Monday, February 18, 2008

ပါကစ္စတန် မဲရုံများသို့ ဗုံးခွဲခြင်း၊ သေနတ်နှင့် ပစ်ခြင်းများ ဖြစ်ပွား

Khit Lu Nge
18/Feb/2008



ပါကစ္စတန် ရွေးကောက်ပွဲနေ့မတိုင်မီ တစ်ရက်အလိုဖြစ်သော တနင်္ဂနွေနေ့က မြို့တော်အစ္စလမ်
မာဘတ်၏ မဲရုံများတွင် ကြိုတင်ပြင်ဆင်နေသော ပါတီဝင်များအတွင်းသို့ လက်ပစ်ဗုံးများ ပစ်သွင်းခြင်းနှင့်
သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ဖြစ်ပွားခဲ့သည်။ လာဟိုးမြို့ရှိမဲရုံအတွင်းသို့ဆိုင်ကယ်စီးသေနတ်သမားတစ်
ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး၍ န၀တ်ရှယ်ရစ်ပါတီမှ လူတစ်ယောက်သေဆုံးကာ၊ ၆ ဦး ဒဏ်ရာရ
ရှိခဲ့သည်။ အခြားမဲရုံတစ်ခုတွင် မဲရုံ တာဝန်ခံအရာရှိနှင့် လုံခြုံရေးတာဝန်ခံ ရဲအရာရှိတို့ အချင်းများ ကြရာ
လုံခြုံရေးအရာရှိက သေနတ်နှင့် ပစ်သဖြင့် မဲရုံတာဝန်ခံ သေဆုံး၍ အခြားအဖွဲ့ဝင်နှစ်ဦးဒဏ်ရာရရှိသည်။
(စီအန်အန်)

(၁၈၊ ၂၊ ၂၀၀၈) ရက်နေ့၊ နံနက်(၉း၃၀) နာရီ။

ဦးမြင့်သိန်း

Policeman urinates in central mosque in Maungdaw

Kaladan News
February 16, 2008
Maungdaw, Arakan State: A policeman of Maungdaw police station urinated in the compound of the central mosque in Maungdaw Town on February 12 at about 5 pm, after Asr prayers when there was nobody in the mosque.
Putting on slippers he entered the mosque compound and urinated on the steps of the lake from which mosque goers take ablution, said an eyewitness in Maungdaw town.
The mosque committee did not raise the issue with the government authorities as they have never paid heed or taken action against the police.
"It is a starting point to test repercussions in the Rohingya community. Next time, they will commit a bigger offence against the community. We are grief-stricken," a village elder in the town said.
Recently, police stepped up persecuting the Rohingya community by lodging false and fabricated cases against the people and extorting money. The higher authorities did nothing to stop it. They have always turned a deaf ear to complaints making it difficult for Rohingyas to bear.

Police! arrests five Burmese nationals

Kaladan News
February 15, 2008
Teknaf, Bangladesh: The camp police of Nayapara camp arrested five Burmese nationals on February 15, while they were entering the refugee camp at around 7 am, said a Majee in the camp.
The five Burmese nationals crossed the Burma-Bangladesh border to visit their relatives in the refugee camp. They crossed in a row boat from Netaung Para point on February 14 around mid-night. After crossing the Naff River, they stayed in a house of a local villager. They all belong to Bawli Bazaar village tract of Maungdaw Township, Arakan State. One of them was identified as Mohammed Sohan (30).
They arrived at the refugee camp by jeep early in the morning. After getting down from the jeep, they tried to enter the refugee camp through the local area when one of the camp policemen Md. Sharif saw them.
The policemen arrested and kept them in a house in a village near the police camp. The house owner is an aide of the police called Shakat (25), hailing from Mousani union of Teknaf.
After the arrest the police demanded Taka 20,000 for their release. The detainees agreed to give Taka 1,000.
However, they were released after they paid Taka 2,600, said a close relative of the arrested in the camp. ##

ကရင်အမျိုးသားခေါင်းဆောင် ပဒိုမန်းရှာအားလုပ်ကြံခြင်း (သို့) ချစ်သူများနေ့မှာ ဆန်ပြုတ်ကျွေးဖို့ စီစဉ်ခြင်း

Wednesday, February 13, 2008

တိုင်းရင်းသားတို့ရဲ့အငြိမ့်သဘင် (အပိုင်း-၇)

ဇာတ်စင်ပေါ်က လိုက်ကာလေးက တဖြေးဖြေး ဆွဲဖွင့်လိုက်တဲ့ အချိန်မှာပဲ တိုင်းရင်းသားတို့ အငြိမ့်သဘင်၏ ၀ိုင်းတော်သားများ ဖြစ်တဲ့ ကိုကံသာ၊ ကိုချင်းနှင့် ကျွန်တော်မောင်ရှမ်းကလေး တို့ကို ပရိပ်သတ်တွေက လက်ခုတ်အပေါင်းနဲ့ ဆီးကြိုကြလေကာ....

ရှမ်းကလေး။ ။ မင်္ဂလာ အပေါင်းနှင့် ခညောင်းလို့ ကျန်းခန်းသာလို့ မာတော်မူရဲ့လား ကိုကံသာနဲ့ ကချင်းတို့ခင်ဗျား...

ကိုကံသာ။ ။ မင်းရဲ့ နှုတ်ဆက် သံလေးကို ကြားလိုက်တာနဲ့ ငါတို့ရဲ့ နားထဲမှာ ပီတိတွေ ဖြာရပြီတကား မောင်ရှမ်းရေ

ကိုချင်း ။ ။ ဟာ ဒါဆို ကျွန်တော်စပ်ထားတဲ့ ကဗျာလေးကို ကိုကံသာကြားသွားရင်တော့ဗျာ

ကိုကံသာ။ ။ ကြားပါရစေလား မောင်ချင်းရေ

ကိုချင်း ။ ။ အော.. ကိုကံသာ ကိုကံသာ

ခင်ဗျားလေဖြတ်ပြီး ခြေပြတ်သွားရင်တောင်မှ

ခင်ဗျားနောက် လိုက်ငိုမယ့်လူ မရှိလောက်ပါ။

အကယ်၍ ခင်ဗျားက Heart ရောဂါနဲ့

ဂန့်သွားရင်တောင်မှ

စိတ်မကောင်း ၀မ်းနည်းမဲ့သူ မရှိပါ။

ကိုကံသာ လင်ဗန်းဆွဲပြီး ကိုချင်းခေါင်းအား ပြေးထု။

ဂွမ်းဂွမ်းဂွမ်း....

ကိုကံသာ။ ။ နင်ပြောမှပဲ ငါ့အမျိုးတွေကို သတိရတော့တယ်

ရှမ်းကလေး။ ။ ခင်ဗျားအမျိုးကို သတိရတော့ ဘာလုပ်မှာလဲ

ကိုကံသာ။ ။ မောင်ချင်းကို ရိုက်ခိုင်းမလို့ပေါ့ကွာ၊ ငါ့ယောက်ဖ တစ်ယောက်က ကြံ့ဖွံ့မှာ အတွင်းရေးမှူးကွ၊ ငါ့ယောက်ဖတစ်ယောက်က စည်ပင်မှာ ဒုဥက္ကဌကွ.. ဟော နောက်တစ်ယောက်က

ရှမ်းကလေး။ ။ တော်ပြီဗျာ ယောက်ဖတွေကလည်း များလိုက်တာ..

ကိုချင်း ။ ။ ဒီကောင်တွေလောက်က ကိုချင်းတို့အပျော့ပဲ၊ လူရိုက်ပြီး ထောင်ထွက်လာတဲ့ ကောင်ကွ ဘာမှတ်တုံး။

ကိုကံသာ။ ။ ဟာ မင်းလူရိုက်တာလောက်တော့ ငါ့ယောက်ဖတွေ ရီတာပေါ့၊ ဒီကောင်တွေက လူတင်မဟုတ်ဘူး သံဃာတော်တွေကိုပါ ရိုက်တာ

ကိုချင်း ။ ။ ဟာ ဒါဆို ခင်ဗျား ယောက်ဖတွေ အခုလောက်ဆို ထောင်နန်းစံရနေပြီပေါ့နော်

ရှမ်းကလေး။ ။ ထောင်နန်းမစံခင် ငရဲနန်းတော့ စံရမှာသေချာတယ်

ကိုကံသာ။ ။ မင်းကလည်းကွာ အခုငါ့ယောက်ဖ ကြံ့ဖွံ့ဆိုရင် ဘွဲ့တွေပါတွေနဲ့၊ ဟော.. စည်ပင်က ယောက်ဖဆိုရင် ကားလေးနဲ့ တ၀ူးဝူးမောင်းနေတာ

ကိုချင်း ။ ။ ထွီး ငါလူရိုက်တာကြတော့ ထောင်ကျတယ်၊ ခင်ဗျားယောက်ဖက လူတင်မကဘူး ဘုရားသားတော်တွေကို ရိုက်တာကြတော့ ထောင်မကျဘူး..၊ ဒါဆိုဒီကောင်တွေ ရဲတွေဆီကို လဒ်ထိုးထားပြီ ထင်တယ်...

ကိုကံသာ။ ။ ဟာ.. မင်းဒါတော့ ငါတို့မြန်မာက ရဲကိုစော်ကားတာပဲ၊ ဘာလဲမင်းက ရဲဆိုရင် လဒ်ထိုးတိုင်း ထောင်မကျဘူးလို့ထင်လား

ရှမ်းကလေး။ ။ ဟုတ်တယ်ဗျာ.. ကိုချင်းဒါတော့ ခင်ဗျားက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့တွေကို စော်ကားတာပဲ

ကိုချင်း ။ ။ နောက်.. ငါပြောတာမဟုတ်လို့လား

ကိုကံသာ။ ။ မိုးပေါ်ကို ကြက်ခြေခတ် တက်ခတ်ထားသလို လုံးလုံးကို မှားတာပေါ့ကွာ

ကိုချင်း ။ ။ လာသေးတယ်၊ စကားပြောတာတောင်မှ မှားတယ်ဆိုပြီးပြီပေါ့၊ ဒါဆိုဘာလို့မှားလဲ

ကိုကံသာ။ ။ မင်းပြောတာ လဒ်ထိုးတယ်နော်

ကိုချင်း ။ ။ အေးလေဟုတ်တယ်လေ

ကိုကံသာ။ ။ ရဲတွေကို လဒ်မသွားထိုးနဲ့

ကိုချင်း ။ ။ ဘာသွားထိုးရမလဲ

ကိုကံသာ။ ။ ငွေပဲသွားထိုး... ချက်ချင်းလွတ်တယ်

ကိုကံသာခေါင်းအား ကိုချင်းနှင့် ရှမ်းကလေးတို့ လင်ဗန်းနှင့် ရိုက်ချ။

ကိုချင်း။ ။ ခုဏက ကိုကံသာပြောတာ သူ့ယောက်ဖက စည်ပင်မှာ ဒုဥက္ကဌနော်

ရှမ်းကလေး။ ။ အေးလေ အဲ့ဒါဘာဖြစ်လဲ

ကိုချင်း ။ ။ ဟာ ငါ့အကိုလည်း စည်ပင်မှာ နှစ်ပွင့်ကွ

ရှမ်းကလေး။ ။ ဟာဟုတ်လား

ကိုချင်း ။ ။ ဒါပေမဲ့ အခု တော့ အလုပ်ပြုတ်သွားပြီ

ကိုကံသာ။ ။ မင်းအကိုက အမှိုက်သွားမကြုံးပဲ ဘယ်သဝေသွားထိုးနေလို့တုန်း

ကိုချင်း ။ ။ အထက်က ထုတ်လိုက်တာ

ရှမ်ကလေး။ ။ ဘာအမှုနဲ့တုန်း

ကိုချင်း ။ ။ ငါ့အကိုကို အထက်က ရဟန်းသံဃာတော်တွေကို ဆွမ်းလောင်းတာတွေ

ရှမ်းကလေး။ ။ အေးလေ.. ကောင်းတာပဲဗျ ကုသိုလ်တောင်ရသေးတယ်

ကိုချင်း ။ ။ ဟေ့ကောင် စကားကိုဆုံးအောင်နားထောင်အုံး၊ ငါ့အကိုကို ဆွမ်းလောင်းတာတွေ မလုပ်ဖို့ အထက်က အမိန့်ပေးတာကွ

ကိုကံသာ။ ။ ဒါတော့ မင်းငါ့ယောက်ဖ အလုပ်လုပ်နေတဲ့ စည်ပင်ကို စော်ကားတာပဲကွ စည်ပင်ဆိုတာ ပြည်သူတွေ စွန့်ပစ်ထားတဲ့ အညစ်အကြေးတွေကို လွင့်ပစ်ပေးတာကွ ဘယ်လောက်ကျေးဇူးတင်ဖို့ ကောင်းလည်း သူတို့မှာ ဂုဏ်ပုဒ်တောင် ဆောင်ထားလိုက်သေးတယ်

ရှမ်းကလေး။ ။ ဟုတ်တယ် ပြောလိုက်စမ်း ကိုကံသာ။

ကိုကံသာ။ ။ ဒီလိုကွာ “မြို့တော်သူ မြို့တော်သား တွေအတွက် မွေးဖွားသည်မှ သေဆုံးသည်အထိ ဆောင်ရွက်ပေးဖို့က စည်ပင်သာယာတာဝန်” တဲ့

ရှမ်းကလေး။ ။ ကြည့်စမ်း ဘယ်လောက်ပြောင်မြောက်လိုက်တဲ့ ဆောင်ပုဒ်လေးလဲ

ကိုချင်း ။ ။ ကိုကံသာ မြို့တော်သူ မြို့တော်သားတွေပဲဆိုတော့ ရွာတောသူ၊ ရွာတောသားတွေ မပါဘူးပေါ့နော်။

ကိုကံသာ။ ။ ဟာမင်းကလည်း ပြောတော့မယ် မြန်မာပြည်မှာ ရွာဆိုတာမရှိရဘူးကွ အားလုံးက မြို့တွေပဲ

ရှမ်းကလေး။ ။ အားလုံးက မြို့တွေပဲ ဆိုတော့ မီးတွေထိန်ထိန်လင်းတော့မှာပဲ

ကိုကံသာ။ ။ ဒါပေါ့ကွ

ရှမ်းကလေး။ ။ ဖယောင်းတိုင်မီးပြောတာ

ကိုချင်း ။ ။ ဟာရှမ်းကလေး မင်းကလည်း ပြောတော့မယ် အခုဆိုရင် လျှပ်စစ်မီးတွေ နေ့ရောညပါ ထိန်ထိန်လင်းလို့

ကိုကံသာ။ ။ ဘယ်မှာတုန်း

ကိုချင်း ။ ။ ခွေးပြေးမှာလေ... အဲ့ဟုတ်ပါဝူး ကြပ်ပြေးမှာလေ

ရှမ်းကလေး။ ။ ခင်ဗျားတို့ စည်ပင်ကို မစော်ကားနဲ့ အခုခေတ်စည်ပင်က အရင်က စည်ပင်နဲ့ မတူတော့ဘူး

ကိုကံသာ။ ။ ဘာလို့တုန်း

ရှမ်းကလေး။ ။ အရင်က စည်ပင်က လွယ်ထွန်စက်တွေ ကားစုတ်လေးတွေနဲ့ပဲ အမှိုက်တွေ လိုက်ကောက်ရတာ ဟော အခုစည်ပင်ကြည့်

ကိုချင်း ။ ။ ဟား ဒါဆို ပါဂျဲရိုးတို့၊ ဟိုင်းလက်တို့၊ ဒိုင်နာအကောင်းစားတို့ပေါ့နော်

ရှမ်းကလေး။ ။ မဟုတ်ဘူး

ကိုကံသာ။ ။ ဒါဆို ဘာနဲ့ ကောက်တုန်း

ရှမ်းကလေး။ ။ လမ်းလျှောက်ပြီးကောက်တာ

ကိုချင်းတစ်ယောက် ရှမ်းကလေးအား လင်ဗန်းနှင့် ဆော်

ကိုချင်း ။ ။ မင်း လမ်းလျှောက်ပြီးကောက်ရင် ပြီးတော့မှာလား

ရှမ်းကလေး။ ။ ဟာကိုချင်းကလည်း အခုခေတ်က ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ဗျ ကမ္ဘာကြီးက ရွာသဖွယ် ကျင်းမြောင်းသွားပြီ၊

ကိုကံသာ။ ။ အေး အဲ့ဒီတော့

ရှမ်းကလေး။ ။ အဲ့ဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာလည်း ရွာသဖွယ်ကျင်းမြောင်းသွား ပြီပေါ့ဗျာ အဲ့ဒီတော့ ကျွန်တော်တို့ နိုင်ငံတော်အစိုးရက စည်ပင်ဝန်ထမ်းတွေကို “မင်းတို့ကောင်တွေတဲ့ အမှိုက်လိုက်ကောက်တယ် ဆိုတာကတဲ့ အိမ်တွေထဲကို ၀င်ပြီးကောက်ရင် ၀တ်ကျေတန်းကျေ ကျတာပေါ့ကွာတဲ့၊ အိမ်ထက်လိုက်ပြီးကောက်တဲ့ ပြီးရင်အိမ်ထဲမှာ ကလေးရှိတာမှန်သမျှ အကုန်ငါ့ဆီခေါ်လာခဲ့တဲ့။ ငါသူတို့ကို သေနတ်ပေးဆော့မယ်တဲ့

ကိုချင်းနှင့် ကိုကံသာ ရှမ်းကလေးအား လင်ဗန်းနှင့် ထပ်ရိုက်ပြန်

ကိုကံသာ။ ။ အဲ့ဒါ စစ်သားစုဆောင်းရေးဟာ လဒရဲ့

ကိုချင်း။ ။ သတင်းကြေညာမယ် သတင်းကြေညာမယ်

ကိုကံသာ။ ။ ဘာသတင်းတုန်း

ရှမ်းကလေး။ ။ ဒါဆို ဘယ်က သတင်းဌာနလည်း ပြောဦးမှပေါ့

ကိုကံသာ။ ။ တို့က မြန်မာအလင်း

ကိုချင်း ။ ။ တို့က MRTV-4

ရှမ်းကလေး။ ။ အော ဟုတ်လား ဒါဆို ကြေညာတော့

ကိုချင်း ။ ။ နားထောင်ဗျာ “ဗိုလ်ချူပ်မှူးကြီး သိန်းစိန်ဦးဆောင်သော ရုံးဝန်ထမ်းများသည် မိမိတို့အလုပ်လုပ်နေရာ ရုံးဌာနတွင် အလုပ်မလုပ်ကြပဲ ဘီယာဝိုင်းထောင်ကာ မြူးထူးပျော်ပါး ဆော့ကစကားနေကြပါသည်။

ကိုကံသာ။ ။ ဟေ့ကော

ကိုချင်း ။ ။ မပြီးသေးဘူး “ထိုစဉ် ဗိုလ်ချူပ်မောင်အေးက ရုတ်တရက် လာရောက်စစ်ဆေးသဖြင့် ဗိုလ်ချူပ်သိန်းစိန်တို့၏ ဘီယာဝိုင်းကို တွေ့သွားက မဆဲမဆိုပဲ သူ့လွယ်အိပ်ထဲမှ အရက်ပုလင်းကို ဆွဲထုတ်ကာ ထိုဝိုင်းတွင်ပင် တခါတည်း ၀င်ထိုင်လိုက်ပါသည်။ ထိုအချိန်မှာပင် တပ်မတော်၏ အကြီးဆုံးရာထူးကို ပိုင်ဆိုင်ထားသူ ဗိုလ်ချူပ်သန်းရွေကိုယ်တိုင် လာမြင်သွားပါသဖြင့် ထိပ်ဆုံးခုံမှပင် ၀င်ထိုင်ကာ ဘီယာတခွက်ကို မော့သောက်လိုက်ပါလေသတည်း။ (CCTV သတင်းဌာနမှ တင်ပြသွားပါသည် ခင်ဗျား)

ရှမ်းကလေး။ ။ ခင်ဗျားဟာ ဗိုလ်ချူပ်တွေ ဘယ်တော့ အလုပ်လုပ်မလဲဗျ

ကိုကံသာ။ ။ ဟာ.. နောက်သတင်းတခုကွ.. အခုပဲဝင်လာတာ

ကိုချင်း ။ ။ ဘာသတင်းတုန်း

ကိုကံသာ။ ။ ယနေ့နံနက် (၁၀)နာရီခန့်တွင် ကြံ့ခိုင်ရေးဖွံ့ဖြိုးရေးမှ အတွင်းရေးမှူးဖြစ်သူ ဦးမြတ်ခိုင်နှင့်လူတစုက လူငယ်သုံးဦးအား ၀ါးရင်းတုန်နှင့် ရိုက်ခဲ့ရာ အရိုက်ခံရသူ လူငယ်သုံးဦးအား အင်းစိန်ထောင်သို့ ပို့လိုက်ကာ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအတွင်းရေးမှူး ဦးမြတ်ခိုင်နှင့် အဖွဲ့ဝင်များအား ရန်ကုန် ပြည်သူ့ဆေးရုံသို့ ပို့လိုက်ရပါသည်

ကိုကံသာ လည်းဆုံးရော၊ အဲဟုတ်ပါဘူး.. ကိုကံသာ ပြောတာလည်းဆုံးရောက် ကိုချင်းနှင့်ရှမ်းကလေး တို့ ၀ါးရင်းတုတ်ကိုင်ကာ အဲ့မှားပြန်ပြီ လင်ဗန်းကိုင်ကာ ခေါင်းကို ရိုက်ချ။

ရှမ်းကလေး။ ။ ဘာလဲဗျ.. အရိုက်ခံရတဲ့ လူတွေခါကျတော့ ဆေးရုံမပို့ပဲနဲ့ ထောင်ထဲပို့တယ်၊ ရိုက်တဲ့လူတွေ ကျတော့ ဆေးရုံပို့တယ်

ကိုကံသာ။ ။ စိတ်ရောက်ဂါ ရနေလို့နေမှာပေါ့ကွာ

ကိုချင်း ။ ။ ဒါနဲ့ ဟိုလူငယ် (၃)ယောက်က ဘာဖြစ်လို့ ထောင်ထဲရောက်သွားတာလဲ ဆက်ဖတ်ဦးလေဗျာ

ကိုကံသာ။ ။ အရိုက်ခံရသူ လူငယ်သုံးဦးအား ထောင်ထဲပို့ရခြင်း၏ သက်သေ အထောက်အထားမှာ ထိုလူငယ်သုံးဦးသည် ကြံ့ဖွံ့အတွင်းရေးမှူး ဦးမြတ်ခိုင် ဦးဆောင်သော အဖွဲ့ဝင်များ၏ ရှေ့တွင် တည့်တည့်ဖြတ်လျှောက်သွားပါသော ကြောင့် လူရှေ့ဖြတ်လျှောက်မှုနှင့် တရားစွာဆိုကာ ထောင်အနှစ် (၂၀) ချလိုက်လေသတည်း။ ((CCTV သတင်းဌာနမှ တင်ပြသွားပါသည် ခင်ဗျား)

ကိုချင်း ။ ။ နင့်ဟာကလည်း ငါတို့မြန်မာပြည် သတင်းတောင် သူများသတင်းဌာနကို အားကိုးရလားကွ

ကိုကံသာ။ ။ အကျင့်ပါနေလို့ပါကွာ။

ရှမ်းကလေး။ ။ ကဲအကိုတို့ရေ.. ကျွန်တော်တို့တတွေလည်း ပါးစပ်ရွဲ့အောင် ကပြဖျော်ဖြေပြီးပြီ၊ ပရိတ်သတ်တွေ ရီလားမရီလားတော့ မသိဘူး။

ကိုကံသာ။ ။ ဟုတ်ပါတယ် မောင်ရှမ်းရေ

ကိုချင်း ။ ။ ငါခေါ်မယ်

ကိုကံသာ။ ။ ဒါမျိုးကျတော့ မြန်တယ်ဟုတ်လား

ကိုချင်း ။ ။ မင်းသမီးကို ခေါ်ရမယ်မဟုတ်လား ကိုတို့ရေ

ကိုကံသာ။ ။ ဟုတ်ပါပေတယ် မောင်ချင်းရေ

ကိုချင်း ။ ။ ကဲညီမလေး ရတနာရေ ညီမလေးက အဆိုအကလေးနဲ့ သက်သေပြဖို့ ထိုဆိုချက် အဲဟုတ်ပါဘူး ထွက်လာခဲ့ပါဦးလား

မင်းသမီး ချောရတနာ အပြာရောင် အငြိမ့်မင်းသမီး ၀တ်စုံလေးနှင့် ထွက်လာကာ

မင်းသမီး။ ။ ကျမ်းမာတော်မူ၍ ချမ်းသာကြပါစေလား ပရိပ်သတ်အပေါင်း ဘေးပါရဝေးကွာစေလို့ သူးဌေးသမျှ ချမ်းသာစေဖို့ သမီးလေး ရတနာ ဒီဇာတ်စင်ထက်က ဆုတော် တောင်းပေးလိုက်ပါတယ်ရှင့်

ရှမ်းကလေး။ ။ ကဲသမီးရေ သမီးရဲ့ ချိုသာလှတဲ့ အသံလေးကို သမီးရဲ့ ကော့ညွတ်အောင် ကတတ်တဲ့ လက်ကလေးနဲ့ ရောစပ်ကာ ပရိပ်သတ်တွေကို ဖျော်ဖြေရေးလေး ပေးလိုက်ပါလား သမီးရေ

မှတ်ချက်။ ။သီချင်းအား တွံတေးသိန်းတန် သီဆိုထားသော အသီးတစ်ရာ အညှာတစ်ခု တီးလုံးကို ယူပြီး စပ်ဆိုထားပါသည်။

သီချင်းခေါင်းစဉ် -- မေ့ပါနဲ့လား

ပထမအပိုဒ်။ ။ ဒီမိုကရေစီအရေး အသွင်သွင်နှေး မြန်မာပြည်အကြောင်းကို တွေးမြင်မိတယ် မှတ်မိပါတယ် သူငယ်ချင်းရယ် ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ရန်ကုန်လမ်းပေါ်ကနေ ပြည်သူ့အတွက် ငှဲ့ကာ ရဟန်းတော်များဟာ ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်း ခဲ့တာများ မေ့နိုင်ပါဦးမလား မင်းတို့ငါတို့ မြန်မာပြည်သားတွေ....

ဒုတိယအပိုဒ်။ ။ ဒီမိုကရေစီအရေး အသွင်သွင်နှေး မြန်မာပြည်အကြောင်းကို တွေးမြင်မိတယ် မှတ်မိပါတယ် သူငယ်ချင်းရယ် ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ရန်ကုန်လမ်းပေါ်ကနေ ပြည်သူ့အတွက် ငှဲ့ကာ ရဟန်းတော်များဟာ ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်း ခဲ့တာများ မေ့နိုင်ပါဦးမလား မင်းတို့ငါတို့ မြန်မာပြည်သားတွေ....

တတိယအပိုဒ်။ ။ ရဟန်းသံဃာများ ဘယ်လိုပဲလေ ငြိမ်းချမ်းစွာနဲ့ ၀တ်တွေပြုပါ ဆုတွေတောင်းကာ မြန်မာပြည်အရေး ရင်ထဲကထွက်တဲ့ ခံစားမှူတွေ ပြန်လည်ဖော်ထုတ်တဲ့ အချိန်မှာလေ သူတို့ဘ၀အတွက်ရယ်မို့ ၀ါးရင်တုတ်နဲ့ရိုက်ခဲ့ကြပေ အဲ့ဒါအာဏာရှင်ဆိုးတွေ...

စတုထ္ထအပိုဒ်။ ။ မိုးမလင်းခင်က ထမင်းထုတ်ပြင်ကြ အချိန်ကုန်ပေ ဘောလုံးကွင်းထဲ မှေးထောက်လို့ ထိုင်ကလေ ပျင်းတယ်လေ အာဏာရှင်တတွေက သူ့တို့ဖာသာ မဟုတ်တာတွေ ပြောနေကြလေ။ ကြံ့ဖွံတွေက အိပ်ပျော်နေကြပေ... ဟေ့အာဏာရှင်ဆိုးတွေ ဟေ့ အာဏာရှင်ဆိုးတွေ...

ပဉ္စမအပိုဒ်။ ။ ဟေ့အာဏာရှင်ဆိုးတွေ ကိုယ့်နိုင်ငံကြီးကိုလေ ပြန်ကြည့်စမ်းပါဦးလားလေ တို့အပေါင်းအသင်း ယောင်းရင်းတွေများလေ ဟုတ်တာမဟုတ်တာ လိမ်နေတာတွေကိုမမူပဲ သူတို့ဝမ်းရေးပြေလည်စေဖို့ ကြိုးပမ်းနေကြတာတွေ သိပါရဲ့လား ကြံ့ဖွံ့စည်ပင်တို့ရဲ့ ဖအေကြီးတွေ..

အပိုဒ် (၆)။ ။ ကြည်း၊ ရေ၊ လေ၊ တပ်မတော်အတွင်းက စစ်ဗိုလ်ချူပ်တွေ ကြောက်လွန်းလို့ ဖိန့်ဖိန့်တုန်ကာနေ.. ရဟန်းသံဃာတော်များ မရှောင်ရှား ၀ါးရင်းတုတ်နဲ့ ခေါင်းကိုတီးတယ်လေ. မင်းတို့အတွက် ရင်နာရတယ်လေ.. ဟေ့အာဏာရှင်ဆိုးတွေ ထိုမှမက သေနတ်နဲ့ စွမ်းအားရှင်ကိုသုံးကလေ သံဃာတော်များ.... မပြေးနိုင်အောင်လို့ ထောင်ချောက်ဆင်ကာလေ ကြည့်စမ်းပါဦးလားလေ သင်္ဃန်းကိုဆွဲ လူဝတ်လဲလို့ချွတ်ခဲ့ကြတာ ငရဲကျမှာကိုလည်း မကြောက်ပေ.. သူတို့ကြောင့် တို့မြန်မာနိုင်ငံသား စိတ်ဆင်းရဲကြရပါပဲလေ...

အပိုဒ်(၇)။ ။ ဟိုမှာဒီမှာ ကြည့်ကြစမ်းရယ်လို့ လက်ညိုးညွန်ပြ တို့ဘ၀အထွေထွေ ပြောင်းချင်ရာပြောင်းကြပေမဲ့ တို့မြန်မာနိုင်ငံ စီးပွားရေးက အမြဲတမ်းကျဆင်းနေ တို့များပြည်သူလူထုများ နိုင်ငံတကာကနေ ဆုတွေတောင်းကာ ဘုရားကိုတကာ ပြုလုပ်နေကြဖို့ကိုလေ မေ့ပါနဲ့လား မေ့ပါနဲ့လား မင်းတို့ငါတို့ ပြည်သူလူထုတွေ...

သီချင်းလည်းဆုံးရော လိုက်ကာချကာ တိုင်းရင်းသားတို့ရဲ့ အငြိမ့်သဘင် အပိုင်း(၇)ကို ဒီတွင်ပဲရပ်နား လိုက်ပါတယ်ခင်ဗျား။

ရှမ်းကလေး

“ပျောက်သောသူ ရှာလျှင်တွေ့၊ သေသောသူကြာရင်မေ့”

ကျွန်တော်တို့ နေထိုင်ခဲ့သော ဗမာနိုင်ငံကြီးဟာ ပညာပေးစကားပုံတွေ၊ ဆိုရိုစကားတွေ၊ စကားထာတွေ အများကြီးရှိပါတယ်။ ဒီလိုစကားပုံတွေကို ကျွန်ုပ်တို့ ဗာမာနိုင်ငံရဲ့ ရှေးပညာရှင်တွေကလည်းကောင်း၊ လူတွေကြားထဲမှာ ပေါ်ထွင်းလာတဲ့ စကားပုံတွေလည်းကောင်း ရေတွက်လို့မရအောင် များပြားလွန်းလှပါတယ်။ ဒါပေမဲ့ ထိုစကားပုံတွေထဲက အချို့သော စကားပုံတွေဟာ ရှေးဟောင်းခေတ်က ကျွန်တော်တို့ မြန်မာနိုင်ငံအတွက် မှန်ကန်သည်ဟု ရှိခဲ့သော်လည်း ယခုလက်ရှိ မိမိတို့၏နိုင်ငံတော်၊ ယခုခေတ်ခါ သာမယအချိန်အခါမှာတော့ မှားကောင်းမှားနိုင်ပါတယ်။ ဥပမာအနေနဲ့ ဆိုရိုးစကား တစ်ခုကို ကျွန်တော် အမှီပြုပြီး ရေးချင်မိပါတယ်။ ထိုဆိုရိုးစကားကား “ပျောက်သောသူရှာလျှင်တွေ့ သေသောသူ ကြာရင်မေ့”ဟူသော ဆိုရိုစကားပင် ဖြစ်ပါတယ်။ ထိုဆိုရိုးစကားအား အားလုံးသိကြမည်ထင်ပါတယ်။ ၎င်းဆိုရိုးကားသည် တချို့သော နေရာတွေမှာ မှန်ကန်ခြင်း ရှိပါသော်လည်း တချို့သော နေရာတွေမှာ လုံးဝမှားယွင်း နေကြောင်းကို ကျွန်တော်ထောက်ပြပါရစေ။ ယခု ကျွန်တော် အပိုင်း (၂)ပိုင်းခွဲပြီး တင်ပြချင်ပါတယ်။ ပထမ အပိုင်းအနေနဲ့ သေသောသူကြာလျှင်မေ့ ဆိုတဲ့ အပိုင်းကို သွားပြီး၊ ဒုတိယအပိုင်းအနေနဲ့ ပျောက်သောသူ ရှာလျှင်တွေ့ဆိုတဲ့ အပိုင်းကို ရေးချင်ပါတယ်။ ပထမဦးဆုံး သေသောသူကြာရင်မေ့ဆိုတဲ့ စကားပုံလေးဟာ တခြားသောနိုင်ငံတကာက ပြည်သူလူထုတွေ အတွက် မှန်နိုင်ကောင်း မှန်နေပေမဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီးမှာ မွေးဖွားပေါ်ထွင်းလာတဲ့ ပြည်သူလူထုတွေကော အကြောင်းအမျိုးမျိုးကြောင့် သူတပါးတိုင်းပြည်မှာ မွေးဖွားတဲ့ မြန်မာလူမျိုးတွေ အတွက်တော့ မှားနိုင်ကောင်း မှားနိုင်ပါတယ်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ မြန်မာပြည်သူ ပြည်သားများသည် မိမိတို့၏ အမျိုးသားခေါင်းဆောင်၊ မိမိတို့ လေးစားရပါသော ဗိုလ်ချူပ်ဖခင်၊ မိမိတို့ တိုင်းသူပြည်သားများကို သူ့ကျွန်ဘ၀မှ လွတ်မြောက်အောင် ကြိုးပမ်းပေးခဲ့သော ဖခင်ဗိုလ်ချူပ်အောင်ဆန်းကို ယနေ့ထိတိုင် အသည်းထဲ၊ ရင်ထဲ၊ ဦးနှောက်ထဲကပါ အောင့်မေ့သတိရနေသည် ဆိုသည်မှာ မည်သူက ငြင်းနိုင်မည်နည်း။ မိမိတို့ မြန်မာသူ မြန်မာပြည်သားတင် သာမက ကမ္ဘာသူ ကမ္ဘာသားတွေ အပေါင်းကပါ မိမိတို့ဖခင် ဗိုလ်ချူပ်အောင်ဆန်းအား အစဉ်အမြဲသတိရနေမယ် ဆိုတာ စာဖတ်သူတို့လည်း သိမယ်ဆိုတာ ကျွန်တော် ထင်မြင်မိပါတယ်။ မိမိတို့တိုင်းပြည်အတွက် ဖခင်ဗိုလ်ချူပ်သည် အမိ၊ ဗိုလ်ချူပ်သည်အဖ ဆိုသည်မှာလည်း ထစ်ထစ်ငှော့ငှော့မရှိဘဲ ကျွန်ုပ်တင်သာမက စာဖတ်သူ မိတ်ဆွေအပေါင်းတို့ မှတ်ယူထားကြသည်မှာ မုချဖြစ်မည်ဟု ကျွန်ုပ်ယုံကြည် မိပါသည်။ မိမိတို့တိုင်းပြည် ဖခင်၊ ကျေးဇူးရှင် ဗိုလ်ချူပ်၏ ကျေးဇူးကြီးမားလှပုံမှာလည်း မည်သည့်အရာနှင့်မျှ တုနှိုင်း၍မရနိုင်ပါ။ မိမိတို့တိုင်းပြည်၏ ကျေးဇူးကြီးမားလှသည့် ဖခင်ဗိုလ်ချူပ်ကြီးသည် ၎င်း၏ အကျိုးစီးပွားကို စိုးစဉ်းလေမျှ မကြည့်ပဲ တိုင်းပြည်တွင် နေထိုင်လျှက်ရှိသော ပြည်သူလူထုတို့၏ အကျိုးတရပ်ကိုသာ လေးလေးနက်နက် ကြိုးစားလုပ်ဆောင်သည် ဆိုသည်မှာ မိမိတို့ မြန်မာနိုင်ငံတော်၏ သမိုင်းတလျှောက်တွင် ကျန်ရစ်ခဲ့သော ဗိုလ်ချူပ်၏ပုံရိပ်များကို စာဖတ်သူတို့ လေ့လာနိုင်ပါသည်။ ဖခင်ဗိုလ်ချူပ်သည် အမှန်တရားကို မြတ်နိုးပြီး၊ မမှန်သော စကားများကို ပြောဆိုမှုများကို ရွံ့မုန်းသည်ဆိုသည်မှာ အောက်ပါသာဓက များကို လေ့လာနိုင်ပါသည်။

”တနေ့တွင် တောမှစပါးဝယ်သူများ ရောက်လာပြီး ဈေးစကား ပြောနေကြစဉ် လေးနှစ်သားအရွယ် မောင်ထိန်လင်းခေါ် “အောင်ဆန်း” ကလေးသည် လှေကား အဆင်းအတက်နေရာတွင် ဆော့ကစားနေသည်။ စပါးဝယ်သူများက ဈေးဆစ်ကြရာ မိခင်ကြီးဒေါ်စုက “ကိုင်း မင်းတို့ ဒါလောက်လိုချင်နေမှ ငါကပဲ လျှော့ပေးလိုက်မယ်။ ဒီစပါးကို ငါဝယ်တုန်းက ၆၀ ဈေးနဲ့ ၀ယ်ထားရတယ်၊ ဒါပေမဲ့ မင်းတို့ကို ၅၀ ဈေးနဲ့ ပေးလိုက်ပါ့မယ်” ဟုပြောလေရာ ထိုစကားကို ကြားလိုက်သူ အောင်ဆန်း(ထိန်လင်း) ကလေးက “ဟာ အစ်မကလဲ မဟုတ်တာပြောရော့မယ်၊ ဒီစပါးကို အစ်မက ငါးဆယ်ဈေးနဲ့ ၀ယ်ထားတာ ကျွန်တော်သိတယ်။ ဟုတ်တာပြောမှ ဥစ္စာပေါမယ်၊ လိမ်ပြောတာ မကောင်းဘူး” ဟုခတ်တည်တည် ၀င်ပြောလိုက် သဖြင့် အားလုံးက ၀ိုင်းရယ်မောကြလေသည်။

မှတ်ချက်။ ။ အပေါ်မှ ဖခင်ဗိုလ်ချူပ်အောင်ဆန်း အမှန်တရားမြတ်နိုးမှုကို ဖော်ပြထားသော သာဓကအား တက္ကသိုလ်နေ၀င်း ရေးသားသော ပြည်ထောင်စုဗိသုကာ ဗိုချူပ်အောင်ဆန်း စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

ထိုစာစုလေးကို ကြည့်ခြင်းလိုက်အားဖြင့် ဗိုလ်ချူပ်အောင်ဆန်းသည် မည်မျှ အမှန်တရားကို မြတ်နိုးသည်ကို လေ့လာသိရှိနိုင်ပေသည်။ ဗိုလ်ချူပ်အောင်ဆန်း၏ (၉၃)နှစ်မြောက် မွေးနေ့တွင်လည်း မိမိတို့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများ လေးစားချစ်ခင် မြတ်နိုးသတိရပါသော် ဗိုလ်ချူပ်အား ကျွန်တော်ရေးသည်ထက် ပြောင်မြောက်အောင် ရေးသားနိုင်သော စာစုများကို ဘာလေ့ဂါတိုင်းတွင်သော် လည်းကောင်း၊ သတင်းဌာနအသီးသီးများတွင် သော်လည်းကောင်း၊ ဖတ်ရှုရမည်မှာ ဗေဒင်မေးစရာတောင် မလိုဘူးလို့ထင်ပါသည်။ ထိုကောင်းမွန်လှသော ဗိုလ်ချူပ်ကို ဂုဏ်ပြုသော စာများ၊ ဆောင်းပါးများ၊ ကဗျာများ အစရှိသဖြင့် ဗိုလ်ချူပ်အား ဂုဏ်ပြုရေးသား သူများသည် ကျွန်တော်တို့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား သာမက နိုင်ငံတကာကပါ ရေးသားကြလိမ့်မည်ဟု ကျွန်တော်တွေးထင်မိပါသည်။ မိမိတို့ ဖခင်ဗိုလ်ချူပ် အောင်ဆန်းအား လေးစားချစ်ခင် သတိရသောအားဖြင့် ဤမျှလောက်နှင့်သာ မြန်မာတို့၏ ရှေးဆိုရိုးစကားဖြစ်သော သေသောသူကြာလျှင်မေ့ ဟူသောအချက်သည် မိမိတို့ မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် မှားကောင်းမှားနိုင်ပါသည်ဟု ဖော်ပြရင်း နောက်ဆိုရိုးစကား တစ်ခုဖြစ်သော ပျောက်သောသူ ရှာလျှင်တွေ့ ဟူသော အပိုင်းသို့ ဆက်လက်ရှုစား စေလိုချင်ပါသည်။

ပျောက်သောသူ ရှာလျှင်တွေ့ဟူသော် ဆိုရိုးစကားကို ကျွန်တော် အသက်ငယ်စဉ်အချိန်အခါတုန်းက မှန်နိုင်ဖွယ်ရှိခဲ့ ပါသော်လည်း ယခုကျွန်တော် အသက်ရှင်နေရာ ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံ၏ ယခုလက်ရှိဖြစ်ပေါ်နေသော အခြေအနေနှင့် ကိစ္စအရပ်ရပ်တို့ကို ပြန်ကြည့်လိုက်လျှင်သော် ထိုဆိုရိုးစကားမှာ မိုကောင်းကင်ပေါ်မှာ ကြက်ခြေတက်ခတ်ထားသလို လုံးဝကို မှားယွင်းနေသည်မှာ အထင်အရှားတွေ့မြင်ရပါမည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့ မြန်မာနိုင်ငံကြီးကို မတရား ကြီးမိုးအုပ်စိုးနေသော အာဏာရှင် အစိုးရများ ရှိနေသောကြောင့် ဖြစ်ပါသည်။ အဘယ်ကြောင့် ကျွန်ုပ်တည့်တိုးကြီး ဗြောင်ကျကျ ပြောရသည်ဆိုသည်မှာ မိမိတို့တိုင်းပြည်အား မတရား စိုးမိုးအုပ်ချူပ်နေသော အာဏာရှင် အစိုးရများသည် ၎င်းတို့၏ အာဏာကို ဖြုတ်ဖို့ ကြိုးစားတဲ့ သူတိုင်းကို ထောင်နန်းသို့ စံခိုင်းသည်ကို စာဖတ်သူ ပရိတ်သတ်တို့အနေနှင့် သိရှိသူများလည်း ရှိနိုင်သကဲ့သို့ သိနေပါလျှက်နဲ့ မသိဟန်ဆောင်နေသူများလည်း ရှိနိုင်ပါသည်။ လုံးဝမသိသူများလည်း ရှိနိုင်ပါသည်။ နအဖ စစ်အာဏာရှင်များသည် ၎င်းတို့၏ အာဏာကိုဖြုတ်ဖို့ ငြိမ်းချင်းစွာ ဆန္နပြတာတောင်မှ ငြိမ်းချမ်းစွာ မဖြေရှင်းပဲ ၀ါးရင်းတုတ်ကို လက်ကတကားကား ကိုင်ဆောင်ကာ စစ်ဖိနပ်များနှင့် ငြိမ်းချမ်းစွာ ဆန္နပြသူများအား ရက်စက်စွာ ကန်ကျောက်ခဲ့သည်ဆိုသည်မှာ ပြီးခဲ့သည် စက်တင်ဘာအရေးခင်းတုန်းက ပုံရိပ်များကို ပြည်လည်ကြည့်ရှုနိုင်ပါသည်။ ထိုသို့ကန်ကျောက်ခြင်းဖြင့် ၎င်းတို့၏ လူမဆန်စွာ လုပ်ရပ်များသည် ပြီးသွားပြီဟု မဆိုနိုင်သေး။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အာဏာရှင် များသည် ၎င်းတို့၏ လက်ကိုင်တုတ်များကို အသုံးပြုလျက် ဆန္နပြပွဲတွင် ပါဝင်ခဲ့သော် ဆန္နပြသူများကို လိုက်လံရှာဖွေပြီး ဖမ်းခိုင်းနေသည်ဆိုသည်မှာ ၎င်းတို့၏ ဖမ်းဆီးခြင်းမှ လွတ်မြောက်စေရန် အလို့ငှာ ထိုင်းနိုင်ငံသို့ ၀င်ရောက်ခိုလှုံလာသော် ရဟန်းသံဃာတော်များနှင့် ပြည်သူလူထု အချို့ကို မေးကြည့်လျှင် သိနိုင်ပါသည်။ အဘယ်ကြောင့် အဖမ်းခံရမည် ကြောက်မည်ဆိုတာကိုလည်း ထိုင်းနိုင်ငံတို့ ၀င်ရောက်ခိုလှုံသူ ရဟန်းသံဃာတော် များသည် မိမိတို့ဘ၀ နအဖလက်ထဲသို့ ကျရောက်သွားပါလျှင် မိမိတို့က မိမိတို့ နိုင်ငံတော်အတွက် မည်သို့အကျိုးပြုမည်နည်း ဆိုသော် မေးခွန်းများကို ပြန်မေးကာ ထိုင်းနိုင်ငံထဲသို့ ခဏတဖြုတ်ခိုဝင်လာခြင်း ဖြစ်ကြောင်း ကျွန်တော့်အနေနှင့် ထင်မြင်မိပါသည်။ ထို့ကြောင့် ကျွန်တော်တို့မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများသည် နအဖစစ်အစိုးရ လက်ထဲသို့ ပျောက်သွားလျှင် ပြန်ရှာဖို့ ခက်ခဲမည်ဖြစ်ကြောင်း သို့ပါသောကြောင့် ပျောက်သောသူ ရှာလျှင်တွေ့ဟူသော ဆိုရိုးစကားမှာလည်း အာဏာကို အဖေသဖွယ် သွယ်ကပ်နေသော နအဖစစ်အစိုးရများ ရှိနေသရွေ့တော့ ဘယ်တောအခါမှ မှန်မည် မဟုတ်ကြောင်းကို ထောက်ပြရင်း နိဂုံးချူပ်အပ်ပါသည်။

ရှမ်းကလေး

Tuesday, February 12, 2008

သူတို့လေးတွေလည်း သိသင့်ပါတယ်

မိုးလေးတဖွဲဖွဲ ရွာသွန်းနေသော် ငြားလည်း ပေတစ်ရာ ဧရာမ လမ်းမကြီးပေါ်မှာ ကတော့ ဆိုင်ကယ်တစ်စီး ဖြည်းညင်းစွာ ပြေးလွားသံလေးက နားသာယာချင်စဖွယ်လေးပင်... နေရာကား ထိုင်းနိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ တောင်ပေါ်မြို့ မယ်ဟောင်ဆောင် မြို့တော်လေး.။.. သို့ပေမဲ့ Dream 125 ဆိုင်ကယ်ကို မိုးဖွဲဖွဲလမ်းမကြီးပေါ်မှာ ထိုင်းလူမျိုး တစ်ဦးတော့မဟုတ်ပေ။ အမိမြန်မာ နိုင်ငံတော်မှာ မွေးဖွားပြီး အကြောင်းအမျိုးမျိုးကြောင့် သူတပါးနိုင်ငံထဲသို့ တိုးဝှေ့ဝင်ရောက် အလုပ်လုပ်နေသူတို့ထဲတွင် တဦးအပါအ၀င် ဖြစ်သူ မြန်မာလူမျိုးတဦး ပင်ဖြစ်ပါသည်။ အသက် (၂၇)နှစ်သာသာ လောက်ရှိသော ရှမ်းတိုင်းရင်းသားလေး ဆိုလျှင်မမှားနိုင်ပါ။ ထိုသူ၏ နာမည်ကား နော်ခမ်းပင်ဖြစ်သည်။ နာမည်အပြည့်အစုံကို ပြောရလျှင် စိုင်းနော်ခမ်းပင် ဖြစ်ပါလေးသတည်း။

စိုင်းနော်ခမ်း

သူမယ်ဟောင်ဆောင်တွင် အခြေချနေထိုင်လာသည်မှာ တော်တော်ကြာပြီဟု ပြောလို့ရပါသည်။ ဤ(၂၀၀၈) ခုနှစ်ပင်လျှင် သူထိုင်းနိုင်ငံတွင် နေထိုင်သည်မှာ (၆)နှစ်ရှိနေပြီ မဟုတ်ပါလား။ သူသည် ရိုးသားသည်၊ ပွင့်လင်းသည်၊ သူမှန်သည်ကို လူတဦးဦးက အမှားလာပြောလျှင် ဘယ်သောအခါမှ အပြောမခံ။ သို့ပေမဲ့ မှားနေသည်ကို သိလျှင်တော့ အမှားကို အမှန်သို့ မြန်မြန် ပြန်ပြင်သင့်လျှင် ပြန်ပြင်တတ်သော လူငယ်တစ်ဦး။ လူတစ်ဦး တယောက်အပေါ် ရိုင်းပင်းကူညီတတ်တဲ့စိတ် သူ့မှာ အမြဲရှိသည်။ ယခုလောလော ဆယ်တွင် သူစတိုးဆိုင်တခုတွင် အလုပ်လုပ်နေသည်။ မယ်ဟောင်ဆောင်မြို့တော်ရဲ့ အလယ်လတ်စရင်းဝင် စတိုးဆိုင်ဆိုလျှင် မမှားနိုင်။ စတိုးဆိုင်တွင် သူဈေးရောင်းရသည်။ ရှမ်းတိုင်းရင်းသား ဖြစ်သည်က သူ့အတွက် တမျိုးတဖုံ ကံကောင်းသည်ဟု ဆိုနိုင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ရှမ်းစကားသည် ထိုင်းစကားနှင့် နဲနဲပါးပါးနီးစပ်သည် မဟုတ်ပါလား။ ထို့ကြောင့်လဲ သူစတိုးဆိုင်တွင် ပင်ပန်းတဲ့ အလုပ်မလုပ်ရဘဲ ဈေးရောင်းသည့်အလုပ်ကို လုပ်ရပေသည်။ သို့ပေမယ် သူဒီလို ကောင်းမွန်တဲ့ အလုပ်ကို လုပ်ရပေမဲ့ သူကိုယ့်ကို အထင်မကြီး။ ကိုယ့်နိုင်ငံက အလုပ်လာလုပ်တဲ့ နိုင်ငံသားတွေ သာမက ထိုင်းနိုင်ငံက သူ့ရဲ့ အိမ်နီးချင်းများကိုလည်း သူ့ထက်ကြီးသူကို အကိုသဖွယ်၊ ဦးလေးသဖွယ် သူ့ထက်ငယ်သူကို ညီငယ်သဖွယ် ညီမငယ်သဖွယ် လေးစားစွာ ဆက်ဆံလိုသော စိတ်သူ့တွင် အမြဲရှိသည်။ ယခုပင်လျှင် သူအလုပ်လုပ်သော စတိုးဆိုင်မှ ပြန်လာပေသည် မဟုတ်ပါလား။ သူနေထိုင်ရာ အိမ်လေးသည် မယ်ဟောင်ဆောင် မြို့ထဲတွင် မဟုတ်သော်လည်း သူ့အိမ်မှ မယ်ဟောင်ဆောင်မြို့ထဲသို့ သွားလျှင်သော် (၁၅) မိနစ်ခန့် ကြာပေမည်။ သူနေထိုင်သော နေရာကား ထိုင်းအခေါ် ရွာသဖွယ်ဖြစ်ပြီး သူ့အနေနှင့် ပြောရမည် ဆိုသော်ကား မြို့လေးတစ်မြို့ဟု သူခေါ်ဆိုရပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သူနေထိုင်ရာ ရွာကလေးကား လျှပ်စစ်မီိးသည် မြန်မာနိုင်ငံက ရန်ကုန်မြို့လို ပျက်တောက်ပျက်တောက် မလာပဲ၊ နေ့စဉ်နေ့တိုင်း (၂၄)နာရီ လုံးလုံး အချိန်မှန်မှန် လာပါပေသည်က တစ်ကြောင်း၊ မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့တော်ဖြစ်သော ရန်ကုန်မြို့လို အင်တာနက်များ သုံးဖို့ကို လူဖြူလူမည်းခွဲထားပေမဲ့ သူနေထိုင်ရာ ရွာငယ်ကလေးကား ထိုင်းလူမျိုးတင်မက မြန်မာလူမျိုးများပင်လျှင် အင်တာနက်သုံးတတ်လျှင် ပိုက်ဆံပေးပြီး ၀င်သုံးနိုင်ပေသည်။ ရန်ကုန်လို ဈေးကြီးကြီးပေးစရာပင်မလို။ (၁)နာရီသုံးလျှင် မည်သူမဆို ဘတ်(၂၀) ပေးဆောင်ရပါသည်။ ထို့ကြောင့် သူနေထိုင်ရာ ဤရွာကလေးအား သူ့အနေဖြင့် မြို့လိုထင်မြင်မိသည်က အထင်မှားစရာ မရှိနိုင်ပေ။ အချိန်နာရီကား ညအချိန် (၀၇း၀၀)နာရီခန့်ပင် ရှိချေလေပြီ။ သူရဲ့ တိုးညင်းသော ဆိုင်ကယ်သံလေးက ထိုး၍ရပ်သွားလေပြီ။ အဘယ်ကြောင့်ဆိုသော် သူသည် အိမ်ကိုရောက်နေပြီ မဟုတ်ပါလား။ သူ့ရဲ့အိမ်မှာ ထရံကာ၊ ဓနိမိုးအိမ်သာ ဖြစ်သော်ငြားလည်း သပ်ရပ်သေသတ်စွာ ဆောက်ထားသည်။ သူ့အိမ်ရဲ့ ညာဖက်တလျှောက်လုံးတွင် သူ့အိမ်လိုပဲ ထရံကာ၊ ဓနိမိုးအိမ်ကလေးတွေက အစီအရီ တည်ဆောက်ထားပေသည်။ ထို့ကြောင့် သူ့ရဲ့အိမ်မှာ ထိပ်ဆုံးအိမ်လို့ ပြောနိုင်ပြီး၊ အစွန်ဆုံးအိမ်လို့လဲ ပြောနိုင်ပါသည်။ ခုဏက သူ့ရဲ့ ဆိုင်ကယ်အသံကြောင့် ထင်တယ်။ သူ့အိမ်ဘေးက ထိုင်းဦးလေးကြီး တယောက်က ထိုင်းလို “နော်ခမ်း ပြန်လာပြီလားကွ” လို့ မေးကာ ထိုဦးလေးမှာလည်း အိမ်ပေါ်မှ ဆင်းလာကာ သူ့ရဲ့ အိမ်လေးရှိရာ ကွတ်ပျစ်ပေါ်သို့ ကိုယ်ကို ပစ်လဲကာ ထိုင်ချလိုက်သည်။ သူကလည်း “ဟုတ်ကဲ့ ပြန်လာပါပြီ ဘကြီး”လို့ ရိုသေစွာ ပြန်ဖြေလိုက်သည်။ သူ့အိမ်ရဲ့ ကွတ်ပျစ်ပေါ်မှာ ထိုင်နေသူကား အခြားသူမဟုတ်။ သူနေထိုင်နေသော အိမ်ရဲ့ အိမ်ပိုင်ရှင်ပင် ဖြစ်ပါသည်။ ထိုဦးလေး၏ နာမည်ကား ဦးလေးတိပင် ဖြစ်ပါသည်။ ဦးလေးတိ ဆိုသည်မှာ ချမ်းသာကြွယ်ဝသော ဦးလေးကြီး တဦးလို့ဆိုရပေမည်။ သို့သော် ထိုဦးလေးကြီးကား ငွေကြေးချမ်းသာသော်လည်း ကြွားဝါတတ်ပုံမရ။ ထိုဦးလေးတွင် (၁၈)နှစ်သာသာ မိန်ကလေး သမီးငယ်တစ်ဦးရှိကာ၊ (၁၅) နှစ်သာသာ သားယောက်ကျားလေး တစ်ဦးရှိပေသည်။ ထိုဦးလေး၏ ဇနီးသည်ကား သူသိရသလောက် ကံမကောင်း အကြောင်းမလှ၍ သေဆုံးသွားသည်။ မိခင်မဲ့ သားနှင့်သမီးအား ထိုဦးလေးကြီးကပင် မိခင်လိုသမျိုး၊ ဖခင်လိုသဖွယ် ကျွေးမွေးပြုစု စောင့်ရှောက်ခဲ့သည်မှာ သူ့အတွေ့ပင်ဖြစ်ပါလေသတည်း။

“မင်းဒီနေ့ အိမ်ပြန် နောက်ကျလှချည်လား”လို့ ဦးလေးတိကပင် သူ့ကို စကားစပြောလိုက်သည်။

သူဆိုင်ကယ်သိမ်းရာကနေ ပြန်လာပြီး “ဆိုင်မှာ မြန်မာလူမျိုး တစ်ဦးဈေးလာဝယ်နေလို့” ဟုပြန်ပြောလိုက်လေသည်။

“အများကြီး ၀ယ်သွားလား”

“များတယ်၊ စက္ကူတို့၊ တိတ်တို့၊ ဆော့ပဲန်တို့လေ”

“သြောဟုတ်လား ဒါနဲ့ မင်းအလုပ်ကော အဆင်ပြေရဲ့လား” ဤမေးခွန်းကား သူနဲ့တွေ့တိုင်း ဦးလေးတိမေးနေကျ မေးခွန်း။

“ဟုတ်ကဲ့ အဆင်ပြေပါတယ်”လို့ သူကလည်း ဖြေနေကျအတိုင်း ပြန်ဖြေလိုက်သည်။

ထိုအချိန်မှာပင် သူ၏အိမ်သို့ ဦးတည်လမ်းလျှောက် လာနေသော (၁၆)နှစ်သာသာ ထိုင်းလူငယ် သုံးဦးကား သူ့အိမ်ရဲ့ မနီးမဝေးမှာပင် ရပ်ကာ “အကိုပြန်လာပြီလား” လို့ ထိုင်းလူငယ် အိုက်စဉ်းက ကြိုတင်မေးလိုက်လေသည်။

“အေးကွာ.. ဒီနေ့နောက်ကျသွားတယ်၊ လာလေ အိမ်ပေါ်တက်လာခဲ့ စကားပြောကြရအောင်”

ဘာရယ်မဟုတ် သူ့ရဲ့ ပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ထိုင်းလူငယ်လေးများသည် သူ့ကို အကိုလို ချစ်ခင်လေးစားကြပြီး၊ သူ့ထက်ကြီးတဲ့ အဖိုး၊ အဖွား၊ အကိုဦးလေး အဒေါ်များပင်လျှင် ကိုယ့်တူကိုယ့်သား လိုသဖွယ် ချစ်ခင်ကြသည်။ ဤသည်မှာ အကြောင်းရှိပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ညစဉ် (၈)နာရီမှ (၉)နာရီအထိ သူ့ရဲ့အိမ်နီးချင်း ဘေးပတ်ဝန်းကျင်တွင် ရှိသော ထိုင်းလူငယ်လေးများကို အင်္ဂလိပ်စာ သင်ပေးသည် မဟုတ်ပါလား။ သူသည် တက္ကသိုလ်ကျောင်းသား ပညာတတ် မဟုတ်လင့်ကစား အမိမြန်မာပြည်တွင် တက္ကသိုလ်သို့ ၀င်ရောက်ဖြေဆိုနိုင်သော (၁၀)တန်းဆိုသော ကျောင်းသား ဘ၀ကို အောင်မြင်စွာဖြတ်သန်း လာခဲ့ယုံသာမက သူလေ့လာသင်ယူ ခဲ့သမျှ ပညာရပ်များကို သူထိုင်းနိုင်ငံကို ရောက်ရှိချိန်မှ ယခုအချိန်ထိ လေ့လာလိုက်စားနေသည် မဟုတ်ပါလား။ ဤသည်မှာလည်း သူ့အတွက် အကျိုးတရပ်ဖြစ်ထွန်းခဲ့ပါသည်။ သူလေ့လာ သင်ယူခဲ့သမျှ ပညာရပ်များကို သူ့ပတ်ဝန်းကျင်တွင် နေထိုင်သော ထိုင်းလူငယ် များသာမက မြန်မာကလေးများ ကိုပင် ပြန်လည်ဝေငှပေးသည် မဟုတ်ပါလား။ ဒါကြောင့်လည်း ထိုင်းလူငယ်များသာမက မြန်မာကလေးများကပင် သူ့ကို ဆရာ၊ ဆရာလို့ ခေါ်ကြသည်မှာ မဆန်းပါ။ သူအင်္ဂလိပ်စာကို ပြန်လည်ဝေငှပေးပြီး ထိုင်းကျောင်းသား ကျောင်းသူဆီမှလည်း ထိုင်းစာကို ပြန်လည်လေ့လာသင်ယူခဲ့သည်မှာ ကြာခဲ့လေပြီ။ ထို့ကြောင့် သူသည်လည်း ထိုင်းကျောင်းသား ကျောင်းသူများ၏ တပည့်ဆိုလျှင် မမှားနိုင်ပေ။

“အကို ထမင်းစားပြီးပြီလား” လို့ ထိုင်းလူငယ်သုံးဦးထဲက အရပ်ရှည်ဆုံး လူငယ်တဦးဖြစ်သူ အိုက်နောင်က သူ့အားမေးလိုက်လေသည်။

“အေးကွာ ဒီနေ့ဆိုင်မှာ ခေါက်မန်းကိုင်(န်) ပဲစားလာလိုက်တယ်”။

ခေါက်မန်းကိုင်(န်)ဆိုသော အခေါ်အဝေါ်မှာ ထိုင်းအခေါ်အဝေါ်ဖြစ်ပေသည်။ စာလုံးပေါင်းမှားနိုင် ပါသည်။ ခေါက်ဆိုသည်မှာ ထမင်းဖြစ်ပြီး၊ မန်းဆိုသည်မှာ ဆီ(အဆီ) ဖြစ်ကာ၊ ကိုင်(န်)ဆိုသည်မှာ ကြက်ဖြစ်ပါသည်။ ထို့ကြောင့် ထိုင်းအခေါ်အဝေါ် ခေါက်မန်းကိုင်(န်) ဆိုသည်မှာ မြန်မာအခေါ်အဝေါ်နှင့် ခေါ်ဆိုရလျှင် ကြက်ဆီထမင်း ပင်ဖြစ်ပါလေသတည်း။

“အကိုဒီနေ့စာ မသင်တော့နဲ့လေ”ဆိုပြီး နောက်ဆုံး ထိုင်းကျောင်းသားလေး တဦးဖြစ်သူ အိုက်ရှန်က တောင်းဆိုလာသည်။ အိုက်ရှန်ပြောလာသော စကားကို သူရိပ်မိပါသည်။ အဘယ်ကြောင့်ဆိုသော် မနေ့က အင်္ဂလိပ်စာသင်ပြီး ပြီးဖို့(၅)မိနစ်အလိုတွင် ကျောင်းသူကျောင်းသားများအား သူက မြန်မာနိုင်ငံသား အားလုံး၏ ကျေးဇူးရှင် ဖခင်ဗိုလ်ချူပ် အောင်ဆန်း၏ အကြောင်းအား အစချီပြောထားသည် မဟုတ်ပါလား။ ထိုကျောင်းသား ကျောင်းသူများသည် သူအစချီပြောပြီးသည်နှင့် တော်တော်စိတ်ဝင်စားသွားကြသည်။ ဤသည်မှာ ဗိုလ်ချူပ်၏ အကြောင်းပင် စုံလင်စွာ သူမပြောရသေး။ ကျောင်းသူ ကျောင်းသားများက သူ့အား ဆက်ပြောရန် ပြောဆိုခဲ့သေးသည်။ သို့သော် သူနောက်တနေ့တွင် အလုပ်လုပ်ရမည် မဟုတ်ပါလား။ ထို့ကြောင့် သူအားတဲ့တနေ့ သူဖတ်ဖူးခဲ့သမျှ စာအုပ်တွေထဲက ဗိုလ်ချူပ်အောင်ဆန်း အကြောင်းကို ပြောပြမည်ဟု မနေ့က ကတိပေးခဲ့သည်မဟုတ်ပါလား။ သို့သော် သူမသိသလိုပဲနေကာ...

“ဘာဖြစ်လို့လဲကွ”

ထိုင်းလူငယ်သုံးဦးက တပြိုက်နက်“ မနေ့က ဗိုလ်ချူပ်အောင်ဆန်း အကြောင်း နားထောင်ချင်လို့ပါ” လိုပြောလာလေသည်။ အော.. ဒီကောင်တွေက ဒီနေ့မှ အစောကြီးလာသကိုးလို့ သူတချက်တွေးကာ

“အေးကွာ ဗိုလ်ချူပ်အောင်ဆန်းရဲ့ အကြောင်းကို ငါလေ့လာသလောက် ပြောရမယ်ဆိုရင်တော့ ခဏနေလူစုံမှ ပြောတော့မယ်ကွာ” လို့ သူစကားကို ဖြတ်ချလိုက်သည်။ သို့သော် သူ့စကား ဆုံးသွားသွားချင်း အိုက်စဉ်းက “ဟာ အကိုကလည်း မနေ့က ပြောပြခဲ့တာကို ပြန်ပြောလေ၊ မနေ့က ဘကြီးလည်း မရှိဘူး၊ ဘကြီးလည်း နားထောင်ရတာပေါ့။” ဘကြီးဆိုသည်မှာ ဦးလေးတိကို ရည်ညွန်းခြင်းပင်ဖြစ်ပါသည်။

ဦလေးတိကလည်း “အေး ဟုတ်တယ်ကွာ ဗိုလ်ချူပ်အောင်ဆန်း နာမည်ကိုတော့ ငါ့နားထဲမှာ ကြားဖူးသယောင်ပဲ၊ ငါလည်း သူ့အကြောင်း အရမ်းစိတ်ဝင်စားတာ။ သိလည်းသိချင်တယ်၊ မင်းအစကတည်းက မပြောဘူးကွာ၊ အခုပြောကွာ။ ဒီညတော့ မအိပ်တော့ဘူးဟေ့”လို့ ကြွေးကြော်ပြီး ပြောလိုက်လေတော့ ကျွန်တော်လည်း မပြောလို့မဖြစ်တော့ဘူး။ သူကိုယ်တိုင်ကလည်း ဗိုလ်ချူပ်အောင်ဆန်းက မြန်မာနိုင်ငံ လွတ်မြောက်ရေးအတွက် ကြိုစားခဲ့ပုံတွေကို ပြောပြနေချင်သည် မဟုတ်ပါလား။ ဤသို့ဤပုံ ထိုင်းမျိုးဆက်သစ် လူငယ်များနှင့် ဦးလေးကြီးများကပါ ဗိုလ်ချူပ်အောင်ဆန်း၏ အကြောင်းအား စိတ်ပါဝင်စား လာသည်ကိုပင် သူ့အနေဖြင့် ကျေးဇူးပင်တင်ရပေဦးမည်။ ထို့ကြောင့်သူလည်း ထိုညတွင်ပင် ထိုင်းလူငယ် ကျောင်းသားကျောင်းသူများ၊ မြန်မာကလေးငယ်များနှင့် ဦးလေးတိတို့ကို ဗိုလ်ချူပ်အောင်ဆန်း၏ အကြောင်းအား ဗိုလ်ချူပ်မည်သည့် ဒေသတွင် မွေးဖွားသည်ကအစ ဗိုလ်ချူပ် လုပ်ကြံခံရပြီး သေဆုံးသွားသည်အထိ သူသိသလောက် ပြောပြကာ ထိုင်းလူငယ်များကပင် ဗိုလ်ချူပ် လုပ်ကြံခံရသည်ကို ကြားရသည်နှင့် မျက်ရည်များဝဲကာ ငိုရိုက်သံတွေပါ ထွက်လာသည်ကို သူကြားမိသဖြင့် မြန်မာကလေးများအဖို့ မည်မျှခံစားရမည်ကို စာဖတ်သူတို့ပဲ တွေးကြည့်ပါလော့......

ရှမ်းကလေး

Monday, February 11, 2008

မြောက်ဘက်ကကျောင်း

အရှေ့၊ နောက်၊ တောင်၊ မြောက်
အရပ်လေးမျက်နှာကို
ငါ တမိနစ်စီ ကြည့်လိုက်တယ်

အရှေ့ဘက်မှာ မျက်လုံးအ၀ိုင်းသားလေးနဲ့
ကောင်မလေးတစ်ယောက်
ငါ့ကို ငေးမောကာ စောင့်နေတယ်...

အနောက်ဘက်မှာတော့
မြန်မာဆန်ဆန် ပုသိမ်ထီးလေးကိုဆောင်းလို့
ကောင်မလေးတစ်ယောက်
င့ါကို ရပ်စောင့်နေတယ်...

တောင်ဘက်မှာကျပြန်တော့ မိန်းကလေးတစ်ယောက်
န၀ရက်ကိုးသွယ် စီခြယ်ထားတဲ့
တောက်ပတဲ့ မျက်လုံးအစုံနဲ့
ငါ့ကို လှည့်ကြည့်နေတယ်...

မြောက်ဘက်မှာတော့
အောက်က ထဘီအစိမ်းလေးကို ၀တ်ဆင်ကာ
အပေါ်ယံ ယင်ဖုံးအကျီင်္ဖြူကို ၀တ်လို့
လွယ်အိတ်ကို ပုခုံးအထက်မှာလွယ်ပြီး
ငါ့ကို လက်ယက်ခေါ်နေတယ်...

အော... နောက်ဆုံး ငါ့အတွေးထဲမှာ
ငါတို့ကျောင်းက မြောက်ဘက်မှာကိုး..

ရှမ်းကလေး