Tuesday, November 20, 2007

“ကြိုင်ကြိုင်ရဲ့ဖြတ်ထိုးဥာဏ်”

တနေ့မှာတော့် မြို့တစ်မြို့မှာ သန်းရွေလူသတ်သမား၊ သိန်းစိန်လူသတ် သမား ဆိုပြီး ဓါတ်တိုင်တွေပေါ်မှာ ပိုစတာတွေနဲ့ အမည်မသိပြည်သူ တစ်စုက လိုက်ရေးထားပါလေရောတဲ့။ ဒီလိုရေးထားတာတွေကိုကြံ့ဖွံ့အဖွဲ့ တွေတွေ့တောို့ ပိုစတာ တွေကိုဖြုတ်ပြီး မျက်နှာရလိုရငြား ဗိုလ်ချူပ်မှူးကြီးသန်းရွေရဲ့အိမ်ကိုတိုက်ရိုက်သွားတင်ပြသတဲ့။

ဗိုလ်ချူပ်ကြီးက ဘာကွ ငါ့ကိုဒီလိုရေးတဲ့ကောင်တွေ၊ ကောင်မတွေရှိလား (တန်းတူအခွင့်အရေး)၊ ပြစမ်းဘာတွေလည်း၊ အားပါးပါး....ငါ့ကိုများလူသတ် သမားတဲ့။ မင်းတို့ကောင်တွေ ဒီကောင်၊ ဒီကောင်မတွေကိုလိုက်စုံစမ်း၊ သိရင်အသေသာသတ်(ဟုတ်တယ်လို့ပြောရင် ခွေးတွေလိုဘဲဟောင်တတ် လိုက်သေးတယ်)

ကြံ့ဖွတ်။ ။ ဟုတ်ကဲ့ဖေကြီး(အရေးထဲခွေးချီးကိုကောက်နမ်းတဲ့လူတွေရှိသေးတယ်။)

ဗိုလ်ချူပ်ကြီး။ ။အေမင်းတို့ပြန်တော့။ ရသမျှသတင်းတွေယူလာခဲ့။

ကြံ့ဖွတ်။ ။ ဟုတ်ကဲ့ဖေကြီး။

ကြံ့ဖွတ်တွေလည်းပြန်သွားတော့သန်းရွေကြီးကြိုင်ကြိုင်အခန်းထဲဝင်သွားပြီး

မေကြိုင်ဒီမှာကြည့်ပါဦး၊ ဖေကြီးနဲ့ စိန်ကတုံးကို ဘယ်ကကလေကချေတွေ ရေးသွားလည်းမသိပါဘူး။ လူသတ်သမားတွေတဲ့။

ကြိုင်ကြိုင်။ ။ ဘာ...ဘာလဲ လူသတ်သမားဘယ်မှာလည်း....ဘယ်မှာ လည်း....ဟိုကောင်တွေ ဘယ်ရောက် သွားပြီလဲ။ လူသတ်သမားလာတယ် မတွေ့ဘူးလား။ သူ့ကိုသတ်။ သူ့ကိုသတ်လို့ကယောင်ကတန်းနဲ့အိမ်ရာထဲမှာ အော်နေသတဲ့။

သန်းရွေ။ ။မေကြီးဘာတွေပြောနေတာလည်း...ရော့...ရေ....ရေ... သောက်လိုက်ဦး။

ကြိုင်ကြိုင်။ ။ အော....သန်းသန်းလား....ဘာလဲသန်းသန်းပြော။

သန်းရွေ။ ။ ဖေကြီးနဲ့စိန်ကတုံးကိုဘယ်သူတွေလဲသိဘူး။ လူသတ်သမားတွေတဲ့။ အဲ့ဒါသွားပစ်မလို့။ မေကြီးကိုလာပြောတာ။

ကြိုင်ကြိုင်။ ။ သန်းသန်းကအကုန်လုံးသွားပစ်ထုတ်မှာလား။ ဟိုစိန်ကတုံးကိုရေးထားတဲ့စာကိုသိမ်းထားလေတဲ့။

သန်းရွေ။ ။ အကုန်လုံးပစ်ထုတ်မှာပေါ့။ ဘာဖြစ်လို့မေကြီးရ။

ကြိုင်ကြိုင်။ အလိုက်လေ သန်းသန်းရေ။ သိမ်းထားတော့ အကယ်၍ မတော်တဆစိန်ကတုံး အာဏာတက်လု ရင်ရှုံးအောင် ပြည်သူလူထုကသူ့ကိုမကြိုက်ဘူးလို့သက်သေပြလို့ရတာပေါ့။ လူဆိုတာဖြတ်ထိုးဥာဏ်သုံးရတယ်တဲ့။

ရှမ်းကလေး

“မှန်လိုက်လေကိုဘအေးရေ”

တနေ့ကော့သောင်းမြို့မှာနေထိုင်တဲ့လူသုံးဦးဟာစကားစမြည်ပြောနေကြ သတဲ့။ဒါနဲ့သူတို့စကားပြောနေရင်း နအဖမှအတင်းအကြပ်ပြုလုပ်ခိုင်းတဲ့ အမျိုးသားညီလာခံအကြောင်းကိုရောက်သွားပါလေရော။ လူကလည်းသုံး ယောက်ဆိုတော့စကားတွေပြောတာနအဖကိုကြောက်လို့ကြောက်မှန်း မသိတော့ဘူးပေါ့တဲ့။ အဲ့ဒီအထဲမှာ ကျောင်းဆရာတစ်ယောက်လည်းပါတယ် တဲ့။

ကိုဘအေး။ ။ ပြည်ခိုင်ဖြိုးတွေက ကျောင်းဆရာနဲ့ကျောင်းသားတွေကို ကျောင်းဝတ်စုံ မ၀တ်လာဖို့ပြောတယ်ကွ။

ကိုအောင်။ ။ ဟာမင်းကလည်းကွာ ကျောင်းသားနဲ့ကျောင်းဆရာတွေတင် မဟုတ်ဘူး။ ၀န်ထမ်းတွေအားလုံးကိုပါမ၀တ်လာခိုင်းဘူကွ။

ကိုဘအေး။ ။ ဟုတ်လား၊ အဲ့ဒါဘာဖြစ်လို့လဲသိဘူးနော်ကွာ။

ကိုအောင်။ ။ဒါကြောင့်ငါတို့နိုင်ငံသားတွေဒုံးဝေတယ်လို့ပြောတာ။ မင်းဘီဘီ စီးဘာလေးနားမထောင်ဘူးလား။

ကိုဘအေး။ ။ ဟေ.....ငါနားမထောင်ဖြစ်တာကြာပြီကွ။ ပြောပြစမ်းပါဦး ဘာကြောင့်လဲဆိုတာ။

ကိုအောင်။ ။ ဒီကျောင်းသူကျောင်းသားတွေနဲ့ ၀န်ထမ်းတွေအားလုံးကို
ပြန်သူလူထုလို့ထင်မှားအောင်လုပ်တာတဲ့ကွာ။

ကိုဘအေး။ ။ ဟာ....မင်းဟာဟုတ်လို့လား။

ကိုအောင်ကဟုတ်တယ်လို့မပြောခင် ကျောင်းဆရာက၀င်ပြီး

မဟုတ်ပါဘူးဗျာ။

ကိုအောင်။ ။ ဆရာကဘယ်လိုသက်သေပြမလဲ။ မဟုတ်ဘူးဆိုတာ။

ကျောင်းဆရာ။ ။ မနက်ဖြန်ထောက်ခံပွဲရှိတယ်။ မနက်ဖြန်ကြရင် ကျွန်တော် ကျောင်းစိမ်းနဲ့

အင်္ကျီဖြူဝတ်သွားမယ်ဗျာ။

ကိုဘအေး။ ။ မလုပ်ပါနဲ့ဆရာရယ်။ ကျွန်တော်တို့အမှူပတ်နေပါဦးမယ်။

ကိုအောင်။ ။ ဟုတ်ပါတယ်ဆရာရယ်..အဲ့လောက်ထိမစွန့်စားစမ်းပါနဲ့။

ကျောင်းဆရာ။ ။ ခင်ဗျားတို့ကလည်း ပြောမှပိုဆိုးလာပြီ။ ဘာကြေးလောင်း မလဲကဲပြော။

ကိုဘအေး။ ။ ဆရာတကယ်လုပ်မယ်ဆိုရင် ကျွန်တော်မလောင်းဘူး။ ပါးစပ်ကပဲမှန်တဲ့အတိုင်းပြောမယ်။

ကျောင်းဆရာ။ ။ ခင်ဗျားကဘာပြောမှာလည်း။

ကိုဘအေး။ ။ ဆရာမနက်ဖြန်ကျောင်းဝတ်စုံဝတ်သွားရင် အနည်းဆုံးထောင် တစ်နှစ်လောက်တော့ကျခံရမယ်။

ကျောင်းဆရာ။ ။ မဟုတ်တာဗျာ။ စောင့်ကြည့်ကျွန်တော်မနက်ဖြန်ဝတ်သွား မယ်ဗျာ။ ခင်ဗျားတို့စောင့်ကြည့်။

ကိုအောင်။ ။ ကဲကိုဘအေးရေ ခင်ဗျားတားရင်လည်းအပိုပဲ။ ဆရာကတစ် ကယ်လုပ်မှာဗျ။
ပြာမိတဲ့ကျွန်တော်တို့ပါးစပ်ကိုကအမှား။

ဒါနဲ့ကျောင်းဆရာလည်းမနက်ရောက်တော့်ကျောင်းစိမ်းဝတ်စုံကိုသားသား နားနားဝတ်ပြီး အမျိုးသား ညီလာခံထောက်ခံပွဲကျင်းပတဲ့နေရာကိုလမ်း လျှောက်သွားသတဲ့။ နေရာလည်းရောက်ရော ခွေးတွေအနံ့ရလို့ထင်တယ်။ အော....ဟုတ်ပါဘူး။ ရဲတွေကျောင်းဆရာနားချဉ်းကပ်လာပါလေရော။

ရဲ။ ။ ဆရာကျွန်တော်တို့နောက်ခဏလောက်လိုက်ခဲ့ပါဦးလို့ဆိုပြီး စူပါကပ် ဆိုင်ကယ်အစုတ် လေးပေါ်ကို တက်ခိုင်းတယ်တဲ့။ ကျောင်းဆရာလည်း တစ်ခုခုသွားဝယ်မယ်ဆိုတဲ့အထင်နဲ့ဆိုင်ကယ်ကိုတက်လိုက်ပါရဲ့။

နောက်တော့ရဲစခန်းကိုရောက်သွားပါလေရောတဲ့။
ရဲဗိုလ်တစ်ရောက်က ဆီးကြိုပြီး
ခင်ဗျားကိုတော့ညီလာခံထောက်ခံပွဲတက် ရာမှာကျောင်းဝတ်စုံဝတ်လာလို့ ထောင်(၁)နှစ်ချလိုက်ပါပြီတဲ့။ ကျောင်းဆရာခမျာဘာမှမပြောနိုင်တော့ဘူး။ ဒါပေမဲ့ကျောင်းဆရာတစ်ရောက် စိတ်ထဲကရေရွတ်လိုက်တာကတော့

မှန်လိုက်လေကိုဘအေးရေဆိုတာပါပဲ။

ရှမ်းကလေး

ဆန့်ကျင်ဘက်မြန်မာနိုင်ငံသား

တနေ့မြန်မာနိုင်ငံသားရယ်၊ ထိုင်းနိုင်ငံသားရယ်၊ တရုတ်နိုင်ငံတို့တတွေဟာ စင်္ကပူမှာ ပညာသွားသင်ရင်း ခင်မင် ရင်းနှီးကြသတဲ့။ တစ်ရက်မှာတော့ သူတို့ တတွေဟာ သူတို့ရဲ့တိုင်းပြည်ကောင်းကြောင်းကိုပြောကြသတဲ့။

ထိုင်းနိုင်ငံသား။ ။ငါတို့ဘုရင်ကတော့်ကွာ သူများတွေတော်တော်ရိုသေကြ တယ်ကွ။လေးလည်းလေးစားတယ်။ ငါတို့နိုင်ငံမှာငါတို့ဘုရင်ကိုမလေးစား တဲ့လူကိုမရှိဘူး။

ဒါနဲ့တရုတ်နိုင်ငံသားလည်းအားကျမခံ ငါတို့နိုင်ငံကလည်းအခုဆိုရင် ကမ္ဘာမှာ အချမ်းသာဆုံးဖြစ်နေပြီကွ။


ဒါပေမဲ့ ထိုင်းနဲ့တရုတ်ကသူတို့နိုင်ငံကောင်းကြောင်းတွေကိုပြောနေပေမဲ့၊ မြန်မာနိုင်ငံသားကတော့တိတ်ဆိတ် နေသတဲ့။

ဒါကိုတရုတ်နဲ့ထိုင်းနိုင်ငံသားက။ ။ ဟေ့ကောင်မင်းတို့နိုင်ငံကိုဘာကောင်းကြောင်းမှမကြွားဘူးလား။

မြန်မာနိုင်ငံသားက ငါမပြောချင်ဘူးကွာ၊ ငါပြောရင်မင်းတို့အံ့သြသွားမယ်။


တရုတ်နဲ့ထိုင်းနိုင်ငံသားလည်းမရမကမြန်မာနိုင်ငံသားကိုမေးသတဲ့။အတင်းမေးတော့မြန်မာနိုင်ငံသားလည်းမနေ သာတော့ပဲ ပြောပြလိုက်သတဲ့။ မြန်မာနိုင်ငံသားစကားလည်းဆုံးရော တရုတ်နဲ့ထိုင်းနိုင်ငံသားဟာ ဟေ...အဲ့လိုလား ဆိုတဲ့အသံကတပြိုင်နက်ပဲ။

ကိုမြန်မာနိုင်ငံသားပြောသွားတာကတော့ ငါတို့ဗိုလ်ချူပ်တွေကလည်း တစ်ယောက်မှမကောင်းဘူး၊ ငါတို့ရိုသေ ကိုးကွယ်တဲ့ရဟန်းသံဃာတွေကို လည်းသတ်လိုသတ်၊ ငါတို့ဗိုလ်ချူပ်တွေခေတ်ရောက်မှပဲ ဘုန်းကြီးခေါင်းနဲ့ သေနတ်ပြောင်းထိတော့တယ်ကွာ။ လို့ပြောရှာသတဲ့။



ရှမ်းကလေး

Monday, November 19, 2007

“သန်းရွေ၏အကျင့်”


မှတ်ချက်။ ။ ဤကဗျာအားသံစဉ်အနိမ့်အမြင့်နှင့်သီဆိုပါရန်။

ဂန်ဗာရီလာပြီ သန်းရွေလိမ်တော့မည်။
ကြိုင်ကြိုင်လာပါပြီ သန်းရွေအတည်ပြောသည်။

ဂန်ဗာရီလာပြီ သန်းရွေငိုပြမည်။
ကြိုင်ကြိုင်လာပါပြီ သန်းရွေထိုင်ကန်တော့သည်။

တနေ့တခါ ထိုင်ကတော့တာ။
သန်းရွေကုသိုလ် ကောင်းမှူပါ။
ကြိုင်ကြိုင်ခမျာ ပီတိတွေဖြာ။


ရှမ်းကလေး

“သန်းရွေကိုသိလား”

သန်းရွေကိုသိလား
မြန်မာနိုင်ငံသား ကျောက်ဆည်မြို့ဖွား
အာဏာရမ္မက် လောဘတက်ပြီး
အာဏာကို ဖြတ်လမ်းနည်းနဲ့
လုယူသွားတဲ့ လူယုတ်မာလေ။

သန်းရွေကိုသိလား
အာဏာရမ္မက်တင်မဟုတ်ပဲ
သူ့ရဲ့စီးပွားရေးကိုလည်း လောဘကြီးလို့
တေဇလို တပည့်မွေးထားပြီး
နိုင်ငံရဲ့ တွင်းထွက်ပစ္စည်းတွေကို
ပြင်ပသို့ ခိုးထုတ်နေတဲ့ လူယုတ်မာပေါ့။

သန်းရွေကိုသိလား
ပြည်သူလူထု ဘိုးဘွား၊ ဘီဘင်
အဆက်ဆက်က ကိုးကွယ်လာကြတဲ့
အရှင်သူမြတ် ရဟန်းသံဃာတော်တွေကို
သေအောင်သတ်ခိုင်း ဆရာလုပ်နေတဲ့
သူယုတ်မာလေ။

သန်းရွေကိုသိလား
ရိုင်းစိုင်းယုတ်မာ ကောက်ကျစ်စဉ်းလည်း
သူ့ဘက်တော်သား ကြံ့ဖွံ့တွေကို
ရဟန်းအတု လုပ်ခိုင်းနေတဲ့
သူယုတ်မာပေါ့။

သန်းရွေကိုသိလား
ဒေါ်စုလို ရဲ့ရင့်ပြတ်သားတဲ့
သူကိုကြောက်လို့ ဒေါ်စုကိုဖမ်းထားတဲ့
မိန်းမရှာခေါ် သူယုတ်မာပေါ့။

သြော....ကြည့်လိုက်ရင်လည်း
ကောင်းစရာတစ်ကွက်မှ မရှိတာမို့
စိုးဝင်းနည်းတူ သွားရမဲ့
သူယုတ်မာပဲပေါ့ဗျာ။

ရှမ်းကလေး

“ဒါဟာဗုဒ္ဓဘာသာနိုင်ငံတဲ့လား”

ကျွန်တော်တို့မြန်မာနိုင်ငံကြီးမှာဘာတွေဖြစ်ကုန်နေပြီလဲ?အစစ၊အရာရာပွဲလမ်းသဘင်ဖြစ်စေ၊မသာ
ပွဲတွေဖြစ်စေ၊ အလှူပွဲတွေဖြစ်စေ၊ ကျွန်တော်တို့ နိုင်ငံမှာ ရဟန်းသံဃာတွေကို မပင့်ဖိတ်ပဲလုပ်လေ့
ထုံးစံမရှိပါ။ ခေတ်အဆက် ဆက်ကရဟန်းသံဃာတော်တွေကို စိတ်ထဲကတောင်မပြစ်မှားခဲ့တဲ့အချိန်

မှာန၀တ၊နအဖတို့ခေတ်ရောက်မှပဲဘုန်းကြီးခေါင်းနဲ့သေနတ်ပြောင်းထိတော့တယ်ဗျာ။ကျွန်တော်တို့ မြန်မာယဉ်ကျေးမှုမှာဆိုရင်ဘုန်းကြီးကျောင်းသွားပြီးမကန်တော့တဲ့သူကိုမရှိဘူး။လူကြီးကအစကလေး အဆုံးကျောင်းရောက်ပြီဆိုရင်ကျောင်းပေါ်မှာသွားထိုက်ကန်တော့ပြီးမှ ကျောင်းအောက်ပြန်ဆင်း လေ့
ရှိတယ်။ဘုန်းကြီးကျောင်းမှာလုပ်တဲ့ပွဲလမ်းသဘင်တွေဆိုရင်လည်းပွဲသွားလည်တဲ့အခါမှာဘုန်းကြီးကျောင်း ပေါ်တက်ကာ ထိုက်ကန်တော့ပြီးမှ ကျောင်းအောက်ကိုဆင်းပြီးပွဲလည်ရတယ်။ ဒီလိုထိုင်ကန်တော့တဲ့နေ
ရာမှာလည်းလက်အုပ်ချီပြီးထိုက်ကန်တော့ရတယ်။သည်လိုထိုင်ပြီးခေါင်းငြိမ့်ကာထိုင်ကတော့တဲ့လူတွေ
ကိုတော့ကျွန်တော့်တစ်သက်မတွေ့ဖူးသေးဘူး။ဘယ်သူမဆိုလက်အုပ်ချီကာထိုင်ကန်တော့ကြတယ်။ ဒီလိုလက်အုပ်ချီတဲ့ပုံတွေကိုတစ်ချို့သောလူများကလည်းတရိုတသေနဲ့ကိုယ့်ရဲ့လက်မောင်းမှာဖြစ်စေ၊ ကိုယ့်ရဲ့ကျောကုန်းမှာဖြစ်စေ၊ကိုယ့်ရဲ့ရင်ဘတ်မှာဖြစ်စေ၊ကှိုင်းရှိုင်းစွာနဲ့ဆေးမင်ကြောင်ကိုသုံးကာတမြတ် တနိုးထိုးထားကြတယ်။လက်အုပ်ချီတဲ့ပုံ တင်မကပါဘူး။ စေတီပုံတွေလည်းထိုးကြတဲ့ ကျွန်တော်တွေ့ဖူးတဲ့
လူတွေဟာလည်းမနည်းပါဘူး။ဒါဟာသူတို့တတွေဗုဒ္ဒဘာသာကိုဘယ်လောက်ယုံကြည်ကိုးကွယ်လည်းဆိုတာ ကိုပြသတဲ့သဘောပါ။ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်ကိုအုပ်ချူပ်နေတဲ့မဟုတ်တရုတ်ဗိုလ်ချူပ်တွေက အာဏာလောဘကိုမထိန်းနိုင်ပဲ ရဟန်းသံဃာတော်တွေကို ဖမ်းလိုဖမ်း၊ သတ်လိုသတ်၊ ပြည်သူလူထုတွေ
ကိုဖမ်း၊သတ်လိုသတ်နဲ့ရဟန်းသံဃာနဲ့ပြည်သူလူထုတွေကလည်းသူတို့တတွေကြောင့်အသက်ပေါင်း မနည်းဆုံးရှုံး ခဲ့ရပါပြီ။ ဒါတင်မကသေးပဲ အပြစ်ကင်းမဲ့လှတဲ့ကျောင်းသားတွေကိုလည်း သတ်တာမ
နည်းပါဘူး။ဒါတွေဟာလည်းပြီးသွားတာအခုဆိုရင်(၂)လရှိသွား ပြီ။ ဒီနှစ်လအတွင်းမှာတော့ ဖမ်းချင်တဲ့သူ
တွေကို စီမံကိန်းနဲ့ဖမ်းလေသလား လို့တောင်ထင်တယ်။ ပြီးရင် သူတို့တတွေရဲ့လက်အောက်ခံ
ကြက်ဖွတ်နဲ့စုန်းအားရှင်တွေကလည်းလက်သံပြောင်ကောင်းလွန်းလို့သူရဲကောင်းဆုတွေရလိုက်သေးတယ်။ စက်တင်ဘာဆန္ဒထုတ်ဖော်ပွဲမှာသံဃာတော်တွေကိုရိုက်နှက်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုလည်းရဲချူပ်ခင်ရီ ကိုယ်တိုင်ဆုတွေပေးတယ်လို့သိရပါတယ်။တချို့တပ်ဖွဲ့ဝင်တွေကလည်းကိုယ့်အမှားကိုယ်သိပြီးအုပ်စုလိုက် ရဲစခန်းကနေထွက်ပြေးသွားတယ်လို့သတင်းဌာနအသီးသီးကကျွန်တော်ဖတ်ရှုရပါတယ်။ကဲကျွန်တော် ရေးတဲ့ရည်ရွယ်ချက်ကိုပြန်သွား ကြရအောင်ဗျာ။ ဒီမနက်ကျွန်တော် သတင်းတစ်ခုကိုသွားဖတ်
ရတယ်။ ဒါကတော့ မြရိပ်ညိုဟော်တယ်မှာပြုလုပ်တဲ့ စင်မြင့်ဖြေဖျော်ပွဲမှာ ဆယ်ကျော်တက်အဆိုတော်
ဂျီတုံးအင်္ကျီချွတ်ကခဲ့တာတွေကိုအစပြုလို့အာဏာပိုင်တွေကဖမ်းဆီးခဲ့တဲ့အတွက်ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ ပါတယ်။အဆိုတော်ဂျီတုံးဟာအင်္ကျီချွတ်ကပြတဲ့အချိန်မှာနောက်ကျောမှာလက်အုပ်ချီတဲ့ပုံထိုးထားလို့ဆိုပြီးအာဏာပိုင် တွေကဖမ်းခဲ့ရခြင်းဖြစ်ပါတယ်။ဒါဟာတော်တော်ဆိုးတဲ့လုပ်ဆောင်ချက်တစ်ခုပါ။ဒါဟာဗုဒ္ဓဘာသာနိုင်ငံလို့ ပြောလို့ကိုမရတော့ဘူး။ဘာသာမဲ့နိုင်ငံလို့တောင်ပြောရမလိုဖြစ်နေပြီ။ဒီအဆိုတော်ဂျီတုံးကတမင်သက်သက် လုပ်သည့်ဖြစ်စေ၊ပျော်လွန်းလို့လုပ်သည်ဖြစ်စေ၊အာဏာပိုင်တွေကဒီလိုရမ်းကားတဲ့အပြုအမူမျိုးမလုပ်သင့်ဘူး။ ပြီးတော့အာဏာပိုင်တွေကပွဲလာကြည့်တဲ့ပရိတ်သတ်တွေကိုလည်းရိုက်သွားသေးတယ်။ အဆိုတော်တစ်ချို့ လည်းရိုက်ခံရတယ်။ ပရိတ်သတ်တွေထဲမှာ ကျောင်းသား တွေလည်းပါမယ်။ သာမန်ပြည်သူတွေလည်းပါမယ်။ လူမျိုးစုံပါမယ်ဗျာ။အဲ့လိုလူတွေကိုရိုက်လိုက်တော့လူတွေဟာဘယ်တော့မှကျေနပ်ကြမှာမဟုတ်ပါဘူး။အဲ့လိုမ ကျေနပ်ရာကနေအာဏာပိုင်တွေကိုကြည့်လို့မရတဲ့လူတွေလည်းမျာလာပါလိမ့်မယ်။ကျွန်တော်နောက်ဆုံး ပြောချင်တာကတော့ကျွန်တော်တို့တိုင်းပြည်ဟာနအဖခေတ်မှဘာသာမဲ့ကိုမဲ့နေပြီဆိုတာပါပဲ။ကျွန်တော် မောင်ရှမ်းကလေးရဲ့ဟိုစပ်စပ်ဒီစပ်စပ်ဆောင်းပါးလေးကိုဖတ်ရှုအားပေးတဲ့လူတွေလည်းဝေဖန်မှု တွေပေးသွားပါလို့ပြောဆိုရင်း နိဂုံးချုပ်လိုက်ပါ တယ်ဗျား။

Sunday, November 18, 2007

“ငါစိတ်မဆိုးပါဘူး”

ချစ်တယ်လို့ မင်းရဲ့ဟန်ဆောင်မှုတွေနဲ့
ငါ့ကိုလာမပြောပါနဲ့။

သနားတယ်လို့ မင်းရဲ့ကြင်နာမှုတွေနဲ့
ငါ့ကိုလာမပြောပါနဲ့။

လိမ္မာတယ်လို့ မင်းရဲ့ယုယမှုတွေနဲ့
ငါကိုလာမဖားပါနဲ့။

ယဉ်ကျေးတယ်လို့ စိတ်ထဲကမရှိတဲ့အတိုင်း
ငါ့ကိုလာမပြောပါနဲ့။

မုန်းတယ် မသနားဘူး
ဆိုးတယ် မယဉ်ကျေးဘူးလို့

စိတ်ထဲကရှိတဲ့အတိုင်း ပြောသွားပါ။
ငါစိတ်မဆိုးပါဘူး။

ရှမ်းကလေး

“သံလွင်”

ငါသည် ဤတွင်မွေးဖွားသည်
ဤနေရာကား သံလွင်။

ငါသည် ဤတွင်ကြီးပြင်းသည်
ဤနေရာကား သံလွင်။

ငါသည် ဤတွင်ပညာရှာသည်
ဤနေရာကား သံလွင်။

ငါသည် ဤတွင်လုပ်ကိုင်စားသောက်လာသည်
ဤနေရာကား သံလွင်။

ယခုငါသည် ဤနေရာနှင့်ဝေးနေသည်
ဤနေရာကား သံလွင်။

ဒါပေမဲ့ ငါသည် ဤနေရာတွင်သေရမည်။
ဤနေရာကား သံလွင်။


ရှမ်းကလေး