Monday, February 18, 2008

ပါကစ္စတန် မဲရုံများသို့ ဗုံးခွဲခြင်း၊ သေနတ်နှင့် ပစ်ခြင်းများ ဖြစ်ပွား

Khit Lu Nge
18/Feb/2008



ပါကစ္စတန် ရွေးကောက်ပွဲနေ့မတိုင်မီ တစ်ရက်အလိုဖြစ်သော တနင်္ဂနွေနေ့က မြို့တော်အစ္စလမ်
မာဘတ်၏ မဲရုံများတွင် ကြိုတင်ပြင်ဆင်နေသော ပါတီဝင်များအတွင်းသို့ လက်ပစ်ဗုံးများ ပစ်သွင်းခြင်းနှင့်
သေနတ်ဖြင့် ပစ်ခတ်ခြင်းများ ဖြစ်ပွားခဲ့သည်။ လာဟိုးမြို့ရှိမဲရုံအတွင်းသို့ဆိုင်ကယ်စီးသေနတ်သမားတစ်
ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး၍ န၀တ်ရှယ်ရစ်ပါတီမှ လူတစ်ယောက်သေဆုံးကာ၊ ၆ ဦး ဒဏ်ရာရ
ရှိခဲ့သည်။ အခြားမဲရုံတစ်ခုတွင် မဲရုံ တာဝန်ခံအရာရှိနှင့် လုံခြုံရေးတာဝန်ခံ ရဲအရာရှိတို့ အချင်းများ ကြရာ
လုံခြုံရေးအရာရှိက သေနတ်နှင့် ပစ်သဖြင့် မဲရုံတာဝန်ခံ သေဆုံး၍ အခြားအဖွဲ့ဝင်နှစ်ဦးဒဏ်ရာရရှိသည်။
(စီအန်အန်)

(၁၈၊ ၂၊ ၂၀၀၈) ရက်နေ့၊ နံနက်(၉း၃၀) နာရီ။

ဦးမြင့်သိန်း

0 comments: