Monday, February 18, 2008

မြန်မာအပါအ၀င်မဲခေါင်ဒေသနိုင်ငံ များအတွင်း သီးသန့်ဗီဇာဖြင့် သွားလာနိုင်တော့မည်

ခေတ်လူငယ်သတင်းဌာန မှ ကူးယူဖော်ပြပါသည်။

၁၆၊ ဖေဖော်ဝါရီလ၊ ၂၀၀၈
ယခုအစောပိုင်းကထိုင်းနိုင်ငံဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်သည့် မဲခေါင်ဒေသခွဲနိုင်ငံများ၏ ဒေသ
တွင်းခရီးသွား လုပ်ငန်း အစည်းအဝေးအပြီးတွင် ၂၀၁၅ ခုနှစ်၌ မြန်မာ၊ထိုင်း၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား
နှင့်တရုတ်တို့ပါဝင် သောမဲခေါင်ဒေသခွဲနိုင်ငံများ အကြားသီးသန့်ဗီဇာဖြင့် သွားရောက်နိုင်မည့် အစီအစဉ်တစ်ရပ်
ကို ထုတ်ပြန်ခဲ့ကြောင်း ဖနွမ်းပင်မှလာသော အွန်လိုင်းသတင်းတစ်ရပ်တွင်ဖော်ပြထားသည်။ မဲခေါင်ဒေသခွဲနိုင်ငံ
များ၏ခရီးသွားလုပ်ငန်းသည် တဖြည်းဖြည်းတိုးတက်လျက်ရှိပြီး လာမည့် ၂၀၁၅ခုနှစ်အရောက်တွင် ခရီးသွားအ
ရေအတွက် သန်း(၅၀)အထိရှိလာနိုင်သည်ဟုခန့်မှန်းထားကြောင်းယင်းသတင်းကဆိုကြောင်း၎င်းထံမှသိရသည်
ဟု၂၀၀၈ခုနှစ် ဖေဖေါ်ဝါရီ(၁၅)ရက်နေ့ထုတ် The Trust ဂျာနယ်တွင် ဖေါ်ပြထားပါသည်။

0 comments: