါဘကြီးတို့ရေ။

ကိုသံခဲ။ ။ သွားပါပြီ...လာတာနဲ့ပြောင်းပြန်လူသားတွေ။

ကိုငပျော့။ ။ ကဲညီလေးတို့ရေ...ပထမဦးဆုံးညီလေးတို့ကို ဗျူးမှာက အမျိုးသားနေ့ဘယ်လိုပေါ်ထွန်းရသလဲဆိုတာ ပြောကြပါဦး။

ပိန်လီလီပထမလူငယ်တစ်ဦး
“ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာဖွင့်လှစ်တဲ့ အမျိုးသားနေ့မှာ အစည်းအဝေးပွဲမှာဆိုရင် အစည်းအဝေးသွားတက်ရတဲ့အတွေ့အကြုံနဲ့ပြောရမယ်ဆိုရင်တော့ အမျိုးသားနေ့ဟာ ယောကျာင်္းတစ်ယောက်နဲ့ မိန်းမတစ်ယောက်ယူလိုက်တယ်ဗျာ။ ပြီးတော့ ယောကျာင်္လေးမွေးလာတယ်။ အဲဒီကလေးမွေးလာတဲ့နေ့ကိုအမျိုးသားနေ့လို့ခေါ်တယ်။ ဒါပါပဲသိပ်မဆန်းပါဘူး။ ဦးလေးတို့မသိရင်ပြောပေါ့။ ကျွန်တော်သင်ပေးမှာပေါ့။

ကိုသံခဲ။ ။ မင်းပြောမှလား။ ဒါတော့ငါလည်းသိတာပေါ့။

လူငယ်။ ။ သိရင်ဘာလို့မေးတာလည်း။

ကိုရွေသွေး။ ။ ကဲကိုသံခဲရေ၊ ကလေးနဲ့ဖက်ပြီးရန်မဖြစ်ပါနဲ့ဗျာ

ကိုရွေသွေး။ ။ ကဲနောက်ထပ်ညီလေးတစ်ယောက်ကောဖြေစမ်းပါဦး။

ဒုတိယလူငယ်။ ။ ကျွန်တော်ကတော့ သင်တန်းသိပ်တက်လေ့မရှိဘူးဗျ။ ဒါပေမဲ့ ကျွန်တော်အဖေက ကျွန်တော့်ကို အမြဲတမ်း ပြောဖူးတယ်။ အမျိုးသားနေ့ဟာ အဲ့ဒီယောက်ကျားတစ်ယောက်က မိန်းမမယူပဲ သေသွားရင် အဲ့ဒီသေသွားတဲ့ နေ့ဟာ အမျိုးသားနေ့ပဲလို့ ပြောဖူးတယ်၊

ကိုငပျော့။ ။ ဒါနဲ့ညီလေးအဖေက ဘယ်ကလည်း။

ဒုတိယလူငယ်။ ။ ကျွန်တော့်အဖေကငယ်ငယ်ကတည်းက မိန်းမ(၅)ယောက်ယူပြီး မရှာကြွေးနိုင်တော့လို့ စစ်ထဲဝင်သွားတာ မိန်းမ(၃)ယောက်နဲ့ ငြိမ့်နေတယ်တဲ့၊

ကိုငပျော့။ ။ ညီ့အဖေကိုတော့လက်လံတယ်။

ကိုသံခဲ။ ။ ပုဆိုးလန်ပါဗျ။

ကိုရွေသွေး။ ။ ကဲညီလေးပိန်ပိန်လေးအဲဟုတ်ပါဝူး ၀ဖီးနေတဲ့ညီငယ်လေးဖြေပါဦး။ အမျိုးသားနေ့ဆိုတာလေးကို၊

ဝသောညီငယ်။ ။ အဟမ်းဟမ်း

ကိုငပျော့။ ။ မှန်ချိုယူအုံးမလား။

ဝသောညီငယ်။ ။ အရေးထဲ..ကြော်ညာက၀င်သေးတယ်။ ကျွန်တော်ကလူဝတစ်ယောက်ဆိုတော့ အမျိုးသားနေ့အခမ်း
အနားကိုသိပ်မတက်ဖြစ်ပါဘူးဗျာ။ အဲကျွန်တော်အမျိုးသားနေ့ဘာကြောင့်ဖြစ်ပေါ်လာရတာလဲဆိုတာကိုတော့ သူများနဲ့ မတူကွဲပြားအောင်ပြောရမယ်ဆိုရင်တော့ အမျိုးသားနေ့ဟာ အမျိုးသားနေပဲပေါ့ဗျာ။ နိုဝင်ဘာလ ၁၄ ရက်နေ့လေ မသိကြ ဘူးလား။ ဦးဦးတို့မှတ်ထား။ မသိရင် google မှာရှာ။ နောက်တစ်ခါဒီလိုဇာတ်စင်စုတ်ပေါ်မခေါ်နဲ့။ ”ဆိုပြီး ၀သောလူငယ် ဇါတ်စင်ပေါ်ကနေခုဆင်းလိုက်တာ ကိုရွေသွေး၊ ကိုငပျော့နဲ့ ကိုသံခဲတို့ တီးတိုးပြောလိုက်တာကတော့ တော်တော် ပညာရှိတဲ့ လူငယ်တွေပဲကွ။ ငါတို့မြန်မာနိုင်ငံအတွက်တော့အားကိုးရဦးမယ်။ နောက်ဆုံးသူတို့သုံးဦးပြောလိုက်တာကတော့
“ငါတို့စင်ပျိုတော့မယ်ကွ”တဲ့၊
ရှမ်းကလေး

“ဒုက္ခသည်များနှင့် ထိုင်းအာဏာပိုင်များ ဆွေးနွေးမှု ပြန်လည်စတင်။ အမြင်ကွဲလွဲမှုများရှိ”

Network Media Group
အောင်မိုးမြင့်။ဒီဇင်ဘာလ ၂၇ ရက်၊ ၂၀၀၇ ခုနှစ်။
ထိုင်းမြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းရှိ ထိုင်းမြို့နယ်လုံခြုံရေးတပ်ဖွဲ့နှင့် ဒုက္ခသည်များအကြား ဒီဇင်ဘာလ ၁၅ ရက်နေ့၌ ဖြစ်ပွားခဲ့သည့် ပြသနာများ ပြေလည်ရန်အတွက် ဆွေးနွေးမှုများ ပြန်လည်စတင်နေပြီဖြစ်သည်။ဆွေးနွေးရာတွင် ထိုင်းအာဏာပိုင်များနှင့် ဒုက္ခသည်များအကြား အမြင်ကွဲလွဲမှုများ ရှိသည်ဟု ဒုက္ခသည်စခန်း ကော်မတီ တာဝန်ရှိသူများက ပြောသည်။
ဆွေးနွေးပွဲကို ယမန်နေ့ နေ့လည် ၂ နာရီမှစတင်ခဲ့သည်။ ဒုက္ခသည်စခန်းကို တာဝန်ယူခဲ့သည့် ထိုင်းအုပ်ချူပ် ရေးမှုး ပလပ် ၀ပ်ချလ နှင့် စခန်းလူငယ်များအပါအ၀င် ကရင်နီ ဒုက္ခသည်စခန်း ကော်မတီ KNRC မှ တာဝန်ရှိသူများပါဝင်ပြီး ဆွေးနွေးပွဲမှာ သုံးရက်ကြာမည်ဖြစ်သည်။ ဆွေးနွေးမှုနှင့် ပတ်သက်၍ စခန်းကော်မတီ အတွင်းရေးမှူး ဖိုးကူးက ယခုလိုပြောသည်။
မနေ့က ပြောတာကတော့ သူတို့ကတော့ အဲ့ဒီ ထိုင်းဖက်ကတော့ သူတို့ဒီ ပေါ်လစီအရပဲ အများ အားဖြင့် ခင်းပြတယ်။ နောက် ကျနော်တို့က နည်းနည်းပါးပါးပေါ့ အဲ့ဒီပေါ်လစီကို အဲ့ဒီ ပေါ်လစီကြား မှာ ကျနော်တို့အတွက် တအား ကျဉ်းကြပ်လွန်းတယ်ပေါ့။ ဒါတွေကို ကျနော်တို့ သူတို့ကို ပြောပြ တယ်လေ ဒါပေမဲ့ သူတို့က သူ့အနေနဲ့တော့ ဘာမှ မလုပ်ပေးနိုင်ဘူးပေါ့။ ဒါက အစိုးရကနေ ချမှတ် တယ်ဆိုတော့ ကျနော်တို့က ပေါ်လစီအတိုင်းပဲသွားရတယ်လို့ သူတို့က အဲ့လိုမျိုးပဲ ကျနော်တို့ကို ရှင်းပြတယ်လေ။စခန်းတွင်းရှိ လူငယ်များမှ တောင်းဆိုထားသည့် စခန်းတွင်း၌ ထိုင်းမြို့နယ်လုံခြုံရေးတပ်ဖွဲ့ (အောဆော်)မထား ရှိရန်။ ထိုင်းအာဏာပိုင်မှ စခန်း၏ အုပ်ချုပ်ရေးကိစ္စရပ်များကို တိုက်ရိုက် ၀င်ရောက်စွက်ဖက်မှု မပြုရန်၊ ဆုံးရှုံးနေ သည့် အခြေခံလူ့အခွင့်အရေးများ ပြန်လည်ရရှိရန်နှင့် ဒီဇင်ဘာ ၁၄ နှင့် ၁၅ ရက်တွင် ဖြစ်ပွားခဲ့မှုကို အမှုမှန် ဖေါ်ထုတ်ပေးရန် စသည့် အချက် ၈ ချက်ပါသည့် တောင်းဆိုချက်ကို ဆွေးနွေးခြင်းမရှိသေးဟု ပြောသည်။
ထိုင်းအုပ်ချူပ်ရေးမှုး ပလပ် ၀ပ်ချလ က ဒုက္ခသည်များနှင့် ထိုင်းမြို့နယ်လုံခြုံရေးတပ်ဖွဲ့များ ရုန်းရင်းဆန်ခတ် ဖြစ် ပွားခဲ့မှုတွင် ကျောင်းသားတစ်ဦး သေဆုံးခဲ့မှုနှင့် ထိုင်းလုံခြုံရေး တပ်စခန်း သုံးခု ပျက်ဆီးခဲ့မှုတွင် ထိုင်းလုံခြုံရေး တပ်ဖွဲ့ဘက်မှ မှန်ကန်ကြောင်း ပြောဆိုသည်ဟု အတွင်းရေးမှုး ဖိုးကူးက ဆက်လက်ရှင်းပြသည်။
အဲ့ဒီအပေါ်မှာတော့ ကျနော်တို့ ပြောတာက သူကတော့ ကျနော်တို့ တဖက်မှာပဲ သူပိုပြီး ရပ်တည်ချင် တယ်နော်။ ပြသနာတစ်ခုကို ကျနော်တို့ ပို့လိုက်တဲ့သတင်းနဲ့ သူ့ဘက်က သူယူလိုက်တဲ့သတင်းက သူ့ဘက်ကတော့ သူလျှော့လျှော့ပေါ့ပေါ့ပဲယူတယ်ပေါ့နော်။ ကျနော်တို့ဘက်က ကျနော်တို့ အပြည့် အစုံယူထားတယ်။ အဲ့ဒါကို သူ့ဘက်က မှန်တာနဲ့ သူပိုပြီးရှင်းပြတယ်လေ။ အဲ့ဒီကိစ္စတော့ ကျနော်တို့ သူကနောက်တစ်ရက်အချိန်ယူပြီးမှ ဆွေးနွေးမယ်လို့တော့ သူတို့ ပြောထားတယ်။
ကရင်နီဒုက္ခသည်စခန်း အမှတ် ၁ တွင် ဒီဇင်ဘာလ ၁၄ ရက်နှင့် ၁၅ ရက်နေ့က ကျောင်းသားပွဲတော် ကျင်းပ နေစဉ် လုံခြုံရေးယူထားသည့် ထိုင်းမြို့နယ်လုံခြုံရေးတပ်ဖွဲ့ (အော်ဆော်) များက ဒုက္ခသည်စခန်း ရှိ လူငယ်များ ကို ထိုးကြိတ်ရိုက်နှက် ခဲ့ရာမှ ပြသနာများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြသနာဖြစ်ပွားပြီးနောက် ထိုင်းမြို့နယ်လုံခြုံရေးတပ်ဖွဲ့(အော်ဆော်) များအသစ်ပြောင်းလဲ ရောက်ရှိ လာသော် လည်း စခန်းတွင်းသို့ ၀င်ရောက်ခြင်းမရှိသေးဘဲ ပဒေါင်ကုန်းခေါ် ဂိတ်ဟောင်းတွင် လုံခြုံရေး ယူထားပြီး စခန်း တွင်းဝင်ထွက်သွားလာမှုများကို တင်းကျပ်ထားသည်။

“ဗီစီဒီ၊ တယ်လီဖုန်းနှင့် စာဝေသည့် လှုပ်ရှားမှုများ စတင်”

From Irrawaddy
ကိုသက် ဒီဇင်ဘာ ၂၇၊ ၂၀၀၇
စက်တင်ဘာလှုပ်ရှားမှုအား လက်နက်ကိုင်တပ်ဖွဲ့ဝင်များက အကြမ်းဖက် ရိုက်နှက်နေပုံများကို ရိုက်ကူးထားသည့် ဗီစီဒီ အပါအ၀င် နာမည်ကျော် အနုပညာရှင်များအား ဖုန်းဆက်သည့် လှုပ်ရှားမှုနှင့် တအိမ်တက်ဆင်း စာဝေသည့် လှုပ်ရှားမှု များကို စက်တင်ဘာ လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် ကျောင်းသားလူငယ်များက ယမန်နေ့မှ စတင်လိုက်သည်။
ကျောင်းသားလူငယ်များ စတင်ဖြန့်ဝေသော မိနစ် ၄၀ ကြာသည့် ဗီစီဒီသည် မည်သည့်သတင်းဌာမှ မထုတ်လွှင့်ရသေးသော ဗီဒီယိုဖြစ်ပြီး တည်းဖြတ်ထားခြင်းလည်း မရှိကြောင်း လက်ခံရရှိသူတဦးက ဧရာဝတီကို ပြောသည်။
“တော်တော် ဆိုးဆိုးရွားရွားတွေ ပါတယ်၊ ဆဲဆိုပြီး ရိုက်တာတွေလေ။ နောက်ပြီး အိမ်တွေထဲအထိ အတင်းဝင်ပြီး ရိုက်တာ တွေ” ဟု ဗီစီဒီ လက်ခံရရှိသူက ပြောသည်။
ကျောင်းသားလူငယ်များက နာမည်ကျော် အနုပညာရှင်များထံ ဖုန်းဆက်ပြီး စက်တင်ဘာ လှုပ်ရှားမှုအကြောင်း ပြောဆို ကြသည်။
အနုပညာရှင်တချို့က ချိုသာစွာပြန်လည်ဖြေကြား၍ လှုပ်ရှားမှုကို ကိုယ်တိုင်ဝင်မပါသော်လည်း အားပေးထောက်ခံကြောင်း ပြောဆိုကြပြီး တချို့ကမူ နောက်နောင် ဖုန်းမဆက်ရန် ပြောဆိုကြောင်း သိရသည်။
နာမည်ကျော် ဟစ်ဟော့အဆိုတော်တဦးက “ကျနော့်ဆီကိုတော့ မဆက်သေးဘူး။ ဆက်လာရင်ပြောပါတယ်။ ကျနော်က မကြောက်တတ်ပါဘူး” ဟု ဧရာဝတီကို ပြောသည်။
တအိမ်တက်ဆင်း ဝေသည့်စာတွင် မိမိတို့တတ်နိုင်သည့်ဘက်မှ စစ်အစိုးရကို ဆန့်ကျင်ကြရန် မေတ္တာ ရပ်ခံထားသည်။ ဇန်န၀ါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) တွင် နေအိမ်မှ အပြင်မထွက်ကြရန်၊ ထိုနေ့မှစ၍ အစိုးရ၀န်ထမ်းများ တပတ်တိတိ ရုံးမတက်ကြရန်တို့ကို တောင်းဆိုထားပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် တိုးတက်ရေးအဖွဲ့ဟု ရေးသားထားကြောင်း စီစဉ်သူများနှင့် နီးစပ်သူတဦးက ပြောသည်။
ယမန်နေ့က ၎င်းစာကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ ပန်းပဲတန်းမြို့နယ်၊ လသာမြို့နယ်၊ လှိုင်သာယာ မြို့နယ်၊ ကမာရွတ်မြို့နယ်၊ အင်းစိန်မြို့နယ် ကြို့ကုန်းရပ်ကွက်နှင့် မရန်းကုန်းမြို့နယ် ကမာရွတ်ရပ်ကွက်များရှိ လူနေအိမ်များကို ဝေကြောင်းသိရသည်။
ရန်ကုန်မြို့ အပါအ၀င် မန္တလေး၊ ပခုက္ကူ၊ မုံရွာနှင့် ဘိုကလေးမြို့များတွင် စာဝေသည့်လှုပ်ရှားမှုကို ယနေ့ ဆက်လက်ပြုလုပ် နေကြောင်းလည်း စုံစမ်းသိရှိရသည်။စစ်အစိုးရက စက်တင်ဘာလ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် ဒီမိုကရေစီရေး လှုပ်ရှားတောင်းဆိုကြသည့် သံဃာတော် များအပါအ၀င် ကျောင်းသား၊ လူငယ်များနှင့် ပြည်သူလူထုများကို အကြမ်းဖက်နှိမ်နင်းကာ ဖမ်းဆီးထောင်ချမှုများကိုလည်း ပြုလုပ်သည်။

Wednesday, December 26, 2007

Please Read (News From Yangon)

ယEန့ နံနက်ပIUင်းတွင်းရရှIသည့် မြန်မာပြည်တွင်းမှEပးပIU့လIUက်Eသာသတင်းမှာ--- ခရစ်ယာန်ဘာသာဝင်တို့ ခရစ်စမတ်ပွဲတော်
ကျင်းပနေသော ယနေ့Aချိန်Aခါတွင် ဗုဒ္ဓဘာသာဝင်တို့ Aတွက်ဝမ်းနည်းစရာသတင်းတစ်ခု
ထွက်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံ၏ Aထင်ကရ တရားဟောဆရာတော် ၅ ပါးAား စစ်ခွေးများနှင့်
၎င်းတို့၏နောက်လိုက်သာသနာဖျက် ဒေ၀ဒတ်မျိုးနွယ် လက်တစ်စုပ်စာလူတစ်စုက
တရားပွဲကျင်းပခွင့်ပိတ်ပင်လိုက်သည် ဟူသော သတင်းဆိုး တစ်ခုကို ယနေ့နံနက် တွင်
တရားဝင်ကြားသိလိုက်ရပါသည်။ ယနေ့နံနက် မြောက်Uက္ကလာပရှိ တရားပွဲစီစU်သူ တာဝန်ရှိသူများAား
စစ်ခွေးနောက်လိုက် Aမျိုးဖျက် တာဝန်ယူထားပြီး မ.၀.တ (မ.ယ.က) ခေါင်းစU်တပ် စစ်ခွေးAလိုတော်ရိများမှ
ခေါ်ကာ Aထင်ကရ ဆရာတော်များထဲမှ Uီးကောသလ္လ( ဓမ္မစေတီ ) ၏ ဟောမည့်ရက် ၄.၁.၀၈
Aတွက်တင်ထားသောတရားပွဲကျင်းပခွင့်Aတွက် ခွင့်မပြုကြောင်းနှင့် ကျင်းပခဲ့ပါက တာဝန်AရAရေးယူ
ဆောင်ရွက် ခြင်းခံရမည်ကို သိရှိပါကြောင်း ၀န်ခံလက်မှတ်ရေးထိုးခိုင်းခဲ့သည်။ ထိုကဲ့သို့
တရားပွဲပြုလုပ်ခွင့်ပိတ်ခံရသော ဆရာတော် မှာ ၅ ပါး ဖြစ်ပြီး ထိုဆရာတော်များ၏ ဘွဲ့များပါ၎င်းဝန်ခံကတိ၏
Aထက်တွင် ပါရှိရာ ၄င်းဆရာတော် များ မှာ Uီးကောသလ္လ(ဓမ္မစေတီ) ၊ ဒေါက်တာ
Aရှင်ကောဝိဒ(မဇ္ဈိမဂုဏ်ရည်) ၊ ဖြူးဆရာတော်၊ Aရှင်ဇဋိလ(လူရည်ချွန်) တို့၏ဘွဲ့တံဆိပ်တော်များသာ
တိတိကျကျတွေ့ရှိရပြီး ကျန် ၁ ပါးAားAတိAကျမမြင်တွေ့ ခဲ့ရဟု ထိုတရားပွဲတာဝန်ခံကပြောပြခဲ့ပါသည်။
ထို့Aပြင်လွန်ခဲ့သည့် နိုဝင်ဘာလAတွင်း Aင်းစိန် နှင့် ရွှေပြည်သာတို့တွင်ပြုလုပ်ခဲ့သောတရား ပွဲများကိုလည်း
တနည်းမဟုတ်တနည်း နည်းလမ်းမျိုးစုံဖြင့် စစ်ခွေးနောက်လိုက်များက နှောက်ယှက်ခဲ့ကြပါသေးသည်။
ရွှေပြည်သာတရားပွဲတွင် သီတဂူကြယ်တပွင့်ဆရာတော်၏ တရားဟောသည့်ရက်၌
ကြိုတင်ကြောင်းကြားထားရက်နှင့် မီးဖျက်တောက်ခဲ့သည်။ သက်ဆိုင်ရာ မီတာရုံးသို့
ဖုန်းဆက်Aကြောင်းကြားသော်လည်း မီးပျက်ရက်ဖြစ်၍မည်သို့မှလုပ်ဆောင်မပေးနိုင်ကြောင်း ခပ်မာမာနှင့်ပင်
ဖြေကြားခဲ့သည်။ ယခုAချိန်တွင်တော့ စစ်ခွေးတို့သည် ဗြောင်ကျကျပင် ဒင်းတို့၏ Aလိုတော်ရိများ Aား
ဆရာတော်များ၏တရားဟောပြောခွင့်ကိုပိတ်ပင်ခဲ့သည်မှာ Aမှန်ပင်ဖြစ်လာပါတော့သည်။
Aထက်ပါသတင်းကိုဖြန့်ဝေပေးပါရန် ပေးပို့လိုက်ပါသည်။ ဒီဇင်ဘာလ ၂၆ရက် ၂၀၀၇ခုနှစ်
(MKD)

နာမည်ဆိုးဖြင့် ကျော်ကြားသော မြစ်ကြီးနားထောင်ပိုင် ဇနီးနှင့် သမီး ကားမှောက်သေဆုံး

ဒီဇင်ဘာ ၂၅။ သားငယ် (ဟစ်တိုင်)


ဒီဇင်ဘာလ ၂၃ရက်နေ့ တွင် မြန်မာနိုင်ငံတွင် နာမည်ဆိုးဖြင့် ကျော်ကြားလျက်ရှိသော မြစ်ကြီးနား ထောင်၏ ထောင်ပိုင် ဇနီးနှင့်သမီးတို့ မြစ်ကြီးနားမြို့ တဖက်ကမ်း ၀ိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ရှိ တရုပ်တောင်ဘုရားသို့ ဘုရားဖူးသွားရာ ကားမှောက်၍ သေဆုံးသည်ဟု ဟစ်တိုင်မှ သိရှိရသည်။
ဒေသခံတဦးသို့ ဆက်သွယ်မေးမြန်းရာတွင် “ဖြစ်ပုံက ဒီလိုဗျ အဲဒီ ၂၃ရက်နေ့ ညနေ ၄း၃၀ လောက်မှာ စစ်အစိုးရ ပေးထားတဲ့ မာဇဒါဂျစ်ကား ဘီးပေါက်ပြီး တောင်အဆင်းမှာ ချောက်ထဲ ဆင်းသွားတာ၊ ထောင်ပိုင် ဇနီးနဲ့ သမီး ပွဲခြင်းပြီးပဲ လေးယောက် ဒါဏ်ရာအပြင်းအထန်ရတယ် အစွယ်အပွားတွေပေါ့၊ လာဦးမယ် ကံကြီးထိုက်မဲ့ ဟာတွေ တန်းစီပြီးလာမယ်” ဟုဟစ်တိုင်အား ဖြေကြားပါသည်။
တရုပ်တောင်ဘုရားမှာ မြစ်ကြီးနားမြို့ ဧရာဝတီမြစ် တဖက်ကမ်း ၀ိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ တွင် တည်ရှိ၍ ဧရာဝတီမြစ်ဖြတ် ဗလမင်းထင်တံတား အနီးတွင်တည်ရှိသည်။
မြစ်ကြီးနားမြို့ ဇီးလွန်အရပ် အမှတ် (၂၉) ခြေမြန်တပ်ရင်း ၀င်းထဲ၌ မြန်မာနိုင်ငံတွင် နံမည်ဆိုးဖြင့် ကျော်ကြားသော မြစ်ကြီးနားထောင်တည်ရှိသည်၊ ထိုထောင်တွင် မြန်မာ့နိုင်ငံရေးသမားများ အများအပြား တရားလက်လွတ် ချုပ်နှောင်ထားရာနေရာ ဖြစ်သည်၊ ယခုလက်ရှိ မန္တလေးတိုင်း အမရပူရမြို့နယ်မှ NLD အမတ် ဒေါက်တာဇော်မြင့်မောင် ချုပ်နှောင်ထားရာလည်း ဖြစ်သည်၊ အလားတူ နိုင်ငံရေး အကျဉ်းသားများဖြစ်သော မျိုးအောင်သန်း (FTUB) ၊ ကြည်လင်း (ခ) ပြည်လင်း (NLD) ၊ သန်းနိုင်၊ မြင့်ချို၊ ထွန်းလွင်၊ မြင့်လှိုင် တို့အားချုပ်နှောင်ထားပြီး၊ ထို့အပြင် ဦးစိန်လှဦး၊ လူရွှင်တော် ပါပါလေးတို့မှာ မြစ်ကြီးနားထောင်မှ ပြန်လည်လွတ်မြောက် လာသူများဖြစ်ကြသည်။
ယခုလက်ရှိအခြေအနေတွင် ဧရာဝတီမြစ်ဆုံရာ ဒေသ၌ တရုတ်နိုင်ငံ နှင့် စစ်အစိုးရ အကျိုးစီးပွားအတွက် ရေကာတာ တည်ဆောက်မည် ဖြစ်သောကြောင့် ယခုလ အစပိုင်းတွင် ဒေသခံများ အပြင်းအထန် ကန့်ကွက်ခဲ့ကြသည်ဟု သိရှိရသည်၊ ထိုစီမံကိန်းအား မြို့ခံများက မကျေနပ်ကြောင်းပြသရာ အနီရောင်မှုတ်ဆေးများဖြင့် “သန်းရွှေ လူသတ်သမား” “မြစ်ဆုံမှ ရေကာတာ မဆောက်နဲ့” ဟု အင်္ဂလိပ်ဘာသာဖြင့် ဗလမင်းထင်တံတား၊ အ.ထ.က(၁)၊ အ.လ.က(၆)၊ အမှတ်(၈) ထောက်လှမ်းရေး စခမ်း၊ အံတော်ရှင်ဘုရားများတွင် သင်္ဘောဆေးဖြင့် ဆေးမှုတ်၍ ကန့်ကွက်စာများရေးထားခဲ့ သည်ဟုသိရှိရသည်။

နိုင်ငံခြားသို့ ဆံပင်တင်ပို့မှု အခွန်ကောက်တော့မည်

Irrawaddy
လွင်ကျော် ဒီဇင်ဘာ ၂၅၊ ၂၀၀၇
စီးပွားရေးအကျပ်အတည်းကြောင့် မြန်မာအမျိုးသမီးများ၏ ဆံပင်များဖြတ်၍ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုအပေါ် စစ်အစိုးရက အခွန်ကောက်ခံရန် ပြင်ဆင်နေကြောင်း သိရှိရသည်။မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဆံပင်တင်ပို့မှု အထူးမြင့်တက်နေသောကြောင့် အခွန်ကောက်ခံနိုင်ရန်အတွက် ဆံပင်ကို မြန်မာပို့ကုန် အမည်သစ်စာရင်းတွင် ထည့်သွင်းတော့မည် ဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ အကြီးတန်းအရာရှိတဦးက ပြောဆိုသည်။
Photo: The Irrawaddy
တနေ့တခြားကျပ်တည်းလာသော စီးပွားရေးအခြေအနေများကြောင့် မြန်မာအမျိုးသမီးများအကြားတွင် အမြတ်တနိုးထားရာ ဆံပင်များကို ဖြတ်ရောင်းချမှုများ များပြားလာပြီး ယင်းဆံပင်များကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခြင်း ဖြစ်ကြောင်း ဆံပင် အရောင်းအ၀ယ်သမားများက ပြောပြကြသည်။ ဆံပင်အရှည်များကို စုစည်းဝယ်ယူသည့် ကုန်သည်များက ငွေကျပ်သိန်း ရာချီပေးဝယ်ကြပြီး တရုတ်နိုင်ငံသို့ တင်ပို့ကြခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
“အလျင်တုန်းက တနေ့ကို အမျိုးသမီး ၁၀ ဦးလောက်ပဲ ဆံပင်လာရောင်းကြတယ်၊ အခု တနေ့ကိုအမျိုးသမီး ၄၀ လောက် ဆံပင်လာရောင်းတယ်၊ အများစုက မပြေလည်လို့ လာရောင်းကြတာ”ဟု လှိုင်သာယာ မီးခွက်ဈေးတွင် ဆံပင်အ၀ယ်ဆိုင် ဖွင့်ထားသူတဦးက ပြောသည်။
ယခင်က ဆံပင်အ၀ယ်ဆိုင်များကို လှိုင်သာယာမီးခွက်ဈေးတွင်သာ အများဆုံးတွေ့ရှိရသော်လည်း ယခုအခါ ရွှေပြည်သာ၊ သာကေတ၊ လှော်ကား၊ အင်းစိန်ကဲ့သို့သော အခြေခံလူတန်းစား အများအပြား နေထိုင်သည့် မြို့ဆင်ခြေဖုံးများရှိ ဈေး၊ ဆိုက်ကားဂိတ်၊ ကားဂိတ် စသည့် လူစည်ကားရာနေရာများတွင် ဆံပင်ရှည် ဈေးကောင်းပေးဝယ်သည်ဆိုသော ဆိုင်းဘုတ် ကြီးများကို ချိတ်ဆွဲကာ ဆိုင်များအပြိုင်အဆိုင် ဖွင့်လှစ်နေကြကြောင်း သိရသည်။
“၂၀၀၆ နှစ်ကုန် လောက်တုန်းက အင်းစိန်ဈေးနားမှာ ဆံပင်အ၀ယ်ဆိုင်ဆိုလို့ ကျမဆိုင်အပါအ၀င် သုံးဆိုင်လောက်ပဲရှိတာ၊ အခုဆိုရင် ဆိုင်ပေါင်း ၂၀ ကျော်သွားပြီ” ဟု အင်းစိန်ဈေးရှိ ၀င်းတမန် ဆံပင်အ၀ယ်ဆိုင်ပိုင်ရှင် မအေးသောင်းက ဆိုသည်။
မြန်မာ အမျိုးသမီးများအကြား ဆံပင်ရှည်ဖြတ်ရောင်းချခြင်းမှာ လတ်တလော ဖြစ်ပေါ်နေသော အကျပ်အတည်းများကို ဖြေရှင်းနိုင်သည့် နည်းတခုသဖွယ် အသွင်ဆောင်လာကြောင်း၊ ဆံပင်ရှည်များမှာ စီးပွားရေးကုန်စည်တခု သဖွယ်ဖြစ်လာ ကြောင်း လှိုင်သာယာ မီးခွက်ဈေးမှဆံပင် အ၀ယ်ဆိုင်များက ပြောသည်။
“ဆံပင်အရှည်ကိုလိုက်ပြီး ဈေးဖြတ်ရတာပါ၊ ဥပမာ ၁၈ လက်မဆံပင်ရှည် တကျပ်သားကို ၁၇၀၀ ပေးတယ်၊ လက်မ ၂၀ ဆံပင်ဆိုရင် ၂၂၀၀ ပေးတယ်၊ အရမ်းရှည်တဲ့ဆံပင်မျိုးတွေ ဆိုရင်တော့ တကျပ်သား ၃၀၀၀ လောက် ပေးပါတယ်”ဟု အဆိုပါ လှိုင်သာယာမီးခွက်ဈေးမှ ဆံပင်အ၀ယ်ဆိုင် တဆိုင်က ရှင်းပြသည်။
ယင်း လှိုင်သာယာမီးခွက်ဈေး ဆံပင်အ၀ယ်ဆိုင်ကပင် “ကျနော်က ကုန်သည်တွေကို ဆံပင်မရောင်းဘူး၊ ၀ယ်ထားပြီးသား ဆံပင်ရှည်တွေကို ပိဿာ ၂၀၊ ၃၀ လောက်ရအောင်စုတယ်၊ ပြီးမှ မူဆယ် ၁၀၅ မိုင်သွားပြီး ဆံပင်လာဝယ်တဲ့ တရုတ် ကုန်သည်တွေကို ရောင်းလိုက်တယ်၊ အဲဒီလိုရောင်းတော့ အမြတ်ပိုများတယ်၊ ပိဿာ၂၀ လောက် ရောင်းလိုက်ရင် သိန်း ၄၀-၅၀ လောက်ကတော့ ပြေးမလွတ်ဘူး၊ ဆံပင်လုပ်ငန်းက အရမ်းမြတ်တာ”ဟု ပြောသည်။
သို့ဖြင့် ယင်းဆံပင်ရှည် အရောင်းအ၀ယ်လုပ်ငန်းတွင် မရိုးသားသော နည်းလမ်းများကိုသုံးစွဲ၍ ဆံပင်ဝယ်ယူမှုများလည်း ပြုလုပ်လာကြောင်း သာကေတ မြို့နယ်မှ ဆံပင်ရှည် ရောင်းဝယ်သူတဦးက ဆိုသည်။
“အလေးခိုးတာပေါ့၊ ဆံပင်ဝယ်တဲ့အခါမှာသုံးတဲ့အလေးကို အလေးချိန်များအောင် လုပ်ထားတဲ့နည်းပေါ့၊ ကျနော်ကတော့ အလေးမခိုးဘူး၊ မရှိလို့ ဆံပင်ရှည်ဖြတ်ရောင်းတဲ့လူကို အလေးခိုးမယ်ဆိုရင် မြေနိမ့်ရာ လှံစိုက်သလို မျိုးဖြစ်နေမှာပေါ့”ဟု ၎င်းက ပြောသည်။
အဆိုပါ သာတေမြို့နယ်မှ ဆံပင်ရောင်းဝယ်သူကပင် ဆက်လက်ပြီး “လုပ်စရာအလုပ်မရှိလို့သာ ဆံပင်ဝယ်ရောင်း လုပ်နေ ရတာ၊ လူတွေအရမ်းဆင်းရဲနေကြပြီဗျာ၊ အရမ်းသနားဖို့ကောင်းတယ်၊ တချို့ကလေးမလေးတွေဆိုရင် အပျိုလေးတွေ၊ ဒါပေမယ့် ပိုက်ဆံမရှိတော့လည်း ငွေရဖို့ သူတို့ဆံပင်လေးတွေ ဖြတ်ရောင်းကြတယ်၊ တချို့ဆိုရင် ဆံပင်ရှည်ရောင်းလို့ရတဲ့ ပိုက်ဆံရေတွက်ရင်း မျက်ရည်တွေကျလို့ဗျာ”ဟုလည်း ပြောပြသည်။
“အရင်တုန်းက ယောင်္ကျားတို့ဘုန်း လက်ရုံး၊ မိန်းမတို့ဘုန်း ဆံထုံးဆိုပြီး ဆိုရိုးစကားရှိတယ်၊ အခု ဘုန်းရှိဖို့ထက် အိမ်က ဆန်အိုးထဲမှာ ဆန်ရှိဖို့အရေးကြီးတယ်”ဟု ကိုယ်တိုင် ဆံပင်ရှည်ဖြတ်ရောင်းသူ အသက် ၃၂ နှစ်ရှိ သာကေတမြို့နယ် မှ အိမ်ရှင်မတဦးက ဆိုသည်။
ဆံပင် ရှည်ရောင်းဝယ်သည့်လုပ်ငန်းမှာ တရုတ်နိုင်ငံမှ ၀ယ်လိုအား အလွန်များပြားလာသည့်အတွက် ပိုမိုအလုပ်ဖြစ်လာ ဖွယ်ရှိကြောင်း ရန်ကုန်တွင်ဆံပင်များ လာရောက်ဝယ်ယူနေသည့် မူဆယ်မြို့မှ ကုန်သည်တဦးက ပြောသည်။ယခုအခါ ရန်ကုန်မြို့ အနီးဝန်းကျင်မြို့နယ်များတွင် ဆံပင်အ၀ယ်ဆိုင် ၄၀၀ ကျော်ရှိနေကြောင်း သိရှိရသည်