Wednesday, April 30, 2008

ဖြစ်ပျက်ခဲ့ခြင်း

ကျွန်တော် စာမရေးဖြစ်တာ ကြာပါပြီ။ မရေးဖြစ်တာထက် မရေးနိုင်တဲ့ ရက်တွေက ကျွန်တော့်အတွက် ပိုများပါတယ်။ အခုတော့ ကျွန်တော် စာတွေ ပြန်ရေးနိုင်သလောက် ရေးနေပါပြီ။ ပျော်ရွင်ဖွယ်ရာ သင်္ကြန်အချိန်အခါလည်း ပြီးသွားပြီဆိုတော့ အားလုံးလည်း ကိုယ့်အလုပ်ကို ပြန်လုပ်ကြလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သင်္ကြန်ပြီးသွားတော့ရော ချစ်သူမရှိတဲ့ သူတွေ ရည်းစားတွေ ရသွားကြသေးလား။ ကျွန်တော်ကတော့ သင်္ကြန်အတွင်းမှာ ဥပုဒ် စောင့်မလားလို့ စဉ်းစားတုန်း ကျွန်တော့်ရဲ့ ချစ်မမက ဖုန်းဆက်လာတယ် ရှမ်းကလေး နင်မလာရင် ငါဒီတစ်သက် ယောက်ကျား မယူတော့ဘူးနော်တဲ့။ ကျွန်တော်ကလည်း ချစ်မမကို ယောက်ကျားအမြန် ယူစေချင်တာ ဒါမှလည်း အမွေတွေအကုန်လုံး ရမှာလေ။ ဟဲဟဲ အလားကားနောက်တာပါ။
သင်္ကြန်မှာ အားလုံး ပျော်ခဲ့ကြရဲ့လား။ နှစ်သစ်က အချစ်ဟောင်းတွေကို သင်္ကြန်ရေးနဲ့ ဆေးလိုက်ပြီဆိုရင်လည်း အချစ်သစ် ရှာချင်သူတွေအတွက်တော့ ရှမ်းကလေး ရှိသေးတာကို မမေ့ကြဦးနဲ့ပေါ့ဗျာ။ ကဲကဲ ကျွန်တော် စာသိပ်ရှည်ရှည်ကြီး မရေးတတ်ဘူးဗျ။။ ဒါဆိုဒီလောက်နဲ့ပဲ ကျော်လာတဲ့ သင်္ကြန်ရက်ကြီးတွေကို နှုတ်ဆက်လိုက်တယ်ဗျာ...။ အားလုံးသော ညီအကို ပေါင်းနှင့် တကွ ညီအမ၊ အဒေါ်၊ ဦးလေး တူဝရီးများလည်း ကျန်းမာ ချမ်းသာကြပါစေလို့ ကျွန်တော် ရှမ်းကလေးက ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ် ခင်ဗျား...။ ကျွန်တော် ၀တ္ထုတစ်ပုဒ် တင်ပေးလိုက်မယ်ဗျာ။ ကြိုက်ရင်တော့ ဖတ်ပေါ့ဗျာ..၊ မကြိုက်ရင်တော့ ခဲနဲ့ လှမ်းမထု နဲ့ပေါ့ဗျာ။ ကျွန်တော်နဲ့ သိတဲ့ ကိုကိုမမတွေကို ပြောတာပါ။ ကျွန်တော်နဲ့ လူချင်းမတွေ့ဖူးပဲ ခင်မင်ဖူးတဲ့ ကိုကိုမမ တွေကတော့ ဘယ်လိုလို့ ထုနိုင်မှာလဲံနော်။ သေနတ်နဲ့ ပစ်တောင်မထိဘူး။ ဟဲဟဲ
ရှမ်းကလေး

0 comments: