Friday, November 16, 2007

“ခေါင်းစားရင်မင်းဖြစ်တယ်၊ မင်းဖြစ်ရင်မင်းခံ”

တနေ့နအဖစစ်ဗိုလ်ကြီးသန်းရွေတစ်ယောက်လူကြီးတစ်ယောက်ဆီကနေစကားပုံတစ်ခုကြားသွားသတဲ့။ အဲ့ဒီ စကားပုံကတော့ခေါင်းစားရင်မင်းဖြစ်၊မင်းဖြစ်ရင်မင်းခံဆိုတဲ့စကားပုံလေးပါပဲ။ဒါပေမဲ့ဗိုလ်ချူပ်တစ်ယောက်စကား ပုံရဲ့တစ်ဝက်ကိုပဲကြားမိသတဲ့။ခေါင်းစားရင်မင်းဖြစ်ဆိုတဲ့ထိပ်ကစာလေးကိုပဲသူသိတယ်တဲ့။ဒါနဲ့သူလည်းမြန်မာနိုင်ငံ ကရှိသမျှငါးခေါင်းတို့၊နွားခေါင်းတို့၊သတ္တ၀ါအစရှိတဲ့ခေါင်းတွေကိုနေပြည်တော်(ခေါ်)ခွေးပြေးအောဟုတ်ပါဘူးကြပ်ပြေးမြို့ကို နေ့တိုင်းပို့ခိုင်တယ်တဲ့။ဒီလိုထူးခြားတဲ့သတင်းကိုကြားတော့ပြည်သူလူထုတွေအားလုံးကလည်းအထူးစိတ်ဝင်စားကြတာပေါ့။
ဒီလိုစိတ်ဝင်စားတော့သိချင်တဲ့လူတစ်ယောက်ဖြစ်တဲ့ဗိုလ်ချူပ်မှူးကြီးကိုငါးသွားပို့ပေးတဲ့လူတစ်ယောက်လည်းအရမ်းပဲ သိချင်သတဲ့။သွားပို့တာသွားပို့တာဘာကြောင့်သွားပို့းဆိုတာကိုမသိဘူးပေါ့။ဒါပေမဲ့သူလည်းအနီးအနားမှာရှိတဲ့ စစ်အရာရှိတစ်ဦးကိုမှမမေးရဲဘူးတဲ့။ဒါပေမဲ့သူ့ရဲ့သိချင်တဲ့စိတ်ကအလွန်အမင်းပြင်းပြနေတော့ သူအရဲစွန့်ပြီး သူ့ရှေ့ကဖြတ်သွားတဲ့စစ်အရာရှိတစ်ဦးကို

အကို.... ဘာဖြစ်လိုကျွန်တော်တို့ရဲ့အရှင်မင်းကြီးကခေါင်းတွေမှာရတာလည်းမသိဘူးနော်
လို့ချိုချိုသာသာနဲ့မေးရှာသတဲ့။
စစ်အရာရှိလည်းသူ့ကိုငါးခေါင်းပို့သမားကအကိုခေါ်တာနဲ့တင်မျက်နှာကအပြုံးရိပ်တွေသန်းလာပြီး
ငါတို့ဗိုလ်ချူပ်ကခေါင်းစားရင်မင်းဖြစ်တယ်ဆိုလို့ကွ
ဆိုပြီးဝင့်ဝင့်ကြွားကြွားပြောဆိုတာပေါ့။ဒါနဲ့ငါးခေါင်းသွားပို့တဲ့လူကလည်းသူ့အိမ်ကိုပြန်ရောက်တော့သူ့အဖေကို ဗိုလ်ချူပ်မှူးကြီးငါးခေါင်းဘာကြောင့်စားရလည်းဆိုတာကိုပြန်သွားပြောပြတယ်တဲ့။သူ့အဖေပြန်ပြောလိုက်တဲ့ စကားကို သူ့သားကြားတော့ထရီတာ မျက်ရည်တောင်ထွက်တယ်ဆိုပဲ။ သူ့အဖေပြောလိုက်တာကတော့

ဟာငါတို့ဗိုလ်ချူပ်ငါတို့ထက်တောင်ပညာမရှိပါလား၊ဘာလိုလို့များတိုင်းပြည်ကိုအုပ်ချူပ်နေပါလိမ့် ခေါင်းစားရင်မင်းဖြစ်တယ်၊ မင်းဖြစ်ရင့်မင်းခံဆိုတဲ့ဟာလေးတောင်မသိဘူးတဲ့။

ရှမ်းကလေး

ပအိုဝ့်လူမျိုးတို့ဖြူသားမစားရခြင်းမှာ

ရှေးအခါကယင်းဘော်လူမျိုးနှင့်ပအိုဝ့်လူမျိုးတို့သည်ညီအကိုရင်းအချာကဲ့သို့နေထိုင်ကြကုန်၏။ ပအိုမ့်လူမျိုးများ သည်တနေ့တ၌တောလိုက်ရာတွင်ဆင်တစ်ကောင်ကိုဖမ်းမိလာ၏။ရလာသည့်ဆင်အသားကို ညီအကိုများခွဲဝေ စားသောက်ကြရာမှာ ဆင်ကောင်သည်အကောင်ကြီးသဖြင့်ဝလင်စွာစား သောက်ကြရလေ၏။ နောက်တစ်နေ့ ယင်းဘော်သို့ တောလိုက်လာရာမှာ ဖြူတစ်ကောင်ကိုရလာလေ၏။ဖြူကောင်သည်ငယ်ရွယ်လွန်းသောကြောင့် ညီအကိုတို့တတွေ အနည်းငယ်သာစားကြရလေသည်။ ပအိုဝ့်လူမျိုးများသည် အနည်းငယ်သာစားကြရ၍ မယုံကြည်သောကြောင့် ဖြူတောင်၏အမွေးကိုတောင်းသောအခါယင်းဘော်လူမျိုးများကလည်း ဖြူ၏အဆူးကို ပအိုဝ့်တိုင်းရင်းသားများထံပေးလိုက်လေသည်။ဖြူဆူးသည်ကြီးသောကြောင့်ဖြူကောင်သည်ဆင်ထက်ပင်ကြီးရမည်ဟု ပအိုဝ့်လူမျိုးတို့ကယူဆပြီးအသားများများမပေးခြင်းသည်ယင်းဘော်သို့အကောက်ကြံခြင်းသာဖြစ်ကြောင်းယူဆကြကုန်၏။ ထို့ကြောင့်ပအိုဝ့်လူမျိုးများသည်စိတ်ဆိုးပြီးဖြူအသားကိုယနေ့ထိတိုင်မစား ကြောင်းသိရှိရလေသည်။




မှတ်ချက်။ ။ဤပုံပြင်ကိုငယ်ရွယ်စဉ်ကလူကြီးသူကြီးပြောသည်များကို ကြားဖူးနားဝရှိသောကြောင့်တတ်သိသမျှရေးလိုက်ရခြင်းဖြစ်ကြောင်း
အသိပေးအပ်ပါသည်။


Tuesday, November 13, 2007

ကျွန်တော့်၏အကြောင်းတစ်ချို့ နှင့်အတွေ့ အကြုံများ

လူတိုင်း၊လူတိုင်းစာရေးတယ်ဆိုတာကိုယ့်ရင်ထဲကဖြစ်ပေါ်လာတဲ့အကြောင်းအရာတွေကိုသော်လည်းကောင်း၊
လောကကြီးရဲ့ဖြစ်ပျက်နေတဲ့ ကိုယ့်ရဲ့ခံစားချက်တွေကို ရေးသားကြတယ်ဆိုတာကျွန်တော်မြင်မိပါတယ်။ ကျွန်တော်သည်လည်း ကျွန်တော့်ဘ၀တစ်လျှောက်မှာဖြစ်ပျက်နေတဲ့ ခံစားချက်တွေနဲ့၊ ကျွန်တော်တွေ့ကြုံလာခဲ့တဲ့ ပတ်ဝန်းကျင်ရဲ့ ကောင်းမှု၊ မကောင်းမှု တွေကိုရေးနေတာပါ။ ဒါပေမဲ့နဂိုကတည်းမှ က ကို ယ ဖြစ်အောင် ရေးတတ်တဲ့ကျွန်တော့်လိုလူမျိုးက ဘယ်လိုလို့မြန်မာစာတွေကိုလိုက်လျှော ညီထွေအောင်ရေးတတ်မှာလဲ။ ကဗျာတွေ၊ စာတွေကိုဘယ်လိုလို့ ဖွဲ့ဖွဲ့နွဲ့နွဲ့ရေးတတ်မလည်း။ ဒါကိုတော့ သီးခံခွင့်လွတ်ပေးကြပါခင်ဗျာ။ ဒီလိုပြောရခြင်းဟာ ကျွန်တော်တို့ရှမ်းလူမျိုးတွေရဲ့ပွင့်လင်းရိုးသားခြင်း စရိုက်တစ်ခုပါ။အရှိကိုအရှိတိုင်းပဲပြောတာပါ။ ဒီလိုမရေးတတ်ရခြင်းရဲ့အကြောင်းအရင်းကလည်း ဆန်းတော့ မဆန်းပါဘူး။ ဘာကြောင့်မဆန်းဘူးလည်းဆိုတာကို ကျွန်တော့်ရဲ့ တိုင်းရင်းသား၊ ညီအကို မောင်နှမ များမေးလာကောင်းမေးနိုင်ပါတယ်။
ဒီလိုမေးလာခဲ့ရင် ဖြေဆိုဖို့အဖြေ ကတော့ကျွန်တော့မှာအဆင့်သင့်ပါပဲ။ ဘာဖြစ်လို့ဒီလိုမဆန်းဘူးလို့ပြောရလဲဆိုရင်တော့ ကျွန်တော်ဟာ ယခုလို ကွန်ပျူတာကို ကိုင်ပြီးပညာသင်ယူရ မယ်ဆိုတာကိုလုံးဝမထင်မှတ်ခဲ့လို့ပါ။တစ်ကြိမ်တစ်ခါမှလည်းဒီလိုဖြစ်လာဖို့မမျော်မှန်းခဲ့ပါဘူး။စာဖတ်သူအပေါင်းတို့ မေးလာကောင်းမေးနိုင်တဲ့မေးခွန်းတစ်ခုကတော့ကွန်ပျူတာမရှိလို့စာရေးလို့မရဘူးလားလို့ထပ်မေးလာနိုင်ပါတယ်။ ဒီဖြေကိုဖြေရမယ်ဆိုရင်စာကရှည်သွားလိမ့်မယ်ဗျ။ ဒီအကြောင်းတွေကို နောက်မှအေးအေးဆေးဆေး ရေးပါဦးမည်။ ကဲ...ကျွန်တော့်ရဲ့ရေးလက်စ လေးကိုပြန်ဆက်ရမယ်ဆိုရင် ကျွန်တော်ဒီလိုစာရေးရမယ် ဆိုတဲ့မမျော်မှန်းချက်တွေကို ဟိုး...ကျွန်တော်နေထိုင်ခဲ့တဲ့ရွာလေးတစ်ရွာမှာ လွန်ခဲ့တဲ့ (၃)နှစ်လောက်က ဆုံးဖြတ်ခဲ့တဲ့အချက်တစ်ချက်ပါ။ဒီလိုကွန်ပျူတာမှာစာထိုင်ရေးဖို့မမျော်မှန်းတဲ့အကြောင်းရင်းကလည်းရှင်းနေပါတယ်။ ကျွန်တော်တို့ရွာမှာဆိုရင် လျှပ်စစ်မီးသုံးပြီးအသုံးပြုရတဲ့ ကွန်ပျူတာ မပြောနဲ့။ ဓါတ်ခဲ ထည့်ပြီးသုံးရတဲ့ ဂဏန်း ပေါင်းစက်တွေကိုတောင် နှိပ်ဖူးတဲ့လူတွေရှိမှာမဟုတ်ပါဘူး။ ဒါတွေအားလုံးဟာ နအဖကြောင့်လို့ ကျွန်တော်ပြောမယ်ဆိုရင်လည်း နအဖတွေကို အဖေတော်ထားတဲ့လူတစ်ချို့တွေက တစ်ခါလာလည်း ငါတို့ ဖအေမကောင်း ကြောင်းပဲပြောနေတယ်လိုအပြစ်တော်တွေဝေဖန်လာကြဦးမယ်ထင်ပါတယ်။ ကျွန်တော်စာ ရေးတာကိုကလည်း နအဖမကောင်းကြောင်းမပါရင် စိတ်ထဲမှာတစ်မျိုးကြီးဖြစ်နေသလိုပဲ။ မွေးလာက တည်းကများ ဒီလိုသူရုပ်မာတွေရဲ့ မကောင်းကြောင်းတွေရေးဖို့ဆိုပြီး အရှင်ဘုရားကပဲ လက်တွေထည့်ပေး လာတာကြနေတာပဲ။ ဒီကနေ့တော့ထမင်းစားကောင်းဦးမယ်ဗျာ။ သူများမကောင်းကြောင်းရေးလို့ ထမင်းစား ကောင်းမှာတော့မဟုတ်ဘူးနော်။ ဒီနေ့အကိုတစ်ယောက်ဟင်းကောင်းတွေချက်ထားလို့ဗျ။ စာရေးရင်းနဲ့ ဟင်းနံ့ကမွေးနေတာပဲ။ ထမင်းတောင်စားချင်လာပြီ။ ကဲထမင်းကလည်းဆာလာတာကတစ်ကြောင်း၊ စာကလည်းဆက် မရေးတတ်တော့အတွက်တစ်ကြောင်း ကျွန်တော်မောင်ရှမ်းကလေးရဲ့ အကျင်တစ်ချို့နဲ့ တွေ့ကြုံလာခဲ့ရတဲ့အကြောင်းတစ်ချို့ကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါ တော့မယ်ခင်ဗျား။ စာဖတ်သူအပေါင်းတို့ ရွင်လမ်းချမ်းမြေ့ပျော်ရွင်နိုင်ကြပါစေ။

ကြိုးစားလျှက် ရှမ်းကလေး

“မိုးဦးလမ်း”

တဘက်မှာ ချောက်နက်နက်

တဘက်မှာ ကျောက်နံရံ

လမ်းကလည်းမိုးရွာထားလို့ 

အရမ်းချော်ပါဘိနဲ့  ကံကြမ္မာဆိုတာ

တတ်အပ်ပြောလို့မရဘူး။

ဒီအတက်က မက်လည်းမက်တယ်

ရှည်လည်းရှည်တယ် လမ်းကလည်းချော်

ကားသမားခမျာ စီယာတိုင်ကို

လမ်းအလိုအကျ တဝေမသိမ်း လှည့်ပေးနေရတယ်။

လမ်းကကျဉ်းပြန်တော့

သည်အဆင်းမှာ ကိုယ့်ဟွန်းကို

အဆက်မပြတ်တီးရပါတော့တယ်။

သည်အတက်မှာတော့

တဘက်ကားရဲ့ဟွန်းသံကို

နားပါးပါးနဲ့ နားထောင်နေရတယ်။

အို......တယ်ဆိုးတဲ့

မိုးဦးလားပါပေတကား။

ရှမ်းကလေး

ကျွန်ုပ်မကြုံဖူးတဲ့အရာတစ်ခု

ဤကမ္ဘာမြေကြီးဝယ်

မိုးရွာခြင်းနှင့်နေပူခြင်းကိုလည်း

ကျွန်ုပ်တွေ့ဖူး၏။

ဤကမ္ဘာမြေကြီးဝယ်

သူကောင်းများနှင့် သူခိုးများကိုလည်း

ကျွန်ုပ်တွေ့ဖူး၏။

ဤကမ္ဘာမြေကြီးဝယ်

စိတ်ကောင်းရှိသူနှင့် စိတ်ယုတ်ရှိသူကိုလည်း

ကျွန်ုပ်တွေ့ဖူး၏။

ဤသို့ဤပုံ အစရှိသဖြင့်

ကျွန်ုပ်ကြုံတွေ့ဖူးပါသော်လည်း

မိမိဘိုးဘွားဘီဘင်

အဆက်ဆက်က ရိုသေလေးစား

ကိုးကွယ်ခဲ့ကြတဲ့ ရဟန်းသံဃာများကို

ရက်စက်ရိုင်းစိုင်းစွာသတ်ဖြတ်နေသည့်

လုပ်ရပ်များကို တစ်ခါတစ်လေမျှ

ကြုံဖူးခြင်းမရှိ။

သို့ပါသောကြောင့်

ဤသို့ဤပုံ မိမိတို့ဘိုးဘွားဘီဘင်

အဆက်ဆက်က ကိုးကွယ်လာခဲ့တဲ့

ရဟန်းသံဃာအရှင်သူမျက်တို့အား

ယုတ်မာရိုင်းစိုင်း သတ်ဖြတ်မှုအပေါ်

ယမငရဲမင်းကိုယ်တိုင် သတ်ဖြတ်သူများအား

မြန်နိုင်သမျှ မြန်နိုင်အောင်

လာရောက်အပြစ်ပေးကြပါစေဟူ၍

နေ့စဉ်မပြတ်ဆုတောင်းလျှက်။

ရှမ်းကလေး

Sunday, November 11, 2007

“နဲနဲတော့တူပါတယ်တဲ့”

မောင်အောင်တစ်ယောက်သူ့အိမ်ရှေ့ကိုအမြဲဖြတ်သွားတဲ့ဇင်ဇင်လို့ခေါ်တဲ့ကောင်မလေး
ကိုသဘောကျနေတယ်တဲ့။ဇင်ဇင်မှာရည်းစားရှိလားမရှိဘူးလားဆိုတာကိုသူအရမ်းသိချင်
ရှာတယ်တဲ့၊တနေ့ကောင်မလေးအလာကိုမောင်အောင်ဝရံတာကနေစောင့်နေတယ်တဲ့၊ သူ့အိမ်ရှေ့ကိုကောင်မလေးရောက်တော့ကောင်မလေးရဲ့ခေါင်းပေါ်ကိုစာတစ်စောင်ကိုပစ်
ချလိုက်ပါရော၊ မောင်အောင်ရဲ့စာထဲမှာတော့

ဟေးဇင်ဇင်ဒီလက်ရေးကိုမင်းမှတ်မိလားဆိုပြီးအောက်ဆုံးမှာလည်းအသဲပုံလေးဆွဲထား
လိုက်သေးတယ်၊(အထာ။အထာ။)

ကောင်မလေးကစာဖတ်ပြီးတော့ရှက်အမ်းအမ်းနဲ့အပေါ်ကိုမော့ကြည့်ပြီးမောင်အောင်ကို
ဘောပဲန်တောင်းပါလေရော။(ဟာချက်ချင်းကြီးပဲလား)။မောင်အောင်က၀မ်းသာအားရာနဲ့
ဘောပဲန်ကိုအောက်လာပေးရမလားဆိုပြီးဇင်ဇင်ကိုလက်အမူအရာနဲ့မေးတာပေါ့၊
မလိုဘူးလို့လက်အမူအရာနဲ့ဘောပဲန်ကိုဇင်ဇင်ကလမ်းတောင်းလိုက်တယ်၊ဇင်ဇင်လည်းစာရွက်
အလွတ်မှာစာတစ်ကြောင်းရေးပြီးတော့ခဲနဲ့လိပ်ပြီးမောင်အောင့်ဆီကိုပစ်တင်ပေးလိုက်ပြီးလမ်း
ဆက်လျှောက်သွားပါလေရော။မောင်အောင်လည်းဝမ်းသာအားရနဲ့စာကိုဖတ်လိုက်ရာခုနက
မောင်အောင်ပြုံးဖြီးနေတဲ့မျက်နှာလေးဟာမဲ့ရွဲ့သွားပါလေရော။
ကောင်မလေးရေးသွားတာကတော့ ရှင့်လက်ရေးကကျမရဲ့(၈)ယောက်မြောက်ရည်းစားလက်ရေးနဲ့တော့နဲနဲတူပါတယ်တဲ့၊

ရှမ်းကလေး

အမေ့စကားနားထောင်သူ

ကိုမောင်အေးဟာငယ်စဉ်ကသွားတိုက်ဖို့အလွန်ပျင်းရှာတဲ့လူတစ်ယောက်ပေါ့၊ဒါကြောင့်သူ့ရဲ့သွား တွေဟာသွားချေးတွေအထပ်ထပ်နဲ့ရှိနေတာပေါ့။ပြီးတော့သူ့သွားတွေဟာနအဖစစ်ဗိုလ်ချူပ်ကြီးစိုးဝင်းရဲ့
မျက်နှာလိုဘဲဝါ၀င်းထိန်နေတာပဲ။တနေ့တခြားသူအသက်ကြီးလာတော့သူ့အမေကလည်း ရှက်လာတာပေါ့။သူ့အမေကဒီကောင်ဒီလိုမညစ်ပတ်အောင်ဘယ်လိုလုပ်ပေးရမလဲဆိုတာကိုထိုင်
စဉ်းစားနေတာပေါ့၊ဒါမှလည်းကောင်းမှာလေ။လူဆိုတာအသိုးအ၀ိုင်းနဲ့နေတာလေ။တစ်ယောက်
မကောင်းရင်တစ်ဆွေမျိုးလုံးမကောင်းဆိုတာဖြစ်သွားမှာပေါ့။ဒါနဲ့သူ့အမေလည်းအချိန်တော်တော်
ကြာမှစဉ်းစားပေါက်ပြီး
ရော့နင်တော်တော်သွားတိုက်ဖို့အပျင်းကြီးရင်လည်း ကြံသွားဝယ်စုတ်
လို့ဆိုပြီးကိုမောင်အေးကိုကြံဝယ်ဖို့ပိုက်ဆံအကြွေတစ်ချို့ပေးသွားလိုက်ပါရဲ့၊ ကိုမောင်အေးလည်းအပြင်သွားပြီးပြန်လာတော့သူ့အမေသူ့ကိုတွေ့တော့ဒေါသအလုံးလုံးထွက် ပါလေရော။(ပြဿနာပဲ။)ဘာလို့သူ့အမေဒေါ်သထွက်ရသလဲဆိုတော့ကိုမောင်အေးကသူ့အမေခိုင်း
တဲ့အတိုင်း ကြံသွားမ၀ယ်စုတ်ပဲ ကန်စွန်းဥပြုတ်ကြီးဝယ်စားလာတာကိုး

ရှမ်းကလေး

Friday, November 9, 2007

နောက်တော့ဆက်ရေးပါဦးမည်

ကျွန်တော်ယခုလက်ရှိအချိန်အတောအတွင်း မအားလပ်ပါသဖြင့် စာမဆက်ရေးသေးပါဟု အသိပေးပါရစေ၊နောက်(၂၀၀၈)လောက်မှစာရေးဖြစ်မည်ထင်ပါသည်၊ စာဖတ်သူမိတ်ဆွေအပေါင်းသင်းတို့သီးခံပြီးစောင့်ပေးကြပါရန် လေးစားစွာဖြင့်။ အချိန်အားလပ်ပါရင်ဖြင့်ကဗျာတစ်ပုဒ်ဖြစ်စေ၊ စာတစ်ပုဒ်ဖြစ်စေရေး သွားပါမည်။


ရှမ်းကလေး