Tuesday, November 20, 2007

ဆန့်ကျင်ဘက်မြန်မာနိုင်ငံသား

တနေ့မြန်မာနိုင်ငံသားရယ်၊ ထိုင်းနိုင်ငံသားရယ်၊ တရုတ်နိုင်ငံတို့တတွေဟာ စင်္ကပူမှာ ပညာသွားသင်ရင်း ခင်မင် ရင်းနှီးကြသတဲ့။ တစ်ရက်မှာတော့ သူတို့ တတွေဟာ သူတို့ရဲ့တိုင်းပြည်ကောင်းကြောင်းကိုပြောကြသတဲ့။

ထိုင်းနိုင်ငံသား။ ။ငါတို့ဘုရင်ကတော့်ကွာ သူများတွေတော်တော်ရိုသေကြ တယ်ကွ။လေးလည်းလေးစားတယ်။ ငါတို့နိုင်ငံမှာငါတို့ဘုရင်ကိုမလေးစား တဲ့လူကိုမရှိဘူး။

ဒါနဲ့တရုတ်နိုင်ငံသားလည်းအားကျမခံ ငါတို့နိုင်ငံကလည်းအခုဆိုရင် ကမ္ဘာမှာ အချမ်းသာဆုံးဖြစ်နေပြီကွ။


ဒါပေမဲ့ ထိုင်းနဲ့တရုတ်ကသူတို့နိုင်ငံကောင်းကြောင်းတွေကိုပြောနေပေမဲ့၊ မြန်မာနိုင်ငံသားကတော့တိတ်ဆိတ် နေသတဲ့။

ဒါကိုတရုတ်နဲ့ထိုင်းနိုင်ငံသားက။ ။ ဟေ့ကောင်မင်းတို့နိုင်ငံကိုဘာကောင်းကြောင်းမှမကြွားဘူးလား။

မြန်မာနိုင်ငံသားက ငါမပြောချင်ဘူးကွာ၊ ငါပြောရင်မင်းတို့အံ့သြသွားမယ်။


တရုတ်နဲ့ထိုင်းနိုင်ငံသားလည်းမရမကမြန်မာနိုင်ငံသားကိုမေးသတဲ့။အတင်းမေးတော့မြန်မာနိုင်ငံသားလည်းမနေ သာတော့ပဲ ပြောပြလိုက်သတဲ့။ မြန်မာနိုင်ငံသားစကားလည်းဆုံးရော တရုတ်နဲ့ထိုင်းနိုင်ငံသားဟာ ဟေ...အဲ့လိုလား ဆိုတဲ့အသံကတပြိုင်နက်ပဲ။

ကိုမြန်မာနိုင်ငံသားပြောသွားတာကတော့ ငါတို့ဗိုလ်ချူပ်တွေကလည်း တစ်ယောက်မှမကောင်းဘူး၊ ငါတို့ရိုသေ ကိုးကွယ်တဲ့ရဟန်းသံဃာတွေကို လည်းသတ်လိုသတ်၊ ငါတို့ဗိုလ်ချူပ်တွေခေတ်ရောက်မှပဲ ဘုန်းကြီးခေါင်းနဲ့ သေနတ်ပြောင်းထိတော့တယ်ကွာ။ လို့ပြောရှာသတဲ့။



ရှမ်းကလေး

Monday, November 19, 2007

“သန်းရွေ၏အကျင့်”


မှတ်ချက်။ ။ ဤကဗျာအားသံစဉ်အနိမ့်အမြင့်နှင့်သီဆိုပါရန်။

ဂန်ဗာရီလာပြီ သန်းရွေလိမ်တော့မည်။
ကြိုင်ကြိုင်လာပါပြီ သန်းရွေအတည်ပြောသည်။

ဂန်ဗာရီလာပြီ သန်းရွေငိုပြမည်။
ကြိုင်ကြိုင်လာပါပြီ သန်းရွေထိုင်ကန်တော့သည်။

တနေ့တခါ ထိုင်ကတော့တာ။
သန်းရွေကုသိုလ် ကောင်းမှူပါ။
ကြိုင်ကြိုင်ခမျာ ပီတိတွေဖြာ။


ရှမ်းကလေး

“သန်းရွေကိုသိလား”

သန်းရွေကိုသိလား
မြန်မာနိုင်ငံသား ကျောက်ဆည်မြို့ဖွား
အာဏာရမ္မက် လောဘတက်ပြီး
အာဏာကို ဖြတ်လမ်းနည်းနဲ့
လုယူသွားတဲ့ လူယုတ်မာလေ။

သန်းရွေကိုသိလား
အာဏာရမ္မက်တင်မဟုတ်ပဲ
သူ့ရဲ့စီးပွားရေးကိုလည်း လောဘကြီးလို့
တေဇလို တပည့်မွေးထားပြီး
နိုင်ငံရဲ့ တွင်းထွက်ပစ္စည်းတွေကို
ပြင်ပသို့ ခိုးထုတ်နေတဲ့ လူယုတ်မာပေါ့။

သန်းရွေကိုသိလား
ပြည်သူလူထု ဘိုးဘွား၊ ဘီဘင်
အဆက်ဆက်က ကိုးကွယ်လာကြတဲ့
အရှင်သူမြတ် ရဟန်းသံဃာတော်တွေကို
သေအောင်သတ်ခိုင်း ဆရာလုပ်နေတဲ့
သူယုတ်မာလေ။

သန်းရွေကိုသိလား
ရိုင်းစိုင်းယုတ်မာ ကောက်ကျစ်စဉ်းလည်း
သူ့ဘက်တော်သား ကြံ့ဖွံ့တွေကို
ရဟန်းအတု လုပ်ခိုင်းနေတဲ့
သူယုတ်မာပေါ့။

သန်းရွေကိုသိလား
ဒေါ်စုလို ရဲ့ရင့်ပြတ်သားတဲ့
သူကိုကြောက်လို့ ဒေါ်စုကိုဖမ်းထားတဲ့
မိန်းမရှာခေါ် သူယုတ်မာပေါ့။

သြော....ကြည့်လိုက်ရင်လည်း
ကောင်းစရာတစ်ကွက်မှ မရှိတာမို့
စိုးဝင်းနည်းတူ သွားရမဲ့
သူယုတ်မာပဲပေါ့ဗျာ။

ရှမ်းကလေး

“ဒါဟာဗုဒ္ဓဘာသာနိုင်ငံတဲ့လား”

ကျွန်တော်တို့မြန်မာနိုင်ငံကြီးမှာဘာတွေဖြစ်ကုန်နေပြီလဲ?အစစ၊အရာရာပွဲလမ်းသဘင်ဖြစ်စေ၊မသာ
ပွဲတွေဖြစ်စေ၊ အလှူပွဲတွေဖြစ်စေ၊ ကျွန်တော်တို့ နိုင်ငံမှာ ရဟန်းသံဃာတွေကို မပင့်ဖိတ်ပဲလုပ်လေ့
ထုံးစံမရှိပါ။ ခေတ်အဆက် ဆက်ကရဟန်းသံဃာတော်တွေကို စိတ်ထဲကတောင်မပြစ်မှားခဲ့တဲ့အချိန်

မှာန၀တ၊နအဖတို့ခေတ်ရောက်မှပဲဘုန်းကြီးခေါင်းနဲ့သေနတ်ပြောင်းထိတော့တယ်ဗျာ။ကျွန်တော်တို့ မြန်မာယဉ်ကျေးမှုမှာဆိုရင်ဘုန်းကြီးကျောင်းသွားပြီးမကန်တော့တဲ့သူကိုမရှိဘူး။လူကြီးကအစကလေး အဆုံးကျောင်းရောက်ပြီဆိုရင်ကျောင်းပေါ်မှာသွားထိုက်ကန်တော့ပြီးမှ ကျောင်းအောက်ပြန်ဆင်း လေ့
ရှိတယ်။ဘုန်းကြီးကျောင်းမှာလုပ်တဲ့ပွဲလမ်းသဘင်တွေဆိုရင်လည်းပွဲသွားလည်တဲ့အခါမှာဘုန်းကြီးကျောင်း ပေါ်တက်ကာ ထိုက်ကန်တော့ပြီးမှ ကျောင်းအောက်ကိုဆင်းပြီးပွဲလည်ရတယ်။ ဒီလိုထိုင်ကန်တော့တဲ့နေ
ရာမှာလည်းလက်အုပ်ချီပြီးထိုက်ကန်တော့ရတယ်။သည်လိုထိုင်ပြီးခေါင်းငြိမ့်ကာထိုင်ကတော့တဲ့လူတွေ
ကိုတော့ကျွန်တော့်တစ်သက်မတွေ့ဖူးသေးဘူး။ဘယ်သူမဆိုလက်အုပ်ချီကာထိုင်ကန်တော့ကြတယ်။ ဒီလိုလက်အုပ်ချီတဲ့ပုံတွေကိုတစ်ချို့သောလူများကလည်းတရိုတသေနဲ့ကိုယ့်ရဲ့လက်မောင်းမှာဖြစ်စေ၊ ကိုယ့်ရဲ့ကျောကုန်းမှာဖြစ်စေ၊ကိုယ့်ရဲ့ရင်ဘတ်မှာဖြစ်စေ၊ကှိုင်းရှိုင်းစွာနဲ့ဆေးမင်ကြောင်ကိုသုံးကာတမြတ် တနိုးထိုးထားကြတယ်။လက်အုပ်ချီတဲ့ပုံ တင်မကပါဘူး။ စေတီပုံတွေလည်းထိုးကြတဲ့ ကျွန်တော်တွေ့ဖူးတဲ့
လူတွေဟာလည်းမနည်းပါဘူး။ဒါဟာသူတို့တတွေဗုဒ္ဒဘာသာကိုဘယ်လောက်ယုံကြည်ကိုးကွယ်လည်းဆိုတာ ကိုပြသတဲ့သဘောပါ။ဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်ကိုအုပ်ချူပ်နေတဲ့မဟုတ်တရုတ်ဗိုလ်ချူပ်တွေက အာဏာလောဘကိုမထိန်းနိုင်ပဲ ရဟန်းသံဃာတော်တွေကို ဖမ်းလိုဖမ်း၊ သတ်လိုသတ်၊ ပြည်သူလူထုတွေ
ကိုဖမ်း၊သတ်လိုသတ်နဲ့ရဟန်းသံဃာနဲ့ပြည်သူလူထုတွေကလည်းသူတို့တတွေကြောင့်အသက်ပေါင်း မနည်းဆုံးရှုံး ခဲ့ရပါပြီ။ ဒါတင်မကသေးပဲ အပြစ်ကင်းမဲ့လှတဲ့ကျောင်းသားတွေကိုလည်း သတ်တာမ
နည်းပါဘူး။ဒါတွေဟာလည်းပြီးသွားတာအခုဆိုရင်(၂)လရှိသွား ပြီ။ ဒီနှစ်လအတွင်းမှာတော့ ဖမ်းချင်တဲ့သူ
တွေကို စီမံကိန်းနဲ့ဖမ်းလေသလား လို့တောင်ထင်တယ်။ ပြီးရင် သူတို့တတွေရဲ့လက်အောက်ခံ
ကြက်ဖွတ်နဲ့စုန်းအားရှင်တွေကလည်းလက်သံပြောင်ကောင်းလွန်းလို့သူရဲကောင်းဆုတွေရလိုက်သေးတယ်။ စက်တင်ဘာဆန္ဒထုတ်ဖော်ပွဲမှာသံဃာတော်တွေကိုရိုက်နှက်ခဲ့တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုလည်းရဲချူပ်ခင်ရီ ကိုယ်တိုင်ဆုတွေပေးတယ်လို့သိရပါတယ်။တချို့တပ်ဖွဲ့ဝင်တွေကလည်းကိုယ့်အမှားကိုယ်သိပြီးအုပ်စုလိုက် ရဲစခန်းကနေထွက်ပြေးသွားတယ်လို့သတင်းဌာနအသီးသီးကကျွန်တော်ဖတ်ရှုရပါတယ်။ကဲကျွန်တော် ရေးတဲ့ရည်ရွယ်ချက်ကိုပြန်သွား ကြရအောင်ဗျာ။ ဒီမနက်ကျွန်တော် သတင်းတစ်ခုကိုသွားဖတ်
ရတယ်။ ဒါကတော့ မြရိပ်ညိုဟော်တယ်မှာပြုလုပ်တဲ့ စင်မြင့်ဖြေဖျော်ပွဲမှာ ဆယ်ကျော်တက်အဆိုတော်
ဂျီတုံးအင်္ကျီချွတ်ကခဲ့တာတွေကိုအစပြုလို့အာဏာပိုင်တွေကဖမ်းဆီးခဲ့တဲ့အတွက်ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ ပါတယ်။အဆိုတော်ဂျီတုံးဟာအင်္ကျီချွတ်ကပြတဲ့အချိန်မှာနောက်ကျောမှာလက်အုပ်ချီတဲ့ပုံထိုးထားလို့ဆိုပြီးအာဏာပိုင် တွေကဖမ်းခဲ့ရခြင်းဖြစ်ပါတယ်။ဒါဟာတော်တော်ဆိုးတဲ့လုပ်ဆောင်ချက်တစ်ခုပါ။ဒါဟာဗုဒ္ဓဘာသာနိုင်ငံလို့ ပြောလို့ကိုမရတော့ဘူး။ဘာသာမဲ့နိုင်ငံလို့တောင်ပြောရမလိုဖြစ်နေပြီ။ဒီအဆိုတော်ဂျီတုံးကတမင်သက်သက် လုပ်သည့်ဖြစ်စေ၊ပျော်လွန်းလို့လုပ်သည်ဖြစ်စေ၊အာဏာပိုင်တွေကဒီလိုရမ်းကားတဲ့အပြုအမူမျိုးမလုပ်သင့်ဘူး။ ပြီးတော့အာဏာပိုင်တွေကပွဲလာကြည့်တဲ့ပရိတ်သတ်တွေကိုလည်းရိုက်သွားသေးတယ်။ အဆိုတော်တစ်ချို့ လည်းရိုက်ခံရတယ်။ ပရိတ်သတ်တွေထဲမှာ ကျောင်းသား တွေလည်းပါမယ်။ သာမန်ပြည်သူတွေလည်းပါမယ်။ လူမျိုးစုံပါမယ်ဗျာ။အဲ့လိုလူတွေကိုရိုက်လိုက်တော့လူတွေဟာဘယ်တော့မှကျေနပ်ကြမှာမဟုတ်ပါဘူး။အဲ့လိုမ ကျေနပ်ရာကနေအာဏာပိုင်တွေကိုကြည့်လို့မရတဲ့လူတွေလည်းမျာလာပါလိမ့်မယ်။ကျွန်တော်နောက်ဆုံး ပြောချင်တာကတော့ကျွန်တော်တို့တိုင်းပြည်ဟာနအဖခေတ်မှဘာသာမဲ့ကိုမဲ့နေပြီဆိုတာပါပဲ။ကျွန်တော် မောင်ရှမ်းကလေးရဲ့ဟိုစပ်စပ်ဒီစပ်စပ်ဆောင်းပါးလေးကိုဖတ်ရှုအားပေးတဲ့လူတွေလည်းဝေဖန်မှု တွေပေးသွားပါလို့ပြောဆိုရင်း နိဂုံးချုပ်လိုက်ပါ တယ်ဗျား။

Sunday, November 18, 2007

“ငါစိတ်မဆိုးပါဘူး”

ချစ်တယ်လို့ မင်းရဲ့ဟန်ဆောင်မှုတွေနဲ့
ငါ့ကိုလာမပြောပါနဲ့။

သနားတယ်လို့ မင်းရဲ့ကြင်နာမှုတွေနဲ့
ငါ့ကိုလာမပြောပါနဲ့။

လိမ္မာတယ်လို့ မင်းရဲ့ယုယမှုတွေနဲ့
ငါကိုလာမဖားပါနဲ့။

ယဉ်ကျေးတယ်လို့ စိတ်ထဲကမရှိတဲ့အတိုင်း
ငါ့ကိုလာမပြောပါနဲ့။

မုန်းတယ် မသနားဘူး
ဆိုးတယ် မယဉ်ကျေးဘူးလို့

စိတ်ထဲကရှိတဲ့အတိုင်း ပြောသွားပါ။
ငါစိတ်မဆိုးပါဘူး။

ရှမ်းကလေး

“သံလွင်”

ငါသည် ဤတွင်မွေးဖွားသည်
ဤနေရာကား သံလွင်။

ငါသည် ဤတွင်ကြီးပြင်းသည်
ဤနေရာကား သံလွင်။

ငါသည် ဤတွင်ပညာရှာသည်
ဤနေရာကား သံလွင်။

ငါသည် ဤတွင်လုပ်ကိုင်စားသောက်လာသည်
ဤနေရာကား သံလွင်။

ယခုငါသည် ဤနေရာနှင့်ဝေးနေသည်
ဤနေရာကား သံလွင်။

ဒါပေမဲ့ ငါသည် ဤနေရာတွင်သေရမည်။
ဤနေရာကား သံလွင်။


ရှမ်းကလေး

Saturday, November 17, 2007

“ကျွန်တော်စိတ်မဆိုးဘူး ”

ရှူးတယ်၊ ပေါတယ်လို့ကျွန်တော့်ကိုမပြောပါနဲ့
ချောတယ်လို့ ပြောရင်ကျွန်တော်စိတ်မဆိုးဘူး။


ရိုင်းတယ်စိုင်းတယ်လို့ ကျွန်တော့်ကိုမပြောပါနဲ့
ယဉ်ကျေးတယ်လို့ပြောရင် ကျွန်တော်စိတ်မဆိုးဘူး။

ခိုးတယ်၊ ဆိုးတယ်လို့ ကျွန်တော့်ကိုမပြောပါနဲ့
ရိုးသားတယ်လို့ ပြောရင်ကျွန်တော်စိတ်မဆိုးဘူး။

ပျင်းတယ် ဖျင်းတယ်လို့ ကျွန်တော့်ကိုမပြေပါနဲ့
ကဲတယ်လို့ပြောရင် ကျွန်တော်စိတ်မဆိုးဘူး။

မုန်းတယ် ရွံ့တယ်လို့ ကျွန်တော့်ကိုမပြောပါနဲ့
ချစ်တယ်လို့ ပြောရင်ကျွန်တော်စိတ်မဆိုးဘူး။

ကြမ်းတယ် ရမ်းတယ်လို့ ကျွန်တော့်ကိုမပြောပါနဲ့
သိမ်မွေ့တယ်လို့ပြောရင် ကျွန်တော်စိတ်မဆိုးဘူး

ညံ့တယ် ဖျင်းတယ်လို့ ကျွန်တော့်ကိုမပြောပါနဲ့
တော်တယ်လို့ ပြောရင်ကျွန်တော်စိတ်မဆိုးဘူး။

ခေတ်အောက်တယ် နောက်ကျတယ်လို့ ကျွန်တော့်ကိုမပြောပါနဲ့
ခေတ်ဆန်တယ်လို့ပြောရင် ကျွန်တော်စိတ်မဆိုးဘူး

အားလုံးကိုကောင်းတယ်လို့ ပြောရင်ကျွန်တော်စိတ်မဆိုးဘူး။


ရှမ်းကလေး

Friday, November 16, 2007

“ကျားကနွားကိုချောင်းမြောင်းကိုက်ဖြတ်စားသောက်ရခြင်းမှာ”

ရှေးအခါတုန်းက လယ်သမားလင်မယားနှစ်ယောက်ဟာ ကျားပေါက်စတစ် ကောင်ကိုအိမ်မှာမွေးထားတယ်တဲ့။ အဲ့ဒီကျားလေးဟာအလွန်မှယဉ်သတဲ့။တနေ့မှာတော့ကျားလေးဟာသူ့ကိုကျွေးမွေးထားတဲ့ကျေးဇူးရှင်ကိုကူညီချင် သတဲ့။ဒါနဲ့သူလည်းလယ်ယာထဲကိုသယ်သွားဖို့သက်ကယ်တွေကိုကူသယ်ပေးတယ်တဲ့။သက်ကယ်တွေကခြောက် နေတော့လမ်းတစ်ဝက်လောက်မှာမီးထလောင်လေပါရောတဲ့။ကျားကလည်းဘာလုပ်ရမယ်မသိတော့လျှောက်ပြေးနေ တာပေါ့။ဒါနဲ့ကျားလျှောက်ပြေးနေရင်းနွားတစ်ကောင်မြက်စားနေတဲ့နေရာကိုရောက်လာသတဲ့။ကျားလည်းမီး ငြိမ်းအောက်ဘယ်လိုလုပ်ရမယ်ဆိုတာကိုမသိတော့

အဆွေနွားကျွန်ုကျောကုန်းပေါ်တွင် မီးလောင်နေသည်ကိုဘယ်လိုငြိမ်းရမည်နည်း
လို့မေးလိုက်သတဲ့။ နွားလည်း မကောင်းတဲ့စိတ်နဲ့
အဆွေကျားသင်တောင်ပေါ်ကိုပြေးတက်လျှင်မီးငြိမ်းနိုင် ပါတယ်
လို့ကောက်ကျစ်စွာပြန်ပြောတယ်တဲ့။ဒါနဲ့ကျားလည်းနွားပြောသလိုလုပ်တော့လေကပိုတိုက်လာပြီးမီးက

ပိုတောက်လာသတဲ့။ဒါကြောင့်ကျားရဲ့ကျောကုန်းဟာပိုပိုပြီးပူလာတယ်တဲ့။ကျားလည်းဆက်ပြေး ဆက်ပြေးရင်း
ကျွဲရှိရာသို့ရောက်သွားတယ်တဲ့။ကျားကကျွဲကိုမြင်တော့နွားကိုမေးတဲ့အတိုင်းမေးတယ်တဲ့။ကျွဲကလည်းစိတ်ကောင်း
စေတနာရှိစွာဖြင့်ကျားကိုရေအိုင်ထဲဆင်းရန်အကြံပေးတယ်တဲ့။ဒါနဲ့ကျားမှာရှိတဲ့မီးဟာလုံးလုံး
ငြိမ်းသွားတယ်တဲ့။ဒါနဲ့
ကျားက ကျွဲကိုကျေးဇူးတင်ကြောင်းပြောပြီး နွားကိုတော့ယနေ့ထိတိုင်ချောင်းမြောင်းကိုက်ဖြတ်နေတာပေါ့ကွယ်။

ရှမ်းကလေး

မှတ်ချက်။ ။ထိုပုံပြင်သည်ကျောင်းနေစဉ်အရွယ်က၀ိုင်းသူငယ်ချင်းများဝိုင်းဖွဲ့ပြေလေ့ရှိသောကြောင့်

ကြားဖူးနားဝရှိရပါသည်။